အာရုံစိုက်ခြင်း
Vol. 019 Ch. 1834
နတ္တိအင်ပါယာနန်းတော်၌ ဧရာမကြေးမုံကြီးသည် ကောင်းကင်ထက်တွင် စစ်မြေပြင်၌ ဖြစ်ပျက်သမျှအား ဖော်ပြနေသည်။
ကြေးမုံပြင်ထက်တွင် စစ်မြေပြင်မှ မြင်ကွင်းများအားလုံးကို တွေ့မြင်နိုင်သည်။
ထိုအချိန်တွင် ဗဟိုအင်ပါယာဘုံမှ တန်ခိုးရှင်များသည် နတ္တိအင်ပါယာနန်းတော်အပြင်တွင်ရပ်ကာ ကောင်းကင်ထက်မှ ကြေးမုံကို ကြည့်နေကြသည်။ သူတို့အားလုံး ထိတ်လန့်နေကြ၏။
သူတို့သည် ဗဟိုအင်ပါယာဘုံမှ ကျော်ကြားသူအများအပြားကို တွေ့ကြ၏။ သို့သော်လည်း စစ်မြေပြင်တွင် သူတို့မှာ များစွာ ထင်ပေါ်ခြင်းမရှိပေ။ နတ်ဘုရားအဆင့်အင်အားစုတို့၏တိုက်ပွဲကား ကြောက်စရာကောင်းလှသည်။ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များပင် ကျဆုံးကြရ၏။
ဗဟိုအင်ပါယာဘုံမှ လူအများအပြားသည် ထျန်ရှန်းကျောင်းတော်၊ ရှန်ကလန်၊ သိုင်းနတ်ဘုရားကလန်၊ ကောင်းကင်မျှော်စင်ကျောင်းတော်ကဲ့သို့သော ထိပ်သီးအင်အားစုများကို ပို၍ အာရုံစိုက်ကြည့်ကြ၏။ သို့သော်လည်း ထိုအင်အားစုများမှာ စစ်မြေပြင်၌ အသက်ရှင်ရန်ကိုပင် များစွာ ရုန်းကန်နေရသည်ကို တွေ့ကြရသည်။ အနိုင်ရရန်ကိုထား၊ တိုက်ပွဲပြီးလျှင် အသက်ရှင်ကျန်ရစ်မည်ကိုပင် သူတို့ မသေချာ။
သူတို့ထဲမှ အသန်မာဆုံးများမှာ အက်ကြောင်းမဲ့နတ်ဝင်ရိုးတတိယအဆင့်ရှိသူများဖြစ်သည်။ ထိုအဆင့်များသည်သာ တိုက်ပွဲအတွင်း၌ အမြင့်ဆုံးသော စွမ်းဆောင်ရည်ကို ပြသနိုင်သည်။
ထိုအခိုက်တွင် သူတို့သည် စစ်မြေပြင်၌ လူခြောက်ယောက်အခင်းအကျင်း ဝင်္ကပါတစ်ခုသည် များစွာသောရန်ဟောင်တို့၏အသက်ကို နှုတ်ယူနေသည်အား တွေ့ကြရသည်။ ထိုလူစုသည် ကောင်းကင်ဒေသမှ တန်ခိုးရှင်များအား အတုံးအရုံး သတ်ဖြတ်နေ၏။
ထိုလူများသည် ဆင်တူသောစွမ်းရည်များကို ပိုင်ဆိုင်ကြရာ ဂုဏ်းတစ်ခုတည်းမှ ဖြစ်ဟန်ရှိသည်။ ယခုတွင် သူတို့သည် လူတစ်ဦးတည်းကိုသာ ပစ်မှတ်ထားနေကြ၏။ ထိုလူကား လူအများအပြားက မှတ်မိသိရှိသော အဖြူရောင်ဝတ်လူငယ်တစ်ဦးဖြစ်သည်။
“အဲဒါ ရီဖူရှင်းပဲ၊ သူက အဲဒီလူတွေရဲ့အဖော်တစ်ယောက်ကို ခုနကပဲ သတ်ခဲ့တာ” တစ်ယောက်က ပြောသည်။ ဘုံကိုးခုတွင် နံပါတ်၁ ပါရမီရှင်အဖြစ် လူသိများသောသူ့အား လူအများအပြားက စောင့်ကြည့်နေကြပေသည်။ တိုက်ပွဲစကတည်းက သူသည် လှုပ်ရှားမှုတစ်ခုတည်းသာလုပ်ခဲ့ကာ ၄င်းက လူတစ်ယောက်အား သတ်ခဲ့ခြင်းဖြစ်သည်။
“ဘုံကိုးခုရဲ့ ပါရမီရှင်တွေထဲမှာ တစ်ယောက်တည်း ခုခံနိုင်သာ သူတစ်ယောက်ပဲရှိမယ်” တစ်ယောက်က ပြောသည်။ ရီဖူရှင်း သတ်ဖြတ်ခဲ့သောလူကား အလွန်သန်မာသည်။ အကယ်၍ ရီဖူရှင်းသာ ဝင်မစွက်ဖက်လျှင် ရှောင်မုယွီနှင့် ရှောင်ကလန်မှ တန်ခိုးရှင်များ သေချာပေါက် အန္တရာယ်နှင့် တွေ့ကြုံနိုင်၏။
ထိုအချိန်တွင် တန်ခိုးရှင်ခြောက်ဦးသည် ရီဖူရှင်းရှေ့ကို ရောက်ရှိလာပြီးဖြစ်ကာ အားကောင်းသော အလင်းတန်းများသည် ကောင်းကင်တစ်ခုလုံးအား ဖုံးအုပ်လာနေ၏။ ၄င်းက ကြီးမားသော စစ်မြေပြင်တွင် သေးငယ်သော စစ်မြေပြင်တစ်ခု ခင်းကျင်းလိုက်သည်နှင့်တူ၏။ သူတို့က ရီဖူရှင်းအား အတွင်းတွင် ချုပ်နှောင်ကာ သတ်ဖြတ်လိုကြသည်။
ထိုမြင်ကွင်းကိုကြည့်ကာ လူအများအပြားသည် မသက်မသာခံစားမိကြ၏။ ထိုလူခြောက်ဦး၏ဝင်္ကပါအခင်းအကျင်းသည် မည်မျှအားကောင်းသည်ကို သူတို့သိကြသည်။ မည်သူမှ သူတို့၏ဝင်္ကပါမှ အသက်ရှင်လွတ်မြောက်ခြင်းမရှိပေ။
ဘုံကိုးခု၏နံပါတ်၁ ပါရမီရှင်သည် ဤတိုက်ပွဲ၌ ကျဆုံးတော့မည်လော။
ဗဟိုအင်ပါယာဘုံမှ တန်ခိုးရှင်များသည်ပင် ရီဖူရှင်းကျဆုံးသွားမည်ကို မလိုလားကြပေ။ လူတိုင်းသည် နာမည်ကျော်ပါရမီရှင်များအပေါ် အထင်ကြီးလေးစားမှုများ ရှိကြကာ သူတို့လမ်းခုလတ်တွင် ကျဆုံးသွားမည်ကို မလိုလားကြပေ။
နတ္တိအင်ပါယာနန်းတော်၌ ဒွန်ဟောင်မင်းသမီးသည် စစ်မြေပြင်မှ ရီဖူရှင်း၏အခြေအနေကို စောင့်ကြည့်နေသည်။ မည်သို့ဆိုစေ ထိုမျှအားကောင်းသော ဝင်္ကပါအစီအရင်သည် ကောင်းကင်ဒေသမှ အတော်ဆုံးသောပါရမီရှင်များအတွက်သာ စီစဉ်ထားသော သတ်ကွက်ဖြစ်သည် မဟုတ်ပါလား။
ယခု ထိုချောမောခန့်ညားသောလူငယ်သည် ရန်သူများ၏ဝန်းရံခြင်းကို ခံနေရ၏။
ကောင်းကင်ဒေသသာမဟုတ်၊ မှော်နက်အဖွဲ့နှင့် မကောင်းဆိုးဝါးအင်ပါယာဘုံမှလူများသည်လည်း ထိုတိုက်ပွဲကို သတိထားမိကြ၏။ သို့သော်လည်း သူတို့က ရီဖူရှင်းကို သိပ်မသိသော်လည်း သိပ်ဂရုမစိုက်ကြပေ။
သည်တိုက်ပွဲတွင် ထိုထိပ်သီးအင်အားစုနှစ်ခုသည် အပြင်လူများကဲ့သို့ဖြစ်နေကာ အခြေအနေသည် သူတို့၏ပူးပေါင်းမှုကို အလေးသာနေ၏။ လက်ရှိတွင် သူတို့သည် ကောင်းကင်ဒေသမှ အင်အားစုများကို ထိန်းချုပ်နိုင်သော အနေအထားဖြစ်၏။
စစ်မြေပြင်တွင် တန်ခိုးရှင်ခြောက်ဦးသည် အလင်းမျက်နှာပြင်ဝင်္ကပါအား တည်ဆောက်ကာ ရီဖူရှင်းအား ချုပ်နှောင်ထားကြသည်။ ရီဖူရှင်းသည် လေထဲတွင် ရပ်ကာ တစ်ဘက်လူခြောက်ဦးအား ကြည့်သည်။ ခြောက်ခုသော တိုက်ပွဲပုံစံဖြစ်ပေါ်လာကာ တစ်ခုစီသည် ဧရာမကြီးမားရာ ပြင်ပမှ ကြည့်နေသူများကို အမှန်တကယ် အထိတ်တလန့်ဖြစ်စေသည်။ ထိုနေရာတွင် ရီဖူရှင်းသည် ကြီးမားသောဖိအားအောက်၌ ရောက်နေဟန်ရသည်။
တိုက်ပွဲဝင်္ကပါကား အလွန်အားကောင်းသည်။ ရီဖူရှင်းအနေဖြင့် သတိလစ်ဟင်း၍ မရပေ။ သူ့အား လမ်းစဉ်စွမ်းအားများ ရစ်ပတ်ကာ နတ်ဓားသည် လှည့်ပတ်၏။ ဓားစွမ်းအားစီးကြောင်းများသည် စတင်ဖြစ်ပေါ်လာ၏။
ထိုအခိုက်တွင် အလင်းတန်းများသည် တန်ခိုးရှင်ခြောက်ဦးထံသို့ ကျဆင်းလာ၏။ ထိုရွှေရောင်အလင်းတန်းများကျဆင်းသည်တွင် တန်ခိုးရှင်ခြောက်ဦးက အလှပြကွက်များကို သုံးနေခြင်းမရှိဘဲ လေထဲမှ ရီဖူရှင်းအား တိုက်ရိုက်တိုက်ခိုက်လိုက်ကြ၏။ ကျယ်လောင်သံတစ်ချက်နှင့်အတူ လေထဲတွင် လက်သီးအရိပ်များဖြင့် ပြည့်နှက်လာ၏။
ထိုအရာများအားလုံး၏အလယ်တွင် ကောင်းကင်ကို ထွင်းဖောက်ထားသော အလင်းတန်းခြောက်ခုလည်း ရှိနေသည်။ အလင်းတန်းတစ်ခုစီသည် လက်သီးအရိပ်များအသွင်သို့ ပြောင်းလဲသွားကာ ပြင်းထန်သောအားလှိုင်းသည် ရီဖူရှင်းထံသို့ လိမ့်ဝင်လာကြသည်။
နတ္တိအင်ပါယာနန်းတော်အပြင်မှလူများသည် ထိုမြင်ကွင်းကို စေ့စေ့ပင် မကြည့်ရဲကြတော့။ လေထဲတွင်ရှိနေသောရီဖူရှင်းသည် ထိုတိုက်ခိုက်မှုကို အမှန်တကယ် ခုခံနိုင်မည်လော။
သူတို့သည် ကိုယ်တိုင် စစ်မြေပြင်တွင်မဟုတ်သော်လည်း ထိုတိုက်ခိုက်မှု၏အင်အားကို မြင်ရုံမျှဖြင့် ခန့်မှန်းနိုင်၏။
သို့သော်လည်း ရီဖူရှင်းကား လှုပ်ရှားခြင်း အလျဉ်းမရှိပေ။ သူ့အား ဗဟိုပြုကာ လေဟာနယ်တစ်ခုလုံးသည် နှေးကွေးလာပြီး အအေးဓာတ်များ စိမ့်ထွက်လာသည်။ သူ့အား လှည့်ပတ်နေသော ဓားစွမ်းအားသည်ပင် အေးစက်စက်ငွေ့အသက်များ ကပ်ငြိနေ၏။
ပြင်းထန်သောလက်သီးအရိပ်ဆင်းသက်လာသည်တွင် ထိုလှုပ်ရှားမှုသည် နှေးကွေးသွားဟန်ရသော်လည်း လုံးဝရပ်တန့်သွားသည်တော့မဟုတ်ပေ။ ၄င်းအစား စူးရှသော ဆုပ်ဖြဲသံတစ်ခုကြားရသည်။ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများသည် ရီဖူရှင်းကို ဆက်လက်တိုက်ခိုက်ကြသည်။ ထိုလက်သီးအရိပ်များတွင် လေဟာနယ်ကို ဖြိုခွင်းနိုင်သောစွမ်းအားများ ပါဝင်သည်။
သို့သော်လည်း ထိုလက်သီးအရိပ်သည် တစ်နည်းနည်းဖြင့် သက်ရောက်ခံရ၏။ လက်သီးအရိပ်များသည် မြူခိုးအလင်းများဖြင့် ရစ်ပတ်ခံရ၏။
ရီဖူရှင်းက လက်ဆန့်တန်းလိုက်လျှင် ဓားစွမ်းအားသည် လေထဲမှ အရိပ်များအပါဝင် အရာအားလုံးကို ဖြတ်တောက်သွား၏။ တချိန်တည်းတွင် နတ်ူားသည် ပြင်းထန်စွာ တုန်ခါလာပြီး အားကောင်းသောမုန်တိုင်းတစ်ခုဖြစ်လာ၏။ မဟာလမ်းစဉ်လှုပ်ရှားလျှင် လေဟာနယ်သည် မရေမရာဖြစ်လာ၏။ သံစဉ်ဖျော့ဖျော့ကိုပင် ခပ်တိုးတိုးကြားကြရသည်။
လက်ချောင်းသည် ကောင်းကင်သို့ညွန်လိုက်သည်တွင် အေးစက်ကာ တောက်ပသော ဓားအလင်းသည် မဟာလမ်းစဉ်နှင့်ပေါင်းစပ်ကာ လေဟာနယ်ကို ထက်ခြမ်းခွဲသွားသည်။ ယန်ဓာတ်အငွေ့အသက်များလွှမ်းမိုးနေသော ဓားသည် အရိပ်ခြောက်ခုအား ဖြတ်သန်းသွား၏။
ပေါက်ကွဲသံတချို့ကြားရကာ ထိုနေရာတစ်ခုလုံး အာကာသမုန်တိုင်းကြားထဲ နစ်မြုတ်သွားသည်။ ဓားအအလင်းသည် အရိပ်များကို ဖြတ်သန်းသွားကာ ထိုအရာများအားလုံးကို အမှုန်အမွှားများဖြစ်စေ၏။ သို့သော်လည်း နတ်ဓားသည်လည်း နောက်ကို လွင့်စင်သွားကာ ရီဖူရှင်းထံသို့ ပြန်လည်ပျံသန်းသွားသည်။
“သူ တားလိုက်တာလား...” လူအများအပြားမှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သွားကြသည်။ ရီဖူရှင်းသည် လူခြောက်ယောက်ပေါင်းစပ်ဝင်္ကပါ၏တိုက်ခိုက်မှုအား တစ်ဦးတည်းဖြင့် တားဆီးခဲ့သည်။
ထိုအခိုက်တွင် တန်ခိုးရှင်ခြောက်ဦးက ပြိုင်တူလက်များကို မြှောက်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးအရိပ်များသည် မိုးသီးမိုးပေါက်ပမာ ကျဆင်းလာခဲ့သည်။
ကောင်းကင်နှင့်မြေပြင်အကြားတွင် မိုးကြိုးမုန်တိုင်းများ မွေးဖွားလာ၏။
ပို၍ ကြောက်စရာကောင်းသည်ကား ထိုလက်သီးအရိပ်များသည် မည်သည့်အရာကမှ တားဆီးနိုင်ဟန်မတူဘဲ ပစ်မှတ်ထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ကျဆင်းလာခြင်းပင်။ ထိုတိုက်ခိုက်မှုတွင် လေဟာနယ်တစ်ခုလုံး ပြိုလဲတော့မည့်အလား ထင်မှတ်ရသည်။
လေထဲတွင်ရပ်နေသော ရီဖူရှင်းသည် ထိုတိုက်ခိုက်မှုအောက်တွင် အလွန်တရာသေးငယ်သည့်အလား ထင်မှတ်ရသည်။
“ဒါ...” လူအများအပြားမှာ ဆွံ့အရသည်။ ထိုတိုက်ခိုက်မှုကို မည်သည့်အဆင့်နိမ့်ရန်ဟောင်က တားဆီးနိုင်မည်နည်း။
ရီဖူရှင်းကလည်း ထိုတိုက်ခိုက်မှုကိုမြင်၏။ သို့သော်လည်း သူ့အား နတ်ဆင်၏ရွှေခန္ဓာက ကာကွယ်ပေးထားသည်။ သူက လက်နှစ်ဘက်ဆုံးကို ဆန့်ထုတ်လိုက်လျှင် အလွန်တရာအေးစက်သော အငွေ့အသက်တစ်ခုဖြစ်ပေါ်လာသည်။ အရိပ်စွမ်းအားသည် နတ်ဓားတွင် ပေါင်းစပ်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံးကို မြူခိုးများ ရစ်သိုင်းလာစေ၏။
ဝှီး...
ရီဖူရှင်းက ဓားနှင့်အတူ လေကိုစီးနင်းကာ ပျံသန်းသွား၏။
အရိပ်လက်သီးများသည် အလွန်တရာအားကောင်းသော်လည်း ရီဖူရှင်း၏မြူငွေ့ဓား၏ဖြတ်တောက်ခြင်းကို ခံရသည်။ ရီဖူရှင်းသည် နတ်ဓားနှင့်ပေါင်းစပ်သွားဟန်ရကာ အလင်းတန်းအလား ဆက်လက်ရွေ့လျားသွားသည်။
“ဘယ်လောက်သန်မာလိုက်သလဲ...” ထိုတိုက်ပွဲကိုကြည့်နေသော တန်ခိုးရှင်များအားလုံး မှင်တက်နေကြသည်။ နတ်ဓားသည် လေထုကို ခွင်းကာ တစ်ဘက်ရန်သူများထံသို့ ရွေ့လျားသွားသည်။ ထိုအဖြစ်က တန်ခိုးရှင်ခြောက်ဦးအား အန္တရာယ်၏အငွေ့အသက်များ ခံစားမိစေသည်။
“အတူတူတိုက်မယ်...” တစ်ယောက်က အော်ဟစ်လိုက်လျှင် သူတို့က လက်များကို ဆက်လိုက်၏။ ဤတွင် ဧရာမအင်အားတစ်ခုသည် အလင်းမျက်နှာပြင်မှ ဖြစ်ပေါ်လာသည်။
ကောင်းကင်ထက်တွင် ဧရာမနတ်ဘုရားပုံရိပ်တစ်ခုပေါ်လာကာ ရီဖူရှင်းအား ဖိအားပေးလာသည်။
ဧရာမပုံရိပ်သည် အဆုံးမဲ့သော ခွန်အားများကို သယ်ဆောင်လာဟန်ရသည်။ သူ၏လက်သီးပုံရိပ်များသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ ရီဖူရှင်းထံသို့ တိုက်ရိုက်ထိုးနှက်လာသည်။ ထိုအရာက ကောင်းကင်တစ်ခုလုံး ပြိုဆင်းလာသည့်အလား...။
ဘုန်း...
ကျယ်လောင်သံတစ်ခုနှင့်အတူ မြူခိုးများကို ထွင်းဖောက်ကာ နတ်လက်သီးသည် အားကောင်းစွာ ကျဆင်းလာ၏။ ရီဖူရှင်းသည် တဖန် နောက်ကို လွင့်စင်သွားသည်အား လူအများက မြင်ကြရ၏။ နတ်ဓားကို ရစ်ပတ်ထားသော ဓားစွမ်းအားများမှာလည်း မှိန်ဖျော့သွား၏။
ဘုန်းခနဲမြည်သံနှင့်အတူ ရီဖူရှင်းသည် မြေပြင်ပေါ်သို့ ကျသည်။ ဟူးခနဲ လေတိုးသံနှင့်အတူ ရီဖူရှင်းသည် မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
သို့သော်လည်း ကောင်းကင်ထက်မှ အလင်းတန်းသည် ဆက်လက်ကျဆင်းလာခဲ့ကာ မြေပြင်အား အက်ကြောင်းကြီးများဖြစ်စေ၏။ သို့သော်လည်း ရီဖူရှင်းကား သူတို့၏မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားသည်။
နတ်ဓားသည် များစွာ လင်းလက်ခြင်းမရှိတော့သလို ရီဖူရှင်း၏နတ်ဆင်ခန္ဓာကိုယ်မှာလည်း အက်ကြောင်းများဖြစ်လာသည်။ သူသည်လည်း ကြီးမားသောဖိအားများကို ခံစားနေရသည်မှာ ထင်ရှား၏။
နတ္တိအင်ပါယာနန်းတော်အပြင်မှ ကြည့်နေသူများအားလုံး အသက်ပြင်းပြင်းရှိုက်မိကြသည်။ ထိုတိုက်ခိုက်မှုကား အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။
***