ထွက်သွားဖို့ စိတ်ကူးထားတဲ့ ယိုချင်းယန်
Vol. 3 Ch. 38
လုချန်း ဝိညာဉ်ဆေးပင် ကိုမျိုချပြီးနောက် စနစ်သတိပေးသံကိုကြားပြီး သူအလွန်ဝမ်းသာသွားသည်။
“ဒီလိုအသေးအမွှားလေးက ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၀၀၀ ကို တိုက်ရိုက်တိုးလာနိုင်မယ်လို့ ငါမထင်ထားဘူး!"
ဝိညာဉ်ရေးဆေးပင်တစ်မျိုးကို မျိုချရုံဖြင့် အကျိုးကျေးဇူးသည် ယခင်က သားကောင်များစွာကို အမဲလိုက်ရာမှ ရရှိခဲ့သော အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်နိုင်သည်။
လုချန်း သည် မူလက အချိန်ကြာလာသည်နှင့်အမျှ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်သည် နှေးကွေးမည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင် ကျွမ်းကျင်မှုရမှတ်များရရှိရန် အခြားနည်းလမ်းများ ရှိနေသေးသည်။
“နောက်ထပ် ဝိညာဉ်ဆေးပင် အနည်းငယ် ထပ်စားနိုင်ရင် အရမ်းကောင်းမှာပဲ”
သို့သော် နောက်အခိုက်အတန့်တွင် လုချန်း အနည်းငယ် ရှက်သွားသည်။
တကယ်တော့ ရှောင်ပိုင် သည် ဤအရာကို ပထမဆုံးတွေ့ရှိခဲ့ပြီး သူမသည် ၎င်းကို အလွန်နှစ်သက်ကြောင်း ထင်ရှားသည်။
သူ့ဘေးတွင် ရပ်နေတဲ့ ယိုချင်းယန် ကို ကြည့်လိုက်ပြီး လုချန်း က သူ့ရင်ဘတ်ကို အလျင်အမြန် ပုတ်လိုက်သည်။
ထို့နောက် နှင်းကြာပန်းရှိထားရာ လမ်းကြောင်းကို ညွှန်ပြပြီး ယိုချင်းယန် ကို ခေါင်းညိတ်ပြလိုက်သည်။
အဆုံးမှာ ဝိညာဉ်ဆေးပင် ကို အရင်ရှာတွေ့ခဲ့တဲ့သူက သူ့ညီမ ဖြစ်လို့ ပြန်ရှာပေးရမှာပင်။
စဉ်းစားကြည့်ပါက၊ ဤအရာသည် သူ့၏ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၀၀၀ ကို တိုက်ရိုက်တိုးစေမည်ဖြစ်ပြီး၊ လုချန်း သည် ဤဆေးပင် အလွန်အဖိုးတန်ကြောင်းကို သူ့စိတ်ထဲတွင် သိထားသည်။
သူ့ညီမသာစားလျှင် ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာမည်ဖြစ်သောကြောင့် လုချန်း သည် ရှောင်ပိုင် ကို လျော်ကြေးပြန်ပေးရန် ဆုံးဖြတ်ခဲ့သည်။
အနားတွင်ရပ်နေတဲ့ ယိုချင်းယန် က သူ့အစ်ကို၏အမှုအယာမြင်ပြီး ဖြစ်ပျက်နေသည်ကို လျှင်မြန်စွာနားလည်လိုက်သည်။
သူ့အစ်ကိုက နှင်းကြာပန်းကိုစားပြီး နည်းနည်းလေး စိတ်မကောင်းဖြစ်ပုံပေါ်ပြီးသူမကို နောက်ထပ်ရှာဖွေပေးဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။
ယိုချင်းယန် ၏ နှလုံးသားထဲတွင် နွေးထွေးသော ခံစားမှုတစ်ခု တိုးဝင်လာပြီး သူမ တိတ်တဆိတ် ပြုံးလိုက်မိသည်။
“ငါ့အစ်ကို၊ ဒါက ပထမအဆင့် ဝိညာဉ်ဆေးပင်လေးပါပဲ၊ ဘာမှမဟုတ်ပါဘူး”
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက်၊ ဤအရာများသည် သွေးမိုးရွာပြီးနောက် မှိုများကဲ့သို့ ကြီးထွားလာမည်ဖြစ်သည်။
"ဂါးးး!"
ရုတ်တရက် နောက်ထပ်ဝက်ဝံအော်သံကို ကြားလိုက်ရသည်။
အသံကို ကြည့်ပြီး ဝက်ဝံဖြူသည် ပို၍ နီးကပ်လာပုံရသည်။
“မင်း ကိုယ့်နယ်မြေမှာနေမယ့်အစား ဘာလို့ ဒီကိုပြေးလာနေရတာလဲ!”
ဝက်ဝံဖြူ၏ဟိန်းသံကိုကြားပြီး လုချန်း အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
ဝက်ဝံ၏ခြိမ်းခြောက်မှုက ကြီးမားသည်။ ဝက်ဝံနှင့် ဝံပုလွေများကြားတွင် ပဋိပက္ခတစ်ခု ဖြစ်ပွားပါက၊ နှင်းဝံပုလွေမျိုးနွယ်စုသည် ဆုံးရှုံးမှုကြီးမားမည်မှာ သေချာသည်။
“မဖြစ်ဘူး၊ ငါ ဒီဝက်ဝံကို ရှင်းပစ်ရမယ်၊ ချိုင့်နားမှာ ရှိနေရင် ချိန်ကိုက်ဗုံးကိုပိုက်ထားသလို ဖြစ်သွားလိမ့်မယ်၊ အနာဂတ်မှာ စိတ်အေးအေးထားပြီး အမဲလိုက်နိုင်တော့မှာ မဟုတ်ဘူး!”
လုချန်း ၏ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
ပြင်းထန်သောဟိန်းသံကို ကြောက်ရွံ့မှုလုံးဝမပြဘဲ ဝက်ဝံ၏ဦးတည်ရာဆီသို့ ပြေးသွားခဲ့သည်။
လုချန်း သည် ပိုလာဝက်ဝံကို လုံးဝမကြောက်ပေ။
“ငါသာ သာမန် နှင်းဝံပုလွေတစ်ကောင်ဆိုရင် ငါတတ်နိုင်သလောက် ပြေးနေလိမ့်မယ်”
“ဒါပေမယ့် စနစ်ရဲ့ အကူအညီကြောင့် ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အရမ်းသန်မာနေပီ”
ဝိညာဉ်စွမ်းအားများ ပြန်လည်နိုးထမလာမီတွင် သူသည် ကျားကို တန်ပြန်တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့သည်။ အခုချိန်ပြိုင်ဘက်က ဝက်ဝံဖြူဆိုရင်တောင် ကိုင်တွယ်ရခက်မည် မဟုတ်ပေ။
လုချန်း သည် ရှေ့သို့ အတန်ကြာအောင် လျှောက်သွားသည်။ တောင်စောင်းကို ဖြတ်ကျော်ပြီးနောက် အရပ်ရှည်ရှည်နှင့်အသွင်အပြင်တစ်ခုကို မြင်တွေ့လိုက်ရသည်။
ဝက်ဝံဖြူက မတ်တပ်ရပ်နေပြီး အရပ်သည် လေးမီတာ ကျော်ရှည်ပြီး လုချန်း ထက် အကောင်ပိုကြီးသည်။
သူ၏ခန္ဓာကိုယ်သည် အလွန်သန်မာပြီး ကြီးမားသောအရွယ်အစားကြောင့် သူ့ကို ဧရာမသားရဲတစ်ကောင်လို ဖြစ်စေသည်။
“အားးဝူးး~!”
လုချန်း သည် တောင်စောင်းပေါ်တွင် ရပ်နေပြီး အောက်ဘက်ရှိ ပိုလာဝက်ဝံကို စိုက်ကြည့်ကာ သူ့မျက်လုံးများကကြောက်ရွံ့မှုမရှိပဲ ကျယ်လောင်သော ဝံပုလွေအူသံဖြင့် တစ်ဖက်ကို သတိပေးလိုက်သည်။
“ဂါးး”
သို့ပေမယ့် သူ မောင်းထုတ်လိုက်ပေမဲ့ ဝက်ဝံဖြူက နောက်မဆုတ်ဘဲ နှိုးဆွခံရသကဲ့သို့ ဟိန်းကာ သူ့ဆီ ပြေးလာခဲ့သည်။
“ဒါက သာမန်ဝက်ဝံတစ်ကောင်ပဲ၊ နိုးထခြင်းအဆင့်ကို မရောက်သေးဘူး၊ ဘယ်လောက်ကြီးနေပါစေ၊ အဲဒါက အသုံးမဝင်ဘူး”
ယိုချင်းယန် သည် ထိုအချိန်တွင် ဝက်ဝံဖြူ၏ အငွေ့အသက်ကို ခံစားရပြီး သူမအစ်ကိုအပေါ် အလွန်ယုံကြည်မှုရှိသည်။
လုချန်း သည် ယခု နိုးထခြင်းအဆင့် တွင်ရှိနေပြီး၊ ကြောက်စရာကောင်းသော ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သေမျိုးကမ္ဘာရှိ တောရိုင်းတိရိစ္ဆာန်များက ယှဉ်ဖို့ရာမဖြစ်နိုင်ပေ။
ဤဝက်ဝံဖြူသည် သွေးမိုးကြောင့် သန်မာလျှင်တောင် အသုံးမဝင်ပေ။
“ဂါးး!”
ဟိန်းသံခပ်တိုးတိုးဖြင့် လုချန်း သည် တောင်ကုန်းထိပ်မှ ခုန်ဆင်းပြီး ဝက်ဝံဖြူအနားသို့ ရောက်သွားသည်။ လုချန်း သည် သူ့အဆင့်များ အလွန်လျင်မြန်စွာ ဖြတ်ကျော်ခဲ့သော်လည်း သူတစ်ခါမှ ပြင်းပြင်းထန်ထန် မတိုက်ခိုက်ခဲ့ဖူးပေ။
ဝက်ဝံဖြူသည် သန်မာပြီး သူ၏လက်ဖဝါးများက ခွန်အားကြီးမားသော်လည်း အမြန်နှုန်းမှာ အလွန်နှေးကွေးသည်။
လုချန်း သည် သူ၏ ကြံ့ခိုင်သော ကာယစွမ်းရည်ကို အားကိုးပြီး နှင်းထဲတွင် သွက်လက်စွာ ရှောင်ရှားနေသည်။
ဝက်ဝံဖြူ ဆက်လက်တိုက်ခိုက်သော်လည်း လုချန်း ၏သားမွေးကိုပင် မထိနိုင်ပေ။
ဘုန်း! ဘုန်း! ဘုန်း!
ဤဝက်ဝံဖြူကြီး၏ ခြေလက်များကပတ်ဝန်းကျင်သစ်ပင်များစွာကို ဖျက်ဆီးပြီး မြေပြင်ကို ပြင်းထန်စွာ လှုပ်ခတ်စေသည်။
များမကြာမီပင် လုချန်း သည် ထိုပိုလာဝက်ဝံ၏ ခွန်အားနှင့် အရှိန်နှစ်မျိုးလုံးကသူ့ထက်နိမ့်ကျကြောင်း သိရှိလိုက်သည်။
လုချန်း ချက်ချင်းပင် စိတ်သက်သာရာရသွားပြီး သူ၏ချွန်ထက်သော ဝံပုလွေခြေသည်းများသည် ပိုလာဝက်ဝံ၏ခန္ဓာကိုယ်ပေါ်တွင် ကြောက်စရာကောင်းသော အမာရွတ်များကို ထင်ကျန်စေခဲ့သည်။
ဤပိုလာဝက်ဝံသည် ထူထဲသောခန္ဓာကိုယ်အဆီရှိပြီး သူ့၏အရေပြားသည်လည်း အလွန်မာကျောခိုင်ခံ့သည်။
သို့သော်လည်း နိုးထခြင်းအဆင့်တွင်ရှိသည့် လုချန်း အတွက် ၎င်းက တို့ဟူးကို ဖြတ်သော သံမဏိဓားကဲ့သို့ ဖြစ်နေဆဲဖြစ်ပြီး သူ့၏ ခုခံမှုကို ဖြတ်ကျော်ရာတွင် အတားအဆီးမရှိပေ။
သွေးများကြောင့် ဝက်ဝံဖြူသည် အနီရောင်သို့ပြောင်းလဲသွားသည်။
နာကျင်မှုကြောင့် ပိုလာဝက်ဝံသည် အဆက်မပြတ် တိုက်ခိုက်သော်လည်း ၎င်း၏ ခွန်အားနှင့် လှုပ်ရှားမှုများသည် လုချန်း ကိုမယှဉ်နိုင်ပေ။
လုချန်း ဝက်ဝံဖြူနောက်ကိုခုန်တက်လိုက်ပြီး ပါးစပ်ကိုဖွင့်ကာ ရေခဲစွမ်းရည်ကိုထုတ်သုံးလိုက်သည်။
တခဏချင်းမှာပဲ ရေခဲများက ဝက်ဝံဖြူကို ဖုံးလွှမ်းသွားသည်။
ဤပိုလာဝက်ဝံသည် နှင်းထူထပ်သောတောင်ထိပ်တွင် နေထိုင်ပြီး အလွန်ပြင်းထန်သော အအေးဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း သူမ၏ အေးစက်မှုများကဲ့သို့ လုချန်း ၏ ပြင်းထန်သော ရေခဲဓာတ်ကို မခံနိုင်ခဲ့ပေ။
လုချန်း ၏ သုံးလိုက်သည့် ရေခဲစွမ်းအားကြောင့် ဝက်ဝံဖြူ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ပေ။
“ဟစ်~ တော်တော်ပြင်းတာပဲ?!"
လုချန်း သည် သူ့အစွမ်းအစကို မြင်ပြီးနောက် အသက်ရှူမဝဖြစ်သွားသည်။
ဒီလို ပင်ကိုယ်စွမ်းရည်ကို အသုံးပြုတာက သူ့အတွက် ပထမဆုံး အကြိမ်ဖြစ်သည်။ ရေခဲစွမ်းရည်သည် ဤမျှပြင်းထန်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ဘေးတွင် ရပ်နေသော ယိုချင်းယန် လည်းဤသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
“သာမန်အဆင့်နဲ့ နိုးထခြင်းအဆင့်က ကွာဟချက်ကြီးမားတယ်”
“အစ်ကိုသာ ဒီရေခဲစွမ်းရည်ကို စောစောစီးစီး အသုံးပြုခဲ့မယ်ဆိုရင် ပထမအကြိမ်တွေ့ဆုံမှုမှာတင် ဝက်ဝံဖြူ ရှုံးသွားမှာ သေချာတယ်”
ဘုန်းးး!
ထိုအချိန်တွင် အသံတစ်ခုကထွက်ပေါ်လာပြီး သန်မာသောဝက်ဝံဖြူကို လုချန်း က မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သည်။
ထို့နောက် လုချန်း သည် ဝက်ဝံဖြူ၏လည်ချောင်းကိုကိုက်ကာ သေစေလိုက်သည်။
ဤလျှို့ဝှက်အန္တရာယ်ကို ဖြေရှင်းပြီးနောက် လုချန်း သည် ဝက်ဝံ၏အလောင်းကို ချိုင့်ဝှမ်းသို့ ပြန်ဆွဲခေါ်လာခဲ့သည်။
........………
ဝံပုလွေဘုရင်ကြီးက ကြီးမားသော ပိုလာဝက်ဝံ၏အလောင်းကို ဆွဲယူလာသည်ကို မြင်လိုက်ရပြီးနောက် ချိုင့်ဝှမ်းရှိ နှင်းဝံပုလွေများအားလုံး စိတ်လှုပ်ရှားသွားကြသည်။
ထိုကဲ့သို့ အစွမ်းထက်သော သားရဲကို သတ်နိုင်ခြင်းက ဝံပုလွေဘုရင် မည်မျှ အလွန်အစွမ်းထက်ကြောင်း ပြသနေသည်။
ပြီးနောက် လုချန်း သည် ဝက်ဝံကိုစတင်စားသောက်လိုက်သည်။ သူ့အမြင်အရ ဒီဝက်ဝံဖြူသည် အဆင့် 8 ဒါမှမဟုတ် အဆင့် 9 တုန်းက သူ့နှင့်အဆင့်တူသင့်သည်။
ဝက်ဝံဖြူအသား၏ သုံးပုံတစ်ပုံကို စားပြီးနောက်၊ ဆင့်ကဲပြောင်းလဲခြင်း အမှတ် 200 တိုးလာခဲ့သည်။
ရှောင်ပိုင် ရဲ့ အစာစားချင်စိတ်က လုချန်း ထက် နည်းပါးနေပေမယ့်လည်း မနည်းသေးပါ၊ အသား၏ ငါးပုံတစ်ပုံ ကိုတစ်ယောက်ထဲ စားသောက်နိုင်သည်။
“စားပါ ၊ များများစား၊ ဘယ်လောက်ပဲ စားစား ကျွေးနိုင်ပါတယ်”
အတော်လေးစားနိုင်တဲ့ ခပ်သေးသေး အကောင်လေးကိုကြည့်ရင်း လုချန်း မျက်နှာတွင် ကျေနပ်မှုများဖြင့်ပြည့်နှက်နေသည်။
ဝက်ဝံဖြူကို အနိုင်ယူလိုက်ခြင်းသည် သူ့ ၏ လက်ရှိခွန်အားကို အပြည့်အဝနားလည်စေခဲ့သည်။
နိုးထခြင်းအဆင့်သို့ မရောက်သေးသော သတ္တဝါများသည် သူ့ကို တိုက်ခိုက်နိုင်စွမ်း မရှိသလောက်ပင် ဖြစ်သည်။
စားသောက်ပြီးနောက် ယိုချင်းယန် သည် လုချန်း ကို လေးလေးနက်နက် ကြည့်လိုက်သည်။
“အစ်ကို၊ မင်းအခုလို အရမ်းအစွမ်းထက်လာတာကိုတွေ့တော့ ငါစိတ်သက်သာရာရသွားပီ”
အမှန်တော့ ယိုချင်းယန် က ရွှီယွမ်ဟွမ်းကမ္ဘာ ဖြစ်နေတုန်းပဲဆိုတာ သိလိုက်ရတဲ့အချိန်တွင် သူမ ထွက်သွားဖို့ စိတ်ကူးထားပြီးသားဖြစ်သည်။
သူမ ဒီလောကနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းများစွာကို သိရှိပြီး၊ သူမသာကြိုတင်ကြားဖြတ်လုနိုင်ပါက၊ ယခင်ဘဝကထက် ပိုသန်မာလာမည်မှာ မလွှဲမသွေပင်ဖြစ်သည်။
သို့သော်လည်း ဤအရာအားလုံးအတွက် သူမသည် နိုးထခြင်းအဆင့်ကို ဦးစွာဖြတ်ကျော်ရန် လိုအပ်နေသေးသည်။
နိုးထခြင်းအဆင့်ရဲ့ ခွန်အားသာမရှိရင် ဒီတောင်ပေါ်ကနေ ရုန်းထွက်နိုင်ဖို့တောင် မသေချာပေ။