← Chapters

စုံစမ်းစစ်ဆေးရန်ခရီးသွားခြင်း

Vol. 019 Ch. 1830

စုံစမ်းစစ်ဆေးရန်ခရီးသွားခြင်း

Vol. 019 Ch. 1830

အရှင်ထိုက်ရွှမ်သည် ထွက်ခွာသွားသည့် အရိပ်ကိုကြည့်ပြီးနောက် ပြောလိုက်သည်။ "အင်အားစုသုံးစုလုံးက အတိတ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ဆင်တူတဲ့ ကြီးမားတဲ့တိုက်ပွဲမှာ ပါဝင်ချင်ကြပုံမရဘူး"

"ထိပ်တန်းအဆင့် ကမ္ဘာ့စစ်ပွဲကြီးတစ်ခုမှာ အင်အားစုများစွာပါဝင်လိမ့်မယ်" နတ်နန်းတော်အရှင်ကပြောလိုက်သည်။ "ငါသိထားသလောက်တော့ အရင်က မူလဘုံအပြင် အင်ပါယာအဆင့်အင်အားစုတွေပါဝင်ခဲ့ကြတဲ့ စစ်ပွဲကြီးတစ်ခု ပြင်ပဘုံမှာဖြစ်ပွားခဲ့တယ်။ ကြီးကျယ်တဲ့စစ်ပွဲက ကမ္ဘာကြီးရဲ့အစီအစဥ်ကိုအဆုံးအဖြတ်ပေးတယ်။ ကောင်းကင်ဒေသကပေါင်းစည်းသွားပြီး မူလဘုံက သူ့ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့တယ်။ မူလဘုံမှာ ဖြစ်တဲ့တိုက်ပွဲကတော့ ဒေသတွင်းစစ်ပွဲတစ်ခုပဲဖြစ်ခဲ့တယ်"

အရှင်ထိုက်ရွှမ်သည် မူလဘုံ၏အပြင်ဘက်တွင်ဖြစ်ခဲ့သည့် စစ်ပွဲကြီးအား မကြုံတွေ့ခဲ့ပေ။သို့သော် သူသည် လွန်ခဲ့သောနှစ်၃၀၀က မူလဘုံသည် မငြိမ်မသက်အခြေအနေဖြစ်နေသောအခါ ဗုဒ္ဓအင်အားစုများသည်လည်း တိုက်ပွဲတွင်ပါဝင်ခဲ့သည်ကိုသိထားသည်။ လျှို့ဝှက်နယ်မြေဘုံတွင် မှော်နက်တပ်ဖွဲ့သည်အောက်ဘုံများရှိ သူတို့၏အင်အားစုဖြစ်သော နတ်တစ္ဆေအဖွဲ့ကို တိုက်ပွဲတွင်ပါဝင်ရန် တာဝန်ပေးခဲ့သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် မှော်နက်တပ်ဖွဲ့သည် ကြီးမားသည်စစ်တပ်ကို မစေလွှတ်ခဲ့ပေ။ သူတို့သည် မူလဘုံအား အလေးအနက်မထားခဲ့ပေ။ မူလဘုံသည် စစ်ပွဲကြီး၏အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး သေးငယ်သည့်အပိုင်းမျှသာဖြစ်သည်။

"ဒါကအမှန်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်း၃၀၀က စစ်ပွဲမှာ အင်ပါယာနှစ်ပါးက ကောင်းကင်ဒေသကိုပေါင်းစည်းစေခဲ့တယ်" အရှင်ထိုက်ရွှမ်သည်ခေါင်းငြိမ့်လိုက်သည်။ ဤစစ်ပွဲတွင် နတ်ဘုရားအဆင့်ရှိပုဂ္ဂိုလ်များပါဝင်နိုင်သည်ကို သူတွေးကြည့်နိုင်သည်။ အကယ်၍မဟုတ်လျှင် အင်ပါယာနှစ်ပါးသည် ကောင်းကင်ဒေသအုပ်ချုပ်ပိုင်ခွင့်ကို မည်သို့သိမ်းယူနိုင်မည်နည်း။

မှော်နက်တပ်ဖွဲ့နှင့် မကောင်းဆိုးဝါးဘုံတို့သည် ယနေ့မူလဘုံသို့အငြင်းပွားရန် ပြန်လည်ရောက်ရှိလာခြင်းမှာ အင်ပါယာရီချင် ကျရှုံးခြင်းကြောင့်လားဆိုသည်ကို သူတို့သေချာမသိကြပေ။ ထိုအချိန်က ကောင်းကင်ဒေသကို ပေါင်းစည်းခဲ့သော အင်ပါယာနှစ်ပါးအနက် တစ်ပါးသာကျန်ရှိတော့သည်။ သူတို့၏ဟန့်တားမှုသည် သဘာဝကျစွာပင် တဖြေးဖြေး ပို၍ အားနည်းလာခဲ့သည်။

"အခု ငါတို့ရဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်က တိုက်ပွဲမှာပါဝင်ဖို့ လူဘယ်နှစ်ယောက်စေလွှတ်ပြီးပြီလဲ" အရှင်ထိုက်ရွှမ်သည် လူအုပ်ကိုမေးလိုက်သည်။

"ဒီတိုက်ပွဲက ပြင်းထန်မှာ သေချာတယ်။ ကောင်းကင်အာဏာစက်ကော့တေးရဲ့ တပည့်တွေအနေနဲ့ တိုက်ပွဲမှာ ပါဝင်ဖို့လုံလောက်ပြီထင်တယ်" ရီဖူရှင်းကပြောလိုက်သည်။ အင်ပါယာအဆင့်ရှိ အင်အားစုသုံးစုဖြစ်သည့် မှော်နက်တပ်ဖွဲ့၊မကောင်းဆိုးဝါးဘုံနှင့် ကောင်းကင်ဒေသတို့ကြားယှဥ်ပြိုင်မှုသည် လူတိုင်း‌အပေါ်သက်ရောက်မှုရှိမည်ဖြစ်သည်။ ဘုံကိုးခုရှိ အင်အားစုအားလုံးသည်လည်း ထိုတိုက်ပွဲတွင် ပါဝင်ကြမည်ဖြစ်သည်။ သူတို့၏ပြိုင်ဘက်များသည်လည်းတိုက်ပွဲတွင်ပါဝင်ရန် အခြားသောကျင့်ကြံသူများကိုစုစည်းထားမည်မှာသေချာသည်။

ထိုကဲ့သို့အင်ပါယာအဆင့်ရှိ အင်အားစုများ၏ကျင့်ကြံသူများကြားတွင် အက်ကြောင်းမဲ့နတ်ဝင်ရိုးသည် ရှားပါးသည်မဟုတ်ပေ။ များစွာသောအင်အားစုများ၏ကျင့်ကြံသူများသည်လည်း အက်ကြောင်းမဲ့နတ်ဝင်ရိုးများကိုပိုင်ဆိုင်ကြသည်။ ဤအဆင့်တွင် ရှိနေခြင်းသည် နောက်ဆုံးအနိုင်ရသူကို အဆုံးအဖြတ်ပေးမည့် အဓိကအချက်ဖြစ်နိုင်သည်။ အက်ကြောင်းရှိနတ်ဝင်ရိုးများကို ပိုင်ဆိုင်သူများသည် ဤတိုက်ပွဲတွင် ပါဝင်မည်ဆိုပါကသူတို့သည် အချည်းနှီးသေဆုံးရမည်ဖြစ်သည်။

ထို့ကြောင့် ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကော့တေး၏တပည့်များကို တိုက်ပွဲတွင်ပါဝင်ရန် အကြံပေးခြင်းဖြစ်သည်။ ကော့တေးကိုဝင်ရောက်ရန် လိုအပ်သည်မှာ အက်ကြောင်းမဲ့နတ်ဝင်ရိုးဖြစ်သည်။ သူတို့သည် လူအနည်းငယ်သာရှိသော်လည်းသူတို့အားလုံးသည် ထိပ်တန်းအဆင့်များဖြစ်ကြသည်။ ထို့အပြင် ဘုံကိုးဘုံတွင် အက်ကြောင်းမဲ့ နတ်ဝင်ရိုးကိုပိုင်ဆိုင်သည့် အဆင့်နိမ့်ရန်ဟောင်အနည်းငယ်သာရှိသည်။ သို့သော် ကောင်းကင်ဒေသမှ အင်အားစုများတွင် ထိုသို့အရည်အချင်းရှိသောကျင့်ကြံသူများမှာ မရှားပါးပေ။

"ငါတို့ရဲ့ လူဦးရေကအလွန်နည်းနေရင်ကော နတ္ထိအင်ပါယာနန်းတော်အနေနဲ့ အဆင်ပြေရဲ့လား" အရှင်ထိုက်ရွှမ်ကမေးလိုက်သည်။ "ငါတို့ကို မညှာတာတဲ့ အင်အားစုကြီးအချို့လည်းရှိတယ်။ သူတို့က ငါတို့ကိုနှိမ့်ချဖို့ အခွင့်အရေးကို အသေအချာဆုပ်ကိုင်ထားလိမ့်မယ်"

"အရှင်ထိုက်ရွှမ် ကောင်းကင်အာဏာစက်ကော့တေးရဲ့ တပည့်တွေကိုစေလွှတ်လိုက်မယ်ဆိုရင် ဘုံကိုးခုရဲ့ အဆင့်နိမ့်ရန်ဟောင်တွေထဲက ဘယ်သူကများ ကျွန်တော်တို့ကိုဆန့်ကျင်နိုင်မှာလဲ" ရီဖူရှင်းက ယုံကြည်ချက်အပြည့်ဖြင့်မေးလိုက်သည်။ အရှင်ထိုက်ရွမ်သည် ကြောင်အမ်းသွားသည်။ထို့နောက် သူက ထိုကိစ္စသည်လည်း ဟုတ်မှန်ကြောင်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။

ရီဖူရှင်းအသံသည် မောက်မာသလိုဖြစ်နေသော်လည်း သူပြောသည်မှာ အမှန်ဖြစ်သည်။ ကောင်းကင်အာဏာစက်ကော့တေး၏တပည့်များကို တိုက်ပွဲသို့စေလွှတ်လျှင်ဘုံကိုးခုရှိ အဆင့်တူများသည် အနိုင်ယူနိုင်စွမ်းမရှိပေ။ သူတို့သည် မည်သည့်အင်အားစုမှ အဆင့်နိမ့်ရန်ဟောင်များကိုမဆို လွှမ်းမိုးထားနိုင်သည်။ ထိုသည်ကို ရှန်ကလန်နှင့် တိုက်ပွဲအတွင်းမှာလည်း သက်သေပြသထားပြီးဖြစ်သည်။

"ဘုံကိုးခုက အင်အားစုတွေအများကြီးကြားမှာ ကျွန်တော်တို့က အားအကောင်းဆုံးအဖွဲ့ကို စေလွှတ်လိုက်မယ်။ အဲ့လိုဆိုရင် ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ လက်ညှိုးထိုးရွေးရဲတဲ့ အရည်အချင်းပြည့်မှီတဲ့သူရှိနိုင်ပါတော့မလား" ရီဖူရှင်းကဆက်လက်ပြောလိုက်သည်။

"ဒါက ပြဿနာတစ်ခုမဟုတ်ဘူးလို့ ငါယုံတယ်" နတ်နန်းတော်အရှင်သည် ခေါင်းငြိမ့်ထောက်ခံရင်းပြောလိုက်သည်။ "မင်းသမီးက ထက်မြက်တယ်။အရာအားလုံးက သူမရဲ့ ခန့်မှန်းချက်အတိုင်း‌ဖြစ်နေတာ။ကောင်းကင်အာဏာစက်ကျောင်းတော်အတွက် အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ဆိုင်သူတွေကို တိုက်ပွဲမှာပါဝင်ဖို့ စေလွှတ်လိုက်တာက ငါတို့က ငါတို့ရဲ့ အားအကောင်းဆုံးထိပ်တန်းအဆင့်ကျင့်ကြံသူတွေကို စေလွှတ်လိုက်တာလို့ဆိုလိုတာပဲ။ဒီအပြုအမူက ဘယ်လိုများစိတ်ရင်းနဲ့စေလွှတ်တာ မဟုတ်ရမှာလဲ"

"ဒါကအမှန်ပဲ" အရှင်ထိုက်ရွှမ်သည် နတ်နန်းတော်အရှင်ပြောသည်ကိုကြားပြီးနောက် ဘာမှမပြောတော့ပေ။ ဤပြင်းထန်သည့်တိုက်ပွဲတွင် သူတို့သည် သူတို့၏အကောင်းဆုံးထိပ်တန်းကျင့်ကြံသူများကိုပြသခဲ့ကြသည်။ အမှန်တကယ်ပင် မည်သူကမျှ သူတို့အားဝေဖန်ရန် အရည်အချင်းမရှိခဲ့ပေ။

ဤတစ်ကြိမ်ပြိုင်ဘက်များသည် သာမန်အင်အားစုများမဟုတ်ပေ။ သူတို့သည်မှော်နက်တပ်ဖွဲ့နှင့်မကောင်းဆိုးဝါးဘုံတို့ဖြစ်ကြသည်။ အချိန်ကျလာသည့်အခါ သူတို့သည် အခြားအင်အားစုများ၏အလွန်ကြောက်မက်ဖွယ်‌ရာတည်ရှိမှုနှင့် ကြုံတွေ့ရပေလိမ့်မည်။ အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ဆိုင်သူများပင်လျှင် ဆိုးရွားသည့်အန္တရာယ်နှင့်ရင်ဆိုင်ရပေလိမ့်မည်။

"ဒါဆို အဲ့ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ" အရှင်ထိုက်ရွှမ်သည်ကြေငြာလိုက်သည်။ ကောင်းကင်အာဏာစက်ကော့တေးမှအက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ဆိုင်သူများသည် တိုက်ပွဲတွင်ပါဝင်လိမ့်မည်။

"ဒီတိုက်ပွဲက အလွန်ကိုအန္တရာယ်များလိမ့်မယ်" အရှင်ထိုက်ရွှမ်သည်ဆုံးဖြတ်ချက်ချပြီးသော်လည်း သူသည်အနည်းငယ်စိုးရိမ်‌ေနဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေ

သူတို့သည် မူလဘုံ၏အင်အားစုများနှင့်ရင်ဆိုင်နေရခြင်းမဟုတ်ပေ။ ဤတစ်ကြိမ် သူတို့၏ပြိုင်ဘက်များသည် မူလဘုံမှ အင်အားစုများဖြစ်ခဲ့လျှင် ရီဖူရှင်းသည် သူနှင့်အဆင့်တူသူများကို လွှမ်းမိုးနိုင်မည်မှာအသေအချာပင်ဖြစ်သည်။

သို့သော်လည်း ဤတစ်ကြိမ်သူတို့၏ပြိုင်ဘက်များသည် အလွန်အားကောင်းပေလိမ့်မည်။

"မင်းသမီးဒွန်ဟောင်ဘက်ကလဲ ပုံမှန်အတိုင်းလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ထားလိမ့်မယ်။သူတို့ဘက်က ရှေ့ထွက်မယ့်လူတွေက အားနည်းမှာမဟုတ်ဘူး" ရီဖူရှင်းက သုံးသပ်လိုက်သည်။ ဤတိုက်ပွဲသုံးခုကြားတွင် သူတို့၏ကောင်းကင်အာဏာစက်ကျောင်းတော်သည်ကောင်းကင်ဒေသ၏အောက်ရှိအင်အားစုတစ်ခုဖြစ်သည်။ထို့အပြင်သူတို့သည် အင်အားစုငယ်လေးမျှသာဖြစ်သည်။

အရှင်ဒွန်ဟောင်သည် မူလဘုံကိုဦးစားပေးခဲ့ပြီး ဘုံကိုးခုကိုမပိုင်းခြားချင်ခဲ့ပေ။ ထို့ကြောင့် သူသည်အားကိုးရသည့်အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်မည်မှာ သဘာဝကျသည်။

ဤတစ်ကြိမ်တိုက်ပွဲသည် စိတ်ပိုင်းဆိုင်ရာစစ်ပွဲလည်းဖြစ်သည်။

ဘုံကိုးဘုံမှ ကျင့်ကြံသူများသည် ဤသတင်းကိုကြားသည့်အခါ ထိတ်လန့်သွားကြသည်။ ကောင်းကင်ဒေသသည် မှော်နက်တပ်ဖွဲ့နှင့် မကောင်းဆိုးဝါးဘုံတို့နှင့် စစ်ဖြစ်မည်လား။

၎င်းသည် အဆင့်နိမ့်ရန်ဟောင်များကြားတိုက်ပွဲတစ်ခုသာဖြစ်သော်လည်း နတ်ဘုရားအဆင့်အင်အားစုသုံးစုပါဝင်လာသဖြင့် ဤတိုက်ပွဲ၏အတိုင်းအတာကို စိတ်ကူးကြည့်နိုင်မည်ဖြစ်သည်။

နတ်ဘုရားအဆင့်အင်အားစုမှ မည်သူမဆို ဤကမ္ဘာပေါ်ရှိမရေတွက်နိုင်သောကျင့်ကြံသူများကို အမိန့်ပေးနိုင်သည်။ ဥပမာအားဖြင့် မဟာလမ်းစဉ်၏ ဤဘုံသုံး​​ထောင်ရှိ လူတိုင်းသည် အရှင်ဒွန်ဟောင်၏အမိန့်များကိုလိုက်နာရန်လိုအပ်သည်။ သူတို့သည် ကောင်းကင်ဒေသတစ်ခုလုံး၏သေးငယ်သည့်အစိတ်အပိုင်းမျှသာဖြစ်ကြောင်း ပြောစရာပင်မလိုပေ။

နတ်ဘုရားအဆင့်အင်အားစုများ စုစည်းနိုင်သည့် လူပမာဏာသည်အံ့အားသင့်စရာပင်ဖြစ်သည်။ သို့သော်ယခုအခါ ထိုအင်အားစုသုံးစုသည် ထိုလူအင်အားကိုစုဆောင်းရန် မည်မျှအားထုတ်ရမည်ကိုမည်သူမျှသေချာမသိပေ။

ထိုတိုက်ပွဲသည် မည်သည့်နေရာတွင်ကျင်းပမည်နည်း။

များစွာသောဘုံများသည် သူတို့၏အဖွဲ့ဝင်များကို တဖြည်းဖြည်းစုစည်းရန်စတင်ခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် ကောင်းကင်ဒေသမှကျင့်ကြံသူများသည် နတ္ထိအင်ပါယာနန်းတော်ပေါ်သို့ဆက်လက်ဆင်းသက်လာကြသည်။ သူတို့အားလုံးသည် ရန်ဟောင်အဆင့်တွင်ရှိကြသည်။ လျှို့ဝှက်နယ်မြေဘုံတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။

မကောင်းဆိုးဝါးဘုံသည်လည်း လျှို့ဝှက်စွာ ပြင်ဆင်မှုများလုပ်နေသည်။

ရက်များစွာကုန်ဆုံးသွားသည်။ ကျင့်ကြံသူများအတွက်မူ တစ်လတာသည် ကြာရှည်သည့်ကာလမဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့ရက်အသစ်ကိုရောက်လာသလိုခံစားရသည်။

ဤနေ့တွင် နတ္ထိအင်ပါယာနန်းတော်သည် လှုပ်ရှားမှုများနှင့်စည်ကားနေသည်။ မရေမတွက်နိုင်သောကျင့်ကြံသူများသည် စုဝေးရောက်ရှိနေကြသည်။ ဘုံကိုးဘုံမှ ကျင့်ကြံသူများနှင့်‌ကောင်းကင်ဒေသမှ ဆင်းသက်လာသည့်များစွာသောအင်အားစုများလည်းရှိသည်။ သို့သော် အများစုမှာ သူတို့၏ဆန္ဒသဘောထားအလျောက်လာခဲ့ကြသည်။ သူတို့သည် အရှင်ဒွန်ဟောင်၏တိုက်ရိုက်အမိန့်အောက်တွင်လုပ်ဆောင်နေသည့် အနည်းငယ်သောကျင့်ကြံသူများလည်းဖြစ်သည်။

ဤနေ့ နတ္ထိအင်ပါယာနန်းတော်တွင် တစ်ချက်ကြည့်လိုက်သည့် မည်သည့်နေရာမှာမဆို ရန်ဟောင်များရှိကြသည်။ သူတို့သည် ကောင်းကင်နှင့်မြေကြီးကို ဖုံးအုပ်ထားသည်။ဤကဲ့သို့သောကြီးကျယ်ခမ်းနားသည့်အခါသမယသည် မဟာလမ်းစဉ်၏ဘုံသုံးထောင်တွင်ကြုံတွေ့ရန်အလွန်ခဲယဉ်းလှပေသည်။

များစွာသောထိပ်တန်းတပ်ဖွဲ့များကြားတွင် အလွန်ကြီးမားသည့်တိုက်ပွဲတစ်ခုဖြစ်ခဲ့မှသာလျှင် ထိုကဲ့သို့သော အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခုဖြစ်ပေါ်လာနိုင်သည်။

အရှင်ထိုက်ရွှမ်သည်လည်း တိုက်ပွဲတွင်ပူးပေါင်းပါဝင်ချင်သည့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ အဖွဲ့ဝင်များကိုခေါ်ဆောင်လာသည်။ သူတို့သည် အများကြီးလည်းမဟုတ်သည့်အပြင် လူအုပ်ထဲတွင်လည်း ထင်းထွက်မနေဘဲ သေးငယ်သောစခန်းနေရာကိုသာ ပိုင်ဆိုင်ထားသည်။ သူတို့ပတ်လည်တွင် ဘုံကိုးဘုံမှအင်အားစုများ၏စခန်းများရှိသည်။

ထိုသည်က သူတို့အား အာရုံစူးစိုက်မှုများကိုဆွဲဆောင်ရန်ဖြစ်စေခဲ့ပြီး အထူးသဖြင့် ဘုံကိုးခု၏ကျင့်ကြံသူများထံမှ အာရုံစူးစိုက်မှုရခဲ့သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏အဓိပ္ပါယ်မှာ အဘယ်နည်း။

လူတိုင်းသည် ဤတိုက်ပွဲ၏ပြင်းထန်မည့်အန္တရာယ်နှင့်ပတ်သတ်ပြီး သေချာသိရှိထားပြီးဖြစ်သည်။ ကြည့်ရသည်မှာ ကောင်းကင်အာဏာစက်ကျောင်းတော်သည် သူတို့၏တပည့်အများအပြားကို တိုက်ပွဲတွင်းသို့စေလွှတ်ရန်ဆန္ဒမရှိပေ။ သူတို့သည် သူတို့ကျောင်းတော်၏ရပ်တည်ချက်မပြောင်းလဲသည်ကို သေချာပြသချင်သည်။

သို့သော် ရောက်ရှိလာသူများသည် ရီဖူရှင်းဦးဆောင်သည့် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည်။ အခြားသူများသည် ဤအဖွဲ့ကိုမြင်သည့်အခါ သူတို့သည် ကျောင်းတော်နှင့်ပတ်သတ်ပြီး အမှားရှာမတွေ့ခဲ့ပေ။ တိုက်ပွဲတွင်ပါဝင်ရန် ကျင့်ကြံသူအနည်းငယ်ကိုစေလွှတ်လိုက်သဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကိုတိုက်ခိုက်ရန်ဆိုသည်မှာ အခြားအဖွဲ့များအတွက် အဓိပ္ပါယ်မရှိပေ။

ထို့အပြင် အများစုသည် ရီဖူရှင်းကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။ မျှော်လင့်ထားသည့်အတိုင်းသူသည် ကောင်းကောင်းလုပ်ဆောင်နေသည်။ ဘဝ၏အဓိပ္ပါယ်ပျောက်ဆုံးသွားသော လူတစ်ယောက်သည် အံ့အားသင့်ဖွယ်ရှင်သန်ခဲ့သည်။ ရီဖူရှင်း၏လက်ရှိအခြေအနေအရ သူသည် အရိပ်ဘုံ၌တစ်ကြိမ်သေဆုံးခဲ့ဖူးသည်ကို မည်သူမျှခန့်မှန်းမိမည်မဟုတ်ပေ။

ထို့အပြင် ရီဖူရှင်း၏စိတ်နေစိတ်ထားပြောင်းလဲသွားသည်ကို ကျင့်ကြံသူများက သတိပြုမိခဲ့ကြသည်။သူသည် ပို၍မိန်းမဆန်လာသည်။ သူ၏ချောမောသည့်ရုပ်ရည်မှာ ယခင်ကယောကျာ်းပီသသည့်ပုံစံဖြစ်သော်လည်း ယခုအခါ ပန်းပုရုပ်တုပုံစံဖြစ်လာခဲ့သည်။

"အရှင်ထိုက်ရွှမ်က တကယ်တွန့်တိုတာပဲ။ခင်ဗျားကကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့တပည့်တွေကိုလွန်လွန်ကဲကဲကာကွယ်ပေးနေတာပဲ" ရွှေရောင်နတ်‌ပြည်ထောင်မှ ကိုက်ထန်သည် ထေ့ငေါ့ပြောလိုက်သည်။ "ဘုံကိုးခုကအင်အားစုအများကြီးကြားမှာ ကောင်းကင်အာဏာစက်ကျောင်းတော်က လေ့ကျင့်ရေးတော်‌ဝင်မြေနှစ်ခုကိုပေါင်းစည်းနိုင်ခဲ့တာလေ။ ခင်များတို့စေလွှတ်လိုက်တဲ့လူက ဒါအကုန်ပဲလား"

"ဒါအကုန်ပဲလား..." အရှင်ထိုက်ရွမ်သည် ကိုက်ထန်နောက်မှ လိုက်၍ရေရွတ်လိုက်သည်။ထို့နောက်သူသည်ပြောလိုက်သည်။ "ပြည်ထောင်အရှင်က ကျုပ်တပည့်တွေရဲ့စွမ်းရည်ကို ပထမဆုံးစစ်ဆေးချင်တာလား။ ကျုပ်တို့အဖွဲ့နှစ်ဖွဲ့ကြား သတ်ဖြတ်ခြင်းမပါတဲ့ တိုက်ပွဲတစ်ခုစမ်းကြည့်လို့ရတာပဲ"

ကိုက်ထန်သည် အရှင်ထိုက်ရွှမ်အား ဘာမှ တုံ့ပြန်မပြောနိုင်ပေ။ သူသည် အေးစက်စွာလှောင်ပြောင်ရယ်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ အမှန်တကယ်အားဖြင့်ကောင်းကင်အာဏာစက်ကျောင်းတော်၏အဖွဲ့ဝင်များသည် အနည်းငယ်သာရှိသော်လည်း သူတို့အဖွဲ့သည်ခမ်းနားကြောင်း လူတိုင်းသိကြသည်။ ရွှေရောင်နတ်ပြည်တောင်သည် သူတို့နှင့်တကယ်တိုက်ပွဲဝင်ပါက အလွန်တကူချေမှုန်းခံရလိမ့်မည်ဖြစ်သည်။

အခြားအင်အားစုများမှ အဖွဲ့ဝင်များသည် သူတို့ကိုကြည့်ရုံသာကြည့်နေသည်။နောက်ဆုံးတွင်သူတို့သည် မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ မဟုတ်လျှင် အရှင်ထိုက်ရွှမ် ပြောဆိုသည့်အခါ သူတို့သည် ပြန်တုံ့ပြန်ပြောနိုင်မည်မဟုတ်ပေ။

ကောင်းကင်အာဏာစက်ကျောင်းတော်၏အဖွဲ့ဝင်များသည် အရေအတွက်အားဖြင့်နည်းသော်လည်း သူတို့သည် ဘုံကိုးခုတွင် ပြိုင်ဘက်ကင်းလေသည်။

ရီဖူရှင်းတစ်ယောက်ထဲကပင် ဘုံကိုးခုရှိ နာမည်ခေါ်သမျှ မည်သည့်အဆင့်နိမ့်ရန်ဟောင်များကိုမဆို အနိုင်ယူနိုင်သည်။ ရှန်ကလန်မှ ရှန်ဟောက်နှင့် နေမင်းနတ်နန်းတော်မှ တိဝူတို့သည်လည်း သူ၏ပြိုင်ဘက်မဟုတ်ပေ။ ယခင်ကလည်းရီဖူရှင်းသည် ထိပ်တန်းအဆင့်ရန်ဟောင်များကို သတ်ခဲ့သည်။

ဤကြီးမားသည့်တပ်ဖွဲ့များကြားတွင် ရီဖူရှင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်‌သည်ဟုယူဆနိုင်သည်။

မင်းသမီးဒွန်ဟောင်ထွက်ပေါ်လာပြီး ကျင့်ကြံသူများအားလုံးကိုကြည့်လိုက်သည်။ ထိုအခိုက် လူတိုင်းသည် တိတ်ဆိတ်သွားသည်။

နတ်စစ်သူကြီးနှစ်ပါးသည်သူမ၏ဘယ်ညာတွင် ရပ်နေကြသည်။ သူတို့သည် အောက်ဘုံမှကောင်းဂျွန်နှင့် လှံအင်ပါယာတုယူတို့ဖြစ်ကြပြီး နတ်ရောင်ခြည်က သူတို့ကို ဝန်းရံထားသည်။ နတ္ထိအင်ပါယာနန်းတော်အား သူတို့၏စွမ်းအားဖြင့်ပိတ်ထားသည်။

"ဒီတိုက်ပွဲအတွက် လိုအပ်ချက်ကိုလူတိုင်းကသိမှာသေချာတယ်။ မှော်နက်တပ်ဖွဲ့နှင့်မကောင်းဆိုးဝါးဘုံတို့က မူလဘုံကိုကျူးကျော်ချင်နေတယ်။ ဒီတစ်ကြိမ်တော့ အင်းအားစုနှစ်စုက ငါတို့ကိုတိုက်ခိုက်ဖို့မဟာမိတ်ဖြစ်နိုင်တယ်"နတ္ထိအင်ပါယာနန်းတော်အရှင်သည် ထွက်ပေါ်လာပြီး လူအုပ်အားပြောလိုက်သည်။

"ငါတို့ရှုံးသွားတာနဲ့ မူလဘုံကပြိုကွဲသွားပြီး ဘုံကိုးခုကလည်း မတူညီတဲ့စည်းမျဉ်းတွေအောက်မှာကွဲပြားသွားလိမ့်မယ်။  ဒီရလဒ်ကြောင့် တစ်ချို့တွေက ထိခိုက်ပြီး တစ်ချို့ကတော့ ထိခိုက်မှာမဟုတ်ဘူး"

ဒီတိုက်ပွဲမှာပါဝင်မယ်လို့ လူတိုင်းဆုံးဖြတ်လိုက်ပြီးကတည်းက ဒီတိုက်ပွဲရဲ့ရလဒ်က မင်းတို့အပေါ်သက်ရောက်သည်ဖြစ်စေ၊ မသက်ရောက်သည်ဖြစ်စေ၊ ဒါက သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုပဲ။ မင်းတို့အကောင်းဆုံးလုပ်မယ်လို့ ယုံကြည်တယ်"

နန်းတော်အရှင်သည်ဆက်လက်ပြောလိုက်သည်။ "ဒီတိုက်ပွဲနေရာက လူသူကင်းမဲ့တဲ့ဘုံပဲ။ အချိန်ကျလာရင် အင်အားစုသုံးစုက ကျင့်ကြံသူတွေကို ဘုံသို့စေလွှတ်မှာဖြစ်တယ်။ အဲ့ဒီနေရာကို မင်းတို့ကို အဲ့ဒီဘုံကိုပို့ဆောင်ပေးပြီးတာနဲ့ ဘုံကိုချိတ်ပိတ်လိုက်ပြီး ပြိုင်ပွဲကစတင်မှာဖြစ်တယ်။ ပြိုင်ပွဲမှာဖြစ်ပျက်သမျှအလုံးစုံကို အစီအရင်နဲ့ ငါတို့ကိုပြသမှာဖြစ်တယ်။ အင်အားစုသုံးစုက ဘယ်သူ့ကိုမှ ဘုံအနီးကိုသွားဖို့ခွင့်မပြုပေမယ့် လူတိုင်းက တိုက်ပွဲကိုကြည့်ခွင့်ရမယ်။ "

"ဒါကြောင့် ဒီမှာရှိတဲ့ ငါတို့အားလုံးက မင်းတို့ရဲ့ လုပ်ဆောင်ချက်ကိုသက်သေပြုနိုင်မှာဖြစ်တယ်။  ကောင်းကောင်းစွမ်းဆောင်နိုင်ပြီး အသက်ရှင်လျက်ထွက်လာနိုင်သူတွေကို နောက်ဆုံးရလဒ်က ဘာပဲဖြစ်ဖြစ် ထိုက်တန်စွာချီးမြှင့်မယ်။ မင်းသမီးကလည်း တိုက်ပွဲရဲ့ရလဒ်ကို ပြောင်းသွားအောင်စွမ်းဆောင်နိုင်တဲ့ မည်သူ့ကိုမဆို ကိုယ်တိုင်ကိုယ်ကျဆုချီးမြှင့်မှာဖြစ်တယ်။ ဒီတိုက်ပွဲမှာစည်းမျဉ်းမရှိဘူး။ အရာအားလုံးထုတ်သုံးပါ။ တစ်ခုတည်းသောတားမြစ်ချက်က အခြားဘုံမှအခြားသောကျင့်ကြံသူ‌ေတွရဲ့စွမ်းအားကိုငှားသုံးခွင့်မပြုခြင်းပဲ။ မင်းတို့ရဲ့ ဝိညာဥ်လက်နက်တွေကိုအသုံးပြုနိုင်တယ်"

နန်းတော်အရှင်သည် သူ့စကားဆုံးသည့်နောက်တွင် မင်းသမီးဒွန်ဟောင်ကိုကြည့်ပြီးမေးလိုက်သည်။ "မင်းသမီး ထပ်ပြောချင်တာများရှိပါသလား"

မင်းသမီးဒွန်ဟောင်သည် လူအုပ်ကိုကြည့်ပြီးပြောလိုက်သည်"မင်းတို့ရဲ့ အောင်ပွဲကို စောင့်နေပါမယ်"

"ကျွန်တော်တို့အကောင်းဆုံးလုပ်ခဲ့ပါမယ်"ကောင်းကင်ဒေသမှ အချို့သောကျင့်ကြံသူများသည် အရိုအသေပေးရင်းပြောလိုက်သည်။

"သွားကြတော့" နတ္ထိအင်ပါယာနန်းတော်အရှင်က အမိန့်ပေးလိုက်သည်။ကျင့်ကြံသူအားလုံးသည် ကောင်းကင်သို့တစ်ပြိုင်နက်တည်းတက်သွားသည်။တပ်ဖွဲ့၏အရှိန်အား မည်သူမျှရပ်တန့်နိုင်မည်မဟုတ်ပေ။

***

All Chapters