အခန်း (၅၅၁)
Vol. 37 Ch. 551
ရှီချီနှင့်ကျူးယောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရဲ့ချင်းစုန်ဘက်သို့လှည့်၍ လက်ယှက်ကာ အနည်းငယ် ဦးညွှတ်လိုက်ပြီး
“ ဒါက တကယ်ကို အံ့ဩဖို့ကောင်းတဲ့ ကိစ္စတစ်ခုပဲ… တကယ်လို့ အဆင်ပြေမယ်ဆိုရင် ကျုပ်တို့နှစ်ယောက် အဲဒါကို ကြည့်လို့ရမလား...”
ယင်းက ရှီချီနှင့်ကျူးယောင်တို့ အလွန်စပ်စုလွန်းသောကြောင့် မဟုတ်ပေ။
ကုချီ၏ မူလတာအိုခန္ဓာက ချို့ယွင်းနေပြီး ၎င်းက သူ့ အနာဂတ်ကို ဖြတ်တောက်ပစ်ခဲ့သည်။
ထိုအချိန်က ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းခေါင်းဆောင်၊ အရှေ့ပိုင်းတိုက်ကြီးမှ ထိပ်တန်းကျင့်ကြံသူကိုယ်တိုင်က ထိုကိစ္စကို ကြေညာခဲ့ခြင်းဖြစ်၏။
သို့သော် ယခုတွင် ရွှမ်ယီက အင်ပါယာအဆင့်သို့ပင် မရောက်သေးဘဲ မဟာဂိုဏ်းကြီး၏ အမှားအား သက်သေပြရန် ကြိုးစားနေချေပြီ။
ဤသတင်းသာ ပြင်ပသို့ ပျံ့နှံ့သွားပါက အလွန်ကြီးမားသော လှုပ်ခတ်မှုကြီးတစ်ခု ဖြစ်သွားရန် သေချာသည်။
မူလတာအိုခန္ဓာ၏ ချို့ယွင်းချက်ကို အမှန်တကယ် ပြင်ဆင်ပြီးသွားပါက အနာဂတ်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်း၌ တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိလာပေလိမ့်မည်။
ရွှမ်ယီက အင်ပါယာတစ်ဝက်အဆင့်တွင် ရှိနေခဲ့ပြီး ဒဏ္ဍာရီလာစံချိန်မှတ်တမ်းများကို အကြိမ်ကြိမ် ချိုးဖျက်ခဲ့သည်။
အကယ်၍ သူသာ စိတ်ဝိညာဉ်ဒြပ်စင် (၈၁)ခုဖြင့် အင်ပါယာအဆင့်သို့ ချိုးဖျက်လိုပါက ကျဆင်းလာမည့် ကောင်းကင်ဘုံအတိဒုက္ခက အလွန်ကြီးမားမည်ဖြစ်ကာ မည်မျှကြောက်မက်ဖွယ်ကောင်းမည်ဖြစ်ကြောင်း မည်သူမှ မခန့်မှန်းတတ်ပေ။
ဤသို့ဖြင့် လူများစွာတို့က ရွှမ်ယီအနေဖြင့် အင်ပါယာတစ်ဝက်အဆင့်၌သာ တစ်သက်လုံးရှိနေနိုင်သည်ဟု လျှို့ဝှက်စွာ ထင်ကြေးပေးထားခဲ့ကြ၏။
ထို့အပြင် ရွှမ်ယီသာ မရှိတော့သည်နှင့် နက်နဲခြင်းအင်ပါယာဂိုဏ်း၏ ဂုဏ်သတင်းက ဆက်လက်တည်မြဲနိုင်မည်လော၊ မတည်မြဲနိုင်မည်လော ဟူသော ကိစ္စနှင့်ပတ်သက်ပြီးလည်း မည်သူမှ မသေချာပေ။
သို့သော် ကုချီ၏ မူလတာအိုခန္ဓာသာ ပြီးပြည့်စုံသွားပါက အခြေအနေက အလွန်ခြားနားသွားပေလိမ့်မည်။
ကုချီ၏ မူလတာအိုခန္ဓာဖြင့်ဆိုပါက တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။
မှန်ပေသည်။
ထို့ကြောင့် ရှီချီနှင့် ကျူးယောင်တို့၏ သိချင်စိတ်က ကြောင်းကျိုးသင့်လျော်ပေသည်။
ထိုနှစ်ယောက်ထံမှ တောင်းဆိုမှုကိုကြားလျှင် ရဲ့ချင်းစုန် အနည်းငယ်ညည်းတွားလိုက်ပြီးနောက် လက်ချောင်းများကို လှုပ်ရှားလျက် အသံပို့ကျောက်စိမ်းတုံးကို ဖွင့်လိုက်၏။
…
ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တွင်…
ရွှမ်ယီနှင့် ဂျီကျူးယွဲ့တို့ ဘေးချင်းယှဉ်ရပ်နေကြပြီး သူတို့ရှေ့၌ ကုချီက နတ်ဘုရားအရင်းအမြစ်ဂျင် သန်းပေါင်းများစွာကို စုပ်ယူနေခဲ့သည်။
လက်ရှိအချိန်တွင် သူ့မျက်နှာထက်၌ ဖုံးကွယ်မရနိုင်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
နတ်ဘုရားအရင်းအမြစ်ဂျင် သန်းပေါင်းများစွာကို စုပ်ယူခဲ့ပြီးနောက် သူ၏မူလတာအိုခန္ဓာက ပြီးပြည့်စုံရန် နီးစပ်လာပြီဖြစ်ကြောင်း ကုချီ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
ယခင်အတိတ်တုန်းက သူ၏အနာဂတ်လမ်းကြောင်းကို ဖြတ်တောက်ပစ်ခဲ့သည့် မူလတာအိုရတနာအရိုးကလည်း အမှန်တကယ် ကြီးထွားလာနေချေပြီ။
….
တစ်ဖက်တွင် ဂျီကျူးယွဲ့၏ လက်နှစ်ဖက်က အဆက်မပြတ် လှုပ်ရှားနေခဲ့ပြီး အလွန်ဆန်းကြယ်သော ရုန်းများ ဖန်တီးပြုလုပ်နေခဲ့သည်။
အဆုံးမရှိသော တိမ်ပင်လယ်ကြီးအထက်သို့ ထိုးဖောက်ရောက်ရှိနေသော ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တွင် တားမြစ်အရှိန်အဝါတစ်ခု ပျံ့နှံ့လာခဲ့၏။
ထို့နောက် အလွန်ကြီးကျယ်ခမ်းနားကာ လျှို့ဝှက်ဆန်းကြယ်ဟန်ရသော အစီအရင်တစ်ခုပုံရိပ် ဖြည်းညင်းစွာ ဖြစ်ပေါ်လာသည်။
မကြာခင် နောက်ဆုံးရုန်းဖြစ်ပေါ်လာသည်နှင့် ဂျီကျူးယွဲ့၏လက်များက ရပ်တန့်သွားခဲ့ပြီး သူ၏နဖူးထိပ်တွင် ချွေးစက်ကလေးများလည်း တွဲလဲခိုနေခဲ့၏။
ယခုဖန်တီးခဲ့သော အစီအရင်က ဂျီကျူးယွဲ့အတွက် အတွေ့အကြုံအသစ်တစ်ခု ဖြစ်ပေသည်။
၎င်းအား အောင်မြင်စွာ ပြုလုပ်နိုင်ပါက ဂုဏ်ပြုခံရမည်ဖြစ်သော်လည်း ဂိုဏ်းချုပ်ရှေ့တွင် မျက်နှာမပျက်လိုသောကြောင့် ထိုအတောအတွင်း ခံစားနေခဲ့ရသော ဖိအားက မနည်းလှပေ။
“ နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ…”
ဂျီကျူးယွဲ့ ရေရွတ်လိုက်၏။
တစ်ဖက်တွင် ရွှမ်ယီကလည်း ပြုံးလျက် ခေါင်းညိတ်လိုက်ကာ
“ ခင်ဗျား အကောင်းဆုံး ကြိုးစားခဲ့တယ်...”
ကုချီကလည်း ဦးညွှတ်လိုက်ပြီး
“ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် စီနီယာကျူးယွဲ့...”
ဂျီကျူးယွဲ့က အသာအယာပြုံးလိုက်ပြီး လက်အား ဝှေ့ယမ်းလိုက်ကာ အရေးမကြီးကြောင်း ပြသလိုက်၏။
ထိုအချိန်တွင် ကောင်းကင်ထက်မှ ကျောက်စိမ်းတုံးလေးတစ်တုံး ရွှမ်ယီ လက်အတွင်းသို့ ကျရောက်လာ၏။
ရွှမ်ယီက ထိုကျောက်စိမ်းတုံးအတွင်းသို့ နတ်အသိအား ထည့်သွင်းကြည့်လိုက်ပြီးလျှင်
“ သူတို့ လာချင်ရင် လာကြပါစေ...”
ရွှမ်ယီထံမှ အတည်ပြုချက်ကို ရရှိပြီးလျှင် ရဲ့ချင်းစုန်က ရှီချီနှင့်ကျူးယောင်တို့နှစ်ဦးအား ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်သို့ ခေါ်ဆောင်လာခဲ့သည်။
ရွှပ် ရွှပ် ရွှပ်…
နတ်အလင်းတန်းသုံးခု လေထုအား ထိုးခွင်းကာ ပျံသန်းလာခဲ့သည်။
ရှီချီနှင့်ကျူးယောင်တို့ မြေပြင်ထက်သို့ မဆင်းသက်ရသေးသော်လည်း အောက်မှလူများကို မြင်နှင့်ပြီးချေပြီ။
ရွှမ်ယီ၏ နံဘေးတွင် ရပ်နေသော ငွေရောင်ဆံပင်နှင့် အဘိုးကြီးအား မြင်လိုက်လျှင် သူတို့နှစ်ယောက်လုံး ပင့်သက်ရှိုက်မိလိုက်ကြ၏။
“ ကျူး... ကျူးယွဲ့... ကိုးငရဲအစီအရင်အရှင်သခင်...”
ထိုအမည်က ယနေ့ခေတ်မျိုးဆက်သစ်လူငယ်များအတွက် အတန်ငယ်ထူးဆန်းနေပေလိမ့်မည်။
သို့သော် သူတော်စင်အင်ပါယာ (အန္တိမအင်ပါယာ)အဆင့် ကျင့်ကြံသူများဖြစ်ကြသော ယခင်မျိုးဆက်ဟောင်းမှ ရှီချီနှင့်ကျူးယောင်တို့အတွက်မူ ၎င်းက မိုးခြိမ်းသံတစ်ခုကဲ့သို့ပင်။
ထိုအချိန်တုန်းက ရှီချီနှင့်ကျူးယောင်တို့က ဂျီကျူးယွဲ့နှင့်အတူ တောင်ပိုင်းကောင်းကင်ဆောင်းဦးအမဲလိုက်ပွဲတွင် ပါဝင်ခဲ့ဖူးပြီး စစ်မြေပြင်တွင် ဘေးချင်းယှဉ်ကာ တိုက်ခိုက်ခဲ့ဖူးကြ၏။
သို့ဖြစ်ရာ သူတို့က ဂျီကျူးယွဲ့အား တစ်ချက်ကြည့်ရုံနှင့် မှတ်မိနိုင်ကြသည်။
“ မင်းတို့နှစ်ယောက်က...”
ဂျီကျူးယွဲ့က ရှီချီနှင့်ကျူးယောင်တို့အား ကြည့်လိုက်ပြီး မှတ်ဉာဏ်များအား တဒင်္ဂပြန်လည်တွေးတောလိုက်၏။
ထို့နောက် မျက်ဝန်းထဲတွင် တောက်ပသော အလင်းတစ်ချက် လက်သွားခဲ့ပြီး
“ အဲ့ဒီနှစ်တုန်းက ကျူးယောင်နဲ့ ရှီချီ မြင့်မြတ်သားတော်တွေ မဟုတ်ဘူးလား...”
ထိုအမည်အား မကြားခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်သဖြင့် ရုတ်တရက်မို့ ကျူးယောင်နှင့်ရှီချီတို့ တခဏမျှ အံ့အားသင့်သွားခဲ့ကြသော်လည်း အားရဝမ်းသာစွာ ပြုံးလိုက်ကြပြီး ချက်ချင်းဦးညွှတ်လိုက်ကြသည်။
“ ဟုတ်ပါတယ်… ကျုပ်တို့နာမည်တွေကို အခုအချိန်အထိ စီနီယာ မှတ်မိနေဦးမယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး… ကြည့်ရတာ ကျုပ်တို့ အရမ်းကံကောင်းပုံပဲ...”
ထိုအချိန်တုန်းက သူတို့နှစ်ယောက်စလုံး အလွန်ငယ်ရွယ်သေးပြီး ကြီးမားသော အောင်မြင်မှုများ မရရှိခဲ့ကြသေးသည့်တိုင်အောင် အလွန်အမင်းထက်မြက်သူများဖြစ်ခဲ့ကြ၏။
သူတို့က ဂျီကျူးယွဲ့ အထင်ကြီးစေရန်အလို့ငှာ စစ်မြေပြင်တွင် အောင်မြင်မှုပေါင်းများစွာ ရယူခဲ့ကြ၏။
ဤသို့ဖြင့် လက်ရှိအချိန်တွင် ဂျီကျူးယွဲ့အား မြင်ပြီးနောက် သူတို့နှလုံးသားထဲမှ သံသယများ ပျောက်ကွယ်သွားခဲ့ပြီး ရွှမ်ယီဘက်သို့လှည့်ကာ အနည်းငယ်ဦးညွှတ်လိုက်ပြီး
“ နက်နဲခြင်းအင်ပါယာဂိုဏ်းက တောင်ပိုင်းနယ်စပ်ရဲ့အရှင်သခင် ဖြစ်ထိုက်ပါတယ်… ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က မျှော်လင့်ထားတာထက် ပိုပြီး အများကြီးနက်ရှိုင်းလွန်းတာပဲ...”
အစပိုင်းတွင် ကုချီ၏ မူလတာအိုခန္ဓာကိုယ်ကို ပြုပြင်ရန်နှင့် ပြီးပြည့်စုံစေရန်အတွက် ရွှမ်ယီ၏ ကြိုးစားမှုနှင့်ပတ်သက်၍ အတန်ငယ် လက်တွေ့မကျဟု သူတို့ခံစားမိခဲ့ကြသည်။
သို့သော် ဂျီကျူးယွဲ့အား မြင်လိုက်သောအချိန်တွင် ထိုသံသယများ လုံးဝ ပျောက်ကွယ်သွားတော့၏။
သူတို့နှစ်ယောက်အမြင်တွင် ဂျီကျူးယွဲ့ဆိုသည်မှာ တာအိုလမ်းစဉ်၌ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ၏နည်းလမ်းများကလည်း အလွန်ဆန်းကြယ်လှပေသည်။
ဂျီကျူးယွဲ့က အမှန်တကယ်ကို ကမ္ဘာကြီးပေါ်၌ ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
အကယ်၍ ကျန်သူများသာ ကုချီ၏ တာအိုခန္ဓာကို ပြုပြင်ပေးနိုင်သည်ဟုဆိုလျှင် ဟာသတစ်ခုအဖြစ် မှတ်ယူကြပေလိမ့်မည်။
သို့သော် ထိုလူက ဂျီကျူးယွဲ့ဆိုလျှင်တော့ ယင်းက မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။