← Chapters

လှုပ်ရှားရန် အခွင့်အရေး

Vol. 132 Ch. 1974

လှုပ်ရှားရန် အခွင့်အရေး

Vol. 132 Ch. 1974

လင်းရီ၏ လေးနက်တည်ကြည်သည့် လေသံမျက်နှာထားကို မြင်တော့ ရှောင်ပင်း သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလာသည်။

“ အစ်ကိုရီ … နောက်ကွယ်က အဲ့ဒီ အဖွဲ့အစည်းက တကယ်ပဲ ကိုင်တွယ်ရ ခက်တာလား … ကျွန်မတို့တွေ ရင်ဆိုင်ကြရင် အခွင့်အရေး နည်းနည်းလေးတောင် မရှိနိုင်ဘူးလား …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ငါတို့ဘက်က ရှန်းလုံအသင်းကို စေလွှတ်လိုက်ရင်တောင် အခွင့်အရေး လုံးဝ မရှိမှာစိုးတယ်… ကျုံးဝေ့တပ်ဖွဲ့အပေါ် မျက်ကန်းယုံကြည်တာမျိုး မလုပ်နဲ့ ….”

“ ကျွန်မတို့လည်း အခုဆို အင်အားကြီးတဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လို့ ရနေပြီလေ.. နိုင်ငံတစ်ခုလုံးစာရဲ့ ခွန်အားနဲ့တောင်မှ နိုင်ငံခြား အဖွဲ့အစည်းတစ်ခုက ကျွန်မတို့နဲ့ ရင်ဆိုင်တဲ့အချိန်မှာ အဲ့လောက်တောင် မောက်မာနိုင်တာလား ….”

“ ငါတို့က တရားဝင်အဖွဲ့အစည်းလေ…. တင်းကြပ်ထားပြီး လိုက်နာရမယ့် စည်းကမ်းတွေက အများကြီးပဲ … အဲ့ဒီ နိုင်ငံပြင်ပက အဖွဲ့အစည်းတွေကျတော့ ဘာမှ စိုးရိမ်စရာ မရှိဘူး … နှစ်ခုကြား အကြီးဆုံး ကွာဟချက်က အဲ့တာပဲ …” လင်းရီ ခပ်ဖျော့ဖျော့ ပြောလိုက်ပြီး “ ဒါကြောင့်မို့ မင်းတို့ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားကြ … မဟုတ်ရင် နောင်ကျမှ ယူကျုံးမရ ဖြစ်နေရလိမ့်မယ်….”

“ နားလည်ပြီ အစ်ကိုရီ …” ရှောင်ပင်း ပြောလိုက်ပြီး “ အခုချိန်တော့ ဟုန်မန်ဂိုဏ်းကို ကိုင်တွယ်ဖို့ပဲ အာရုံစိုက်ထားကြတာပေါ့ …”

“ ဟုတ်တယ်… ကျွန်မတို့ အဲ့ဒီကို ရောက်ရင် ကျွန်မတို့ရဲ့ သတင်းပေးတွေလည်း သတင်းတွေ လုံလုံလောက်လောက် စုဆောင်းထားပြီးလောက်ပြီ … ပြီးတာနဲ့ အစီအစဉ်ဆွဲပြီး စတင်လှုပ်ရှားဖို့ပဲ ကျန်တယ်….” ကျန်းချောင်ယွဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်မတို့မှာက လူအင်အားရော … တစ်ယောက်တည်းရဲ့ တိုက်ခိုက်ရေး စွမ်းအားမှာပါ အရေးသာမနေဘူး … ဒီတော့ လုပ်ကြံဖို့ စီစဉ်ရမှာပဲ …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူတို့သာ မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက သူ့အသင်းမှာ မည်သို့သေသွားမှန်းပင် သိလိုက်မှာ မဟုတ်ပေ။

“ စီယင်နဲ့ စွေ့ချန်က အခု ဟောင်ကောင်မှာ ဟုတ်တယ်မလား ….” လင်းရီ မေးမြန်းလိုက်၏။

“ အစ်ကိုရီမှာ အစီအစဉ် တစ်ခုခု ရှိနေလို့လား …”

“ သူတို့ကို အန်းယိနဲ့ ဇီဇူဂိုဏ်းတွေအပေါ် စောင့်ကြည့်ထားဖို့ ပြောလိုက် … ဟုန်မန်ဂိုဏ်းအကြောင်း တစ်ခုခု သိရင် သိရလောက်တယ်….”

“ နားလည်ပြီ … ကျွန်မ သူတို့ကို အခုပဲ အသိပေးလိုက်မယ်….”

ညွှန်ကြားချက် ပေးပြီးနောက် လင်းရီ မျက်လုံးမှိတ်ကာ နောက်ဆက်တွဲ အစီအစဉ်များအတွက် စိတ်ထဲတွင် စဉ်းစားဆုံးဖြတ်နေသည်။

သုံးနာရီခန့်ကြားပြီးနောက် ကျန်းချောင်ယွဲ့မှာ ကားကို ဟောင်ကောင်ပိုင်နက်ထဲသို့ မောင်းဝင်လာခဲ့သည်။

ညချမ်း အချိန်အခါ ဖြစ်ပြီး တစ်မြို့လုံးက လင်းထိန်တောက်ပနေသည်။ ကမ္ဘာ့စီးပွားရေး မြို့တော်ကြီး တစ်ခုအနေဖြင့် ကျိုးဟိုင်သည်ပင်လျှင် ၎င်းနှင့် နှိုင်းယှဉ်မည်ဆိုပါက မျက်နှာညှိုးနွမ်းရ၏။၊

သို့သော် လင်းရီကတော့ ဤနေရာကို ကျိုးဟိုင်လောက်ပင် သဘောမတွေ့ပေ။

သူ့အတွက် ဤနေရာက နွေးထွေးမှု ကင်းမဲ့သည်ဟု ခံစားရ၏။

ကျန်းချောင်ယွဲ့သည် သတ်မှတ်ထားသည့် ဦးတည်ရာသို့ ကားမောင်းလာခဲ့ပြီး ကျန်သည့် အသင်းဝင်များနှင့် တွေ့ဆုံသည်။

သို့သော် ယွီစီယင်နှင့် စွေ့ချန်တို့နှစ်ဦးမှာ အန်းယိနှင့် ဇီဖူဂိုဏ်းများအား ထောက်လှမ်းနေသဖြင့် သူတို့နှင့်အတူ ရှိမနေခဲ့ကြချေ။

အသင်းက ကြယ်သုံးပွင့် ဟိုတယ်တစ်ခု၌ တည်းခိုရန် စီစဉ်လိုက်၏။ ယင်းက လုံခြုံရေးအတွက်ပင်။ ဤဟိုတယ်ကို အစိုးရနှင့် ဖက်စပ်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဦးစီးထားပြီး သူတို့နေထိုင်ရေးအတွက် လုံခြုံစိတ်ချရသည်။

“ အစ်ကိုရီ … လူလည်းစုံပြီဆိုတော့ နောက်လာမယ့် အစီအစဉ်က ဘာလဲဆိုတာ ပြောပြလို့ ရပြီလား …” လော့ချီ မေးမြန်းလာသည်။

“ ယွီစီယင်နဲ့ စွေ့ချန်ကို ဆက်သွယ်ပြီး သူတို့ အန်းယိနဲ့ ဇီဖူဂိုဏ်းထဲ ထိုးဖောက်ဝင်လို့ ရနိုင် ၊ မရနိုင် မေးကြည့်လိုက် … ရန်သူရဲ့ ရန်သူက ရန်သူအကြောင်းကို အသိဆုံးပဲ .. သူတို့ဆီကနေ ဖန်းတောက်ဇူနဲ့ ဖန်းရှစ်ဟုန်အကြောင်း သတင်းအချက်အလက်တွေ ရနိုင်လောက်တယ်… ဒါပေမယ့် ကိုယ့်ကိုယ်ကို မဖော်ထုတ်မိစေဖို့ကို ဂရုစိုက် …”

“ ဟုန်မန်ဂိုဏ်းကိုရော လူလွှတ်ဖို့ မလိုဘူးလား …” ကျောက်ယွင်ဟူ မေးမြန်းလိုက်၏။

“ ဟုန်မန်ဂိုဏ်းမှာက ကျုံးဝေ့တပ်ဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းတွေ တော်တော်များများ ရှိနေလောက်တယ်… ဒီတော့ မင်းတို့ အဲ့ကိုသွားလည်း သိပ်ပြီးမှ အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ဂိုဏ်းက လောလောဆယ်မှာ လုံခြုံရေး အတင်းကြပ်ဆုံး ကာလမှာ ရှိနေလောက်တယ်… သံသယ ဝင်ဖို့ကောင်းတဲ့ ဘယ်တစ်ချက်မဆို သူတို့ကို တပ်လှန့်ပေးသလို ဖြစ်သွားလိမ့်မယ်… တခြားတစ်ဖက်မှာကျ အန်းယိနဲ့ ဇီဖူဂိုဏ်းက ပုံမှန်ပဲ … ထိုးဖောက်ဝင်လို့လွယ်တယ်…”

“ နားလည်ပြီ … ကျုပ် ချက်ချင်း အသိပေးလိုက်မယ်…”

တာဝန်ခွဲဝေပေးပြီးနောက် အသင်းသားများအားလုံး တစ်ယောက်ပြီးတစ်ယောက် လူစုခွဲလိုက်ကြသည်။

အခန်းတိတ်ဆိတ်သွားသည်နှင့် လင်းရီသည် ဆိုဖာနောက်သို့ မှီလျက် နဖူးပေါ် လက်တင်ကာ တိတ်တဆိတ် စဉ်းစားနေသည်။

သူ မသိလိုက်ခင် အချိန်အတွင်းမှာပဲ တစ်ညတာ ကုန်လွန်သွားခဲ့ပြီး လင်းရီ တစ်ရေးမှ အိပ်လို့ မပျော်ခဲ့ပေ။

အသာစီးရသည့် အခြေအနေတွင် ရှိမနေသဖြင့် အနည်းငယ်သော ခြေလှမ်းလွဲချော်မှုကပင် တစ်သင်းလုံး ပျက်သုဉ်းသည့်အရေးသို့ ဆိုက်ရောက်သွားနိုင်လေသည်။ ထို့ကြောင့် အလွန်အမင်း သတိကပ်ထားဖို့ လိုအပ်၏။

ဒူ ဒူ ဒူ …

နေ့လည်ခင်းပိုင်းတွင် လင်းရီ၏ ဖုန်းသံ မြည်လာခဲ့ပြီး ချိုးယွီလော့က ဝီချက် ဗွီဒီယိုကော ခေါ်ဆိုလာခဲ့ခြင်းဖြစ်၏။

“ ဘာသတင်းထူးလဲ …”

“ ငါ စုံစမ်းပြီးပြီ … ဖန်းတောက်ဇူမှာ ပိုင်ဆိုင်တဲ့ အိမ်ယာက သုံးခု ၊ ဖန်းရှစ်ဟုန်က နှစ်ခု … ၊ သူတို့ရဲ့ လိပ်စာတွေကို ငါအခုပဲ နင့်ဆီ ပို့ပေးလိုက်ပြီ .. နင် သူတို့ကို စောင့်ကြည့်ထားလိုက်ပေါ့ …”

“ ပြီးတော့ ဖန်းတောက်ဇူမှာ မယားငယ်က နှစ်ယောက် ရှိတယ်… သူတို့ရဲ့ အချက်အလက်တွေကိုလည်း နင့်ဖုန်းထဲ ပို့ပေးထားတယ်…”

“ နောက်ပြီး အစောပိုင်းတုန်းက ငါပြောခဲ့ဖူးတဲ့ ကျားရှင်းအုပ်စုအပြင် ဟုန်မန်ဂိုဏ်း လက်အောက်မှာ ရှိတဲ့ အကြီးဆုံး ကုမ္ပဏီက ဟိန်ရှန်းအုပ်စုပဲ… ဒါပေမယ့် အဲ့တာက သူ့ဇနီးရဲ့ နာမည်အောက်မှာ အမည်ပေါက် စာရင်းပေးထားတာ …” ချိုးယွီလော့ ပြောလိုက်ပြီး “ ဟိန်ရှန်းအုပ်စုကို စောင့်ကြည့်နေသ၍ ဖန်းတောက်ဇူကို ရှာတွေ့နိုင်ပြီ … ဖန်းရှစ်ဟုန် ဘယ်မှာ ရှိနေလဲဆိုတာတော့ ငါတို့တွေ အချိန်ယူပြီး စုံစမ်းဖို့လိုတယ်…”

“ ဒီ သတင်းတွေ ရှာဖွေဖို့တင် မင်းတို့အတွက် အတော်ခက်ခဲလှပြီ … လောစရာ မလိုပါဘူး … အချိန်ယူပေါ့ ….”

“ ငါ အရင်ဖုန်းချတော့မယ်… တစ်ခုခု လိုအပ်ရင် ငါ့ဆီ ဖုန်းဆက်လိုက် …” ချိုဂယွီလော့ ပြောလိုက်ပြီး “ လူလွှတ်ပေးဖို့ လိုတယ်ဆိုလည်း ဖုန်းခေါ်လာလိုက် …”

“ အိုကေ …”

ဖုန်းချပြီးနောက် လင်းရီသည် ချိုးယွီလော့ ပေးပို့လာသည့် အချက်အလက်များအား စတင်ဖတ်ရှုတော့သည်။

ဖန်းသားအဖအကြောင်းကို စာရင်းနှင့် အသေးစိတ် ပြုလုပ်ထားပြီး မိသားစု အစဉ်ပြဇယားပင် ပါရှိလိုက်သေးကာ အတော်လေး အနုစိတ်လှ၏။

ဖန်းသားအဖ၏ နာမည်အောက်တွင်ရှိသည့် အိမ်ယာပိုင်ဆိုင်မှုများကို ရှာတွေ့ထားသော်လည်းပဲ ချိုးယွီလော့၏ သုံးသပ်မှုများအရ သူတို့ကြည့်ရသည်မှာ အဆိုပါ နေရာများသို့ အသွားအလာလုပ်သည်မှာ မရှိသလောက် နည်းသည့်ဟန်ပင်။

တစ်နှစ်ပတ်လုံးတွင် အဆိုပါ နေရာများ၌ နေထိုင်သည့် အရေအတွက်က လက်ချိုးရေတွက်၍ပင် ရသည်။

လင်းရီသည် ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ပေးပို့လာသည့် သတင်းအချက်အလက်များအား ဆက်တိုက် ဖတ်ရှုနေလေသည်။ ဖန်းသားအဖထံတွင် အခြား အမည်တစ်ခုဖြင့် ပိုင်ဆိုင်ထားသည့် တခြားသော အိမ်ယာများ ရှိနေလိမ့်ဦးမည်ဟု လင်းရီ သံသယ ရှိလာသည်။

အချိန်ကာလက တိုတောင်းသဖြင့် အရာအားလုံးကို တူးဆွနိုင်ဖို့ မဖြစ်နိုင်ခဲ့ချေ။ ထို့ကြောင့် ချိုးယွီလော့ကို အချိန်ပိုပေးဖို့ လိုအပ်၏။

ယခုလောလောဆယ်တွင်တော့ ဖန်းတောက်ဇူ၏ တည်နေရာအကြောင်းကို တွေးပူနေစရာ မလိုတော့ချေ။ ချိုးယွီလော့ ပြောသည့် စကားများအရ ဟိန်ရှန်းအုပ်စု၏ အစစ်အမှန် ထိန်းချုပ်သူ တစ်ဦးအနေဖြင့် ၎င်း၏ ကုမ္ပဏီတွင် ထွက်ပေါ်လာခဲ့မည်မှာ ကျိန်းသေပေါက်ပင်။

အကယ်၍ တစ်ဖက်သူကို ရှာတွေ့လိုပါက ကုမ္ပဏီတွင် စောင့်ဆိုင်းနေ၍ရ၏။

ခက်ခဲသည့် တစ်ချက်က ဖန်းရှစ်ဟုန်၏ တည်နေရာ အတိအကျကို သိရဖို့ပင်။ ၎င်း၏ တည်နေရာက မှန်းဆရန် ခဲယဉ်းလှပြီး အားစိုက်ထုတ်မှုတချို့ ပြုလုပ်ရန် လိုသည်။

ပေးပို့လာသည့် အချက်အလက်များကို ဖတ်ရှုရင်း လင်းရီ ကိစ္စတော်တော်များများကို သိရှိလိုက်ရ၏။

ဖန်းတောက်ဇူတွင် ဖန်းဟွေ့ကျင်းဆိုသည့် ညီမတစ်ဦး ရှိပြီး သူ့အမျိုးသားက လီတုံရှင်းဖြစ်သည်။ ထိုလူက ဟောင်ကောင်ရှိ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်လေသည်။

ထို့ပြင် ဟွမ်ဟိုင်အုပ်စုက လီမိသားစုပိုင် ကုမ္ပဏီတစ်ခု ဖြစ်၏။

ယခင် … လီတုံရှင်း၏သား လီဟွာရှင်းက ပြည်မကြီးအတွင်းသို့ ဝင်ရောက်ပြီး ဈေးကွက်နေရာလုချင်ခဲ့သည်။ သို့သော် လင်းရီ၏ သင်ခန်းစာပေးမှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက်တွင် နောက်ထပ် အသံမကြားရတော့ချေ။

ဟမ့် … ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ …

ဤသည်ကိုမြင်တော့ လင်းရီ ခပ်ထေ့ထေ့ ပြုံးလိုက်မိသည်။ ဟောင်ကောင်က အတော်လေး ကျဉ်းမြောင်းလှသည်ဟု လင်းရီ ခံစားလိုက်ရ၏။ မဟုတ်ပါက သူတို့မှာ မိသားစုချင်း ဆက်နွယ်နေလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။

ပေးပို့လာသည့် အချက်အလက်မျာကို စာရွက်နှင့် ပရင့်ထုတ်၍ လင်းရီသည် မွန်းလွဲသုံးနာရီကျော်သည့်တိုင်အောင် ဖတ်ရှုလေ့လာနေခဲ့သည်။ ထို့နောက် အသင်း ၁ အဖွဲ့ဝင်များထံ စာပို့၍ စုဝေးရန် ညွှန်ကြားလိုက်သည်။

ညနေ လေးနာရီအချိန်တွင် လင်းရီ၏ အမိန့်ပေးမှုအေက်၌ အသင်း ၁ အဖွဲ့သားများအားလုံး ဟိုတယ်သို့ တစ်ယောက်ပြီး တစ်ယောက် ပြန်ရောက်လာခဲ့ကြသည်။

အသုံးဝင်သည့် သတင်းအချက်များ ရရှိထားခြင်း ရှိမရှိက အရေးမကြီး။ သူတို့တွေ စုဝေးပြီး ရရှိထားသည့် သတင်းအချက်အလက်များကို ရောနှောကာ ဒုတိယ မစ်ရှင်ကို ဂရုတစိုက်နှင့် စီစဉ်ဖို့လိုသည်။

“ ဟင် … ဘာလို့ မင်းတစ်ယောက်တည်း ပြန်လာတာ …. လော့ချီရော…..”

“ အဲ့ဒါက ဒီလိုလေ …” ယွီစီယင် ပြောလိုက်ပြီး “ ဒီည ဟောင်ကောင်ရဲ့ ကျားငါးကောင်ဒေသ ၊ ဝမ့်လိ ဟိုတယ်မှာ လက်ဝှေ့ပြိုင်ပွဲ ကျင်းပမှာ … အန်းယိ၊ ဇီဖူနဲ့ ဟုန်မန်ဂိုဏ်းလည်း ပါဝင်ယှဉ်ပြိုင်ကြမှာ … ပြောသံကြားတာတော့ အဖွဲ့အစည်းရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေပါ ရောက်လာမယ်လို့ ဆိုကြတာပဲ .. ဖန်းရှစ်ဟုန်လည်း အဲ့ဒီကို ရောက်လာလောက်တယ်… ဒါကြောင့်မို့ ချီချီနဲ့ ကျွန်မက ခိုးဝင်ပြီး စားပွဲထိုးလို ရုပ်ဖျက်ပြီး သဲလွန်စတွေကို စုံစမ်းကြည့်မလို့ …”

All Chapters