စကြာဝဠာရတနာ
Vol. 73 Ch. 1015
"အဆင့်၇ပဲလား"
မူလအဆုံးစွန်းဓားနည်းစနစ်က အဆင့်တစ်ခုအထိ တိုးသွားတာနဲ့ အရှင်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးငါးယောက်ထဲကို ဝင်နိုင်မယ်လို့ လီဖူချန်းက ယုံကြည်ခဲ့တာ။
ကြည့်ရတာ အရှင်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးဆယ်ယောက်က တွေးထားသလောက် မရိုးရှင်းပုံရတယ်။
"ဒါပေမယ့် ဒါကလဲ လုံလောက်ပါတယ်လေ"
အချို့မှာ အားကောင်းတဲ့ချီတည်ရှိမှုတွေရှိပေမယ့် ခွန်အားအရ အားနည်းတယ်။ အချို့မှာ အားနည်းတဲ့ချီတည်ရှိမှုတွေရှိပေမယ့် ခွန်အားအရ ပိုသန်မာတယ်။
လီဖူချန်းက နောက်ပိုင်းအခြေအနေကို သေချာပေါက် ပိုင်ဆိုင်တာပဲ။
ပြိုင်ဘက်ကင်းအရှင်အနည်းငယ်ကပဲ သိုင်းပညာတွေကို ကြယ်ပိုင်နက်အဆင့်ရဲ့နှောင်းပိုင်းအခြေအနေအထိ ကျင့်ကြံနိုင်တာလေ။
"ငါရဲ့အသက်က နှစ်တစ်သောင်းရှိပေမယ့် ခြားနားတာဘာတစ်ခုမှ မခံစားရပါလား"
နှစ်တစ်သောင်းက သူ့သက်တမ်းနဲ့နှိုင်းဆရင် ဘာမှမဟုတ်ပါဘူးလေ။
……
နတ်ဘုရားကြယ်ပိုင်နက်က နတ်ဘုရားခန်းမရဲ့ဌာနချုပ်ဖြစ်တယ်။
နတ်ဘုရားခန်းမရဲ့အလယ်မှာ အဆုံးမဲ့အဖြူရောင်တိမ်အလွှာတစ်ခုရှိတယ်။ အဖြူရောင်တိမ်တွေက အလင်းနှစ်ရာအနည်းငယ်အကွာအဝေးကို ဖုံးအုပ်ထားတယ်။ တိမ်တွေရဲ့အလယ်မှာ အလွန်အမင်းမြင့်မားတဲ့နန်းတော်တွေရှိတယ်။
နန်းတော်တွေထဲကတစ်ခုမှာ ကျောက်စိမ်းစားပွဲရှည်တစ်ခုရှိတယ်။ စားပွဲရဲ့နှစ်ဖက်လုံးမှာ ထိုင်ခုံဆယ့်ရှစ်ခုံရှိတယ်။
ထိုင်ခုံနှစ်ခုမှာ ရေခဲမီးနတ်ဘုရားအရှင်နဲ့ဆည်းဆာနတ်ဘုရားအရှင်တို့က နေရာယူထားတယ်။
အလင်းတန်းတစ်ခု ဆင်းသက်လာပြီး နောက်ထပ်ထိုင်ခုံတစ်ခုမှာ အဆုံးမဲ့အလင်းဖြာထွက်မှုတွေ ထုတ်လွှတ်နေတဲ့ပုံရိပ်တစ်ခုရှိတယ်။
"အလင်းအရှင်"
ရေခဲမီးနတ်ဘုရားအရှင်နဲ့ဆည်းဆာနတ်ဘုရားအရှင်တို့က ကြည့်လိုက်တယ်။
"ငါ ကောင်းကင်ဘုံပေါ်ထွက်ခြင်းအပျက်အစီးနယ်မြေမှာ ရှိတယ်၊ မင်းတို့နှစ်ယောက် ငါ့ကို ဘာအတွက် ရှာနေတာလဲ"
ကောင်းကင်ဘုံပေါ်ထွက်ခြင်းနယ်မြေက အလွန်ကြောက်စရာကောင်းတဲ့အပျက်အစီးနယ်မြေတစ်ခုဖြစ်တယ်၊ အဲဒါက ရေနတ်ဘုရားအုတ်ဂူထက်တောင် အန္တရာယ်ပိုများတယ်။ ယေဘုယျအားဖြင့် ဒီလိုအပျက်အစီးနယ်မြေတွေက ဆက်သွယ်ခြင်းကို ခွင့်မပြုပါဘူး။
ရေခဲမီးနတ်ဘုရားအရှင်က လီဖူချန်းနဲ့ပတ်သက်ပြီး အရာအားလုံးကို အသေးစိတ်ရှင်းပြလိုက်တယ်။
"ငါ့ကို နောင်ထပ်နှစ်တစ်ထောင်ပဲ စောင့်။ နှစ်တစ်ထောင်ပြီးရင် သူပျောက်ကွယ်သွားမယ့်နေ့ရက်တစ်ခု ရောက်ရှိလာလိမ့်မယ်" အလင်းနတ်ဘုရားအရှင်ရဲ့အမူအရာက ထူးမခြားနားပါပဲ။
ဆည်းဆာနတ်ဘုရားအရှင်က ပြောလိုက်တယ်"ငါတို့တွေ အကြိုနတ်ဘုရားနယ်မြေရှိနတ်ဘုရားမျိုးနွယ်အရှင်တွေကို ဆက်သွယ်ထားဖို့ လိုလား"
အလင်းနတ်ဘုရားအရှင်က သန်မာပေမယ့် လီဖူချန်းကလည်း အလွယ်တကူအနိုင်ရနိုင်တဲ့သူမျိုးမဟုတ်ဘူး။
အလင်းနတ်ဘုရားအရှင်က တစ်ခဏ ငြိမ်သက်သွားတယ်၊ သူက ပြောလိုက်တယ်"မင်းတို့တွေ မီးသူတော်ကောင်းနတ်ဘုရားအရှင်ကို ဆက်သွယ်နိုင်တယ်"
အကြိုနတ်ဘုရားနယ်မြေရဲ့နတ်ဘုရားအရှင်တွေကို ဆယ်သွယ်ဖို့အတွက် ပေးချေရတဲ့တန်ဖိုးက အလွန်အမင်းမြင့်မားတယ်။
ဒါပေမယ့် အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုနဲ့ နှိုင်းယှဉ်ရင် ဒီတန်ဖိုးက ထိုက်တန်ပါသေးတယ်။
စကြာဝဠာရတနာအမျိုးအစားအများကြီးရှိတယ်။ ကျင့်ကြံခြင်းကိုကူညီတဲ့ရတနာတွေအပြင် ခုခံမှုနဲ့တိုက်ခိုက်ရေးဆိုင်ရာစကြာဝဠာရတနာတွေလည်း ရှိတယ်။ အဆင့်နိမ့်ခုခံမှုဒါမှမဟုတ်တိုက်ခိုက်ရေးစကြာဝဠာရတနာတစ်ခုက ထိပ်တန်းအဆင့်၇ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ညီမျှတယ်။ ဒါ့အပြင် ၎င်းက စွမ်းအင်အများကြီးမလိုအပ်တဲ့အမျိုးအစားတစ်ခုဖြစ်တယ်။
ဒါကို အထင်မသေးပါနဲ့။ စွမ်းအင်ကို ပြန်မဖြည့်နိုင်တဲ့နေရာအချို့မှာ စွမ်းအင်သုံးစွဲမှုအများကြိီးမလိုတဲ့စကြာဝဠာရတနာတွေကို အသက်ကယ်ပစ္စည်းတွေလို့ သတ်မှတ်နိုင်တယ်။
အလယ်ဆင့်ခံစစ်ဒါမှမဟုတ်တိုက်စစ်စကြာဝဠာရတနာတစ်ခုအတွက်ကတော့ ၎င်းရဲ့တန်ဖိုးက အဘယ်လိုအခြေခံအသုံးအဆောင်ပစ္စည်းတွေထက်မဆို သာလွန်ပြီး ၎င်းရဲ့သက်ရောက်မှုက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့ နီးကပ်တယ်။
(အသုံးအဆောင်ပစ္စည်းအစား အခြေခံအသုံးအဆောင်ပစ္စည်းလို့ ပြောင်းသုံးပါ့မယ်။ အခြေခံအသုံးအဆောင်ပစ္စည်းရဲ့အထက်မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ ရှိပါတယ် - ဘာသာပြန်သူ)
လီဖူချန်းရဲ့ဖရိုဖရဲမီးကြာပန်းလိုပေါ့၊ ၎င်းက စွယ်စုံသုံးစကြာဝဠာရတနာတစ်ခုဖြစ်တယ်။ ၎င်းက မီးတာအိုကျင့်ကြံသူကို ကျင့်ကြံရာမှာ ကူညီပေးနိုင်ရုံတင်မက ရန်သူတွေကို တိုက်ခိုက်ရာမှာလည်း ကူညီပေးနိုင်တယ်။ လီဖူချန်းက မီးတာအိုကျင့်ကြံသူတစ်ယောက်ဆိုရင် သူက ဖရိုဖရဲမီးကြာပန်းရဲ့မီးတာအိုရင်းမြစ်တွေကို စုပ်ယူနိုင်တယ်။ ဒီနည်းလမ်းနဲ့ဆိုရင် စကြာဝဠာရင်းမြစ်ပါးလွှာတဲ့နေရာတွေမှာတောင် သူက သူ့စွမ်းအင်ကို လျင်မြန်စွာ ပြန်ဖြည့်လာနိုင်ပြီး စွမ်းအင်ကုန်ခန်းမှာနဲ့ ပတ်သက်ပြီးစိုးရိမ်စရာမလိုတော့ဘူး။
နောက်ဆုံးမှာ အဆင့်မြင့်စကြာဝဠာရတနာတွေက အလွန်အမင်းတန်ဖိုးရှိတယ်။
၎င်းရဲ့တန်ဖိုးက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအောက် မနိမ့်ကျပါဘူး။
စကြာဝဠာစိတ်ဝိညာဉ်ဘောလုံး၊ ကမ္ဘာသစ်ပင်၊ ပလိန်းနှလုံသား၊ အသက်သစ်ပင်တို့လိုပေါ့။
ဒါတွေအားလုံးက အဆင့်မြင့်စကြာဝဠာရတနာတွေပါပဲ။
လီဖူချန်းရဲ့ကမ္ဘာသစ်သီးက စကြာဝဠာရတနာတစ်ခုဆိုပေမယ့် ၎င်းက ကမ္ဘာသစ်ပင်မှသစ်သီးစတစ်လုံးသာဖြစ်တယ်။ ကမ္ဘာသစ်ပင်နဲ့နှိုင်းယှဉ်ရင် ၎င်းက ဖော်ပြဖို့မထိုက်တန်ပါဘူး။
.
အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကို ရရှိရင် အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ မခက်ခဲဘူးလို့ပြောတာ မလွန်ကဲပါဘူး။ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုနဲ့ဆိုရင် တစ်ယောက်ယောက်ရဲ့ခွန်အားက သာမန်အကြိုနတ်ဘုရားတွေအောက် မနိမ့်ကျပါဘူး။
အချက်အလက်အရ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အလွန်တန်ဖိုးရှိတယ်၊ အကြောင်းကတော့ ကိုင်ဆောင်သူက သူတို့ရဲ့ခန္ဓာကိုယ်ကို သန့်စင်ပြီး သူတို့ရဲ့စွမ်းအားကို အကြိုနတ်ဘုရားစွမ်းအားသို့ ပြောင်းလဲနိုင်လို့ပဲ။ အကြိုနတ်ဘုရားစွမ်းအားကို သုံးပြီး အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို အသက်သွင်းတဲ့အခါ စွမ်းအားက အလွန့်အလွန်ထူးကဲပါလိမ့်မယ်။ ဒါမရှိရင် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အလယ်ဆင့်စကြာဝဠာရတနာတစ်ခုနဲ့ အလားတူပါလိမ့်မယ်။
"မီးသူတော်ကောင်းနတ်ဘုရားအရှင်လား"
ဆည်းဆာနတ်ဘုရားအရှင်က မီးသူတော်ကောင်းနတ်ဘုရားအရှင်ရဲ့နာမည်ကို ကြားဖူးတယ်။ သူအရှင်တစ်ယောက်မဖြစ်ခင်မီးသူတော်ကောင်းနတ်ဘုရားအရှင်က နတ်ဘုရားအရှင်ဖြစ်နေပါပြီ။ သူ အရှင်ဖြစ်လာပြီးနောက် မီးသူတော်ကောင်းနတ်ဘုရားအရှင်က အကြိုနတ်ဘုရားနယ်မြေကို ဦးတည်သွားခဲ့တယ်။ နှစ်ပေါင်းမရေမတွက်များစွာ ကြာပြီးတောင်မှ မီးသူတော်ကောင်းနတ်ဘုရားအရှင်က အသက်ရှင်နေသေးတယ်လို့ သူ မထင်ထားခဲ့ဘူး၊ ကြည့်ရတာ မီးသူတော်ကောင်းနတ်ဘုရားအရှင်က အကြိုနတ်ဘုရားမဖြစ်သေးဘူးပေါ့။
"သူ့ခွန်အားကရော"
ရေခဲမီးအရှင်က မေးလိုက်တယ်။
မီးသူတော်ကောင်းနတ်ဘုရားအရှင်ရဲ့ခွန်အားက အလင်းနတ်ဘုရားအရှင်နဲ့တူမယ်ဆိုရင် လီဖူချန်းကို သတ်ဖို့အခွင့်အရေးက ပိုမြင့်မားလာပါလိမ့်မယ်။
အလင်းနတ်ဘုရားအရှင်က နတ်ဘုရားမျိုးနွယ်ရဲ့သမိုင်းမှာ အသန်မာဆုံးနတ်ဘုရားတွေအထဲကတစ်ယောက်ဖြစ်တယ်။
အလင်းနတ်ဘုရားအရှင်က ပြောလိုက်တယ်"သူက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတွေကို ရရှိထားတယ်၊ သူ့ခွန်အားက ငါ့ထက်တောင် ပိုသန်မာတယ်"
အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတွေမှာ ပါးလွှာတဲ့အကြိုနတ်ဘုရားစွမ်းအားပမာဏတစ်ခုသာ ပါဝင်ပြီး ကိုင်ဆောင်သူရဲ့စွမ်းအားကို သန့်စင်ဖို့ မလုံလောက်ပါဘူး။ ဒါပေမယ့် ဒါက ကိုင်ဆောင်သူရဲ့အရည်အသွေးအချို့ကို အကြီးအကျယ်တိုးမြှင့်စေနိုင်တယ်။ ကိုင်ဆောင်သူရဲ့အသက်စွမ်းအားကို ဆယ်ဆဒါမှမဟုတ်အဆတစ်ရာတိုးစေတယ်။ အချို့အကြိုနတ်ဘုရားပစ္စည်းအစအနတွေက ကိုင်ဆောင်သူရဲ့ခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်ဖြစ်စေပြီး အထွတ်အထိပ်အပြင်အားခန္ဓာကိုယ်အပြင်အားအရှင်တွေထက်တောင် ပိုသန်မာလာစေတယ်။ စိတ်ဝိညာဉ်ကို သန်မာစေနိုင်တဲ့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနအချို့လည်း ရှိတယ်။
"ဒီတစ်ခါတော့ မူလအဆုံးစွန်းအရှင် သေမှာအသေအချာပဲ"
ရေခဲမီးနတ်ဘုရားအရှင်နဲ့ဆည်းဆာနတ်ဘုရားအရှင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
……
မူလအဆုံးစွန်းဓားနည်းစနစ်က အလယ်အခြေအနေကြယ်ပိုင်နက်အဆင့်ကို ရောက်ရှိခဲ့တာအပြင် လီဖူချန်းရဲ့ဓားတာအိုစကြာဝဠာကလည်း အကြီးအကျယ်တိုးမြှင့်လာတယ်။
အရင်က သူ့ရဲ့ဓားတာအိုစကြာဝဠာက ဆည်းဆာနတ်ဘုရားပိုင်နက်ထက် နိမ့်ကျခဲ့တယ်၊ အခု ပိုတောင် သန်မာလာတယ်။ ၎င်းရဲ့စွမ်းအားက ထိုက်ချိဓားဘိုးဘေးရဲ့ထိုက်ချိဓားတာအိုစကြာဝဠာနဲ့ညီမျှလုနီးပါးပဲ။
ဓားတာအိုစကြာဝဠာနဲ့ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ဓားပိတ်လှောင်ခြင်းစကြာဝဠာနဲ့အတူ သာမန်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို အလွယ်တကူသတ်ဖြတ်နိုင်တယ်လို့ လီဖူချန်းက ယုံကြည်ချက်ရှိတယ်။ အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို သတ်ဖြတ်ဖို့က အချိန်အနည်းငယ်ပိုလိုရုံမျှပဲ။
"ဒီတစ်ခါတော့ ငါ့ခွန်အားက တစ်ဆို့မှုကို ရောက်ရှိလာပြီ"
အရိုးသားဆုံးပြောရရင် လီဖူချန်းက သူ့ခွန်အားကို အချိန်တိုအတွင်း တိုးလာစေဖို့ အခြားနည်းလမ်းတစ်ခုခုကို မစဉ်းစားနိုင်ဘူး။
နှောင်းပိုင်အခြေအနေကြယ်ပိုင်နက်အဆင့်မှ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကြယ်ပိုင်နက်အဆင့်ကို ချိုးဖြတ်ဖို့က ခက်ခဲလွန်းတယ်။ နှစ်၁.၈သန်းမရှိဘဲနဲ့ မဖြစ်နိုင်ပါဘူး။
ဒါက ထိုးထွင်းသိမြင်မှုအပေါ်မှာ မဆက်စပ်ဘူး၊ ဒါက စုဆောင်းမှုအပေါ်မှာပဲ အဓိကမူတည်တယ်။
အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကြယ်ပိုင်နက်အဆင့်သိုင်းပညာတစ်ခုက သိုင်းပညာတွေရဲ့အဆုံးစွန်းမှာ ရှိနေပါပြီ။ နောက်ထပ်တစ်လှမ်းတိုးရင် နတ်ဘုရားနယ်ပယ်ဖြစ်လာလိမ့်မယ်။
လီဖူချန်းက သူ့ရဲ့ဓားပညာကို စစ်မှန်တဲ့အဆုံးစွန်းအထိ ကျင့်ကြံခြင်းတယ်ဆိုရင် သူက နောက်ထပ်ဓားပညာများစွာကို တွေ့ကြုံခံစားဖို့ လိုတယ်။
ကျင့်ကြံခြင်းနည်းစနစ်တွေအတွက်ကတော့ အလယ်အခြေအနေကြယ်ပိုင်နက်အဆင့်မှ နှောင်းပိုင်းအခြေအနေကြယ်ပိုင်နက်အဆင့်သို့ ချိုးဖြတ်ရတာက သိုင်းပညာတစ်ခုရဲ့နှောင်းပိုင်အခြေအနေကြယ်ပိုင်နက်အဆင့်မှ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကြယ်ပိုင်နက်အဆင့်ကို ချိုးဖြတ်ရတာလောက် ခက်ခဲတယ်။ ဒါက အချိန်အကြာကြီးလိုအပ်တယ်။
လျှို့ဝှက်နည်းစနစ်တွေအနေနဲ့ ပိုသန်မာတဲ့လျှို့ဝှက်နည်းစနစ်တွေရှိပေမယ့် သူတို့အများစုက လီဖူချန်းရဲ့ခွန်အားကို သွယ်ဝိုက်သာ တိုးစေနိုင်လတယ်။ ဓားသမားအစည်းအရုံးမှာ လီဖူချန်းရဲ့ခွန်အားကို တိုက်ရိုက်တိုးစေနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တွေ မရှိဘူး။
လက်နက်အရ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားက အဆင့်၇ထူးကဲအဆင့်အန္တိမအဆင့်ဓားတစ်လက်ဖြစ်နေပါပြီ။
အခြေခံအသုံးအဆောင်ပစ္စည်းတွေအနေနဲ့ လီဖူချန်းက တကယ်မလိုအပ်ပါဘူး။ အသန်မာဆုံးအခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့စွမ်းအားနဲ့ နီးကပ်ရုံဒါမှမဟုတ်ညီမျှရုံလောက်သာ ရှိလိမ့်မယ်။
"စကြာဝဠာရတနာတွေနဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကပဲ ငါ့ခွန်အားကို အချိန်တိုင်းအတွင်း တိုးမြင့်စေနိုင်မှာ"
အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ဘေးဖယ်ထားလိုက်ပါ၊ သူတို့က အကြိုနတ်ဘုရားဖြစ်ဖို့အတွက် အရေးကြီးတယ်။ စကြာဝဠာရတနာတွေက သူ့ခွန်အားကို တိုးစေနိုင်တာနဲ့ပတ်သက်ပြီး လီဖူချန်းက အံ့အားသင့်ခြင်းမရှိပါဘူး။
အချိန်တစ်ခုလေ့လာပြီးနောက် ဖရိုဖရဲမီးကြာပန်းကို တိုက်ခိုက်ရေးအသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုနိုင်မှန်း သူ သိခဲ့တယ်။ ဖရိုဖရဲမီးတာအိုရင်းမြစ်အဆီအနှစ်ကို အသက်သွင်းခြင်းဖြင့် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေကို ကျော်လွန်တဲ့ သတ်ဖြတ်ခြင်းစွမ်းအားကို ပေါက်ကွဲထွက်စေနိုင်လိမ့်မယ်။
ဒါပေမယ့် ဖရိုဖရဲမီးကြာပန်းက အလယ်ဆင့်စကြာဝဠာရတနာတစ်ခုဖြစ်ပြီး လီဖူချန်းကို ၎င်းကို လက်ရှိအချိန်မှာ ထုတ်ပြလို့မရနိုင်ပါဘူး။ ၎င်းက သူ့ကို ဘယ်လိုဒုက္ခမျိုးတွေ ယူဆောင်လာမလဲ ဘယ်သူက သိနိုင်မှာလဲ။
"ဒါက အသက်သစ်ပင်လားကို ငါ သိချင်မိတယ်"
လီဖူချန်းက သူ့ရဲ့နေရာလပ်လက်စွပ်မှ အဆုံးမဲ့အသက်စွမ်းအားကို ထုတ်လွှတ်နေတဲ့ ပင်ပျိုတစ်ခုကို ထုတ်လိုက်တယ်။
ဒါကို သူက နက်ပြာပလိန်းရဲ့အရှေ့ယူနီကွန်တိုက်ကြီးရှိ ပျက်စီးခြင်းကမ္ဘာတစ်ခုမှ ရရှိခဲ့တာ။ အတိတ်မှာ ၎င်းက အခုထက် ပိုသေးတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လီဖူချန်းကို နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ပေမယ့် ပင်ပျိုကို အဆအနည်းငယ်သာ ကြီးထွားစေနိုင်ခဲ့တယ်။
"ဒါက အသက်သစ်ပင်ဆိုရင် ၎င်းက ကမ္ဘာသစ်ပင်လောက် မကောင်းပေမယ့် အများကြီးတော့ ကွာခြားမှာမဟုတ်ဘူး"
အသက်သစ်ပင်ကို အဆင့်မြင့်စကြာဝဠာရတနာတစ်ခုလို့ ယူဆနိုင်တယ်။ အသက်သစ်ပင်က အသက်တွေ မွေးဖွားနိုင်ရုံသာမက အသက်တွေ ပြန်ရှင်စေနိုင်တယ်လို့ ပြောကြတယ်။
ထပ်ပြောရရင် ၎င်းရဲ့အကြီးမားဆုံးသက်ရောက်မှုက ကိုင်ဆောင်သူကို အဆုံးမဲ့အသက်စွမ်းအားကို ပေးစွမ်းတာပဲ။
ဒါပေမယ့် သိထားရမှာက အဲဒါက အရွယ်ရောက်ပြီးသားအသက်သစ်ပင်ဖြစ်ပြီး ပင်ပျိုတစ်ပင်မဟုတ်ပါဘူး။
"အသက်သစ်ပင်က အံ့ဖွယ်သစမရွက်ရည်လို အသက်စွမ်းအားတွေပါဝင်တဲ့အရာတွေကို ကြိုက်နှစ်သက်တယ်။ ဒါပေမယ့် သွေးပုဆိန်အရှင်နဲ့ ဖလှယ်ခဲ့တဲ့အံ့ဖွယ်သစ်ရွက်ရည်က နည်းလွန်းနေတာပဲ။ တောက်...... ကမ္ဘာသစ်ရွက်တစ်ရွက်လုံးကို ရရင်တော့ကွာ......."
လီဖူချန်းက လျှာသပ်လိုက်မိတယ်။ ကမ္ဘာသစ်ရွက်တစ်ရွက်လုံးသာဆိုရင် အသက်သစ်ပင်ကို အဆရာဒါမှမဟုတ်ထောင်လောက်ထိ အနည်းဆုံးကြီးထွားစေနိုင်မှာ အမှန်ပဲ။
ဆက်သွယ်ရေးတိုကင်ကို ယူထုတ်ပြီးနောက် လီဖူချန်းကို သွေးပုဆိန်အရှင်အထံ သတင်းပို့လိုက်တယ်"သွေးပုဆိန်အရှင်၊ မင်းမှာ အံ့ဖွယ်သစ်ရွက်ရည်တွေပြင်ဆင်ထားတာ ဘယ်လောက်ရှိနေပြီးလဲ"
အခြားတစ်ဖက်မှ သွေးပုဆိန်အရှင်က တုံ့ပြန်လိုက်တယ်" လွန်ခဲ့တဲ့နှစ်ထောင်အနှစ်ငယ်ကတည်းက ငါက ထာဝရစစ်တပ်ရဲ့တပ်မှုးအချို့အပါအဝင် လူတိုင်းကို ငြင်းပယ်ခဲ့တယ်။ မင်းအတွက်ငါပြင်ဆင်ပေးထားတဲ့အံ့ဖွယ်သစ်ရွက်ရည်က လုံလောက်မှာသေချာတယ်"
"ကောင်းပြီ၊ ငါ အခုလာယူမယ်"
သွေးပုဆိန်အရှင်က ဒီတစ်ခါတော့ အံ့ဖွယ်သစ်ရွက်ရည်အမြောက်အများကို ပြင်ဆင်ထားတာပဲ၊ အရင်ကထက် အဆများစွာပိုလာတယ်။ ကြည့်ရတာတော့ သူက လီဖူချန်းကို ရန်မစချင်ပုံရတယ်၊ သူက အံ့ဖွယ်သစ်ရွက်ကိုယ်တိုင် စိမ့်ဝင်ကို စောင့်မနေတော့ဘူး၊ သူက လက်ဦးမှုရယူကာ အံ့ဖွယ်သစ်ရွက်ရည်ကို ထုတ်ယူစုဆောင်းထားခဲ့တယ်လေ။