← Chapters

တိုက်ပွဲကွင်းပြင်

Vol. 019 Ch. 1831

တိုက်ပွဲကွင်းပြင်

Vol. 019 Ch. 1831

ဘုံသုံးထောင်ကြားတွင် အဆုံးမဲ့အမှောင်ထုက ဖုံးလွှမ်းနေသည်။ ထိုဗလာနတ္ထိနေရာတွင် ကြီးမားသောပျက်စီးမှုကြီးကိုကြုံခဲ့ရသည့် အသက်မဲ့နေသော ရှေးခေတ်ဘုံကျတ်တီးမြေများက ပြန့်ကျဲတည်ရှိနေသည်။

ထိုအချိန်တွင် ထိုအမည်မဲ့ဘုံ၏ တချို့နေရာများအား ခပ်ဖျော့ဖျော့အလင်းတန်းက လွှမ်းခြုံလာသည်။ ကောင်းကင်ထက်မှကြည့်မယ်ဆိုပါက ထိုဘုံ၌ အလင်းလိုက်ကာများဝန်းရံထားသည့် အစီအရင်တစ်ခုက ပွင့်လာသည်။

ထိုအမည်မဲ့ဘုံသည် ကြီးမားခြင်းမရှိပေ။ အရွယ်အစားအားဖြင့်ဆိုလျှင် အထက်လမ်းစဥ်ဘုံ၊ ကြက်သွေးရောင်နဂါးဘုံတို့ကိုပင် ယှဥ်နိုင်ခြင်းမရှိ။ ထိုဘုံသည် အင်ပါယာရှားဘုံလောက်သာ အရွယ်အစားရှိပေသည်။ ရန်ဟောင်အဆင့်ကျင့်ကြံသူများအတွက် ထိုသည်မှာ အလွန်သေးငယ်ပေသည်။

အလင်းလိုက်ကာအားဖြတ်၍ နတ္ထိအင်ပါယာနန်းတော်သခင်သည် ကောင်းကင်ဒေသမှကျင့်ကြံသူများနှင့် ရောက်ရှိလာသည်။ အခြားဘေးနှစ်ဖက်တွင် မိစ္ဆာနက်အဖွဲ့နှင့် မကောင်းဆိုးဝါးဘုံမှလူများ ရောက်ရှိလာသည်။ သူတို့အားလုံးသည် အားကောင်းသော ရန်ဟောင်များဖြစ်ကြသည်။ သူတို့သည် ခပ်လှမ်းလှမ်းမှနေ၍ တစ်ယောက်ကိုတစ်ယောက်ကြည့်​နေကြသည်။

နတ္ထိအင်ပါယာနန်းတော်သခင်၏အဆင့်၌ရှိနေသူတစ်ယောက်အနေဖြင့် သူသည် ဤနေရာတစ်ခုလုံးအား စိတ်အသိဖြင့်လွှမ်းခြုံထားနိုင်ပေသည်။အလွန်ဝေးကွာသောအရပ်၌ရှိနေလျှင်ပင် သူ့ဘေး၌ရှိနေသကဲ့သို့ အသေးစိတ်မြင်တွေ့နိုင်ပေသည်။

"စလို့ရပြီလား" နတ္ထိအင်ပါယာနန်းတော်က မေးလိုက်သည်။

"ရပြီ" သူ၏ပြိုင်ဘက်တစ်ယောက်က ဖြေလိုက်သည်။

"ဒီနေရာက တိုက်ပွဲအတွက်နေရာကောင်းပဲ" အခြားတစ်ယောက်ကပြောလိုက်သည်။

"ရှေ့ထွက်ကြ" နန်းတော်သခင်က သူ့နောက်မှလူများကိုပြောလိုက်သည်။ ရုတ်တရက် ကြီးမားသောစစ်တပ်ကြီးက ရှေ့သို့တက်လာကာ ကောင်းကင်မှ ထိုအမည်မဲ့ဘုံသို့ဆင်းသက်လာသည်။

အခြားအင်အားစုနှစ်ခုမှကျင့်ကြံသူများသည်လည်း ထိုသို့ဆင်းသက်လာသည်။ ကြီးမားသော စစ်တပ်ကြီးသုံးခုက ရှေ့သို့ချီတက်သွားသည်။

သူတို့ဆင်းသက်လာသောကြောင့် အလင်းလိုက်ကာသည် အလွန်တောက်ပသောအလင်းတန်းများဖြင့် လင်းလက်လာသည်။ ထိုသည်မှာ အဆုံးစွန်ထိအားကောင်းသော နတ်အစီအရင်တစ်ခုဖြင့် ဘုံတစ်ခုလုံးအား ချိတ်ပိတ်လိုက်သကဲ့သို့ဖြစ်သည်။

အမည်မဲ့ဘုံ၏အပြင်ဘက်အား အလင်းလိုက်ကာဖြင့်ကာရံထားလေသည်။

နတ္ထိအင်ပါယာနန်းတော်သခင်၏ စိတ်အသိက အခြားကျင့်ကြံသူနှစ်ယောက်ထံရောက်ရှိသွားသည်။ "ဒါက လက်ခံနိုင်လောက်ရဲ့လား" သူကမေးလိုက်သည်။

"လက်ခံနိုင်ပါတယ်" သူတို့က ခေါင်းငြိမ့်၍ဖြေလိုက်သည်။

"ဒါဆို ငါတို့ပြန်သွားကြရအောင်" သူကပြောလိုက်သည်။ ကျင့်ကြံသူသုံးယောက်လုံး လှည့်ထွက်သွားလေသည်။ သူတို့၏သဘောတူညီချက်အရ သူတို့ထဲက မည်သူမျှ ဤအမည်မဲ့ဘုံနားသို့ လာရောက်၍ တိုက်ပွဲအားစွတ်ဖက်နိုင်မည်မဟုတ်ပေ။

တိုက်ပွဲအား မည်သူဝင်တိုက်သည်ဖြစ်စေ သူတို့က ကြည့်နေရမည်သာဖြစ်သည်။

ထို့ကြောင့် ဤတိုက်ပွဲသည် အမှန်တကယ်ပင် အဖွဲ့သုံးဖွဲ့လုံး၏ သတ္တိအားစမ်းသပ်ပေလိမ့်မည်။

သူတို့က သူတို့၏ထိပ်သီးကျင့်ကြံသူများကို တိုက်ခိုက်ရန်စေလွှတ်ခဲ့သည်မဟုတ်ပါလော။ သူတို့တိုက်ခိုက်ခဲ့လျှင် တိုက်ပွဲ၌ သေဆုံးနိုင်ချေရှိပေသည်။

သို့သော် သူတို့အားတိုက်ခိုက်ရန်မစေလွှတ်ပါက အောင်ပွဲခံနိုင်မည့် အခွင့်အရေးမှာ မရှိသလောက်နည်းပါးပေသည်။

ကျင့်ကြံသူသုံးယောက်လုံးက အဝေးထိဆုတ်ခွာ၍ ရပ်တန့်ကာ အခြေအနေကိုအပေါ်စီးမှ ကြည့်နေလေသည်။

တချိန်တည်းမှာပင် အလယ်အင်ပါယာဘုံတွင် မင်းသမီးဒွန်ဟောင်နှင့် အခြားလူများက ကောင်းကင်ယံသို့ကြည့်နေကြသည်။ ထိုနေရာ၌ နတ်မှန်တစ်ချပ်ရှိနေပြီး ထိုမှန်တွင် ပုံရိပ်များပြသနေသည်။ ထိုပုံရိပ်များသည် လူတိုင်းကို တုန်လှုပ်သွားစေသည်။ သူတို့၏နှလုံးခုန်သံများက နတ်မှန်ကိုကြည့်ရင်း မြန်ဆန်လာကြသည်။

ထိုပုံရိပ်ထဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ကျတ်တီးဘုံ၌ တိုက်ခိုက်နေကြသည်။ ထိုသည်က တိုက်ပွဲကွင်းပြင်ပေလေါ။

"အမှန်ပဲ။ အဲ့ဒါက အင်အားစုသုံးခုတိုက်ခိုက်နေကြတဲ့တိုက်ပွဲကွင်းပြင်ကို ကောင်းကင်မှာ ငါတို့မြင်ရအောင် ပြသနေတာ" အသံများက တစ်သံပြီးတစ်သံထွက်လာသည်။ လူတိုင်းသည် စိတ်လှုပ်ရှားနေကြသည်။ အင်အားစုသုံးခုလုံးမှကျင့်ကြံသူအားလုံး မြေပြင်သို့ဆင်းသက်လိုက်သည်ကို သူတို့မြင်ကြရသည်။ သူတို့သည် အသေးစိတ်ပင်မြင်တွေ့နိုင်လေသည်။ လူတိုင်းလုပ်နေသောအရာများအား သူတို့ကြည့်၍ရနိုင်ဟန်ပေါ်သည်။

ပုံရိပ်များမှာ အလွန်​ကြည်လင်၍ စစ်မှန်ပေသည်။ ထို့ကြောင့် သူတို့သည် စိတ်ကူး၍မရနိုင်လောက်အောင်ဝေးကွာသောအရပ်မှပင် တိုက်ပွဲအား အသေးစိတ်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ထို့အပြင် ထိုသည်မှာ သူတို့သာမဟုတ်ပေ။ အခြားထိပ်သီးအင်အားစုများတွင်လည်း တူညီသောအရာများဖြစ်ပျက်နေသည်။ အင်အားစုကြီးသုံးခုလုံးသည် စစ်တပ်ကြီးသုံးခု ရှေးဟောင်းဘုံပေါ်သို့ တပြိုင်နက်ထဲ ဆင်းသက်သွားသည်ကို ကြည့်နေကြသည်။

…

ကောင်းကင်ဒေသမှစစ်တပ်သည် အမည်မဲ့ဘုံပေါ်သို့ဆင်းသက်လိုက်ပြီး တောင်တန်းတစ်ခုပေါ်မှ လေထဲ၌ထွက်ပေါ်လာသည်။

သူတို့ဆင်းသက်ပြီးသည်နှင့် အခြားအင်အားစုနှစ်ခုနှင့် ခွဲထွက်လိုက်သည်။ သူတို့က ဤဘုံ၌ မတူညီသောနေရာတွင်နေရန်လိုအပ်ပေသည်။ သူတို့၏စိတ်အသိက ခပ်ဝေးဝေးသို့မရောက်နိုင်ပေ။

ယခု သူတို့က တိုက်ပွဲကိုမည်သို့စတင်ရမည်နည်း။

ဤတိုက်ပွဲရှိလူတိုင်းသည် ရန်ဟောင်အဆင့်တွင်ရှိကြပြီး ကြီးမားသည့်ယုံကြည်ချက်နှင့်စိတ်စွမ်းအားရှိကြသည်။ သူတို့ကိုထိန်းချုပ်ရန်မလွယ်ကူပေ။ထို့ကြောင့်မင်းသမီးဒွန်ဟောင်သည် သူတို့အား တိကျသည့်ညွှန်ကြားချက်တစ်စုံတစ်ရာမပေးခဲ့ပေ။ သူတို့သည် သူတို့ရည်မှန်းချက်ကိုပြီးမြောက်အောင်လုပ်မည်ဆိုလျှင် အဆင်ပြေမည်ဖြစ်သည်။ သူတို့လုပ်ချင်သည့်လှည့်ကွက်မှန်သမျှကိုအသုံးပြုနိုင်ပြီး သူမသည် သူတို့ကို ကန့်သတ်ထားမည်မဟုတ်ပေ။

"ဒီတိုက်ပွဲနှင့်ပတ်သတ်ပြီး ဘယ်လိုထင်လဲ" တစ်ယောက်ကမေးလိုက်သည်။ထိုပုဂ္ဂိုလ်သည် တတိယတန်းစားနတ်ဝင်ရိုးပိုင်ဆိုင်ပြီး ရွှေရောင်သံချပ်ကာကိုဝတ်ဆင်ထားသည်။သူသည် အရှင်ဒွန်ဟောင်၏ထိန်းချုပ်မှုအောက်ရှိပြည်နယ်ခွဲတစ်ခုမှဖြစ်သည်။

အင်ပါယာဒွန်ဟောင်သည် ကောင်းကင်ဒေသကိုသိမ်းပိုက်နိုင်ခဲ့သော်လည်း သူသည် ထိုနေရာကိုစီမံခန့်ခွဲရန် လူလိုအပ်ခဲ့သည်။သူသည် ပြည်နယ်ခွဲများစွာကိုဦးစီးထားပြီး ပြည်နယ်ခွဲတစ်ခုစီတွင် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးထားရှိသည်။

ထိုသူသည် အနက်ရောင်ဖီးနစ်ပြည်နယ်ခွဲမှဖြစ်သည်။ သူတို့ထဲမှလူတိုင်းတွင် သူတို့နှင့်ပတ်သတ်သည့် ကျော်ကြားလှသောနာမည်ဆိုးများရှိသည်။

အနက်ရောင်ဖီးနစ်ပြည်နယ်ခွဲသည် အရှင်ဒွန်ဟောင်၏ယုံကြည်ခြင်းကိုခံရသည့် အင်အားကြီးအောင်ပွဲခံတပ်ဖြစ်သည်။ သူတို့သည် တစ်ချိန်က အရှင်ဒွန်ဟောင်၏နောက်သို့လိုက်ကာ ဘုံတစ်လျှောက်လုံးတွင်စစ်ပွဲများကိုဆင်နွဲခဲ့ကြသည်။

စကားပြောနေသည့်ပုဂ္ဂိုလ်သည် အဆင့်နိမ့်ရန်ဟောင်အဆင့်၏ ထိပ်ဆုံးတွင်ရှိပြီးတိုက်ပွဲသို့လာရောက်သည့် အနက်ရောင်ဖီးနစ်ပြည်နယ်ခွဲ၏ခေါင်းဆောင်ဖြစ်သည်။

"လူတိုင်းကဘယ်လိုထင်ကြလဲ" သူကမေးလိုက်သည်။သူ၏စစ်တပ်သည် အတော်ကိုပရမ်းပတာဖြစ်နေသည်။ အချို့သည် အရှင်ဒွန်ဟောင်နှင့်‌ေကာင်းကင်‌ေဒသတို့၏ တိုက်ရိုက်လက်အောက်ခံဖြစ်ပြီး အချို့မှာကောင်းကင်ဒေသမှအင်အားစုများဖြစ်သည်။ အခြားသူများသည် ဘုံကိုးခုမှ အင်အားစုများ၏ကျင့်ကြံသူများဖြစ်ကြသည်။

မည်သူမျှ တစ်ယောက်နှင့်တစ်ယောက်အမိန့်မပေးနိုင်သလို ဆုံးဖြတ်ချက်များချရန်အတွက်လည်း မည်သူတစ်ဦးတစ်ယောက်တွင်မျှ အာဏာမရှိပေ။

"အခြားအင်အားစုနှစ်ခုက အတူတကွပူးပေါင်းပြီး ကျွန်တော်တို့ကိုဆန့်ကျင်လိမ့်မယ်။ ကျွန်တော်တို့သာသူတို့နဲ့ရင်ဆိုင်မယ်ဆိုရင် ကျွန်တော်တို့အရှက်ခွဲခံရလိမ့်မယ်။ ဘာလို့ သူတို့ထဲကတစ်ယောက်ကို အရင်ခြုံခိုမတိုက်ခိုက်တာလဲ" တစ်ယောက်ကပြောလိုက်သည်။

"ဒီဘုံလေးမှာ လူအများအပြားရှိတယ်။ခြုံခိုတိုက်ခိုက်ဖို့မလွယ်ကူဘူး။ သူတို့ပူးပေါင်းဖို့အချိန်မရခင် အပြင်ထွက်ပြီး သူတို့ကိုထိပ်တိုက် တိုက်ခိုက်လို့ရတယ်။" ထိုအခိုက်တွင် သူတို့စိုးရိမ်သည်မှာ မိစ္ဆာနက်တပ်ဖွဲ့နှင့် မကောင်းဆိုးဝါးဘုံတို့သည် သူတို့အားဆန့်ကျင့်ရန် အင်အားစုများကိုပူးပေါင်းနေခြင်းကြောင့်ဖြစ်သည်။ ထိုကိစ္စသည်အများကြီးဒုက္ခဖြစ်‌ေစမည်ဖြစ်သည်။

"သူတို့သေချာပေါက်မဟာမိတ်ဖွဲ့လိမ့်မယ်" တစ်ယောက်ကအခိုင်အမာပြောလိုက်သည်။ လူတိုင်းသည်ခေါင်းငြိမ့်ထောက်ခံလိုက်သည်။သူတို့အားလုံးဤသည်ကို နားလည်သဘောပေါက်ပြီးသားဖြစ်သည်။ အခြားအင်အားစုနှစ်စုသည်မူလဘုံကိုသိမ်းယူချင်နေပြီး သူတို့တွင်တူညီသည့်ရည်ရွယ်ချက်ရှိသည်။ သူတို့လုပ်ရမည်မှာ ကောင်းကင်ဒေသ၏အင်အားစုကိုဖျက်ဆီးပြီး ဤတိုက်ပွဲတွင်အောင်ပွဲခံပြီးနောက် သူတို့၏ရည်မှန်းချက်ကိုအောင်မြင်အောင်လုပ်ရမည်ဖြစ်သည်။ ထိုသည်ကြောင့် တစ်ယောက်နဲ့တစ်ယောက်မပူးပေါင်းရန်မှာ အကြောင်းပြချက်မရှိပေ။

"ဒါဆို ကျွန်တော်တို့အတူတကွလှုပ်ရှားသင့်လား။ ဒါမှမဟုတ် ခွဲလှုပ်ရှားကြမလား" တစ်ယောက်ကမေးလိုက်သည်။ ထိုသည်မှာအရေးကြီးသည့်မေးခွန်းဖြစ်သည်။

ထိုရန်ဟောင်များသည် တူညီသောရည်ရွယ်ချက်အတွက် စစ်တပ်ဖွဲ့စည်းရန် မတူညီသည့်အင်အားစုများမှလာခဲ့ကြသည်။ သို့သော် သူတို့မည်သို့လုပ်သင့်သနည်း။

"ဟမ်"

ထိုအခိုက် ကျင့်ကြံသူအချို့သည် မျက်မှောင်ကြုတ်ပြီး ကောင်းကင်ကိုမော့ကြည့်နေသည်။ ထိုနေရာ၌ သူတို့သည် အာကာသစွမ်းအားစိတ်အသိများပျံ့နှံ့နေသည့်ပုံစံရှိသော ပုဂ္ဂိုလ်တစ်ဦးကိုဖြတ်ခနဲတွေ့လိုက်ရသည်။သူသည် တတိယတန်းစားနတ်ဝင်ရိုးကိုပိုင်ဆိုင်သည့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူတို့ကို အရင်ဆုံးရှာတွေ့ခဲ့သည်။

ထိုသူသည် မကောင်းဆိုးဝါးဘုံမှ ကျင့်ကြံသူဖြစ်သည်။

၎င်းနှင့်ပတ်သတ်ပြီး သူတို့နောက်ထပ်ဆွေးနွေးရန်မလိုတော့သည့်ပုံပင်ဖြစ်သည်။ သူတို့၏ရန်သူများသည် လှုပ်ရှားလာပြီဖြစ်သည်။

သူတို့အားလုံးသည်ကောင်းကင်မှကျင့်ကြံသူကိုကြည့်နေကြသည်။ သူသည် ဝိညာဥ်လက်နက်တစ်ခုကိုပိုင်ဆိုင်ပြီး အာကာသမဟာလမ်းစဉ်ကိုအသုံးပြုနေသည်။ ထို့ကြောင့် သူသည်သူတို့ကိုမြန်မြန်ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူသည်အလွန်ယုံကြည်ချက်ရှိသည်။သူသည်နောက်ကျမကျန်ချင်‌ပေ။

ဇွပ်

ရွှေရောင်အလင်းတန်းရောင်ခြည်သည်လင်းလက်သွားပြီးနောက်ခဏတွင် ကောင်းကင်၌ပုံရိပ်တစ်ခုရောက်လာသည်။ သူသည်လည်းအာကာမဟာလမ်းစဉ်ကိုကျွမ်းကျင်ပြီး သူသည် ထွက်ပေါ်လာသည့်ကျင့်ကြံသူကိုတိုက်ခိုက်ချင်နေသည်။

သို့သော် သူ၏ပြိုင်ဘက်သည် လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ ရုတ်တရတ် အာကာသမြစ်တစ်စင်းလေထဲတွင်ထွက်ပေါ်လာပြီး သူတို့နှစ်ဦးကိုပိုင်းခြားလိုက်သည်။ မြစ်သည်အာကာသကို၎င်းကိုယ်တိုင်ပိုင်းခြားလိုက်သည်။ သူသည်အလွန်ဝေးကွာသည့်တိုင်အောင် ‌ကောင်းကင်ထက်သို့ ဆက်လက်မြင့်မားအောင်တက်လိုက်သည်။ သူက တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိပေ။ သူတို့၏လှုပ်ရှားမှုစောင့်ကြည့်ရန် လာခဲ့ခြင်းဖြစ်သည်။

ဝှစ်

အာကာသအလင်းတန်းများသည် ကောင်းကင်သို့ပျံ့နှံ့လာသည်။ သူသည် သူတို့နှင့်ပတ်သတ်သည့်သတင်းအချက်များကိုသိသိသာသာပို့လွှတ်နေပြီးသူ၏အင်အားစုများကို ဤနေရာတွင်သူတို့အားတွေ့ရှိထားကြောင်းသိစေခဲ့သည်။

ထို့နောက် များစွာသောပုံရိပ်များ ကောင်းကင်၌ တစ်‌ခုပြီးတစ်ခုပေါ်လာသည်။သူတို့အားလုံးသည် မကောင်းဆိုးဝါးဘုံမှကျင့်ကြံသူများဖြစ်ကြသည်။ မိစ္ဆာချီ၏ကြိုးတန်းများသည်ကောင်းကင်၌ပေါ်လာပြီး မိစ္ဆာနက်တပ်ဖွဲ့မှ ကျင့်ကြံသူများလည်း ရောက်ရှိလာပြီးဖြစ်ကြောင်း သူတို့အားသိစေခဲ့သည်။

ထိုသည်မှာ သူတို့မျှော်လင့်ထားသည့်အတိုင်းဖြစ်သည်။သူတို့၏ပြိုင်ဘက်များသည် အစထဲကပင်အတူတကွပူးပေါင်းနေကြသည်။သူတို့သည် တိုက်ပွဲမစခင်ထဲက တိုင်ပင်ခဲ့ပြီးဖြစ်ရမည်။

ယခုအခါ သူတို့ရန်သူ၏အင်အားသည် နှစ်ဆတိုးလာသည်။ ကောင်းကင်‌ေဒသကို အနိုင်ယူရန်လုံလောက်သည့်ပမာဏဖြစ်လိမ့်မည်။

ပို၍ပို၍အားကောင်းလာသောအရှိန်အဝါများသည် ကျဆင်းလာပြီးအမှောင်ထုသည်တ‌ဖြေးဖြေးကောင်းကင်ကိုဖုံးအုပ်သွားကာ အရာအားလုံးကို မှုန်ဝါးဝါးနှင့်မသဲကွဲအောင်ဖြစ်စေသည်။ မိစ္ဆာနက်တပ်ဖွဲ့မှ ကျင့်ကြံသူအများအပြားရောက်ရှိလာကြသည်။

ကောင်းကင်ဒေသမှအင်အားစုများသည် စောင့်ဆိုင်းနေဆဲဖြစ်သည်။ ယခုထိ သူတို့သည် လှုပ်ရှားမည့်ဟန်မပေါ်သေးပေ။

လေထုသည် တင်းမာလာသည်။အရာအားလုံးသည် မသေချာသည့်အခြေအနေတွင်ရှိနေသည်။

"တိုက်ခိုက်ကြ" အနက်ရောင်ဖီးနစ်ပြည်နယ်ခွဲခေါင်းဆောင်မှ အမိန့်ပေးလိုက်သည်။ သူသည်ထိုသို့ပြောပြီး ကောင်းကင်သို့ခုန်တက်လိုက်သည်။ ‌လူများပို၍ရောက်လာစေရန် သူသည် အရင်မလှုပ်ရှားခဲ့သကဲ့သို့ဖြစ်သည်။ ဤနည်းလမ်းဖြင့် သူ၏ရန်သူများသည် အလွယ်တကူလွတ်မြောက်ရန် တတ်နိုင်မည်မဟုတ်တော့ပေ။

ထို့အပြင် သူတို့ပြိုင်ဘက်အဖွဲ့၏ အဓိကရန်သူများသည် မရောက်သေးပေ။ ယခုအချိန်တိုက်ခိုက်ခြင်းက သူတို့အား အချို့သူများကိုသတ်ရန်အခွင့်အရေးရပေလိမ့်မည်။

အနက်ရောင်ဖီးနစ်ပြည်နယ်ခွဲ၏ခေါင်းဆောင်သည် မယုံနိုင်လောက်သည့်အမြန်နှုန်းဖြင့် လှုပ်ရှားသွားသည်။ ဝိဉာဥ်လက်နက်တစ်ခုသည် သူ၏လက်ထဲတွင်ပေါ်လာသည်။ထိုသည်မှာ အနက်ရောင်‌စေတီတစ်ဆူဖြစ်သည်။

နတ်ဝင်ရိုးကိုထုတ်လွှတ်လိုက်သောကြောင့် ကျယ်လောင်သည့်အသံတစ်သံထွက်ပေါ်လာသည်။ထိုနတ်ဝင်ရိုးသည် စေတီနှင့်ရောယှက်သွားပြီး ကောင်းကင်၌ပေါ်လာကာ ပို၍ပို၍ ကြီးမားလာသည်။ တစ်ခဏအတွင်းမီတာပေါင်းသောင်းချီဉာဏ်တော်အမြင့်ရှိသည့်ကြီးမားသည့် စေတီတစ်ဆူကောင်းကင်၌ပေါ်လာသည်။ ထိုစေတီမှ ကြောက်မက်ဖွယ်ဖျက်ဆီးနိုင်သည့်အလင်းတန်းထွက်ပေါ်လာပြီး ကျယ်ပြောသည့်နေရာတစ်ခုလုံးကိုလွှမ်းခြုံသွားသည်။

ထို့နောက် အဖျက်စွမ်းအားအလင်းတန်းသည် ထွက်ပေါ်လာပြီး ပြင်းထန်သောဖိအားတစ်ခုက နေရာတစ်ခုလုံးကိုလွှမ်းခြုံသွားသည်။ ပြင်းထန်သောအသိသည်ကောင်းကင်တစ်ခုလုံး၌တိုးထွက်လာပြီး ရန်ဟောင်များသည်လည်း နေရာတိုင်းတွင်ပြန့်ကျဲရောက်ရှိလာသည်။ ဤဝိဉာဉ်လက်နက်သည် မယုံကြည်လောက်အောင်ပင် အားကောင်းလေသည်။

"သွားစမ်း" ကျင့်ကြံသူက လမ်းကြောင်းတစ်ခုကိုညွှန်ပြလိုက်သည့်အခါ အနက်ရောင်စေတီသည် အလွန်လျင်မြန်စွာဖြင့်ထိုနေရာသို့ရောက်ရှိသွားသည်။ နတ်အလင်းဖြင့်ကောင်းကင်သည် ပြည့်လျှံသွားသည်။ထိုနေရာတွင် လွတ်မြောက်ရန်ကြိုးစားနေသည့် ကျင့်ကြံသူတစ်ဦးရှိပြီးသူသည် မရေမတွက်နိုင်သည့်ဖျက်ဆီးခြင်းအလင်းတန်းများထိမှန်ပြီး ပြင်းထန်သည့်အက်ကွဲသံနှင့်အတူ သူသည်ရပ်တန့်သွားကာ သုတ်သင်ခံလိုက်ရသည်။

အခြားအင်အားကြီးကျင့်ကြံသူများသည်လည်း စောစောစီးစီးရောက်လာသည့်ရန်သူများကို ပြိုကွဲစေပြီး အလျင်စလိုဆုတ်ခွာသွားစေခဲ့သည်။

ရီဖူရှင်းသည်လည်း ဤကိစ္စတွင်ပါဝင်သည်။ သူသည် ဤတိုက်ပွဲတွင်ပါဝင်ကတည်းက သူသည် သူတတ်နိုင်စွမ်းသမျှ လုပ်ဆောင်မည်သာဖြစ်သည်။

သူ၏နတ်ဓားသည် ‌သူ၏ရှေ့တွင် အသံထွက်ပေါ်လာသည်။ ဓားအသိသည် ကောင်းကင်တစ်ခုလုံးကိုလှည့်ပတ်၍ ကြောက်မက်ဖွယ်ဓားမုန်တိုင်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ ဓားအသိသည် တူညီသည့်စည်းချက်နောက်သို့လိုက်ပါသွားပြီး တီးလုံးကြားမှာ လှုပ်ခါနေသည်။

ဝှစ်...

ထို့နောက် နတ်ဓားသည် အမှောင်ထုကိုထိုးဖောက်သွားသည့် နတ်အလင်းတန်းနှင့်လိုက်ပါခဲ့ပြီး ကောင်းကင်တစ်ခုလုံးကို ပိုင်းဖြတ်လိုက်သည်။ နတ်ဓားသည့် အမှောင်နေရာသို့ပြေးဝင်သွားသည်။သူနှင့်မိစ္ဆာနက်တပ်ဖွဲ့ကြားရှိ အမုန်းတရားများသည် ပို၍ကြီးထွားလာသည်။

နတ်ဓားဖြတ်သွားသည့်နေရာတိုငိး အမှောင်ထုသည် အစိတ်စိတ်အမွှာမွှာကွဲပြီး ပျက်စီးသွားသည်။ အနက်ရောင်အလင်းတန်းများသည် အဝေးသို့စီးဆင်းသွားပြီးရုတ်တရတ်ပျောက်ကွယ်သွားသည်။

ရီဖူရှင်းသည် မျက်လုံးမှိတ်လိုက်သည်။ နတ်ဓားသည် အနက်ရောင်အလင်းတန်းကို လိုက်ရှာပြီး မိုင်ပေါင်းသောင်းချီဖြတ်သန်းကာရှေ့သို့ဆက်လက်သွားခဲ့သည်။

ရွှပ်

ဓားအတွင်းမှ အရိပ်အသိကြိုးတစ်ချောင်းထွက်ပေါ်လာပြီး ၎င်း၏ရှေ့လေဟာပြင်ကိုစုစည်းစေကာအလွန်အေးစက်သွားအောင်လုပ်လိုက်သည်။ အနက်ရောင်လေတိုက်ခတ်မှုသည်ရပ်တန့်သွားသည်။

ခလွပ်

ဓားသည် ထိုအရာကိုထိုးဖောက်သွားသည်။ ဓားဖြတ်သွားသည့်နေရာတိုင်းတွင် အာကာသသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ ဓားသည် လေဟာပြင်ကိုဖြတ်ကာထိုးဖောက်သွားပုံရပြီး ပတ်လည်ရှိအာကာပြင်ကို ဖျက်ဆီးလိုက်သည်။ အရိပ်ကဲ့သို့ထင်ယောင်ထင်မှားဖြစ်စေသောပုံရိပ်များ ထွက်ပေါ်လာပြီးနောက် ဤလောကမှပျောက်ကွယ်သွားသည်။

***

All Chapters