← Chapters

“ဒီအစ်ကိုက ဘာဖြစ်လို့ ဒုက္ခကိုမီးခွက်ထွန်းပြီးရှာနေရတာလဲ”

Vol. 3 Ch. 37

“ဒီအစ်ကိုက ဘာဖြစ်လို့ ဒုက္ခကိုမီးခွက်ထွန်းပြီးရှာနေရတာလဲ”

Vol. 3 Ch. 37

“ဒီတောင်မှာ နှင်းကြာပန်းရှိမယ်လို့ မထင်ထားဘူး !”

ယိုချင်းယန် သည် ချောက်ကမ်းပါးကြားရှိ နှင်းဖြူကြာပန်းကို မြင်သောအခါ သူမ၏ မျက်လုံးများက တောက်ပလာပြီး ထိုလမ်းကြောင်းဆီသို့ အမြန်ပြေးသွားခဲ့သည်။

"ဝူး! ဝူး!"

ရှောင်ပိုင် သည် ထိုနေရာဆီသို့အပြေးအလွှား ပြေးသွားသည်ကို မြင်လိုက်ရသည်နှင့် လုချန်း ချက်ချင်းပင် စိုးရိမ်တကြီး အော်ဟစ်ကာ အရှိန်လျှော့ရန် ကြိုးစားသည်။

လုချန်း သည် ယခင်က ဤနေရာသို့‌ရောက်ခဲ့ပြီး ချောက်ကမ်းပါးရှေ့တွင် မီတာများစွာ ရှည်လျားသော လျှိုနက်ကြီးတစ်ခုရှိကြောင်း သူသိသည်။

ထိုဒီနေရာက အလွန်နက်ပြီး ပြုတ်ကျလျှင် မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရလိမ့်မည်ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ရှောင်ပိုင် သည် ယခုအချိန်တွင် အလွန်လျင်မြန်စွာပြေးလွှားနေခြင်းဖြစ်သည်။

ထိုချောက်သည် ရှောင်ပိုင် ၏ မျက်ကွယ်ရာနေရာတွင် ရှိနေသည်။ အကယ်၍ သူမသည် ထိုအရှိန်ဖြင့် ပြေးလွှားနေပါက သူ့ခြေထောက်များကို ရပ်တန့်၍မရတော့ဘဲ တောင်ချောက်ထဲသို့ တိုက်ရိုက်ပြုတ်ကျရန် ဖြစ်နိုင်ခြေ မြင့်မားသည်။

မဆိုင်းမတွဘဲ လုချန်း က အရှိန်အပြည့်နဲ့ ပြေးထွက်သွားပြီး သူ့ခန္ဓာကိုယ်က ငွေဖြူရောင် လျှပ်စီးကြောင်းကဲ့သို့ပင်။

သိပ်မကြာခင်မှာပဲ သူသည် ယိုချင်းယန် ကို လမ်းတစ်ဝက်မှာ ကြားဖြတ်တားနိုင်ခဲ့ပြီး လုချန်း ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ချလိုက်သည်။

လုချန်း သည် ယိုချင်းယန် ၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး သူတို့ရှေ့ရှိ အောက်ခြေမမြင်ရသော ချောက်နက်ကို ညွှန်ပြလိုက်သည်။

ထိုမှသာ ယိုချင်းယန် သည် သူမ၏အစ်ကိုအဘယ်‌ကြောင့် သူမအား တားရန် အပြေးအလွှားရောက်လာသည်ကို သိလိုက်သည်၊ မဟုတ်ပါက သူမ ထိုချောက်ထဲသို့ ကျသွားပေလိမ့်မည်။

"ဝူး~"

ယိုချင်းယန် သည် သူမ၏ခြေ‌ထောက်များကို ဆန့်ထုတ်ပြီး တောင်ချောက်နောက်ဘက်ရှိ ကမ်းပါးအက်ကွဲများကြားမှ လေထဲတွင် လှုပ်နေသော နှင်းကြာပန်းကို ညွှန်ပြလိုက်သည်။

နှင်းကြာပန်းသည် နတ်မိမယ်လေးတစ်ပါးကဲ့သို့ အလွန်စွဲမက်ဖွယ်ကောင်းလှသည်။ လုချန်း လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် သဘောပေါက်သွားသည်။

သူ့ညီမကို ဒီနှင်းကြာပန်းက စွဲဆောင်သွားသည်ကို သိလိုက်ရသည်။

လုချန်း အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။ ကမ်းပါးအက်ကွဲများကြားမှာ ပွင့်နေတဲ့ ဒီနှင်းကြာပန်းကတခြား မှော်ဆန်တဲ့ အထူးစွည်းရည်ရှိနိုင်လား။

နှင်းထဲတွင် ပွင့်နေသည့် ဤကြာပန်းမျိုးက ထူးဆန်းသည့် အကျိုးသက်ရောက်မှုများ ရှိနေသင့်သည်။

လုချန်း တွေးနေစဉ်မှာပင် နှင်းကြာပန်းဘေးနားတွင် အချက်အလက်တစ်ခု ရုတ်တရက်ပေါ်လာသည်။

[နှင်းကြာပန်း၊ ပထမအဆင့် ဝိညာဉ်ဆေးပင်...]

“ဝိညာဉ်ဆေးပင်?”

သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာသည့် စကားလုံးလေးများကိုမြင်ပြီး လုချန်း အံ့အားသင့်သွားသည်။

ဤသွေးမိုးဖြင့် ဆေးကြောပြီးနောက်၊ သူ၏စနစ်အား ပြုပြင်မွမ်းမံပြီး အဆင့်မြှင့်နိုင်သည်ကို လုချန်း မမျှော်လင့်ခဲ့ပေ။

၎င်းတွင် အရာဝတ္ထုများကို စစ်ဆေးခြင်း လုပ်ဆောင်ချက်ပင် ပါရှိသည်။

ဤလုပ်ဆောင်ချက်သည် လုချန်း အတွက် အဆုံးမရှိအသုံးပြုနိုင်သည်။

၎င်းကို စနစ်က မှော်ဆေးပင်တစ်မျိုးဟု အမည်ပေးထားသည့်အတွက် ၎င်းကို စားသုံးပြီးနောက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။

သို့သော် လုချန်း အနည်းငယ် စိတ်ရှုပ်သွားသည်။ အလယ်မှာ ချောက်တစ်ခုရှိနေတဲ့အတွက် ဘယ်လိုခူးရမလဲ။

တစ်ဖက်ခြမ်းရှိ ချောက်ကမ်းပါးသည်လည်း အလွန်မတ်စောက်ပြီး ရပ်တည်ရန် နေရာမရှိသလောက်ပင်။

လုချန်း အနားရှိ ယိုချင်းယန် သည်လည်း သူ့ရှေ့ရှိ ချောက်ကမ်းပါးကို စိုက်ကြည့်ရင်း နှင်းကြာပန်းကို ဘယ်လိုခူးရမလဲ စဉ်းစားနေသည်။

ယခုမူ သူတို့သည် လူသားမဟုတ်သော နှင်းဝံပုလွေတစ်ကောင်ဖြစ်ပြီး မျောက်ကဲ့သို့ အလွန်လိုက်လျောညီထွေရှိသော ခန္ဓာကိုယ်မျိုး မရှိပေ။

ကိရိယာများကို အသုံးပြုရန် နည်းလမ်းမရှိသည့်အပြင် နက်နဲသော လျှိုမြောင်ထဲသို့ ပြုတ်ကျပါက အန္တရာယ်ရှိနိုင်သည်။

လုချန်း သည် သူ့ညီမက နှင်းကြာပန်းကို အလွန်နှစ်သက်နေသည်ကို တွေ့လိုက်ရသည်။

သူသည် ချောက်ကမ်းပါးနားသို့ရောက်ပြီး ဘေးပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးကြည့်သည်။

“ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ဆိုရင် ခြောက်မီတာ ဒါမှမဟုတ် ခုနစ်မီတာအကွာက တောင်တန်းတစ်ခုကို အလွယ်တကူ ဖြတ်ကျော်နိုင်မှာပါ”

"နှင်းကြာပန်းကို မြန်မြန်ဖမ်းပြီး အရှိန်နဲ့ နောက်ပြန်ခုန်လိုက်မယ်၊ ဒီအစီအစဉ်က အလုပ်ဖြစ်မှာပါ..."

အဆင့်မြှင့်တင်မှုများ ဆက်တိုက်ပြုလုပ်ပြီးနောက်၊ လုချန်း ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သာမန်သတ္တဝါများ၏ အကန့်သတ်ကို ကျော်လွန်နေပြီဖြစ်သည်။

ဒါကိုတွေးရင်း လုချန်း လှည့်ကြည့်လိုက်ပြီး ကြာပန်းကို ညွှန်ပြကာ ယိုချင်းယန်၏ နဖူးကို ပွတ်သပ်လိုက်တယ်။

ထို့နောက် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ပြီး အားယူကာ ခုန်ကျော်ရန်ပြင်ဆင်လိုက်သည်။

"အိုး~"

‘အစ်ကိုက ဘာလုပ်ချင်တာလဲ’

ယိုချင်းယန် က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်ပြီး လုချန်း ဘာကိုဆိုလိုသည်ကို နားမလည်ပေ။

သို့သော်လည်း လုချန်း အမှန်တကယ် ပြေးထွက်သွားသည်ကို ယိုချင်းယန် မြင်သောအခါ သူဘာလုပ်တော့မည်ကို သိလိုက်ရပြီး ချက်ချင်းပင် ထိတ်လန့်သွားသည်။ တောင်ချောက်က ဆယ်မီတာအကွာတွင်ရှိပြီး ဆန့်ကျင်ဘက်ကမ်းပါးမှာ ရပ်စရာနေရာမရှိ‌ပေ၊ သတိမထားမိရင် နောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်သည်။

"ဝူးးးးး!"

ယိုချင်းယန် သည် ဝံပုလွေအူသံကို မသိစိတ်က ထုတ်လွှတ်လိုက်ပြီး လုချန်း ကို ဖျောင်းဖျရန် ကြိုးစားသော်လည်း လုချန်း က သူမကို လျစ်လျူရှုခဲ့သည်။

သူသည် တောင်ချောက်၏အစွန်းသို့ ရောက်ခါနီးတွင် သူ၏နောက်ခြေထောက်များဖြင့် အားယူကာ ပြင်းထန်သော ကြွက်သားများ၏ပေါက်ကွဲအားဖြင့် ခုန်တက်လိုက်သည်။

အဆင့်မြှင့်တင်ထားသော သူ၏ကြီးမားသောခန္ဓာကိုယ်သည် တောင်ချောက်ကို ကျော်ဖြတ်ကာ ဆန့်ကျင်ဘက်ကမ်းပါးသို့ တိကျစွာရောက်သွားသည်။

ဆင်းသက်ရန် ဦးတည်ချက်သည် လုချန်း ယခင်က ဆုံးဖြတ်ခဲ့သည့်အတိုင်း အတိအကျပင် ဖြစ်သည်။

သူက ချက်ချင်း ပါးစပ်ကိုဖွင့်ကာ နှင်းကြာပန်းကို ကိုက်ပြီး ကျောက်ဆောင်ကြားထဲကနေ ဆွဲထုတ်လိုက်သည်။

ထို့နောက် လုချန်း ၏ ခန္ဓာကိုယ်သည် ဆွဲငင်အားကြောင့်အောက်သို့ လျင်မြန်စွာ ကျဆင်းလာသည်။

ယိုချင်းယန် ဤမြင်ကွင်းကို မြင်ပြီး သူမ၏ မျက်လုံးများသည် ရုတ်တရက် ကျုံ့သွားကာ သူမ၏ နှလုံးခုန်သံများ ပြင်းထန်လာသည်။

တောင်ချောက်ထဲသို့ ကျောက်စရစ်ခဲများ ပြုတ်ကျသော အသံသည် သူမ၏ နှလုံးသားကို ကြီးမားသော တူဖြင့် ရိုက်လိုက်သကဲ့သို့ သူမ၏ ခန္ဓာကိုယ်ကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။

ထိုအချိန်တွင် လုချန်း ၏ ခြေထောက်လေးချောင်းသည် မတ်စောက်သော ချောက်ကမ်းပါးကိုကုတ်ဆွဲထားပြီး၊ သူ၏ကြွက်သားများကို အားစိုက်ထုတ်ကာ တစ်ဖက်ခြမ်းရှိ ကျောက်တုံးများ၏ အကူအညီဖြင့် တောင်တန်းကို ပြီးပြည့်စုံသော ကွေ့ပတ်မှုဖြင့် ဖြတ်ကျော်လိုက်သည်။

ထို့နောက် ယိုချင်းယန်၏ အနားသို့ ရောက်သွားခဲ့သည်။

ယိုချင်းယန် သည် လုချန်း လုံခြုံစွာပြန်လာသည်ကိုမြင်ရသည့်အတွက် စိတ်သက်သာရာရသွားသော်လည်း သူမ၏မျက်လုံးများက အနည်းငယ် ဒေါသထွက်နေသည်။

“ဒီအစ်ကိုက ဘာဖြစ်လို့ ဒုက္ခကိုမီးခွက်ထွန်းပြီးရှာနေရတာလဲ”

သို့သော် လုချန်း သည် ၎င်းကို လုံးဝ ဂရုမစိုက်ပေ၊ သူသည် ယိုချင်းယန် နားသို့ရောက်လာပြီး သူမရှေ့တွင် နှင်းကြာပန်းကို ချပေးလိုက်သည်။

ဤမြင်ကွင်းကိုမြင်ပြီးနောက် ယိုချင်းယန် စကားမပြောနိုင်တော့ပေ။

“ဒီအစ်ကိုက တစ်ခါတလေ နည်းနည်းလေး မဆင်မခြင်ဖြစ်နေတတ်ပေမဲ့၊ ငါ့ကို ကောင်းကောင်း ဂရုစိုက်ပြီး ဒီနှင်းကြာပန်းအတွက် သူ့အသက်ကိုတောင် စွန့်စားခဲ့တယ်”

သို့သော်လည်း ယိုချင်းယတ် က ခေါင်းခါပြီး လက်ခံရန် ငြင်းဆိုလိုက်သည်။

နှင်းဖုံးနေသော တောင်များတွင် ပေါက်နေသော ဤနှင်းကြာပန်းသည် ရေခဲဂုဏ်သတ္တိ ရှိသော သတ္တဝါများအတွက် အလွန်သင့်လျော်သည်။

အစောပိုင်းတွင် သူတို့ သွေးမိုးထဲတွင် ရေချိုးကြပြီးနောက် သူမ၏အစ်ကိုသည် ရေခဲအမျိုးအစားစွမ်းရည်ကို နိုးကြားခဲ့ကြောင်း ယိုချင်းယန် သိရှိခဲ့သည်။

ထို့ကြောင့် အစကတည်းက သူမသည် လုချန်း အား ဤနှင်းကြာပန်းကို ပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

သူ့ညီမဖြစ်သူ ခေါင်းယမ်းနေတာကိုမြင်ပြီး လုချန်း ရုတ်တရတ် စိတ်ရှုပ်သွားသည်။

ရှောင်ပိုင် သည် နှင်းကြာပန်းကို မျက်လုံးပြူးကျယ်ကျယ်ဖွင့်ကာ စိုက်ကြည့်နေသည်ကို သတိရမိသေးသည်။

သူသာ အချိန်မီမတားရင် ဒီညီမလေးက ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျလုနီးပါးဖြစ်တော့မည်မှာ သေချာသည်။

ထို့နောက် လုချန်း သည် လက်များကို ဆန့်ထုတ်ကာ နှင်းကြာပန်းအား သူ့ညီမဆီသို့ တွန်းပို့လိုက်သည်။

သို့သော်လည်း ယိုချင်းယန် သည် ဒါကိုမြင်ပြီး သူမ နောက်ပြန်ဆုတ်သွားခဲ့သည်။

ထို့နောက် လက်များကို ဆန့်ထုတ်ကာ နှင်းကြာပန်းကို ညွှန်လိုက်ပြီး လုချန်း ၏ သရေများယိုစီးနေသော နှင်းကြာပန်ကို ရွံရှာသော အကြည့်ဖြင့် တမင်တကာ ကြည့်လိုက်သည်။

“အိုး……”

လုချန်း သည် ယိုချင်းယန် ၏ အဓိပ္ပါယ်ကို နားလည်ပြီးနောက် ခဏတာ အံ့အားသင့်သွားခဲ့သည်။

“ဒီကောင်မလေး ဒီလောက်ထိ မဖြစ်သင့်ဘူးလို့ထင်တယ်”

“ငါတို့ ငယ်ငယ်တုန်းက နို့အတူတူသောက်ခဲ့ကြတယ်၊ အဲဒီတုန်းက မင်းငါ့ကိုရွံတာ တစ်ခါမှမတွေ့ဖူးဘူး”

ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက် ရှောင်ပိုင်၏ ဉာဏ်ရည်တိုးတက်လာပြီး မိန်းကလေးများက တစ်ကိုယ်ရေသန့်ရှင်းရေးကို စတင်အာရုံစိုက်လာတာ ဖြစ်နိုင်လား။

ရှောင်ပိုင် က ခေါင်းယမ်းနေတာကိုမြင်တော့ လုချန်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

ဒီမှော်ဆေးပင်ကို ခက်ခက်ခဲခဲ ခူးယူခဲ့ပြီး အလဟဿအဖြစ်မခံနိုင်ပေ။

ထို့နောက် ပါးစပ်ကိုဖွင့်၍ ကြာပန်းကို သူမျိုချလိုက်သည်။

မှော်ဆေးပင်သည် သူ့ပါးစပ်ထဲသို့ ဝင်လာသည်နှင့်အမျှ အအေးဓာတ်က သူ့လည်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။

ရေခဲ၏စွမ်းရည်ကို နိုးကြားခဲ့သော လုချန်း အတွက် ဤအေးစက်သောရေခဲဓာတ် သည် သူ့အား အလွန်သက်တောင့်သက်သာဖြစ်စေသည်။

[ဒင်၊ ပိုင်ရှင်ကို ဂုဏ်ပြုပါသည်၊ သင်သည် ပထမအဆင့် နှင်းကြာပန်း ကို မျိုချလိုက်ပြီး ဆင့်ကဲပြောင်းလဲခြင်း အမှတ် 1000 ကိုရရှိပါသည်]

All Chapters