← Chapters

စစ်ပွဲအတွင်း

Vol. 019 Ch. 1832

စစ်ပွဲအတွင်း

Vol. 019 Ch. 1832

နတ်ဓားက သတ်ဖြတ်ပြီးသည်တွင် ရှေ့ကိုဆက်လက်ရွေ့လျားသွား၏။ ဓားသည် ကောင်းကင်ကိုဖြတ်သန်းကာ မြန်ဆန်စွာ ရွေ့လျားပြီး အရိပ်ထဲတွင်ရှိသောလူရိပ်များအား ပစ်မှတ်တည်လိုက်ဟန်ရသည်။

အက်ကွဲသံများကြားရကာ ရန်ဟောင်များသည် သူ၏ဓားအောက်တွင် သေဆုံးသွားရပြီး ထိုအဖြစ်က လူအများကပင် ရီဖူရှင်းကို လှမ်းကြည့်ကြရသည်။

ဓားသည် ရီဖူရှင်းဘေးကို ရောက်လာပြီး လေထဲတွင် ရပ်သည်။ သူက မျက်လုံးကိုဖွင့်ကာ အဝေးကို လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် ကြောက်မက်ဖွယ်အရှိန်အဝါနှစ်ခုကို သူမြင်တွေ့ရ၏။

တစ်ခြားတစ်ဘက်မှ လူတစ်ယောက်က တခြားသောတန်ခိုးရှင်များကို အသိပေး၏။ ကျန်ရှိသောစစ်တပ်ကား ယခု လာရာလမ်းတွင်ဖြစ်သည်။

နေရာတစ်ခုလုံးကား ပြင်းထန်သောဖိအားများဖြင့် ရှိနေကာ သတ်ဖြတ်ခြင်းအငွေ့အသက်များကား ပြင်းထန်စွာ လောင်ကျွမ်းနေချေသည်။ ဧရာမစစ်တပ်ကြီးနှစ်ခုသည် သူ၏နတ်အာရုံထဲ၌ ပေါ်လာ၏။

စစ်တပ်နှစ်ခုကား လွန်စွာ ခြားနားသည်။ မကောင်းဆိုးဝါးအင်ပါယာ၏စစ်တပ်အပေါ်ကောင်းကင်မှ ရွှေရောင်အလင်းများ ကျဆင်းနေ၏။ ထိုအရာက အာကာသနတ်ကွန်ယက်အသွင်ဖြစ်လာကာ ကောင်းကင်တစ်ခွင်လုံးကို ဖုံးအုပ်သည်။

မြေအောက်၏အရှင်၏ဂုဏ်ယူရသောသားတော် ချီယဲ့သည် မှော်နက်စစ်တပ်အား ကိုယ်တိုင် ဦးဆောင်လာသည်။ အဆုံးမဲ့သောအနက်ရောင်စွမ်းအားများသည် စုစည်းလာကာ ကောင်းကင်၌ ဧရာမမျက်နှာကြီးအသွင်ဖြစ်လာ၏။ ထိုနေရာတစ်ခုလုံးသည် သေဆုံးခြင်းနှင့်ဖျက်ဆီးခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

စစ်တပ်နှစ်ခု၏ရည်ရွယ်ချက်ကား ထင်ရှား၏။ သူတို့သည် ကောင်းကင်ဒေသမှ တန်ခိုးရှင်များကို ဖျက်ဆီးရန် ရောက်လာခြင်းဖြစ်သည်။ ကောင်းကင်ဒေသသည် မူလဘုံကို ထိန်းချုပ်ရာ သူတို့က ကောင်းကင်ဒေသကို ပိုင်ဆိုင်သောအင်အားစုအား တိုက်ခိုက်ကာ မူလဘုံကို သိမ်းပိုက်လိုကြသည်။

အင်အားစုနှစ်ခုသည် ထိုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးပြီးဖြစ်သည်။

ကောင်းကင်ဒေသမှ စစ်တပ်သည်လည်း အင်အားကြီးလှသည်။ သူတို့အားလုံးမှာ ရန်ဟောင်အဆင့်များဖြစ်ကြ၏။ ထိပ်သီးအင်အားစုသုံးခု၏တိုက်ပွဲက သေချာပေါက် ကြောက်စရာကောင်းပေသည်။

ကောင်းကင်ဒေသမှ တန်ခိုးရှင်များအားလုံး ဧရာမဖိအားကို ခံစားကြရသည်။

ဤကား သာမန်တိုက်ပွဲမဟုတ်ပေ။ တစ်စုံတစ်ယောက်က မည်မျှစွမ်းအားကြီးပါစေ၊ သည်တိုက်ပွဲတွင် သေဆုံးသွားနိုင်ချေရှိ၏။

ဟူး...

အာကာသဓားတစ်လက်သည် လေထုကိုခွင်းကာ ထွက်ပေါ်လာသည်။ ထိုဓားသည် အာကာသကွန်ယက်ထံသို့ ဦးတည်သွား၏။ ဓားသည် ထိုကွန်ယက်မုန်တိုင်းအထဲတွင် လှည့်ပတ်နေသည်ကိုမြင်ရ၏။ ထိုအရာက သန်းပေါင်းများစွာသော လျှပ်စီးတူးန်းများ ကျဆင်းလာသည့်အလား ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်၏။

ခရက်...

နားခွဲမတတ်အသံတစ်သံကို ကြားကြရသည်။ အလင်းတန်းရိုက်ခတ်သွားကာ ထိုနေရာတစ်ခုလုံးကို ဖုံးအုပ်သွားစေသော ဖျက်ဆီးခြင်းဓားများဖြစ်ပေါ်လာသည်။

ထိုဓားကား တစ်ချိန်က မဟာအင်ပါယာတစ်ပါးသုံးခဲ့သော ဓားတစ်လက်ဖြစ်သည်။ သူက ထိုဝိညာဉ်လက်နက်ကို တိုက်ပွဲတွင်အသုံးပြုနိုင်သော်လည်း ပြင်ပစွမ်းအားတစ်စုံတစ်ရာကို ထုတ်သုံးနိုင်ခြင်းတော့ မပြုနိုင်ပပေ။ ဆိုလိုသည်က သူသည် ဧကရာဇ်အသိကဲ့သို့သော စွမ်းအားကို အသုံးပြုနိုင်ခြင်းမရှိပေ။ သူသည် ကိုယ်ပိုင်စွမ်းအားဖြင့်သာ ထိုဝိညာဉ်လက်နက်ကို အသုံးပြုနိုင်သည်။

မဟုတ်လျှင် လူတိုင်းက အင်ပါယာအဆင့်ဝိညာဉ်လက်နက်များကို အသုံးပြုတိုက်ခိုက်ပြီး အရာအားလုံးမှာ အထိန်းအကွပ်မဲ့ဖြစ်သွားပေလိမ့်မည်။

ဧကရာဇ်စွမ်းအားက ၄င်းအထဲတွင်မရှိသော်လည်း မဟာအင်ပါယာတစ်ချိန်တစ်ခါက အသုံးပြုခဲ့သောလက်နက်ကား ကြောက်မက်ဖွယ်ကောင်းပေသည်။ ထိုလက်နက်ကား တစ်ချိန်က မကောင်းဆိုးဝါးအင်ပါယာ၏တပည့် ရှစ်ရှဲ၏လက်နက်ဖြစ်၏။ ယခု ထိုလက်နက်မှာ ဗလာနတ္တိတောင်ကုန်းမှာ တတိယအဆင့်နတ်ဝင်ရိုးပိုင်ရှင်တစ်ဦးအား ငှားယမ်းပေးထားခဲ့သည်။ ယခု သူသည် ဓားကို ကောင်းကင်ထက်ကို ညွှန်ထားလိုက်၏။ ကြောက်မက်ဖွယ်အလင်းများ ဓားထံမှ ပေါက်ကွဲထွက်လာသည်။

တိုက်ပွဲ၏အခြားတစ်ဘက်တွင် မြေအောက်အရှင်၏ဂုဏ်ယူရသောသားတော်သည် ရှေ့ကိုတက်သွားကာ မြေအောက်နတ်ဘုရား၏အသွင်သဏ္ဌာန်အောက်၌သို့ ရောက်လာသည်။ သူ့တွင်လည်း သူ၏ဆရာပေးထားသော အလွန်အားကောင်းသောဝိညာဉ်လက်နက်တစ်ခုရှိသည်။ ထိုအရာကား သူဝတ်ဆင်ထားသော ရတနာချပ်ဝတ်ဖြစ်သည်။

ဝတ်စုံထဲတွင် အလွန်နက်ရှိုင်းဟန်ရသော တွင်းနက်တစ်ခုရှိပြီး ထိုအရာသည် အနီးပတ်လည်မှ ဖျက်ဆီးအားများအားလုံးကိုပင် ဝါးမျိုနိုင်ဟန်ရသည်။ သူသည် မြေအောက်နတ်ဘုရားသဏ္ဌာန်နှင့်ပေါင်းစပ်လိုက်သောအခါ ဝတ်ရုံသည် နတ်ဘုရား၏နောက်ကို လွင့်သွားသည်။ အနက်ရောင်မုန်တိုင်းသည် တွင်းနက်ထဲမှ ထွက်ပေါ်လာကာ ခြောက်ခြားဖွယ်ဖျက်ဆီးအားတစ်ခု ဖြစ်ပေါ်လာ၏။

သူ့လက်တွင် ကြောက်မက်ဖွယ်ကောင်းသော မြေအောက်လှံတစ်လက်ရှိသည်။ ထိုအရာသည်လည်း အားကောင်းသော ဝိညာဉ်လက်နက်တစ်ခုဖြစ်သည်။

ကောင်းကင်ဒေသမှ တန်ခိုးရှင်များသည် ကြောက်မက်ဖွယ်စစ်တပ်နှစ်ခု နီးကပ်လာသည်ကိုမြင်၏။  သူတို့အားလုံး စိတ်ခြောက်ခြားမိကြသည်။ သူတို့သည် တိုက်ပွဲအခင်းအကျင်းထဲတွင်ရပ်ကာ သူတို့၏စိတ်အသိများ မာန်ဟုန်ပြင်းလာသည်။ အနက်ရောင်ဖီးနစ်စစ်တပ်ခေါင်းဆောင်သည် သူ၏အနက်ရောင်စေတီကို လေထဲတွင် တွဲလောင်းကျစေလျှက် ရပ်နေသည်။ ပြင်းထန်ရင့်သီးသော ဖျက်ဆီးအားသည် သူ့ထံမှ ပေါက်ကွဲထွက်လာကာ သူက ပြောသည် “မင်းတို့အားလုံး ကွဲပြားခြားနားတဲ့နေရာတွေကနေ လာကြတယ်။ ဒါပေမဲ့ မင်းတို့က ဒီတိုက်ပွဲမှာ နည်းနည်းလေးရေသာခိုလို့မရဘူး။ မဟုတ်ရင် အခုကတည်းက ထွက်သွားတာ ကောင်းမယ်”

အားလုံး၏အကြည့်က သုန်မှုန်နေသည်။ သူ ပြောသည်မှာလည်း မှန်၏။ သူတို့က မည်သို့ ရေသာခိုနိုင်မည်နည်း။

ခရက်...

နတ်အလင်းတစ်ခု ကောင်းကင်မှ ကျဆင်းလာခဲ့သည်။ အားလုံးက မော့ကြည့်သည်တွင် သန်းပေါင်းများစွာသော အလင်းများသည် လျှပ်စီးများအဖြစ် သူတို့ထံသို့ ဦးတည်လာသည်ကိုမြင်၏။ အလင်းသည် နတ်ဓားမှ လေဟာနယ်ကိုတွန့်လိမ်စေပြီး ထွက်ပေါ်လာခြင်းဖြစ်ကာ သူ၏အကွာအဝေးအတွင်းမှလူတိုင်းကို တိုက်ခိုက်သည်။

ဖီးနစ်နက်စစ်တပ်မှ ခေါင်းဆောင်က သူ၏စေတီဖြင့် တိုက်ခိုက်လိုက်သည်။ ရုတ်တရက် ကြောက်မက်ဖွယ်အလင်းတန်းသည် စေတီးမှ ထွက်ပေါ်လာကာ တစ်ဘက်မှ နတ်အလင်းများကို ရင်ဆိုင်သည်။ စွမ်းအားနှစ်ခုရင်ဆိုင်တွေ့လျှင် မျက်လုံးကျိန်းမတတ်အလင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွား၏။

သို့တိုင်အောင် ထိုအရာက နတ်ဓား၏တိုက်ခိုက်မှုကို အပြည့်အဝကာကွယ်နိုင်ခြင်းတော့ မရှိချေ။ ကောင်းကင်ဒေသမှ တန်ခိုးရှင်များအကြား လေဟာနယ်သည် တွန့်လိမ်ပုံပျက်သွားရသည်။ အက်ကြောင်းဝင်ရိုးဖြင့် တန်ခိုးရှင်တစ်ဦးသည် သူ့ထံသို့ လွင့်ပျံ့လာသော အလင်းအားမြင်လျှင် ထွက်ပြေးရန် ကြိုးစား၏။ သို့သော်လည်း ထိုလေဟာနယ်ဖျက်ဆီးခြင်းစွမ်းအားက သူ့ကိုပါ နစ်မြုတ်သွားစေသောအခါ သူသည် မည်သို့ခုခံရန်ပင် မသိလိုက်ဘဲ သေဆုံးသွားရတော့သည်။

သူ့အနေဖြင့် ပြေးရန်လမ်းမရှိခြင်းဟုပြောလျှင်ပင် ရနိုင်သည်။

တခြားအားနည်းသောရန်ဟောင်များသည်လည်း တူညီသောကံကြမ္မာကို ခံစားကြရသည်။ သူတို့က ထိုမျှပြင်းထန်သောတိုက်ခိုက်မှုအား ခံနိုင်ရည် မရှိကြပေ။

တစ်ခြားတစ်ဘက်တွင် ချီယဲ့သည်လည်း စတင်တိုက်ခိုက်သည်။ သူ့ရင်ဘတ်မှ အနက်ရောင်ဖျက်ဆီးခြင်းအလင်းများနှင့်အတူ မီးတောက်နက်များ စတင်ထွက်ပေါ်လာ၏။ ကမ္ဘာပျက်ကဒ်ဘေးတစ်ခု သက်ဆင်းလာသည်နှင့် တူ၏။

ကောင်းကင်သည် အနက်ရောင်လေစီးကြောင်းများနှင့် ဖုံးအုပ်လာသည်။ ထိုမြင်ကွင်းကို တွေ့မြင်သူတိုင်းမှာ အမှန်တကယ် ကမ္ဘာ့အဆုံးသတ်နေ့ရက်များသို့ ရောက်လာသည့်အလား ထင်မြင်မိကြ၏။ အလင်းဟူသည် ကင်းမဲ့ဟာ သေဆုံးခြင်းနှင့် ပျက်စီးခြင်းကိုသာ တွေ့နိုင်သည်။

ထိုအခိုက်တွင် လူတစ်စုသည် ထိုပျက်စီးခြင်းမုန်တိုင်းထဲသို့ တိုးဝင်လာကြ၏။ သူတို့မှာ ပျက်စီးသွားခြင်းမရှိသလို ဝါးမျိုခံရခြင်းလည်း မရှိပေ။ နတ်အလင်းများသည် သူတို့၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားကာ လေထဲတွင် ရဟန်းပုံရိပ်တစ်ခုပေါ်လာသည်။

အဖြူရောင်ဝတ်စုံဝတ်ဘုန်းကြီးတစ်ပါးသည် သူတို့၏ခေါင်းပေါ်တွင်ရပ်နေ၏။ သူ့တွင် ဆံပင်များမရှိသော်လည်း သူသည် ငယ်ရွယ်နုပျိုကာ ချောမောခန့်ညား၏။ သူက လက်အုပ်မိုးလိုက်လျှင် ဗုဒ္ဓသင်္ကေတများ ကောင်းကင်တွင်ပေါ်လာသည်။ လေဟာနယ်တွင် ဗုဒ္ဓတရားစာများ အစဉ်လိုက်ထွက်ပေါ်လာပြီး ၄င်းတို့သည် အမှောင်ထုကို ဖျက်ဆီးသည့် သန့်စင်အလင်းများအဖြစ် ပြောင်းလဲသွားတော့သည်။

“ဗုဒ္ဓကျမ်းစာတွေ...” အားလုံးက အထိတ်တလန့် ရေရွက်မိကြ၏။ သူတို့က တရားတော်များ ရွက်ဖက်သံကိုပင် သဲ့သဲ့ကြားနေကြရ၏။ သင်္ကေတများသည် တဖြေးဖြေးပိုကြီးမားလာကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလာတော့သည်။ ထို့နောက်တွင် ရှေးဟောင်းရဟန်းတစ်ပါး လေထဲထွက်ပေါ်လာကာ အလင်းများကို ဖြန့်ကျက်လျှက် အမှောင်ဓာတ်များအားလုံးကို သန့်စင်၏။

ထိုမြင်ကွင်းက လူအများအပြားကို နားလည်စေသည်။ ကြည့်ရသည်မှာ အနောက်ကောင်းကင်မှ ရဟန်းများသည် အနည်းငယ်မျှပင် အလျော့ပေးသည့်ဟန်မရှိပေ။ ချောမောခန့်ညားသော ရဟန်းငယ်သည် သေချာပေါက် အားကောင်းသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ကောင်းကင်ထက်မှ မြေအောက်နတ်ဘုရား၏မျက်လုံးများတွင် ရန်လိုသောအလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သူကိုင်ဆောင်ထားသော မြေအောက်လှံသည် ပိုမိုကြီးထွားလာခဲ့ကာ အောက်ကို ထိုးစိုက်ချလိုက်သည်။ အနက်ရောင်အလင်းများသည် လှံမှ စိမ့်ထွက်လာခဲ့ကာ အရာအားလုံးကို ဖျက်ဆီးပစ်လို၏။ လှံသည် သင်္ကေတများမှ ဖြစ်ပေါ်လာသော ရဟန်းတော်အား ဖျက်ဆီးပစ်လိုသည်။

ရဟန်းက လက်ကိုမြှောက်လိုက်လျှင် လေထုသည် တုန်ခါသွား၏။ အဆုံးမဲ့သော သင်္ကေတများသည် ဧရာမလက်ဝါးတံဆိပ်တော်အဖြစ် ပြောင်းလဲသွားကာ လှံကို ထိပ်တိုက်ရင်ဆိုင်သည်။ ထိုအဖြစ်က ကောင်းကင်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခုအား ဖြစ်ပေါ်စေသည်။

ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ထိုဂုဏ်ယူရသော မြေအောက်သားတော်အား ရင်ဆိုင်နိုင်ဟန်ရှိသည်။

သူ့နောက်မှ တန်ခိုးရှင်များသည်လည်း ရှေ့ကိုတက်သွားကြသည်။ လျပ်တပြက်တွင် ထိုနေရာတစ်ခုလုံးအား ဖျက်ဆီးခြင်းမုန်တိုင်းများဖြင့် ဖုံးလွှမ်းသွားစေသည်။

စစ်တပ်သုံးခုရင်ဆိုင်တိုက်ခိုက်ခြင်းက ကြောက်မက်ဖွယ်ကောင်း၏။ ကောင်းကင်ပြိုလဲကျဆင်းကာ မြေပြင်သည် အက်ကြောင်းများဖြစ်လာတော့မည့်အလား ထင်မှတ်ရသည်။ ချက်ချင်းပင် အနီးတဝိုက်မှ တောင်ကုန်းများ ပြားချသွား၏။

တိုက်ပွဲသည် ချက်ချင်းဖြစ်ပွား၏။ ရန်ဟောင်တန်ခိုးရှင်များသည် အဝေးမှပင် တိုက်ခိုက်နိုင်ကြသည်။ သူတို့၏စစ်တပ်များမှာ သေးငယ်သောနေရာ၌ ပိတ်မိနေကြရာ သူတို့သည် စွမ်းအားကုန်ထုတ်မသုံးမိစေရန် ထိန်းချုပ်ထားကြရ၏။

ရန်ဟောင်အများအပြားသည် ပထမဆုံးထိတွေ့မှုတွင်ပင် ကျဆုံးသွားရာ လူအများအပြားမှာ မသက်မသာခံစားကြရ၏။ ရန်ဟောင်များမှာ မည်သည့်နေရာတွင်မဆို သြဇာအာဏာကြီးမားသူများဖြစ်ကြသော်လည်း ဤသို့သောအဆင့်တိုက်ပွဲ၌ သေဆုံးနိုင်ချေများပေသည်။

အကြောင်းကား သည်တိုက်ပွဲမှာ လောက၏အင်အားအကြီးဆုံး အင်အားစုများ၏အားပြိုင်မှုများကြောင့်ဖြစ်သည်။

အကယ်၍ ဗုဒ္ဓကျင့်ကြံသူများကိုသာထည့်တွက်လျှင် နတ်ဘုရားအဆင့်အင်အားစုလေးခု ဖြစ်ပေမည်။

မှန်သည်၊ ဤကား အားကုန်ထုတ်သုံးသော တိုက်ပွဲမဟုတ်သေးပေ။ သူတို့က မူလဘုံကို ရယူရန်သာ တိုက်ခိုက်ကြသေးခြင်းဖြစ်ရာ သူတို့၏စွမ်းအားများကို လျှိုထားပေသေးသည်။ မဟုတ်လျှင် မည်သို့သော အတိုင်းအတာသို့အထိ ရောက်လာမည်နည်း။

ရီဖူရှင်းသည် လေထဲတွင် လွင့်မြောနေသည်။ ကော့တေးမှ တပည့်များသည်လည်း တိုက်ပွဲတွင် စတင်ပါဝင်ကြ၏။ သူ့အနီးတွင် ဓားစက်ကွင်းတစ်ခု ပေါ်လာသည်။ ဓားသည် မည်သည့်အချိန်တွင်မဆို စတင်တိုက်ခိုက်နိုင်သည်။ သို့သော်လည်း သူက လှုပ်ရှားခြင်းမရှိသေးဘဲ နတ်အာရုံဖြင့်သာ အခြေအနေကို စောင့်ကြည့်နေသည်။

အရှင်ဒွန်ဟောင်အပေါ်တွင် သူ့အနေဖြင့် မည်မျှအပြစ်တင်စိတ်များရှိသည်ဖြစ်စေ၊ သူ့အနေဖြင့် မူလဘုံကို ကာကွယ်ပေးမှုအား အသိအမှတ်ပြုရပေမည်။ လက်ရှိတွင် သူသည်လည်း တိုက်ပွဲကို အနိုင်ရရန် မျှော်လင့်သည်။ တစ်ဘက်တွင် ကော့တေးမှ တပည့်များ၏ဘေးကင်းရေးမှာ သူ၏နံပါတ်၁ ဦးစားပေးဖြစ်သည်။

စစ်မြေပြင်တွင် သူတို့ထက် များစွာ သန်မာသူများရှိရာ သူ့အနေဖြင့် သတိထားရန် လိုပေသည်။

ဥပမာအားဖြင့် လက်ရှိတါင် အလွန်သန်မာသောလူတစ်ယောက်ရှိနေသည်။ သူ ရောက်ရှိရာနေရာတိုင်း၌ လူအများ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားရ၏။ သူ့နောက်တွင် ဧရာမတိုက်ပွဲပုံစံတစ်ခုရှိနေပြီး သူ့နတ်ဝင်ရိုးမှာ လက်သီးအရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသည်။

ဟူး...

သူက လေထဲတွင်ပျံသန်းရင်း သူ၏လက်သီးဖြင့် ထိုးသွင်းလိုက်သည်။ သူ၏လက်သီးသည် ရန်ဟောင်တစ်ပါး၏ခန္ဓာကိုယ်ကို ဖြတ်သန်းကာ သူ့အား ထိုနေရာတွင်ပင် သတ်ဖြတ်သွား၏။

သူကား ဗလာနတ္တိတောင်ကုန်းမှ ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ထိုအခိုက်တွင် သူ၏အကြည့်က တစ်နေရာသို့ ရောက်သွားပြီး လျင်မြန်စွာ ရွေ့လျားသွားသည်။ ထိုနေရာကား ရှောင်ကလန်မှ ရှောင်မုယွီရှိနေရာဖြစ်သည်။ သူ၏မျက်လုံးထဲတွင် အထင်မြင်သေးသော အရိပ်တချို့ ဖြတ်ပြေးသွားသည်။

ဗလာတောင်ကုန်းမှ တန်ခိုးရှင်သည် ဤတိုက်ပွဲ၌ သေချာပေါက် သူရဲကောင်းတစ်ဦးဖြစ်လာ၏။

***

All Chapters