← Chapters

အခန်း (၅၄၇)

Vol. 37 Ch. 547

အခန်း (၅၄၇)

Vol. 37 Ch. 547

ထို့ကြောင့် သူ့ရှေ့တွင်ရှိသော ထိုထူးဆန်းသည့် ပန်းပင်က ဖေးရှန့်ဂိုဏ်း၌ မှတ်တမ်းတင်ထားသော ကောင်းကင်ဘုံ ဓားကိုးစင်း ပန်းပင်ဖြစ်ကြောင်း သတိပြုမိလိုက်ပြီးနောက်

ကုချီ ပြောမပြတတ်လောက်အောင် ထိတ်လန့်သွားခဲ့လေသည်။

စိတ်ကိုတည်ငြိမ်စေရန် အကောင်းဆုံးကြိုးစားလျက် အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီးလျှင်

“ ဆရာ… ဒီပန်းပင်ကို ကျွန်တော့ ကျင့်ကြံခြင်းလှိုဏ်ဂူရှေ့ထားတာကြီးက အရမ်းများလွန်းတယ်မဟုတ်ဘူးလား…”

ကုချီစိတ်ထဲတွင် ရွှမ်ယီက ထိုပန်းပင်၏ အစစ်အမှန်တန်ဖိုးကို မသိသောကြောင့် သူ့လှိုဏ်ဂူရှေ့၌ စိုက်ပျိုးထားသည်ဟု ထင်မှတ်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံ ဓားကိုးစင်း ပန်းပင်က အရှေ့ပိုင်းတိုက်ကြီး၌ မျိုးသုဉ်းသွားခဲ့သည်မှာ ကြာမြင့်ချေပြီ။

တစ်ဖက်တွင် ရွှမ်ယီက မည်မျှအစွမ်းထက်စေကာမူ မျိုးဆက်သစ်လူငယ်တစ်ယောက်သာဖြစ်သေး၏။

ထိုပန်းပင်၏ တန်ဖိုးကို မသိရှိခြင်းမှာ သဘာ၀ကျပေသည်။

ကုချီက ရွှမ်ယီအား သတိပေးလိုသော်လည်း သူ့အား နှိမ့်ချစော်ကားသည်ဟု အထင်လွဲသွားလျှင် ခက်ချေရော့မည်။

ဤသို့ဖြင့် ပါးစပ်ဟထားပြီးဖြစ်သော်လည်း သတိပေးရန် တုံ့ဆိုင်းနေခဲ့၏။

ရှုပ်ထွေးနေဟန်ရသော ကုချီအား ကြည့်လိုက်ရင်း ရွှမ်ယီ အနည်းငယ်ပြုံးကာ ကုချီပုခုံးအား ပုတ်လိုက်ရင်း

“ မများပါဘူး… ဒါကို ဒီမှာပဲထားမှာ… မင်းရဲ့ မူလတာအို ရတနာအရိုးကို ပြုပြင်ပြီးသွားရင် ဒါကို ဓားတာအိုညာဏ်အလင်းအတွက် အသုံးပြုလို့ရတယ်…”

ရွှမ်ယီ ခေတ္တရပ်တန့်လိုက်ပြီး

“ ဒီ ကောင်းကင်ဘုံ ဓားကိုးစင်းပန်းပင်က အရမ်းကောင်းမွန်တာမှန်ပေမယ့်… ငါ့အတွက် အသုံးမ၀င်တော့ဘူး…”

“ ဟုတ်ကဲ့…”

ကုချီ မသိစိတ်အရ ခေါင်းညိတ်မိလိုက်သော်လည်း ချက်ချင်း သတိ၀င်လာခဲ့ပြီး နေရာ၌ အေးခဲသွားခဲ့သည်။

“ ဆရာ.. ဆရာ တကယ်ပဲ…”

ကုချီ၏ အသံက တုန်ယင်နေပြီး ရွှမ်ယီအား ကြည့်နေသော မျက်၀န်းများအတွင်း ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။

ယင်းက ကုချီအမြင်ကျဉ်းမြောင်းခြင်းမဟုတ်ပေ။

ဓားကျင့်ကြံသူတစ်ယောက်အနေနှင့် အဆင့်(၉) ဓားရည်ရွယ်ချက်အား နားလည်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်သောကြောင့်ပင်။

အဆင့်(၄) သို့မဟုတ် အဆင့်(၅)သို့ ရောက်ရှိနေသူများကိုပင် လက်တစ်ဖက်နှင့် ရေတွက်နိုင်၏။

၎င်းတို့အနေဖြင့် ဓားတာအို၌ အမြင့်ဆုံးသို့ မရောက်သေးသော်လည်း အရှေ့ပိုင်းတိုက်ကြီး၌ အစွမ်းထက်ဆုံးသော ဓားပညာရှင်များဖြစ်ကြသည်။

ထို့ကြောင့် ရွှမ်ယီ၏ ဓားရည်ရွယ်ချက် အဆင့်(၉)သို့ ရောက်နေကြောင်းသိလိုက်လျှင် ကုချီ အလွန်အမင်း အံ့ဩ မှင်သက်သွားခဲ့ရခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာနှင့် ကုချီက ဤမတိုင်ခင်ကတည်းက မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်ကြီးနှင့် ကောင်းကင်ဘုံ ဓားကိုးစင်း ပန်းပင်တို့ကို မြင်ခဲ့ပြီးဖြစ်၏။

အစပိုင်းတွင် ရွှမ်ယီပြောခဲ့သော မူလတာအို ရတနာအရိုးအား ပြန်လည်ပြုပြင်ကာ ပြီးပြည့်စုံစေမည့်ကိစ္စနှင့် ပတ်သက်ပြီး အနည်းငယ် မယုံကြည်နိုင်ဖြစ်နေခဲ့သော်လည်း ယခုတွင် သံသယမရှိတော့ချေ။

ရွှမ်ယီက ကုချီအား ဦးဆောင်ပြီး ကျင့်ကြံခြင်းလှိုဏ်ဂူ အတွင်းပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

“ ဂိုဏ်းချုပ် အဆင်သင့်ဖြစ်ပါပြီ…”

ကုချီ လှိုဏ်ဂူအတွင်းသို့ ရောက်လာပြီး အတွင်းပိုင်း အလုံးစုံမြင်တွေ့ရခြင်း မရှိသေးမီ

လှိုဏ်ဂူ အတွင်းပိုင်းမှနေ၍ အတန်ငယ် အိုမင်းသော စကားသံတစ်ခု ထွက်ပေါ်လာပြီး ကုချီအား အံ့အားသင့်သွားစေခဲ့သည်။

ဤသို့ဖြင့် အသံလာရာဘက်သို့ကြည့်လိုက်လျှင် အဖြူရောင်၀တ်စုံ ဆင်မြန်းထားသည့် ဆံဖြူအဘိုးအို တစ်ဦးကိုမြင်လိုက်ရ၏။

အစပိုင်းတွင် ကုချီ ဘာမှမဖြစ်သေးသော်လည်း ဆံဖြူအဘိုးအို၏ မျက်နှာကိုမြင်လျှင် တစ်ကိုယ်လုံး တုန်ခါသွားခဲ့လေသည်။

“ စီနီယာ.. စီနီယာက ကိုးငရဲ အစီအရင် အရှင်သခင်များလား…”

အံဩတကြီး ရေရွတ်လိုက်၏။

ကုချီ၏ အသံကိုကြားလျှင် ဂျီကျူးယွဲ့လည်း ရွှမ်ယီ အနောက်မှ လိုက်ပါလာသော လူငယ်လေးအား သတိပြုမိသွားပြီး

“ ကောင်လေး… မင်းက ငါ့ကို သိတာလား…”

ကုချီ ဂျီကျူးယွဲ့အား သိနေရခြင်းမှာ ဖေးရှန့်ဂိုဏ်း၌ ရှိစဉ် ရှေးဟောင်းမှတ်တမ်းများစွာ ဖတ်ရှုခဲ့ပြီး ထိုအထဲမှ သိခဲ့ရခြင်းဖြစ်၏။

၎င်းက တာအိုအရှင်သခင်တစ်ယောက် မဟုတ်သော်ငြား အရှေ့ပိုင်းတိုက်ကြီး၌ ထင်ရှားသော မှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့သူဖြစ်သည်။

ဂျီကျူးယွဲ့အကြည့်များ ကုချီထံမှ ဖယ်ခွာလိုက်ပြီး ရွှမ်ယီဘက်သို့လှည့်လိုက်၏။

သူ့လက်ထဲတွင် သိုလှောင်လက်စွပ်တစ်ကွင်းရှိနေခဲ့ပြီး အတန်ငယ်ရှုပ်ထွေးနေဟန်ဖြင့်

“ ဘာလို့ နတ်ဘုရားအရင်းအမြစ်တွေ ဒီလောက်အများကြီး လိုအပ်လဲဆိုတာ ကျုပ်တော့ဖြင့် အခုထိ နားမလည်နိုင်သေးဘူး…”

စကားပြောနေစဉ် ဂျီကျူးယွဲ့အကြည့်များ ကုချီထံသို့ ပြန်လည်ရောက်ရှိလာပြီး

သူက ကုချီအကြောင်း ဤမတိုင်ခင်ကတည်းက ဝေ့ယွဲ့ထံမှ သိရှိခဲ့ပြီးဖြစ်သည်။

ဤသို့ဖြင့် ကုချီ၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး သူ ကောင်းစွာ နားလည်ထား၏။

သို့သော် ရွှမ်ယီ သူ့ကို ပြင်ဆင်ခိုင်းသော အရင်းအမြစ်အရေအတွက်က အလွန်များပြားလွန်းလှသည်။

နတ်ဘုရားအရင်းအမြစ် ဂျင်(၁)သန်း…

ဂျီကျူးယွဲ့၏ အတွေ့အကြုံ ဗဟုသုတများဖြင့်ပင် ထိုအရေအတွက်ကိုကြားပြီးနောက် တဒင်္ဂတုံ့ဆိုင်းသွားခဲ့ရ၏။

သူ့အမြင်တွင် မူလတာအိုခန္ဓာ မည်မျှ အားကောင်းစေကာမူ ၎င်းအား ပြီးပြည့်စုံစေရန် နတ်ဘုရားအရင်းအမြစ် ဂျင်(၂)သိန်းလောက်ဆိုလျှင် လုံလောက်သင့်ချေပြီ။

ရွှမ်ယီထံက အမြဲတစေ ထူးဆန်းသော ဖြစ်ရပ်များကို ဖန်တီးခဲ့သော်လည်း ဂိုဏ်းထဲတွင် ထိုမျှ များပြားသော နတ်ဘုရားအမြစ်များရှိမည်ဟု ဂျီကျူးယွဲ့မထင်ခဲ့ပေ။

သို့သော် ဂိုဏ်းဘဏ္ဍာတိုက်အား ဖွင့်လိုက်ချိန်တွင် ဂျီကျူးယွဲ့ တုန်လှုပ်သွားခဲ့ရ၏။

ကောင်းကင်ပြိုလဲခြင်းတောင်အား စနစ်ထံမှ ဆုလာဘ်နှင့် ရွှမ်ယီ ပြောင်းလဲခဲ့ပြီးချိန်တွင် ဥပဒေသစွမ်းအားများ ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့ပြီး နတ်ဘုရားအရင်းအမြစ် သွေးကြော(၉)ခု တိတိ ဖြစ်ပေါ်လာခဲ့၏။

ထို့နောက် ရဲ့ချင်းစုန် ဦးဆောင်မှုအောက်၌ ဂိုဏ်း၌ ရှိသော လူအကုန် ပူးပေါင်းကာ နတ်ဘုရားအရင်းအမြစ် မိုင်းတွင်းများကို နှစ်ပတ်ကြာ တူးဖော်ခဲ့ကြပြီးနောက် နတ်ဘုရားအရင်းအမြစ် ဂျင်(၃)သန်းတိတိ ရရှိခဲ့ပေသည်။

ထို့အပြင် ၎င်းတို့က အရည်အသွေးပိုင်းဆိုင်ရာ၌ အထူးကောင်းမွန်လှ၏။

ထိုမျှမကသေးဘဲ ကောင်းကင်ပြိုလဲခြင်းတောင်၌ မတူးဖော်ရသေးသော နတ်ဘုရားအရင်းအမြစ် မိုင်းတွင်းများ ကျန်ရှိနေသေးပြီး အကြမ်းဖျင်း တွက်ကြည့်လျှင် ဂျင်(၁၀)သန်းလောက်ရှိနိုင်၏။

…

ဂျီကျူးယွဲ့ထံမှ အမေးကိုကြားလျှင် ရွှမ်ယီ ခေါင်းယမ်းလိုက်ပြီး

“ အဲ့တာက ကုချီရဲ့ အခြေခံအုတ်မြစ်တွေကို ပြုပြင်ရုံလောက်ပဲရမယ်… အားလုံး ပြီးဆုံးဖို့ဆိုရင် အဲ့လောက်နဲ့ မလုံလောက်သေးဘူး…”

“ အာ….”

ရွှမ်ယီထံမှ အဖြေကြောင့် ဂျီကျူးယွဲ့ ဆွံ့အသွားခဲ့ရသည်။

တစ်ဖက်တွင် ကုချီက ရွှမ်ယီတို့ပြောနေသည့်အရာများကို နားမလည်သဖြင့် ရှုပ်ထွေးစွာဖြင့် ရပ်ကြည့်နေခဲ့၏။

ထို့နောက်

ရွှမ်ယီကမ်းပေးသော သိုလှောင်လက်စွပ်ထဲမှ နတ်ဘုရားအရင်းအမြစ် ဂျင်(၁)သန်းကို မြင်တော့မှ တစ်စုံတစ်ရာကို နားလည်ရိပ်မိသွားပြီး နေရာ၌ တောင့်တင်းသွားခဲ့၏။

ရွှမ်ယီ နတ်ဘုရားအရင်းအမြစ် ဂျင်(၁)သန်းကို ကုချီထံသို့ ပေးအပ်ခဲ့ပြီးနောက် ထိုနေရာ၌ ဆက်မနေတော့ဘဲ နတ်တန်ခိုးစွမ်းရည်ခန်းမသို့ ထွက်လာခဲ့လိုက်သည်။

စနစ်ထံမှ အချက်အလက်များအရ နတ်ဘုရားအရင်းအမြစ် ဂျင်(၁)သန်းက ကုချီ၏ မူလတာအိုခန္ဓာအတွက် မလုံလောက်သေးပေ။

ယင်းက အစပျိုးရုံမျှသာရှိဦးမည်ဖြစ်ပြီး ကုချီ၏ မူလတာအိုခန္ဓာကို ပြီးပြည့်စုံစွာ ပြုပြင်နိုင်ရန်အတွက် နောက်ထပ် နတ်ဘုရားအရင်းအမြစ် ဂျင်(၃)သန်း လိုအပ်သေးသည်။

…

ရွှမ်ယီ၏ အကြည့်များ စနစ်မျက်နှာပြင်ထက်မှ ပါရမီရမှတ် (၄၀၀)ကျော်သော တပည့်(၁၀)ယောက် စုဆောင်းရန်ဟူသော တာ၀န်အပေါ်သို့ ကျရောက်သွား၏။

ယင်းက နောက်ဆုံးအဆင့်သို့ ရောက်နေချေပြီ။

“ ဆရာ.. ကျင်းမောင်နှစ်မကို အကြီးအကဲ ရဲ့ချင်းစုန်နဲ့ ပေးတွေ့ပြီးပါပြီ… မနက်ဖြန်ကျရင် သူတို့ ကျင့်ကြံမှုလမ်းကြောင်းကို တရား၀င် စတင်လျှောက်လှမ်းကြတော့မယ်…’

ဝေ့ယွမ်ထံမှ တင်ပြချက်ကို နားထောင်ရင်း ရွှမ်ယီ မေးစေ့ပွတ်ကာ အနည်းငယ် စဉ်းစားလိုက်၏။

ထို ကျင်းမောင်နှစ်မက စတင်ကျင့်ကြံခြင်း မပြုရသေးသည်ဖြစ်ရာ စနစ်က သူတို့နှင့်ပတ်သက်သော အချက်အလက်များကို မဖော်ပြခဲ့ပေ။

သူက ထိုမောင်နှစ်မအား သဘောကျ နှစ်ခြိုက်သောကြောင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

သို့သော် သူတို့က မဟာဂိုဏ်းကြီးတစ်ခုထဲမှ ကျန်ရစ်ခဲ့သော အမွေအနှစ်(၂)ခု၏ အမွေခံဝိညာဉ်များထံမှ ‌ရွေးချယ်ခြင်းခံခဲ့ရသည်ဖြစ်ရာ ပါရမီ အရည်အချင်းများက ဆိုးရွားမည်တော့မဟုတ်ပေ။

သို့သော် ထိုတာ၀န်ကို ပြီး‌ဆုံးပါက ရရှိမည့် ဆုလာဘ်က တာအိုအရင်းအမြစ် ဂျင်(၁)သန်းမျှသာဖြစ်၏။

သို့ဖြစ်ရာ သူ့အနေဖြင့် နောက်ထပ် နည်းလမ်းတစ်ခု စဉ်းစားရန် လိုအပ်ပေလိမ့်မည်။

[ Note. တာအို အရင်းအမြစ်နဲ့ နတ်ဘုရားအရင်းအမြစ်ကို မူရင်းမှာ ပါတဲ့အတိုင်းပဲ ဘာသာပြန်ပေးထားပါတယ် ။ အကယ်၍ မှားနေတာရှိရင် နောက်အပိုင်းတွေမှာ ပြင်ဆင်ပေးသွားပါမယ်…]

…

All Chapters