လင်ယွမ်သစ်သီး
Vol. 3 Ch. 39
ရွှီယွမ်ဟွမ်းကမ္ဘာ၊ ရန် နိုင်ငံ။
အခုအချိန် ရန်နိုင်ငံမြို့တော်ရှိ သိပ္ပံသုတေသန စခန်းတစ်ခုတွင်၊
အင်္ကျီဖြူဝတ်ထားသော သိပ္ပံသုတေသီ အများအပြားသည် ၎င်းတို့ရှေ့ရှိ ဖန်သားပြင်ကြီးကို စေ့စေ့ကြည့်နေကြသည်။
လူတိုင်းရှေ့က ဖန်သားပြင်ကြီးပေါ်ရှိ ပုံရိပ်များစွာသည် ရွှီယွမ်ဟွမ်းကမ္ဘာ ၏ နယ်ပယ်များစွာတွင် အချိန်နှင့်တစ်ပြေးညီ ဗီဒီယို(တိုက်ရိုက်ထုတ်လွင့်ခြင်း) ကို ပြန်ဖွင့်နေခြင်းဖြစ်သည်။
ပြသနေသည့်အရာမှာ သွေးရောင်လအောက်တွင် မိုးသည်းထန်စွာရွာသွန်းနေသည့် မြင်ကွင်းဖြစ်သည်။
“မနေ့ညက လနီပေါ်ပြီးတာနဲ့ သွေးနီရောင်မိုးတွေ ချက်ချင်းရွှာကျလာတယ်။ တကယ်ကို စိတ်ရှုပ်စရာပဲ...”
“ဟုတ်တယ်၊ စနစ်ရဲ့ ထောက်လှမ်းချက်အရ၊ ကျွန်တော်တို့နိုင်ငံရဲ့ နေရာတိုင်းလိုလိုမှာ မိုးသည်းထန်စွာရွာသွန်းတာကို ခြွင်းချက်မရှိ ကြုံဖူးကြပါတယ်၊ ဒါပေမဲ့ ဒါက တကယ့်ကို မူမမှန်ဘူး”
“ဒီလောက်ကြီးတဲ့ ဧရိယာအနှံ့မှာ ဒီလိုထူးဆန်းတဲ့မိုးတွေ တစ်ပြိုင်နက် ရွာသွန်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
သိပ္ပံသုတေသီ အများအပြားသည် ၎င်းတို့ရှေ့မှ ဒေသအသီးသီး၏ ဗီဒီယိုဖိုင်ကို ကြည့်ရှုနေကြပြီး ၎င်းတို့၏ မျက်ခုံးများက တွန့်နေကြသည်။
ကောင်းကင်နှင့်မြေကြီး၏ ထူးဆန်းသော ဖြစ်စဉ်သည် အမှန်တကယ်ပင် နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့သည်။
အမျိုးမျိုးသော သက်သေအထောက်အထားများကို နေ့ချင်းညချင်း ထုတ်ပေးခဲ့သော်လည်း၊ ၎င်းတို့အားလုံးက မှားယွင်းနေသည်။
“မနေ့က သွေးရောင်မိုးက ရုတ်တရက် ရွာသွန်းခဲ့ပြီး ဒီသွေးရောင်မိုးက အရမ်းကြောက်ဖို့ကောင်းတယ်၊ ဒီမိုးနဲ့ထိတွေ့ရင် ခန္ဓာကိုယ်ကို ထိခိုက်နိုင်မလားလို့ တွေးမိတယ်”
“ဒီသွေးနီရောင်မိုးက တခြားနိုင်ငံတွေရဲ့ ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်နိုင်မလား၊ မိုးထဲကို ပေါင်းစပ်ထားတဲ့ ဇီဝလက်နက် အမျိုးအစားသစ် ဖြစ်နိုင်မလား”
“မဖြစ်နိုင်ဘူး၊ စောင့်ကြည့်မှုတွေအရ၊ တခြားနိုင်ငံတွေမှာလဲ ဒီလိုအနီရောင်မိုးက တစ်ချိန်တည်းမှာ ရွာသွန်းခဲ့တာ”
“လက်ရှိနည်းပညာနဲ့ဆိုရင် တခြားနိုင်ငံတွေရဲ့ အာရုံစိုက်မှုကို မဆွဲဆောင်ဘဲ တစ်ကမ္ဘာလုံးကို အနီရောင်မိုးတွေနဲ့ ဖုံးအုပ်ဖို့က ခက်ခဲလိမ့်မယ်”
“မိုးနီနဲ့ ထိတွေ့ခဲ့တဲ့ နိုင်ငံသားတွေကို ကျပန်းစစ်ဆေးဖို့ လူတွေကို စေလွှတ်ထားပြီးပါပြီ၊ တိကျတဲ့ အခြေအနေနဲ့ ညွှန်းကိန်းတွေကို မကြာခင် ရနိုင်မယ်လို့ ယုံကြည်ပါတယ်”
ယခုအချိန်တွင် သုတေသနပညာရှင်များသာမက မြို့တွင်းရှိ သာမန်လူများကလည်း ယင်းကိစ္စကို ဆွေးနွေးနေကြသည်။
ကောင်းကင်တွင် သွေးရောင်လ ဖြစ်ပေါ်ပြီးနောက် အနီရောင်မိုးများ ကျဆင်းလာခဲ့သည်။ ဤမြင်ကွင်းသည် အလွန်ထူးဆန်းသည်။
သွေးရောင်မိုးရွာသွန်းပြီးနောက်တွင် ၎င်းတို့၏အိမ်မွေးတိရစ္ဆာန်များသည် တစ်ညတည်းမှာပင် ပိုမိုကြီးထွားလာကြောင်း လူများစွာကတွေ့ရှိခဲ့ကြသည်။
သူတို့၏ အစာစားချင်စိတ်ကလည်း သိသိသာသာ တိုးလာပြီး သူတို့အတွက် ပုံမှန်အစားအစာ ပမာဏက မလုံလောက်တော့ပေ။
တိရိစ္ဆာန်များသာမက သွေးမိုးထိတွေ့ခဲ့သော လူတချို့လည်း အလွန်အင်အား တိုးတက်လာကြောင်းခံစားခဲ့ရသည်။
“ငါ့ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့စွမ်းအင်တွေရှိနေသလိုပဲ အဒရီနယ်လင်း (ခန္ဓာကိုယ်က အန္တရာယ်ကြုံရင် ထုတ်လွှတ်တဲ့ဆေး) ထိုးသွင်းခံလိုက်ရသလိုမျိုးပဲ၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုလည်း အများကြီး တိုးတက်လာတယ်”
ပိုဆိုးတာက ခွန်အားရုတ်တရက် တိုးလာပြီး လူတချို့က ခဏတာ မထိန်းချုပ်နိုင်သောကြောင့် သတိမထားမိဘဲ လက်ထဲမှ ပန်းကန်လုံးများကို ခွဲမိလိုက်ကြသည်။
ဤထူးဆန်းသော ဖြစ်စဉ်က လူများစွာကို စိတ်လှုပ်ရှားသွားစေသည်။
အဆုံးမှာတော့၊ လူတိုင်းသည် တစ်နေ့တွင် ရုတ်တရက်ပြောင်းလဲသွားခြင်း၊ ၎င်းတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာကာ ကိုယ်အလေးချိန်လျှော့ချခြင်း သို့မဟုတ် လေ့ကျင့်ခန်းမလုပ်ဘဲ စူပါမင်းဖြစ်လာခြင်းအကြောင်း စိတ်ကူးယဉ်ခဲ့ကြသည်။
ကျန်းမာရေး ထုတ်ကုန်ရောင်းချသောကုန်သည်များက မျက်မှောင်ကြုတ်ပြီး စိတ်ဓာတ်ကျနေကြသည်။
ကောင်းကင်နှင့် မြေကြီးတွင် ဒီလိုထူးဆန်းတဲ့ ဖြစ်စဉ်တွေ အပြီးမှာ မြို့တော်ဟာ အတော်လေး အေးချမ်းခဲ့သည်။
သို့သော်လည်း ကျေးလက်မြို့များနှင့် ကျေးရွာများတွင် လူနေထိုင်ရာအနီးမှာ တောရိုင်းတိရစ္ဆာန်ကြီးများစွာ ကျင်လည်ကျက်စားနေသည်ကို ရွာသားအများအပြားက တွေ့ရှိခဲ့ကြသည်။
အချို့သော စုံစမ်းစစ်ဆေးမှုအပြီးတွင် သာမန် တောရိုင်းယုန်ငယ်လေးများပင် ရေပုံးအရွယ်အစားအထိ ကြီးမားလာသည်ကို တွေ့ရှိခဲ့ကြသည်။
တောရိုင်းများနှင့် သစ်တောများအနီးရှိ ဝေးလံခေါင်သီသောနေရာများတွင် အချို့သော တောဝက်နှင့် ဝံပုလွေကဲ့သို့သော တောရိုင်းတိရစ္ဆာန်ကြီးများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ထို့အပြင်၊ ညတွင်းချင်းပင်၊ ဤသားရဲများ၏ အရွယ်အစားသည် လူတိုင်း ယခင်က စိတ်ကူးထားသည်ထက် ပိုမိုကြီးမားလာကြသည်။
၎င်းတို့၏ အရွယ်အစား ကြီးမားကာ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာသည်နှင့်အမျှ ဤသားရဲများ၏ အဖျက်စွမ်းအားသည် ပို၍ ကြောက်စရာကောင်းလာသည်။
ခေတ်မမီသော ကျေးလက်ဒေသများရှိ ရွာသားများသည် အချိန်အတော်ကြာအောင် အိမ်ထဲတွင်ပုန်းနေရန်မှတပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။
အရေးပေါ်ဖုန်းလိုင်းသည် ဖုန်းခေါ်ဆိုမှုများနှင့် ပြည့်လျှံနေပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။
ရွှီယွမ်ဟွမ်းကမ္ဘာတွင် တွေ့ကြုံနေရသော ရန် နိုင်ငံသာမက၊ အလားတူ ဖြစ်ရပ်များသည် အခြားနိုင်ငံများတွင်လည်း အချိန်တိုင်းလိုလို ဖြစ်ပေါ်နေသည်။
……
နှင်းတောင်ထိပ်တွင် လုချန်း သည် အရုဏ်တက်ချိန်အထိ စောင့်ဆိုင်းနေခဲ့သည်။
မနေ့ညက ပိုလာဝက်ဝံအလောင်းကို ကိုင်တွယ်ဖြေရှင်းပြီးနောက် သူသည် ချိုင့်ဝှမ်းတွင်သာ ရှိနေခဲ့သည်။
ယခု နေထွက်ပြီး၊ တောင်ပေါ်ရှိ တိရစ္ဆာန်များ၏ ဟိန်းဟောက်သံများ လျော့ပါးသွားကာ ငြိမ်သက်မှုက ခေတ္တပြန်လည်ရောက်ရှိလာသည်။
"ဝူး~"
ယိုချင်းယန် သည် နံနက်စောစော လုချန်း ၏ နံဘေးသို့ ရောက်လာကာ သူ့ကို ညင်သာစွာ ပွတ်သပ်ပြီးနောက် ချိုင့်ဝှမ်းအပြင်ဘက်သို့ ညွှန်ပြလိုက်သည်။
ယိုချင်းယန် သည် အပြင်ထွက်ပြီး ဒီချိုင့်နားက အခွင့်အလမ်းများကို ရှာဖွေချင်ခဲ့သည်။
နိုးထခြင်းအဆင့်ကို တတ်နိုင်သမျှ စောစောရောက်အောင် ကြိုးစားရမည်ဖြစ်ပြီး၊ သူမမှာ ခွန်အားတွေ လုံလုံလောက်လောက်ရှိတဲ့အခါ ဒီနှင်းတွေထူထပ်တဲ့ တောင်ကနေ ထွက်သွားနိုင်မည်ဖြစ်သည်။
လုချန်း လည်း ခေါင်းညိတ်လိုက်သည်။ ယိုချင်းယန် က သူ့ကို မပြောခဲ့ရင်တောင် သူ့တွင် ဤကဲ့သို့သောအစီအစဉ်ရှိသည်။
မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကမ္ဘာကြီးက သိသိသာသာ ပြောင်းလဲသွားသည်။
‘ငါတို့ ဒီချိုင့်ထဲမှာ ဆက်ပုန်းနေမယ်ဆိုရင် တစ်နေ့မှာ ငါတို့ဆီကို အန္တရာယ်ကရောက်လာလိမ့်မယ်’
ယခုအချိန်တွင် ဤပတ်ဝန်းကျင်က ပြောင်းလဲသွားသဖြင့် လုချန်း သည် နှင်းဝံပုလွေမျိုးနွယ်စု ၏ခေါင်းဆောင်အနေဖြင့် အနာဂတ်တွင်ဖြစ်ပေါ်လာမည့် အကျပ်အတည်းများကို ရင်ဆိုင်နိုင်ရန် လျင်မြန်စွာ သန်မာလာရမည်ကို သဘောပေါက်သည်။
တောင်ကုန်းပေါ်တွင် ရပ်နေသော လုချန်း သည် ကျယ်လောင်သော ဝံပုလွေအူသံကို ထုတ်လွှင့်လိုက်ပြီး အသံသည် ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ဝံပုလွေများစွာက သူ့ရှေ့တွင် လျင်မြန်စွာ စုရုံးလာကြသည်။
ထို့နောက် လုချန်း သည် သန်မာပြီး အရွယ်ရောက်သော နှင်းဝံပုလွေသုံးဆယ်ကို ရွေးကာ ချိုင့်ဝှမ်းမှ ထွက်ခွာသွားခဲ့သည်။
ဧရာမဝံပုလွေအုပ်ကြီးသည် တောင်ပေါ်မှ လျှင်မြန်စွာ ပြေးဆင်းနေကြသည်။
သွေးမိုးများရွာသွန်းပြီးနောက်၊ နှင်းဝံပုလွေများ၏ ခွန်အားကသိသိသာသာတိုးတက်လာကြသည်။
တောင်ပေါ်မှ ပြေးဆင်းလာသော ဝံပုလွေများ၏ မြင်ကွင်းသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ သူတို့၏ အပြင်းအထန် ပြေးလွှားနေသည့် အသံသည် ကျောက်တုံးကို တူဖြင့်ထုရိုက်နေသကဲ့သို့ပင်။
ဤကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေအုပ်စုကို မြင်ပြီး တောရိုင်းတိရစ္ဆာန်များက ဆုတ်ခွာသွားကြသည်။
တောင်စောင်းကို ရောက်သောအခါတွင် တောရိုင်းတိရစ္ဆာန် အရေအတွက်က တောင်ထိပ်ထက် အများကြီး ပိုများနေပြီး ဧရိယာလည်း ပိုကျယ်နေသည်ကို တွေ့လိုက်ရသည်။
များမကြာမီပင် လုချန်း ၏အကြည့်က သန်မာသော ဆတ်အုပ်စု အပေါ်သို့ကျရောက်သွားသည်။
အဆိုပါ ဆတ်နှင့် သမင်အုပ်စုများသည် ယခင်က နှင်းဝံပုလွေများ၏ အဓိကပစ်မှတ်များဖြစ်သည်။
အသားသည် ပရိုတင်းဓာတ်များကြွယ်ဝပြီး ကယ်လိုရီများစွာကို ပေးစွမ်းနိုင်သည်။
၎င်းတို့သည် အလွယ်တကူ ထိတ်လန့်တတ်ပြီး ဝံပုလွေများက အလွယ်တကူ အုပ်စုခွဲကာသတ်ဖြတ်နိုင်သည်။
ယခုအခါ အဆိုပါ ဆတ်များသည် သွေးမိုးကြောင့် အာဟာရ ပြည့်ဝနေပြီး အရွယ်အစားမှာ များစွာ ကြီးထွားလာသည်။
လုချန်း သည် ဆတ်များကြားတွင် ပုံမှန်မဟုတ်သော ခေါင်းဆောင်တစ်ဦးရှိပုံပေါ်ကြောင်း တွေ့ရှိခဲ့သည်။
၎င်းက အကြီးဆုံး ဆတ်အထီးဖြစ်ပြီး အမြင့်က ငါးပေ ခြောက်မီတာ ရှိကာဇီဝဗေဒနှင့် လုံးဝဆန့်ကျင်သည့် သစ်ကုလားအုတ်တစ်ကောင်ကဲ့သို့ပင် အရပ်ရှည်သည်။
သို့သော်၊ နိုးထခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော လုချန်း အတွက်မူ ဆတ်သည် မည်မျှကြီးမားသည်ဖြစ်စေ ၎င်းသည် သားကောင်မျှသာဖြစ်ပြီး အလေးအနက်ထားရန်မထိုက်တန်ပေ။
"အားးဝူးး!"
ဝံပုလွေများသည် အနီးနားတွင် ပုန်းနေပြီး သင့်လျော်သော အကွာအဝေးသို့ ရောက်သည်အထိ တိတ်ဆိတ်စွာ ချဉ်းကပ်ကြသည်။
လုချန်း သည် ကျယ်လောင်သော ဝံပုလွေအူသံကို ထုတ်လွှင့်လိုက်ပြီး ချက်ချင်းပင် ဝံပုလွေများ ဝိုင်းလိုက်ကြပြီး ဆတ်များစွာက ထိတ်လန့်ကာ ချက်ခြင်း ထွက်ပြေးရန်ကြိုးစားနေကြသည်။
မကြာခင်မှာပဲ ဝံပုလွေများက စစ်မြေပြင်ကို နည်းဗျူဟာအားအခြေခံပြီး အမဲလိုက်ကွင်းငယ်အဖြစ် ပိုင်းခြားလိုက်သည်။
လုချန်း က ဦးဆောင်ပြီး အကြီးဆုံး သားကောင်ဆီသို့ တိုက်ရိုက် ပြေးသွားခဲ့သည်။
ဤဆတ်ခေါင်းဆောင်၏ အရှိန်က အခြားဆတ်များထက် ပိုမိုမြန်ဆန်သည်။
အကယ်၍ လုချန်း သည် နိုးထခြင်းအဆင့်သို့ မရောက်ခဲ့ပါက ဆတ်ကို လိုက်ဖမ်းနိုင်မည်မဟုတ်ပေ။
ယခုမူ၊ သူသည် ငွေရောင်လျှပ်စီးကြောင်းကဲ့သို့ ပြေးနေပြီး အသက်ရှူချိန်အနည်းငယ်မျှဖြင့် ဆတ်ကို ဖမ်းမိသွားသည်။
ထို့နောက် ချွန်ထက်သော ဝံပုလွေခြေသည်းများဖြင့် ဆတ်ကို ချုပ်နှောင်လိုက်ပြီး၊ လည်ပင်းကို ကျွမ်းကျင်စွာ ကိုက်ကာ နောက်ဘဝ ကူးစေလိုက်သည်။
ဤတိုက်ပွဲမှ မရေမတွက်နိုင်သော သားကောင်များကို ရိတ်သိမ်းခဲ့ပြီး ဝံပုလွေအုပ်စုသည် ရိက္ခာအပြည့်ဖြင့် ချိုင့်ဝှမ်းသို့ ပြန်လာခဲ့ကြသည်။
အပြန်လမ်းတွင် လုချန်း သည် တစ်ခုခုကို လှည့်ပတ်ရှာဖွေနေသည်။
ယခုအခါတွင် သူသည် စစ်ဆေးနိုင်သော လုပ်ဆောင်ချက်ရှိသောကြောင့် ရတနာတစ်ခုခုကို ရှာတွေ့နိုင်မလားဟု သူ့ကံစမ်းချင်နေသည်။
သူသည် သူ့ညီမ၏နှင်းကြာပန်းကိုစားခဲ့သောကြောင့် သူမအတွက် အခြားဝိညာဉ်ဆေးပင်တစ်မျိုးကို အမြဲရှာဖွေလိုခဲ့သည်။
များမကြာမီ၊ လုချန်း၏ မျက်လုံးများက မနီးမဝေးမှ တောအုပ်ကို ကြည့်လိုက်ပြီး သူ့ရှေ့တွင် စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရသည်။
၎င်းသည် နှင်းထဲတွင်ပေါက်သော ထူးခြားသည့် အသီးဖြစ်သည်။
“လင်ယွမ်သစ်သီး- ပထမအဆင့် ဝိညာဉ်သစ်သီး”
ဤ ဝိညာဉ်ဆေးပင်/အသီးများသည် အသားစားခြင်းထက် ဆင့်ကဲပြောင်းလဲခြင်း အမှတ်များကို ပိုမိုမြန်ဆန်စွာ ရရှိနိုင်သည်။
"ဝူးးးးး~!"
လုချန်း သည် ဝံပုလွေအဖွဲ့ထဲမှ အားကောင်းသော နှင်းဝံပုလွေများကို ရွေးချယ်ကာ သားကောင်ကို သယ်ဆောင်ရန် အဖွဲ့ကို ဦးဆောင်ခိုင်းလိုက်သည်။
သူသည် လင်ယွမ်သစ်သီး ရှိသည့်နေရာသို့သွားရောက်ခဲ့သည်။
ယိုချင်းယန် သည်လည်း လုချန်း၏ အနောက်သို့ လိုက်ပါလာခဲ့သည်။
သူတို့ လင်ယွမ်သစ်သီးဆီသို့ ရောက်ပြီးနောက်တွင် လုချန်း သည် လက်များကို ဆန့်ထုတ်ကာ ယိုချင်းယန် ၏ ပခုံးကို ပုတ်လိုက်သည်။
ဆိုလိုရင်းကိုနားလည်လိုက်သော ယိုချင်းယန် သည် တွန့်ဆုတ်မနေဘဲ လင်ယွမ်သစ်သီးကို တိုက်ရိုက်မျိုချလိုက်သည်။