← Chapters

အခန်း (၅၅၃)

Vol. 37 Ch. 553

အခန်း (၅၅၃)

Vol. 37 Ch. 553

ထိုမဟာဂိုဏ်းကြီးက အရှေ့ပိုင်းတိုက်ကြီး၏ အရှေ့ပိုင်းနယ်မြေတွင် တည်ရှိခြင်းဖြစ်သော်လည်း ၎င်းနှင့်ပတ်သက်သော ဂုဏ်သတင်းများက ကျန်နယ်မြေများတွင် နိမ့်ကျခြင်းအလျဉ်းမရှိချေ။

အဘယ်ကြောင့်ဆိုသော် မဟာဂိုဏ်းကြီးတစ်ခု၏ စွမ်းအားနှင့် အခြေခံအုတ်မြစ်က မြင့်မြတ်နယ်မြေ သို့မဟုတ် နတ်ဘုရားမင်းဆက်များထက် အဆပေါင်းများစွာ သာလွန်သောကြောင့်ဖြစ်သည်။

ထို့အပြင် ထိုရောက်ရှိလာသူထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက သူတော်စင်အင်ပါယာတစ်ယောက်ကိုပင် ကြောက်လန့်စေနိုင်စွမ်း ရှိနေ၏။

ယင်းက ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၌ ထိုလူ၏အဆင့်အတန်း နိမ့်ကျခြင်းမရှိကြောင်း သက်သေပြရန် လုံလောက်နေချေပြီ။

“ ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားတို့အခုထိ နားမလည်ကြသေးဘူးလား…”

ကျူးယောင်နှင့်ရှီချီတို့ထံမှ မေးခွန်းကို ကြားလျှင် ငွေရောင်ဝတ်အမျိုးသားက အေးစက်စွာ ပြုံးလိုက်သည်။

“ ကြည့်ရတာ ကျုပ်တို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက တောင်ပိုင်းနယ်စပ်ကို လျစ်လျူရှုထားမိတာ တော်တော်ကြာသွားပြီထင်တယ်… တောင်ပိုင်းနယ်စပ်က ကျင့်ကြံသူတွေက တာဝန်တွေကိုတောင် မေ့လျော့ကုန်ကြပြီ…”

စကားဆုံးသည်နှင့် ငွေရောင်ဝတ်စုံနှင့်အမျိုးသားက ခါးမှ ဓားအား ဆွဲထုတ်လိုက်လေသည်။

ရွှပ်…

ဓားချီက လေထုအား ထိုးခွင်းသွားချိန်တွင် ပတ်ဝန်းကျင်သို့ အေးစက်သော အလင်းရောင်များ ပျံ့နှံ့သွား၏။

ငွေရောင်ဝတ်စုံနှင့်အမျိုးသားထံမှ ထွက်ပေါ်လာသော အရှိန်အဝါက ရှေးဟောင်းနဂါးကြီးတစ်ကောင်အလား ထင်မှတ်ရကာ ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တစ်ခုလုံးအား ဖုံးလွှမ်းသွားလေသည်။

ထို့နောက် အလွန်တရာကြီးမားလွန်းလှသော ဖိအားကြီးတစ်ခုက ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်သို့ ပြင်းထန်စွာ ကျဆင်းလာ၏။

ဝုန်း…

အလွန်ကြီးမားသော ဖိအားကြီးတစ်ခုက ကောင်းကင်ပြိုလဲခြင်းတောင်အား ဖြိုခွင်းတော့မည်။

ထိုအချိန်တွင် ကျူးယောင်နှင့် ရှီချီတို့နောက်၌ ရပ်နေသော ဂျီကျူးယွဲ့၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတစ်ချက်လက်သွားပြီး သူ၏လက်နှစ်ဖက်အကြား ရွှေရောင်ရုန်းတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် အဆက်မပြတ် တဟုန်ထိုး မြည်ဟည်းနေသော အသံများနှင့်အတူ ရွှေရောင်အစီအရင်များ တစ်ခုပြီးတစ်ခု ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်ပေါ်သို့ ကျဆင်းလာခဲ့၏။

“ သွားစမ်း…”

ဖြစ်ပေါ်လာသော ရွှေရောင်ရုန်း စုစုပေါင်း (၈၁) ခု သို့ ရောက်ရှိသွားလျှင် ဂျီကျူးယွဲ့ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူက ကောင်းကင်ပြိုလဲခြင်းတောင်ကို ဖုံးအုပ်ထားသော မဟာကောင်းကင်ဘုံ ကြယ်စင်စုအစီအရင်ကြီးအား ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး ကောင်းကင်ထက်ရှိ ငွေရောင်ဝတ်အမျိုးသားထံမှ ကျဆင်းလာသော အလွန်ကြီးမားလွန်းသည့် ဖိအားများကို လျော့နည်းသွားစေခဲ့သည်။

မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်ကြီး အသက်ဝင်လာသည်နှင့်အမျှ ကောင်းကင်ပြိုလဲခြင်းတောင် အထက်၌ တောက်ပသော ကြယ်ရောင်အလင်းလွှာများ တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာကာ ကောင်းကင်ထက်မှ ကျဆင်းလာသော ဖိအားများကို တားဆီးပိတ်ဆို့ထားလိုက်၏။

သို့သော် အတားအဆီးများကို ဖြတ်ကျော်လျက် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်ပေါ်သို့ ကျရောက်လာခဲ့သည့် အကြွင်းအကျန်စွမ်းအားများ ရှိနေဆဲပင်။

သို့ဖြစ်ရာ ရှီချီနှင့် ကျူးယောင်တို့၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားပြီး ၎င်းတို့ခန္ဓာကိုယ်များ မြေပြင်ထက်သို့ အနည်းငယ် ကွေးညွတ်သွားခဲ့ရသည်။

သို့သော် မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်ကြီး အပြင်ဘက်တွင် ရှိနေသော ဖမ်းဆီးခံထားရသည့် တိုင်ရွှမ်နှင့် ဖီးနစ်မီးတောက်အင်ပါယာတို့က ငွေရောင်ဝတ်စုံနှင့်အမျိုးသားထံမှ ဖိအားကို အပြည့်အဝ ခံစားနေရ၏။

တောင်ပိုင်းနယ်စပ်ရှိ သူတော်စင်အင်ပါယာအဆင့် မဟာကျင့်ကြံသူကြီးနှစ်ယောက်က ထိုဖိအားအောက်တွင် ချောင်းများ တဟွပ်ဟွပ်ဆိုးလာခဲ့ကြသည်။

သူတို့ မသိစိတ်အရ ပင်လယ်ပြာရွှေမျက်လုံးသားရဲကြီးနောက်ဘက်တွင် ပုန်းအောင်းချင်နေကြသော်လည်း ပင်လယ်ပြာရွှေမျက်လုံးသားရဲက ထိုသို့အခွင့်အရေး မပေးခဲ့ချေ။

သို့ဖြစ်ရာ ၎င်းတို့အား ကြည့်ရသည်မှာ အလွန်ပင် သနားစရာကောင်းနေခဲ့၏။

“ ချီလင်းတန် မင်း အရမ်းလွန်နေပြီနော်…”

ဂျီကျူးယွဲ့က ကျူးယောင်၊ ရှီချီ၊ တိုင်ရွှမ်နှင့် ဖီးနစ်မီးတောက်အင်အားစုများ မည်သည့်အရာများဖြစ်စေကာမူ ကမ္ဘာကြီးနှင့်ပတ်သက်သော အရေးကိစ္စများအား သိပ်ပြီးဂရုစိုက်သူ မဟုတ်ပေ။

သို့သော် သူတို့အားလုံးက တောင်ပိုင်းနယ်စပ်မှ ဝါရင့်အဆင့်မြင့်ကျင့်ကြံသူများဖြစ်ကြကာ ယခုအချိန်တွင် ငွေရောင်ဝတ်စုံနှင့်အမျိုးသား၏ အနှိုင်းမဲ့စော်ကားခြင်းကို ခံနေကြရသည်။

သို့ဖြစ်ရာ သူ မနေနိုင်တော့ဘဲ အေးစက်စွာ ဝင်ပြောလိုက်၏။

“ အိုး... ဒီနေရာမှာ ကျုပ်ကိုသိတဲ့လူ ရှိနေမယ်လို့ လုံးဝမထင်ထားခဲ့ဘူး…”

ဂျီကျူးယွဲ့၏ စကားကြောင့် ငွေရောင်ဝတ်စုံနှင့်အမျိုးသား အနည်းငယ်ထိတ်လန့်သွားခဲ့သော်လည်း သူ၏ နှုတ်ခမ်းထောင့်စွန်း၌ရှိသော လှောင်ပြုံးက ပို၍ကျယ်ပြန့်လာခဲ့သည်။

“ ဒီမှာ ဂျီကျူးယွဲ့… ခင်ဗျားက နှစ်ပေါင်းတစ်သိန်းကျော်နေထိုင်လာခဲ့တဲ့ တစ္ဆေအိုကြီးတစ်ယောက်သာသာပါပဲ… ဟမ့်... ခင်ဗျားက အရှေ့ပိုင်းနယ်မြေမှာ လှုပ်ရှားလို့မရတော့တဲ့အတွက် တောင်ပိုင်းနယ်စပ်မှာ လာပြီးပုန်းနေတာ မဟုတ်ဘူးလား… ကျုပ်တို့ အင်မော်တယ်ပျံသန်းခြင်းဂိုဏ်းက ခင်ဗျားရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး ကြောက်နေမယ်လို့ ခင်ဗျားတကယ်ထင်နေတာလား…”

ချီလင်းတန်၏ စကားများက တဖြည်းဖြည်း ပို၍ ထက်ရှလာခဲ့သည်။

သူက ဂျီကျူးယွဲ့အား လက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး

“ ခွေးအိုကြီး… ခင်ဗျားက တောင်ပိုင်းနယ်စပ်မှာရှိတဲ့ နတ်ဆိုးမျိုးနွယ်တွေကို ပိတ်ဆို့တားဆီးနိုင်ခဲ့တာ တော်တော်ကံကောင်းသွားတယ်… အဲ့လိုမှမဟုတ်ရင် ကျုပ်တို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းလက်ထဲက အစီအရင်စာလိပ်ကို ခိုးယူပြီး ဒီလို အလွယ်တကူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး…”

“ ချီလင်းတန် အမှိုက်ကောင်… မင်း ဘာတွေပြောနေတာလဲကွ…”

ချီလင်းတန်၏ စကားများအား ဂျီကျူးယွဲ့ ဆက်လက်သည်းခံနိုင်ခြင်း မရှိတော့ချေ။

မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့ပြီး ခြေတစ်လှမ်းနှင့် မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်ကြီး အလယ်ဗဟိုသို့ ရောက်ရှိသွားခဲ့သည်။

သူက လက်နှစ်ဖက်အား ဘေးသို့ ဖြန့်ကားလိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး အဆုံးအစမဲ့သော ကြယ်ရောင်များအား သူ၏လက်ဖဝါးများတွင် စုစည်းစေခဲ့ကာ ကောင်းကင်ထက်မှ ချီလင်းတန်ရှိရာသို့ တိုက်ရိုက်ချဉ်းကပ်သွားလိုက်သည်။

“ အဲဒီနေ့တုန်းက မင်းတို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက အကြီးအကဲ (၇)ယောက်က လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ဖို့ ငါ့ကို ဖိတ်ခေါ်ခဲ့ကြတယ်… ဒါပေမဲ့ အစီအရင်စာလိပ်ကို ရရှိသွားတဲ့အချိန်မှာ အဲဒီခွေးကောင်တွေက ငါ့ကို နှုတ်ပိတ်တဲ့အနေနဲ့ သတ်ပစ်ပြီး အစီအရင်စာလိပ်ကို မောင်ပိုင်စီးချင်ခဲ့ကြတယ်...”

“ အမှိုက်ကောင်… မင်း မသိရင် မသိသလိုနေစမ်း… ငါ့ကိုလာပြီး မဟုတ်တာတွေ စွပ်စွဲမနေနဲ့…”

ဂျီကျူးယွဲ့စကားကို ကြားလျှင် ရှီချီနှင့်ကျူးယောင်တို့ ချီလင်းတန်၏ ဖိအားအောက်တွင် ရှိနေဆဲဖြစ်သည့်တိုင်အောင် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ‌သည်။

ထိုကိစ္စနှင့်ပတ်သက်သော ကောလာဟလများက ဟိုးရှေးယခင်ကတည်းက ရှိနေခဲ့ခြင်းဖြစ်ကာ ယနေ့အထိဆိုလျှင် နှစ်ပေါင်းတစ်သိန်းနီးပါးကြာသွားခဲ့ချေပြီ။

သို့သော် ထိုကိစ္စများနှင့်ပတ်သက်ပြီး သိရှိကြသူများမှာ သက်တမ်းရှည်လျားသော အဆင့်မြင့်ကျင့်ကြံသူများသာ ဖြစ်ကြ၏။

အဲဒီအချိန်တုန်းက အရှေ့ပိုင်းနယ်မြေတွင် လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ထိုအချိန်တွင် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက ဦးဆောင်ပြီး လျှို့ဝှက်နယ်မြေအား သိမ်းပိုက်နိုင်ခဲ့သော်လည်း မည်သူမှ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့ခြင်း မရှိချေ။

ထို့နောက် ၎င်းတို့အဖြင့် အစီအရင်ဆရာသခင်တစ်ဦးထံမှ အကူအညီကို လိုအပ်ကြောင်း သိသွားခဲ့ကြ၏။

ဤသို့ဖြင့် ဖေးရှန့်ဂိုဏ်း၏ အာရုံက တစ်ကိုယ်တော် ကျင့်ကြံသူဖြစ်သော ဂျီကျူးယွဲ့ထံသို့ ကျရောက်လာခဲ့သည်။

ထို့နောက် ၎င်းတို့ မဟာမိတ်ဖွဲ့ပြီး လျှို့ဝှက်နယ်မြေအား အပြည့်အ၀ စူးစမ်းလေ့လာခဲ့ကြသည်။

အသေးစိတ်အကြောင်းအရာများကိုမူ ပြင်ပကမ္ဘာမှ လူများ သိရှိခဲ့ခြင်းမရှိချေ။

သို့သော် နောက်ဆုံးရလဒ်အနေဖြင့် အချင်းချင်း ပြသနာများ ဖြစ်ပွားခဲ့ကြကာ ဖေးရှန့်ဂိုဏ်းမှ အကြီးအကဲ(၇)ယောက် အပြင်းအထန်ဒဏ်ရာများ ရသွားခဲ့ကြပြီး လျှို့ဝှက်နယ်မြေမှ ထွက်ပြေးလာခဲ့ကြသည်။

ဂျီကျူးယွဲ့လည်း ထိုအချိန်ကတည်းက ပျောက်ကွယ်သွားခဲ့ကာ နှစ်ပေါင်းသောင်းနှင့်ချီ ကြာမြင့်ပြီးနောက်မှ တောင်ပိုင်းနယ်စပ်၌ ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ဖေးရှန့်ဂိုဏ်းဘက်ကမူ ထိုကိစ္စဖြစ်ပွားပြီးကတည်းက ဂျီကျူးယွဲ့က အစီအရင် စာလိပ်ကို မျက်စိကျကာ အကြီးအကဲ (၇)ယောက်ကို လုပ်ကြံပြီး ဒဏ်ရာရစေခဲ့သည်ဟု ပြင်ပသို့ ထုတ်ပြန်ကြေငြာခဲ့၏။

All Chapters