← Chapters

အခန်း (၅၄၆)

Vol. 37 Ch. 546

အခန်း (၅၄၆)

Vol. 37 Ch. 546

တစ်ဖက်တွင် အစ်ကိုဖြစ်သူနှင့် နှိုင်းစာပါက အနည်းငယ် ရင့်ကျက်ဟန်ရသော ကျင်းချူရန်က

“ အစ်ကို… အစ်မယွမ် ပြောခဲ့တာ နင်မေ့သွားပြီလား… ဘုရင်အဆင့်ရဲ့ အထက်မှာ အင်ပါယာအဆင့် ရှိတယ်လေ… ဒါပေမဲ့ ငါတို့ဆရာက အင်ပါယာအဆင့်မှာ မဟုတ်ဘူး… သူက သေချာပေါက် အင်ပါယာအဆင့်ရဲ့ အထက်က ကျင့်ကြံသူပဲ…”

ကျင်းရှုရန်က အလွန်သေချာနေဟန်ဖြင့် အစ်ကိုဖြစ်သူအား လေးနက်စွာ သတိပေးလိုက်သည်။

“ မှတ်ထား… နောက်တစ်ခါ မမေ့နဲ့… အင်ပါယာအဆင့်ရဲ့ အထက်မှာ နောက်ထပ်အဆင့်တွေ ရှိသေးတယ်…”

ကျင်းချူရန်၏ အတည်ပေါက်ကြီးဖြစ်နေသော မျက်နှာထားအား ကြည့်ကာ ဝေ့ယွမ်နှင့်ကုချီတို့နှစ်ယောက်လုံး ရယ်မောမိလိုက်ကြ၏။

ရွှမ်ယီပင်လျှင် နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် တွန့်ကွေးသွားခဲ့ရသည်။

တစ်ဖက်တွင် ဝေ့ယွမ်က အနည်းငယ်ရယ်မောလိုက်ပြီးနောက် ခေါင်းယမ်းလိုက်ကာ ပြုံးလျက်

“ မင်းတို့နှစ်ယောက်က အခုမှ ကျင့်ကြံခြင်းလောကနဲ့ စတင်ပြီး ထိတွေ့ရုံပဲရှိသေးတယ်… ဒါကြောင့်မို့လို့ အစ်မက မင်းတို့ ရှုပ်ထွေးသွားမှာစိုးတဲ့အတွက် အင်ပါယာအဆင့်ရဲ့အောက်က အဆင့်တွေအကြောင်းကိုပဲ ပြောပြခဲ့တာ…”

“ ဘုရင်အဆင့်မှာ မူလဘုရင်၊ လူသားဘုရင်နဲ့ ကောင်းကင်ဘုရင်အဆင့်ဆိုပြီးတော့ သုံးခုရှိတယ်လို့ အစ်မပြောဖူးတာ မင်းတို့ မှတ်မိကြတယ်မလား… ပြီးတော့ အင်ပါယာအဆင့်ကို မရောက်သေးခင် ကောင်းကင်ဘုရင်အဆင့်ရဲ့အထက်မှာ အင်ပါယာတစ်ဝက်အဆင့်ဆိုပြီး အဆင့်တစ်ခုရှိသေးတယ်… ဆရာက အဲဒီအဆင့်မှာပဲ…

ကုချီကလည်း

“ ကောင်လေး…ဆရာက အင်ပါယာတစ်၀က်အဆင့် ဆိုပေမယ့် လျှော့မတွက်နဲ့ကွ… ဆရာက ဓားသမားတစ်ယောက်ပဲ… သူက အင်ပါယာအဆင့်ကိုမရောက်သေးပေမယ့် သူရဲ့ တိုက်ခိုက်နိုင်စွမ်းက အင်ပါယာအဆင့် ထိပ်ဆုံးကလူတွေအောက် လုံး၀ မလျော့ဘူး…”

ကုချီနှင့် ဝေ့ယွမ်တို့ထံမှ စကားများကြောင်း ကျင်းမောင်နှစ်မတို့ ရှက်ရွံ့သွား၏။

သို့သော် ယင်းက တခဏမျှသာကြာခဲ့ပြီး ကျင်းချူရန်က သိချင်စိတ်ကို မထိန်းနိုင်ဘဲ

“ အစ်မယွမ်… အင်ပါယာအဆင့်ပြီးရင် ဘာအဆင့်လာလဲဟင်…”

ခပ်တိုးတိုးမေးလိုက်၏။

ဝေ့ယွမ်က ရွှမ်ယီဘက်သို့ လှည့်ကြည့်ပြီး ရွှမ်ယီ ခေါင်းညိတ်ပြသည်ကိုမြင်လျှင်

“ အင်ပါယာအဆင့်ပြီးရင် ကျင့်ကြံခြင်းလမ်းကြောင်းရဲ့ သတ္တမအဆင့်ဖြစ်တဲ့ စိတ်ဝိညာဉ် တာအိုအရှင်သခင်အဆင့်ပဲ…”

“ ပြီးတော့ စိတ်ဝိညာဉ် တာအိုအရှင်သခင်အဆင့်ကို အစစ်အမှန် စိတ်ဝိညာဉ်အဆင့် ၊ နတ်ဘုရားစိတ်ဝိညာဉ်အဆင့် နဲ့ ကောင်းကင်စိတ်ဝိညာဉ်အဆင့်ဆိုပြီး (၃)ဆင့်ခွဲထားသေးတယ်….”

ကျင်းမောင်နှစ်မ နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။

သူတို့ ရှင်းလင်းစွာနားမလည်သေးမှန်း ရွှမ်ယီ ၊ ဝေ့ယွမ်နှင့် ကုချီတို့သိကြသော်လည်း ဆက်ရှင်းပြခြင်းမရှိတော့ချေ။

နောက်ဆုံးတွင် စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့်က ၎င်းတို့နှင့် အလှမ်းကွာလွန်းလှသေးသည် မဟုတ်ပေလော။

သာမန်အတိုင်းကြည့်မည်ဆိုလျှင် တာအိုအရှင်သခင်အဆင့်က အင်ပါယာအဆင့်ထက် (၄)ဆင့် ပို၍ လျော့နည်းပေသည်။

သို့သော် အင်ပါယာအဆင့်(၇)ဆင့်ကို လျှောက်လှမ်းရသည်ထက် ပို၍ ခက်ခဲရှည်လျားလှ၏။

အဘယ်ကြောင့်ဆိုသော် တာအိုအရှင်သခင်အဆင့်မှ အဆင့်ကြီး(၃)ဆင့်တွင် အဆင့်သေး(၉)ခုစီ ခွဲခြားထားသောကြောင့်ပင်။

ထို့အပြင် အဆင့်တစ်ခုချင်းစီ အကြား ကွာဟချက်က ပထမအတိဒုက္ခအင်ပါယာနှင့် အထွတ်အထိပ်အင်ပါယာအဆင့်တို့အကြားမှ ကွာဟချက်နီးပါး ရှိပေသည်။

တစ်နည်းဆိုရမည်ဆိုလျှင် အဆင့်(၂) အစစ်အမှန်စိတ်ဝိညာဉ်အဆင့်မှ ကျင့်ကြံသူက အဆင့်(၁) အစစ်အမှန်စိတ်ဝိညာဉ်အဆင့်မှ ကျင့်ကြံသူအား အသက်တစ်ချက်ရှုရုံမျှဖြင့် သတ်ပစ်နိုင်စွမ်းရှိ၏။

ထိုကိစ္စနှင့်ပတ်သက်ပြီး အရှေ့ပိုင်းတိုက်ကြီး တစ်ခုလုံးကို မနာလိုဖြစ်စေခဲ့သူမှာ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း ( ဖေးရှန့်ဂိုဏ်း ) မှ (၇)ယောက်မြောက်အကြီးအကဲ ချီလင်းတန်ဖြစ်ပေသည်။

သူက လွန်ခဲ့သော နှစ်ပေါင်း(၇၂၀၀)က အစစ်အမှန် စိတ်ဝိညာဉ်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့၏။

ထို့အပြင် သူက အစစ်အမှန်စိတ်ဝိညာဉ်အဆင့်သို့ရောက်သည်နှင့် တစ်ပြိုင်နက် အဆင့်(၃) အစစ်အမှန်စိတ်ဝိညာဉ်အဆင့်သို့ တိုက်ရောက်ရှိသွားခဲ့သည်။

……

နက်နဲခြင်းအင်ပါယာဂိုဏ်း တည်ရှိရာ မဟာပျက်စီးခြင်းနယ်မြေ အစွန်အဖျား…

ကောင်းကင်ပြိုလဲခြင်း တောင်ထိပ်တွင်…

အင်မော်တယ်နန်းတော်ကြီးအလား ထင်မှတ်ရသော ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခုရှိနေခဲ့ပြီး ၎င်းအောက်ဘက်တွင် ကျင့်ကြံခြင်းလှိုဏ်ဂူ (၁၀)ခု ရှိနေကာ ၎င်းတို့အနက် (၄)ခုက ပိုင်ရှင်ရှိနှင့်ပြီးသားဖြစ်၏။

လက်ရှိအချိန်တွင် ကုချီဖြစ်စေ ဝေ့ယွမ်ဖြစ်စေ ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်သို့ ရောက်ရှိပြီးနောက် စိတ်ထဲ၌ မှတ်ချက်တစ်ခုတည်းသာရှိတော့သည်။

အံ့ဩဖို့ကောင်းလိုက်တာ…!

“ ဒါ.. ဒါက ကောင်းကင်ထက်က ကြယ်တွေဆီကလာတဲ့ စွမ်းအင်ကို စုပ်ယူ စုစည်းပေးနိုင်တဲ့ အဆင့်(၈)စိတ်ဝိညာဉ်သစ်ပင် မဟုတ်လား… အဲ့ဒီသစ်ပင်အောက်မှာ တစ်ရက်လေ့ကျင့်တာက ပြင်ပနေရာတွေမှ တစ်နှစ်လေ့ကျင့်တာနဲ့ ယှဉ်နိုင်တယ်လေ….”

သူမ နေထိုင်ရမည့် ကျင့်ကြံခြင်းလှိုဏ်ဂူရှေ့မှ ဧရာမ သစ်ပင်ကြီးကိုမြင်လျှင် ဝေ့ယွမ် သူမ၏ လှပသော နှုတ်ခမ်းနှစ်လွှာကို လက်ဖြင့် ညင်သာစွာဖုံးလျက် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

သူမက ဝေ့နိုင်ငံတော်၌ မင်းသမီးတစ်ပါးဖြစ်ခဲ့၏။

သို့သော် သူမတို့ အင်အားစုက အင်ပါယာတစ်၀က်အဆင့်မျှသာရှိပြီး တောင်ပိုင်းနယ်စပ်၌ ဘယ်နေရာမှ တိုးမပေါက်ပေ။

ထို့ကြောင့် ဤစိတ်ဝိညာဉ်သစ်ပင်ကြီးအား မြင်လျှင် မျက်လုံးများပင် ဝိုင်းစက်သွားခဲ့ရ၏။

သူမက ဆရာဖြစ်သူအား အမြဲတစေ ယုံကြည် လေးစားသူတစ်ယောက်ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေများကို ချက်ချင်းလက်သင့်မခံနိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။

အိမ်မက်မက်နေသည့်အလား ခံစားနေရ၏။

ဝေ့ယွမ် မှင်သက်နေမှုမှ ပြန်လည် သတိ၀င်လာရန် အချိန်တော်တော်လေး ယူခဲ့ရ၏။

လမ်းပြပေးရန် လိုက်လာခဲ့သော လီလန်က ပြန်လည်သတိ၀င်လာခဲ့သော ဝေ့ယွမ်အား ကြည့်ရင်း အနည်းငယ်ပြုံးလိုက်မိသည်။

သို့သော် အနည်းငယ်မျှ မလေးမစားမလုပ်ခဲ့ပေ။

ကောင်းကင်ပြိုလဲခြင်းတောင်ကို ပြန်လည် မွမ်းမံခဲ့သော ဆရာဖြစ်သူ၏ အံ့ဖွယ်နည်းလမ်းများက ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲခြင်းဟုပင် တင်စားရလောက်သည်။

သူမက မြင့်မြတ်ခြင်းမူလ လေလံစံအိမ်တွင် မွေးဖွားခဲ့သူဖြစ်သည့်တိုင် ပြန်လည် မွမ်းမံခဲ့သည့် မြင်ကွင်းက အလွန်အမင်း အံ့အားသင့်စရာဖြစ်ခဲ့၏။

တစ်ဖက်တွင် စီနီယာအစ်မဖြစ်သူ၏ တုံ့ပြန်မှုက အနည်းငယ်တည်ငြိမ်နေသေးသည်ဟုပင် ဆိုနိုင်သည်။

…

‌တစ်ဖက်တွင် ကုချီ၏ တုန်လှုပ်မှုက ဝေ့ယွမ်ထက် ပို၍ ကြီးမား၏။

‌

ဝေ့ယွမ်ဆင်းသက်လာသော နောက်ခံနှင့် ကျင့်ကြံမှုက ထိုမျှ မမြင့်မားသည်ဖြစ်ရာ အဆင့်မြင့်ရတနာများနှင့်ပတ်သက်၍ သိပ်ပြီး ဗဟုသုတ ကြွယ်၀ခြင်းမရှိချေ။

သို့သော် ကုချီက ခြားနား၏။

သူက အရှေ့ပိုင်းတိုက်ကြီး၌ အကြွယ်၀ဆုံးဖြစ်သော အရှေ့ပိုင်းနယ်မြေ၌ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကျင့်ကြံမှုကလည်း အင်ပါယာအဆင့်သို့ ရောက်ရှိနေခဲ့၏။

ထို့ကြောင့် ကောင်းကင်ပြိုလဲခြင်းတောင်အပြင်ဘက်သို့ ရောက်သည်နှင့် ဂိုဏ်းကို ကာကွယ်ထားသော မဟာကောင်းကင်ဘုံ ကြယ်စင်စုအစီအရင်ကြီးအား ဦးစွာ သတိပြုမိခဲ့သည်။

စိတ်ထဲတွင် စကြာဏဠာကြယ်စင်စုကြီးတစ်ခုကို မြင်တွေ့လိုက်သည့်အလား ခံစားလိုက်ရ၏။

ထို့အပြင် အလွန်လှပသော ကြယ်အလင်းများအောက်၌ ကြောက်မက်ဖွယ် စွမ်းအားထုကြီးက ပုန်းကွယ်တည်ရှိနေသည်။

“ အထွတ်အထိပ်အင်ပါယာအဆင့်တွေ ရောက်လာရင်တောင် ထိုးဖောက်နိုင်မှာမဟုတ်ဘူး….”

ကုချီ နှလုံးသားထဲ၌ သက်ပြင်းချလိုက်မိ၏။

သို့သော် သူက အစီအရင်ကြီး၏ စွမ်းအားကို လျှော့တွက်နေဆဲဖြစ်ကြောင်းတော့ မသိပေ။

ဝေ့ယွမ်ကဲ့သို့ပင် ကုချီလည်း ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်သို့ရောက်သည်နှင့် နေထိုင်ရမည့် ကျင့်ကြံခြင်း လှိုဏ်ဂူရှိရာ ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။

သို့သော် ဝေ့ယွမ်နှင့် မထူညီသည်က ကုချီနှင့်ပတ်သက်ပြီး အထူးအခြေအနေတစ်ခုရှိသောကြောင့် ရွှမ်ယီကိုယ်တိုင် ခေါ်ဆောင်လာခဲ့၏။

“ ဒါက.. ကောင်းကင်ဘုံဓားကိုးစင်း ပန်းပင်မဟုတ်လား…?”

ရွှမ်ယီ၏ လမ်းညွှန်မှုဖြင့် ကောင်းကင်ထက်မှ ပျံသန်းလာစဉ် အလွန်ကျယ်၀န်းသော ဆေးပင်စိုက်ခင်းကြီးကို မြင်တွေ့ခဲ့ရ၏။

ရွှမ်ယီနှင့် စတွေ့ကတည်းက အံ့အားသင့်စရာများ ခဏခဏ ကြုံတွေ့နေခဲ့ရသည်ဖြစ်ရာ ထိုကိစ္စများက ကုချီအတွက် သိပ်မထူးဆန်းတော့ပေ။

သို့သော် သူနေထိုင်ရမည့်နေရာသို့ရောက်လာချိန်၌ အဆင့်(၈) ကောင်းကင်ဘုံဓားကိုးစင်း ပန်းပွင့်ကိုမြင်လိုက်ရလျှင် ကုချီ ဆက်လက်တည်ငြိမ်မနေနိုင်တော့ပေ။

အသက်ရှုသံများပင် မြန်ဆန်လာခဲ့၏။

All Chapters