← Chapters

အခန်း (၁၇၂)

Vol. 13 Ch. 172

အခန်း (၁၇၂)

Vol. 13 Ch. 172

ဂါးရက် နော့်ဒ်မတ်ခ်က နောက်ဆုတ်နေရင်း ရှေ့မှ အဆက်မပြတ်ရန်ဖြစ်နေတာတွေ အပြစ်တင်နေတာတွေကို နားထောင်နေခဲ့သည်။ ခဏအကြာမှာတော့ သူဘာတွေဖြစ်နေလဲဆိုတာကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

အဘိုးအိုမှော်ဆရာသည် လပေါင်းများစွာကြာပြီးနောက် အိမ်ပြန်ရောက်လာသောအခါ သူ၏သမီးဖြစ်သည့် အိုင်းရစ်ဟု အမည်ရသော မိန်းကလေးက ကိုယ်ဝန်ရှိနေသည်ကို တွေ့လိုက်ရပြီး ဒေါသထွက်နေခဲ့သည်။ သူမကို အပြစ်ပေးရန် ရည်ရွယ်နေသည်။ အိုင်းရစ်က သူမ၏သူငယ်ချင်းများဆီမှ အကူအညီတောင်းခဲ့ပြီး သတင်းရရှိသောအခါ အမျိုးသမီးသူရဲကောင်းသည် သူမ၏အဖော်များနှင့်အတူ အပြေးအလွှားထွက်လာခဲ့သည်။ ဂါးရက်က အမျိုးသမီးသူရဲကောင်းသည် မည်သူဖြစ်ပြီး သူမ၏သူငယ်ချင်းကို မည်သည့်နေရာသို့ ခေါ်သွားရန်ရည်ရွယ်သည်၊ သို့မဟုတ် သူ၏အနာဂတ်စီမံကိန်းများက ဘာတွေလဲဆိုတာကို မသိသေးပေ။ ရှေ့မှာတော့ မြေကြီးတုန်ခါနေပြီး နှစ်ဖက်စလုံးက ရင်ဆိုင်မှုတွေ၊ အငြင်းပွားမှုတွေနဲ့ ရန်ဖြစ်မှုတွေ အများကြီးရှိပြီးနောက် နောက်ဆုံး၌တော့ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဂါးရက်က သူ၏မြင်းကို ကြီးမားသည့်ကျောက်တုံးကြီးတစ်ခုနောက်တွင် ပုန်းခိုင်းလိုက်ပြီး ချောင်းကြည့်နေခဲ့သည်။ အဘိုးအိုမှော်ဆရာက သူ၏လှံတံကို မြှောက်လိုက်ပြီး ခပ်ဖျော့ဖျော့အပြာရောင်အလင်းကို မြေပြင်ပေါ်သို့ ကျရောက်စေခဲ့သည်။ ထူထဲသည့်ရေခဲနံရံကို ပျော့ပျောင်းစေခြင်း၊ အရည်ပျော်စေခြင်း၊ မြှင့်တင်ခြင်းနှင့် ပုံသွင်းခြင်းများမှတစ်ဆင့် ကြီးမားသည့် ရေခဲဘီလူးကြီးအဖြစ် ပုံဖော်လိုက်သည်။ နောက်ဆုံးတွင် သုံးမီတာအမြင့်ရှိသည့် ရေခဲဘီလူးကြီးအဖြစ် ပြောင်းလဲသွားပြီး တစ်လှမ်းချင်းစီ ယိမ်းထိုးရင်း ရှေ့သို့တိုးလာသည်။

ဟင်း...

ဒီကောင်ကြီးကလည်း အဝေးကနေ လက်သီးနဲ့ထိုးတာ၊ ရေခဲအသက်ရှူထုတ်တာ၊ ထိမိတဲ့သူကို အေးခဲသွားစေတာမျိုးတွေ လုပ်နိုင်မလား။

ဂါးရက်က သူ၏ဂိမ်းအတွေ့အကြုံမှ ရေအခြေခံဒြပ်စင်များကို စိတ်ကူးကြည့်မိသည်။ သို့သော် ရေခဲဘီလူးကြီး၏ တိုက်ခိုက်နိုင်စွမ်းက မနှိုင်းယှဉ်နိုင်အောင် ကောင်းမွန်တာတော့ ထင်ရှားသည်။ သူပေါ်လာသည်နှင့် အမျိုးသမီးသူရဲကောင်းက တင်းမာသွားပြီး သူမ၏ကြွက်သားများပြည့်ဝသည့် ခန္ဓာကိုယ်က အနည်းငယ်ရှေ့သို့ ကိုင်းညွတ်နေခဲ့သည်။ ကျားမတစ်ကောင်လို တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။

သူမက မိန်းကလေးကို နောက်သို့တွန်းပို့လိုက်ပြီး ကျောက်ခွက်တစ်ခုထဲတွင် လုံခြုံစွာထားလိုက်ကာ သူမကို ဝတ်ရုံဖြင့် ပတ်ပေးလိုက်သည်။ ထို့နောက် ရေခဲဘီလူးကြီးနှင့် ရင်ဆိုင်ရန်

အတွက် သူမဓားကို ဆွဲထုတ်လိုက်သည်။ သူမက အသံမထွက်ဘဲ ဓားဖြင့်တစ်ချက်ခုတ်လိုက်သောအခါ သူမ၏ဓားရှည်က ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတန်းလေး ထွက်ပေါ်လာပြီး ရေခဲဘီလူးကြီး၏ ညာဘက်လက်သီးထဲသို့ အသံတိတ်ဖြတ်သွားခဲ့သည်။ ဘေးသို့တစ်လှမ်းတိုးလိုက်တော့ ကြီးမားသည့်ရေခဲတုံးတစ်တုံးက မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။

“အထင်ကြီးစရာပဲ...”

ဂါးရက်က အံ့အားသင့်စွာနှင့် တိုးတိုးလေးပြောလိုက်သည်။

အမျိုးသမီးသူရဲကောင်းက ဤသို့တိုက်ခိုက်ရုံနှင့် ကျေနပ်မနေပေ။ သူမက ရှေ့သို့လှိမ့်လိုက်ပြီး ရေခဲဘီလူးကြီး၏အောက်သို့ ခုန်ဝင်သွားကာ ခုန်တက်လိုက်ပြီး ဓားကို ဝှေ့ယမ်းလိုက်သည်။ သူမ၏ဓားထိပ်မှ ခပ်ဖျော့ဖျော့ရွှေရောင်ဓားရောင်ခြည်က ထွက်ပေါ်လာပြီး အလျားလိုက်နှင့် ဒေါင်လိုက်ခုတ်ပိုင်းလိုက်သောကြောင့် သုံးမီတာအမြင့်ရှိသည့် ရေခဲဘီလူးကြီး၏ ညာဘက်ခြေထောက်နှင့် ညာဘက်လက်မောင်းက အစိတ်စိတ်အမြွှာမြွှာကြေမွသွားခဲ့သည်။ နောက်ဆုံးတွင် အသံကျယ်ကျယ်နှင့်အတူ ရေခဲဘီလူးကြီးသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

အမျိုးသမီးသူရဲကောင်းက ရေခဲဘီလူးကြီးပေါ်သို့ ခုန်တက်သွားပြီး ဓားကိုမြှောက်ကာ ခုတ်ပိုင်းတော့မလို့ လုပ်နေသည်။ သို့သော် သူမခုတ်ပိုင်းရန် လက်မတင်ခင်မှာပင် ကျောက်ခွက်ထဲတွင် ကွေးနေသည့် မိန်းကလေးက ရုတ်တရက် အော်ဟစ်လိုက်သည်။

“ဆယ်လီနာ ရှောင်လိုက်”

ထို့နောက် ရေခဲအငွေ့အသက်များသည် နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ရေခဲဘီလူးကြီးသည် တစ်နေရာတည်း၌ လှိမ့်နေပြီး သူ၏ညာဘက်လက်မောင်း၊ ညာဘက်ခြေထောက်နှင့် လက်သီးတို့သည် ကြေမွနေသည့် ရေခဲတုံးများဖြင့် အလိုအလျောက် ပြန်တွယ်ကပ်လာသည်။ ကံကောင်းစွာဖြင့် အမျိုးသမီးသူရဲကောင်းက အချိန်မီရှောင်ရှားနိုင်ခဲ့သောကြောင့် ကြီးမားသည့်သတ္တဝါ၏ အေးခဲအောင်လုပ်ခြင်းကို မခံခဲ့ရပေ။

သို့သော် သူမ ရေခဲအငွေ့အသက်များထဲမှ ပြေးထွက်လာပြီး ရေခဲဘီလူးကြီး၏ရှေ့တွင် ပြန်ရပ်လိုက်သောအခါ သူမ၏ဓားပေါ်မှ ရွှေရောင်မီးတောက်များသည် အတော်လေးမှိန်မှောင်သွားပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ဂါးရက်၏ရှုထောင့်မှကြည့်လျှင် သူမသည် ဘယ်ဘက်လက်ကိုမြှောက်ပြီး သူ၏နဖူးမှချွေးများကို သုတ်နေသည်ကို တွေ့မြင်နိုင်သည်။ ရေခဲဘီလူးကြီးက သူ၏ကိုယ်ခန္ဓာကို ပြန်ဖြောင့်လိုက်ပြီး ရှေ့သို့ထပ်တိုးလာသည်။ ဂါးရက်က သူ၏လက်ချောင်းများဖြင့် ခန့်မှန်းကြည့်လိုက်ရာ ရေခဲဘီလူးကြီး၏အရပ်က လေးပုံတစ်ပုံခန့် လျော့နည်းသွားပြီဟု ထင်ရသည်။

သို့သော် သူက ပို၍လျင်မြန်လာခဲ့သည်။ ဆယ်လီနာက ဓားဖြင့်ချဉ်းကပ်လာသည်ကိုမြင်သောအခါ ရေခဲဘီလူးကြီးက ညာဘက်လက်သီးကိုမြှောက်ပြီး ထိုးရန်လုပ်လိုက်သည်။ သို့သော် မထိုးခင်တွင် ရုတ်တရက်ပြန်ဆုတ်လိုက်ပြီး သူ၏ဘယ်ဘက်လက်သီးကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလိုက်သည်။

“ဒိုင်း” ဟူသည့်အသံကျယ်ကျယ်နှင့်အတူ အမျိုးသမီးသူရဲကောင်းက သုံးလှမ်းခန့်နောက်ဆုတ်သွားပြီး ဒူးတစ်ဖက်ဖြင့် လဲကျသွားကာ သူမ၏ကိုယ်ခန္ဓာက တုန်ခါနေသည်။

“ဆယ်လီနာ ဖယ်လိုက်။ ငါ နင့်ကိုနာကျင်အောင် မလုပ်ချင်ဘူး”

ချောက်ကမ်းပါးပေါ်မှ အဘိုးအိုမှော်ဆရာက ထပ်ပြောလိုက်သည်။ ကျောက်ခွက်ထဲတွင် ကွေးနေသည့် မိန်းကလေးကလည်း ပူဆွေးဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်သည်။

“ဆယ်လီနာ သွားတော့။ မင်း အကောင်းဆုံးလုပ်ခဲ့ပြီးပြီ အမြန်သွားတော့။ ငါ့အဖေက နင့်ကို ထိခိုက်အောင် မလုပ်ဘူး”

“ဒါပေမဲ့ နင် သေလိမ့်မယ်”

ပထမဆုံးအကြိမ်အဖြစ် ဆယ်လီနာက နောက်လှည့်ကြည့်လိုက်သည်။

မီတာ ၁၀ ခန့်အကွာအဝေးမှ ဂါးရက် နော့်ဒ်မတ်ခ်သည် သူမ၏ကျယ်ပြန့်သည့် နဖူးပြင်၊ ပြည့်ပြည့်ဖောင်းဖောင်းပါးပြင်များနှင့် ချွန်ထက်သည့်မေးစေ့တို့ကို မြင်လိုက်ရသည်။ မဲနက်ထူထဲသည့် မျက်ခုံးများက နားထင်အထိ ကွေးညွတ်နေသောကြောင့် သူမကို ပို၍ခိုင်မာပြီး ရဲရင့်

သည့်ပုံပေါက်နေသည်။

သူမက သူမ၏သူငယ်ချင်းကို နောက်လှည့်ကြည့်လိုက်သောအခါ သူမ၏မြကျောက်ရောင်မျက်လုံးများက ရည်ရွယ်ချက်ပြည့်ဝစွာ တောက်ပနေပြီး သူမ၏အလှကို ပြင်းထန်မှုတစ်မျိုး ထည့်သွင်းပေးလိုက်သည်။ သူမကို မြင်ရသည့်သူများက အံ့ဩသွားအောင်ပင် ဆောင်ရွက်နိုင်စွမ်းရှိသည်။

ဤအချိန်တွင်တော့ သူမက ညာဘက်လက်ဖြင့် ဓားကိုကိုင်ထားပြီး ရေခဲဘီလူးကြီးကို ခုခံကာကွယ်နေသည်။ သူမ၏ကိုယ်ခန္ဓာက အနည်းငယ်ဘယ်ဘက်သို့ လှည့်နေသည်။ ဝတ်ရုံထဲတွင် ကွေးနေသည့်ကိုယ်သေးသေးလေးကိုကြည့်ရင်း သူမ၏မျက်လုံးများက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

“မင်းအဖေက မင်းကိုသတ်လိမ့်မယ်။ သူ နင့်ကိုချမ်းသာပေးမှာ မဟုတ်ဘူး။ အိုင်းရစ် ခဏလေးပဲ သည်းခံထား၊ ငါ နင့်ကို ငါ့ဆရာဆီ ခေါ်သွားမယ်”

“ကျေးဇူးပြုပြီး သွားပါ”

အိုင်းရစ်က အော်ဟစ်လိုက်သည်။ တုန်ယင်နေသည့်သူမက သူမ၏သူငယ်ချင်းဆီသို့ လက်

တစ်ဖက်လှမ်းပြီး အားကုန်လှုပ်ယမ်းပြလိုက်သည်။

“အများဆုံးဆိုရင် ငါ့အဖေက ဒီကလေးကိုပဲ ဖျက်ဆီးပစ်မှာပါ... ဆယ်လီနာ ကျေးဇူးပြုပြီး သွားပါ။ နင် ငါ့အဖေကို မနိုင်ပါဘူး။ အမြန်သွားပါ”

ရေခဲဘီလူးကြီးက ခဏတာရပ်တန့်သွားပြီးနောက် ရှေ့သို့ထပ်တိုးလာသည်။ ဤတစ်ကြိမ်တွင်တော့ သူ၏တိုက်ခိုက်မှုများက အထူးသဖြင့် ပြင်းထန်နေသည်။ လက်သီးများကို ထပ်ခါတလဲလဲဝှေ့ယမ်းနေခြင်းအပြင် သူ၏ခြေထောက်အောက်မှ မြေကြီးကိုလည်း ရေခဲအငွေ့အသက်များဖြင့် ဖုံးလွှမ်းထားသည်။ သူသွားသည့်နေရာတိုင်းတွင် သုံးပေပတ်လည်ရှိသည့် မြေပြင်သည် ရေခဲများဖြင့် တင်းမာနေသည်။

အမျိုးသမီးသူရဲကောင်းသည် သူမ၏ဓားရှည်ကို အားကုန်လွှဲယမ်းနေသော်လည်း အကြိမ်ကြိမ် ဆုတ်ခွာခဲ့ရသည်။ သူ၏ဓား၏အလင်းရောင် မှိန်ဖျော့လာပြီး ပျောက်ကွယ်လုနီးပါးဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် သူမသည် အိုင်းရစ်ကိုကျော်ပြီး ဆုတ်ခွာနိုင်ခဲ့ကာ ဘေးတိုက်လှည့်ပြီး သူမ၏သူငယ်ချင်းကို ပွေ့ချီရင်း နောက်သို့ခုန်ပြန်ခဲ့သည်။ သို့သော် ဤကဲ့သို့အချိန်တိုလေး နှောင့်နှေးမှုကတောင် သူ၏ပြိုင်ဘက်အတွက် အခွင့်အရေးဖြစ်သွားစေခဲ့သည်။ ရေခဲဘီလူးကြီးက သူ၏လက်သီးနှစ်ဖက်ကို အားဖြင့်ရိုက်ခတ်လိုက်သောအခါ ကြီးမားသည့်ရေခဲငွေ့များ ပေါက်ကွဲထွက်လာပြီး အလျင်အမြန်ပျံ့နှံ့သွားခဲ့သည်။

အမျိုးသမီးသူရဲကောင်းက အိုင်းရစ်ကို ပွေ့ချီလိုက်ချိန်မှာပင် သူ၏ခြေထောက်အောက်မှ မြေပြင်သည် ရေခဲပြင်အဖြစ်ပြောင်းလဲပြီး ဖြူဖွေးသွားခဲ့သည်။ သူ၏ဘွတ်ဖိနပ်များ ချော်ပြီး နောက်ပြန်လဲကျသွားခဲ့သည်။ အပေါ်မှာတော့ ဒေါသထွက်နေသည့် ရေခဲဘီလူးကြီးက လက်သီးနှစ်ဖက်စလုံးကို မြှောက်ပြီး တစ်ပြိုင်နက်တည်း ထိုးချရန် ပြင်ဆင်နေခဲ့သည်။

“အား”

အိုင်းရစ်အော်ဟစ်လိုက်သည်။ အပေါ်က ချောက်ကမ်းပါးပေါ်မှနေ၍ အဘိုးကြီးမှော်ဆရာ၏ အော်သံက “ရပ်…ရပ်လိုက်စမ်း” ဟု ဟိန်းထွက်လာသည်။

သို့သော် ရေခဲဘီလူးကြီးကတော့ တုံ့ဆိုင်းခြင်း လုံးဝမရှိပေ။ အမျိုးသမီးသူရဲကောင်းကတော့ ဘာသံမှမထွက်ဘဲ သူမ၏ဓားကို မရဲမရဲနှင့် မြှောက်တင်ရန် ကြိုးစားနေသည်။ သွေးများသည် ဓားသွားပေါ် ပန်းထွက်လာသည်။ ဓားပေါ်မှ မီးတောက်များကလည်း ဤတစ်ကြိမ်တွင်တော့ နီညိုရောင်နှင့် ရောနေသည့် မှိန်ဖျော့ဖျော့ရွှေရောင်အဆင်းအဖြစ် တစ်ဖန်ပြန်လည်တောက်လောင်လာပြီး အရှိန်ပြင်းပြင်းနှင့် ကျဆင်းလာသည့် ကြီးမားသည့်ရေခဲလက်သီးများကို တုန်ယင်စွာဖြင့် ကာဆီးလိုက်သည်။

“သူ့ကို တားလိုက်”

ဂါးရက်က ၅၊ ၆ လှမ်းအကွာမှနေ၍ ဘာနက်ကို အားဖြင့်တွန်းလိုက်သည်။ ရိုင်းစိုင်းသည့်လူရိုင်းကြီးသည် ပြေးထွက်သွားပြီး သူ၏အရိုးတုတ်ကို မြှောက်ကာ ရေခဲဘီလူးကြီး၏ လက်သီးများကို အပေါ်ဘက်သို့ ထိုးတင်လိုက်သည်။ မိုးခြိမ်းသံလို အသံကြီးနှင့်အတူ တုတ်နှင့် ရေခဲလက်သီးတို့ရိုက်မိပြီး လေထဲမှာပင် တောင့်ခံနေကြသည်။

သို့သော် ရေခဲငွေ့များသည် ဘာနက်၏ ခြေထောက်များကို ဖုံးလွှမ်းသွားခဲ့ပြီး ကြိတ်ချေသံနှင့်အတူ လူရိုင်းကြီး၏ ခြေထောက်၊ ခြေသလုံးနှင့် ဒူးများသည် မြေပြင်၌ အကုန်လုံးခဲသွားခဲ့သည်။ ရေခဲဘီလူးကြီးက သူ၏ခေါင်းကို ဖြည်းဖြည်းချင်းငုံ့လိုက်ပြီး သူ၏မျက်လုံးများက အပြာရောင်အလင်းတန်းများဖြင့် တောက်ပနေကာ ဘာနက်အပေါ် အာရုံစိုက်လိုက်ပြီး သူ၏လက်သီးများကို တစ်ဖန်ပြန်ပြီး မြှောက်လိုက်သည်။

ဂါးရက်က ရှေ့သို့အပြေးအလွှားသွားပြီး လူရိုင်းကြီး၏ရှေ့တွင် မတ်တပ်ရပ်လိုက်ကာ လဲကျနေသည့် အမျိုးသမီးသူရဲကောင်းကို အကာအကွယ်ပေးလိုက်သည်။ သူ၏ဘယ်လက်က ခါးတွင်ချိတ်ထားသည့် အိတ်ထဲသို့ နှိုက်လိုက်ပြီး ညာဘက်လက်ဖဝါးကို ဖြန့်ကာ အပေါ်ဘက်နှင့် ရှေ့ဘက်သို့ အလျင်အမြန်ဆန့်ထုတ်လိုက်သည်။

တောက်ပသည့် အဖြူရောင်မီးတောက်တစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။

“ဖယ်ကြစမ်း”

All Chapters