← Chapters

အရှင်သတ်မှတ်ချက်ရဲ့အဆင့်၇

Vol. 73 Ch. 1014

အရှင်သတ်မှတ်ချက်ရဲ့အဆင့်၇

Vol. 73 Ch. 1014

ဒီတိုက်ပွဲက နှစ်အနည်းငယ်ကြာခဲ့တယ်။

လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုစကြာဝဠာနဲ့တောင် ဓားသမားအစည်းအရုံးက အားနည်းနေတုန်းပဲ။ ကံကောင်းစွာနဲ့ သူတို့က အသက်အန္တရာယ်မရှိကြသေးတာပဲ။

တစ်ယောက်ယောက်ကို နတ်ဘုရားပိုင်နက်က ဝန်းရံသွားတာနဲ့ သူတို့က စကြာဝဠာရဲ့ရင်းမြစ်စွမ်းအားကို မထိတွေ့နိုင်တော့ဘူး။ သူတို့က သူတို့ရဲ့စွမ်းအင်ကို လုံးဝပြန်ဖြည့်နိုင်လိမ့်မှာ မဟုတ်ဘူး။

ပြိုင်ဘက်ကင်းအရှင်တစ်‌ယောက်က သူ့ရဲ့စွမ်းအင်ကို ပြန်မဖြည့်နိုင်တော့တဲ့အခါ သူက လျင်မြန်စွာသေဆုံးလာရမှာပဲ။

"ရေခဲမီးနတ်ဘုရားအရှင်၊ ငါတို့တွေ ရပ်လိုက်တာ ပိုကောင်းမယ်လို့ ငါ ထင်တယ်၊ သို့မဟုတ်ရင် ငါတို့က သေတဲ့တိုက်ခိုက်ရလိမ့်မယ်၊ ငါတို့နှစ်ဖက်လုံး ဆုံးရှုံးမှုတွေ ဖြစ်လာလိမ့်မယ်"ထိုက်ချိဓားဘိုးဘေးက ရေခဲမီးနတ်ဘုရားအရှင်ကို ပြောလိုက်တယ်။

"မင်းတို့တွေက သေချာပေါက် အားနည်းနေပြီးမလား"

ရေခဲမီးနတ်ဘုရားအရှင်က နှာခေါင်းရှုံ့လိုက်တယ်။

ထိုက်ချိဓားဘိုးဘေးက ခေါင်းခါလိုက်တယ်"ဟုတ်တယ်၊ ငါတို့က အောက်စည်းကို ရောက်နေပေမယ့် နှစ်ထောင်အနည်းငယ်မရှိဘဲနဲ့ မင်းတို့က ငါတို့ကို သတ်နိုင်မှာလား"

ထိုက်ချိဓားဘိုးဘေးမပြောခဲ့တဲ့တစ်စုံတစ်ခုရှိတယ်။ သေရေးရှင်ရေးဖြစ်လာရင် ဓားသမားအစည်းအရုံးက မျက်နှာပြောင်တိုက်ပြီး အကူအညီတောင်းရပါလိမ့်မယ်၊ ဓားသမားအစည်းအရုံးရဲ့အကြိုနတ်ဘုရားတွေကို ဆက်သွယ်ရမှာပဲ။ ထိုအချိန်မှာ နှစ်ဂိုဏ်းအကြား စစ်ပွဲတစ်ခုမဟုတ်တော့ဘူး၊ စကြာဝဠာတစ်ခုလုံးရဲ့စစ်ပွဲတစ်ခုဖြစ်လာလိမ့်မယ်။ ရေခဲမီးနတ်ဘုရားအရှင်လဲ ဒီအချက်ကို မြင်နိုင်မယ်လို့ သူ ယုံကြည်တယ်။

"တန်ဖိုးတစ်ခုမပေးဘဲ မင်းတို့ကို စစ်ပွဲကို ရပ်ချင်တာလား"

ဆည်းဆာနတ်ဘုရားအရှင်က ဒေါသထွက်သွားတယ်။

"တန်ဖိုးလား၊ ငါက ဘာတန်ဖိုး ပေးချေရမှာလဲ။ မင်း အဲဒါကို မရရင် မင်းအသုံးမကျတဲ့အတွက် မင်းကိုယ်မင်းပဲ အပြစ်တင်နေလိုက် "လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်။

"မင်း ၊ ငါ မင်းကို မှတ်ထားမယ်။ ငါ မင်းကို မသတ်ရခင်အထိ ဘယ်တော့မှ လက်မလျော့ဘူးလို့ ငါ ကျိန်ဆိုတယ်"

ဆည်းဆာနတ်ဘုရားအရှင်ရဲ့သတ်ဖြတ်ခြင်းဆန္ဒက ကောင်းကင်ထိတိုင် ထိုးတက်သွားတယ်။

"ဆည်းဆာနတ်ဘုရားအရှင်။ စစ်ပြေငြိမ်းကြရအောင်။ အလင်းနတ်ဘုရားအရှင်က အပျက်အစီးနယ်မြေတစ်ခုမှာ ရှိနေတုန်းပဲ၊ သူ့ကို သတင်းပို့ဖို့ နည်းလမ်းမရှိဘူး" သူတို့က အလင်းနတ်ဘုရားအရှင်ကိုသာ ဆက်သွယ်နိုင်ရင် ရေခဲမီးနတ်ဘုရားအရှင်က စစ်ပြေငြိမ်းမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုလို သူတို့က ဒီအတိုင်းဆက်သွားနေရင် ဘာတစ်ခုမှ အောင်မြင်လာမှာမဟုတ်ဘူး။ ပြန်ဆုတ်ပြီး နည်းဗျူဟာတွေကို ပြန်ဆွေးနွေးတာက ပိုကောင်းအုံးမယ်။

အလွန်ဆန္ဒမရှိပေမယ့် ဆည်းဆာနတ်ဘုရားအရှင်ကို စစ်ပြေငြိမ်းလိုက်ရတယ်။

"တကယ်ကြမ်းတမ်းလွန်းတယ်။ ဒီလိုတိုက်ပွဲတစ်ခုကို မမြင်တွေ့ရတာ နှစ်များစွာကြာပြီ"

"ဓားသမားအစည်းအရုံးနဲ့နတ်ဘုရားခန်းမအကြားတိုက်ပွဲက ဘယ်လိုလုပ်ပြီး မပြင်းထန်ရမှာလဲ။ နတ်ဘုရားမျိုးနွယ်က တကယ့်ကို နတ်ဘုရားမျိုးနွယ်ပါပဲ၊ သူတို့က သန်မာလွန်းတယ်။ ဒါ့အပြင် အရှင်သတ်မှတ်ချက်ရဲ့နံပါတ်တစ်အလင်းနတ်ဘုရားအရှင် မရှိလို့ပဲ။ သို့မဟုတ်ရင် ဓားသမားအစည်းအရုံးရဲ့အနေအထားက ပိုဆိုးသွားလိမ့်မယ်"

"မူလအဆုံးစွန်းအရှင်လဲ အရမ်းအားကောင်းတယ်။ သူက ဓားတာအိုစကြာဝဠာကို တကယ်ကျွမ်းကျင်ခဲ့တာပဲ။ ဒါက နတ်ဘုရားကလန်ရဲ့အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေနဲ့ ရင်ဆိုင်ဖို့ မရှိမဖြစ်လိုအပ်ချက်တစ်ခုပဲ"

"ဟုတ်တယ်၊ နတ်ဘုရားမျိုးနွယ်ရဲ့နတ်ဘုရားပိုင်နက်ကို ရင်ဆိုင်ဖို့ တစ်ယောက်ယောက်က သူ့ရဲ့ကိုယ်ပိုင်တာအိုစကြာဝဠာကို ဆုပ်ကိုင်ထားဖို့လိုတယ်။ အရှင်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးဆယ်ယောက်အပြင် အနည်းငယ်ကပဲ ဒါမျိုးလုပ်နိုင်တာ"

နတ်ဘုရားခန်းမနဲ့ဓားသမားအစည်းအရုံးအကြားစစ်ပြေငြိမ်းတာကို မြင်ပြီးနောက် လူတိုင်းက ဆွေးနွေးနေကြတော့တယ်။

သူတို့ဆွေးနွေးရာမှာ ခေါင်းစဉ်နှစ်ခုရှိတယ်၊ တစ်ခုက နတ်ဘုရားမျိုးနွယ်ရဲ့ခွန်အား၊ နောက်တစ်ခုက လီဖူချန်းပဲ။

"ဒီမူလအဆုံးစွန်းအရှင်က ဓားတာအိုစကြာဝဠာကို တကယ်ကျွမ်းကျင်ထားတာလား"

အမှောင်ဝိညာဉ်ဘိုးဘေးနဲ့အမှောင်အရှင်ဘုရင်က မျက်မှောင်ကြုတ်လိုက်တယ်။

မဟာတာအိုစကြာဝဠာကို ကျွမ်းကျင်တာက မတူညီတဲ့ကိစ္စတစ်ခုပါပဲ။

စကြာဝဠာမှာ မဟာတာအိုစကြာဝဠာကျွမ်းကျင်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တစ်ယောက်ယောက်က မထွက်ပြေးနိုင်ရင် သေခြင်တရားကသာ သူ့က်ု စောင့်မျှော်နေလိမ့်မယ်။

"သစ်တောထဲရှိအမြင်ဆုံးသစ်ပင်ကို လေက ဖျက်ဆီးမှာပဲ၊ နတ်ဘုရားမျိုးနွယ်ရဲ့လွှမ်းမိုးမှုနဲ့ဆိုရင် သူတို့က သူ့ကို ဒီအတိုင်းထားမှာမဟုတ်ဘူး"

သေမင်းသစ်သားဘိုးဘေးက ပြောလိုက်တယ်။

စစ်ပွဲပြီးနောက် နတ်ဘုရားမျိုးနွယ်အပါအဝင် အခြားဂိုဏ်းကြီးတွေအားလုံးက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာသွားတယ်။ နောက်ဆုံးမှာ ဓားသမားအစည်းအရုံးကသာ ကျန်ရှိတော့တယ်။

"ထိုက်ချိဓားဘိုးဘေး၊ ကျေးဇူးအများကြီးတင်ပါတယ်၊ အားလုံးပဲ၊ ကျေးဇူးအများကြီးတင်ပါတယ်"

လီဖူချန်းက တစ်ယောက်ချင်းစီကို ဂါဝရပြုလိုက်တယ်။

ကြက်သွေးရောင်မီးဓားဘိုးဘေးက ပြောလိုက်တယ်"ဒါ မင်းကိစ္စမဟုတ်ဘူး၊ ဓားသမားအစည်းအရုံးရဲ့ကိစ္စပဲ။ မင်း ကျေးဇူးတင်စရာမလိုပါဘူး"

ထိုက်ချိဓားဘိုးဘေးက ခေါင်းညိတ်လိုက်တယ်"ကြက်‌သွေးရောင်မီးဓားဘိုးဘေး ပြောတာမှန်တယ်၊ ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုမဟုတ်ဘူး။ ဒီလိုရန်လိုတဲ့ဂိုဏ်းကြီးတွေနဲ့ရင်ဆိုင်ရတဲ့အခါ ငါတို့ပူးပေါင်းဆောင်ရွက်မှသာ အသက်ရှင်နိုင်မယ်။ ဒါပေမယ့် မူလအဆုံးစွန်းအရှင်၊ မင်း နောက်ကျရင်တော့ ဂရုစိုက်ဖို့လိုမယ်"

"ငါ သိပါတယ်"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

ကမ္ဘာသစ်သီးက လူတိုင်းကို ရူးသွပ်စေဖို့ မလုံလောက်ပါဘူး။ ဒါပေမယ့် အခု မူလဘူတကြေးညိုသော့ပါဆိုရင် လူအချို့က ထိုင်နေမှာမဟုတ်တော့ဘူး။ ဒါပေမယ့် လီဖူချန်းရဲ့ခွန်အားကို သိပြီးနောက် ဒိီလူတွေက ကမူးရှုးထိုးဆောင်ရွက်ရဲမှာ‌တော့ မဟုတ်လောက်ဘူး။

ကန့်လန့်ဖြန်မြစ်ကြယ်ပိုင်နက်ကို ပြန်ရောက်ပြီး‌နောက် ကန့်လန့်ဖြန်မြစ်‌ဘိုးဘေးက လီဖူချန်းထံ မူလဘူတကြေးညိုသော့ကို ပေးလိုက်တယ်။

မူလဘူတကြေးညိုသော့ကို ရရှိပြီးနောက် လီဖူချန်းက ကန့်လန့်ဖြတ်မြစ်ဘိုး‌‌ဘေးကို ကမ္ဘာသစ်သီးမှာနားလည်ခွင့်ပေးဖို့ ကတိပေးလိုက်တယ်။

"နောက် ငါ နေရာလပ်-အချိန်တာအိုကို နားလည်ရလိမ့်မယ်"

လီဖူချန်းရဲ့ဓားတာအိုအဆင့်မှာ ကဏ္ဍအားလုံးက အလွန်အမင်းမြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိနေပြီ။ သူက ချိုးဖြတ်ချင်ရင် အချိန်အရမ်းကြာပါလိမ့်မယ်။

မူလအဆုံးစွန်းဓားပညာက ကြယ်ပိုင်နက်အဆင့်ရဲ့နှောင်းပိုင်းအခြေအနေကို ရောက်ရှိထားတယ်၊ ပြီးတော့ အဲဒါက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ ရှိတယ်။ အကြိုနတ်ဘုရားတော်တောများများက နှစ်ဘီလီချီအသုံးချတာတောင် ဒီအဆင့်ကို မရောက်ကြသေးဘူး။

မူလအဆုံးစွန်းဓားနည်းစနစ်က အနည်းငယ်နိမ့်ကျကာ ကြယ်ပိုင်နက်အဆင့်ရဲ့စဦးအခြေအနေမှာသာ ရှိတယ်။

ဒါပေမယ့် ကျင့်ကြံခြင်းနည်းစနစ်တွေက သိုင်းပညာတွေထက် ချိုးဖြတ်ရတာ ပိုခက်တယ်။

ယခု လီဖူချန်းက နေရာလပ်-အချိန်တာအိုကို နားလည်ဖို့ ရွေးချယ်လိုက်တယ်။ လက်ရှိအချိန်မှာ ရေရာလပ်-အချိန်တာအိုက သူရှိတဲ့တည်နေရာကို သုံးဆအရှိန်တင်နိုင်တယ်။ နေရာလပ်-အချိန်တာအိုက  အလယ်ကြယ်ပိုက်နက်အဆင့်ကို ရောက်ရှိတဲ့အခါ ၎င်းက အနည်းဆုံးငါးဆကျော် အရှိန်မြင့်တင်နိုင်လိမ့်မယ်။

ကမ္ဘာသစ်သီးထဲဝင်ရောက်ပြီးနောက် လီဖူချန်းက စတင်ကျင့်ကြံလိုက်တယ်။

……

"နောက်ဆုံးတော့ သာလွန်အရှင်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပြီ"

လီဖူချန်းရဲ့နေရာလပ်-အချိန်အရှိန်မြှင့်တင်မှုနဲ့အတူ နှစ်နှစ်ထောင်ကျော်အသုံးချပြီးနောက် မသေမျိုးအရှင်က သာလွန်အရှင်အဆင့်ကို ရောက်ရှိလာတော့တယ်။

ထိုအချိန်မှာ သူ့ရဲ့မသေမျိုးတာအိုနဲ့ဆိုရင် ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကတောင် သူ့ကို သတ်ဖို့ ခက်ခဲလိမ့်မယ်။

သမန်းဝံပုလွေလီဖူချန်းကတော့ သာမန်အရှင်အဆင့်ကို ရောက်ရှိထားပြီး လက်ရှိမှာ သာလွန်အရှင်အဆင့်ကို ချိုးဖြတ်ဖို့ အားထုတ်နေတယ်။

အခြားသူတွေအတွက်ကတော့ ရန်ချင်းဟူအပါဝင် တစ်ယောက်မှ မတိုးတက်လာခဲ့ဘူး။

အဓိကအကြောင်းကတော့ လီဖူချန်းက သူတို့အတွက် နေရာလပ်-အချိန်အရှိန်မမြှင့်တင်ထားခဲ့လို့ပဲ။ သူ့ရဲ့နိယာမအရ နေရာလပ်-အချိန်အရှိန်မြှင့်တင်ခြင်းကို ပြုလုပ်ဖို့ အနည်းဆုံးကောင်းကင်ဘုံအရှင်အဆင့်ကို ရောက်ရှိထားရမယ်။

နှစ်တစ်ရာ။

နှစ်ငါးရာ။

နှစ်တစ်ထောင်။

……

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေတော့တယ်။

နှစ်နှစ်ထောင်။

နှစ်သုံးထောင်။

ဒါက လီဖူချန်းရဲ့အချိန်အကြာဆုံးသီးခြားကျင့်ကြံခြင်းပါပဲ။

"‌နောက်ဆုံး‌တော့ ချိုးဖြတ်သွားပြီ"

ကမ္ဘာသစ်သီးထဲမှာ လီဖူချန်းက အသက်ရှုထုတ်လိုက်တယ်။

အပြင်ကမ္ဘာမှာ နှစ်သုံးထောင်က တကယ်တော့ နှစ်ကိုးထောင်ပဲ။ သူ့ရဲ့နေရာလပ်-အချိန်တာအိုက စဦးကြယ်ပိုင်နက်အဆင့်မှ အလယ်ဆင့်ကြယ်ပိုင်နက်ဆီ ရောက်ရှိလာတယ်။

"ငါ နေရာလပ်-အချိန်အရှိန်ဘယ်လောက်အထိ မြှင့်တင်နိုင်မလဲ  မသိဘူး"

လီဖူချန်းက သူရှိနေတဲ့နေရာကို နေရာလပ်-အချိန်အရှိန်မြှင့်တင်လိုက်တယ်။

သုံး၊ လေး၊ ငါး၊ ခြောက်......

နေရာလပ်-အချိန်အရှိန်က ပိုပိုမြန်လာပြီး မကြာမီမှာပဲ လီဖူချန်းမျှော်မှန်းထားတာကို ကျော်လွန်သွားတယ်။

ခုနှစ်ဆ၊ ‌ရှစ်ဆ.....

ဆယ်ဆ။

အဆုံးမှာ နေရာလပ်-အချိန်စီးဆင်းမှုက ဆယ်ဆကို ရောက်ရှိလာတယ်။

ဒါက အလွန်ချဲ့ကားတဲ့နံပါတ်တစ်ခုပဲ။

တကယ်တော့ လီဖူချန်းက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်တယ်။  ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့နေရာလပ်-အချိန်ကို ဆယ်ဆအရှိန်တင်ရင် စကြာဝဠာရတနာဖြစ်တဲ့အစွန်းအလင်းမိခင်ကျောက်တုံးကတောင် အချိန်အကြာကြီးခံနိုင်မှာမဟုတ်ဘူး။

တကယ်တော့ အစွန်းအလင်းမိခင်ကျောက်တုံးကို သာမန်စကြာဝဠာရတနာတစ်ခုလို့ ဆိုနိုင်တယ်၊ ပြီးတော့ အစွန်းအလင်းမိခင်ကျောက်တုံးတွေမှာလဲ အရွယ်အစားအမျိုးမျိုးရှိတယ်။ အရွယ်အစားပိုသေးလေ၊ အချိန်ရင်းမြစ်အဆီအနှစ်က ပိုနည်း‌လေဖြစ်တယ်။

"အခု အပြင်ကမ္ဘာမှာ နှစ်သုံးထောင်က နှစ်ကိုးထောင်မဟုတ်တော့ဘူး၊ နှစ်သုံးသောင်းပဲ။ ထိရောက်မှုက နှစ်ဆကျော်တိုးလာတာပဲ"

လီဖူချန်းက ပြုံးလိုက်တယ်။

လက်ကို ဝှေ့ယမ်းလိုက်ရာ လီဖူချန်းက မသေမျိုးအရှင်နဲ့သမန်းဝံပုလွေလီဖူချန်းတို့ကို အရှိန်မြှင့်တင်ပေးလိုက်တယ်။

ချိုးဖြတ်ပြီးနောက် ‌မသေမျိုးအရှင်ရှိရာနေရာလပ်-အချိန်အရှိန်က အဆနှစ်ဆယ်မှ ငါးဆအထိ ကျဆင်းခဲ့တယ်၊ အခု ၎င်းက အဆတိုးဆယ်အထိ တိုးမြင့်လာတယ်။

သမန်းဝံပုလွေလီဖူချန်းလည်းပဲ အဆနှစ်ရာမှ မဆသုံးဆယ်အထိ ကျဆင်းခဲ့ရာမှ အဆနှစ်ရာ့ငါးဆယ်အထိ တိုးမြင့်လာခဲ့တယ်။

"ငါလဲ ဆက်ပြီးနားလည်ရတာပေါ့"

လီဖူချန်းက ဆက်လက်ကျင့်ကြံနေခဲ့တယ်။

..........

"ဟားဟား၊ ဒါ မူလဘူတကြေးညိုသော့ပဲ"

ကြိီးမားကျယ်ပြန့်တဲ့ရှေးအပျက်အစီးနယ်မြေတစ်ခုမှာ ‌ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က သူ့လက်ထဲရှိ မူလဘူတကြေးညိုသော့ကို ကြည့်လိုက်တယ်၊ သူက အားပါးတရရယ်မောလိုက်လေတယ်။

မူလဘူတကြေးညိုသော့က အဆင့်နိမ့်ဆုံးစကြာဝဠာနဲ့ ညီမျှပေမယ့် အဆင့်နိမ့်ဆုံးစကြာဝဠာရတနာတစ်ခုကတောင် ရတနာတစ်ခုဖြစ်နေပါသေးတယ်။ ဒါက အရှင်တစ်ယောက်ရဲ့ကျင့်ကြံခြင်းအတွက် အလွန်အကျိုးရှိတယ်။ တစ်ယောက်ယောက်က ဒီလိုရတနာမျိုးကို ရရှိလာရင် သူက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်အဆင့်အထိရောင် ရောက်ရှိသွားနိုင်တယ်။

……

"မူလဘူတကြေးညိုသော့၊ ဒါ မူလဘူတကြေးညိုသော့ပဲ။ ငါ ထာဝရမိုးကြိုးတာအိုအရှင်က စကြာဝဠာမှာ လှည့်လည်သွားလာနေတာ နှစ်သန်းတစ်ရာကျော်ပြီ။ ဒါက မူလဘူတကြေးညိုသော့ကို ပထမဆုံးအကြိမ် ငါ မြင်တွေ့ရတာပဲ။  ကြည့်ရတာ ငါ့ရဲ့‌ကံကောင်းခြင်းတွေ ရောက်ရှိလာပြိီးထင်တယ်"

တောင်ထွတ်တွေပြည့်နေတဲ့အန္တရာယ်နယ်မြေတစ်ခုမှာ ထာဝရမိုးကြိုးတာအိုအရှင်ရဲ့မျက်လုံးတွေက အလင်းဘောလုံးတွေပမာပဲ။ သူက အလွန်စိတ်လှုပ်ရှားနေတော့တယ်။

ဒါက မူလဘူတကြေးညိုသော့လေ.......

မူလဘူတမြေပြင်ဖွင့်လှစ်တဲ့အချိန်တိုင်း မူလဘူတကြေးညိုသော့ကိုပိုင်ဆိုင်သူအရေအတွက်က လက်တစ်ဖက်ရှိလက်ချောင်းတွေကို‌တောင် မကျော်ပါဘူး။ အရှင်အရေအတွက်သိန်းကျော်အထဲမှာ ငါးယောက်အောက်ကသာ မူလဘူတကြေးညိုသော့ကို ပိုင်ဆိုင်တယ်။ ဒါကို စဉ်းစားကြည့်ရင် မူလဘူတကြေးညိုသော့ကို ပိုင်ဆိုင်ခွင့်ရတာ ဘယ်လောက်တောင် ကံကောင်းသလဲကို စိတ်ကူးယဉ်နိုင်တယ်။

……

ဝုန်း.......

အရောင်စုံမြစ်တစ်စင်းက ရှေ့သို့ လိမ့်တက်လာတယ်၊ ၎င်းသွားတဲ့နေရာတိုင်းမှာ စကြာဝဠာဥပဒေသက မှန်ပမာ ကြေမွသွားတယ်။

"ရတနာမြစ်မဟာဘိုးဘေး၊ ဘာကြောင့်လဲ"

"ရတနာမြစ်ဘိုးဘေး၊ ငါတို့တွေ ညီအကိုလိုနေလာတာ နှစ်ပေါင်းများစွာကြာပြီ။ မင်း ဒီလိုဘယ်လိုလုပ်နိုင်တာလဲ"

"ရတနာမြစ်မဟာဘိုးဘေး၊ မင်း သေခြင်းဆိုးနဲ့‌ သေရမယ်"

နောက်ထပ်ပုံရိပ်တစ်ခုက မှန်ပမာ တစ်စစီဖြစ်သွားတယ်။ မသေခင် သူတို့ရဲ့မျက်နှာတွေမှာ မလိုလားမှုတွေ ပြည့်နှက်နေတယ်။

"မူလဘူတငွေသော့ရဲ့အရှေ့မှာ ညီအကိုတွေ၊ မိတ်ဆွေတွေဆိုတာ မရှိဘူးကွ"

ရတနာမြစ်မဟာဘိုးဘေးက ရတနာအလင်းတွေတောက်ပနေတဲ့ကျောက်စိမ်းရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားတယ်။ သူ့မျက်နှာအမူအရာက အေးစက်နေတယ်။

မူလဘူတကြေးညိုသော့သာဆိုရင် သူက အခုလိုလုပ်မှာမဟုတ်ဘူး။ သူနဲ့သဟဇာတဖြစ်တဲ့အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုမဟုတ်ရင် သူ့အနေနဲ့ ကြီးကြီးမားမားတိုးတက်ဖို့က ခက်ခဲတယ်။

ဒါပေမယ့် မူလဘူတငွေသော့က မတူဘူး။ မူလဘူတငွေ‌သော့က နေရာလပ်-အချိန်အမြုတေ၊ ဖရိုဖရဲပုလဲ၊ ဖရိုဖရဲမီးကြာပန်း၊ ယင်ယန်ဆီလီကွန်ကျောက်စိမ်းတို့လို အလယ်ဆင့်စကြာဝဠာရတနာတွေနဲ့ ညီမျှတယ်။

ပုံမှန်အားဖြင့်ပြောရရင် အလယ်ဆင့်စကြာဝဠာရတနာတစ်ခုကို အဆင့်နိမ့်စကြာဝဠာရတနာဆယ်ခုနဲ့ အနည်းဆုံးဖလှယ်နိုင်တယ်။

ရတနာမြစ်မဟာဘိုးဘေးသိထားတာအရ အတိတ်မှာ မူလဘူတမြေပြင်ထွက်ဖွင့်ချိန်ဆယ်ကြိမ်ပြည့်တိုင်း မူလငွေသော့တစ်ချောင်းထွက်ပေါ်လာပြီး အကြိမ်တစ်ရာပြည့်တိုင်း မူလဘူတ‌ရွှေသော့တစ်ချောင်းထွက်ပေါ်လာတယ်ဆိုတာပဲ။

အလယ်ဆင့်စကြာဝဠာရတနာတစ်ခုက ရတနာမြစ်ဘိုးဘေးရဲ့ဘဝတစ်သက်လုံးကို တိုးမြှင့်မှုတွေဖြစ်စေနိုင်တယ်၊ အနာဂတ်မှာ အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ဖို့ မြင့်မားတဲ့အခွင့်အရေးတစ်ခုရှိတယ်လို့ပြောရရင် မလွန်ကဲပါဘူး။

ဒီညီအကိုတွေဆိုတာကလည်း သေခြင်းရှင်ခြင်းညီအကိုတွေမဟုတ်ပါဘူး။ သူတို့က တစ်ယောက်နဲ့တစ်ယောက် အကျိုးတူပူးပေါင်းထားတဲ့မိတ်ဆွေတွေမျှသာဖြစ်တယ်။

"မူလဘူတငွေသော့.....ငါ၊ ရတနာမြစ်မဟာဘိုးဘေးရဲ့အထွတ်အထိပ်ခေတ် ရောက်ရှိလာပြီဟေ့"

……..............

စကြာဝဠာထဲမှာ မူလဘူတသော့တွေကို တစ်ချောင်းပြီးတစ်ချောင်း ရှာတွေ့ခဲ့တယ်။ ကြည့်ရတာ မူလဘူတသော့ကိုးချောင်းစလုံးရှာတွေ့ဖို့က သိပ်မကြာတော့ဘူး။

လီဖူချန်းက ဒါတွေအားလုံးကို မသိဘူး။

နှစ်တစ်ထောင်၊ နှစ်နှစ်ထောင်၊ နှစ်သုံးထောင်.....

လီဖူချန်းက အရှင်နယ်ပယ်ကို အခြေချခဲ့တာကြောင့် သူ့ရဲ့ကျင့်ကြံခြင်းကြာချိန်က ပိုပိုကြာရှည်လာတယ်။ အစမှာ အဲဒါက နှစ်အနည်းငယ်ပဲ၊ အခု အဲဒါက နှစ်ရာထောင်အနည်းငယ်ဖြစ်လာတယ်။

ဒီပလိန်းထဲမှာ နှစ်ရာထောင်အနည်းငယ်က သေမျိုးတစ်ယောက်ကို မျိုးဆက်ပေါင်းဒါဇင်ကျော်မွေးဖွားစေဖို့ လုံလောက်တယ်။

အရှင်တစ်ယောက်အတွက်ဆိုရင် နှစ်ရာထောင်က တစ်တင်္ဂမျှပဲ၊ တစ်မှေးအိပ်ချိန်သာသာပဲရှိတယ်။

လီဖူချန်းအသက်အနှစ်ကိုးထောင်ရှိလာတဲ့အချိန်မှာ သမန်းဝံပုလွေလီဖူချန်းက သာလွန်အဆင့်ကို ရောက်ရှိလာတယ်။ ဒီလိုတိုးတက်မှုအရှိန်က မသေမျိုးအရှင်ကိုတောင် အနည်းငယ်အံ့အားသင့်စေတယ်။

လီဖူချန်းအသက်အနှစ်၉၅၀၀ရောက်ရှိလာချိန်မှာတော့ နောက်တစ်ယောက်က ချိုးဖြတ်သွားပြန်တယ်၊ ရန်ချင်းဟူပါပဲ။

အရင်ကတော့ ရန်ချင်းဟူက ပြိုင်ဘက်ကင်းသူတော်စင်အရှင်ပဲ၊ အခု သူမက ထပ်မံချိုးဖြတ်လာတာကြောင့် ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာတော့တယ်။

သူမက အဆင့်၄ကောင်းကင်ဘုံအရှင်တစ်ယောက်သာဖြစ်ပေမယ့် သူတော်စင်အရှင်ထက် အဆမရေမတွက်များစွာ ပိုသန်မာလာတယ်။ သူမရဲ့သက်တမ်းက နှစ်သန်းအနည်းငယ်မှ နှစ်သန်းရာကျော်အထိ တိုးလာတယ်။

ရန်ချင်းဟူ အခုလိုလျင်မြန်စွာ တိုးတက်လာတာက သူမရဲ့ကြိုးစားအားထုတ်မှုကြောင့်ဆိုပေမယ့် အရေးကြီးဆုံးအချက်က လီဖူချန်းရဲ့အကူအညီကြောင့်ပဲ။

မှင်တက်စရာကြွယ်ဝမှုနဲ့အဆင့်အတန်းနဲ့အတူ လီဖူချန်းက စကြာဝဠာအနှံ့မှ အဆုံးမဲ့ဓားမော့တာအိုအသုံးအဆောင်ပစ္စည်းတွေကို အလွယ်တကူ ရရှိခဲ့တယ်။ ဒီအသုံးအဆောင်ပစ္စည်းတွေရဲ့အကူအညီနဲ့အတူ ရန်ချင်းဟူအ‌နေနဲ့ တိုးတက်ဖို့က မခက်ခဲပါဘူး။ တကယ်တော့ သူမရဲ့မွေးရာပါထိုးထွင်းသိမြင်မှုကလည်း မဆိုးပါဘူးလေ။

ကောင်းကင်ဘုံအရှင်ဖြစ်လာပြီးနောက် လီဖူချန်းက ရန်ချင်းဟူရဲ့နေရာလပ်-အချိန်အရှိန်ကို စတင်မြှင့်တင်ခဲ့တယ်။

အဆတစ်ရာ၊ အဆတစ်ထောင်၊ အဆသုံးထောင်။

နေရာလပ်-အချိန်အရှိန်မြှင့်တင်ခြင်းစွမ်းရည်အရ လီဖူချန်းက အစွန်းအလင်းမိခင်ကျောက်တုံးထက် နိမ့်ကျနေသေးပေမယ့် ရန်ချင်းဟူကို အဆသုံးထောင်အထိ အရှိန်မြှင့်တင်ပေးခဲ့တယ်။

နှစ်ပေါင်းသုံးထောင်ကျင့်ကြံခြင်းက နှစ်ပေါင်းသန်းသုံးဆယ်ကျင့်ကြံခြင်းနဲ့ ညီမျှတယ်လို့ ဆိုလိုတယ်။

သူက အသက်တစ်သောင်းရှိတဲ့အချိန်မှာ‌တော့ လီဖူချန်းက အဆင့်ချိုးဖြတ်ခဲ့တယ်။

ဒီချိုးဖြတ်ခြင်းက ကျင့်ကြံခြင်းနည်းလမ်းချိုးဖြတ်ခြင်းပါပဲ။ သူ့ရဲ့မူလအဆုံးစွန်းဓားနည်းစနစ်က အလယ်ဆင့်ကြယ်ပိုင်နက်အဆင့်ကို ရောက်ရှိသွားပါပြီ။

အရှင်သတ်မှတ်ချက်ပေါ်ထွက်လာမှုက လွန်ခဲ့တဲ့နှစ်သန်းရာကျော်ကထက် အကြိမ်အရေအတွက်ပိုများလာတယ်။

On this day, the emperor list appeared again.

ဒီနေ့မှာ အရှင်သတ်မှတ်ချက်က ထွက်ပေါ်လာပြန်တယ်။

"ဘာ၊ မူလအဆုံးစွန်းအရှင်က ထပ်တိုးတက်လာပြန်ပြီးလား"

"ပြီးခဲ့တဲ့အကြိမ်က အဆင့်၁၂၊ အခုက အဆင့်၇ပဲ"

"အံ့အားသင့်စရာပဲ၊ ဒီမူလအဆုံးစွန်းအရှင်က ပုံမှန်မဟုတ်ဘူးပဲ။ နတ်ဘုရားမျိုးနွယ်က ခေါင်းကိုက်နေရတော့မှာပဲ"

စကြာဝဠာတစ်လွှာမှာ အရှင်အချို့က စုဝေးကာ ပြောဆိုနေကြတယ်။

နတ်ဘုရားခန်းမမှာ ဆည်းဆာနတ်ဘုရားအရှင်ရဲ့မျက်နှာက မည်းမှောင်သွားတယ်။ သူက မူလဘူတကြေးဝါသော့ကို လုယူဖို့ နည်းလမ်းကို မရှာတွေ့ပေးပေမယ့် တစ်ဖက်လူက  ထပ်မံတိုးတက်သွားပြန်ပြီ။

အဆင့်၇နဲ့အဆင့်၈က အဆင့်တစ်ဆင့်သာ ခြားပေမယ့် လီဖူချန်းအဆင့်၁၂တုန်းက ဆည်းဆာနတ်ဘုရားအရှင်က ဘာတစ်ခုမှ မတတ်နိုင်ခဲ့ဘူး။ အခု လီဖူချန်းက အဆင့်၇ကို ရောက်သွားပြီ၊ တစ်ယောက်ချင်းစီရင်ဆိုင်တဲ့အခါ သူက လီဖူချန်းကို အသာစီးမရတော့ဘူးလို့ ဆိုလိုတာ မဟုတ်လား။

ရေခဲမီးနတ်ဘုရားအရှင်က ပြောလိုက်တယ်"ဒီလူက ငါတို့နတ်ဘုရားမျိုးနွယ်ရဲ့အကြီးမားဆုံးရန်သူပဲ၊ ငါတို့ သူ့ကို ဖယ်ရှားရမယ်"

ထိုအခိုက်မှာ ရေခဲမီးနတ်ဘုရားအရှင်ကတောင် ပြင်းထန်တဲ့ခြိမ်းခြောက်မှုတစ်ခုကို ခံစားရတယ်။

နတ်ဘုရားမျိုးနွယ်က နတ်ဘုရားတွေမှ ဆင်းသက်လာတာလို့ ကျော်ကြားပြီး သူတို့အားလုံးက ချို့ယွင်းချက်မဲ့မွေးရာပါပါရမီရှင်တွေပဲ။ သာမန်နတ်ဘုရားကလန်သားကတောင် စကြာဝဠာမှာ ရှားပါးတဲ့ပါရမီရှင်တစ်‌ယောက်ဖြစ်တယ်။

နတ်ဘုရားမျိုးနွယ်ပါရမီရှင်တွေကို စကြာဝဠာကလေးတွေလို့ ယူဆနိုင်တယ်။

နတ်ဘုရားမျိုးနွယ်ရဲ့လက်ရွေးစင်ပါရမီရှင်အချို့က စကြာဝဠာကလေးတွေကိုတောင် ကျော်ဖြတ်နိုင်တယ်။

လီဖူချန်းက စကြာဝဠာကလေးမျှသာဆိုရင် နတ်ဘုရားမျိုးနွယ်က ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် လီဖူချန်းက စကြာဝဠာကလေးတွေထက် အများကြီးပိုသာတာ သိသာထင်ရှားတယ်။

စကြာဝဠာကလေးတွေအကြားမှာ စကြာဝဠာကလေးအစစ်အမှန်က တစ်ယောက်သာ ရှိတယ်လို့ ပြောကြတယ်။ လီဖူချန်းက အစစ်အမှန်စကြာဝဠာကလေးတစ်ယောက်မဟုတ်ရင်တောင် သူက အစစ်အမှန်စကြာဝဠာကလေးအောက် မနိမ့်ကျလောက်ဘူး။ အနည်းဆုံး၊ နတ်ဘုရားမျိုးနွယ်ထဲမှာ လီဖူချန်းလောက် တိုးတက်မှုမြန်ဆန်တဲ့ပါရမီရှင် မရှိဘူး။

"မင်းရယ်၊ ငါရယ်၊ အလင်းနတ်ဘုရားအရှင်က အတူတကွ မပူးပေါင်းရင် သူ့ကို ဖယ်ရှားဖို့က မဖြစ်နိုင်ဘူး"

ဆည်းဆာနတ်ဘုရားအရှင်က ပြောလိုက်တယ်။

ရေခဲမီးနတ်ဘုရားအရှင်က ခေါင်းခါကာ ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်တယ်" မင်း အလင်းနတ်ဘုရားအရှင်ရဲ့ခွန်အားကို မမြင်ရတာ အတော်ကြာသွားလို့ ထင်တယ်။ သူက ငါတို့ထက် အနည်းငယ်ပဲ ပိုသန်မာတာမဟုတ်ဘူး။ သူက အဆတစ်ရာလောက် ပိုသန်မာတာ။ ငါတို့က အကြိုနတ်ဘုရားနယ်‌မြေမှ နတ်ဘုရားမျိုးနွယ်အရှင်တစ်ယောက်ဒါမှမဟုတ်နှစ်ယောက်လောက်ကို ဖိတ်ခေါ်နိုင်ရင်ပဲ လီဖူချန်းကို ဖယ်ရှားဖို့က လွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်လာလိမ့်မယ်"

"အကြိုနတ်ဘုရားနယ်မြေက တစ်ယောက်‌ယောက်ကို ဖိတ်ခေါ်ဖို့လား"

ဆည်းဆာနတ်ဘုရားအရှင်က တုန်လှုပ်သွားတယ်။

နတ်ဘုရားခန်းမရဲ့အထက်အကြီးအကဲတစ်ယောက်အနေနဲ့ စကြာဝဠာရှိပြိုင်ဘက်ကင်းအရှင်တွေက အရှင်သတ်မှတ်ချက်ပေါ်ရှိအယောက်တစ်ထောင်သာမကဘူး၊ အရှင်သတ်မှတ်ချက်ပေါ်မှာမရှိတဲ့ပြိုင်ဘက်ကင်းအရှင်တွေအများကြီးရှိတယ်ဆိုတာ သူသိတယ်။ ဒါက အရှင်သတ်မှတ်ချက်မှာ ဟာကွက်တွေရှိလို့မဟုတ်ဘူး၊ အကြိုနတ်ဘုရားနယ်မြေက အလွန်ထူးခြားတဲ့နေရာတစ်ခုဖြစ်လို့ပဲ။ အဲဒါက နတ်ဘုရားစစ်မြေပြင်ရဲ့အစွန်အဖျားမှာ တည်ရှိပြီး စကြာဝဠာဥပဒေသနဲ့အရှင်သတ်မှတ်ချက်ရဲ့အာရုံခံမှုကို တားဆီးနိုင်တဲ့ ကြောက်မက်ဖွယ်ရာဥပဒေသတွေ ရှိတယ်။

သန်မာမှုလုံလောက်သလိုအသက်ရှင်ရတာလုံလောက်ပြိီးလို့ထင်တဲ့ပြိုင်ဘက်ကင်းအရှင်အချို့က အကြိုနတ်ဘုရားလက်နက်ကို ရှာဖွေဖို့ နတ်ဘုရားစစ်မြေပြင်ကို မဝင်ရောက်ခင် သူတို့ကိုယ်သူတို့လေ့ကျင့်ဖို့အတွက် အကြိုနတ်ဘုရားနယ်မြေကို ရွေးချယ်ဖို့ ဝင်ရောက်ကြတယ်။

ဒီလူတွေ ဘယ်လောက်သန်မာသလဲကို တစ်ယောက်မှ မသိဘူး။ အကြိုနတ်ဘုရားနယ်မြေမှထွက်လာတဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တစ်‌ယောက်ကို ဒဏ်ရာရစေခဲ့တာတော့ သူတို့သိတယ်။ ဒါက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေကတောင် လုပ်ဖို့ခက်ခဲတဲ့အရာတစ်ခုမှန်း သိသင့်ပါတယ်။

"ငါတို့ရဲ့ခွန်အားနဲ့ဆိုရင် ငါတို့က အကြိုနတ်ဘုရားနယ်မြေကို ဝင်ရောက်နိုင်မှာပါ"

ရေခဲမီးနတ်ဘုရားအရှင်က နှာခေါင်းရှုံ့လိုက်တယ်"မင်း သေချင်ရင်တော့ ငါ မင်းကို မတားဘူး"

အကြိုနတ်ဘုရားနယ်မြေက နေရာကောင်းတစ်ခုမဟုတ်ဘူး။ ထိုနေရာရဲ့ဥပဒေသတွေက သီးသန့်တည်ရှိတယ်။ တစ်ယောက်ယောက်က ‌ထိုနေရာမှာ ကျင့်ကြံရင် ကျင့်ကြံခြင်းအရှိန်က အလွန်အမင်းမြန်ဆန်ပြီး ပြိုင်ဘက်ကင်းထိုးထွင်းဉာဏ်အချို့လည်း ရှိလာနိုင်တယ်။ ဒီလိုထိုးထွင်းဉာဏ်မျိုးကို စကြာဝဠာရတနာတွေကတောင် မပြုလုပ်ပေးနိုင်ပါဘူး။ အကြိုနတ်ဘုရားနယ်မြေက စကြာဝဠာဥပဒေသထက် အဆင့်ပိုမြင့်တဲ့အကြိုနတ်ဘုရားဥပဒေသတွေနဲ့ ပြည့်‌နှက်နေတယ်။

ဒါပေမယ့် အကြိုနတ်ဘုရားနယ်မြေရှိအရာရာတိုင်းက ကောင်းတာမဟုတ်ဘူး၊ အချို့အန္တရာယ်‌နေရာတွေက ရှင်သန်နေထိုင်ဖို့အတွက် လုံးဝမသင့်လျော်ဘူး။ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်အချို့ကတောင် အချိန်အကြာကြီးရှင်သန်နေထိုင်ဖို့ ခက်ခဲတယ်။ ကောင်းချီနေရာအချို့ကသာ ကျင့်ကြံဖို့အတွက် သင့်တော်တယ်။ အကြိုနတ်ဘုရားနယ်မြေကို ဝင်ရောက်သွားသူဆယ်ယောက်ထဲမှ ငါးယောက်လောက်ကသာ အသက်ရှင်သန်နိုင်တယ်လို့ ပြောကြတယ်။

ဆည်းဆာနတ်ဘုရားအရှင်က အရှင်သတ်မှတ်ချက်ရဲ့အဆင့်၈ဆိုပေမယ့် အကြိုနယ်ဘုရားနယ်မြေကို ဝင်သွားပြီးနောက် ကံမကောင်းရင် သူ့အနေနဲ့ နှစ်ရက်တောင် ဖြတ်ကျော်ဖို့က မဖြစ်နိုင်ပါဘူး။

All Chapters