← Chapters

ဓားတာအိုစကြာဝဠာ

Vol. 73 Ch. 1013

ဓားတာအိုစကြာဝဠာ

Vol. 73 Ch. 1013

လီဖူချန်းက မူလဘူတသော့နဲ့ ပတ်သက်ပြီးတော့ မသိဘူး။ ဒါနဲ့ပတ်သက်ပြီး စဉ်းစားကြည့်လိုက်တော့ မူလဘူတသော့ကိုရရှိတဲ့သူတွေအားလုံးက ဒုက္ခကို ဆွဲဆောင်မိမှာနဲ့ပတ်သက်ပြီး စိုးရိမ်ကြရမှာပဲ။ တစ်ယောက်မှ ဒါကို ထုတ်ပြလိမ့်မှာ မဟုတ်ဘူး။ မူလဘူတသော့နဲ့ပတ်သက်ပြီးသိတဲ့သူတွေက ပုံမှန်အားဖြင့် မူလဘူတသော့နဲ့ပတ်သတ်တဲ့အချက်အလက်တွေကို ဖြန့်ဝေလိမ့်မှာမဟုတ်ဘူး။  တကယ်တော့ တစ်နေ့မှာ သူတို့တွေအနေနဲ့ မူလဘူတသော့ကို ရရှိနိုင်တာတွေ ဖြစ်လာ‌လောက်တယ်လေ။ ဒီတော့ လူအနည်းငယ်ကပဲ ဒါကို သိဖို့ သူတို့က မျှော်လင့်ကြတယ်။

"ငါသိတားတဲ့အတိုင်းဆို မူလဘူတမြေက နှစ်ဆယ်သန်းပြည့်တိုင်း တစ်ကြိမ်ဖွင့်လိမ့်မယ်။ နောက်တစ်ကြိမ်ထပ်ဖွင့်ဖို့ နှစ်နှစ်သန်းကျန်သေးတယ်" လီဖူချန်းက မူလဘူတကြေးနီသော့ကို စိတ်မဝင်စားပါဘူး။ သူက နှစ်နှစ်ထောင်ပတ်လည်ပဲ ကျင့်ကြံထားရတာလေ။ နောက်တစ်ကြိမ် မူလဘူတမြေပြင် ပြန်ဖွင့်တဲ့အခါကျရင် သူက အကြိုနတ်ဘုရားဖြစ်နေပြီ။ စကြာဝဠာရတနာက သူ့အတွက် အများကြီးအသုံးဝင်တော့မှာ မဟုတ်ဘူး။

ကန့်လန့်ဖြတ်ဖြစ်ဘိုးဘေးက ပြောလိုက်တယ်" မူလဘူတမြေပြင်ဖွင့်ဖို့ နှစ်နှစ်သန်းကျော် ကျန်သေးပေမယ့် မူလဘူတသော့ကိုးချောင်းကို ရှာတွေ့ရင် မူလဘူတမြေပြင်က ဖွင့်လိမ့်မယ်။ လွန်ခဲ့တဲ့နှစ်သန်းတစ်ရာအတွင်း မူလဘူတသော့ကိုးချောင်းကျော် ထွက်ပေါ်လာခဲ့တဲ့အချိန်တွေ ရှိခဲ့တယ်"

"ဒီလိုမျိုး ရှိသေးတာလား"

လီဖူချန်းက ရှင်းလင်းသွားတယ်။

မူလဘူတသော့တစ်ချောင်းက စကြာဝဠာရတနာတစ်ခုနဲ့ သက်ဆိုင်ပြီး လူအနည်းငယ်ကသာ စိတ်မဝင်စားဘဲ နေမှာပါ။

လီဖူချန်းကတောင်  အနည်းငယ်စိတ်ဝင်စားလာတယ်။

အရင်က သူက စိတ်မဝင်စားခဲ့ဘူး၊ အကြောင်းကတော့ မူလဘူတမြေပြင်ဖွင့်ဖို့ နောက်ထပ်နှစ်နှစ်သန်းလောက် ကျန်သေးတယ်လေ။

"မူလအဆုံးစွန်းအရှင်၊ မင်းက အလွန်ခက်ခဲတဲ့အခြေအနေမှာ ရှိတာ ငါ သိတယ်၊ ဒါပေမယ့် မူလဘူတကြေးညိုသော့ကို ဆည်းဆာနတ်ဘုရားအရှင်ကို ပေးတာက အခွင့်အရေးဖြုန်းတီးတာ တစ်ခုပဲ။ နှိုင်းယှဉ်ရရင် ငါက မင်းကိုပဲ ပေးချင်တယ်။ မူလအဆုံးစွန်းအရှင်ကရော ဘယ်လိုမြင်လဲ"  ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက လီဖူချန်းကို ပြောလိုက်တယ်။

(မှိန်ခြင်းနတ်ဘုရားအရှင်အစား ဆည်းဆာနတ်ဘုရားအရှင်လို့ ပြောင်းသုံးပါ့မယ်- မြန်မာဘာသာပြန်သူ)

လီဖူချန်းက ပြောလိုက်တယ်"မင်းမှာ ဘာစိတ်ကူးတွေ ရှိလဲ"

ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက တစ်ခဏတွေးလိုက်တယ်"နှစ်တစ်သောင်းအထိ ငါ ကမ္ဘာသစ်သီးကို နားလည်ချင်တယ်"

"ကောင်းပြီ၊ ‌ငါ ကတိပေးတယ်"

လီဖူချန်းအနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်ဖို့က မဖြစ်နိုင်ဘူး။

ဆည်းဆာနတ်ဘုရားအရှင်ကို ဆန့်ကျင်မိမှာနဲ့ပတ်သက်ပြီးတော့ သူက ဂရုမစိုက်ပါဘူး။

.........

"ဆည်းဆာနတ်ဘုရားအရှင်၊ ငါ မင်းကို မူလဘူတကြေးညိုသော့ကို မပေးနိုင်ဘူး"

လီဖူချန်းက ဆည်းဆာနတ်ဘုရားအရှင်ကို ပြောလိုက်တယ်။

"ဒါဆိုလဲ မင်းသေလိုက်တော့"

ဆည်းဆာနတ်ဘုရားအရှင်က လီဖူချန်းထံ တစ်ဟုန်ထိုးတိုက်ခိုက်လာတယ်။

ဒီတိုက်ပွဲက တစ်လတိတိကြာတယ်၊ လီဖူချန်းရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို နောက်ဆုံးမှာ ချိုးဖြတ်သွားတယ်။

အဓိကကတော့ ကပ်ဘေးစွမ်းအားရဲ့ပြန်လည်ဖြည့်တင်းမှုက သုံးစွဲမှုကို မလိုက်နိုင်လို့ပဲ။

ဒါပေမယ့် ဆည်းဆာနတ်ဘုရားအရှင်လည်း ပိုမကောင်းပါဘူး၊ သူ့ရဲ့ဆည်းဆာနတ်ဘုရားပိုင်နက်က သိသိသာသာအားနည်းလာတယ်။

"ဟားဟား၊ မင်း သေဖို့ ပြင်လိုက်တော့"

ဆည်းဆာနတ်ဘုရားအရှင်က ဒါကို မြင်ပြီး အလွန်ပျော်သွားတယ်၊ သူက လီဖူချန်းက သဲသဲမဲမဲတိုက်ခိုက်လာတယ်။

လီဖူချန်းက မူလအဆုံးစွန်းဓားပညာကို သုံးကာ ဆည်းဆာနတ်ဘုရားအရှင်ကို ပြန်လည်တိုက်ခိုက်လိုက်တယ်၊ တစ်ဖက်မှာတော့ သူက ကပ်ဘေးစွမ်းအားကို ပြန်ဖြည့်နေတယ်။

သူက ပိုပြီးဖိနှိပ်ခံလာရပေမယ့် သူ့ခွန်အားအချို့ကို အသုံးပြုနိုင်သေးတာကြောင့် ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး။

နှစ်ဝက်ခန့်ကြာပြီးနောက် လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားက ပြန်ပြည့်သွားတယ်။

ဝုန်း.......

ကပ်ဘေးစွမ်းအားကို အသက်သွင်းကာ လီဖူချန်းက ဆည်းဆာနတ်ဘုရားအရှင်ထံ လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။

"တောက်"

လီဖူချန်းရဲ့နတ်ဆိုးလက်က ပြန်ကောင်းလာမှန်း ဆည်းဆာနတ်ဘုရားအရှင်က သိတယ်။

"ဒီအတိုင်းသာ ဆက်သွားရင် ပြီးတော့မှာမဟုတ်ဘူး။ ငါ့ခွန်အားက မကြာခင်ဒါမှမဟုတ်နောက်ကျရင် ကုန်ဆုံးလာမှာပဲ" ခွန်အားကုန်ဆုံးမှုကို လျော့ချဖို့ သူ့ရဲ့ဆည်းဆာနတ်ဘုရားပိုင်နက်က အားနည်းလာနေတယ်။ ၎င်းက ငါးဆယ်ရာခိုင်နှုန်းထိ အားနည်းလာတာပဲ။ ဒီလိုဆိုရင် ကုန်ဆုံးမှုက တစ်ဝက်လောက် လျော့ကျလာတာမဟုတ်ဘူး၊ အဆတစ်ရာလောက် လျော့ကျလာနေတာပဲ။

ဒါပေမယ့် သူ့မှာ စွမ်းအားတစ်ခုသာ ရှိတယ်။ ဒါပေမယ့် လီဖူချန်းက စွမ်းအားနှစ်ခုရှိတယ်၊ တစ်ခုက တိုက်ခိုက်ရေးစွမ်းအား၊ နောက်တစ်ခုက ဖြည့်တင်းခြင်းစွမ်းအား။ ဒီအတိုင်းဆက်သွားရင် လီဖူချန်းက သူ့ခွန်အားကုန်ဆုံးမှာကို စိုးရိမ်နေစရာမလိုဘူး။ အခြားတစ်ဖက်မှာ သူက လီဖူချန်းထက် ဆယ်ဆဒါမှမဟုတ်အဆတစ်ရာစွမ်းအားပိုရင်တောင် တစ်နေ့မှာ ကုန်ခန်းရမှာပဲ။

"ဒီရေပင်လယ်နတ်ဘုရားအရှင်၊ ငါ့ကို ကူညီပါ....."

“

"အလင်းနတ်ဘုရားအရှင်၊ ဒီနေရာကို တစ်ချက်လာပေး......"

……

ဆည်းဆာနတ်ဘုရားအရှင်က နတ်ဘုရားခန်းမရှိပြိုင်ဘက်ကင်းအရှင်တွေနဲ့ ဆက်သွယ်လိုက်တယ်။

"ကန့်လန့်ဖြတ်မြစ်ဘိုးဘေး၊ တစ်ခုခု မှားနေပြီ၊ မင်း ကန့်လန့်ဖြတ်မြစ်မြို့ကို အရင်ပြန်သွား"

ဆည်းဆာနတ်ဘုရားအရှင်ရဲ့အမူအရာက တစ်ခုခုပြောင်းလဲနေတာကို ခံစားမိပြီး လီဖူချန်းက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကို သတိပေးလိုက်တယ်။

"ကောင်းပြီ"

ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ခေါင်းညိတ်ကာ ထွက်သွားတယ်။

သူ ကန့်လန့်ဖြတ်မြစ်မြို့ကို ပြန်ရောက်နိုင်တာနဲ့ ဆည်းဆာနတ်ဘုရားအရှင်ငါးယောက်ရှိရင်တောင် ကန့်လန့်ဖြတ်မြစ်မြို့အစီအရင်ကို ချိုးဖြတ်နိုင်မှာမဟုတ်ဘူး။

သူ့ရဲ့ကန့်လန့်ဖြတ်မြစ်မြို့က အံ့ဖွယ်သစ်ရွက်မြို့လောက် ချိုးဖြတ်ရတာ မလွယ်ကူပါဘူး။

တစ်လအတွင်း နတ်ဘုရားမျိုးနွယ်ပြိုင်ဘက်ကင်းအရှင်သုံးယောက်က ရောက်ရှိလာပြီး ဆည်းဆာနတ်ဘုရားအရှင်နဲ့အတူတကွပူးပေါင်းကာ လီဖူချန်းကို တိုက်ခိုက်လာကြတယ်။

"မူလအဆုံးစွန်းအရှင်၊ ငါ မင်းကို ကူညီပေးမယ်"

ကာဒီနယ်တောက်ပဓားဘိုးဘေးက ဦးစွာအပြေးရောက်လာတယ်။ အရင်တစ်ခါနဲ့မတူဘဲ ကာဒီနယ်တောက်ပဓားဘိုးဘေးရဲ့လက်ထဲရှိဓားက အဆင့်၆ထူးကဲအဆင့်ကာဒီနယ်တောက်ပဓားဖြစ်နေတာပဲ။ သူ ရောက်လာတာနဲ့ လီဖူချန်းအပေါ်ရှိ ဖိအားအမြောက်အများက သက်သာလာတယ်။

"ဟားဟား၊ နတ်ဘုရားခန်းမနဲ့တိုက်ခိုက်တဲ့အချိန်မှာ ငါက ဘာလို့ မပါဝင်ရမှာလဲ။ ကြက်သွေးရောင်ဓား၊ ထွက်လာစမ်း"

ဒုတိယမြောက်ရောက်လာသူက ကြက်‌သွေးရောင်မီးဓားဘိုးဘေးပဲ။ သူ့လက်ထဲရှိဓားက အဆင့်၇ထူးကဲအဆင့်ကြက်သွေးရောင်ဓားပဲ။ ကြက်သွေးရောင်အလင်းလက်လာတာနဲ့အတူ စကြာဝဠာတစ်ခုလုံးက အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားတယ်။

"ဓားနဲ့ဓား‌မော့က တစ်ခုတည်း၊ ကောင်းကင်နဲ့မြေကြီးပျက်သုန်းခြင်း"

တတိယမြောက်ရောက်လာသူတွေက ကောင်းကင်ဓားမော့တာအိုအရှင်နဲ့မြေဓားတာအိုအရှင်တို့ပဲ။ သူတို့နှစ်ယောက်ရဲ့ဓားတွေက ပေါင်းစပ်သွားပြီး သူတို့ရဲ့သတ်ဖြတ်နိုင်စွမ်းက တိုးလာတယ်၊ နေရာတစ်ခုလုံးမှာ ဓား‌မော့အလင်းတွေ၊ ဓားအရိပ်တွေ ပြည့်သွားတယ်။

"ဆည်းဆာနတ်ဘုရားအရှင်၊ တောင်းပန်ပါတယ်၊ ငါ နောက်ကျသွားတယ်"

လီဖူချန်းမှာ အကူအညီတွေရှိသလို ဆည်းဆာနတ်ဘုရားအရှင်ကလဲ ကင်းမဲ့မနေပါဘူး။ ဒီနေ့မှာ နာမည်ကြီးနတ်ဘုရားမျိုးနွယ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က ရောက်ရှိလာတယ်။

"ရေခဲမီးနတ်ဘုရားအရှင်"

ကာဒိီနယ်တောက်ပဓားဘိုးဘေးရဲ့မျက်နှာက ပြောင်းသွားတယ်။

ရေခဲမီးနတ်ဘုရားအရှင်က အရှင်သတ်မှတ်ချက်ရဲ့အဆင့်၄ဖြစ်တယ်။ သူက ရေခဲရောမီးရောစွမ်းအားနှစ်ခုလုံးကို ပိုင်ဆိုင်တယ်။ သူက ရန်သူက အေးခဲနိုင်သလို ရန်သူကို ပြာချနိုင်တယ်။ သူက အလွန်ကြောက်စရာကောင်းတဲ့အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ပဲ။

"ရေခဲမီးပိုင်နက်"

သူ ရောက်လာတာနဲ့ ရေခဲမီးနတ်ဘုရားပိုင်နက်ကို အသက်သွင်းလိုက်တယ်။

ဆည်းဆာနတ်ဘုရားပိုင်နက်နဲ့နှိုင်းယှဉ်ရင် ရေခဲမီးနတ်ဘုရားပိုင်နက်က ပိုကြမ်းတမ်းတယ်။ သူတို့ရဲ့စွမ်းအားက အရင်ကထက် ကုန်ဆုံးမှုဆယ်ဆပိုမြန်လာတယ်လို့ လူတိုင်းက ခံစားမိတယ်။

နှစ်ဖက်ကြားတိုက်ပွဲက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို လျင်မြန်စွာ ဆွဲဆောင်ခဲ့တယ်။

ပြိုင်ဘက်ကင်းအရှင်က အဝေးမှ ကြည့်လိုက်တယ်၊ သူ့နှလုံးသားက ထိတ်လန့်သွားတယ်။ ဒါ ဘယ်လိုတိုက်ပွဲမျိုးလဲ။ နှစ်ဖက်လုံးကြားအားအနည်းဆုံးက‌တောင် အရှင်သတ်မှတ်ချက်ရဲ့ထိပ်တန်းတည်ရှိမှုတွေပဲ။ နတ်ဘုရားခန်းမက ဓားသမားအစည်းအရုံးနဲ့ စစ်ပွဲတစ်ခုစတင်နေတာလား။

အချိန်ကြာလာတာနဲ့အမျှ ကြည့်ရှုသူတွေက ပိုများလာတယ်။

"ရေခဲမီးနတ်ဘုရားအရှင်၊ ဆည်းဆာနတ်ဘုရားအရှင်၊ ငါတို့ဓားသမားအစည်းအရုံးမှာ တစ်ယောက်မှမရှိဘူးလို့ မင်းတို့ ထင်နေတာလား"

အနက်ရောင်နဲ့အဖြူရောင်ဓားအလင်းတွေကရေကူးနေတဲ့ငါးတစ်ကောင်ပမာ တိုက်ပွဲမြေပြင်ကို  လွန်းပြန်သွားလာခဲ့တယ်။ နတ်ဘုရားမျိုးနွယ်အရှင်တွေက လွင့်ထွက်သွားရတယ်။

"ထိုက်ချိဓားဘိုးဘေး....."

ရေခဲမီးနတ်ဘုရားအရှင်ရဲ့အမူအရာက ပြောင်းလဲသွားတယ်။

ထိုက်ချိဓားဘိုးဘေး၊ ဓားသမားအစည်းအရုံးရဲ့နံပါတ်၁ပြိုင်ဘက်ကင်းအရှင်၊ အရှင်သတ်မှတ်ချက်ရဲ့အဆင့်၅၊ သူ့ခွန်အားက ရေခဲမီးနတ်ဘုရားအရှင်ထက် မနိမ့်ကျပါဘူး။

လီဖူချန်းက အနည်းငယ်အံ့အားသင့်သွားတယ်။ သူက ထိုက်ချိဓားဘိုးဘေးကို မဖိတ်ခေါ်ထားသလို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး။

ကြက်သွေးရောင်မီးဓားဘိုးဘေးက လီဖူချန်းထံ အသံပို့လိုက်တယ်"ငါ ဖိတ်ခေါ်ခဲ့တာ"

ဒါက လီဖူချန်းနဲ့ဆည်းဆာနတ်ဘုရားအရှင်အကြားကိစ္စတစ်ခုမဟုတ်‌တော့ဘူး၊ ဒါက ဓားသမားအစည်းအရုံးနဲ့နတ်ဘုရားခန်းမအကြားကိစ္စတစ်ခုဖြစ်နေပြီလေ။

"ကျေးဇူးအများကြီးတင်ပါတယ်"

အနေအထားက ထိန်းချုပ်မှုအောက်မှ အနည်းငယ်လွတ်ထွက်သွားနေတာကို လီဖူချန်းကလည်း သိတယ်။

နှစ်ဘက်လုံးမှ လူတွေက ပိုပိုများလာတယ်၊ ဒါဇင်အထိရှိလာတယ်။ တိုက်ပွဲက ခမ်းနားကြီးကျယ်ပြီး နှစ်ဆယ်သန်းကြာတာတောင် မြင်တွေ့ရဖို့ ရှားတယ်။

"နှစ်ဖက်စလုံးကလူတွေကို ကြည့်စမ်း"

အခြားဂိုဏ်းကြီးတွေကလည်း သတင်းရသွားပြီး ရောက်ရှိလာကြတယ်။

ဥပမာအားဖြင့် ဓားမော့မဟာမိတ်၊ အမှောင်ကောင်စီ၊ တိုက်ပွဲနတ်ဘုရားမျှော်စင်၊ တရားစီရင်ချက်မျက်လုံးစသဖြင့်.....

"ရေခဲမီးနတ်ဘုရားအရှင်၊ မင်းတို့ အကူအညီလိုအပ်လား"

အမှောင်ကောင်စီမှအမှောင်ဝိညာဉ်ဘိုးဘေးက ရေခဲမီးနတ်ဘုရားအရှင်ထံ သတင်းပို့လိုက်တယ်။

"မလိုဘူး"

ရေခဲမီးနတ်ဘုရားအရှင်က ငြင်းပယ်လိုက်တယ်။ အခြားဂိုဏ်းရဲ့အကူအညီကို ယူလိုက်ရင် နတ်ဘုရားခန်းမက အနိုင်ကျင့်ချင်တိုင်းကျင့်လို့ရတယ်လို့ လူတကားကို ပြောနေတာနဲ့ မတူဘူးလား။

အခြားတစ်ဖက်မှာ ဓားသမားအစည်းအရုံးကလည်း ဓားမော့မဟာမိတ်ရဲ့အကူအညီကို ငြင်းပယ်လိုက်တယ်။

နှစ်ဂိုဏ်းလုံးကို အခြေခံအားဖြင့် လူသားတွေပဲ ဦးဆောင်နေတာ။ သူတို့အချင်းချင်း ယှဉ်ပြိုင်မှုတွေရှိနေပေမယ့် အခြားတစ်ဖွဲ့က အခက်အခဲတစ်ခုခုရှိလာရင် သူတို့က ကူညီဖို့ဆန္ဒရှိပါ‌သေးတယ်။

နတ်ဘုရားခန်းမက တကယ်‌ပြောင်မြောက်တယ်။ အရေအတွက်အသာစီးမရရင်တောင် ဓားသမားအစည်းအရုံးကို ဖိနှိပ်နိုင်နေတုန်းပဲ။ အဆင့်တူကြားမှာ နတ်ဘုရားမျိုးနွယ်က ပြိုင်ဘက်ကင်းနီးပါးပဲလေ။

ဒါကို မြင်ပြီး လူတိုင်းက အံ့အားသင့်ခြင်းမရှိပါဘူး။  အလုံးစုံခွန်အားအရ နတ်ဘုရားမျိုးနွယ်ဒါမှမဟုတ်နတ်ဘုရားခန်းမပဲဖြစ်ဖြစ် စကြာဝဠာရဲ့နံပါတ်၁ပါပဲ။

"ထိုက်ချိဓားတာအိုစကြာဝဠာ"

ပြင်းထန်တဲ့တိုက်ပွဲအတွင်း ထိုက်ချိဓားဘိုးဘေးက သတ်ဖြတ်ကွက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။

လူသားသိုင်းတာအိုက အလွန်ပြိုင်ဘက်ကင်းတယ်။ ပထမ နယ်ပယ်ဖြစ်တယ်၊ ဒုတိယ ကမ္ဘာအဖြစ်‌ ပြောင်းသွားပြီး တတိယ စကြာဝဠာဖြစ်လာတယ်။

စကြာဝဠာက နတ်ဘုရားမျိုးနွယ်ရဲ့နတ်ဘုရားပိုင်နက်နဲ့ ညီမျှတယ်။

ဒါပေမယ့် ဓားသမားအစည်းအရုံးမှာ ထိုက်ချိဓားဘိုးဘေးတစ်ယောက်တည်းသာ ဓားတာအိုစကြာဝဠာကို ပိုင်ဆိုင်ထားတယ်။

"ငါ့ရဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက ဓားကမ္ဘာတစ်ခုဖြစ်နေတုန်းပဲ။ ဓားပင်လယ်မိုးကုတ်စက်ဝိုင်း ဓားကမ္ဘာအဖြစ်ပြောင်းလဲဖို့ တစ်ခုခုလိုအပ်နေသေးပုံပဲ"

လီဖူချန်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်က လုံလောက်ပေမယ့် သူ့ရဲ့ဓားကွက်တွေက မပြီးပြည့်စုံသေးပါဘူး။

သူ့ရဲ့လက်ရှိဓားတာအိုအဆင့်က သူ့ရဲ့ဓားကွက်တွေရဲ့စွမ်းအားကို ပိုမြင့်မားတဲ့အဆင့်တစ်ခုတစ်ခုဆီ တွန်းပို့ဖို့ လုံလောက်တယ်လို့ ဆိုလိုတယ်။

ဝုန်း ဝုန်း ဝုန်း.....

ထိုက်ချိဓားဘိုးဘေးရဲ့ထိုက်ချိဓားတာအိုကမ္ဘာက ရေခဲမီးနတ်ဘုရားအရှင်ရဲ့ရေခဲမီးနတ်ဘုရားပိုင်နက်နဲ့ ထိပ်တိုက်တွေ့နေတယ်။ နှစ်ယောက်အကြားမှာ ပူဖောင်းတွေ ပေါက်ကွဲထွက်နေသလို ဟင်းလင်းပြင်က အဆက်မပြတ်ပျက်စီးနေတယ်။

"ဒါ ထိုက်ချိဓားတာအိုစကြာဝဠာလား"

လီဖူချန်း ဓားတာအိုစကြာဝဠာကို မလေ့လာရသေးတာ အကြောင်းပြချက်နှစ်ချက်ရှိတယ်။ ပထမ၊ သူကျင့်ကြံခဲ့တဲ့အချိန်က တိုတောင်းလွန်းတယ်။ ဒုတိယ၊ သူ အရင်က ဓားတာအိုစကြာဝဠာတစ်ခုကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ ထိုက်ချိဓားတာအိုရဲ့နက်နဲသိမ်မွေ့မှုကို ဂရုတစိုက်အာရုံခံပြီးနောက် လီဖူချန်းရဲ့စိတ်မှာ အဆုံးမဲ့အလင်းလုံးလေးတွေ ဗြောင်းဆန်နေသလို ဈာန်ဝင်စားခြင်းတွေ ဖြစ်တည်လာတယ်။

"ရေခဲမီးနတ်ဘုရားအရှင်၊ ငါ ကူညီပေးမယ်"

ဆည်းဆာနတ်ဘုရားအရှင်က သူ့ရဲ့ဆည်းဆာနတ်ဘုရားပိုင်နက်ကို ပြန်ရုတ်သိမ်းထားခဲ့တယ်။  ရေခဲမီးနတ်ဘုရားပိုင်နက်ရှိမှတော့ သူက သူ့စွမ်းအားကို ဖြုန်းတီးဖို့မလိုပါဘူး။ ဒါပေမယ့် ရေခဲမီးနတ်ဘုရားပိုင်နက်က ထိုက်ချိတာအိုစကြာဝဠာကို မဖိနှိပ်နိုင်တာကို မြင်တဲ့အခါ သူက သူ့ရဲ့ဆည်းဆာနတ်ဘုရားပိုင်နက်ကို ထုတ်လွှတ်ကာ ရေခဲမီးနတ်ဘုရားပိုင်နက်နဲ့အတူ  ထိုက်ချိတာအိုစကြာဝဠာကို ရင်ဆိုင်လိုက်တယ်။

ဝုန်း အုန်း......

ထိုက်ချိဓားဘိုးဘေးရဲ့ထိုက်ချိဓားတာအိုစကြာဝဠာက လုံးဝရှုံးနိမ့်သွားတယ်။

တစ်ယောက်ချင်းစီ‌အနေအထားမှာ သူက ရေခဲမီးနတ်ဘုရားအရှင်ထက် နိမ့်ကျနေသေးတယ်။ အခု ဆည်းဆာနတ်ဘုရားအရှင်ပါဝင်အားဖြည့်မှုနဲ့အတူ ယှဉ်ပြိုင်ဖို့က မဖြစ်နိုင်တော့ဘူး။

"အလင်းနတ်ဘုရားအရှင်မရောက်လာသေးတာတောင် ငါတို့ဓားအစည်းအရုံးက ရုန်းကန်နေရတယ်။ အလင်းနတ်ဘုရားအရှင်ရောက်လာရင် ငါတို့တွေ လုံးဝတိုက်ခိုက်နိုင်တော့မှာမဟုတ်ဘူး" ထိုက်ချိဓားဘိုးဘေးက သက်ပြင်းချလိုက်တယ်၊ သူက ထိုက်ချိဓားတာအိုစကြာဝဠာကို အသက်သွင်းဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်။

ကံမကောင်းစွာနဲ့ ထိုက်ချိဓားတာအိုစကြာဝဠာက ပိုပိုသေးလာပြီး ဓားသမားအစည်းအရုံးရှိလူတိုင်းကို မကာကွယ်နိုင်တော့ပါဘူး။

"ငါသိပြီ"

လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက ကြောက်စရာကောင်းလွန်းတယ်။ ထိုက်ချိဓားတာအိုစကြာဝဠာထွက်ပေါ်လာတာနဲ့ သူက ၎င်းရဲ့အခရာကို ချက်ချင်း မြင်လိုက်တယ်။

"တစ်ခါတစ်ရံမှတော့ အခြားသူတွေဆီက သင်ယူဖို့ တကယ်အရေးကြီးတာပဲ" လီဖူချန်းရဲ့မျက်လုံးတွေက ပေါက်ကွဲထွက်လာတယ်"မူလအဆုံးစွန်းဓားတာအိုစကြာဝဠာ"

ဝုန်း

ဖရိုဖရဲအဆုံးမဲ့ဓားအလင်းအစုအဝေးတစ်ခုက လီဖူခန်းနဲ့အတူ အလယ်ဗဟိုမှာ ပျံ့နှံ့လာတယ်။

"ဓားတာအိုစကြာဝဠာလား"

ထိုက်ချိဓားဘိုးဘေးရဲ့မျက်လုံးတွေက အရောင်လက်သွားပြီး သူ့မျက်နှာအမူအရာက တုန်လှုပ်ဖွယ်ဖြစ်သွားတယ်။

လီဖူချန်းက အရင်က ဓားတာအိုစကြာဝဠာကို မသိတာ သူက သေချာတယ်။ သို့မဟုတ်ရင် သူက ဖော်ထုတ်ဖို့ အခုထိ စောင့်နေမှာမဟုတ်ဘူး။

ရိုးရိုးရှင်းရှင်းကောက်ချက်ချပြီးနောက် လီဖူချန်းက ထိုက်ချိဓားတာအိုစကြာဝဠာကို မြင်ပြီးနောက် သူ့ရဲ့ကိုယ်ပိုင်ဓားတာအိုစကြာဝဠာကို ရှာဖွေဖော်ထုတ်ခဲ့မှန်း သိသာတယ်။

လီဖူချန်းရဲ့မူလအဆုံးစွန်းဓားစကြာဝဠာပေါင်းစပ်လာမှုနဲ့အတူ ထိုက်ချိဓားဘိုးဘေးရဲ့ကျဆင်းလာတဲ့အရှိန်အဟုန်က တည်ငြိမ်လာတယ်။ သူက သူ့ရဲ့ဓားတာအိုစကြာဝဠာကို မချဲ့ထွင်နိုင်ပေမယ့် အနည်းဆုံးတော့ သူက အများကြီးနောက်ဆုတ်နေစလိုတော့ဘူး။

ဒါ့အပြင် လီဖူချန်းရဲ့ဓားတာအိုစကြာဝဠာက အချိန်နဲ့အမျှ တဖြည်းဖြည်းပြီးပြည့်စုံလာတာကို သူ တွေ့လိုက်ရတယ်။

"ဘာဖြစ်နေတာလဲ"

ဆည်းဆာနတ်ဘုရားအရှင်က မှင်တက်သွားတယ်။ လီဖူချန်းက ဓားတာအိုစကြာဝဠာကို ဘယ်လိုလုပ်ပြီး ဖော်ထုတ်နိုင်တာလဲ။ သူက တိုက်ပွဲအတွင်း ချိုးဖြတ်မှုတစ်ခု ပြုလုပ်နိုင်ခဲ့တာများလား။

"ဒီလိုဆန်းကြယ်တဲ့ခံစားချက်တစ်ခု"

သူက ဓားတာအိုရဲ့အုပ်ချုပ်သူလို လီဖူချန်းက ခံစားမိနေတယ်၊ မူလအဆုံးစွန်းဓားတာအိုစကြာဝဠာ ချဲ့ထွင်လာတဲ့နေရာတိုင်းမှာ စကြာဝဠာဥပဒေသတွေက ပြန်ဆုတ်နေရတယ်။

ထပ်ပြောရရင် မူလအဆုံးစွန်းဓားတာအိုစကြာဝဠာက ဓားပင်လယ်မိုးကုတ်စက်ဝိုင်းမှ မွေးဖွားလာတယ်ဆိုပေမယ့် ဓားပင်လယ်မိုးကုတ်စက်ဝိုင်းနဲ့ တိုက်ရိုက်ဆက်စပ်ခြင်း‌တော့ မရှိပါဘူး။ သီအိုရီအရ ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက ဓားကွက်တစ်ခုသာ ဖြစ်နေသေးပြီး မူလအဆုံးစွန်းဓားတာအိုစကြာဝဠာက လီဖူချန်းရဲ့ဓားတာအိုစွမ်းရည်ဖြစ်တယ်။ သူ ဓားအသုံးပြုတာမပြုတာပဲဖြစ်ဖြစ် ခြားနားချက်တစ်ခုခုဖြစ်စေနိုင်မှာမဟုတ်ဘူး။

ဒါပေမယ့် လီဖူချန်းက ဓားတာအိုစကြာဝဠာကို နားလည်ထားခဲ့တာကြောင့် လီဖူချန်းရဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက ပိုသန်မာလာတယ်။ သူက ရန်သူကို ဓားတာအိုစကြာဝဠာထဲမှာ အလွယ်တကူပိတ်မိစေနိုင်ပြီး အဆုံးမဲ့ဓားချီတွေကို အသုံးပြုကာ သူတို့ကို သေတဲ့အထိ ခုတ်ပိုင်းနိုင်တယ်။

လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုစကြာဝဠာနဲ့အတူ နှစ်ဖက်ကြားတိုက်ပွဲက အမှည့်ခြွေစစ်တစ်ခုအဖြစ် ထပ်မံပြောင်းလဲလာတယ်။ အချိန်တိုအတွင်း တစ်ယောက်မှ ဒါနဲ့ပတ်သက်ပြီး ဘာမှမတတ်နိုင်ဘူး။

All Chapters