← Chapters

အခန်း (၁၇၄)

Vol. 13 Ch. 174

အခန်း (၁၇၄)

Vol. 13 Ch. 174

"မှော်ပညာကိုသုံးမယ်"

"မှော်ပညာက အဲဒါကို လုပ်နိုင်တယ်လား"

အဘိုးအိုနှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ဆရာကြီးတော့လ်ဂါသည် သူ၏မုတ်ဆိတ်မွေးများကို ဆွဲလိုက်ပြီး ဂါးရက် နော့်ဒ်မတ်ခ်ကို ပထမဆုံးအကြိမ်အဖြစ် သေချာကြည့်ရှုလိုက်ကာ အကြီးအကဲဝုဒ်ဘက်သို့ လှည့်၍ "အကြီးအကဲဝုဒ် မင်းရဲ့ကျောင်းသားလား" ဟု မေးလိုက်သည်။

"ကျွန်တော့်သူငယ်ချင်းရဲ့ ကျောင်းသားပါ။ ကောင်စီဌာနချုပ်မှာ လာရောက်သင်ကြားတာမို့ သူ့ကို အနည်းငယ် စောင့်ရှောက်ပေးဖို့ ကျွန်တော့်ကို ပြောခဲ့တာ"

အကြီးအကဲဝုဒ်က ရှင်းပြသည်။ ထို့နောက် ဂါးရက်ဘက်သို့ လှည့်ကာ "မင်းသေချာလား။ မှော်ပညာက ဒါကို တကယ်လုပ်နိုင်သလား" ဟု မေးလိုက်သည်။

"လုပ်နိုင်လိမ့်မယ်"

ဂါးရက် နော့်ဒ်မတ်ခ်က ဖြည်းဖြည်းချင်း ရှေ့တိုးလာပြီး အကြီးအကဲဝုဒ်နှင့် ဆရာကြီးတော့လ်ဂါကို ရှင်းပြသည်။

"ဒါက ကျွန်တော် အခုမှပဲ တိုးတက်အောင် လုပ်ထားတဲ့ မှော်ပညာအသစ်ဖြစ်ပြီး စာတမ်းကလည်း အတည်ပြုပြီးပါပြီ။ ကိုယ်ဝန်ရှိသလား မရှိဘူးလားဆိုတာကို အဲဒါနဲ့ ဆုံးဖြတ်နိုင်မလားဆိုတာ ကြည့်ရအောင်"

ဤသို့ပြောပြီး သူသည် သူ့ကျောပိုးအိတ်ကို မွှေနှောက်ကာ စာရွက်ကိုရှာ၍ လှမ်းပေးလိုက်သည်။ ဆရာကြီးတော့လ်ဂါက စာရွက်ကို အားတက်သရော ဆွဲယူပြီး အလျင်အမြန် ဖတ်ရှုလိုက်သည်။ သူဖတ်နေရင်း သူ၏အရှိန် နှေးကွေးသွားသည်။ သူ၏လက်ဝဲလက်က မေးစေ့အောက်မှ မုတ်ဆိတ်မွေးများကို ဖြူလုနီးပါးအထိ ပတ်လိုက်၊ လွှတ်လိုက်၊ အပေါ်တက်လိုက်နှင့် ထပ်ခါတလဲလဲ လုပ်နေခဲ့သည်။

ဂါးရက် နော့်ဒ်မတ်ခ်က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။ သူသည် စိတ်မရှည်တာမျိုး လုံးဝမခံစားရပေ။ လူနာ၏ဆွေမျိုး (သို့မဟုတ်) လူနာကိုယ်တိုင်နှင့် ဆက်ဆံရသည်မှာ ဤထက်ပို၍ပင် အချိန်ယူရသည်။ ခွဲစိတ်မှုမပြုလုပ်မီ ညွှန်ကြားချက်များအား တစ်ကြိမ်ပြောပြီး နားမလည်ပါက နှစ်ကြိမ်ပြောရခြင်း၊ သူတို့ကို စဉ်းစားခိုင်းရခြင်း၊ ဆွေမျိုးများကို ဖုန်းခေါ်ခိုင်းခြင်း၊ ထိုနေရာမှာပင် ဖုန်းထုတ်ပြီး ဂူဂဲလ်ရှာခိုင်းရခြင်းများ ရှိသည်။

ထိုအခြေအနေများနှင့် နှိုင်းယှဉ်ပါက တစ်စုံတစ်ယောက်က စာတမ်းတစ်ခုကို ဖတ်ရှုပြီး အာထရာဆောင်းဆိုသည်ကို နားလည်အောင် ကြိုးစားနေခြင်းက ပို၍အဆင်ပြေသည်။ ဤလူနာ၏ဆွေမျိုးများက တကယ်ကို ချစ်စရာကောင်းသည်ဟု သူတွေးလိုက်သည်။

"ဟင်း... ဒါက အဓိပ္ပာယ်ရှိတယ်ထင်ရတယ်"

ခဏအကြာတွင် အဘိုးအိုမှော်ဆရာသည် စာတမ်း၏နောက်ဆုံးစာမျက်နှာကို လှန်လိုက်ပြီး ကျေနပ်စွာနှင့် သူ၏မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်သည်။

"ငါ စမ်းကြည့်မယ်။ အကြီးအကဲဝုဒ် ငါ့ကို ဆေးဆီပေး..." ဟု ဆိုလိုက်သည်။

"ကျွန်တော် အရင်လုပ်သင့်တယ်"

ဂါးရက် နော့်ဒ်မတ်ခ်က ပြုံးစိစိဖြင့် အော်ဟစ်လိုက်ပြီး အလျင်အမြန် ဝင်ရောက်ရှင်းပြသည်။ "ကျွန်တော် အရင်လုပ်ပြီးရင် ဘယ်နေရာတွေကို အာရုံစိုက်ရမလဲဆိုတာ ပြောပြမယ်။ ပြီးမှ ဆရာကြီး နောက်တစ်ခေါက် ထပ်ကြည့်နိုင်တယ်..."

လူနာ၏ဆွေမျိုးကို အေးဆေးနေအောင် ပြောပြီးနောက် ဂါးရက်သည် လူနာကို စိတ်ချလက်ချဖြစ်စေရန် ပြောင်းလဲလိုက်သည်။ အိုင်းရစ်သည် မျက်ရည်များဝဲနေပြီး လက်တစ်ဖက်က အမျိုးသမီးသူရဲကောင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်က ဂါးရက်၏လက်ကို လှမ်းဆွဲသည်။

"ကျွန်မ တကယ် ကိုယ်ဝန်မရှိဘူး... ကျေးဇူးပြုပြီး သက်သေပြပေးပါ။ ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ပါဘူး... ကျွန်မ ဘယ်ယောက်ျားနဲ့မှ မနေခဲ့ပါဘူး..."

"စိတ်မပူပါနဲ့။ တကယ် ကိုယ်ဝန်မရှိရင် ဒီမှော်ပညာက အဲဒါကို သေချာပေါက် သက်သေပြနိုင်မှာပါ"

ဂါးရက်သည် သူမကို တတ်နိုင်သမျှ သိမ်မွေ့စွာ နှစ်သိမ့်ပေးရန် ကြိုးစားသည်။ ဤသို့ပြောနေသော်လည်း သူ၏စိတ်ထဲတွင် သေချာမှု မရှိပေ။ လူနာသည် မိန်းကလေးဖြစ်ကာ ဝမ်းဗိုက်

ဖောင်းနေပြီး လိင်ဆက်ဆံဖူးသည့် ရာဇဝင် မရှိ...

ထိုအချက်က မည်မျှအထိ ယုံကြည်စရာရှိမည်နည်း။ မည်သူမျှ မသိနိုင်ပေ။

ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်ရှိ အမျိုးသမီးများအတွက် ဝမ်းဗိုက်နာကျင်ခြင်း၊ ဖောရောင်ခြင်း (သို့မဟုတ်) ပြင်းထန်သောဝမ်းဗိုက်ဝေဒနာများကို ပေါ့ပေါ့တန်တန် မသတ်မှတ်သင့်ပေ။ အားလုံးကို HCG စစ်ဆေးမှု ပို့ရမည်ပင်။

မဟုတ်ပါက အူအတက်ရောင်သည်ဟု ထင်ပြီး ယုံကြည်ချက်ရှိရှိ ခွဲစိတ်လိုက်သောအခါ သားအိမ်အပြင်ဘက်တွင် ကိုယ်ဝန်ရှိနေသည်ကို တွေ့ရှိနိုင်သည်...

ဒီအချက်သည် အရမ်းမိုက်မဲရာ မရောက်ဘူးလား။

ကိုယ်ဝန်အထူးကုဆရာဝန်ကို အရေးပေါ်အကူအညီ ခေါ်လိုက်ရသောအခါ ကံကောင်းပါက အကြီးအကဲဆရာဝန်၏ ဆူပူမှုကိုသာ ခံရမည်ဖြစ်ပြီး၊ ကံမကောင်းပါက ပြင်းထန်စွာ အပြစ်တင်ခံရကာ ဆရာဝန်လိုင်စင် ပျက်ပြယ်သွားနိုင်သည်။ သို့သော် ဤကမ္ဘာက HCG ကို အားကိုးစရာမလိုသည့် အခြားကမ္ဘာတစ်ခု ဖြစ်သည်။

ဂါးရက်သည် "ကျေးဇူးပြု၍ သားအိမ်

ပြင်ပ ကိုယ်ဝန်မဖြစ်ပါစေနဲ့၊ ကျေးဇူးပြုပြီး ကိုယ်ဝန်မဖြစ်ပါစေနဲ့..." ဟု တီးတိုးရွတ်ဆိုနေရင်း လူနာကို နှစ်သိမ့်၍ အတွင်းသို့ ခေါ်ဆောင်နိုင်ခဲ့သည်။ ထိုသို့ ရှုပ်ထွေးနေသည့်ကြားမှပင် သူသည် အကြီးအကဲဝုဒ်ကို ပြုံးပြပြီး

"အကြီးအကဲ အားနေတဲ့ မိန်းကလေး တစ်ယောက်ယောက် ရှိပါသလား။ ကျေးဇူးပြု၍ ကျွန်တော့်ကို လိုက်ပို့ပေးပါဦး။ ကျွန်တော်က မိန်းကလေးတစ်ယောက်ကို တစ်ယောက်တည်း စစ်ဆေးဖိုြ အဆင်မပြေလို့ပါ..."

"ဖရီယာက ဒူရီလင်းမြေကို သွားနေတယ်။ မနက်ဖြန်မှ ပြန်လာလိမ့်မယ်။ အန်နီကလည်း အိမ်

ပြန်သွားပြီ"

အကြီးအကဲဝုဒ်က တွန့်ဆုတ်သွားပြီး အဘိုးအိုမှော်ဆရာကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အမျိုးသမီးသူရဲကောင်းကိုကြည့်ပြီး "ဒီက ညီမလေးကို ခေါ်သွားဖို့ ဘယ်လိုသဘောရလဲ" ဟု မေးလိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်"

ဆယ်လီနာက ချက်ချင်းပြန်ဖြေသည်။ သူမသည် နောက်လှည့်ကာ သူမအဖော်၏ လက်မောင်းကို ပုတ်လိုက်သည်။

"မကြောက်ပါနဲ့ ငါ နင်နဲ့အတူ ရှိနေတာပဲဟာ"

ဂါးရက်က "ကောင်းပါပြီ" ဟု တွေးလိုက်သည်။ အမျိုးသားဆရာဝန်တစ်ဦးက အမျိုးသမီးလူနာကို စစ်ဆေးရာတွင် အမျိုးသမီးသူနာပြုမရှိဘဲ လူနာ၏ဆွေမျိုးတစ်ဦး လိုက်ပါလာခြင်းက ပိုကောင်းသည်။ သူ မကူညီနိုင်လျှင်ပင် အထောက်အထားတော့ ပေးနိုင်မည်ဖြစ်ပြီး ထိုအချက်သည်ပင် ကျေးဇူးတင်စရာဖြစ်သည်။

ဂါးရက်က အလျင်အမြန် လိုက်သွားသည်။ ကုတင်တစ်ခုကိုရှာပြီး မိန်းကလေးကို လှဲလျောင်းစေကာ ကုလားကာကို ဆွဲလိုက်သည်။ အမျိုးသမီးသူရဲကောင်းက ကုတင်ခေါင်းရင်းတွင် ရပ်နေပြီး ဂါးရက်က လူနာ၏လက်ကို ကိုင်ထားကာ တတ်နိုင်သမျှ နူးညံ့စွာ သူမ၏မျက်လုံးများကို ကြည့်ရန် ကြိုးစားခဲ့သည်။

"မကြောက်ပါနဲ့ ဒီမှော်ပညာက မင်းကို မထိခိုက်စေဘူး နာကျင်မှုလည်း မခံစားရစေဘူး။ ကျွန်တော် လက်တစ်ချောင်းပဲ သုံးပါမယ်။ မင်းရဲ့ဗိုက်ပေါ်မှာပေါ့"

သူသည် မတ်တပ်ရပ်ပြီး သူမ၏ဗိုက်ပေါ်တွင် စက်ဝိုင်းတစ်ခုဆွဲပြလိုက်သည်။ ရင်ခေါင်းရိုးနှင့် အောက်နံရိုးအစွန်းအထိ၊ အောက်ခြေမှ တင်ပါးဆုံအထိ၊ ဘယ်ညာဘေးဘက် လက်မောင်းအောက်လိုင်းအထိ "ဒီနေရာမှာ ကျွန်တော် အရှေ့အနောက် ရွေ့လျားပြီး မှော်ပညာနဲ့ ကြည့်ပါမယ်" ဟု ရှင်းပြသည်။

အိုင်းရစ်၏အကြည့်က သူ၏လက်ချောင်းနောက်သို့ လိုက်ပါသွားပြီး တစ်ခဏမျှ ကျုံ့သွားကာ ပြုံးရန် ကြိုးစားလိုက်သည်။ ဂါးရက်သည် သူမ၏လှုပ်ရှားမှုလေးများကို မမြင်ယောင်ဆောင်

လိုက်ပြီး သူ၏အသံကို နူးညံ့စွာ ပြောလိုက်သည်။

"ကျွန်တော် နည်းနည်းလေး ဖိချင်ဖိမယ် ဒါပေမဲ့ သိပ်မနက်ပါဘူး။ နာရင်တော့ ပြောပါ။ မှော်ပညာကို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ဖို့ မင်းရဲ့ရှပ်အင်္ကျီကို နည်းနည်းမြှောက်ပြီး အရေပြားပေါ်ကို ဆေးဆီနည်းနည်း လောင်းထည့်ဖို့ လိုလိမ့်မယ်။ နည်းနည်း အေးနေလိမ့်မယ်။ ခံနိုင်ရည်ရှိပေးပါ။ လှဲနေလို့တော့ ရပါတယ်။ ဗိုက်ကို ပူအောင်လုပ်ပါလို့ ကျွန်တော်ပြောရင် ပူအောင်လုပ်လိုက်ပါ။ ဘေးစောင်းလှဲပါလို့ ပြောရင် ဘေးစောင်းလှဲပေးပါ။ တခြားဘာမှ စိတ်မပူပါနဲ့။ ကျွန်တော် တခြားနေရာတွေကို မထိပါဘူး။ အဆင်မပြေဘူးဆိုရင် စောင်ခြုံထားလို့ရပါတယ်။ ဗိုက်ကိုပဲ ဖော်ထားပေါ့"

သူ၏အသံက တည်ငြိမ်ပြီး နူးညံ့သည်။ သူ၏အကြည့်က လည်း အာရုံစူးစိုက်နေ၏။

အိုင်းရစ် နားထောင်နေရင်း သူမ၏ဝတ်ရုံကို ဆုပ်ကိုင်ထားသည်မှာ တဖြည်းဖြည်း လျော့သွားပြီး လက်သည်းထိပ်များတွင် အရောင်ပြန်ရလာသည်။ ဂါးရက်သည် ကြိုတင်ကာကွယ်မှုများကို ရှင်းပြပြီး ထတော့မလို လုပ်နေစဉ် သူ၏လက်အင်္ကျီက ရုတ်တရက် တင်းသွားသည်။ အိုင်းရစ်က ကိုယ့်ကိုယ်ကိုယ် ထူမတ်လိုက်ပြီး သူမ၏လက်သေးသေးလေးဖြင့် သူ၏လက်အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားသည်။

"ကျွန်မ... ကျွန်မ တကယ် ကိုယ်ဝန်မရှိဘူး ဟုတ်တယ်နော်။ ပြီးခဲ့တဲ့လက ကျွန်မ သူ့ရဲ့ခွက်ကနေ ရေတစ်ငုံပဲ သောက်လိုက်မိတာ..."

တကယ်ကို ဟာသပဲ။

ဂါးရက် နော့်ဒ်မတ်ခ်က ပြုံးစိစိဖြင့် ရယ်မောလိုက်သည်။ သူ့၏ယခင်ဘဝဖြစ်သော ၂၁ ရာစုက မိန်းကလေးများပင် အလားတူအခြေအနေမျိုးများကို ဖန်တီးခဲ့ဖူးရာ အလယ်ခေတ်နှင့် ဆင်

တူသော ဤဖွံ့ဖြိုးတိုးတက်မှုအဆင့်ရှိသည့် နေရာတွင်မူ ထိုသို့ဖြစ်ခြင်းက သဘာဝကျသည်။ သူသည် မိန်းကလေး၏လက်ကို ညင်သာစွာပုတ်၍ "စိတ်မပူပါနဲ့ မင်းတကယ် ကိုယ်ဝန်မရှိဘူးဆိုရင် မှော်ပညာက သေချာပေါက် သက်သေပြပေးနိုင်မှာပါ။ မဒမ် မင်းရဲ့သူငယ်ချင်းကို ပြင်ဆင်ပေးပါဦး။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် မှော်ပစ္စည်းတွေ သွားယူလိုက်ပါဦးမယ်။ ခဏနေ ပြန်လာခဲ့ပါမယ်" ဟု ပြောလိုက်သည်။

ခဏအကြာတွင် ဘယ်ဘက်လက်တွင် လင်းနို့ဦးနှောက်ပါသော အိတ်နှင့် ညာဘက်လက်တွင် ဂလစ်ဆရင်းပုလင်းကို ကိုင်ထားသည့် ဂါးရက်သည် ကုလားကာကို လှန်လိုက်ပြီးနောက် ဆရာကြီးတော့လ်ဂါနှင့် အကြီးအကဲဝုဒ်တို့က ဝင်လာကြသည်။ ဂါးရက်က ဘာမှမတတ်နိုင်ဘဲ နောက်လှည့်၍ "အကြီးအကဲ..." ဟု ပြောလိုက်သည်။

သူမသည် ကလေးမလေးတစ်ဦးသာဖြစ်ရာ “ခင်ဗျားတို့အားလုံး အရင်ထွက်သွားလို့ မရဘူးလား” ဟု ပြောချင်နေခြင်းပင်။

"ငါ ကြည့်နေမယ် မင်း လုပ်လိုက်"

အကြီးအကဲဝုဒ်က စာရွက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ၏အကြည့်က ပြတ်သားနေသည်။ အဘိုးအိုမှော်ဆရာက "ငါက သူ့ရဲ့ဖခင်ပဲ" ဟုသာ ပြောစရာရှိသည်။

ဂါးရက်သည် လက်ဟန်ခြေဟန်ဖြင့် အမျိုးသမီးသူရဲကောင်းကို အိုင်းရစ်၏ဗိုက်ပေါ်မှ စောင်ကို လှန်ပေးရန် ပြောလိုက်သည်။ မိန်းကလေးက ငြိမ်ငြိမ်လေး လှဲလျောင်းနေသည်။ သူမ၏ဗိုက်သည် ချက်မှ အပေါ်သို့ ဖောင်းကြွနေသော်လည်း ဘေးဘက်တွင်မူ ဖောင်းကြွမှုသိပ်မရှိဘဲ ချက်ကလည်း မပြူးထွက်နေပေ။ ဂါးရက်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

တော်ပါသေးရဲ့ ဒါက ရေဖျဉ်းရောဂါမဟုတ်ဘူး။

ရေဖျဉ်းရောဂါသာဖြစ်ခဲ့ပါက သူ ဒုက္ခရောက်နိုင်သည်။ ရေဖျဉ်းရောဂါဖြစ်စေသော အခြေအနေများဖြစ်သည့် အသည်းခြောက်ခြင်း၊ အသည်းသွေးကြောဖိအားမြင့်မားခြင်း၊ နှလုံးအားနည်းခြင်း၊ အူသိမ်ခြောက်ခြင်း၊ ဝမ်းဗိုက်အမြှေးပါးပေါ်တွင် အကျိတ်ဖြစ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ ပန်ကရိယရေဖျဉ်းရောဂါနှင့် အဆုတ်နာအမြှေးရောင်ရောဂါတို့က မည်သည့်တစ်ခုမှ လွယ်လွယ်ကူကူ ကိုင်တွယ်လို့မရပေ။ သက်ဆိုင်ရာ စစ်ဆေးမှုများစွာ မပြုလုပ်ဘဲ ရောဂါရှာဖွေရန်ပင် မလွယ်ကူပေ။ ရောဂါရှာဖွေနိုင်ခဲ့လျှင်ပင် သူ ကုသနိုင်မည်မဟုတ်ပေ။

ဂါးရက်သည် ဂလစ်ဆရင်းကို အမျိုးသမီးသူရဲကောင်းအား ပေးလိုက်ပြီး သူမ၏သူငယ်ချင်း၏ဗိုက်ပေါ်တွင် ထူထူလေးလိမ်းပေးရန် ပြောလိုက်သည်။ သူကိုယ်တိုင်ကမူ လင်းနို့ဦးနှောက်ကို ကိုင်ထားပြီး အာထရာဆောင်းမှော်ပညာကို အသက်သွင်းလိုက်သည်။ သူ၏ညာဘက်လက်ညှိုးဖြင့် အိုင်းရစ်၏ဝမ်းဗိုက်အောက်ပိုင်းကို ဖိပြီး တင်ပါးဆုံဧရိယာကို အာထရာဆောင်းလှိုင်းများဖြင့် စကန်ဖတ်ကာ ဂရုတစိုက် လေ့လာလိုက်သည်။

ဗိုက်သည် ငါးလ (သို့မဟုတ်) ခြောက်လခန့် ကိုယ်ဝန်ရှိနေပုံရသည်။ ဂါးရက်သည် ပို၍သတိထားပြီး အသက်အောင့်ကာ အပေါ်မှ အောက်သို့ ဂရုတစိုက် ရှာဖွေခဲ့သည်။ တင်ပါးဆုံဧရိယာ၊ ဝမ်းဗိုက်အလယ်ပိုင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းများတွင် သူသည် သားအိမ်ပြင်ပ ကိုယ်ဝန်ရှိနိုင်ခြေကိုပါ ထည့်သွင်းစဉ်းစားခဲ့သည်။ နောက်ဆုံးတွင် သုံးလသားအရွယ် သန္ဓေသားလေးပင် မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

ရွေးချယ်စရာမရှိပေ။

ဤနေရာတွင် HCG စစ်ဆေးရန်အတွက် အဆောက်အဦမရှိချေ။

ထို့ကြောင့် သူကိုယ်တိုင် ပို၍ဂရုတစိုက်ရှိရသည်။

တစ်ဖန် ဂရုတစိုက် ရှာဖွေပြီးနောက် သူသည် နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ယုံကြည်ချက်ရှိရှိဖြင့် နိဂုံးချုပ်လိုက်သည်။

"စိတ်မပူပါနဲ့ ဒါ ကိုယ်ဝန်မဟုတ်ပါဘူး"

"တကယ်လား"

"ငါကြည့်ပါရစေ"

"ငါလည်း ကြည့်ချင်တယ်"

အဘိုးအိုနှစ်ဦးစလုံးက အလျင်အမြန် ရှေ့သို့ တိုးဝှေ့လာကြသည်။

ဂါးရက်က "ကျွန်တော် စစ်ဆေးတာ မပြီးသေးဘူး" ဟု အော်ပြောလိုက်သော်လည်း သူ့ကို ဘေးသို့ တွန်းဖယ်လိုက်ကြရာ သူပင် လဲကျလုနီးပါး ဖြစ်ခဲ့ရသည်။ ဆရာကြီးတော့လ်ဂါသည် အားတက်သရောနှင့် လင်းနို့ဦးနှောက်တစ်ခုကို ဆုပ်ကိုင်လိုက်ပြီး "ဘယ်လိုကြည့်ရတာလဲ။ အထဲမှာ အာထရာဆောင်းလှိုင်းတွေ ပို့ရုံပဲလား" ဟု မေးလိုက်သည်။

ဂါးရက်က ဘာမှမတတ်နိုင်ဘဲ ဘေးသို့ ရှောင်ပေးလိုက်သည်။ သူတို့ကို ကြည့်ခွင့်ပေးလိုက်ခြင်းက ပို၍ကောင်းသည်။ ဤသည်မှာ မှော်ပညာ၏ အားသာချက်ဖြစ်ပြီး မည်သည့်မှော်ဆရာမဆို လေ့လာနိုင်ကာ သူတို့ဘာသာသူတို့ စစ်ဆေးအတည်ပြုနိုင်သည်။ သူသည် စိုးရိမ်တကြီးဖြင့် ဘေးမှ သတိပေးလိုက်သည်။

"ဟုတ်ပါတယ်။ လက်ချောင်းကို နည်းနည်း ရှေ့ရွှေ့ပြီး နည်းနည်းအောက်ချလိုက်ပါ။ ဒီနေရာမှာ မှော်ပညာကို အသက်သွင်းလိုက်ပါ။ ခင်ဗျား သူမရဲ့ဗိုက်ထဲမှာ ကလေးမရှိဘူးဆိုတာကို တွေ့ရလိမ့်မယ်။ ကလေးတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်က ဘယ်လိုလဲဆိုတာကို ခင်ဗျားတို့ သေချာပေါက် မှားမှာမဟုတ်ဘူး။

ဪ မှော်စွမ်းအင်ကို နည်းနည်းပဲ သုံးပါ။ ရှင်းရှင်းလင်းလင်း မြင်နိုင်ရုံလောက်ပါပဲ။ မှော်

စွမ်းအင် အလွန်အကျွံသုံးရင် အူတွေကို ပျက်စီးစေနိုင်တယ်"

"အင်း..."

ဆရာကြီးတော့လ်ဂါသည် လင်းနို့ဦးနှောက်တစ်ခုကို ကောက်ကိုင်လိုက်ပြီး နောက်တစ်ခုကို ထပ်ယူကာ လက်ချောင်းများက အရှေ့အနောက် ရွေ့လျားနေသည်။ သူ အကြိမ်ပေါင်းများစွာ ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ညာဘက်လက်ကို မြှောက်ကာ သူ၏နဖူးမှ ချွေးများကို သုတ်လိုက်သည်။

"တကယ် ကိုယ်ဝန်မဟုတ်ဘူး..."

သူ၏လက်ချောင်းများပေါ်ရှိ ဂလစ်ဆရင်းများက ချွေးများနှင့် ရောသွားပြီး နဖူးပေါ်တွင် သုတ်လိုက်သောအခါ ချက်ချင်းပင် တောက်ပပြီး အရောင်အသွေးစုံလင်နေသည်။ ဂါးရက်သည် ရယ်ရန် မရဲသောကြောင့် ခေါင်းကိုလှည့်ကာ အဘိုးအိုမှော်ဆရာကို တစ်စောင်းကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက်အပြည့်ဖြင့် အကြီးအကဲဝုဒ်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"အကြီးအကဲဝုဒ် မင်းပြောတာ မှန်တယ်။ ဒီမိန်းကလေး ကိုယ်ဝန်မရှိဘူး။ ရောဂါဖြစ်နေတာ။ ဒါဆို ဘာရောဂါလဲ။ ဘယ်လိုကုသသင့်လဲ။ မင်းက သူမကို ကြီးလာအောင် ကြည့်ရှုစောင့်ရှောက်ခဲ့တာပဲ။ သူမကို သေချာပေါက် ကုသပေးရမယ်"

ဟေး ဟေး ခင်ဗျားသမီး ကိုယ်ဝန်မရှိဘူးဆိုတာကို ကျွန်တော် ခုနကပဲ သက်သေပြခဲ့တာလေ။

မေးစရာရှိရင် ကျွန်တော့်ကို မေးရမှာပေါ့။

ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ အကြီးအကဲဆရာဝန်နဲ့ အစောင့်ဆရာဝန် ရှိနေရင် ဒါမှမဟုတ် ဆံပင်ဖြူနေတဲ့ အစောင့်ဆရာဝန်နဲ့ လူငယ်ဒုတိယအကြီးအကဲဆရာဝန် ရှိနေရင်တောင် လူနာနဲ့ လူနာရဲ့မိသားစုက အကြီးအကဲဆရာဝန်ဆီကိုပဲ ပြေးသွားမှာ...

All Chapters