← Chapters

ဟွာရှအပေါ် ကြောက်လန့်မှု

Vol. 132 Ch. 1978

ဟွာရှအပေါ် ကြောက်လန့်မှု

Vol. 132 Ch. 1978

စိတ်တည်ငြိမ်သွားခဲ့ပြီးနောက် လင်းရီ ကားထဲက ချက်ချင်း လက်ငင်း ထွက်ခွာခြင်း မပြုပေးပေ။

ထိုအစား လူပြတ်တိတ်ဆိတ်သည့် နေရာတစ်ခုသို့ မောင်းသါားပြီး ဖန်းရှစ်ဟုန်နှင့် ရှန်းဝန်လီတို့၏ ဖုန်းများကို ရှာဖွေလိုက်သည်။

ထို့နောက် ကားထဲတွင် ထိုင်နေရင်း သူတို့ဖုန်းများကို လှန်လောကြည့်ကာ အသုံးဝင်မည့် သဲလွန်စ တစ်စုံတစ်ရာ ရှိနိုင်မရှိနိုင် ရှာကြည့်နေသည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် လင်းရီ ထင်မှတ်မထားစွာဖြင့် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

သုံးကြိမ်ပေါ်ပေါက်လာသည့် လိပ်စာတစ်ခု ရှိ၏။ ယင်းက ဟောင်ကောင် တောင်ပိုင်းခရိုင်ရှိ မောင့်ဗစ်တာ ဗီလာပင်။

လင်းရီ အွန်လိုင်းပေါ်သို့ တက်၍ ရှာဖွေကြည့်လိုက်ရာ ဟော်ကောင်ရှိ အခြေအနေတချို့အား နားလည်သဘောပေါက်သွားခဲ့သည်။

ဟောင်ကောင်၏ တောင်ပိုင်းခရိုင်က သာမန် ချမ်းသာသည့် သူဌေးရပ်ကွက်တစ်ခု ဖြစ်ပြီး မောင့်ဗစ်တာ ဗီလာက ထိုနေရာရှိ ထိပ်တန်းစံအိမ်တစ်ခုပင်။

လူတော်တော်များများ အဝေးမှသာ လှမ်းမြင်ကြည့်နိုင်သည့် နေရာတစ်ခု ဖြစ်၏။

၎င်းကြောင့်ပဲ ထိုနေရာက ဖန်းသားအဖ လျှို့ဝှက် စုဝေးသည့်‌ နေရာတစ်ခု ဖြစ်မည်ဟု လင်းရီ မှန်းဆကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းက ချိုးယွီလော့ ပေးပို့လာသည့် သတင်းအချက်များထဲတွင် ပါရှိမနေသောကြောင့်ပင်။

ထိုအကြောင်း တွေးမိသည်နှင့် လင်းရီသည် အခြားမက်ဆေ့ချ်တစ်ခုကို အသင်း ၁ သို့ လှမ်းပို့လိုက်သည်။

“ ငါ မင်းကို အခု လိပ်စာတစ်ခုပို့လိုက်တယ်… ဒီနေရာကို တစ်ချက် စုံစမ်းပေး … မင်းတို့ကိုယ်မင်းတို့ မဖော်ထုတ်မိအောင်လည်း ဂရုစိုက်ကြ …”

“ နားလည်ပါပြီ …”

တည်နေရာကို ပေးပို့ပြီးနောက် လင်းရီသည် ၎င်းတို့ဖုန်းများကို ယူဆောင်ကာ ညာအမှောင်တွင် လ၏ မှိန်ပျပျ အလင်းရောင်အား အားပြု၍ ကမ်းရိုးတန်းဘက်ခြမ်းသို့ မောင်းနှင်သွားခဲ့သည်။

ရှန်းဝန်လီ၏ အလောင်းကို ဦးစွာ စွန့်ပစ်ဖို့ လင်းရီ ပြင်ဆင်ထား၏။

…………….

ဟောင်ကောင် ၊ ‘ O ‘ ဟိုတယ်ရှိ VIP ဧည့်ခန်းမကြီးထဲ၌။

ငါးမီတာ စက်ဝိုင်းအချင်းရှိသည့် ထမင်းစားပွဲဝိုင်းကြီး တစ်ခုတွင် စားကောင်းသောက်ဖွယ် အမယ်မျိုးစုံတို့ ပြည့်နှက်နေသည်။

ဖန်းတောက်ဇူ ၊ အီဗန်နှင့် ဝေါ်ကာတို့ သုံးဦးလုံး စားပွဲတွင် ထိုင်နေကြသည်။ သို့သော် စားပွဲပေါ်ရှိ အမယ်များကိုတော့ တစ်ချက်လေးမှ ထိတို့ခြင်း မပြုကြချေ။

“ ကြီးကြပ်ဖန်း … မင်း ငါတို့ကို ဒီခေါ်လိုက်တာ တစ်ခုခု ပြောစရာ ရှိလို့လား ….”

“ ကျုံးဝေ့တပ်ဖွဲ့နဲ့ ပတ်သက်တဲ့ ဒုတိယ မစ်ရှင်မှာ ထင်မှတ်မထားတာ တစ်ခုခု ဖြစ်လာခဲ့တယ်… ဒါကြောင့်မို့ မစ်ရှင် မအောင်မြင်လိုက်ဘူး …”

ဖန်းတောက်ဇူမှာ အစကတည်းက ဒုတိယစစ်ဆင်ရေး ကျရှုံးသည့် ကိစ္စကို သိရှိထားခဲ့သည်။ သို့သော် သူ့ဘက်က အခြား မည်သည့် အရာကိုမျှ ပြောဆိုခြင်း မရှိခဲ့ချေ။ ကိစ္စရပ်များက အင်မတန် ရုတ်တရက် ဆန်လွန်းလှပြီး ရှင်းပြချက် ပေးရန်အတွက် အချိန်ယူ စဉ်းစားဖို့ လိုသည်။

မစ်ရှင်နှစ်ခုကို ဆက်တိုက် ကျရှုံးမှုက ဟောင်ကောင် ဟုန်မန်ဂိုဏ်းအတွက် ကောင်းသည့် ကိစ္စ မဟုတ်ချေ။ ဌာနချုပ်တွင် ဟုန်မန်ဂိုဏ်းအပေါ် ယုံကြည်မှုတို့‌ လျော့ပါးလာစေနိုင်သည်။ ၎င်းကြောင့်ပဲ သူ့ဘက်က အချိန်ခဏဆွဲကာ ဤကိစ္စကို မည်သို့ ရှင်းပြသင့်လဲဆိုတာ စဉ်းစား အဖြေထုတ်နေခဲ့ခြင်းပင်။

“ မအောင်မြင်သွားဘူး ဟုတ်လား ….”

အီဗန်နှင့် ဝေါ်ကာတို့ တစ်ယောက်ကိုယ်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိကာ အံ့အားသင့်သွားခဲ့ကြသည်။

“ ဘာကြောင့်လဲ …”

“ ကျုပ်တို့ဘက်က လင်းရီရဲ့ အလောင်းကို ပြန်ယူလာပြီးပြီ … ဒါပေမယ့် လမ်းတစ်ဝက်မှာ ကျုံးဝေ့တပ်ဖွဲ့က အလောင်းကို ပြန်ပြီး တောင်းသွားတယ်… ကြည့်ရတာ သူတို့ လမ်းခုလတ်မှာ အမိန့်တစ်ခုခု လက်ခံရရှိလိုက်လို့နဲ့ တူတယ်…”

ပြောပြီးသည်နှင့် ဖန်းတောက်ဇူ၏ မျက်လုံးက အီဗန်နှင့် ဝေါ်ကာထံသို့ ကျရောက်သွားခဲ့ပြီး “ ခင်များတို့ဘက်က သတင်းကို မပေါက်ကြားစေဘူးဆိုတာ သေချာလား …”

ဖန်းတောက်ဇူသည် သူ၏ တစ်ဖက်သူအပေါ် အပြစ်ပုံချသည့် စွမ်းရည်ကို ထပ်မံ အသုံးပြုနေပြန်သည်။ တာဝန်ခံမှု အလုံးစုံက သူ့ပခုံးထက်တွင် ရှိရမည် ဆိုသော်လည်းပဲ နည်းလမ်းရှာ၍ အီဗန်နှင့် ဝေါ်ကာတို့ထံ တစ်နည်းနည်းဖြင့် လွှဲချလိုက်သေးသည်။

“ အဲ့တာ မဖြစ်နိုင်ဘူး … ကျုပ်တို့ ဒီအကြောင်း သိတောင် မသိတာ ဘယ်နားက သတင်းပေါက်ကြားရမှာတုန်း ….”

“ ကြီးကြပ်ဖန်း … ခင်များ တခြား အကြောင်းပြချက် ပေးသင့်တယ်နော်….”

အီဗန်က ဉာဏ်ကောင်းသည့် လူဖြစ်ပြီး စကားကို တိုက်ရိုက်မပြောဆိုခဲ့ချေ။

သူတို့ကြားရှိ အဆင့်အတန်း ကွာဟမှုကြောင့် စကားကို ကျယ်လောင်စွာ ထုတ်မပြောခဲ့ချေ။ သူက ဖန်းတောက်ဇူကို သူ့ကိုယ်ပိုင် ကျရှုံးခြင်း အကြောင်းပြချက်အား ထုတ်ပြောဖို့ ပြောဆိုရန် သတိပေးနေခြင်းလည်း ဖြစ်သည်။

“ ကျုပ်တို့ ဘက်ခြမ်းကတော့ ဘာပြဿနာမှ မရှိတာ သေချာတယ်… မဟုတ်ရင် သူတို့ဘက်က ကျုပ်ရဲ့ လူတွေကို ရှင်လျက် လွှတ်ပေးလိုက်စရာ အကြောင်းမှ မရှိတာ ….” ဖန်းတောက်ဇူ ပြောလိုက်ပြီး “ ပြဿနာက တစ်နေရာရာမှာတော့ ရှိရမယ့် … ကျုပ်အထင် သူတို့ဘက်က တခြား ထင်မထားတဲ့ သတင်းတွေ ရှာတွေ့သွားလို့ ဒီခုလို အခြေအနေမျိုးကို ဦးတည်လာတာပဲ ဖြစ်ရမယ်….”

“ ခင်များ ဘာကို ဆိုလိုချင်နေတာ …”

“ အရင်းအမြစ်တွေ အားလုံက ဖောဆက်စ်က စတာပဲ .. ကျုပ်အထင် သူတို့ အဲ့မှာတုန်းက သဲလွန်စတချို့ တွေ့သွားခဲ့တယ်နဲ့တူတယ်…”

အီဗန်နှင့် ဝေါ်ကာတို့ တိတ်ဆိတ်သွားခဲ့ကြသည်။

အကယ်၍ အဆိုပါ ဖြစ်ရပ်အတွင်း သဲလွန်စများ အမှန်ပင် ဖော်ထုတ်ခံလိုက်ရပါက ပြဿနာမှာ တကယ်ကြီး သူတို့ဘက်ခြမ်းတွင် ရှိနေခြင်းပင်။

“ မဖြစ်နိုင်ဘူး …” ဝေါ်ကာ ပြောဆိုလိုက်ပြီး “ သဲလွန်စ တချို့ ကျန်ခဲ့တယ်ဆိုရင်တောင် ဟောင်ကောင်က မစ်ရှင်နဲ့ ဆက်စပ်နိုင်မှာ မဟုတ်ဘူး … ပြဿနာက တခြားတစ်နေရာမှာ ရှိနေတာပဲ ဖြစ်ရမယ်… ကြီးကြပ်ဖန်းက ဒီကိစ္စကို သေချာလေး စုံစမ်းစစ်ဆေးပေးမယ်လို့ ကျုပ်မျှော်လင့်ပါတယ်….”

ဖန်းတောက်ဇူ ခေါင်းညိတ်လိုက်သည်။ သူ၏ အမူအရာမှာ မပြောင်းမလဲ တည်ကြည်လျက်သာ ရှိနေပြီး ပြဿနာက ဟုန်မန်ဂိုဏ်းနှင့် မသက်ဆိုင်ဘဲ အခြားတစ်နေရာတွင် တည်ရှိနေသကဲ့သို့ ပြုမူနေသည်။

“ ကျုပ်တို့ ဒီကိစ္စကို ဆက်ပြီး စုံစမ်းကြမယ်… ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့က သူ့အလောင်းကို ယူသွားခဲ့ပြီ ဆိုတော့ အခု ရန်ကျင်းမှာ ရှိနေလောက်တယ်… နမူနာကို ပြန်ယူမယ်ဆိုရင် ရန်ကျင်းထဲ ဝင်နိုင်မယ့် နည်းလမ်းကို စဉ်းစားဖို့ လိုတယ်…”

“ အဲ့တာက အတော်လေးတော့ ခက်ခဲနိုင်တယ်…”

အီဗန် တွေးတွေးဆဆနှင့် ပြောလာခဲ့ပြီး “ ရန်ကျင်းရဲ့ လုံခြုံရေးက ကျုပ်တို့တွေ စိတ်ကူးထားတာထက် ပိုပြီး တင်းကြပ်တယ်… နမူနာက အရေးကြီးတယ်ဆိုပေမယ့် စွန့်စားရမယ့် အန္တရာယ်က ကျုပ်တို့ စိတ်ကူးထားတာထက် ကျော်လွန်နေတယ်… ဒီကိစ္စကို ဌာနချုပ်ဆီ ပြန်တင်ပြပြီး ဥက္ကဌကြီးနဲ့ တခြားကြီးကြပ်တွေ ဘယ်လို ကိုင်တွယ်ချင်လဲ ကြည့်ဖို့လိုတယ်…”

“ သိပ်ကောင်းတယ်….” ဖန်းတောက်ဇူ ပြောလိုက်ပြီး “ ကျုပ်တို့လည်း ဖြစ်ရပ်မှန်ကို သေချာသိရအောင် သဲလွန်စတွေကို တက်တက်ကြွကြွနဲ့ ရှာဖွေပေးပါ့မယ်…”

အီဗန် ခေါင်းညိတ်ပြီး မတ်တပ်ရပ်လိုက်သည်။

“ ကြီးကြပ်ဖန်း … မစ်ရှင်က ကျရှုံးခဲ့တယ်… ဆိုတော့ ကျုပ်တို့ ထွက်ခွာသင့်ပြီ … ကျုပ်တို့ အာရုံစိုက်ရမယ့် တခြား ကိစ္စတွေလည်း ရှိနေသေးတယ်ဆိုတော့လေ…”

“ ဌာနချုပ်ကို ပြန်ကြတော့မလို့လား …” ဖန်းတောက်ဇူ ယဉ်ကျေးစွာ မေးမြန်းလာခဲ့၏။

“ ပြဿနာရဲ့ အရင်းမြစ်က မစ်ဆူမိသားစုနဲ့ သက်ဆိုင်နေတယ်ဆိုတော့ ကျုပ်တို့တွေ ဂျပန်ကို ပြန်သွားပြီး ရာမာဂူချီဂိုဏ်းကို ပြန်တည်ဆောက်မယ်… ပြီးတာနဲ့ မစ်ဆူမိသားစုနဲ့ စာရင်းရှင်းမယ်… ဒီတော့ ကျုပ်တို့ ဒီမှာ ဆက်မနေတော့ဘူး ….”

“ ကောင်းပြီလေ… လူကြီးမင်းတို့ကို လေဆိပ်လိုက်ပို့ပေးဖို့ ကျုပ် လူစီစဉ်ပေးပါ့မယ်….”

“ ကျေးဇူးတင်ပါတယ် ကြီးကြပ်ဖန်း ….”

“ အားနာလွန်းနေပါပြီ….”

စားပွဲဝိုင်းပေါ်ရှိ အစားအသောက်များအား အနည်းငယ်သော်မျှ ထိတို့ခြင်းပင် မပြုပါဘဲ သုံးဦးလုံး တစ်ယောက်ပြီး တစ်ယောက် ဟိုတယ်ထဲက ထွက်လာခဲ့ကြသည်။

ဖန်းတောက်ဇူက သူတို့နှစ်ယောက်ကို လေဆိပ်လိုက်ပို့ပေးဖို့ လူတချို့ စီစဉ်ပေးလိုက်၏။ သူကိုယ်တိုင်လည်း တံခါးဝတွင် ပါကင်ထိုးထားသည့် RollsRoyce Phantom ထဲ ဝင်ရောက်သွားခဲ့လေသည်။

ဒရိုင်ဘာက သက်လတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်ပြီး နားထင်တွင် ဆံစတို့က မီးခိုးရောင် သမ်းစပြုနေပြီး မျက်လုံးထောင့်စွန်းနှင့် နဖူးအလယ်ထက်တွင် အရေးအကြောင်းတို့ဖြင့် ပြည့်နှက်နေခဲ့၏။ သူ့ကြည့်ရသည်မှာ ဖန်းတောက်ဇူနှင့် တစ်ရွယ်တည်း ရှိပုံပင်။

သို့သော် ညာဘက်လက်ဖမိုးထက်တွင် ထင်ရှားသည့် အမာရွတ်ကြီး တစ်ခုရှိပြီး လက်မောင်းအထက်သို့တိုင် ဆန့်တန်းရောက်ရှိနေသည့်နှယ်ပင်။

အဆိုပါ သက်လတ်ပိုင်း အမျိုးသား၏ နာမည်က သိုက်ရုံရှင်းဖြစ်ပြီး ဖန်းတောက်ဇူ၏ ကိုယ်ပိုင် ယာဉ်မောင်းပင်။

ဖန်းတောက်ဇူ၏ ဘေးနားတွင် တည်ရှိလာခဲ့သည်မှာ အနှစ် ၂၀ ကျော်ပြီ ဖြစ်၏။

ထိုအချိန်တုန်းက သိုက်ရုံရှင်းမှာ E အဆင့်မျှသာ ရှိသေးပြီး အသန်မာဆုံး မဟုတ်သော်လည်းပဲ ၎င်း၏ သစ္စာရှိမှုကြောင့် ဖန်းတောက်ဇူ၏ တန်ဖိုးထားခြင်းကို ခံခဲ့ရသည်။

လွန်ခဲ့သည့် ဆယ်နှစ်တုန်းက ဖန်းတောက်ဇူသည် ဖရီးမေဆင်၏ ပံ့ပိုးပေးမှုကို လျှို့ဝှက် ရရှိခဲ့ပြီး အတွင်း ဂိုဏ်းအထိကရုဏ်းတို့မှတဆင့် ဟိုမန်ဂိုဏ်း၏ ခေါင်းဆောင်ထိုင်ခုံနေရာကို ရယူနိုင်သွားခဲ့သည်။

နှစ်ဝက်ခန့်ကြာပြီး … ဟုန်မန်ဂိုဏ်းအတွင်းရှိ သူ၏ ရာထူးနေရာကို ခိုင်မာအောင် ပြုလုပ်ပြီးသည်နှင့် ဖန်းတောက်ဇူသည် သူ၏ တိုက်ိခုက်မှုများကို အန်းယိနှင့် ဇီဖူဂိုဏ်းများသို့ ချိန်ရွယ်လိုက်ကာ ဆက်တိုက် နိုင်ပွဲများကို ဆွတ်ခူးရယူနိုင်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးများ၌ သိုက်ရုံရှင်းက အဓိက အရေးပါသည့် အခန်းကဏ္ဍများမှ ပါဝင် ဆောင်ရွက်ခဲ့ပြီး သူ့လက်ဖမိုးရှိ အမာရွတ်ကြီးကလည်း ထိုစဉ်အချိန်က ရရှိလာခဲ့ခြင်းပင်။

ဆယ်နှစ်ကျော်အတွင်း၌ သိုက်ရုံရှင်းသည် E အဆင့်မှနေ၍ ဖန်းတောက်ဇူ၏ ကူညီပံ့ပိုးပေးမှုဖြင့် ဖြည်းဖြည်းခြင်း စီ အဆင့်သို့ ရောက်ရှိလာခဲ့၏။ အကယ်၍ ထိုစဉ်က ရရှိခဲ့သည့် ဒဏ်ရာများက ခန္ဓာကိုယ်အပေါ်သို့ ကြီးကြီး မားမား ထိခိုက်ခဲ့ခြင်းသာ မရှိခဲ့ဘူးဆိုပါက ယခုအချိန်လောက်ဆို ဘီအဆင့် ကျွမ်းကျင်သူ ဖြစ်နေလောက်ချေပြီ။

အဆိုပါ အကြောင်းပြချက်ကြောင့်ပဲ သိုက်ရုံရှင်းသည် ဖန်းတောက်ဇူ၏ ဘော်ဒီဂတ် ဖြစ်လာခဲ့ပြီး သူ့အပါး၌ အမြဲခစားရကာ အဝေးသို့ ဘယ်တော့မှ စေလွှတ်ခြင်း မခံရပေ။

“ မာစတာ .. ခင်များကြည့်ရတာ အဆင်မပြေဘူးပဲ … အဲ့ဒီ လူနှစ်ယောက်နဲ့ စကားပြောတာ အဆင်မပြေခဲ့ဘူးလား ..” သိုက်ရုံရှင်း အပြုံးလေးဖြင့် မေးမြန်းလာခဲ့၏။

All Chapters