တုံးအတဲ့ ညီမလေးရဲ့ အတွေး
Vol. 3 Ch. 41
သူ့ပတ်ဝန်းကျင်ရှိ မျောက်များကို ကြည့်ရင်း လုချန်း ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များထွက်ပေါ်လာသည်။
နှင်းချိုင့်ဝှမ်း၏ ဝံပုလွေဘုရင်ဖြစ်သော လုချန်း သည် မျောက်အုပ်စုတစ်စု၏ ဝိုင်းရံခြင်းကိုခံရသည်။
ယိုချင်းယန် က လုချန်း အနားကိုကပ်လိုက်ပြီး သူမလည်း တိုက်နိုင်သည်ဟု အချက်ပြလိုက်သည်။
ထို့နောက် သူမ၏မျက်လုံးများက အလွန်အေးစက်သွားပြီး ဟိန်းဟောက်လိုက်သည်။
သူမ၏အစ်ကိုက ယခုချိန်တွင် နိုးထခြင်းအဆင့် ဝံပုလွေဘုရင်ဖြစ်ကြောင်း သူမ သိထားသည်။
သူကြီးပြင်းမလာခင်၌ပင် ကျားကိုတောင် သတ်ဖြတ်နိုင်ခဲ့ပြီး မျောက်တချို့ကို ဘယ်လိုလုပ်ကြောက်နေရမှာလဲ။
သူတိုပတ်ဝန်းကျင်တွင် မျောက်များက များလွန်းပြီး သူ့ညီမဒဏ်ရာမည်ဆိုး၍ မတိုက်ခိုက်ဘဲ ပြန်ဆုတ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သို့ပေမယ့် အခု ထိုမျောက်များက သူတို့နှစ်ယောက်လုံးကို ထွက်သွားခွင့်မပေးခဲ့ပေ၊ တိုက်ပွဲကြီးတစ်ခုက မလွဲမသွေဖြစ်လာမည့်ပုံပင်။
သို့ပေမယ့် နောက်ဆက်တွဲ အဖြစ်အပျက်က လုချန်း တို့နှစ်ဦးစလုံးကို အံ့အားသင့်စေခဲ့သည်။
သန်မာလှသော မျောက်ဝံဘုရင်ကြီးသည် မျောက်ဝံများကို ဟိန်းဟောက်လိုက်ပြီး သတ်မာသောလက်များဖြင့် သူ၏ရင်ဘတ်ကိုပုတ်လိုက်သည်။
မျောက်ဝံများသည် လုချန်း နှင့် ယိုချင်းယန် ကို ကြည့်ကာ ဆုတ်ခွာသွားကြသည်။
သူတို့နှစ်ဦးကို ဝိုင်းရံထားဆဲဖြစ်သော်လည်း ကျယ်ဝန်းသောနေရာတစ်ခု ပေးထားသဖြင့် သူတို့ကို တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိဟု ထင်ရသည်။
လုချန်း သည် မျောက်ဝံဘုရင်က သူ့အား တစ်ဦးချင်း ယှဉ်ပြိုင်ထိုးသတ်လိုပြီး အရေအတွက်ဖြင့်တိုက်ခိုက်ခြင်းနည်းဗျူဟာကို မရွေးချယ်ဘဲ စိန်ခေါ်လိုကြောင်း ချက်ခြင်းသဘောပေါက်သွားသည်။
“ငါက ဝံပုလွေဘုရင်ဆိုတာ မင်းသိတယ်၊ ဒါကြောင့် မင်းငါ့နဲ့ တိုက်ရိုက်တိုက်ခိုက်ချင်နေတာလား”
လုချန်း သည် မျက်ခုံးအနည်းငယ်ပင့်ကာ သူ့စိတ်နှလုံးထဲတွင် မျောက်ဝံဘုရင်ကို အသိအမှတ်မပြုဘဲ မနေနိုင်ပေ။
သူ့ရှေ့မှ မျောက်ဝံဘုရင်သည် သူနှင့် အဆင့်တူကြောင်း သတိပြုမိသောကြောင့် လုချန်း ကို တရားမျှတစွာ တိုက်ခိုက်ချင်နေခြင်းဖြစ်သည်။
"အိုး!" "အိုး!"
မျောက်အုပ်စုက မျောက်ဝံဘုရင်ကို အော်ဟစ်အားပေးနေကြသည်။
ယိုချင်းယန် သည် သူ့အစ်ကိုအတွက် အားပေးအားမြှောက်ပြုရန် ဝံပုလွေကဲ့သို့ အော်ဟစ်နေရန် မလိုအပ်ပေ၊ ထို့နောက် ယိုချင်းယန် တိုက်ပွဲကွင်းပြင်မှ ထွက်ခွာသွားသည်။
နိုးထခြင်းအဆင့်မှ အစွမ်းထက်သောသားရဲနှစ်ကောင်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေပြီး သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါများ ထွက်ပေါ်နေသည်။
သူတို့ရှေ့ရှိ မျောက်ဝံဘုရင်သည် အမှန်တကယ်ပင် လိုက်လျောညီထွေရှိပြီး ထက်မြက်သောဉာဏ်ရည်ရှိသည့် မျောက်မင်းဖြစ်သည်။
သူ့လက်နက်အဖြစ်အသုံးပြုရန် အနီးအနားမှ သစ်ပင်ငယ်တစ်ပင်ကို ဆွဲနှုတ်လိုက်သည်။
လုချန်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ ဒီမျောက်ဝံဘုရင်က သူ့ကို ခေါင်းကိုက်စေသည်။
သူ့အရင်ဘဝက လူသားတစ်ယောက်အနေနဲ့ တောရိုင်းထဲတွင် ကိရိယာတန်ဆာပလာများကို အသုံးပြုနိုင်ခြင်းက ဘယ်လောက်အရေးပါသလဲဆိုတာ သူကောင်းကောင်းသိသည်။
“ဂါးးးးးးး”
မျောက်ဝံများသည် သဘာဝအတိုင်း တုတ်များကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပုံရပြီး သစ်ပင်ငယ်တစ်ပင်ကို ဆွဲယူကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။ လေပြင်းများတိုက်ခတ်သွားပြီး အနားတစ်ဝိုက်ရှိလေထုတွင် ကျယ်လောင်သောအသံများထွက်ပေါ်လာသည်။
သို့သော်လည်း လုချန်း က ပိုမြန်ကြောင်း ထင်ရှားသည်။ သူ့ရှေ့ရှိ မျောက်ဘုရင်ရဲ့ နိုးထလာသော စွည်းရည်ကို သူ မသိသည့်အတွက် ရှောင်တိမ်းရန်ကြိုးစားနေခြင်းဖြစ်သည်။
ထိုမျောက်ဘုရင်၏ အရှိန်သည် တခြားသားရဲများထက် ပိုမြန်သည်။
သို့သော် တုတ်ရှည်ကို လွှဲယမ်းပြီးသည့်တိုင် သူသည် လုချန်း ၏အရိပ်ကို မထိနိုင်သေးဘဲ စွမ်းအင်များစွာကို အချည်းနှီးဖြုန်းတီးနေသကဲသို့ ဖြစ်နေသည်။
လုချန်း သည် သာမာန်နိုးထခြင်းအဆင့်သားရဲဟုတ်မနေပေ။ စနစ်၏ ပံ့ပိုးမှုဖြင့်၊ သူ၏ ရှောင်တိမ်းခြင်းစွမ်းရည်သည် ထိုသားရဲများထက် ပိုမိုလျှင်မြန်ကာ ပေါ့ပါးသည်။
ဆက်တိုက် တိုက်ခိုက်မှုများ မအောင်မြင်သောကြောင့် မျောက်ဝံဘုရင်သည် အလွန်ဒေါသထွက်သွားပြီး သူ့၏ ရင်ဘတ်ကို ပြင်းပြင်းထန် ထုရိုက်နေသည်။
သူ့ရှေ့ရှိ လုချန်း သည် ငွေဖြူရောင် လျှပ်စီးလက်ကဲ့သို့ ပါးလွှာသောနှင်းထဲတွင် အဆက်မပြတ် ရှောင်တမ်းနေဆဲပင်။
မျောက်ဝံဘုရင် ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ့လက်ဖဝါးတွင် မီးတောက်များ တောက်လောင်သွားသည်။
ခဏလေးအတွင်းမှာပင် သူ့လက်ထဲတွင် မီးလုံးတစ်ခုပေါ်လာပြီး လုချန်း ဆီသို့ပစ်လွှတ်လိုက်သည်။
သူ့ပတ်ဝန်းကျင်တွင် အပူချိန်ထိုးတက်လာကြောင်း ခံစားလိုက်ရပြီး လုချန်း ၏ ပါးစပ်ထောင့်တွင် လှောင်ပြုံးတစ်ခုထွက်ပေါ်လာသည်။
“နိုးထလာတာက တောက်လောင်နေတဲ့ မီးစွမ်းရည်တဲ့လား”
မျောက်ဝံဘုရင်၏ ပင်ကိုယ်စွမ်းရည်ကို သိပြီးနောက် လုချန်း သည် ရှောင်တိမ်းခြင်းကို ရပ်တန့်လိုက်ပြီး ပါးစပ်ကိုဖွင့်ကာ ရေခဲစွမ်းရည်ထုတ်သုံးလိုက်သည်။
တောက်လောင်နေသော မီးလုံးကြီးသည် ချက်ချင်းပင် ငြိမ်းသက်သွားတော့သည်။
"ရူးသွပ်ခြင်းရဲ့စွမ်းအား!"
ထို့နောက် သူရခဲ့သော ရူးသွပ်ခြင်းစွမ်းရည် ကိုအသုံးပြုလိုက်သည်။
တခဏချင်းမှာပင်၊ သူ့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု သိသိသာသာတိုးတက်လာသည်။
“အစ်ကို့ရဲ့ အငွေ့အသက်က ဘယ်လိုဖြစ်ရတာလဲ?”
ယိုချင်းယန် ဤသည်ကိုခံစားမိပြီး အံ့အားသင့်သွားသည်။ သူ့အစ်ကို၏ ခွန်အားသည် တခဏချင်း တိုးတက်လာခဲ့သည်။
ရူးသွပ်ခြင်းစွမ်းရည်ကို အသုံးပြုပြီးနောက်၊ လုချန်း ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ကိန်းဂဏန်းအရ တိုက်ရိုက်တိုးတက်လာခဲ့သည်။
စွမ်းရည်ပဲဖြစ်ဖြစ် အနီးကပ်တိုက်ခိုက်မှုပဲဖြစ်ဖြစ်၊ သူသည် မျောက်ဝံဘုရင် ထက်သာလွန်သည်။
မျောက်ဝံဘုရင်သည် အခုချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။
လုချန်း ၏ ထက်မြက်ပြီး အစွမ်းထက်သော ဝံပုလွေခြေသည်းများသည် မျောက်ဝံဘုရင်ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ကျန်ရစ်စေပြီး မျောက်ဝံဘုရင်ကတော့ လုချန်း ကိုမထိနိုင်သေးပေ။
“ဘုန်း!”
သိပ်မကြာခင်မှာပဲ၊ လုချန်း သည် လေပေါ်သို့ခုန်တက်လိုက်ပြီး မျောက်ဝံဘုရင်ကို အမှောက်သိပ်လိုက်သည်။
သူ့၏အစွယ်များသည် မျောက်ဘုရင်၏လည်ပင်းကိုနားသို့ ချဉ်းကပ်လာပြီး တစ်ချက်ကိုက်လိုက်ရုံဖြင့် ရန်သူကိုဘဝ ကူးပြောင်းပေးရန်လုံလောက်မည်ဖြစ်သည်။
သို့သော် သူ့ရှေ့ရှိ မျောက်ဘုရင်သည် မျှတသောတိုက်ပွဲကို ရွေးချယ်ခဲ့ပြီး သူ့ရဲ့အဖွဲ့အားသာချက်ကို အားမကိုးခဲ့ပေ။
ထိုအချိန်တွင် လုချန်း သည်လည်း မျောက်ဘုရင်၏ အသက်ကို ချမ်းသာပေးရန် ရွေးချယ်ခဲ့သည်။
မျောက်ဝံဘုရင် မတ်တပ်ထရပ်ပြီးနောက်၊လုချန်း အား ကျေးဇူးတင်စိတ်အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်ကာ လူသားဆန်သည့်ပုံစံဖြင့်ပင် ဦးညွှတ်လိုက်သည်။
ထို့နောက် သူ့နောက်မှ မျောက်ငယ်ကို ခေါ်လိုက်သည်။
ထိုအခါ လုချန်း သည် ဝိညာဉ်သစ်သီးနှစ်လုံးကို လက်ထဲတွင်ကိုင်လျက်ရှိနေသော မျောက်တစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။
မျောက်ဘုရင်သည် ဝိညာသစ်သီးကို ယူပြီးနောက် လုချန်းအား အပြုံးဖြင့်ပေးလိုက်သည်။
“ဝိညာဉ်သစ်သီး နှစ်လုံး လား၊ ရိတ်သိမ်းတာ မဆိုးဘူး”
လုချန်း သည် မျောက်ဝံဘုရင် ပေးပို့သော လက်ဆောင်ကို မြင်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။
ဒီအဖွဲ့က ဒီလောက် ရက်ရောလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ၊ သူ မသိစိတ်မှတစ်ဆင့် ရှောင်ပိုင် ကို လှမ်းပေးလိုက်သည်။
ရှောင်ပိုင် ၎င်းကိုယူပြီးနောက် မျောက်ဝံဘုရင်ကို ညွှန်ပြလိုက်သည်။
သူမသည် လုချန်း အား မျောက်ဘုရင်ရဲ့ စွမ်းအားက ဘာကြောင့် ဒီလောက်မြန်မြန် တိုးတက်လာရတာလဲဟု မေးနေပုံရသည်။
လုချန်း သည် ရှောင်ပိုင် ၏ ဆိုလိုရင်းကို အကြမ်းဖျင်းနားလည်သော်လည်း အဖြေမပေးဘဲ ခေါင်းခါယမ်းလိုက်သည်။
ယိုချန်းယန် ကူကယ်ရာမဲ့စွာ သက်ပြင်းချကာ ဝိညာသစ်သီးကို ညွှန်ပြပြီးနောက် မျောက်ဘုရင်နှင့် သူ့အနားရှိ မျောက်များကို ညွှန်ပြလိုက်သည်။
အခုချိန်တွင် ဝိညာဉ်စွမ်းအင်များ ပြန်လည်ရှင်သန်လာပြီဖြစ်သောကြောင့် ဝိညာဉ်သစ်သီးများနှင့် ဝိညာဉ်ဆေးပင် များသည် သွေးမိုးရွာသွန်းပြီးနောက် မှိုများကဲ့သို့ ထွက်ပေါ်လာနေပြီဖြစ်သည်။
သို့သော်လည်း အများစုသည် ၎င်းတို့ ကြီးပြင်းလာသည်နှင့်တပြိုင်နက် အနီးနားရှိ တောရိုင်းတိရစ္ဆာန်များက စားသောက်ကြသည်။
မျောက်ဝံဘုရင်သည် မျိုးနွယ်စုခေါင်းဆောင်အဖြစ် သူ၏အမိန့်အောက်တွင် မျောက်ဝံ အများအပြားရှိသည်။
ဤမျောက်ဝံများနှင့် သူတို့၏သားမြေးများသည် ဝိညာသစ်သီးများခူးရန် ထွက်ခွာပြီး ပြန်လာလျှင် မျောက်ဘုရင်အား ဦးစွာပေးကြလိမ့်မည်ဖြစ်သည်။
သူတို့ မျိုးနွယ်စုသည် ကြီးမားသော နယ်မြေကိုလည်း သိမ်းပိုက်ထားခဲ့သည်။
ဤနည်းအားဖြင့်၊ မျောက်ဝံဘုရင်သည် အရင်းအမြစ်အများဆုံးရရှိမည်ဖြစ်သည်။
မျိုးနွယ်စု၏ ပေါင်းစပ်အင်အားဖြင့် မျောက်ဝံဘုရင်သည် နိုးထခြင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။ သူစားခဲ့သော ပထမအဆင့် ဝိညာဉ်သစ်သီး/ဆေးပင် ပမာဏမှာ ဆယ်ခုထက် မနည်းမည်မှာသေချာသည်။
ယိုချန်းယန် အမူအရာကိုမြင်ပြီး လုချန်း သည် သူမ ၏ဆိုလိုရင်းကို အကြမ်းဖျင်း သဘောပေါက်သွားကာ ရုတ်တရက် ဉာဏ်အလင်းပွင့် သွားသည်။
အမှန်မှာ သူ့ရှေ့မှ မျောက်ဝံမျိုးနွယ်ထက် သူတို့၏ အားသာချက်မှာ ပိုများသည်။
လုချန်း ၏ အမိန့်အောက်တွင် နှင်းဝံပုလွေတစ်ရာကျော်ရှိသည်။
နှင်းဝံပုလွေများသည် သာမာန်မျောက်ဝံများထက် ပိုများပြားပြီး ပို၍ ရက်စက်သည်။ အရေးကြီးဆုံးအရာကတော့ သူတို့ လုံးဝနာခံနေခြင်းဖြစ်သည်။
ဝံပုလွေများသည် ဤဝိညာဥ်ဆေးပင်များနှင့် ဝိညာဉ်သစ်သီးများကို ရှာဖွေရန် အုပ်စုခွဲလိုက်မည်ဆိုလျှင်၊ သူတို့၏ စွမ်းဆောင်ရည်သည် ယခုထက် များစွာ ကြီးမားပေလိမ့်မည်။
“အစ်ကို၊ ငါတို့ ပိုသန်မာလာအောင်လုပ်ရမယ်”