← Chapters

အခန်း (၁၇၇)

Vol. 13 Ch. 177

အခန်း (၁၇၇)

Vol. 13 Ch. 177

"ပန်းရောင်လက်သန်းတစ်ဝက်လောက်သာရှိတဲ့ ဗလာစပျစ်နွယ်ကို ကြီးထွားစေ"

အကြီးအကဲဝုဒ်က အမိန့်ပေးလိုက်သည်။

"ဆံပင်လောက်ပါးတဲ့ သတ္တုဝါယာအသေးစားတွေရှိသလား။ မှော်ဆရာတော်လ်ဂါ၊ ရွှေဒင်္ဂါးပြားတွေကို အဲ့ဒီနေရာမှာ တကယ်ပဲပုံဖော်နိုင်တာ အရမ်းကောင်းတယ်။ ကောင်းပြီ၊ အလွန်ကောင်းတယ်။ နေရာကိုမှတ်သားဖို့ စပျစ်နွယ်ကို ငွေဝါယာကြိုးတွေပတ်ပြီးတော့ [စုံစမ်းစစ်ဆေးရေးမှော်ပညာ] ကို ထပ်ပြီးအသက်သွင်းလိုက်"

အကြီးအကဲဝုဒ်သည် မိန်းကလေးငယ်၏မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး ဂါးရက်က သူ့နောက်တွင်ရပ်ကာ အဆက်မပြတ်ညွှန်ကြားချက်များပေးနေသည်။ သူသည် ကိုယ့်ကိုယ်ကိုစိတ်ထဲမှ ဂုဏ်ပြုလိုက်မိသည်။

အကြီးအကဲဝုဒ်က အစာအိမ်ထဲသို့စပျစ်နွယ်ထည့်သွင်းဖို့ကို မတွန့်ဆုတ်ဘဲ သဘောတူခဲ့သည်။ ဆရာက လွန်ခဲ့သော ဘရွန်ကိုစကိုပီ (Bronchoscopy) ပြီးနောက်တွင် ကြွားဝါပြောဆိုခဲ့ပြီး အကြီးအကဲဝုဒ်သည် လျှို့ဝှက်စွာလေ့ကျင့်ခဲ့ရမည်ဟု ထင်ရသည်။ သို့သော် အမိန့်များပေးဖို့တော့ လိုအပ်ဆဲဖြစ်သည်။ အစာအိမ်စစ်ဆေးခြင်းသည် ဘရွန်ကိုစကိုပီနှင့် လုပ်ထုံးလုပ်နည်းများ ကွဲပြားပြီး ဂါးရက်က ခေတ္တမျှမရပ်ဘဲ ဆက်လက်လမ်းညွှန်နေသည်။

"အစ်မ ခေါင်းအုံးပေါ်မှာ လှဲလိုက်ပါ၊ ခေါင်းကိုနည်းနည်းမော့ပြီး မေးစေ့ကို ရင်ဘတ်နဲ့ကပ်လိုက်ပါ၊ မလှုပ်နဲ့နော်။ သူမနောက်မှာ ခေါင်းအုံးတစ်လုံးထပ်ထား၊ အလွန်ကောင်းတယ်။ အကြီးအကဲ၊ သူမရဲ့လည်ချောင်းကို ဘုရားသခင်ရဲ့မှော်ပညာနဲ့ ခေတ္တမေ့ဆေးပေး၊ နှာခေါင်းပေါက်ကနေ စပျစ်နွယ်ကိုထည့်၊ ပါးစပ်ထဲကိုရောက်အောင် ကြီးထွားစေပြီးတော့မှ လည်ချောင်းကနေ အစာမျိုပြွန်ထဲသို့ ဝင်ရောက်စေ"

အိုင်းရစ်စ်သည် ဤညွှန်ကြားချက်များကို နားထဲတွင်ကြားလိုက်ရသောအခါ ကြောက်ရွံ့လာပြီး သူ့အလိုလို ရုန်းကန်နေသည်။ အမျိုးသမီးသူရဲကောင်းက သူမ၏သူငယ်ချင်း၏ပခုံးကို လက်တစ်ဖက်ဖြင့်ဖိထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ခေါင်းကို မရွေ့အောင်လုပ်ရန် ကြိုးစားနေသည်။ သူမက ဂါးရက်ကို မျက်နှာမော့ကြည့်လိုက်ရာ သူမ၏မြကျောက်ရောင်မျက်ဝန်းများတွင် သံသယနှင့် တောင်းပန်ခြင်းများပြည့်နေသည်။

ဂါးရက်က စိတ်ထဲမှသက်ပြင်းချလိုက်ပြီး လူနာကိုစိတ်တည်ငြိမ်စေရန် ရှေ့သို့တိုးလာသည်- "အစ်မ မကြောက်ပါနဲ့။ ကျွန်တော်တို့ ခုနကပဲ မရှင်းပြခဲ့ဘူးလား။ ဒီစပျစ်နွယ်က အရမ်းပါးတယ်၊ ညီမရဲ့လည်ချောင်းထက် အများကြီးပိုပြီးပါးတယ်။ မလှုပ်ဘဲနေသရွေ့ အစင်းရာတွေဖြစ်မှာမဟုတ်ဘူး။ စကားနားထောင်ပြီး ငြိမ်ငြိမ်နေနော်..."

နှစ်သိမ့်ပေးမှုအကြိမ်များစွာပြုလုပ်ပြီးနောက် အိုင်းရစ်စ်၏တင်းမာနေသောကိုယ်ခန္ဓာသည် နောက်ဆုံးတွင် ပျော့ပြောင်းသွားသည်။ ဂါးရက်သည် သူမဘက်သို့ ကိုင်းညွတ်ပြီး အနည်းငယ်ပြုံးလိုက်သည်။

"ဒီမှာ ပါးစပ်ဖွင့်ပြီး ကျွန်တော်နဲ့အတူ 'အား' လို့ပြောကြည့်ပါ"

"အား"

အိုင်းရစ်စ်က သူမ၏ပါးစပ်ကိုဖွင့်လိုက်သည်နှင့် ထိုအခွင့်အရေးကိုယူ၍ အကြီးအကဲဝုဒ်က စပျစ်နွယ်ကို လူနာ၏နှာခေါင်းပေါက်ထဲသို့ အလျင်အမြန်ထည့်လိုက်ပြီး ဝမ်းဗိုက်ထဲသို့ရောက်အောင် လမ်းကြောင်းပေးလိုက်သည်။ ဂါးရက်သည် သူ၏သမာဓိအမြင်အာရုံတွင် ငွေဝါယာကြိုး၏တည်နေရာကို စောင့်ကြည့်နေသည်။ အစွန်းသည် ရင်ညွန့်ရိုးနားသို့ ရောက်ရှိနေသည်ကို မြင်သောအခါ သူက အလျင်အမြန်အော်လိုက်သည်။

"ကောင်းပြီ ရပ်လိုက်"

X-ray အောက်တွင် အစာအိမ်ပြွန်ကို လမ်းညွှန်ပေးရခြင်း... ဒါက တကယ့်ကို ဇိမ်ခံခြင်းပင်။

ဂါးရက် နက်ရှိုင်းစွာသက်ပြင်းချလိုက်သည်။ အရင်တုန်းက လူတိုင်းက မမြင်ရဘဲ ထည့်သွင်းကြရသည်။ သို့သော် အခု [မှော်ပညာစုံစမ်းစစ်ဆေးခြင်း] ရှိနေပြီဖြစ်သောကြောင့် လုပ်ငန်းစဉ်က ပိုမိုလွယ်ကူလာသည်။

စပျစ်နွယ်ကိုယူပြီး ဂါးရက်က လက်တစ်ဖက်ဖြင့် မိန်းကလေး၏မျက်နှာအနီးတွင် ခိုင်မြဲစွာကိုင်ထားသည်။ ကျန်လက်တစ်ဖက်ဖြင့် အကြီးအကဲ တော်လ်ဂါထံသို့ လှမ်းပေးလိုက်သည်။

"မှော်ဆရာတော်လ်ဂါ စပျစ်နွယ်ထဲက လေကိုစုပ်ယူဖို့အတွက် လေထုဒြပ်စင်ကို မောင်းနှင်ပေးပါ။ သိပ်မမြန်စေနဲ့။ လေကိုစုပ်ထုတ်ပြီးတဲ့အခါ အစာအိမ်ထဲကအရာတွေက ထွက်လာပါလိမ့်မယ်။ ကျွန်တော်ပြောတဲ့အထိ ဒီအရည်တွေကို ဆက်ပြီးမောင်းနှင်ပေးပါ"

"ပြဿနာမရှိဘူး။ ငါ့ကိုထားလိုက်"

အကြီးအကဲဝုဒ်က ပေါ့ပေါ့ပါးပါးပင်ယူလိုက်သည်။ ဂါးရက်သည် ကိုယ့်ကိုယ်ကိုပြုံးပြလိုက်သည်- အနုတ်လက္ခဏာဖိအားဖြင့်စုပ်ယူခြင်းသာဖြစ်သည်။ စုပ်ယူသည့်ကိရိယာ (သို့မဟုတ်) ၅၀ မီလီလီတာဆေးထိုးပြွန်မရှိဘဲ၊ စပရိန်နတ်ဘုရားမဘုရားကျောင်းမှ ဘုန်းကြီးများမရှိသော်လည်း ငါလုပ်နိုင်ခဲ့သည်! နည်းလမ်းများကို လူတွေကပဲ စဉ်းစားကြတာ... ဟွန်း...

စပျစ်နွယ်မှ လေစုပ်ယူလိုက်သည့်အခါ "ရှူး" ဟူသော အသံကို ဂါးရက်ကြားလိုက်ရသည်။ ထို့နောက် ကြည်လင်ပြီး အနည်းငယ်ပျစ်ချွဲသော အရည်များ တစ်စက်ချင်း ထွက်လာသည်။

ဂါးရက်သည် ခွက်တစ်ခုယူကာ အရည်များကို ဂရုတစိုက်စောင့်ကြည့်နေသည်။ ပထမဆုံး အစာအိမ်ထဲမှ အရည်များထွက်လာပြီး မကြာခင်တွင် အချဉ်ဖောက်ထားသော အူထဲမှအရာများ ထွက်ပေါ်လာသည်။ အနံ့ဆိုးကြီးကြောင့် ဆယ်လီနာသည် သူမ၏နှာခေါင်းကိုပိတ်ကာ ဘေးသို့ရှောင်ထွက်သွားသည်။

"ဘာတွေအဲ့လောက်ကြည့်နေတာလဲ"

"တော်သေးတယ် သွေးမပါဘူး"

ဂါးရက်က ခေါင်းမဖော်ဘဲ ခွက်ကိုစိုက်ကြည့်နေသည်။ အစာအကြွင်းအကျန်များထဲတွင် သန်ကောင်များတွေ့ရှိခြင်းနှင့်ပတ်သက်၍ လူများကို စိတ်မပျက်စေရန်အတွက် သူပြောမနေတော့ပေ။ အမျိုးသမီးသူရဲကောင်းသည် ခဏမျှတွန့်ဆုတ်ပြီးနောက် သက်ပြင်းချလိုက်သည်။

"မင်း တော်တော်ပင်ပန်းသွားပြီ"

"အင်း အင်း"

ဂါးရက်က ပေါ့ပေါ့တန်တန်ပြန်ဖြေလိုက်သည်။ သူသည် ခွက်ထဲရှိပမာဏ၊ စီးဆင်းမှုနှုန်းနှင့် အစာအိမ်မှထွက်လာသောအရာများ၏ အခြေအနေကို ဆက်လက်စစ်ဆေးနေသည်။ ရုတ်တရက် သူက "ရပ်လိုက်" ဟုအော်လိုက်သည်။

စုပ်ထုတ်လိုက်သည့်ပမာဏက လုံလောက်လုနီးပါးဖြစ်နေပြီး အစာအိမ်အောက်ရှိ ပြွန်ကလည်း ပိတ်ဆို့စပြုနေသည်။

ရပ်ဖို့အချိန်ရောက်ပြီ။

အစာအိမ်ဖိအားလျော့ချခြင်းပြီးဆုံးပြီ။ ရေဆေးခြင်းပြီးဆုံးပြီ။ ပြင်ဆင်မှုအားလုံးပြီးစီးခဲ့ပြီဖြစ်သော်လည်း အကြီးအကဲဝုဒ်သည် သူ၏လက်ထဲတွင် ဆေးလုံးများကိုကိုင်ထားရင်း တွန့်ဆုတ်နေသည်။

"ဒီဆေးက... အများဆုံးဆိုရင် အဲ့ဒီသက်ရှိစွမ်းအင်တွေရဲ့ ၆၀ မှ ၇၀ ရာခိုင်နှုန်းလောက်ကိုပဲ သတ်နိုင်တယ်။ ဘုရားသခင်ရဲ့အနုပညာနဲ့ဆိုရင် ၉၀ ရာခိုင်နှုန်းလောက်ဖြစ်နိုင်တယ်။ ဂါးရက်၊ မင်းမှာ တခြားအကြံဥာဏ်ရှိသေးလား"

ဒီကမ္ဘာသစ်မှာ metronidazole၊ albendazole (သို့မဟုတ်) mebendazole တွေကို ဘယ်မှာရှာတွေ့နိုင်မလဲ။ ကြိမ်လုံးနဲ့ မာဂနိုလီယာစပျစ်နွယ်ပင်ကိစ္စတွင်လည်း ရှာမတွေ့နိုင်ပေ။ wumei ဆေးလုံးများအတွက် ချက်နည်းကိုတော့ ငါမှတ်မိနေသေးတယ်။ ဒါပေမဲ့ atractylodes, coptis, တိဝုတ်ပင်နဲ့ ဂျင်ဆင်းအတွက်ကတော့ ငါက တစ်ဖက်ကမ္ဘာက ဆေးဆိုင်ကိုမျှော်လင့်နေရမှာလား ဒါမှမဟုတ် Taobaoကနေမှာယူနိုင်မယ်လို့ မျှော်လင့်နေရမှာလား။

ဂါးရက်က သူ့စိတ်ထဲတွင်ရှိသော ဆောင်းပါးများကို အသည်းအသန်ရှာဖွေနေသည်။ ဟင်းသီးဟင်းရွက်ဆီ ဒါကကျ ချောမွေ့အောင်လုပ်တာ။ ပျားရည်ဂျင်းသောက်သုံးခြင်း၊ ဒါကတော့ အကြီးအကဲဝုဒ်ရဲ့ဆေးလုံးတွေလောက် ပိုးသတ်တဲ့အာနိသင်မရှိနိုင်ဘူး။

rhubarb decoction လား။ Dinggui powder လား။ အသိပြန်ဝင်ဦးဟ ဒီမှာ တရုတ်ရိုးရာဆေးဝါးမရှိဘူး... ဘာလို့ အရေးပေါ်ခွဲစိတ်ဆရာဝန်တစ်ယောက်က အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာဆရာဝန်တစ်ယောက်ရဲ့ အတွေးတွေကို စိတ်ပူနေရမှာလဲ... အရင်ဘဝတုန်းကတောင် ရှေးရိုးစွဲကုသမှုကို အတွင်းလူနာဌာနကပဲ လုပ်ဆောင်တာ။

[T/L ဆေးနာမည်တွေကို engလိုပဲရေးလိုက်တယ်နော်။ တချိုဆေးကျ မြန်မာလိုရေးရင် ပိုတက်စီယမ်ပါမန်ဂနိတ် ဒီလိုပဲရေးလို့ရတာမို့လို့ပါ။ ဆေးနာမည်ကို eng လိုပဲရေးမယ်နော်]

ဂါးရက်က ထပ်ခါထပ်ခါ ညည်းညူနေတော့သည်။ အလွန်အမင်းညည်းညူနေသောအခါ သူရုတ်တရက်အတွေးတစ်ခုရလာပြီး သူ၏ခါးအိတ်ထဲမှ ကျန်ရှိနေသော ပိုတက်စီယမ်ပါမန်ဂနိတ်ကို ထုတ်လိုက်သည်။

"အကြီးအကဲ ကျွန်တော်တို့အရင်တုန်းက သုံးခဲ့တဲ့အရာကို စမ်းသပ်ပြွန်ထဲကလိုမျိုး လေကိုစုစည်းပြီး ပူဖောင်းမှော်စာလုံးထဲကို ထည့်သွင်းဖို့၊ အဲ့ဒီဘုရားသခင်ရဲ့အနုပညာကို တစ်ခါလောက် ထပ်သုံးလို့ရမလား"

"ပြဿနာမရှိဘူး"

အကြီးအကဲဝုဒ်က အလွယ်တကူသဘောတူလိုက်သည်။

"ကျွန်တော်က အဲ့ဒီဘုရားသခင်ရဲ့အနုပညာကို ရိုးရှင်းအောင်လုပ်ပြီးပြီ။ ပဉ္စမအဆင့်ပဲ လိုအပ်တော့တယ်။ အာ မင်းလည်းမကြာခင် ပဉ္စမအဆင့်ရောက်တော့မှာ ငါသင်ပေးလိုက်မယ်"

ဒီဟာတွေနဲ့ ဟိုဟာတွေ...

အဝေးကရေက အနီးကရေငတ်တာကို မဖြေရှင်းနိုင်ပေမယ့် ကံကောင်းစွာဖြင့် အနီးအနားတွင် အသုံးပြုနိုင်မည့်သူတစ်ယောက်တော့ရှိနေသည်။ ဂါးရက် လက်ညှိုးတစ်ချောင်းကို ထောင်

လိုက်သည်။

"ဒီတစ်ခါ ကျွန်တော် ပူဖောင်းမှော်စာလုံးကိုတင်မကဘဲ ပူဖောင်းတွေထဲကိုထည့်ပြီး စပျစ်နွယ်ကနေတဆင့် အစာအိမ်ထဲကိုပို့စေချင်တယ်။ အူတွေထဲကိုရောက်ရင် ပိုကောင်းတယ်။ လုပ်နိုင်မလား"

"ဒါက..."

အကြီးအကဲဝုဒ် တွန့်ဆုတ်သွားသည်။

"အူတွေထဲကိုပို့တာကတော့ ဖြစ်နိုင်လောက်တယ်။ ကိုယ့်အလိုလိုကြီးထွားစေရုံပဲ။ ပူဖောင်းတွေရဲ့ကျုံ့ခြင်းကိုတော့ ကျွန်တော်မထိန်းချုပ်နိုင်ဘူး..."

လုပ်မရဘူးလား။ ငါလည်း လုပ်လို့မရဘူး။ ပူဖောင်းမှော်စာလုံးကိုသိပေမဲ့ ငါ့ရဲ့မှော်ထိန်းချုပ်မှုက ဒီအဆင့်အထိမရှိသေးဘူး။ ဒါပေမဲ့ ကိစ္စမရှိဘူး၊ ပူဖောင်းတစ်ခုကိုယူလိုက်မယ်။ အော် အရေးပေါ်ဌာနကတော့ ပူဖောင်းလို့ခေါ်တယ်၊ တကယ်တော့ အောက်ဆီဂျင်အိတ်ပါ၊ ဘာနဲ့အစားထိုးလဲလုပ်လို့ရတယ်။ ငါးအူအိတ်၊ ဝက်အူအိတ်၊ အောက်ဆီဂျင်ဖြည့်ပြီး စပျစ်နွယ်ကို ပတ်လိုက်၊ ပြီးတော့ ညှစ်လိုက်ရုံပဲ။

ဂါးရက်က အစားထိုးနိုင်မယ့်အရာတွေကို ချက်ချင်းဘယ်ညာရှာဖွေနေသည်။ အကြီးအကဲက စိတ်အေးလက်အေးဝင်ပြောလိုက်သည်။

"ကျွန်တော်လုပ်ပေးနိုင်ပါတယ်"

အော် လုပ်အားပေးဖို့အတွက် တစ်ယောက်ယောက်ရှိနေပြီဟ။

ဂါးရက် လက်ခုပ်တီးလိုက်သည်။

"ကောင်းပြီ ခင်ဗျားတို့နှစ်ယောက်အရင်ဆုံးပူးပေါင်းပြီး ပူဖောင်းမှော်စာလုံးနဲ့ စပျစ်နွယ်ကိုသုံးပြီး ဇလုံကိုလေဖြည့်ဖို့ကြိုးစားကြည့်ပါ။ ကျွန်တော်ပြန်လာခဲ့မယ်။ အကြီးအကဲ ခင်ဗျားမှာ ဓာတုဗေဒဆိုင်ရာပစ္စည်းတွေရှိလား"

အကြီးအကဲနှစ်ဦးသည် မှော်ပညာဖြင့် ပူးပေါင်းဆောင်ရွက်ကြသည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အကြာတွင် အားနည်းချက်အားလုံးကို ပြေလည်သွားစေခဲ့သည်။ ထိုအတောအတွင်း ဂါးရက်သည် ပိုတက်စီယမ်ပါမန်ဂနိတ်ကို အပူပေးခြင်းနှင့် အောက်ဆီဂျင်ထုတ်လုပ်ခြင်းလုပ်ငန်းကိုလည်း ပြီးစီးခဲ့ပြီး အောက်ဆီဂျင်ပြွန်တစ်ခုကို သယ်လာခဲ့သည်။

"ကောင်းပြီ အရင်ဆုံး ပြွန်ကိုထည့် ပြီးတော့ ဓာတ်ငွေ့ကိုဆင့်ခေါ်ပြီး ပူဖောင်းမှော်စာလုံးကိုသုံးကာ ခန္ဓာကိုယ်ထဲကိုပို့လိုက်ပါ။ ခဏလေးစောင့်ပါ။ ခင်ဗျားတို့ အကျိုးအာနိသင်ကို မြင်ရပါလိမ့်မယ်"

သူသည် ပြေးဝင်လိုက်၊ ပြေးထွက်လိုက်နှင့် သူ၏အရှိန်က အရမ်းမြန်ပြီး သူ၏စကားသံကလည်း ယုံကြည်မှုအပြည့်ရှိနေသည်။ အကြီးအကဲက မေးခွန်းများမေးဖို့အခွင့်အရေးပင်မရလိုက်ပေ။

အကြီးအကဲကတော့ ‘ဘာဓာတ်ငွေ့လဲ၊ ဒီဓာတ်ငွေ့ကို ကျွန်တော့်သမီးရဲ့ခန္ဓာကိုယ်ထဲကိုထည့်တာ အန္တရာယ်မရှိဘူးလား’ဟုမေးလိုက်သည်။ အကြီးအကဲဝုဒ်က ခဏစဉ်းစားပြီး ငြင်းဆိုလိုက်

သည်။

"အရင်တုန်းက ဒီဓာတ်ငွေ့က လူရဲ့အသက်ဓာတ်ကို မြှင့်တင်ပေးတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဒီလိုမျိုးထိုးသွင်းလိုက်ရင် ပိုးမွှားတွေက ရန်လိုလာနိုင်တယ်..."

"ဒါပေမဲ့ အဲ့ဒီပိုးမွှားတွေက ဒီဓာတ်ငွေ့ကို ကြောက်တယ်"

ဂါးရက်က မျက်တောင်ခတ်ပြီး ပြုံးလိုက်သည်။ အကြီးအကဲဝုဒ်၏ တုံ့ပြန်မှုက တကယ်ကိုမြန်ဆန်ပြီး အခြေအနေတစ်ခုကနေ နောက်တစ်ခုကို ခန့်မှန်းနိုင်စွမ်းရှိသည်။ သူက တကယ်ကို အောက်ဆီဂျင်က လူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိတာကို စဉ်းစားခဲ့သည်။ သို့သော် သန်ကောင်များသည် လေမလိုအပ်သောအရာများဖြစ်သည်။

"စဉ်းစားကြည့် ဒီပိုးမွှားတွေက အူတွေထဲမှာနေတယ်၊ လေသိပ်မရှိတဲ့နေရာမှာ…. သူတို့က အဲ့ဒါနဲ့အသားကျနေတယ်။ ရုတ်တရက် လေတွေအများကြီးဝင်လာတဲ့အခါ အမွေးထူတဲ့ရေခဲဝံပုလွေတစ်ကောင်က သဲကန္တာရထဲရောက်သွားသလိုမျိုးပဲ၊ အပူလျှပ်ပြီး မသေသွားဘူးလား"

"အင်း..."

အကြီးအကဲဝုဒ်က ခဏစဉ်းစားပြီး ခေါင်းညိတ်ကာ ဂါးရက်၏အစီအစဉ်ကို သဘောတူလိုက်သည်။ မှော်ဆရာတော်လ်ဂါကတော့ ဆက်ပြီးတွန့်ဆုတ်နေသည်။

"မင်းပြောနေတဲ့ဓာတ်ငွေ့က ဘာလဲ။ ကျွန်တော့်သမီးကို အန္တရာယ်ဖြစ်စေမလား"

"လုံးဝပြဿနာမရှိပါဘူး"

အကြီးအကဲဝုဒ်က အလေးအနက်ထား၍ အာမခံလိုက်သည်။

"ကျွန်တော် ဒီဓာတ်ငွေ့ကို တစ်ခါသုံးဖူးတယ်။ အသက်ရှူရခက်ခဲပြီး သေအံ့ဆဲဆဲဖြစ်နေတဲ့ စွန့်စားသူတစ်ယောက်အပေါ်မှာပါ။ အဲ့ဒီလူက အသက်ဆက်ရှင်ဖို့အတွက် ဒီဓာတ်ငွေ့ကို အားကိုးခဲ့ရတယ်။ စိတ်ချပါ၊ ဒါက လေထဲကနေရရှိတာပါ၊ ဘာအန္တရာယ်မှမဖြစ်စေနိုင်ဘဲ အကျိုးကျေးဇူးတွေပဲဖြစ်စေနိုင်ပါတယ်"

"ဒါဆို တကယ်တော့ ဘာလဲ"

"ရိုးရိုးသားသားပြောရရင် ကျွန်တော်လည်း မပြောပြနိုင်ဘူး... ဒါက ထူးခြားတဲ့လျှို့ဝှက်နည်းပညာတစ်ခုပါ"

ထူးခြားတဲ့လျှို့ဝှက်နည်းပညာလား။

မတော်တဆတွေ့ရှိခဲ့တာလား ဒါမှမဟုတ် နားမလည်နိုင်တဲ့နည်းလမ်းတစ်ခုနဲ့ ဖန်တီးခဲ့တာလား။ မှော်ဆရာတော်လ်ဂါက ဂါးရက်ကို သံသယအနည်းငယ်ဖြင့် ကြည့်လိုက်သည်။ သူ၏အကြည့်က ထိုလူငယ်၏ယုံကြည်မှုအပြည့်ရှိသောမျက်နှာမှနေ၍ သူ၏ရင်ဘတ်ပေါ်သို့ပြောင်းသွားသည်။ ထိုနေရာတွင် မှော်ပညာရှင်၏တံဆိပ်၊ အနက်ရောင်အောက်ခံ၊ ကြေးနီကြယ်နှင့် စက်ဝိုင်းပုံလက်စွပ်တို့ကို တပ်ဆင်ထားသည်။

ပထမအဆင့်မှော်ပညာရှင်။

အစပြုမှော်ဆရာတစ်ယောက်။

သို့သော် အာကိန်းမဂ္ဂဇင်းတွင် ဆောင်းပါးများထုတ်ဝေထားပြီးဖြစ်သည်။

"ဒါဆို ဒီဓာတ်ငွေ့က မင်းရဲ့ထူးခြားတဲ့လျှို့ဝှက်နည်းပညာလား"

"အတိအကျတော့ မဟုတ်ပါဘူး"

ဂါးရက်က ရိုးသားစွာပြုံးလိုက်သည်။

"ဒါက လေထဲမှာသဘာဝအတိုင်းဖြစ်ပေါ်နေတဲ့အရာတစ်ခုပါ။ ကျွန်တော်က ဒီအရာရှိနေတာကို တွေ့ရှိခဲ့ပြီးတော့ သူ့ရဲ့ပါဝင်မှုကို ခန့်မှန်းခဲ့ရုံပါပဲ"

ခဏမျှတိတ်ဆိတ်ပြီးနောက် သူက ထပ်ဖြည့်ပြောလိုက်သည်။

"ခင်ဗျား ခုနကမြင်ခဲ့တဲ့ အဖြူရောင်မီးလျှံကို ဒီဓာတ်ငွေ့ကို စာလုံးအစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုပြီးဆင့်ခေါ်ခဲ့တာပါ"

"ဒီလောက်ပဲ ထုတ်ဖော်နိုင်ပါတယ်။ ဒါကို အောက်ဆီဂျင်လို့ပဲ ခေါ်ရတော့မလား။ မော်လီကျူးဖွဲ့စည်းပုံကို ပေးရင်တောင် သူတို့က အသိအမှတ်ပြုမှာ မဟုတ်ဘူး"

"အို"

အကြီးအကဲ မှော်ပညာရှင်က ဂါးရက်ကို အထင်ကြီးသွားတော့သည်။ ပထမအဆင့် မှော်ပညာရှင်တစ်ယောက်၏ စွမ်းဆောင်ရည်ဖြင့် ရေခဲဘီလူးကို ခေတ္တမျှ ထိန်းထားနိုင်ခဲ့သည်။ ထိုမှော်ပညာက အမှန်ပင် အထင်ကြီးစရာ ကောင်းသည်။ သို့သော် ၎င်းသည် အခြားသူတစ်ဦး၏ ထူးခြားသော မှော်ပညာဖြစ်သောကြောင့် ထိုအချိန်က သူ ဆက်မမေးတော့ပေ။

"ထိုအဖြူရောင်မီးလျှံက မူလက လောင်ကျွမ်းနေသောလက်မှော်ပညာအတွက် မင်းရဲ့ မှော်ပညာထုတ်လုပ်မှု လက်ဟန်လား"

"ဒါက လောင်ကျွမ်းနေတဲ့လက်မှော်ပညာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကွဲပြားတဲ့ မှော်ပညာထုတ်လုပ်မှု အစိတ်အပိုင်းတစ်ခုနဲ့တော့ ဖြစ်နေတယ်"

အာနိသင်က အံ့ဩစရာကောင်းသည်။

"ကွဲပြားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲ့ဒါက အပိုပဲ"

“လောင်ကျွမ်းနေသောလက်က ပုံမှန်အားဖြင့် မှော်ပညာထုတ်လုပ်မှု အစိတ်အပိုင်းတွေ မလိုအပ်ဘူး၊ ဒါကို မင်းက ဘယ်လိုလုပ် အပိုလို့ ပြောနိုင်တာလဲ”

မှော်ဆရာတော်လ်ဂါက မထင်မှတ်ဘဲ ပြောလိုက်သည်။ ဂါးရက်က ခေါင်းကို အနည်းငယ်ငုံ့ထားပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသော်လည်း သူ အငြင်းအခုန်မလုပ်ခဲ့ပေ။ ခဏမျှ စဉ်းစားပြီးနောက် အကြီးအကဲ မှော်ပညာရှင်က ဆက်လက်၍ ဖိအားပေးတော့သည်။

"မင်းမှာ သုတေသနစာတမ်းတွေ ရှိလား"

"မရှိသေးပါဘူး"

"မင်းရဲ့ဆရာက ဘယ်သူလဲ"

"ကျွန်တော် ဟတ်လန်းမြို့က မှော်မျှော်စင်မှာ ပညာသင်ခဲ့တာပါ၊ အခုတော့ မှော်ပညာကောင်စီမှာ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်နေပါတယ်..."

အာ အလားအလာရှိပြီး အရည်အချင်းရှိတဲ့ လူတစ်ယောက်က ဘယ်ဆရာတစ်ယောက်ရဲ့ လက်အောက်မှာမှ မရှိသေးဘူး။ မှော်ဆရာတော်လ်ဂါက ဂါးရက်ကို တစ်ဖန် ဂရုတစိုက်စစ်ဆေးပြီးနောက် သူ၏လက်ထဲရှိ စမ်းသပ်ပြွန်ကို ကြည့်လိုက်သည်။

"ဒီဓာတ်ငွေ့က ဘာလဲ။ ကျွန်တော် စမ်းကြည့်လို့ရမလား"

"ဒီပြွန်တစ်ခုပဲ ရှိပါတယ်။ ကျွန်တော် ယူလာတဲ့ပစ္စည်းတွေက မလုံလောက်လို့ ဒီပြွန်တစ်ခုပဲ ထုတ်လုပ်နိုင်ခဲ့တာပါ"

ဂါးရက်က ပခုံးတွန့်ပြလိုက်သည်။ အကြီးအကဲ မှော်ပညာရှင်က "အခြားသူတွေရဲ့ မှော်ပညာကို မစပ်စုရ" ဆိုသည့် စည်းကမ်းနှင့် သူ့သမီး၏အသက်ကြားမှာ ခဏမျှ တွန့်ဆုတ်နေပြီး နောက်ဆုံးမှာတော့ သူ့သမီးကို ရွေးချယ်လိုက်သည်။ သူ၏ဝတ်ရုံလက်ထဲတွင် ရှာဖွေပြီး ငွေရောင်ခေါင်းလောင်းလေးတစ်ခုကို ထုတ်ယူကာ စားပွဲပေါ်တင်ပြီး ဂါးရက်ဘက်သို့ တွန်းလိုက်သည်။

"ဘာပစ္စည်းလဲ"

ပိုတက်စီယမ်ပါမန်ဂနိတ်။ အို မဟုတ်ဘူး ဒီမှာ ဘယ်လိုခေါ်လဲ... လင်ဒေးက တစ်ခါပြောဖူးတယ်... အော် ဟုတ်ပြီ

“ခရမ်းရောင်အကြေးခွံကျောက်”

သူ၏မျက်လုံးများက နှစ်သက်စွာတောက်ပလာပြီး အချိန်ကြာမြင့်စွာ မေ့နေခဲ့သော အရာတစ်ခုကို ပြန်သတိရသကဲ့သို့ပင်။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ အကြီးအကဲ မှော်ပညာရှင်သည် အကြီးအကဲဝုဒ်ကို ချက်ချင်းကြည့်လိုက်ရာ အကြီးအကဲဝုဒ်က "မရှိဘူး" ဟု ခေါင်းခါလိုက်သည်။

ကျန်ရှိနေသော ရွေးချယ်စရာများမရှိတော့သဖြင့် မှော်ဆရာတော်လ်ဂါသည် သက်ပြင်းချလိုက်ပြီး စားပွဲပေါ်ရှိ ငွေရောင်ခေါင်းလောင်းကို ဂါးရက်က ဂရုမစိုက်သည်ကိုတွေ့သောအခါ ကိုယ်တိုင်ကောက်ယူကာ ဂါးရက်၏လက်ထဲသို့ ထိုးထည့်လိုက်သည်။

"ဒါဆို မင်းရဲ့နည်းလမ်းကိုပဲ အသုံးပြုကြမယ်။ မင်းကို ငါယုံကြည်လိုက်ပြီ"

အကြီးအကဲနှစ်ဦးနှင့် လူငယ်တို့သည် သူတို့၏အားထုတ်မှုများကို တစ်ဖန်ပြန်လည်ပူးပေါင်းလိုက်ကြသည်။ အကြီးအကဲဝုဒ်က စပျစ်နွယ်ကို ကိုင်တွယ်ပြီး ဓာတ်ငွေ့ကိုဆင့်ခေါ်လိုက်သည်၊ မှော်ဆရာတော်လ်ဂါက ပူဖောင်းများကို ဖြည်းဖြည်းချင်းကျုံ့စေရန် ထိန်းချုပ်ပေးသည်။ ဂါးရက်က ဘေးတွင်ရပ်ကာ အော်နေသည်။

"ဖြည်းဖြည်း…ပူဖောင်းတွေကို အရမ်းမြန်မြန်မကျုံ့စေနဲ့။ အရမ်းမြန်မြန်ကျုံ့ရင် အူတွေပေါက်ထွက်နိုင်တယ်။ ပိုပြီးဖြည်းဖြည်းလုပ်ပါ"

အောက်ဆီဂျင် ၅၀၀ မီလီလီတာ (သန့်စင်သောအောက်ဆီဂျင်မဟုတ်သော်လည်း အောက်ဆီဂျင်အာရုံစူးစိုက်မှုမြင့်မားသောလေ) သည် အူထဲသို့ တဖြည်းဖြည်းဝင်ရောက်သွားသည်။ သီအိုရီအရ အောက်ဆီဂျင်ကို တစ်မိနစ်လျှင် ၅ လီတာနှုန်းဖြင့် ပေးနိုင်သည်။ သို့သော် ၎င်းသည် စပျစ်နွယ်သာဖြစ်ပြီး အင်ဒိုစကုပ်မဟုတ်သောကြောင့် အူ၏အတွင်းပိုင်းကို စောင့်ကြည့်နိုင်ခြင်းမရှိပေ။ ဂါးရက်က စပျစ်နွယ်၏အစွန်းသည် သင့်လျော်သောအနေအထားတွင်မရှိပါက အူနံရံကို ဖြန်းမိပြီး အပေါက်ဖြစ်သွားမည်ကို ကြောက်ရွံ့နေသည်။

အကယ်၍ ပြုပြင်ရန်အတွက် အူခွဲစိတ်မှုလုပ်ရပါက ပြဿနာများစွာရှိလာမည်ဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများလည်းများစွာရှိလာလိမ့်မည်။

သတိထားတာ ပိုကောင်းတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ အောက်ဆီဂျင် နည်းနည်းပိုပြီးကျန်နေတာက ဘာမှမထိခိုက်နိုင်ဘူး။

အူနံရံက အောက်ဆီဂျင်အချို့ကို စုပ်ယူလိုက်ရင်တောင် အနည်းငယ်ပဲဖြစ်မှာ။

ဝူးဝူးဝူး….အင်ဒိုစကုပ်လုပ်ထုံးလုပ်နည်းများအတွက် မှော်ပညာ သို့မဟုတ်ဘုရားသခင်၏အနုပညာကို ဘယ်တော့မှီအောင်လုပ်နိုင်မလဲ...

သူ၏ဆန္ဒစာရင်းတွင် နောက်ထပ်အရာတစ်ခုကို ထပ်ပေါင်းထည့်လိုက်ပြီးနောက် ဂါးရက်က သူ၏ညွှန်ကြားချက်အရ အကြီးအကဲ မှော်ပညာရှင်က အောက်ဆီဂျင်ကို ဖြည်းဖြည်းချင်းထည့်သွင်းပေးသည်ကို ကြည့်နေသည်။ ဆယ်စက္ကန့်မပြည့်မီမှာပင် အိုင်းရစ်စ်၏မျက်နှာပေါ်ရှိ နာကျင်သည့်အမူအရာက သိသိသာသာသက်သာလာသည်။

"ကျွန်မ မနာတော့ဘူး..."

"လှဲလျောင်းနေပါ ဆက်ပြီးလှဲလျောင်းနေပါ"

ဂါးရက်က သူမကို မှောက်လျက်အနေအထားတွင် ဆက်ရှိနေစေရန် အလျင်အမြန်ဝင်

ရောက်ပြောကြားလိုက်သည်။

အစာအိမ်ပြွန်ကို မရွေ့အောင်လုပ်ပါ။

အောက်ဆီဂျင်ထည့်သွင်းပြီးနောက် အစာအိမ်ပြွန်ကို ဖယ်ရှားလိုက်သောအခါ သူ့အလိုလိုပြန်ကျုံ့သွားတော့သည်။ ခန့်မှန်းခြေအားဖြင့် ဆယ့်ငါးမိနစ်ကြာပြီးနောက် အကြီးအကဲဝုဒ်က သူ၏ဘုရားသခင်၏မှော်ပညာကို အသက်သွင်းလိုက်ပြီး အိုင်းရစ်စ်၏သက်ရှိစွမ်းအင်ကို တစ်ဖန်ပြန်လည်စစ်ဆေးသည်။ ဘုရားသခင်၏အလင်းအောက်တွင် သူက "အားလုံးနီးပါးသေကုန်ပြီ။ လူငယ်လေး ဂါးရက် မင်းရဲ့ဓာတ်ငွေ့ရဲ့အာနိသင်က ဆေးလုံးတွေထက် အများကြီးသာလွန်တယ်။ သူမရဲ့ဝမ်းဗိုက်လည်း အရင်ကလိုဖောင်းနေတာမျိုးမရှိတော့ဘဲ နည်းနည်းပြားသွားပြီ..."

ဟုတ်ပါတယ်။

ဂါးရက်က လက်ခုပ်တီးလိုက်ပြီး ပိုလျှံနေသောစိတ်ပူပန်မှုများကို ခါထုတ်လိုက်သကဲ့သို့ ပေါ့ပါးသည့်ပုံစံဖြင့်ရှိနေသည်။

ကပ်ပါးကောင်များကို ဖယ်ရှားရန်အတွက် အစာအိမ်နှင့်အူလမ်းကြောင်းမှတစ်ဆင့် အောက်ဆီဂျင်ထည့်သွင်းခြင်းကို များစွာသောကိစ္စရပ်များနှင့် သုတေသနစာတမ်းများက အတည်ပြုခဲ့သည်။ အထူးသဖြင့် သည်းခြေလမ်းကြောင်းပိုးဝင်ခြင်းကိစ္စများတွင် လူနာများပြင်းပြင်းထန်ထန်နာကျင်နေသောအခါ အင်ဒိုစကုပ်မှတစ်ဆင့် အောက်ဆီဂျင်ကို စက္ကန့်အနည်းငယ်ထည့်သွင်းပေးလိုက်သောအခါ အာနိသင်က ချက်ချင်းပင်။

နာကျင်မှုသည် ထိုအချိန်တွင်ပင် ရပ်တန့်သွားပြီး ချက်ချင်း ultrasound စစ်ဆေးမှုပြုလုပ်လိုက်သည်။ သန်ကောင်များက သေဆုံးသွားပြီဖြစ်သည်။

ဝမ်းဗိုက်ဖောင်းခြင်းလျော့သွားခြင်းအတွက်ကတော့...

အရွယ်ရောက်ပြီးသော သန်ကောင်များသေဆုံးသွားသောအခါ ၎င်းတို့သည် အချင်းချင်းစုပြုံနေခြင်းမရှိတော့ပေ။ ၎င်းတို့ပြန့်ကျဲသွားသောအခါ ဝမ်းဗိုက်က သဘာဝအတိုင်း ပိုမိုပြားသွားသည်။

"ကုသမှုက အလွန်ထိရောက်တယ်။ နောက်တစ်ခုကတော့ သေဆုံးသွားတဲ့သန်ကောင်တွေကို ဆေးကြောပြီးထုတ်ပစ်လိုက်ရင် ရောဂါက သက်သာသွားလိမ့်မယ်"

All Chapters