နိုးထခြင်းအဆင့် မျောက်ဝံဘုရင်
Vol. 3 Ch. 40
လင်ယွမ်သစ်သီးကို မျိုချလိုက်သည်နှင့် ယိုချင်းယန် ၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို ဝိညာဉ်စွမ်းအင်များပြည့်လာခဲ့သည်။
သူမ၏ယခင်ဘဝက ကျင့်ကြံခဲ့သော အတွေ့ကြုံများအရ ယိုချင်းယန် သည် လင်ယွမ်သစ်သီးကို လျင်မြန်စွာ သန့်စင်နိုင်ခဲ့ပြီး သူမ၏ အရှိန်အဝါများပိုတိုးလာခဲ့သည်။
သူမ၏ လက်ရှိ ခွန်အားသည် မရဏဘုံ၏ အဆင့်ကိုးကို ရောက်ရှိနေပြီဖြစ်သည်။
ဖြတ်ကျော်ပြီး နိုးထခြင်းအဆင့်ကို ဝင်ရောက်ရန် အခွင့်အလမ်းအနည်းငယ်သာ လိုအပ်သည်။
နိုးထခြင်းအဆင့်သည် သိုင်းပညာရှင်အဆင့်ထဲသို့ စစ်မှန်သောဝင်ရောက်မှုဖြစ်သည်။ ယိုချင်းယန် သည် နိုးထခြင်းအဆင့်ကိုရောက်လျှင် သူမ နှင်းထူထပ်သော တောင်ပေါ်မှ လုံခြုံစွာ ထွက်ခွာနိုင်မည်ဖြစ်သည်။
ထို့နောက် သူမ၏အရင်ဘဝက အတွေ့အကြုံများကို အခြေခံကာ လျင်မြန်စွာ သန်မာလာစေမည့် အခွင့်အလမ်းများကို ရှာဖွေမည်ဖြစ်သည်။
ဤနှင်းတောင်သည် အလွန်ကြီးမားပြီး နှင်းဝံပုလွေမျိုးနွယ်စုသည် တစ်နှစ်ပတ်လုံး နှင်းများစုပုံနေသည့် တောင်ထိပ်တွင် နေထိုင်သည်။
အမဲလိုက်သည့်အခါ၌ပင် တောက်အောက်နားရှိ မြစ်ကမ်းနားတွင်သာ အမဲလိုက်ကြသည်။
ယခုအခါတွင် ကမ္ဘာကြီးက သိသိသာသာ ပြောင်းလဲလာသဖြင့် လုချန်း သည် နှင်းဖုံးနေသော တောင်များတစ်လျှောက်ကို စူးစမ်းရန် စီစဉ်နေသည်။
ခပ်ဝေးဝေး လမ်းလျှောက်ပြီးနောက် လုချန်း တောကြီးတစ်ခု၏ရှေ့သို့ ရောက်လာသည်။
ဤနေရာတွင် ရာသီဥတု အတော်လေးပူပြီး အရင်နေရာကထက် တောရိုင်းတိရိစ္ဆာန်များကို ပိုမြင်တွေ့ရသည်။
လုချန်း နှင့် သူ့ညီမ ၏ ကြံ့ခိုင်သောခန္ဓာကိုယ်အရွယ်အစားကိုတွေ့လိုက်ရသော လမ်းတစ်လျှောက်ရှိ တောရိုင်းတိရစ္ဆာန်အများစုမှာ ကြောက်လန့်သွားကြသည်။
သူတို့နှစ်ဦးသည် အလွန်အစွမ်းထက်ပြီး သူတို့၏ အရှိန်အဝါကို မထုတ်လွှတ်ထားသော်လည်း တောင်များနှင့် သစ်တောများအတွင်း သွားလာသောအခါ တောရိုင်းတိရစ္ဆာန်များက ကြောက်လန့်နေကြဆဲဖြစ်သည်။
အထူးသဖြင့် ကျားများကိုသတ်ပြီး ပိုလာဝက်ဝံများကို အမဲလိုက်ခဲ့သူ လုချန်း ဖြစ်သည်။
ပြင်းထန်သော သတ်ဖြတ်ငွေ့ သည် ကြောက်မက်ဖွယ်ကောင်းပြီး မမြင်နိုင်တဲ့ ဖိအားကို ထုတ်လွှတ်နေသည်။
သူ၏ အေးစက်သော ရေခဲပြာမျက်လုံးတစ်စုံကို တိရစ္ဆာန်များက တိုက်ရိုက်မကြည့်ဝံ့ကြပေ။
လမ်းတစ်လျှောက်တွင်၊ လုချန်းတို့သည် စနစ်၏ စစ်ဆေးခြင်းလုပ်ဆောင်မှုမှ တဆင့် အကျိုးကျေးဇူးများရရှိခဲ့ကြသည်။
သူတို့နှစ်ဦးသည် ပထမအဆင့် ဝိညာဉ်သစ်သီး နှစ်လုံးကို ရရှိခဲ့ပြီး အညီအမျှ စားခဲ့ကြသည်။
ယခုချိန် လုချန်း ၏ ဆင့်ကဲပြောင်းလဲခြင်း အမှတ်များသည် 4000 သို့ရောက်ရှိလာပြီဖြစ်သည်။
နောက်တစ်ဆင့်က အလှမ်းဝေးနေသေးပေမယ့် အစောပိုင်းကျွမ်းကျင်မှုများကို အဆင့်မြှင့်ရန် အသုံးပြုနိုင်သည်။
အထူးပင်ကိုယ်စွမ်းရည်ကို နိုးကြားစေခဲ့သော ကုသမှုစွမ်းရည်ကို ပြန်လည်စဉ်းစားပြီး လုချန်း စမ်းကြည့်သင့်သည်ဟု ခံစားမိသည်။
ထို့အပြင်၊ မကြာမီ သူတို့သည်ထူထပ်တဲ့ တောထဲသို့ ဝင်ရောက်ရမည်ဖြစ်ပြီး မည်သည့်သားရဲများနှင့် ကြုံတွေ့ရမည်ကို မသိနိုင်ပေ။ အခန့်မသင့်ရင် ပြင်းထန်သည့် တိုက်ပွဲများနှင့် ကြုံတွေ့ရနိုင်သည်။
ထို့ကြောင့် လုချန်း သည် တိုက်ခိုက်ရေးစွမ်းရည်ကို ဦးစွာ အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
ပင်ကိုစွမ်းရည်ကို မနိုးထနိုင်လျှင်တောင် အနည်းဆုံးတော့ ခွန်အားတိုးလာနိုင်သည်။
လုချန်း ချက်ချင်းပင်လုပ်ဆောင်လိုက်သည်။ ကိုက်ဖြတ်ခြင်းကို အဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် 2500 ကို အသုံးပြုလိုက်သည်။
လုချန်း မျှော်လင့်ထားသည့်အတိုင်း ဤကိုက်ဖြတ်စွမ်းရည်သည် ပင်ကိုယ်စွမ်းရည်တစ်ခုအဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခဲ့သည်။
[ရူးသွပ်ခြင်းစွမ်းရည် (အစောပိုင်း)- အချိန်တိုလေးအတွင်း ၎င်းသည် ကိုယ်ပိုင် ခွန်အား၊ မြန်နှုန်း၊ စသည်တို့ကို မြှင့်တင်နိုင်ပြီး ကဏ္ဍအားလုံးကို 0.5 ဆ တိုးတက်စေနိုင်သည်။]
လုချန်း ၏ မျက်လုံးများ ချက်ချင်းပင် တောက်ပလာသည်။ ဒီပင်ကိုယ်စွည်းရည်အသစ်က သူကို ပျော်ရွှင်စေသည်။
တိုးမြှင့်မှု 0.5 ဆသာဖြစ်ပြီး များစွာတိုတက်လာပုံမပေါ်ပေ၊ သို့ပေမယ့် လုချန်း သည် ကဏ္ဍအားလုံးကို 0.5 ဆ တိုးတက်စေနိုင်သည်ဟုသည့် အချက်ကို နားလည်သဘောပေါက်သည်။
အခြေခံစွမ်းရည် ပိုမိုအားကောင်းလေလေ ဤပင်ကိုယ်စွည်းရည် ပို၍ကြောက်စရာကောင်းလေလေဖြစ်သည်။
လုချန်း နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်လိုက်လျှင်ပင် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ထိုမျှလောက်သာ တိုးတက်နိုင်မည်ဟု ခန့်မှန်းမိသည်။
....…………
လုချန်း သည် ရှောင်ပိုင် ကို ရပ်တန့်ရန် အချက်ပြလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူသည် ရှောင်ပိုင် ၏ဦးခေါင်းကို ပွတ်သတ်လိုက်ပြီး ဤနေရာတွင် စောင့်နေရန် အချက်ပြလိုက်သည်။
သူတို့ ဤတောထူထပ်သောနေရာကို ယခင်က မရောက်ဖူးခဲ့ပေ၊ ထိုနေရာသည် ရှုပ်ထွေးလွန်းပြီး အန္တာရယ်များလှသည်။
လုချန်း သည် ရှောင်ပိုင် အတွက်စိတ်ပူနေပြီး သူနှင့်အတူ လိုက်လာပါက ဒဏ်ရာ ရနိုင်သည်ကို တွေးကာ သူ့ညီမကို အပြင်ဘက်တွင် စောင့်နေနိုင်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော်လည်း ယိုချင်းယန် ယခင်အတိုင်း ခေါင်းမာနေဆဲပင်၊ လုချန်း စကားကို လုံးဝနားမထောင်ပေ။
ယိုချင်းယန် ၏ ခိုင်မာသော မျက်လုံးများကို ကြည့်ပြီး လုချန်း စကားမပြောနိုင်ဖြစ်သွားသည်။
အခုချိန်တွင် နှင်းဝံပုလွေ မိဘများ အပါအဝင် ချိုင့်ဝှမ်းထဲရှိ နှင်းဝံပုလွေစုစုပေါင်း ၁၀၀ ကျော်ရှိပြီး နှင်းဝံပုလွေများအားလုံးသည် သူ၏ အမိန့်ကို မနာခံဘဲ မနေရဲကြပေ။ သို့ပေမယ့် ဤအကောင်လေးကတော့ ခြွင်းချက် ဖြစ်သည်။
လုချန်း လည်း ဘာမှမတတ်နိုင်ပေ၊ သူ့တွင် ဒီညီမတစ်ယောက်သာရှိသည်။
ကိုယ့်ညီမကို မချစ်တဲ့အစ်ကိုက မရှိသလောက်ပင်။
လုချန်း ခေါင်းခါယမ်းပြီး သက်ပြင်းချကာ အကူအညီမဲ့စွာဖြင့် ရှောင်ပိုင် ကိုသူ့နောက်သို့ နီးကပ်စွာလိုက်ရန် အချက်ပြလိုက်သည်။
နှစ်ယောက်သား တောကြီးမျက်မည်းထဲ သို့ရောက်သွားပြီးနောက် သွေးမိုးကြောင့် အားကောင်းလာသော တောရိုင်းတိရိစ္ဆာန်ငယ်လေးများသည် လုချန်းတို့ ချဉ်းကပ်လာသည်ကို မြင်ပြီး တောနက်ထဲသို့ အလျှင်အမြန်ထွက်ပြေးသွားကြသည်။
လုချန်း ၏ သတ်ဖြတ်ခြင်းအငွေ့အသက်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော်လည်း လုချန်းတို့နှစ်ယောက် ဤတောကြီးမျက်မည်းထဲတွင် တည်ရှိနေခြင်းကို လက်မခံလိုပုံရပြီး များမကြာမီ အရှေ့မှ အသံတစ်ခုထွက်ပေါ်လာသည်။
ကင်းလှည့်သူများကဲ့သို့ သစ်ကိုင်းများပေါ်ရှိနေသည့် မျောက်နှစ်ကောင်သည် လုချန်း တို့ကိုတွေ့သောအခါ ချက်ချင်းပင်အော်ဟစ်လိုက်ကြသည်။
လုချန်း နားမလည်သော်လည်း တစ်ဖက်က သူ့အဖော်များကို ခေါ်နေခြင်းဖြစ်နိုင်သည်ဟု သူ ခန့်မှန်းနိုင်သည်။
သေချာပါတယ်၊ သိပ်မကြာခင်မှာပဲ ထိုနေရာသို့ မျောက်တစ်ဒါဇင်ကျော် စုရုံးလာကြသည်။
ထိုမျောက်များသည် သွေးမိုးကိုခံယူခဲ့သည်မှာ ထင်ရှားပြီး သူတို့၏ ခန္ဓာကိုယ်သည် ပုံမှန်ထက် ပိုမိုကြီးမားနေသည်။
၎င်းသည် လုချန်း ၏ယခင်ဘဝတိရစ္ဆာန်လောကရှိ ငွေရောင်ဂေါ်ရီနှင့် တူညီသောအမြင့်နှစ်မီတာနီးပါးရှိသည်။
မျောက်ဝံများအနေဖြင့် သူတို့သည် အိမ်မွေးဝံပုလွေများထက် ဉာဏ်ရည်ပိုမြင့်မားသည်။
ထို့အပြင် သွေးမိုးခံယူပြီးနောက် ယခင်ကထက် ပိုမိုကြီးမားလာခဲ့သည်။
“တောထဲဝင်လာတာနဲ့ မျောက်အုပ်စုတွေနဲ့တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး၊ ဒီထဲမှာ မျောက်ဘုရင်ရှိလားလို့ တွေးမိတယ်”
လုချန်း သည် သူ့ရှေ့မှ မျောက်များကို ရေခဲပြာရောင် မျက်လုံးဖြင့် ကြည့်နေပေမယ့် ဘာလှုပ်ရှားမှုမှ မပြုလုပ်သေးပေ။
သိပ်မကြာခင် ပိုကြီးတဲ့မျောက်ဝံကြီးတစ်ကောင်သည် မျောက်အုပ်စုထဲမှ ထွက်လာခဲ့သည်။
အနက်ရောင်အမွေးများနှင့် ဖုံးအုပ်ထားပြီး ထိုမျောက်သည် ၃ မီတာခွဲ အမြင့်ရှိသည်။
ဤသည်က အခြားမျောက်ဝံများထက် များစွာကြီးမားကာ အလွန်သန်မာသော ကြွက်သားများရှိသည်။
“ဒီမျောက်ဝံက နိုးထခြင်းအဆင့်မှာလား?”
ယိုချင်းယန် သည် မျောက်ဝံဘုရင်၏အရှိန်အဝါ ကို သတိပြုမိပြီး သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်ခြင်းအရိပ်အမြွက် ထွက်ပေါ်လာသည်။
နိုးထခြင်းအဆင့်သို့ ရောက်ရှိနိုင်သော တောရိုင်းတိရစ္ဆာန်များကို လျှော့မတွက်သင့်ပေ။
လုချန်း သည်လည်း တဖက်၏ အင်အားကို အနည်းနှင့်အများ ခန့်မှန်းနိုင်ခဲ့သည်။
အကြောင်းမှာ သူအရင်က အမဲလိုက်ခဲ့တဲ့ ပိုလာဝက်ဝံထက် ထိုမျောက်ဝံက မကြီးကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ သို့ပေမယ့် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရောင်ဝါသည် တခြားသားရဲများထက် ပိုမိုပြင်းထန်သည်။
ဤမျောက်အုပ်စု လျင်မြန်စွာ ကြီးထွားလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
လုချန်း က အရင်ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ ဤမျောက်ဘုရင်က အလွန်အစွမ်းထက်ရုံသာမက နောက်လိုက်များစွာပါရှိသည်။
သူ့ညီမသည်လည်း သူနှင့်အတူ ပါလာသောကြောင့် စိုးရိမ်ကာ စိတ်မချနိုင်ဖြစ်နေသည်။
ထို့အပြင်၊ နှင်းဝံပုလွေများ၏နယ်မြေသည် နှင်းချိုင့်ဝှမ်းထဲတွင်ရှိပြီး သူတို့ရှေ့ရှိ တောကြီးသည် ဤမျောက်ဝံများ၏ နယ်မြေဖြစ်သည်။
လုချန်း တို့နှစ်ဦး ပြန်ဆုတ်ခွာရန်ပြင်ဆင်လိုက်သော်လည်း ထိုမျောက်အုပ်စုသည် သူတို့နှစ်ဦးအား ဝိုင်းရံထားပြီး ထွက်သွားခွင့်မပေးခဲ့ပေ။
"ဂါးးးးး~!"
လုချန်း ၏ နှလုံးသားထဲတွင် ဒေါသများ တဟုန်ထိုး ထွက်ပေါ်လာသည်။
သူ့ညီမအား ထိခိုက်မည် စိုးရိမ်သောကြောင့် ခဏတာ ပြန်ဆုတ်ချင်ခဲ့သည်။ မထင်မှတ်ပဲ၊ ဒီမျောက်တွေက အတင့်ရဲလွန်းတယ်။
သူသည် ချက်ချင်းပင် ခေါင်းကိုမော့ပြီး ဒေါသတကြီးဟိန်းဟောက်ကာ မျောက်များစွာကို နောက်ပြန်ဆုတ်စေရန် ခြောက်လှန့်လိုက်သည်။
လုချန်း အခုချိန်တွင် နိုးထခြင်းအဆင့်တွင် ရှိနေပြီး အစွမ်းထက်သော သားကောင်များကို လိုက်လံရှာဖွေနေသည့် အမဲလိုက်မုဆိုးတစ်ကောင်ဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်ခြင်း ရောင်ဝါသည် မျောက်ဝံများကို အလွန်ထိတ်လန့်စေပြီး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
သို့သော်လည်း မျောက်ဝံဘုရင် ချဉ်းကပ်လာသည်ကို မြင်သောအခါ၊ ဤမျောက်ဝံများသည် သူတို့၏ကျောရိုးကို တွေ့ရှိသွားပုံရသည်။
ထိုမျောက်ဝံများ ပိုမိုအတင့်ရဲလာပြီး လုချန်း တို့နှစ်ဦးကို ဝိုင်းရံကာ မာန်ဖီနေကြသည်။