အခန်း (၁၇၃)
Vol. 13 Ch. 173
"ဆုတ်"
အကျယ်အဝန်း 60ပေရှိသော ရေပန်ကာမှ အပူချိန်အမြင့်ဆုံး မီးတောက်များသည် 2-3 မီတာအကွာအဝေးသို့ ပန်းထွက်လာသည်။ ထိုအခိုက်အတန့်သည် ရေခဲနှင့် မီးတို့၏ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပြီး သန့်စင်သော စွမ်းအင်များဖြင့် တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့သည်။ လေထုထဲတွင် ပျံ့နှံ့နေသော ရေခဲအငွေ့အသက်များသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး မီးတောက်များသည် ရေခဲဘီလူးကို ရက်ရက်စက်စက် လောင်ကျွမ်းစေသည်။
ရေခဲဖြင့်ဖွဲ့စည်းထားသော ခန္ဓာကိုယ်က ချက်ချင်းပင် အရေခွံတစ်ထပ် ကွာကျလာသည်။ ကြီးမားသော အဖြူရောင်အငွေ့အသက်များ ထွက်ပေါ်လာပြီး မိုးရေသဖွယ် တဖျောက်ဖျောက်နှင့် ကျဆင်းလာသည်။ ရေခဲဘီလူး၏ ခြေထောက်များကြားတွင် ရေအိုင်ငယ်တစ်ခု ဖြစ်ပေါ်လာသည်။
ရေခဲဘီလူးသည် မလှုပ်မယှက် အေးခဲသွားသည်။ ထိုစဉ် အဘိုးအိုမှော်ဆရာ၏ အသံက ထပ်မံ၍ "ဆုတ် ဆုတ်" ဟူ၍ ပေါ်ထွက်လာသည်။
ရေစက်များ ထွက်ပေါ်လာပြီးနောက် ရေခဲဘီလူးသည် နောက်သို့ ယိုင်လဲသွားသည်။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်းခန့် ဆုတ်သွားပြီးနောက် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ကာ သတိမေ့မြောနေသော ဧရာမရေခဲတုံးအဖြစ် ခိုင်မာသွားခဲ့သည်။
အဘိုးအိုမှော်ဆရာသည် ကျောက်ဆောင်ပေါ်မှ ပျံသန်းဆင်းသက်လာသည်။ လက်တစ်ဖက်တွင် လှံတံကို တင်းတင်းဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်က ဝတ်ရုံကို ကိုင်ထားသည်။ ရေခဲပြင်ပေါ် မထိအောင် ခြေဖျားထောက်ကာ ဝဝဖူးဖူးဘဲကဲ့သို့ ကုန်းကုန်းကွကွ လမ်းလျှောက်လာသည်။
သူ၏သမီး အထိအခိုက်မရှိကြောင်း သိလိုက်ရသောအခါ အမျိုးသမီးသူရဲကောင်းသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျသွားပြီး အရပ်
ဆယ်စင်တီမီတာခန့် ပိုမိုနိမ့်ကျသွားသည်။
"တော်ပါသေးရဲ့ တော်ပါသေးရဲ့..." ဟု သူမ သက်ပြင်းချလိုက်သည်။
သူမ သက်ပြင်းချပြီးနောက် ဂါးရက်ဘက်သို့ လှည့်လိုက်ပြီး ကျေးဇူးတင်သည့်မျက်နှာဖြင့် "ကျေးဇူးတင်ပါတယ် ဒီရေခဲစွမ်းအင်က ရုတ်တရက် ထိန်းချုပ်မရ ဖြစ်သွားတာ။ မင်းသာ ဝင်မပါခဲ့ရင် ငါအချိန်မီ ပြန်သိမ်းနိုင်မှာ မဟုတ်ဘူး။ မင်း..." ဟု ဆိုလိုက်သည်။
သူက ဘားနတ်ကို မော့ကြည့်လိုက်သည်။ ခေါင်းကို 45ဒီဂရီခန့် နောက်လှန်လိုက်သောအခါ ကြီးမားသောအရိုးတုတ်၏ ထိပ်ပိုင်းကိုသာ တွေ့လိုက်ရသည်။
"မင်းနာမည်ကဘယ်သူလဲ။ မင်းနဲ့ မင်းရဲ့နောက်လိုက်တွေ အဆင်ပြေကြရဲ့လား"
လူရိုင်းကြီးသည် အူကြောင်ကြောင် ရယ်မောလိုက်ပြီး သူ၏တုတ်ကို ပြန်ရုပ်သိမ်းကာ ဂါးရက်၏နောက်သို့ ဆုတ်သွားသည်။ ဂါးရက်သည်လည်း လက်ကို အသာအယာ ဝှေ့ယမ်းပြီး သူတို့နှစ်ဦးအတွက် ကြားခံလူအဖြစ် "ကျွန်တော် အဆင်ပြေပါတယ်။ ဆရာကြီးရဲ့ ထိန်းချုပ်မှုနဲ့ဆိုရင် ကျွန်တော်တို့ မကူညီခဲ့ရင်တောင် ရေခဲစွမ်းအင်ကို အချိန်မီ ပြန်ရုပ်သိမ်းနိုင်မှာပါ။ အများဆုံးဆိုရင် ဒီက ညီမလေး နည်းနည်းတော့ ကြောက်သွားမှာပေါ့။ ညီမလေး အဆင်ပြေရဲ့လား" ဟု ပြောလိုက်သည်။
"ဟင်း ဒီခေါင်းမာတဲ့မိန်းကလေး"
အဘိုးအိုမှော်ဆရာသည် သူ၏သမီးကို စူးစူးဝါးဝါးကြည့်လိုက်ပြီး မုတ်ဆိတ်ကို ဖောင်းပွအောင် လုပ်လိုက်ကာ ထပ်မံကြည့်လိုက်သည်။ အမျိုးသမီးသူရဲကောင်းသည် သူငယ်ချင်းကို ပွေ့ဖက်ထားပြီး နှစ်လှမ်းခန့် နောက်ဆုတ်ကာ သတိထားသည့်မျက်နှာဖြင့် ကြည့်နေသည်။ သူတို့နှစ်ဦး မျက်လုံးချင်းဆုံသောအခါ ချက်ချင်းပင် အငြင်းပွားမှုအသစ်တစ်ခု စတင်ကြသည်။ ဂါးရက်သည် ဘေးနားတွင် ရပ်နေပြီး စကားအနည်းငယ် နားထောင်လိုက်သောအခါ သူ၏ခေါင်း ပေါက်ကွဲတော့မလို ခံစားရပြီး ဝင်စွက်ဖက်ရန် မတတ်နိုင်ဘဲ ရှိနေသည်။
"ဆရာကြီး၊ သူရဲကောင်းမလေး ကျွန်တော် စကားတစ်ခွန်းလောက် ပြောလို့ရမလား"
"ဘာပြောချင်တာလဲ"
အဘိုးအိုမှော်ဆရာ၏ မျက်နှာက အနည်းငယ် ပြေပြစ်သွားသည်။ ဂါးရက်သည် ခေါင်းအနည်းငယ်ညွတ်၍ "ဆရာကြီး ဒေါသထွက်နေပေမဲ့ သမီးကို ဂရုစိုက်သင့်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ အဆင့်မြင့်ကုသသူတစ်ဦး ပါဝင်တာက အမြဲတမ်း ပိုကောင်းပါတယ်။ ကျွန်တော်က သဘာဝဘုရားကို ကိုးကွယ်တဲ့ အကြီးအကဲဝုဒ်ဆီ အလည်သွားဖို့ ဆုံးဖြတ်ထားရာ ဆရာကြီး အချိန်ရမယ်ဆိုရင် ဒီညီမလေးကိုပါ ခေါ်ပြီး အတူတူ သွားလို့မရဘူးလား" ဟု လေးစားစွာ တောင်းဆိုလိုက်သည်။
"မင်းလား"
အဘိုးအိုမှော်ဆရာသည် သံသယမျက်လုံးများဖြင့် ကြည့်ရှုပြီးနောက် ဂါးရက်၏ တံဆိပ်ကို လှမ်းကြည့်လိုက်သည်။
ပထမအဆင့် မှော်ဆရာ၊ ပထမအဆင့် လျှို့ဝှက်ဆန်းကြယ်ပညာရှင်။
ထိုအဆင့်ဖြင့် အကြီးအကဲဝုဒ်ထံ တိုက်ရိုက်သွားရောက်နိုင်သလားဟု တွေးမိသည်။ "ဪ အခုမှ သတိရတယ်။ ပြီးခဲ့သည့်လက 'လျှို့ဝှက်ဆန်းကြယ်' စာအုပ်မှာ..."
သူသည် တွေးလိုက်သည်။
"ဪ သတိရပြီ"
အဘိုးအိုမှော်ဆရာသည် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
"အဲ့ဒီဆောင်းပါးမှာ ဘုန်းတော်ကြီးတော်တော်များများ ပူးပေါင်းပါဝင်ခဲ့တာ မှန်ပါတယ်။ ဒီလိုဆိုရင် မင်းက သူ့နဲ့တော်တော်ရင်းနှီးတာပေါ့"
"တကယ်ကို ရင်းနှီးပါတယ်"
ဂါးရက်က လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။ ထိုအခါ လူရိုင်းကြီးသည် ကျောက်ဆောင်နောက်မှ ပြန်လာပြီး ဂါးရက်ထံသို့ ဝက်သစ်ချလှံတံကို လှမ်းပေးသည်။ အဘိုးအိုမှော်ဆရာသည် လှံတံထိပ်ရှိ အစိမ်းရောင်အရွက်နှစ်ရွက်ကို မြင်သောအခါ မျက်ခုံးများ ပို၍တွန့်သွားသည်။
ပထမအဆင့် မှော်ဆရာ၊ ပထမအဆင့် လျှို့ဝှက်ဆန်းကြယ်ပညာရှင်၊ ဒုတိယအဆင့် ဘုန်းတော်ကြီးဖြစ်သည့် ဤကလေးက ဘယ်သူလဲဟု သူတွေးနေမိသည်။
ထူးဆန်းသော်လည်း ဂါးရက်အပေါ် သူ၏ယုံကြည်မှု မြင့်တက်လာသည်။ သူသည် ခေါင်းအသာအယာညိတ်၍ "ဒီလိုဆိုရင် မင်းကိုပဲ မိတ်ဆက်ပေးဖို့ ငါဒုက္ခပေးရတော့မယ်" ဟု ပြောလိုက်သည်။
တစ်ယောက်ကို ဆွဲဆောင်ပြီးနောက် ဂါးရက်သည် အမျိုးသမီးသူရဲကောင်းထံသို့ လှည့်လိုက်သည်။ ဆယ်လီနာသည် သူမ၏သူငယ်ချင်းရှေ့တွင် ကာကွယ်ပေးနေပြီး သူမ၏ မြမျက်လုံးများက တောက်ပနေသည်။ သူမ၏နှုတ်ခမ်းများ လှုပ်ရှားနေသည်ကို ကြည့်၍ ငြင်းဆန်တော့မည်ဟု မှန်းဆရသည်။ ဂါးရက်က အလျင်အမြန် ပြောလိုက်သည်။
"မဒမ် အိုင်းရစ်ရဲ့ လက်ရှိအခြေအနေက မမှန်ကန်ဘူးဆိုတာ ထင်ရှားပါတယ်။ သူမ ကိုယ်ဝန်မရှိရင်တောင် ရောဂါတစ်ခုခု ခံစားနေရတာ ဖြစ်နိုင်တယ်။ အရည်အချင်းပြည့်မီတဲ့ ကုသသူတစ်ဦးနဲ့ ပြသတာက သူမအတွက် အမြဲတမ်း အကျိုးရှိတာပေါ့ မဟုတ်ဘူးလား"
ဆေးခန်းပြပါလား။
ဆေးခန်းပြရမယ်…
သံသယရှိပါက ဆရာဝန်နဲ့ပြလိုက်ပါ။ ကိုယ့်ဘာသာကိုယ် ကြိတ်မခံစားပါနဲ့။
အမျိုးသမီးသူရဲကောင်း၏ အကြည့်က အနည်းငယ်လှုပ်ရှားသွားပြီး သူမ၏သူငယ်ချင်းကို နောက်လှည့်ကြည့်လိုက်သည်။ အိုင်းရစ်သည် သူမ၏နောက်တွင် ပုန်းနေပြီး ကိုယ်ခန္ဓာသေးသေးလေးဖြင့် ဖျော့တော့နေကာ ကြောက်လန့်နေသော ချိုးငှက်တစ်ကောင်နှင့် တူနေ၏။ သူမ၏ သွယ်လျသောလက်ချောင်းများက ဝတ်ရုံစကို တင်းတင်းဆုပ်ကိုင်ထားပြီး ဝတ်ရုံဖြင့် ဖုံးထားသော်လည်း သူမဗိုက်က ဖောင်းနေသည်ကို မြင်နိုင်သည်။ ၎င်းက ကိုယ်ဝန်ရှိသည့် လက္ခဏာများနှင့် အမှန်ပင် ဆင်တူနေသည်။
"ကျွန်မ သူမကို ခေါ်သွားပါ့မယ်။ သူ့မကို မထိပါနဲ့"
သူမသည် ခက်ထန်သောမျက်နှာဖြင့် ပြောလိုက်သည်။ သူမ၏ သတိထားသည့်အကြည့်က အဘိုးအိုမှော်ဆရာနှင့် ဂါးရက်တို့ကြားတွင် ကွဲပြားနေသည်။ ထို့အပြင် သူတို့နောက်မှ လူရိုင်းကြီးကိုလည်း ကြည့်နေသည်။ ဂါးရက်သည် သက်ပြင်းချကာ အမြန် ခေါင်းညိတ်လိုက်သည်။
"ဟုတ် မင်းခေါ်သွားလိုက်ပါ။ တည်ငြိမ်စွာ လမ်းလျှောက်ဖို့ ကြိုးစားပါ။ သူမ အဆင်မပြေဘူးထင်တယ်..."
အဖွဲ့သည် ခရီးဆက်ခဲ့သည်။ သစ်ခွတောင်ကြောသို့ ရောက်ရှိသောအခါ အကြီးအကဲဝုဒ်ထံတွင် ထိုအချိန်၌ လူနာမရှိပေ။ သူသည် သူတို့ကို အတွင်းသို့ ကြိုဆိုပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ "ဘာဖြစ်တာလဲ။ ဘယ်သူနေမကောင်းတာလဲ..." ဟု မေးလိုက်သည်။
"ဒီခေါင်းမာတဲ့မိန်းကလေးပေါ့။ ငါ လအနည်းငယ်လောက် ဝေးနေတာနဲ့ သူမ ဒီလိုဖြစ်နေပြီ"
အဘိုးအိုမှော်ဆရာက ဒေါသတကြီး ပြောလိုက်သည်။ သူသည် သူ၏ဝတ်ရုံကို ဆွဲချွတ်ပြီး အမျိုးသမီးသူရဲကောင်းထံသို့ ပစ်လိုက်ကာ သူ့သမီး၏ဗိုက်ကို လက်ညှိုးထိုးပြလိုက်သည်။ "ဆရာကြီး ကျွန်တော်တို့ကို ကူညီပြီး ဒီကောင်လေးကို ဖယ်ရှားပေးပါဦး။ ကျွန်တော် သူမကို တခြားနေရာတစ်ခုဆီ ခေါ်သွားမယ်၊ ပြီးရင် နှစ်အနည်းငယ်ကြာရင် သူမ သန့်ရှင်းသပ်ရပ်စွာ လက်ထပ်လို့ရပြီ" ဟု ဆိုလိုက်သည်။
"ကျွန်မ ကိုယ်ဝန်မရှိဘူး။ ကျွန်မ ယောက်ျားတစ်ယောက်ရဲ့လက်ကိုတောင် မထိဖူးသေးဘူး" အိုင်းရစ်က အသံကျယ်ကျယ်ဖြင့် ငိုယိုလိုက်သည်။ အဘိုးအိုမှော်ဆရာက အော်ဟစ်၍ "မင်း ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလဲ။ မင်းရဲ့ဗိုက်က ဒီလောက်ကြီးနေတာ၊ ဘာမှမစားနိုင်ဘဲ အော့အန်ချင်နေတာတောင် မင်းရဲ့ရှက်စရာကောင်းတဲ့ အပြုအမူကို ဝန်ခံဖို့ ဒီကောင်လေး မွေးလာမယ့်အထိ စောင့်နေတာလား" ဟု ဒေါသတကြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့"
အကြီးအကဲဝုဒ်က စိတ်ချလက်ချ ပြုံးပြသည်။
"တော့လ်ဂါ စိတ်မပူပါနဲ့။ သမီးလည်း အခုတော့ မငိုပါနဲ့ဦး။ သေချာထိုင်ပါ။ ငါ မှော်ပညာနဲ့ ကြည့်ပါရစေ..."
သူသည် ကျန်လူများကို လက်ကာပြပြီး ဝက်သစ်ချလှံတံကို ကိုင်ကာ ဆုတောင်းသည်။ လှံတံပေါ်ရှိ အစိမ်းရောင်အရွက်များမှ စိုစွတ်သောအလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး မိန်းကလေးကို ဝန်းရံလိုက်သည်။ ရှိုက်ကြီးတငင်ငိုနေသော အိုင်းရစ်သည် အစိမ်းရောင်အလင်းရောင်နှင့် ဝန်းရံခံလိုက်ရပြီး မကြာမီ စိတ်အေးသွားသည်။ သူမသည် ခေါင်းကိုငုံ့လိုက်သော်လည်း မျက်ရည်များ မကျတော့ပေ။
"ဟမ် ဒီဘုန်းတော်ကြီးရဲ့ မှော်ပညာမှာ စိတ်ခံစားချက်တွေကို သက်သာစေတဲ့ လုပ်ဆောင်ချက် ရှိနေတာလား"
ဂါးရက်သည် အံ့အားသင့်သွားပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူသည် အကြီးအကဲဝုဒ်၏ မျက်လုံးတစ်ဝက်မှိတ်ထားသည်ကို တွေ့လိုက်ရသည်။ ဤဟန်ပန်သည် သူ့အတွက် ရင်းနှီးပြီး တစ်ခုခုကို အာရုံစိုက် ကြည့်နေသည်ဟု ထင်ရှားသည်။ သူသည် ဘယ်ညာလှည့်ကြည့်ကာ ခဏတာ သေချာစမ်းသပ်ပြီးနောက် သေချာစွာ သက်ပြင်းချလိုက်သည်။
"သူမ ကိုယ်ဝန်မရှိပါဘူး"
"ကိုယ်ဝန်မရှိဘူး"
အဘိုးအိုမှော်ဆရာက အကြီးအကဲဝုဒ်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ "အကြီးအကဲဝုဒ် ကျွန်တော့်ရဲ့ခံစားချက်ကို ထိခိုက်အောင် မပြောပါနဲ့။ သူမရဲ့ဗိုက်က ဒီလောက်ကြီးနေတာ..."
"ကလေးဆီကနေ အသက်ရှူသံ လုံးဝမခံစားရပါဘူး"
အကြီးအကဲဝုဒ်က ခိုင်မာစွာ ခေါင်းယမ်းသည်။ အဘိုးအိုမှော်ဆရာက မယုံကြည်နိုင်သောပုံစံဖြင့် အကြီးအကဲဝုဒ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ "တကယ်လား။ ကျွန်တော့်ကို မလိမ်ပါနဲ့။ ရက်အနည်းငယ်အကြာမှာ ကျွန်တော် ဘုန်းတော်ကြီးတွေကို ခေါ်လာခဲ့တုန်းက သူတို့က သားအိမ်ထဲမှာ အသက်ရှူသံ ခံစားရတယ်လို့ ပြောကြတယ်"
"သူတို့ ခံစားရတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒါက ရှုပ်ထွေးနေပြီး ကလေးနဲ့ မသက်ဆိုင်ပါဘူး"
အကြီးအကဲဝုဒ်က ပြန်ပြောလိုက်သည်။ အဘိုးအိုမှော်ဆရာက ပို၍ပင် စိတ်မအေးမသာ ဖြစ်လာသည်။
"ကျွန်တော့်ကို မလိမ်ပါနဲ့။ အခုတော့ အဆင်ပြေသေးတယ်။ အဲဒါကို မဖယ်ရှားရင် နောက်ပိုင်းမှာ ပိုပြီးဒုက္ခရောက်နိုင်တယ်"
"ကလေးရဲ့ အသက်ရှူသံက တကယ်ကို မရှိပါဘူး။ မယုံရင် ကိုယ့်ဘာသာကိုယ် စမ်းကြည့်"
အကြီးအကဲဝုဒ်က ခိုင်မာသောအထောက်အထားကို မပေးနိုင်သောကြောင့် ဤနည်းဖြင့်သာ ပြန်ပြောနိုင်သည်။ အဘိုးအိုမှော်ဆရာကမူ ခေါင်းကို ပိုမိုပြင်းထန်စွာ ယမ်းသည်။ "ငါက မှော်ဆရာပဲ။ အသက်ရှူသံ…..အဲလိုအရာမျိုးကို မင်းတို့ ဘုန်းတော်ကြီးတွေက ခံစားနိုင်ပေမဲ့ ငါက မခံစားနိုင်ဘူး"
စုစုပေါင်းအသက် 150 ခန့်ရှိသော အဘိုးအိုနှစ်ဦးမှာ တစ်ဦးက မယုံကြည်ဘဲ ကျန်တစ်ဦးက အထောက်အထားမပေးနိုင်ဘဲ သူ၏အမြင်ကို အခိုင်အမာပြောဆိုကာ ရန်ဖြစ်နေကြသည်။ ဂါးရက်သည် ခဏတာ ရပ်ကြည့်နေသည်။ မိန်းကလေး၏ မျက်ရည်ဝဲနေသော မျက်လုံးများ၊ သူမ၏လက်တစ်ဖက်က ဝမ်းဗိုက်ကို ဖိထားခြင်း၊ ပျို့အန်ချင်သကဲ့သို့ အကြိမ်ကြိမ် ကိုင်းညွှတ်နေသည်ကို မြင်သောအခါ ရှေ့သို့မတိုးဘဲ မနေနိုင်တော့ပေ။
"အကြီးအကဲ၊ ဆရာကြီး ကျွန်တော်... ဒီမိန်းကလေးရဲ့ အခြေအနေကို မှော်ပညာနဲ့ ကြည့်လို့ရမလား"