← Chapters

အခန်း (၁၆၉)

Vol. 13 Ch. 169

အခန်း (၁၆၉)

Vol. 13 Ch. 169

ထပ်ပြီး တိုးမြှင့်လိုက်တာလား။

ဘုန်းတော်ကြီးအဆင့်က ထပ်ပြီးတိုးမြှင့်လိုက်တာလား။

ဂါးရက် နော့်ဒ်မတ်ခ်သည် ဝတ်ကျေတမ်းကျေဖြင့် ဝက်သစ်ချလှံတံကို လှမ်းကြည့်လိုက်

သည်။ အံ့သြခြင်းတော့ မရှိတော့ပေ။

အကယ်၍သာ ဘုန်းတော်ကြီးအဆင့်က အရင်တိုးမြှင့်လာခဲ့ရင်လည်း ဖြစ်ပါစေတော့။ မည်သို့ပင်ဖြစ်စေ ဘုန်းတော်ကြီးအဆင့် တက်လာသောအခါ စိတ်စွမ်းအင်ကန့်သတ်ချက်လည်း တိုးလာမည်ဖြစ်သည်။

မှော်ဆရာအဆင့်နဲ့ ဒီလိုကိစ္စတွေကတော့...

ဂါးရက်မှာ ကြိုးပမ်းအားထုတ်နေသဖြင့် မျက်နှာက နီရဲနေသော်လည်း တရားထိုင်သည့်

ပတ်ဝန်းကျင်က အနှောင့်အယှက်မဖြစ်ဘဲ ရှိနေသည်။ ဂါးရက်က အလျင်စလိုမလုပ်ပေ။ အခွင့်အလမ်းအချို့ကို ထပ်မံကြုံတွေ့ရလျှင် သူအဆင့်တက်လာပေလိမ့်မည်။

အမှန်စင်စစ် သူသည် တစ်နှစ် (သို့) ထို့ထက်ပို၍ အချိန်ယူရမည်ဟု မယုံကြည်ပေ။

သူသည် အိပ်ရာပေါ်မှ ခုန်ဆင်းပြီး ဝက်သစ်ချလှံတံကို ဆွဲကိုင်လိုက်သည်။ လှံတံထိပ်တွင် အရွက်နှစ်ရွက်ရှိသည်။ တစ်ရွက်က ဘယ်ဘက်တွင်ရှိပြီး တစ်ရွက်က ညာဘက်တွင်ရှိသည်။ ညာဘက်အရွက်က နက်မှောင်သည့်အစိမ်းရောင်ဖြစ်ပြီး ထိတွေ့ကြည့်ပါက အနည်းငယ်မာကျောသည်။ ဘယ်ဘက်အရွက်ကမူ လတ်ဆတ်သည့် အစိမ်းဖျော့ရောင်ဖြစ်ပြီး တောက်ပနေသည့် စားပွဲတင်မီးအောက်တွင် ပွင့်လင်းမြင်သာနေပုံရသည်။

...ဒီလိုကြီး ကြီးထွားလာတော့ အရှေ့ဘက်မှာ "အဆင့် (၂)" လို့ အော်နေသလို အနောက်

ဘက်မှာလည်း "အဆင့်အသစ် တိုးမြှင့်လိုက်ပြီ" လို့ အော်နေသလိုပင်။

ဂါးရက်မှာ ချွေးများဖြင့် ရွှဲနှစ်နေ၏။

ငါတို့ရဲ့အဆင့်တွေကို မျက်နှာပေါ်မှာ မရေးထားလို့ မရဘူးလား။ ရေးထားရင်တောင် အဲ့လောက်အထိ ထင်သာမြင်သာရှိစရာ လိုလို့လား။

ဝက်သစ်ချလှံတံက ဂါးရက်၏လက်ထဲတွင် ငြိမ်သက်နေပြီး အရွက်များက လုံးဝယိမ်းထိုးမနေပေ။

လှံတံတွင် အရွက်များရုတ်တရက် ပေါ်လာခြင်းနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ပင်။ ဂါးရက်က လှံတံကို နှစ်ကြိမ်သုံးကြိမ်ခန့် လှုပ်ခါလိုက်ပြီး ကိုင်တွယ်ကြည့်သော်လည်း သစ်သားလှံတံက မလှုပ်မယှက်ဘဲ ရှိနေသည်။

"ငါက သစ်သားတစ်တုံးပါကွာ ငါ့ကို အနှောင့်အယှက်မပေးပါနဲ့..." ဟု ပြောနေသည့်နှယ်ပင်။

အပင်များနဲ့ ဆက်သွယ်ခြင်းလား။

ဂါးရက်သည် ဘုန်းတော်ကြီးအဆင့် (၁) သို့ အဆင့်တက်ပြီးနောက် တစ်ခုပြီးတစ်ခု အလုပ်များနေသဖြင့် ဆရာ့ဘေးနားမှာနေပြီး ထိုကျွမ်းကျင်မှုကို နားလည်ဖို့ အချိန်မရခဲ့ပေ။

ယခုတော့ သူ၏လက်ထဲက လှံတံသည် သေဆုံးနေသည့်ပုံစံမျိုး ရှိနေသဖြင့် ဂါးရက်သည် လှံတံကို တို့ခြင်း၊ လှုပ်ခါခြင်းမှအပ အခြားနည်းလမ်းမရှိပေ။

လှံတံကို ကိုက်ကြည့်လို့လည်း မရဘူး …..ဟူးး…..

ဂါးရက်သည် လှံတံကို စားပွဲပေါ်သို့ ပြန်ပစ်ချလိုက်ပြီး အိပ်စက်ရန် လဲလျောင်းလိုက်သည်။ သို့သော် စာရေးခြင်းက ပျော်စရာဖြစ်သဖြင့် အလောင်းကောင်များအား မီးသင်္ဂြိုဟ်ပေးသည့်နေရာကို စုစည်းကာ စာတမ်းတစ်ခု ပြီးမြောက်အောင် ဂါးရက်သည် ၁၀ ရက်နီးပါး အချိန်ပေးခဲ့သည်။

ဇယားများစွာကို အကြိမ်များစွာကူးယူခြင်း၊ မှော်ပညာကူးယူခြင်းတွင် ကန့်သတ်ချက်များရှိပြီး ပုံဆွဲရန်အတွက် အသုံးမပြုနိုင်ပေ။

ပုံဆွဲခြင်း၊ ပုံဆွဲခြင်းနှင့် ပုံထပ်ဆွဲခြင်း၊ မျက်လုံးများ ပင်ပန်းလာပြီး လက်များ နာကျင်လာသည်...

ကံကောင်းစွာဖြင့် အကြိမ်ပေါင်းများစွာ ကူးယူခြင်းက အသုံးဝင်ခဲ့သည်။ ယခုတစ်ကြိမ် စာတမ်းတင်သွင်းသောအခါ လေ့ကျင့်ရေးအတန်း၏ လက်ထောက်က သူ့အပေါ် အထင်ကြီးနေပြီး တိတ်တဆိတ် လမ်းညွှန်ပေးခဲ့သည်။

"မင်း ငါ့ဆီကိုတင်လိုက်တဲ့ ဆောင်းပါးက အိမ်စာလို့ပဲ သတ်မှတ်တယ်။ ကောင်စီက မှတ်တမ်းတင်ဖို့ အခွင့်အလမ်းက မမြင့်ဘူး။ မဟာမှော်ဆရာ ကီဖာက မင်းတင်သွင်းဖို့ ကူညီပေးဖို့ ဆန္ဒရှိလို့ ပြီးခဲ့တဲ့တစ်ခေါက်က ကံကောင်းသွားတာ။ ဒါပေမယ့် အဲဒီဖြစ်နိုင်ခြေကို လောင်းကစားမလုပ်တာ အကောင်းဆုံးပဲ။

မင်းရဲ့စာတမ်းထဲမှာ မှော်ဆန်တဲ့တီထွင်မှုတွေ ပါနေတဲ့အတွက် ကောင်စီရဲ့ မှော်သုံးသပ်ရေးကော်မတီကို တင်သွင်းတာ အကောင်းဆုံးပဲ။ သုတေသနရမှတ်အချို့ ရရှိမှာဖြစ်ပြီး အနာဂတ်မှာ မှော်တာဝါရဲ့ ဌာနချုပ်ထဲကို ဝင်ဖို့အတွက် မင်းအတွက် အဆင်ပြေစေမှာပါ။

ဘယ်မှာ တင်ရမှာလဲ။

မှော်ကောင်စီရဲ့ ရုံးတွေက အကုန်လုံး တစ်နေရာတည်းမှာပဲ။ တောင်ခြေတစ်လျှောက် အနောက်ဘက်ကို သွားလိုက်ရုံပဲ။ အဲဒီ ခြောက်ထပ်အဖြူရောင် တာဝါက..."

အဖြူရောင်တာဝါသည် နေးဗစ်မြို့နှင့် သိပ်မဝေးဘဲ တောင်ခြေတွင် တည်ဆောက်ထားသည်။ ပတ်ဝန်းကျင်ရှိ အိမ်များထက် နှစ်ထပ် ပိုမြင့်ပြီး အကယ်ဒမီကျောင်း၏ ဝင်ပေါက်မှနေ၍ မော့ကြည့်လိုက်ရုံဖြင့် မြင်နိုင်သည်။ ဂါးရက်တင်မက နေးဗစ်မြို့တစ်မြို့လုံးရှိ မှော်ဆရာများပါ မြင်နိုင်သည်။

ဂါးရက်က အဖြူရောင်တာဝါထဲသို့ အလွယ်တကူ ဝင်ရောက်ခဲ့သည်။ ဝင်လိုက်သည်နှင့် အလယ်ခေတ်ဥရောပမှ ၂၁ ရာစုသို့ အချိန်ခရီးသွားလိုက်ရသကဲ့သို့ပင် ခံစားခဲ့ရသည်။ ကျယ်ဝန်းသော ဝင်ပေါက်ခန်းမထဲ၌ နွေးထွေးသည့်လေက မျက်နှာကို လာရောက်ထိတွေ့ပြီး အပူချိန်နှင့် စိုထိုင်းဆက သာယာနေသည်။ ၎င်းသည် "အအေးဒဏ်နှင့် အပူဒဏ်ခံနိုင်ရည်" မှော်ပညာကို အလုံးစုံ ခိုင်မာအောင် ပြုလုပ်ထားခြင်းဖြစ်သည်ကို ဂါးရက်သိသော်လည်း ဤနေရာတွင် ဗဟိုလေအေးပေးစနစ် အရှိန်အပြည့်ဖြင့် အလုပ်လုပ်နေသည်ဟု ခံစားရသည်ကိုမူ တားဆီးနိုင်ခြင်းမရှိပေ။

တံခါးဘေးတွင် ဆိုင်းဘုတ်တစ်ခုရှိပြီး ပထမအထပ်မှ ခြောက်ထပ်အထိ အထပ်တိုင်း၏ လုပ်ဆောင်ချက်များကို ပြသထားသည်။

ပထမအထပ်မှာ စီမံခန့်ခွဲမှုဌာန၊ ဒုတိယအထပ်မှာ လျှို့ဝှက်ဆန်းကြယ်စာကြည့်တိုက်၊ တတိယအထပ်မှာ မှော်ပညာဖလှယ်ရေးဌာန၊ စတုတ္ထအထပ်မှာ တရားထိုင်သည့်နေရာ၊ ပဉ္စမအထပ်မှာ ဓာတ်ခွဲခန်းဖြစ်သည်။

တံခါးအနီးရှိ နံရံပေါ်တွင်လည်း အလားတူဆိုင်းဘုတ်တစ်ခု ရှိနေသည်။ ဂါးရက်က ကြည့်လိုက်သောအခါ “ဒိန်” ဟူသော အသံကို ကြားလိုက်ရပြီး ဆိုင်းဘုတ်ဘေးမှ တံခါးတစ်ချပ်ပွင့်လာကာ မှော်ဆရာတစ်ဦးက အထဲမှ ထွက်လာခဲ့သည်။

ပထမထပ်ခန်းမ၏ မျက်နှာကျက်တွင် အနီ၊ အဝါ၊ အပြာ၊ အစိမ်းနှင့် အနက်ရောင် ဆိုင်းဘုတ်ငါးခုရှိပြီး မတူညီသည့်ဧရိယာများ၏ အမည်နှင့် လုပ်ဆောင်ချက်များကို အရောင်ငါးမျိုးဖြင့် ဖော်ပြထားသည်။

ကြမ်းပြင်ပေါ်တွင်လည်း အရောင်ငါးမျိုးဖြင့် မြားလေးများက ကွေ့ကောက်နေသည်။ မှော်ဆရာများအနေဖြင့် ဆိုင်းဘုတ်များကို မကြည့်လျှင်တောင် ကြမ်းပြင်ပေါ်မှ မြားပြထားသည့်အတိုင်း လိုက်သွားရုံဖြင့် သူတို့သွားလိုသည့်နေရာကို အဆင်ပြေပြေ ရောက်ရှိနိုင်သည်။

“ဒီ... ဒီဒီဇိုင်းက ကုန်တိုက်ကြီးတစ်ခုနဲ့ အစိုးရဝန်ဆောင်မှုဌာနတစ်ခုလိုပဲ။ ဘယ်သူကများ ဒီလိုပုံစံဒီဇိုင်းဆွဲထားတာလဲ။ အချိန်ခရီးသွားခဲ့တဲ့ ရှေ့ပြေးလူတစ်ယောက်များလား”

ဂါးရက်က တစ်ဖက်တစ်လမ်းမှ ဝေဖန်ရင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အဖြူရောင်တာဝါ၏ ပထမထပ်တွင် ဝင်ပေါက်ခန်းမအပြင် အခြားဧရိယာငါးခုလည်း ရှိနေသည်။ အနီရောင်တာဝန်ဧရိယာနှင့် အဝါရောင်ဖလှယ်ရေးဧရိယာတို့မှာ အကျယ်ဆုံးဖြစ်ပြီး ဆူညံသံများဖြင့် ပြည့်နေသည်။ ဂါးရက်က ဝင်ပေါက်တွင် တစ်မိနစ်ခန့် ရပ်နေစဉ် မှော်ဆရာခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်ခန့် အလျင်အမြန် ဝင်ထွက်နေသည်ကို တွေ့လိုက်ရသည်။ တချို့က မျက်နှာတွင် ပျော်ရွှင်နေပြီး တချို့ကတော့ စိတ်ပျက်အားငယ်နေပုံရသည်။

အပြာရောင် မှော်ဆရာစီမံခန့်ခွဲမှုဧရိယာမှာ မကျဉ်းသော်လည်း တိတ်ဆိတ်နေသည်။ မှန်တံခါးနှစ်ချပ်က ပိတ်ထားပြီး အပြာရောင်အေးအေးလေး ထွက်နေသည်။ အစိမ်းရောင် မှော်သုံးသပ်ရေးဧရိယာက အသေးဆုံးဖြစ်ပြီး အနက်ရောင်အရေးပေါ်စီမံခန့်ခွဲမှုဧရိယာကတော့ သံတံခါးအမည်းရောင်ကြီးကို တင်းတင်းပိတ်ထားသည်။ မည်သူမျှလည်း ဝင်ထွက်မနေဘဲ ပတ်ဝန်းကျင်ရှိ မှော်ဆရာများကလည်း ရှောင်ရှားနေကြသည်။

ဂါးရက်က ခဏခန့် လေ့လာကြည့်ရှုပြီး မှော်သုံးသပ်ရေးဧရိယာ၏ ဝင်ပေါက်ဆီသို့ လျှောက်သွားခဲ့သည်။ နှစ်မီတာအကွာတွင် တစ်ဝက်တစ်ပျက်မြင်ရသည့် မုခ်ဦးက အသံတိတ်ပျောက်ကွယ်သွားတော့သည်။ မုခ်ဦးဘေးတွင် ခြေထောက်တစ်ဝက်အမြင့်ခန့်ရှိသည့် ပန်းပွင့်ဝိညာဉ်နှစ်ကောင် ပျံထွက်လာပြီး သူ့ကို ရယ်မောရင်း အရိုအသေပြုလိုက်သည်။

“လေးစားအပ်ပါသော မှော်ဆရာကြီး ကြိုဆိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့နောက်ကို လိုက်ခဲ့ပါခင်ဗျာ”

“ဟင်”

ဤကဲ့သို့သတ္တဝါများကို မှော်တာဝါ၏ စုဆောင်းမှုထဲတွင် တွေ့ဖူးသော်လည်း ဂါးရက်က ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူက ဂရုတစိုက် ကြည့်မိသောအခါ ပန်းပွင့်ဝိညာဉ်နှစ်ကောင်က ရှောင်မနေဘဲ သူ့ကို လွတ်လွတ်လပ်လပ် လေ့လာခွင့်ပေးသည်။ ဂါးရက်က လက်လှမ်းလိုက်မှသာ သူတို့က ရုတ်တရက် အတောင်ပံများကို ရိုက်ခတ်ပြီး လေထဲတွင် အမှတ်အသားတစ်ခု ကျန်ခဲ့အောင် ရွေ့သွားခဲ့ကြသည်။

"သူတို့ကို ထိလို့မရပါဘူး"

မျက်နှာချင်းဆိုင်မှ သိမ်မွေ့သည့်ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဂါးရက်က ခေါင်းမော့ကြည့်လိုက်ရာ အပြာရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က သူ့ကို ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ သူကြည့်နေမှန်း သတိထားမိသောအခါ သူမက ဒူးကိုညင်သာစွာကွေးပြီး အရိုအသေပေးလိုက်သည်။ ချိုသာပြီး တက်ကြွသောအပြုံးဖြင့် “လေးစားအပ်ပါသော မှော်ဆရာကြီး ကျွန်မက ကောင်စီရဲ့ ဧည့်ကြို အန်ဂျယ်လီနာပါ။ ဘာကိစ္စနဲ့ လာတာပါလဲရှင့်” ဟု မေးသည်။

“ကျွန်တော် မှော်ပညာအသစ်နဲ့ စာတမ်းတစ်ခု တင်ဖို့ လာတာပါ”

“မှော်ပညာ တင်မယ်ဆိုရင် ညာဘက်က စတုတ္ထမြောက် ရုံးခန်းကို သွားပါ။ မှော်ဆရာကြီးမှာ ကိုယ်ပိုင်တံဆိပ်မရှိသေးဘူးလား။ စာတမ်းအကြောင်းပြန်ကြားစာကို စောင့်နေတဲ့အချိန်မှာ ဘေးကပ်ရပ်က မှော်ဆရာ စီမံခန့်ခွဲရေးဌာနမှာ မှတ်ပုံတင်လို့ရပါတယ်။ တံဆိပ်ရှိရင် သုတေသနရမှတ်တွေ ရယူတာနဲ့ အလှူငွေရမှတ်တွေ လွှဲပြောင်းတာက ပိုအဆင်ပြေပါတယ်”

ဂါးရက်က ပြုံးပြီး ကျေးဇူးတင်စကားပြောကာ လမ်းညွှန်သည့်အတိုင်း စင်္ကြံထဲသို့ ဝင်သွားခဲ့သည်။ သုံးသပ်ရေးဧရိယာရှိ ရုံးခန်းအများစုမှာ ပိတ်ထားသော်လည်း စတုတ္ထရုံးခန်းကတော့ တံခါးကိုကျယ်ကျယ်ဖွင့်ထားပြီး အတွင်းမှ တောက်ပနေသည့် အလင်းရောင်များ ထွက်ပေါ်နေသည်။ ဂါးရက်က ယဉ်ကျေးစွာ တံခါးခေါက်လိုက်သောအခါ စက်သံတစ်သံက ခြောက်ကပ်ကပ် ပြန်ဖြေလိုက်သည်။

“ဝင်လာခဲ့ပါ”

ဂါးရက်က အထဲသို့ လှမ်းဝင်လိုက်သည်။ ရုံးခန်းက သိပ်မကျယ်ဘဲ စတုရန်းမီတာ ၁၃ သို့မဟုတ် ၁၄ မီတာခန့်သာ ရှိသည်။ လူတစ်ဝက်တောင် မမြင်ရပေ။ ဂါးရက်က ဝန်ထမ်းကို ရှာနေစဉ်မှာပင် အလယ်စားပွဲပေါ်မှ စက်သံက စတင်လာခဲ့သည်။

“မှော်ပညာ တင်သွင်းရန်အတွက် ၁ ကိုနှိပ်ပါ။ စာတမ်းအကြောင်းပြန်ကြားစာ စစ်ဆေးရန်အတွက် ၂ ကိုနှိပ်ပါ။ စာတမ်းဆုလာဘ်များ ရယူရန်အတွက် ၃ ကိုနှိပ်ပါ။ ထပ်မံနားထောင်ရန်အတွက် ၄ ကိုနှိပ်ပါ။ ဝန်ဆောင်မှုအတွက် ၀ ကိုနှိပ်ပါ...”

“ဟာ... ဟာ...”

“ငါ နေရာမှားရောက်လာတာလား မဟုတ်သေးပါဘူး။ ငါ လောကကြီးတစ်ခုလုံးကို မှားရောက်လာတာလား”

ဂါးရက်က သူ၏စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်ရင်း စားပွဲပေါ်မှ ခရစ္စတယ်ကီးဘုတ် (ပုံစံမှာ သူ၏ယခင်ဘဝမှ ကီးဘုတ်၏ နံပါတ်ကွက်နှင့် ဆင်တူနေသည်) ပေါ်မှ ၁ ကို နှိပ်လိုက်သည်။ ချက်ချင်းပင် ဒုတိယအကြိမ် စက်သံစတင်လာခဲ့သည်။

“စာတမ်းတစ်ခုတည်း တင်သွင်းရန်အတွက် ၁ ကိုနှိပ်ပါ။ စာတမ်းနှင့် မှော်စာလိပ် တင်သွင်းရန်အတွက် ၂ ကိုနှိပ်ပါ။ စာတမ်းနှင့် မှော်ပစ္စည်းများ တင်သွင်းရန်အတွက် ၃ ကိုနှိပ်ပါ။ အဆင့် ၅ နှင့် အထက် မှော်ပညာ တင်သွင်းရန်အတွက် ၄ ကိုနှိပ်ပါ။ ထပ်မံနားထောင်ရန်အတွက် ၅ ကိုနှိပ်ပါ။ ဝန်ဆောင်မှုအတွက်...”

ဂါးရက်က အလျင်အမြန် ၁ ကို နှိပ်လိုက်သည်။ စားပွဲမျက်နှာပြင်က နှစ်ဖက်သို့ ပွင့်သွားပြီး တစ်ပေပတ်လည်ခန့်ရှိသော သေတ္တာတစ်လုံး မြင့်တက်လာသည်။ စက်သံက ခြောက်ကပ်ကပ် ဆက်ပြောသည်။

"စာတမ်းကို မှော်တယ်လီပို့တင်းအစီအရင်ထဲသို့ ထည့်သွင်းပါ"

All Chapters