← Chapters

မင်းတို့ သခင်လေးကို ပြန်ခေါ်လာခဲ့ပေးတာ

Vol. 132 Ch. 1980

မင်းတို့ သခင်လေးကို ပြန်ခေါ်လာခဲ့ပေးတာ

Vol. 132 Ch. 1980

လင်းရီ ချက်ချင်းပဲ တည်ကြည်လေးနက်စွာ အမိန့်ပေးလိုက်သည်။

" အိုကေ လူတိုင်းပဲ.. အလုပ်စကြစို့... "

" ခေါင်းဆောင် ... ကျုပ် ခင်များနဲ့ လိုက်ခဲ့ရင်ကော ... " စွေ့ချန် ပြောလာခဲ့သည်။

" မလိုဘူး.... ငါ တစ်ယောက်တည်းရတယ်... "

လင်းရီ၏ အတွေးတို့က အင်မတန် ရိုးရှင်းသည်။ သူ တစ်ယောက်တည်း ကိုင်တွယ်နိုင်သည့် ကိစ္စ၌ စွေ့ချန်ကို မလိုအပ်ပေ။

အကယ်၍ သူ တစ်ဦးတည်းနှင့် မလုံလောက်လျှင်တော့ စွေ့ချန်လိုက်လာလည်း သေတွင်းတူးဖို့သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် လိုက်ပါလာဖို့ မလိုပေ။

“ မင်းတို့ကိုယ်မင်းတို့ အကောင်းဆုံး ဖုံးကွယ်ပြီးနေကြ … ငါ ဝင်သွားတော့မယ်…”

“ နားလည်ပြီ…”

လူခုနှစ်ယောက်လုံးက ကားထဲတွင် ကိုယ်ကိုကိုင်းပြီး လူမမြင်အောင် နေလိုက်ကြသည်။ ကျန်းချောင်ယွဲ့နှင့် ကျောက်ယွင်ဟူတို့က ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်။ ယွီစီယင်မှာ ၎င်းတို့နှစ်ဦးကို အားနာခြင်း မရှိဘဲ ခြေထောက်ခြင်း တက်နင်းထား၏။

လင်းရီသည် ကားကို တည်တည်ငြိမ်ငြိမ်ပဲ ဂိတ်ပေါက်ဝသို့ မောင်းနှင်လာခဲ့သည်။

မီတာငါးဆယ် အတွင်းသို့ ချဉ်းကပ်လာသည်တွင် ဂိတ်တံခါးက သော့ခတ်ထားဆဲ ဖြစ်ကြောင်းကို သတိထားမိလိုက်ကာ ဇောချွေးများ ပြိုက်လာသည်။

အကယ်၍ သူ ရောက်ရှိသည့် အချိန်၌ ဂိတ်တံခါး ပွင့်မလာခဲ့ဘူးဆိုပါက ပြဿနာ တက်ပြီ ဖြစ်၏။

သို့သော် မကြာမီ လင်းရီ၏ စိုးရိမ်ပူပန်မှုတို့ လျော့ပါးသွားခဲ့သည်။

မီတာ ၂၀ အတွင်းသို့ ရောက်ရှိလာသည်တွင် ဂိတ်တံခါးက ချက်ချင်း ပွင့်လာခဲ့ပြီး အဟန့်အတားမရှိ အတွင်းသို့ ဝင်ရောက်လိုက်နိုင်သည်။

လင်းရီ စိတ်သက်သာ ရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ယခု ကျန်ရှိတော့သည်ကား ဖန်းတောက်ဇူကို ကိုင်တွယ်ဖို့ပင်။

ဝင်ပေါက်ဝတွင်တော့ ဘော်ဒီဂတ်တစ်ဦးက စောင့်ကြပ်နေသည်။

ဂိတ်တံခါးပွင့်လာပြီး ဖန်းရှစ်ဟုန်၏ တိုရိုတာ အဲ့ဖာဒ့် ဝင်လာသည်ကို မြင်တော့ ဘော်ဒီဂတ်လည်း ဘေးသို့ ဖယ်ပေးလိုက်ကာ ကိုယ်ကို ကိုင်ပြီး ဦးညွှန်လိုက်သည်။

ဖန်းရှစ်ဟုန်၏ ဒရိုင်ဘာက ပုံမှန် မောင်းနေကြဖြစ်သည့် လောင်စွန်း မဟုတ်သည်နှင့် ပတ်သက်၍လည်း အပိုမေးခွန်းတို့ မေးမြန်းလာခြင်း မရှိပေ။

အဆိုပါ အသေးစိတ် အချက်အလက်များက သူတို့အတွက် မပြောပလောက်သည့် အရာများ ဖြစ်၏။

လောင်စွန်းက တစ်ခုခု အရေးပေါ် အခြေအနေကြောင့် သူ့နေရာတွင် အခြားတစ်ယောက်က လူစားထိုး မောင်းနှင်နေသည်မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ထိုကဲ့သို့သော အသေးမွှား ကိစ္စလေးများကို ရေးကြီးခွင်ကျယ်လုပ်၍ သခင်လေးအား စိတ်ဆိုးဒေါသထွက်စေသည်က ကောင်းသည့် ကိစ္စတော့ မဟုတ်ပေ။

ဘော်ဒီဂတ်၏ အတွေးလွန်မှုက လင်းရီ၏ အစီအစဉ်ကို ချောမွေ့သွားစေခဲ့ပြီး ပတ်ဝန်ကျင်းကို ကြည့်ရှုလေ့လာရင်းဖြင့် ဗီလာနှင့် ဖြည်းဖြည်းချင်း နီးကပ်လာခဲ့သည်။

သူ့မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ် ပြင်းပြမှုတို့ကလည်း လေးနက်သည်ထက် လေးနက်လာလေသည်။

…….

ဗီလာအတွင်းတွင် ဖန်းတောက်ဇူသည် ညအိပ်ဝတ်စုံ လဲပြုပြီး ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။

လက်ထဲတွင် ဖုန်းကို ကိုင်ထားရင်း ဖန်းရှစ်ဟုန်ထံ ခေါ်ဆိုနေသော်လည်း တစ်ဖက်က ဖုန်းမကိုင်လာချေ။

ထိုစဉ် အိမ်အကူတစ်ဦးက သဟုန်ပေါင်း လက်ဖက်ရည်ခွက်ကို ဖန်းတောက်ဇူထံ ယူလာပေး၏။

“ ရှစ်ဟုန်ဘေးနားက တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး သူ့ကို ပြန်လာခဲ့ဖို့ ခိုင်းလိုက်တော့ … ငါ သူနဲ့ ဆွေးနွေးစရာ ကိစ္စ ရှိတယ်…”

ဖန်းတောက်ဇူ၏ မျက်နှာထက်တွင် ဒေါသထွက်နေသည့် အရိပ်အယောင်များကို မြင်တွေ့နေရပြီး “ ဒီလောက်ကြာနေပြီကို ငါ့ဖုန်းကို ပြန်မခေါ်လာဘူး … မိဘအပေါ် ရိုသေလေးစားရကောင်းမှန်းကို မသိတဲ့ကောင် ….”

“ နားလည်ပါပြီ မာစတာ …”

သိုက်ရုံရှင်း၏ ခွန်အားနှင့် အဆင့်အတန်းမြင့်မားမှုကြောင့် ဖန်းရှစ်ဟုန်၏ လုံခြုံရေးကို အတော်ကြာကတည်းက တာဝန်ယူထားပြီး ၎င်းဘေးနားရှိ လူများကိုလည်း သူကပဲ နေရာချထားပေးခဲ့ခြင်းပင်။

သို့သော် နံပါတ်ကို နှိပ်ပြီးသည့်တိုင် တစ်ဖက်က မည်သူကမျှ ဖုန်းကိုင်မလာချေ။

သိုက်ရုံရှင်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ စိတ်ရှုပ်ထွေးသွားခြင်း မဟုတ်ဘဲ ဒေါသထောင်းခနဲ ဖြစ်သွားခဲ့ခြင်းပင်။

သူ့မျက်နှာက အမြဲတမ်းပြုံးပြီး ဖော်ရွေမှုကို ပြနေသော်လည်းပဲ သိသူ တချို့ကတော့ သိုက်ရုံရှင်း၏ အမူအကျင့်က လက်အောက်ငယ်သားများအပေါ် အင်မတန် တင်းကြပ်ကြောင်းကို နားလည်ထားကြသည်။

ဖန်းရှစ်ဟုန် ဖုန်းမကိုင်သည်က တစ်ကဏ္ဍဖြစ်၏။ သို့သော် သူ့ ဘော်ဒီဂတ်များ မကိုင်သည်ကတော့ လက်သင့်မခံနိုင်စရာ ဖြစ်သည်။

ဤသည်က တာဝန်ကို လုံးလုံးလျားလျား လျစ်လျူရှုခြင်း ဖြစ်၏။

ပထမ တစ်ခေါက် ဖုန်းခေါ်ဆိုမှု မအောင်မြင်သည်တွင် သိုက်ရုံရှင်း ဒုတိယ တစ်ခေါက် ကြိုးစားကြည့်လိုက်၏။ ရလဒ်က အတူတူပင်။

ယခုဆို သိုက်ရုံရှင်းမှာ မျက်မှောင်ကြီး ကြုတ်ထားပြီး မျက်နှာအမူအရာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်မှောင်နေပြီး ဖြစ်သည်။

ထိုအချင်းအရာကို ဆိုဖာပေါ် ထိုင်နေသည့် ဖန်းတောက်ဇူ သတိမူမိသွားခဲ့ပြီး “ ဘာလဲ … တစ်ယောက်မှ ဆက်သွယ်လို့ မရဘူးလား …”

သိုက်ရုံရှင်း မသိမသာ ခေါင်းညိတ်လိုက်သည်။ “ ကျုပ် တခြားတစ်ယောက်ကို ထပ်ခေါ်ကြည့်လိုက်မယ်….”

သူ တခြား နံပါတ်ကို ခေါ်ကြည့်လိုက်ပြီး ငါးစက္ကန့်အတွင်းမှာပဲ တစ်ဖက်က ဖုန်းကိုင်လာသည်။

“ မင်းတို့ သခင်လေးကို မာစတာရဲ့ဖုန်း ပြန်ခေါ်ဖို့ ပြောလိုက် …” သိုက်ရုံရှင်း အသံနိမ့်ပြီး ပြောလိုက်သည်။

“ အစ်ကိုရှင်း … သခင်လေးက ကျုပ်တို့နဲ့ မရှိဘူး … သူ ထွက်သွားခဲ့တာ တော်တော်ကြာပြီ …”

“ သူ ထွက်သွားတာ တော်တော်ကြာပြီ ဟုတ်လား …” သိုက်ရုံရှင်း မျက်မှောင်ကြုတ်၍ “ သခင်လေးက မင်းကို သူနဲ့ အတူ မခေါ်သွားဘူးလား …”

“ ဟင့်အင်း … ကျုပ်တို့ လက်ဝှေ့ပွဲကို ရောက်တော့ ဒီမှာ ထင်မထားတဲ့ မတော်တဆမှု တစ်ခု ပေါ်လာတယ်… သခင်လေးနဲ့ အစ်မလီတို့ အစောတုန်းကတည်းကရင် ဝမ့်လိ ဟိုတယ်က ထွက်သွားခဲ့ကြပြီ … ဒါပေမယ့် သူတို့ ကားထဲရောက်တာနဲ့ ဟိုတယ်ရဲ့ ပါဝါ စနစ် ပြတ်တောက်သွားပြီး ကျုပ်တို့လည်း ဓာတ်လှေကားထဲ ပိတ်မိသွားတာပဲ … ဝန်လီကတော့ တစ်ခုခုဖြစ်မှာစိုးတာနဲ့ သခင်လေးနဲ့ အတူ အမြန်ကားနဲ့ ထွက်သွားခဲ့တယ်… အဲ့နောက်ပိုင်း ကျုပ်တို့ သခင်လေးနဲ့ အဆက်အသွယ်မရတော့ဘူး …”

အောက်ရှိ လူများ၏ လေသံကို သတိထား နားထောင်မည်ဆိုပါက ဤကိစ္စ၏ လေးနက်ပြင်းထန်မှုကို သတိမမူမိကြပုံပင်။

သူတို့အားလုံး တွေးထင်နေကြသည်မှာ ဖန်းရှစ်ဟုန်က ရှန်းဝန်လီကို ခေါ်၍ လျှောက်သွားနေခြင်း ဖြစ်မည်ဟူ၍ပင်။

မည်သို့ပင်ဆိုစေ ရှန်းဝန်လီ၏ ကိုယ်လုံး ကိုယ်ပေါက်နှင့် ရုပ်ရည်က အတော်လေး ပြစ်မှားချင်စရာကြီး ဖြစ်၏။

“ မင်းတို့ကောင်တွေ သခင်လေးကို ဆက်သွယ်လို့ မရသလို ဝန်လီကိုလည်း မရဘူး ဟုတ်တယ်မလား …” သိုက်ရုံရှင်း အေးစက်စွာ ပြောဆိုလိုက်သည်။

“ ဟုတ်တယ်… ဒါပေမယ့် ကျုပ်တို့ဘက်ကတော့ သခင်လေးနဲ့ ဆက်သွယ်နိုင်ဖို့ တောက်လျှောက် ကြိုးစားနေပါတယ်….”

စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်ပြီးနောက် သိုက်ရုံရှင်းသည် တစ်စုံတစ်ရာ လွဲချော်နေသည်ကို သတိထားမိပြီး “ လူတွေ အမြန်လွှတ်ပြီး သခင်လေးကို တွေ့အောင်ရှာကြ …”

“ ဟုတ်ကဲ့ … “

အမိန့်ပေးပြီးနောက် သိုက်ရုံရှင်း ဖုန်းချလိုက်ကာ ဖန်းတောက်ဇူမှ မေးမြန်းလာခဲ့၏။

“ ဘာတွေ ဖြစ်တာ … အောက်ကလူတွေက ရှစ်ဟုန်ပျောက်နေတာကို မသိကြဘူးလား …”

“ လက်ဝှေ့ပြိုင်ပွဲမှာ ကိစ္စ တစ်ခု ဖြစ်သွားခဲ့တယ်… သခင်လေးနဲ့ ဝန်လီက အရင်ထွက်သွားခဲ့တယ်… အဲ့နောက်ပိုင်း ကျန်တဲ့လူတွေနဲ့ အဆက်အသွယ် မရတော့ဘူး ပြောတာပဲ …”

ဖန်းတောက်ဇူ မျက်နှာပျက်ယွင်းသွားပြီး သူ့မျက်နှာတစ်ခုလုံး စိုးရိမ်ဇောတို့ ဖုံးလွှမ်းလာသည်။

ဖန်းရှစ်ဟုန်က ရင့်ကျက်ခြင်း မရှိသေးသော်လည်းပဲ ဖန်းတောက်ဇူသည် သူ့သားအကြောင်းသူ အသိဆုံးပင်။

ယခုကဲ့သို့ ပြုမူသည်မှာ အတော်လေး ရှားပါးလှ၏။ အထူးသဖြင့် ယခုလို ထူးခြားသည့် အခိုက်အတန့်ကာလတွင်ပင်။

မကောင်းသည့် ခံစားချက်တို့က ဖန်းတောက်ဇူ၏ ရင်ဘက်ထဲ မြင့်တက်လာခဲ့ပြီး အုံ့မှိုင်းမှု အလွှာတစ်လွှာက ဖုံးအုပ်လာခဲ့၏။

“ ရှင်း … “ ဖန်းတောက်ဇူ အသံနိမ့်၍ ပြောလိုက်ပြီး “ လူတိုင်းကို အမိန့်ပေးလိုက် … ရှစ်ဟုန်ကို အမြန်ဆုံး တွေ့အောင် ရှာရမယ်….”

“ ဟုတ်ကဲ့ … နားလည်ပါပြီ…”

သိုက်ရုံရှင်းလည်း တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။

သူ၏ အမြင်တွင် ဖန်းရှစ်ဟုန်က အမြဲတစေ သူ့အကန့်သူသိသည့် ကောင်လေး တစ်ယောက်ဖြစ်၏။

သို့သော် သိုက်ရုံရှင်း နောက်သို့ လှည့်လိုက်သည့် အချိန်မှာပဲ ဖန်းရှစ်ဟုန်၏ တိုရိုတာ အဲဖာ့ဒ်က တံခါးဝသို့ မောင်းနှင်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

ဟူး …

သိုက်ရုံရှင်း စိတ်သက်သာ ရသွားခဲ့ပြီး သူ့မျက်နှာ အမူအရာမှာ အများအပြား တိုးတက်ကောင်းမွန်လာခဲ့သည်။ သူ နောက်သို့ ပြန်လှည့်၍ အပြုံးလေးဖြင့် “ မာစတာ … ကျုပ်တို့ မလိုအပ်ဘဲ စိတ်ပူမိသွားပုံပဲ … သခင်လေး ပြန်ရောက်လာပါပြီ …”

ဖန်းတောက်ဇူ၏ အမူအရာမှာ ကောင်းမွန်ခြင်းတော့ မရှိပေ။ သူ့သား၏ အပြုအမူကို မကျေမနပ် ဖြစ်နေသည်မှာ အတော်လေး သိသာလှ၏။

အကယ်၍ သူ့ဘက်က ဆုံးမပဲ့ပြင်ပေးမှု မရှိပါက နောင်တွင် ထို့ထက် ပိုဆိုးရွားသည်များ မပြုလုပ်လာနိုင်ဟု ပြော၍မရပေ။

နှစ်ယောက် စကားပြောဆိုနေစဉ်မှာပဲ လင်းရီ ကားထဲက ထွက်လာသည်။

မိတ်ကပ်အစွမ်းကြောင့် ဖန်းတောက်ဇူနှင့် သိုက်ရုံရှင်းတို့နှစ်ဦး ကားထဲက ထွက်လာသူမှာ လင်းရီ ဖြစ်သည်ကို သတိမမူမိကြချေ။

သူတို့ စိတ်ထဲ၌ လင်းရီက ကိုယ့်ကိုယ်ကို စီအဆင့် သွေးရည်ကြည်ကို ထိုးသွင်းထားသည့် သေလူတစ်ယောက်ပင်။ ဤနေရာ၌ ထွက်ပေါ်လာဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

သို့သော် သူတို့ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်ကတော့ အမှန်ပင်။ ကားထဲက ထွက်လာသည့်လူက စိမ်းသက်နေခဲ့ပြီး ထိုသူက ဖန်းရှစ်ဟုန်၏ ကိုယ်ပိုင် ဒရိုင်ဘာ လောင်စွန်း ဟုတ်မနေခဲ့ချေ။

လင်းရီ ကားထဲက ထွက်လာခဲ့ပြီး ဖန်းရှစ်ဟုန်၏ အလောင်းကို ထည့်ထားသည့် အိတ်ကို ဆွဲကာ ဗီလာထဲသို့ ဝင်ရောက်လာ၍ ခမ်းနားထည်ဝါလှသည့် တံခါးမကြီးကို ပိတ်လိုက်ကာ နေရာတစ်ခုလုံးအား ချိတ်ပိတ်လိုက်လေသည်။

ချက်ချင်းဆိုသလို ဖန်းတောက်ဇူနှင့် သိုက်ရုံရှင်းတို့ နှစ်ဦးလုံး လင်းရီ၏ ခန္ဓာကိုယ်ကနေ သိပ်သည်းစွာ ထွက်ပေါ်လာနေသည့် လူသတ်လိုစိတ်များအား ခံစားမိသွားခဲ့၏။

အရေးကြီးဆုံးကတော့ အထဲသို့ ဆွဲလာသည့် အိတ်၏ လမ်းတစ်လျှောက်တွင် သွေးစက်ကျရာများ စွဲထင်နေခဲ့ခြင်းပင်။

သိုက်ရုံရှင်း ပြတ်သားသည့် ဆုံးဖြတ်ချက် တစ်ခုကို အလျင်အမြန် ချမှတ်လိုက်၏။ ခါးက သေနတ်ကို ထုတ်ယူ၍ လင်းရီ၏ ဦးခေါင်းသို့ ချိန်ရွယ်ထားလိုက်သည်။

“ မင်း ဘယ်သူလဲ …”

“ ငါလား … မင်းတို့ သခင်လေး လမ်းပျောက်နေလို့ အိမ်ပြန်လိုက်ပို့ပေးတဲ့သူလေ….”

စာစဉ် (၁၃၂)ပြီး၏။

All Chapters