အဖွဲ့လိုက်လုပ်ဆောင်ခြင်း၏စွမ်းအား
Vol. 3 Ch. 42
ထိုနေရာတွင် ရပ်နေသော ရှောင်ပိုင် ကိုကြည့်ရင်း သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာများထွက်ပေါ်လာပြီး သူအတော်လေး စိတ်သက်သာရာရသွားသည်။
“နောက်ဆုံးတော့ ငါ့ညီမလေး အသိတရားတွေ ရလာခဲ့ပီ”
“ဒါက ကောင်းမွန်တဲ့ အစတစ်ခုပဲ၊ ရှောင်ပိုင် အရင်ကလို မတုံးအ တော့ဘူးဆိုတာ သက်သေပြလိုက်တာပဲ!”
“ငါရဲ့ချစ်ညီမလေး၊ မင်းမှာဒီလိုအကြံဉာဏ်တွေရှိလို့ ငါဝမ်းသာတယ်၊ ငါတို့နှစ်ယောက် နှင်းဝံပုလွေအဖွဲ့ကို ပိုသန်မာလာအောင်လုပ်ဆောင်ကြတာပေါ့”
လုချန်း က ပြုံးကာ ယိုချင်းယန် ၏ ခေါင်းကို ပွတ်သပ်လိုက်ပြီးနောက် မျောက်ဝံများ၏ အကြည့်အောက်တွင် ရှောင်ပိုင် နှင့်အတူ တောထဲမှထွက်ခွာသွားတော့သည်။
တောင်ထိပ်မှ နှင်းများထူထပ်နေသော ချိုင့်ဝှမ်းကို ပြန်ရောက်ပြီးနောက် လုချန်း သည် ဝံပုလွေများကို လှမ်းကြည့်လိုက်သည်။
သွေးစွန်းသောမိုးရေဖြင့် ရေချိုးပြီးနောက်၊ မျိုးနွယ်စုရှိ နှင်းဝံပုလွေတစ်ကောင်ချင်းစီသည် ယခင်ကထက် ပိုမိုမြင့်မားလာပြီး အားကောင်းလာကာ သူတို့၏ အမြန်နှုန်းမှာလည်း များစွာတိုးလာခဲ့သည်။
လုချန်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ဒီနှင်းဝံပုလွေများကို အပြင်ထွက်၍ စူးစမ်းလေ့လာရန် အချိန်တန်ပြီဟု ယူဆရသည်။
ဒီလို ချိုင့်ဝှမ်းမှာ သူတို့ကို ဆက်ပြီး ကာကွယ်နေမယ်ဆိုလျှင် နှင်းဝံပုလွေဘုရင်အလွန် ပင်ပန်းနေလိမ့်မည်ဖြစ်သည်။
အမျိုးမျိုးသော သားရဲများနှင့် မတိုက်ခိုက်ဘဲ ဝံပုလွေတစ်ကောင်သည် ခွန်အားကြီးထွားရန် ခက်ခဲပေလိမ့်မည်။
တောနက်ထဲရှိ မျောက်အုပ်စု၏ စီမံခန့်ခွဲမှုနည်းလမ်းသည် အလွန်သင့်လျော်သည်။
သူသည် ကုသရေးစွမ်းရည်ကို အဆင့်မြှင့်တင်ပြီး ပင်ကိုယ်စွမ်းရည်အဖြစ်နိုးထနိုင်ခဲ့သည်။
ထိုအရာသည် တခြားသားရဲတိရစ္ဆာန်များနှင့်ယှဉ်လျှင် သူ့၏ အားသာချက်တစ်ခုဖြစ်သည်။ သူ့မျိုးနွယ်စုဝင်များသည် တိုက်ပွဲတွင် တိုက်ရိုက်မသေသေးသရွေ့ သူတို့အားလုံးကို ကယ်တင်ရန် အခွင့်ရေး ရှိသည်။
ထို့နောက် သူသည် ဝံပုလွေအူသံကို ထုတ်လွှတ်ပြီး နှင်းဝံပုလွေများကို စုစည်းစေလိုက်သည်။
လုချန်း သည် ဝံပုလွေတစ်ကောင်၏ ရှေ့သို့ ရောက်လာပြီး သူ့လက်များနှင့် အချိန်အတော်ကြာ လက်ဟန် လုပ်ပြနေသည်။
ထို့နောက် သူနှင့် ရှောင်ပိုင် ပြန်လည်ယူဆောင်လာသော ဝိညာဉ်သစ်သီးနှစ်လုံး၏ ထူးခြားသောရနံ့ကိုလည်း ပြသခဲ့သည်။
ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထပြီးနောက် ထွက်ပေါ်လာသော ဝိညာဉ်ဆေးပင်များနှင့် သစ်သီးများသည် သာမန်အပင်များနှင့် မတူဘဲ ထူးခြားသောရနံ့များနှင့် စွမ်းအင်အတက်အကျများရှိသည်။
ဇီဝဗီဇနည်းနည်းရှိတဲ့ တိရိစ္ဆာန်တိုင်းဟာ စိတ်မနှံ့သရွေ့ ထိုအရာက ကောင်းသော အရာများဖြစ်သည်ကို သိနိုင်သည်။
ထို့အပြင်၊ သွေးမိုးကို တွေ့ကြုံပြီးနောက် ဝံပုလွေများ၏ ဉာဏ်ရည် တိုးတက်လာခဲ့သည်။
ယခုချိန်တွင် လုချန်း ၏ အမိန့်များကို ကောင်းကောင်းနားလည်နိုင်နေပြီဖြစ်သည်။
နှင်းဝံပုလွေများစွာက သူဘာကိုဆိုလိုသည်ကို နားလည်သောကြောင့် လုချန်း ကျေနပ်စွာခေါင်းခေါင်းညိတ်လိုက်သည်။
ဤသွေးမိုးသည် အနည်းဆုံး သူနှင့် ဝံပုလွေများကြား ဆက်သွယ်ရေးကို ပိုမိုလွယ်ကူစေခဲ့သည်။
"အားးဝူးး!"
လုချန်း ၏အမိန့်ကိုလိုက်နာပြီး နှင်းဝံပုလွေများစွာတို့သည် ချိုင့်ဝှမ်းမှ ပြေးထွက်သွားကြသည်။
လုချန်း သည် နှင်းများထူထပ်သော တောင်တလျှောက်လုံးတွင် ဝိညာဉ်ဆေးပင်/သစ်သီး များကို ရှာဖွေရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
နှင်းဝံပုလွေဖခင်သည် တစ်ချိန်က ဝံပုလွေဘုရင်ဖြစ်ခဲ့သည်။ လုချန်း နှင့် ယိုချင်းယန် မှလွဲ၍ လက်ရှိမျိုးနွယ်စုတွင် သူသည် အပြင်းထန်ဆုံး တိုက်ခိုက်ရေးသမားဖြစ်သည်ဟု ဆိုနိုင်သည်။
သူ့ခြေထောက်ရှိ ဒဏ်ရာသည် ပြန်လည်ကောင်းမွန်လာပြီး သွေးမိုးကိုခံယူထားသောကြောင့် သူ့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်တိုးတက်လာခဲ့သည်။
လုချန်း သည် ဝံပုလွေဘုရင်ဟောင်းအား နှင်းဝံပုလွေအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်စေပြီး ချိုင့်ဝှမ်းတစ်ဝိုက်တွင် စောင့်ကြည့်စေခဲ့သည်။
အမျိုးမျိုးသော အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဒုက္ခရောက်နေသည့် နှင်းဝံပုလွေများကို ကူညီပံ့ပိုးပေးရန်ဖြစ်သည်။
ချိုင့်ဝှမ်းရှိ နှင်းဝံပုလွေများ လှုပ်ရှားလာသည့်အခိုက်တွင်၊ နှင်းဖုံးနေသော တောင်ထိပ်ပေါ်ရှိ တိရစ္ဆာန်ငယ်လေးများစွာက သူတို့ကိုမြင်သည်နှင့် ရှောင်တိမ်းထွက်ပြေးသွားကြသည်။
အမှန်တော့၊ နှင်းဝံပုလွေများသည် ယခုအခါတွင် အုပ်စုလိုက် လှုပ်ရှားနေကြပြီး နှင်းဝံပုလွေတစ်ကောင်ချင်းဆီက အလွန်အစွမ်းထက်သည့် သားရဲများဖြစ်သည်။ နှင်းတောင်ထိပ်တစ်ခုလုံးတွင် ငွေဖြူရောင်အရုပ်များပြေးလွှား လှုပ်ရှားနေသည်ကိုမြင်နိုင်သည်။
လုချန်းနှင့် ယိုချင်းယန် တို့သည် သက်ဆိုင်ရာအမိန့်များပေးပြီးနောက် ခရီးဆက်ခဲ့ကြသည်။
လုချန်း ၏ အဓိကရည်ရွယ်ချက်မှာ နှင်းတောင်ထိပ်တွင် အခြားသားရဲတိရစ္ဆာန်များ ရှိမရှိ စစ်ဆေးရန်ဖြစ်ပြီး မျိုးနွယ်စုအား ခြိမ်းခြောက်မှုဖြစ်စေနိုင်သည့် အန္တာရာယ်များကို ဖယ်ရှားပစ်ရန်ဖြစ်သည်။
နှင်းဝံပုလွေများ ကြီးထွားလာရန် အချိန်ယူရအုံးမည်ဖြစ်သည်။
လုချန်း သည် ဘေးပတ်ဝန်းကျင်တွင် ကြီးကြီးမားမား ခြိမ်းခြောက်မှုမျိုး မရှိစေချင်ပေ။
နှင်းဖုံးတောင်တန်းသည် အလွန်မြင့်မားသော အမြင့်တွင်ရှိပြီး တောင်ထိပ်သည် တစ်နှစ်ပတ်လုံး ရေခဲများနှင့် ဆီးနှင်းများဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင်က အလွန်အေးစက်လှသည်။
ဝိညာဉ်စွမ်းအင် ပြန်လည်မရှင်သန်မီတွင် တောရိုင်းတိရစ္ဆာန်ကြီးအနည်းငယ်သည် ဤနေရာတွင် နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။
လုချန်း သည် ယခင်က ပိုလာဝက်ဝံဖြူအကြောင်း ပြန်တွေးမိသည်။ ယုတ္တိနည်းအရ ဤတောင်ပေါ်တွင် သူတစ်ကောင်တည်းရှိမနေသင့်ပေ။
အမှန်မှာ၊ပိုလာဝက်ဝံများသည်လည်း အထီးကျန်နိုင်သည်၊ ထို့ကြောင့် အနည်းဆုံး သူတို့တွင် အိမ်ထောင်ဖက် သို့မဟုတ် အမျိုးအနွယ်ရှိသင့်သည်။
လုချန်း သည် တောင်ထိပ်၏ အခြားနေရာများတွင် အခြားပိုလာဝက်ဝံများ ရှိနိုင်သည်ဟု မှန်းဆခဲ့သည်။ ပိုလာဝက်ဝံများသည် ထူထဲသောအဆီနှင့် အမွေးများပါရှိသောကြောင့် နှင်းထူထပ်သောတောင်ထိပ်တွင် နေထိုင်နိုင်ပြီး ပြင်းထန်သောအအေးဒဏ်ကို မကြောက်ကြပေ။
ဤသို့ဖြင့်၊ နာရီဝက်ကြာပြီးနောက်.....
လုချန်း နှင့် ယိုချင်းယန် တို့သည် ယခင်က စူးစမ်းလေ့လာခဲ့သော ပိုလာဝက်ဝံများနေထိုင်ရာနေရာကို သွားရောက်ခဲ့ကြပြီး ရှာဖွေအသစ်များ ပြုလုပ်ခဲ့ကြသည်။
ထို့အချိန်တွင် ပိုလာဝက်ဝံဖြူနှစ်ကောင် ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
တစ်ကောင်က အရွယ်အစားပိုကြီးပြီး နောက်တစ်ကောင်က ငယ်ရွယ်သည်။ အရွယ်အစားပိုကြီးသည့် အကောင်မှာ ယခင်က တိုက်ဖူးခဲ့သည့် ပိုလာဝက်ဝံထက် အနည်းငယ်သာ သေးငယ်ပြီး စုံတွဲတစ်တွဲဖြစ်ပုံရသည်။
ငယ်ရွယ်သည့် တစ်ကောင်ကတော့ အရွယ်ရောက်ပြီးစအရွယ်လောက် ဖြစ်နိုင်သည်။
ကျူပင်ခုတ်လျှင် ကျူငုတ်မကျန်အောင် ဖယ်ရှားရမည်ဖြစ်သည်။
အင်အားနည်းသူသည် အင်အားကြီးသူ၏ သားကောင် ဖြစ်သည့် ဤကမ္ဘာတွင်၊ လုချန်း သည် သားအမိဖြစ်နိုင်သော ထိုပိုလာဝက်ဝံနှစ်ကောင်ကို ကရုဏာသက်နေမည်မဟုတ်ပေ။
အကယ်၍ နှင်းဝံပုလွေများသည် ထိုပိုလာဝက်ဝံများနှင့် ကြုံတွေ့ရပါက၊နှင်းဝံပုလွေများအတွက် အလွန်အန္တရာယ်ရှိနိုင်သည်။
ရှင်သန်ခြင်းက အမှားအယွင်းမရှိသောကြောင့် လုချန်း သည် တစ်ဖက်ကို အလွန်နာကျင်စေမည်မဟုတ်ပေ။
လုချန်း ပါးစပ်ကိုဖွင့်ပြီး ရေခဲစွမ်းရည်ကိုထုတ်သုံးလိုက်သည်။
စွမ်းအားကြီးသော ရေခဲ-အပြာရောင် နတ်အလင်းရောင်အောက်တွင် နိုးထခြင်းအဆင့်အောက်တွင်ရှိသည့် သာမန်သားရဲများကို လုံးဝချေမှုန်းပစ်နိုင်သည်။
ထိုပိုလာဝက်ဝံနှစ်ကောင်သည် တုံ့ပြန်ရန် အချိန်ပင်မရလိုက်ပေ။ လုချန်းသည် ထိုနှစ်ကောင်အား အလျှင်အမြန်အဆုံးသတ်လိုက်ပြီး မိသားစုသုံးယောက်ကို ပြန်လည်တွေ့စုံစေလိုက်သည်။
လုချန်း ဒီအတွက် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ရှိမနေပေ၊ သူ့ငယ်ငယ်က အဖြစ်ကို ပြန်တွေးမိသည်။
လင်းယုန်ငှက်သည် သူ့အပေါင်းအဖော်အား လေထဲသို့ ခေါ်ဆောင်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်သည်။
လုချန်း သည် ထိုနှင်းဝံပုလွေအကောင်လေး၏ အော်သံကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
အင်အားနည်းသူသည် အင်းအားကြီးသူ၏ သားကောင်ဖြစ်ရသည့် ဤကမ္ဘာကြီးတွင်၊ “မင်းသေရင် ငါရှင်မယ်၊ မင်းရှင်ရင် ငါသေမယ်”
တိုက်ပွဲကိုဖြေရှင်းပြီးနောက် လုချန်း သည် လှိုဏ်ဂူတစ်ဝိုက်တွင် ပထမအဆင့်ဝိညာဉ်ဆေးနှစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။
ဒါက သူ့ကို အတော်လေး အံ့အားသင့်စေသည်။ ဒီနေရာတွင် ဤကဲ့သို့ အမြတ်ရလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
သူနှင့် ရှောင်ပိုင် တစ်လုံးစီယူကာ မျိုချလိုက်သည်။
ဝိညာဉ်သစ်သီး သည် အစွမ်းထက်သော ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ လုချန်း ၏ ဆင့်ကဲပြောင်းလဲခြင်း အမှတ်များသည် 4000 အထိရောက်ရှိသွားပြီဖြစ်သည်။
ယခုတစ်ကြိမ်တွင် လုချန်း သည် သူ၏ ကျွမ်းကျင်မှုများ အဆင့်မမြှင့်တင်ဘဲ၊ဆင့်ကဲပြောင်းလဲခြင်းအမှတ်များကိုစုဆောင်းထားပြီး သိုင်းအဆင့်မြှင့်တင်ရန်အတွက် အသုံးပြုမည်ဖြစ်သည်။
ယခု သူ့တွင် လုံလောက်သော ကျွမ်းကျင်မှုနှင့် ပင်ကိုယ် စွမ်းရည်သုံးမျိုးရှိသည်။
လုချန်း အမြင့်တစ်နေရာသို့ ရောက်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“ငါ တောင်ထိပ်မှာရှိတဲ့ ဧရိယာတစ်ဝက်ကျော်ကို စူးစမ်းပြီးသွားပိ”
“အခုလောလောဆယ်တော့ ဝံပုလွေတွေရဲ့ ဘေးကင်းမှုကို စိတ်ချလို့ရပီ၊ ဒီနေ့အတွက်တော့လုံလောက်ပီ”
လုချန်း က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပိုလာဝက်ဝံကို ပါးစပ်ဖြင့်ကိုက်ဆွဲကာချိုင့်ဝှမ်းသို့ပြန်လာခဲ့ကြသည်။
လုချန်းတို့ ပြန်ရောက်လာသည်ကိုမြင်ပြီး နှင်းဝံပုလွေများက ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။
ဒီနေ့တွင် သူတို့သည် နောက်ထပ် ပိုလာဝက်ဝံကြီးနှစ်ကောင်ကို ပြန်ယူလာခဲ့ကြသည်။
ဤသားရဲသည် နှင်းဝံပုလွေများ ယခင်က အမဲမလိုက်ဖူးကြပေ။
ချိုင့်ဝှမ်းကို ပြန်ရောက်ပြီးနောက် လုချန်းသည်လည်း အံ့သြသွားသည်။
ချိုင့်ဝှမ်းအလယ်ရှိ ကွင်းပြင်တစ်နေရာတွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက် ကဲ့သိုသောအရွက်များ တစ်ဒါဇင်ကျော်ရှိနေသည်။
တစ်ရက်တည်းတွင် နှင်းဝံပုလွေများသည် ဝိညာဉ်ဆေးများကို စုဆောင်းနိုင်လိမ့်မည်ဟု လုချန်း မမျှော်လင့်ထားခဲ့ပေ။
ဝိညာဉ်ဆေးပင်/သစ်သီးများစွာကို ပထမဆုံးအကြိမ်ရရှိခဲ့သောကြောင့် လုချန်း၏ နလှုံးသားတစ်စုံက ပြင်းထန်စွာခုန်လှုပ်နေတော့သည်။
အချို့သော နှင်းဝံပုလွေများသည် အမှားလုပ်မိခဲ့ပြီး သာမန်ဆေးဖက်ဝင်အပင်များသာ ယူလာခဲ့ကြသည်။
သို့သော် လုချန်း သည် ၎င်းတို့အား စစ်ဆေးပြီးနောက် ထိုအထဲတွင် တကယ့် ဝိညာဉ်ဆေး 12 မျိုးရှိနေကြောင်းတွေ့ရှိခဲ့သည်။
လုချန်း ၏မျက်လုံးများက ပျော်ရွှင်မှုများဖြင့်ပြည့်နှက်သွားပြီး၊ အကယ်၍ သူသည် ဤဝိညာဉ်ဆေးများကို စားသုံးလိုက်ပါက၊ ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၀,၀၀၀ ခန့်အထိတိုးလာနိုင်သည်။
“ဒါက အဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့ စွမ်းအားလား”