လုပ်ကြံတဲ့ စစ်ဆင်ရေး စတင်ပြီ
Vol. 132 Ch. 1976
ကျောက်ယွင်ဟူ ကားထဲက ထွက်သွားခဲ့ပြီးနောက် လင်းရီ ကျန်သူများဘက်သို့ လှည့်ပြီး
“ ကားထဲက အခုထွက်ပြီး လိုင်စင် နံပါတ် FA5630 နဲ့ Cullinan … ၊ လိုင်စင်နံပါတ် FA7630 တိုရိုတာ အဲဖာ့ဒ် ၊ လိုင်စင်နံပါတ် FA8630 မာစီးဒီး S အမြင့် …၊ ဒီရဲ့ ကားတွေကို လိုက်ရှာ … ဒီကားတွေက ဖန်းရှစ်ဟုန် ပိုင်တဲ့ ကားတွေချည်းပဲ .. သူ ဘယ်ကား မောင်းလာခဲ့လဲ ရှာခဲ့ကြ ….”
“ ဟုတ်ကဲ့ …”
လင်းရီ၏ အမိန့်ကို လက်ခံပြီးနောက် အသင်း ၁ အဖွဲ့သားများအားလုံး ကားထဲက တစ်ယောက်ပြီး တစ်ယောက် ထွက်ကာ ဖန်းရှစ်ဟုန်၏ ကားကို လိုက်လံ ရှာဖွေကြတော့သည်။
လင်းရီမှာမူ ကားတူးဘောက်စ်ထဲရှိ မိတ်ကပ်ဘူးအား ထုတ်ကာ ရိုးရှင်းသည့် မိတ်ကပ်တချို့ကို မျက်နှာပေါ်သို့ လိမ်းကျံလိုက်သည်။
ဆယ်မိနစ်ကျော်ခန့် ကြာပြီးနောက် လင်းရီ မိတ်ကပ်လိမ်းပြီးသွားခဲ့လေသည်။ သူ၏ အသားအရေက ပို၍ ညိုညစ်လာခဲ့ကာ ပါးသိုင်းမွေးအတုကိုလည်း တပ်လိုက်သည်။ သူ၏ သွင်ပြင်က လုံးဝကို အသက်သုံးဆယ်ကျော် သက်လတ်ပိုင်း လူတစ်ဦး၏ သွင်ပြင်ပင်။ အကယ်၍ သေချာစေ့စေ့စပ်စပ် ကြည့်ရှုခြင်း မရှိဘူးဆိုပါက လင်းရီ ဖြစ်ကြောင်းကို မည်သူမျှ သတိမူမိမှာ မဟုတ်ချေ။
နာရီဝက်ခန့် ကြာပြီးနောက် စွေ့ချန်ထံက မက်ဆေ့ချ်ဝင်လာခဲ့ပြီး ဖန်းရှစ်ဟုန်၏ ကားကို ရှာတွေ့ပြီ ဖြစ်ကြောင်း သတင်းပို့လာခဲ့ခြင်းပင်။
ယင်းက FA 7630 လိုင်စင် နံပါတ်ပြားနှင့် တိုရိုတာ အဲဖာ့ဒ်ဖြစ်၏။
တည်နေရာအတိအကျကို မေးမြန်းပြီးနောက် လင်းရီ လျှာထုပ်ဦးထုပ်ဆောင်းကာ ကားထဲက ထွက်လာသည်။ စွေ့ချန်က VIP ကားပါကင်နေရာ၏ အပြင်ဘက်တွင် ရှိနေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။
ရှေ့တွင် VIP ကားပါကင်နေရာတစ်ခု ရှိပြီး သို့သော်လည်းပဲ အထဲရှိ ကားများက ရူးသွပ်လောက်စရာ ဈေးနှုန်းများဖြင့် ကားအကောင်းစားကြီးများ ဟုတ်မနေကြချေ။
ထိုအစား ကားအများစုက တိုရိုတာ အဲ့ဖာ့ဒ်များသာ ဖြစ်လေသည်။
၎င်းနှင့် ကပ်လျက်တွင် မာစီးဒီး S အမြင့်က လိုက်ပြီး ဤနေရာရှိ အကောင်းဆုံးကတော့ ဘန်ထလေပင်။ သို့သော် ကားတန်ဖိုးကို ကြည့်၍ ဆုံးဖြတ်ပေးရမည်ဆိုလျှင်တော့ ၎င်းကားက ဤသို့သော VIP သီးသန့်ကားပါကင်နေရာနှင့် အပ်စပ်သက်ဆိုင်နေခြင်းပင် မရှိလှပေ။
ဤသည်က ဘာကြောင့်လဲဆိုတော့ အမှန်တကယ် ကြွယ်ဝချမ်းသာသူတို့က ရှိုးပြရသည်ထက် သူတို့ သက်တောင့်သက်သာဖြစ်သည့် အရာကိုသာလျှင် ပထမဦးစားပေးအဖြစ် ရွေးချယ်တတ်ကြသောကြောင့် ဖြစ်၏။
မိတ်ကပ်နှင့် လင်းရီကို မြင်တော့ စွေ့ချန် အံ့အားသင့်မသွားခဲ့ချေ။ ဤသည်က သူတို့ မရှိမဖြစ် လိုအပ်သည့် ကျွမ်းကျင်မှုများထဲက တစ်ခုဖြစ်ပြီး သူတို့ အသုံးပြုလေ့ရှိသည့် သာမန် နည်းစနစ်တစ်ခုသာ ဖြစ်၏။ အထူးတလှယ် အံ့အားသင့်နေစရာ အကြောင်း မရှိပေ။
“ ခေါင်းဆောင် … ကားက အထဲမှာ .. ဒါပေမယ့် လုံခြုံရေး အစောင့်ရှိနေတယ်… ဒီလိုနေရာမျိုးမှာ တိုက်ခိုက်မယ်ဆိုရင် လူတွေ သတိထားမိသွားမှာ ကျိန်းသေတယ်…”
“ ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး … ငါနဲ့လိုက်ခဲ့ …”
“ ဟုတ် …”
ဘေးပတ်ဝန်းကျင်ကို ခေတ္တလေ့လာကြည့်ရှုပြီးသည်နောက် လင်းရီနှင့် စွေ့ချန်တို့ ကားပါကင်ထံ ဦးတည်လျှောက်လှမ်းသွားခဲ့ကြသည်။
လုံခြုံရေး ဂိတ်တံခါးပေါက်ဝရှေ့ကို ရောက်တော့ လင်းရီ တံခါးကို ဖွင့်ပြီး အထဲသို့ ဝင်လာခဲ့ကာ စွေ့ချန်က တံခါးကို ပြန်ပိတ်လိုက်၏။
မြင်းပြိုင်ပွဲကြည့်ရှုအားပေးနေသည့် လုံခြုံရေး အစောင့်မှာ သူနေသည့် နေရာအတွင်းသို့ လူဝင်ရောက်လာသည်ကို မြင်တော့ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။
“ ဘာလုပ်ပေးရမလဲ …”
“ မသေချင်ဘူးဆို ဘာမှမလုပ်နဲ့ ….”
သေနတ်ပြောင်းဝကို မြင်တော့ သက်လတ်ပိုင်း လုံခြုံရေး အစောင့်မှာ ရှော့ခ်ရသွားခဲ့ပြီး ကိုင်ထားသည့် ဖုန်းလည်း ကြမ်းပြင်သို့ ဘန်းခနဲ မြည်ကာ ပြုတ်ကျသွားခဲ့သည်။ သူ့နဖူးတစ်ပြင်လုံး ချွေးအေးများ စီးကျလာသည်အထိ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ပြီး ခန္ဓာကိုယ်သည်လည်း တဆတ်ဆတ် တုန်ယင်လာနေသည်။
“ မင်း … မင်း ဘယ်သူလဲ … ငါ့ကို ဘာလုပ်မလို့လဲ …”
လင်းရီ လေကုန်ခံမနေဘဲ လုံခြုံရေး အစောင့်ကို သတိလစ် မေ့မြောအောင် ရိုက်နှက်လိုက်သည်။
“ သူ့အဝတ်တွေ ယူဝတ်ပြီး ဖန်းရှစ်ဟုန်ရဲ့ ဒရိုင်ဘာကို လှမ်းခေါ်လိုက် … ငါ ကျန်တာ ဆက်ပြောဖို့တော့ မလိုဘူးမလား …”
“ အိုကေ … နားလည်ပြီ …”
စွေ့ချန်မှာ အတော်လေး လျင်မြန်သွက်လက်လှသည်။ မိနစ် အနည်းငယ် အတွင်းမှာပဲ လုံခြုံရေးယူနီဖောင်းကို ပြောင်းလဲ ဝတ်ဆင်ပြီးသွားခဲ့လေသည်။
“ ခေါင်းဆောင် … ကျုပ် အရင် သွားနှင့်ပြီ …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ သူ့ကို လုံခြုံရေး အခန်းထဲ လာပြီး စာရင်းသွင်းဖို့ လိုတယ်ပြောလိုက် … ကျန်တာ ဘာမှ ပြောစရာမလိုဘူး…”
“ နားလည်ပြီ …”
စွေ့ချန် သူ၏ ယူနီဖောင်းကို သပ်ရပ်ကျနအောင် ပြုလုပ်ပြီးနောက် ဖန်းရှစ်ဟုန်၏ တိုရိုတာ အဲဖာ့ဒ်ထံသို့ ဦးတည်လျှောက်လှမ်းသွားခဲ့လေသည်။
ဒရိုင်ဘာက သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး မျက်စိစုံမှိတ်လျက် အနားယူနေခဲ့၏။
ဖုန်းကိုတော့ ဘေးရှိ လက်မောင်းတင်သည့် နေရာတွင် ချထားပြီး တစ်စုံတစ်ရာ အသိပေးလာမှာကို စောင့်မျှော်နေပုံပင်။
ဒေါက် ဒေါက် ဒေါက် …
စွေ့ချန် အနားသို့ရောက်လာပြီး ကားမှန်ပြတင်းပေါက်ကို သုံးချက် ခေါက်လိုက်သည်။
သက်လတ်ပိုင်း ဒရိုင်မှာ မျက်လုံး ဖြတ်ခနဲ ပွင့်လာခဲ့ပြီး အပြင်တွင် မတ်တပ်ရပ်နေသည့် လုံခြုံရေး အစောင့်ကို သတိထားမိသွားခဲ့လေသည်။ ပြတင်းပေါက်မှန်ကို အောက်သို့ချပြီး အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် မေးလိုက်၏။
“ ဘာကိစ္စလဲ …”
“ ဟယ်လို … ကားပါကင်ရဲ့ စီမံခန့်ခွဲမှုကို ပိုပြီး အဆင်ပြေချောမွေ့စေဖို့အတွက် လုံခြုံရေးကမ့်ထဲ လိုက်ခဲ့ပြီး စာရင်းပေးသွင်းရပါမယ်….”
“ ဟင် …”
သက်လတ်ပိုင်း ဒရိုင်ဘာမှာ အံ့အားသင့်သွားခဲ့ပြီး “ အရင် တစ်ပတ်ကတောင် အဲ့လို စည်းမျဉ်းမျိုး မရှိပါဘူး … မင်းတို့ ဘယ်တုန်းက ရုတ်တရက်ကြီး ပြောင်းလဲလိုက်တာ …”
“ မန်နေဂျာက အခုလေးတင် ညွှန်ကြားလာတာပဲ … ဒီတော့ ခင်များကို ဒုက္ခပေးမိပြီ …” စွေ့ချန် ရိုးသားစွာ ပြုံး၍ သူ့ကိုယ်သူ အပြစ်ကင်းစင်သည့် အသွင်ပေါက်အောင် ဖန်တီးထားလိုက်သည်။
“ မင်းတို့ဟာကလည်း စောက်လုပ်ကို ရှုပ်နေတာပဲ … စည်းကမ်းတွေ ဘာလို့ အဲ့လောက်တောင် များနေရတာ ….”
သက်လတ်ပိုင်း ဒရိုင်ဘာမှာ အနည်းငယ် စိတ်မရှည် ဖြစ်သွားခဲ့၏။ ထို့နောက် သူ့ဖုန်းကို လှမ်းယူပြီး ကားတံခါးဖွင့်ကာ လုံခြုံရေးကမ့်သို့ ဦးတည်လျှောက်လှမ်းလာလေသည်။
တံခါးဖွင့်ပြီးနောက် သက်လတ်ပိုင်းဒရိုင်ဘာမှာ လင်းရီကို မြင်တွေ့သွားခဲ့သည်။
သူက ယူနီဖောင်းကို မဝတ်ဆင်ထားသော်လည်းပဲ သတ်လတ်ပိုင်း ကားဒရိုင်ဘာမှာ များများစားစား အာရုံထားမနေချေ။ သတိလစ် မေ့မြောနေသည့် လုံခြုံရေး အစောင့်ကို အစောပိုင်းကတည်းက ဗီရိုထဲသို့ ထည့်ထားပြီး ဖြစ်ကာ မည်သည့် ခြေရာလက်ရာကိုမျှ ထိမ်ချန်ထားခြင်း မရှိပေ။
“ ဘယ်မှာ လက်မှတ်ထိုးရမှာ … မြန်မြန်ပြော … အချိန်မဖြုန်းနဲ့ ….” သက်လတ်ပိုင်း ဒရိုင်ဘာက မာရည်ကြောရည် လေသံဖြင့် ပြောဆိုလာသည်။
“ ဒီမှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးလိုက်ရင် ရပြီ .. “ လင်းရီ ယဉ်ကျေးစွာ တုံ့ပြန်၍ ဖောင်တိန်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။
သက်လတ်ပိုင်း ဒရိုင်ဘာမှာ ဖောင်တိန်ကို ယူပြီး သူ့နာမည်နှင့် လိုင်စင် နံပါတ်ပြားကို ဘောင်အကွက်အတိုင်း ရေးဖြည့်လိုက်သည်။
သို့သော် ထိုအချိန်မှာပဲ လင်းရီသည် အစောပိုင်းက လှုပ်ရှားမှုအတိုင်း ဒရိုင်ဘာ၏ လည်ပင်းသို့ လက်ဝါးစောင်းခုတ်လိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒရိုင်ဘာမှာ ချက်ချင်း သတိလစ်သွားခဲ့၏။
တစ်ချိန်တည်းတွင် လင်းရီသည် သူ၏ အင်္ကျီ အဝတ်အစားများကို ချက်ချင်း ချွတ်ပစ်ကာ သက်လတ်ပိုင်း လူကြီး၏ ဒရိုင်ဘာ ဝတ်စုံကို ချွတ်ယူဝတ်ဆင်လိုက်သည်။
ယခု လင်းရီနှင့် စွေ့ချန်တို့ နှစ်ဦးလုံး ကိုယ်စီ အထောက်အထားအသစ်များနှင့် ဖြစ်သွားကြပြီ ဖြစ်၏။
ဖြစ်စဉ်တစ်ရပ်လုံးကို မည်သည့် ပြင်ပလူကမျှ သတိပြုမိခြင်း မရှိကြချေ။
“ မင်း ဒီမှာနေခဲ့ပြီး လူကို ကျုံးဝေ့တပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးတွေ လက်ထဲ ထည့်ပေးလိုက် .. ဟုန်မန်ဂိုဏ်းကို မကိုင်တွယ်ပြီးသရွေ့ သူတို့ကို ပေါ်မလာစေနဲ့ …”
“ နားလည်ပြီ …”
လုံခြုံရေးကမ့်ထဲက လင်းရီ ထွက်သွားခဲ့ပြီး ဒရိုင်ဘာ၏ ဖုန်းကိုလည်း တစ်ပါတည်း ယူသွားသည်။ ထို့နောက် သူ့ဖုန်းကို ထုတ်၍ ဂရုအသေးစားလေးထဲသို့ မက်ဆေ့ချ်ပို့လိုက်၏။
“ စီယင် ၊ ချောင်ယွဲ့ … မင်းတို့ဘက် အခြေအနေ ဘယ်လိုရှိလဲ …”
“ လက်ဝှေ့ပွဲက စနေပြီ .. ဖန်းရှစ်ဟုန်က ဒုတိယထပ်က သီးသန့် ကြည့်တဲ့နေရာမှာ ရှိနေတယ်.. အားလုံး ပုံမှန်ပဲ … ကျွန်မတို့ အချိန်မရွေး လှုပ်ရှားဖို့အသင့် ရှိနေတယ်….”
“ ယွင်ယူ … မင်းကရော ….”
“ ကျုပ်လည်း လျှပ်စစ်မိန်းခလုတ်ကို ရှာတွေ့ထားပြီ ခေါင်းဆောင် .. ခေါင်းဆောင် အမိန့်ပေးလာမှာကို စောင့်နေတယ်…”
“ စီယင် ၊ ချောင်ယွဲ့ … မင်းတို့ အရင်စလိုက်ကြ … ၊ ယွင်ယူ … မင်းက ငါ အမိန့်ပေးတာကိုစောင့်….”
“ ဟုတ်ကဲ့ …”
တာဝန်ခွဲဝေပေးပြီးနောက် လင်းရီသည် တိုရိုတာ အဲ့ဖာ့ဒ်ထဲသို့ ဝင်ပြီး သက်လတ်ပိုင်း ဒရိုင်ဘာ၏ ဖုန်းကို လက်ထဲ ကိုင်ထားကာ အသိပေးအချက်ပြမှုကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။
ကလင် ကလင် ကလင် ..
ဆယ်မိနစ်ခန့် ကြာပြီးနောက် အနက်ရောင်ဖုန်းက အသံမြည်လာခဲ့၏။
ခေါ်ဆိုလာသူ၏ နာမည်က ရှန်းဟုန်ပင်။
လင်းရီ အသက်ပြင်းပြင်း ရှူသွင်း၍ စိတ်တည်ငြိမ်အောင် ပြုလုပ်ကာ ဖုန်းကို ကိုင်လိုက်သည်။
သို့သော် သူ တစ်စုံတစ်ရာ မပြောနိုင်သေးခင်မှာပဲ တစ်ဖက်က အလျင်လိုသည့် အသံ ထွက်ပေါ်လာသည်။
“ ပြိုင်ပွဲ ပြီးသွားပြီ … ဟိုတယ် ဝင်ပေါက်ကို ချက်ချင်း လာပြီး သခင်လေးကို လာကြိုတော့ …”
“ နားလည်ပါပြီ …” လင်းရီ ဟောင်ကောင်စကားဖြင့် တုံ့ပြန်လိုက်၏။
ဖုန်းချပြီးနောက် ဘေးရှိ ကားတော်တော်များများကလည်း သူတို့၏ ရှေ့မီးများ ဖွင့်လာခဲ့ကာ ကားပါကင်ထဲက ထွက်ခွာရန် ပြင်ဆင်နေသည်ကို မြင်တွေ့လိုက်ရသည်။
ဤမြင်ကွင်းက လင်းရီ စိတ်ကူးထားသည်နှင့် တစ်ထပ်တည်း ကျနေခဲ့၏။
ဟိုတယ်ထဲတွင် ရုတ်ရုတ်သဲသဲ အခြေအနေ တစ်ခုခု ဖြစ်လာသည်နှင့် အဖွဲ့အစည်း အသီးသီး၏ ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးများမှာ ဟိုတယ်ထဲက ချက်ချင်း ထွက်ခွာမည်မှာ သံသယ ရှိရန် မလိုပေ။
စွေ့ချန်မှာ လွဲမှားချော်မှား ပြုလုပ်ခြင်း မရှိပါဘဲ လင်းရီ၏ တိုရိုတာ အဲ့ဖာဒ် ချဉ်းကပ်လာသည်ကို မြင်သည်နှင့် အတားအဆီးကို ချက်ချင်း ယ်ပေးလိုက်သည်။
လင်းရီ၏ ကားက ဟိုတယ်ဝင်ပေါက်ဝသို့ ချက်ချင်း လျင်မြန်စွာ ရောက်ရှိသွားလေသည်။
ထိုစဉ် ဘော်ဒီဂတ် ခြောက်ယောက်၏ လိုက်ပါပို့ဆောင်မှုအောက်တွင် ဖန်းရှစ်ဟုန်သည် ဓာတ်လှေကားထဲက ကသုတ်ကရိုက် ထွက်လာခဲ့၏။
နှစ်ယောက်က ဒီ အဆင့်သို့တိုင် ရောက်ရှိနေပြီး ကျန်လေးယောက်မှာမှာ E အဆင့်များပင်။ ဤသို့သော ကာကွယ်ပေးမှုအဆင့်က အတော်မြင့်မားသည်ဟု ပြော၍ရသည်။
“ သခင်လေး .. အခု ဒီလိုမျိုး ရုတ်တရက်ကြီး ဖြစ်လာတယ်ဆိုတော့ အရင် တစ်ခေါက် စစ်ဆင်ရေးက ပေါက်ကြားသွားခဲ့တာများလား …”
ပြောလိုက်သူကတော့ ရှန်းဝန်လီဆိုသည့် အမျိုးသမီးပင်။