မူလဘူတမြေပြင်
Vol. 73 Ch. 1016
ဒီလိုကြီးမားတဲ့ပမာဏရှိတဲ့အံ့ဖွယ်သစ်ရွက်ရည်က အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ထရီလီယံ ထိုက်တန်တယ်။ အံ့ဖွယ်သစ်ရွက်မြို့အရှင်ရဲ့ကြွယ်ဝမှုက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးထက် ပိုတယ်လို့ပြောခဲ့တာ အံ့ဩစရာမရှိဘူး။
ဒါပေမယ့် ဒါက ပုံမှန်ပါပဲ။ ယေဘုယျပြောရရင် အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုရဲ့တန်ဖိုးက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀ထရီလီယံထိုက်တန်လိမ့်မယ်။ တစ်ထရီလီယံကို ကျော်တယ်လို့ပြောတာ ပုံမှန်ပါပဲ။
လီဖူချန်းက သွေးပုဆိန်အရှင်ကို အခွင့်ကောင်းမယူချင်ပါဘူး၊ ဒါကြောင့် သူက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်ထရီလီယံ ပေးချေခဲ့တယ်။
ဘယ်လိုပဲပြောပြော သူ့မှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးများစွာရှိနေပြီးလေ။ ဆယ်ထရီလီယံလောက်က သူ့အတွက် ဘာမှမဟုတ်ပါဘူး။
……
နက်ပြာပလိန်း။
အံ့ဖွယ်သစ်ရွက်ရည်ပေးသွင်းမှုနဲ့အတူ ပင်ပျိုက ပကတိမျက်စိနဲ့မြင်နိုင်တဲ့အရှိန်တစ်ခုနဲ့ ကြီးထွားလာနေတယ်။
တစ်မီတာ၊ ဆယ်မီတာ၊ မီတာတစ်ရာ.......
အတိတ်မှာ လီဖူချန်းက ပင်ပျိုကို အံ့ဖွယ်သစ်ရွက်ရည်ကျွေးမွေးခဲ့ပေမယ့် ယနေ့လောက်တော့ မပေါကြွယ်ဝဘူး။ လီဖူချန်းရဲ့အရင်ကကြွယ်ဝမှုက သူ့ရဲ့လက်ရှိကြွယ်ဝမှုထက် အများကြီးပိုနိမ့်ကျခဲ့တယ်။ ဒါ့အပြင် လီဖူချန်းရဲ့အတွေးက ပင်ပျိုအပေါ်မှာ ရှိမနေခဲ့ဘူး။ ၎င်းက ဖြည်းဖြည်းချင်းကြီးထွားဖို့ အသက်စွမ်းအားတွေပါဝင်တဲ့ရတနအမြောက်အများ လိုအပ်တယ်။
ပင်ပျိုက မီတာတစ်ထောင်ရှိလာတဲ့အခါ တိုးဝင်လာတဲ့အသက်စွမ်းအားက စေးကပ်တဲ့အရည်တစ်ခုပမာ ဖြစ်လာတယ်။ အဲဒါက နေရာလပ်-အချိန်ရဲ့အနက်ပိုင်းထဲထိတောင် စိမ့်ဝင်ပျံ့နှံ့သွားတယ်။
အသက်တစ်ချက် ရှုသွင်းပြီးနောက် သူ့ရဲ့စိတ်အခြေအနေက သိမ်မွေ့တဲ့ပြောင်းလဲမှုအချို့ရှ်လာတာကို လီဖူချန်းက ခံစားမိတယ်။
"သာမန်သေမျိုးတစ်ယောက် ရှုသွင်းလိုက်ရုံနဲ့ သူတို့ရဲ့သက်တမ်းက အနည်းဆုံးနှစ်တစ်ရာလောက် တိုးလာမယ်လို့ ငါ ထင်တယ်"
ဒီပင်ပျိုက အသက်သစ်ပင်မှန်း လီဖူချန်း သေချာလုနီးပါးပဲ။
အသက်သစ်ပင်ကလွဲပြိး ဘယ်သစ်ပင်တွေကများ ဒီလိုကြောက်စရာကောင်းတဲ့အသက်စွမ်းအားတွေ ပါဝင်မှာလဲ။
"အရှေ့ယူနီကွန်တိုက်ကြီးရဲ့အပျက်အစီးကမ္ဘာတစ်ခုမှာ ဒိီလိုအဆင့်မြင့်စကြာဝဠာရတနာတစ်ခုရှိမယ်လို့ ဘယ်သူ ထင်ထားမှာလဲ" လီဖူချန်းက ရေရွတ်လိုက်မိတယ်။
အထွတ်အထိပ်အဆင့်ဝိညာဥ်ကျောက်တုံးဆယ်ထရီလီယံထိုက်တန်တဲ့အံ့ဖွယ်သစ်ရွက်ရည်တွေကို အသုံးပြုပြီးနောက် အသက်သစ်ပင်က အမြင့်၁၁၀၀၀မီတာအထိ ကြီးထွားလာတယ်။
ဒါပေမယ့် ၎င်းက ပင်ပျိုအခြေအနေမှာ ရှိနေတုန်းပဲ။
"သေးစမ်း"
လီဖူချန်းက လက်ကို ဝှေ့ယမ်းလိုက်တယ်၊ အသက်သစ်ပင်က စတင်ကျုံ့လာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လာတယ်။
"အသက်စွမ်းအားကို သိုလှောင်တဲ့အခါ အသက်သစ်ပင်က ဘယ်လောက်ထိရောက်မှန်း ငါ သိချင်တယ်"
ကပ်ဘေးစွမ်းအားကို ပျံ့နှံ့စေပြီးနောက် လီဖူချန်းက သူ့ရဲ့ခွန်အားအားလုံးကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ပေါ်မှာ သေးငယ်တဲ့ဒဏ်ရာတစ်ခုကို ဖော်ထုတ်လိုက်တယ်။
မျက်စိတစ်မှတ်အတွင်း ဒဏ်ရာက ပိတ်သွားတယ်။
လီဖူချန်းရဲ့အမူအရာက ပျော်ရွှင်ဖွယ်ဖြစ်သွားတယ်။
အသက်သစ်ပင်နဲ့ဆိုရင် အနာဂတ်မှာ သူက ဒဏ်ရာရရင်တောင် ကုသဖို့ စွမ်းအင်တစ်ခုမှ သုံးစွဲဖို့ မလိုဘူး။ အသက်သစ်ပင်က သူ့ဒဏ်ရာကို အပြည့်အဝ ကုသပေးနိုင်တယ်။
အခြားစကားဖြင့် ဆိုရင် အသက်သစ်ပင်မှာ အသက်စွမ်းအားလုံလုံလောက်လောက်ပါဝင်ရင် တိုက်ပွဲမှာသုံးစွဲတဲ့စွမ်းအင်ကလွဲပြီး အခြားအပိုစွမ်းအင်တစ်ခုမှ သုံးစွဲဖို့ မလိုပါဘူး။
လူတွေက တိုက်ခိုက်တဲ့အခါ သူတို့ရဲ့ခွန်အားအများစုကို ဒဏ်ရာတွေ သက်သာဖို့ အသုံးပြုကြတယ်။ တကယ်တော့ ဒဏ်ရာမသက်သာရင် သူတို့ရဲ့ခွန်အားကို သက်ရောက်လာမှာလေ။
ငါ ကမ္ဘာသစ်သီးတစ်လုံးလုံးကို ဝါးမျိုလိုက်ရင် အသက်သစ်ပင်က မီတာတစ်ရာဘီလီယံကျော် ကြီးထွားလာလောက်မယ်"
တန်ဖိုးအရ ကမ္ဘာသစ်သီးရဲ့တန်ဖိုးက ကမ္ဘာသစ်ရွက်တွေရဲ့အထက်မှာ ရှိပြီး မီတာ၁၀၀ဘီလီယံက မိုင်၂၀၀မီလီယံလောက် မြင့်ပြီး စကြာဝဠာမြို့တစ်မြို့ထက် မကြီးပါဘူး။
"အမ်၊ ငါ ကမ္ဘာသစ်သီးရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့တာပဲ"
ဒီနေ့မှာ သမန်းဝံပုလွေလူဝင်စားက ကမ္ဘာသစ်သီးထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားတာကို လီဖူချန်းက မြင်လိုက်ရတယ်။
သမန်းဝံပုလွေလူဝင်စားက ကမ္ဘာသစ်သီးရဲ့အသိအမှတ်ပြုမှုကို ရခဲ့တယ်လို့ ဆိုလိုတယ်။
"သူက ငါ့စိတ်ဝိညာဉ်စွမ်းအားအနည်းငယ်ကိုပဲ ပိုင်ဆိုင်ထားတာလေ"
လီဖူချန်းက ရေရွတ်လိုက်တယ်။
သမန်းဝံပုလွေလူဝင်စားရဲ့အမြုတေက သူ့စိတ်ဝိညာဉ်စွမ်းအားအနည်းငယ်ပဲ ဖြစ်တယ်။ ဒီစိတ်ဝိညာဉ်စွမ်းအားအနည်းငယ်ကို အသုံးပြုပြီး စိတ်ဝိညာဉ်အလွှာနဲ့သူတော်စင်လိပ်ပြာကို ထုတ်လုပ်ဖို့ အသုံးပြုတယ်။ အနှစ်သာရအရ သမန်းဝံပုလွေလူဝင်စားက လီဖူချန်းရဲ့အစိတ်အပိုင်းတစ်ခုမျှပဲ။ မွေးရာပါပါရမီဒါမှမဟုတ်ထိုးထွင်းသိမြင်မှုအရဖြစ်စေ၊ သူက လီဖူချန်းထက် အများကြီးနိမ့်ကျတယ်။
"အစွန်းအလင်းမိခင်ကျောက်တုံးရဲ့အချိန်အရှိန်အဆတစ်သောင်းက ဘယ်သူအတွက်မဆို မြန်လွန်းတယ်။ ဒါကို သမန်းဝံပုလွေလူဝင်စားအပေါ်မှာပဲ သုံးတာ ပိုကောင်းမယ်"
အတိတ်မှာ လီဖူချန်းက နေရာလပ်-အချိန်တာအိုကို မဆုပ်ကိုင်ခင် သူက အစွန်းအလင်းမိခင်ကျောက်တုံးကို သူ့မိသားစုနဲ့မိတ်ဆွေတွေအပေါ်မှာ အသုံးပြုဖို့ စီစဉ်ခဲ့တယ်။
ဒါပေမယ့် ရန်ချင်းဟူရဲ့သက်တမ်းကတောင် သန်းတစ်ရာကျော်သာ ရှိတယ်။ သူမရဲ့သက်တမ်းက နှစ်တစ်ဘီလံယံရှိရင်တောင် အချိန်အရှိန်အဆတစ်သောင်းနဲ့ဆိုရင် နှစ်တစ်သိန်းသာ ရှိပေလိမ့်မယ်။
လီဖူချန်းရဲ့အမြင်အရ အချိန်အရှိန်အဆသုံးထောင်က လုံလောက်တယ်။ တကယ်တော့ ရန်ချင်းဟူက အခုထိ အရှင်တစ်ယောက်မဖြစ်သေးပါဘူး။
ဒါပေမယ့် လီဖူချန်းရဲ့နေရာလပ်-အချိန်တာအိုနဲ့အစွန်းအလင်းမိခင်ကျောက်တုံးအကြားမှာ ခြားနားချက်တစ်ခုရှိတယ်။ လီဖူချန်းက အရှိန်မြှင့်တင်ခြင်းကို အသုံးပြုတဲ့အခါ သူက အချိန်-နေရာလပ်စွမ်းအားကို အဆက်မပြတ်အသုံးပြုဖို့ လိုလိမ့်မယ် သို့မဟုတ်ရင် အချိန်အရှိန်မြှင့်တင်ခြင်းက ရပ်တန့်သွားလိမ့်မယ်။ အစွန်းအလင်းမိခင်ကျောက်တုံးကလဲကျ အချိန်နေရာလပ်တစ်ခုကို ဖြစ်ပေါ်စေပြီး အစွန်းအလင်းမိခင်ကျောက်တုံးရဲ့အချိန်အရင်းမြစ်အဆီအနှစ်က မကုန်ခန်းသရွေ့ အချိန်အရှိန်က ရပ်တန့်သွားမှာမဟုတ်ဘူး။
ဒီအမြင်အရ လီဖူချန်းက အချိန်-နေရာလပ်စွမ်းအားကို အသုံးပြုကာ ဓားပိတ်လှောင်ခြင်းကမ္ဘာရှိ အချိန်-နေရာလပ်ရင်းမြစ်အတုတစ်ခုကို သိပ်သည်းလိုက်တယ်။ ။ ဒီအချိန်-နေရာလပ်ရင်းမြစ်အတုက ရန်ချင်းဟူနဲ့အခြားသူတွေရှိရာအချိန်-နေရာလပ်နဲ့ ချိတ်ဆက်ထားပြီး စွမ်းအားကို အဆက်မပြတ် ထောက်ပံ့ဖို့ သူတို့ကို ခွင့်ပြုတယ်။
နေရာလပ်-အချိန်ရင်းမြစ်အတုက စကြာဝဠာရဲ့အချိန်-နေရာလပ်ရင်းမြစ်ရဲ့ရိုးရှင်းပြီးအားနည်းသောပုံစံတစ်ခုပဲ။ အချိန်ကြာလာတာနဲ့အမျှ ၎င်းက တဖြည်းဖြည်း အားနည်းလာပြီး ပျက်စီးယိုယွင်ကာ ထာဝရတည်ရှိနိုင်လိမ့်မှာမဟုတ်ဘူး။
ဒါပေမယ့် ဒါက အချိန်တစ်ခုအထိတော့ ကြာပါလိမ့်မယ်။
ဝီဝီ......
အချိန်အရှိန်အဆတစ်သောင်းအောက်မှာ အစွန်းအလင်းမိခင်ကျောက်တုံးရဲ့အချိန်ရင်းမြစ်အဆီအနှစ်က လျင်မြန်စွာ ကုန်ခန်းလာလိမ့်မယ်။
အများဆုံးနှစ်တစ်ထောင်အတွင်း အစွန်းအလင်းမိခင်ကျောက်တုံးရဲ့အချိန်ရင်းမြစ်အဆီအနှစ်က ကုန်ခန်းလာမှာပဲ။
"ဒါက သေးလွန်းတယ်"
လီဖူချန်းက သူ့ခေါင်းကို ခါလိုက်တယ်၊ သမန်းဝံပုလွေလူဝင်စားနဲ့အစွန်းအလင်းမိခင်ကျောက်တုံးနဲ့ပတ်သက်ပြီး သူက ဂရုမစိုက်ပါဘူး။
……
"ဟားဟား၊ ဒါ မူလဘူတကြေးညိုသော့ပဲ၊ ငါ၊ ကြေးညိုစိမ်းဘိုးဘေးက နောက်ဆုံးတော့ ကံကောင်းလာပြီ"
အလင်းနှစ်ထောင်အနည်းငယ်ရှိတဲ့စမ်းချောင်းတစ်ခုအထဲမှာ ကြေးညိုစမ်းသတ္တုဘီလူးတစ်ကောင်က ကောင်းကင်မှာ ဟိန်းဟောက်လိုက်တယ်။
ဝီဝီ.......
မူလဘူတကြယ်ပိုင်နက်၊ မူလဘူတမြေပြင်။
ရှေးကျောက်တုံးတံခါးတစ်ခုက ရုတ်တရက် ပွင့်သွားတယ်၊ ပြီးတော့ အဆုံးမဲ့မူလဘူတချီတည်ရှိမှုတစ်ခုက စကြာဝဠာတစ်ခုလုံးကို ပျံ့နှံ့လာတယ်။
"မူလဘူတမြေပြင် ဖွင့်ပြီ။ မူလဘူတသော့ကိုးချောင်း ရှိသွားပြီလား"
"အဲလိုပဲ ဖြစ်မှာပေါ့"
"မူလဘူတမြေပြင်ဖွင့်တာက သွေးမုန်တိုင်းတစ်ခုကို ထပ်ဖြစ်စေလိမ့်မယ်။ ငါတို့တွေ သွားမလား မသွားဘူးလား"
"ငါတို့ ဘာလို့မသွားရမှာလဲ၊ မူလဘူတမြေပြင်က အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတွေနဲ့ ပြည့်နေတာ။ ငါတို့က ကံကောင်းရင် မူလဘူတသော့ကို ရရှိနိုင်လိမ့်မယ်"
"ဒါဟုတ်တယ်၊ တစ်ချက်စွန့်စားကြတာပေါ့။ အများဆုံး သေရုံပဲရှိမယ်။ ငါတို့အသက်ရှင်လာတာ နှစ်သန်းရာအနည်းငယ်ရှိပြီ၊ ငါတို့အနေနဲ့ ဘာမှ ဆုံးရှုံးစရာမရှိဘူး"
မူလဘူတမြေပြင်ဖွင့်လှစ်ခြင်းက အရှင်များစွာကို စိတ်လှုပ်ရှားစေခဲ့တယ်။
အထူးသဖြင့် အထွတ်အထိပ်အရှင်နဲ့ပြိုင်ဘက်ကင်းအရှင်တွေပါပဲ။
……
"မူလဘူတမြေပြင် ဖွင့်ပြီလား"
နတ်ဘုရားခန်းမမှာ ရေခဲမီးနတ်ဘုရားအရှင်နဲ့ဆည်းဆာနတ်ဘုရားအရှင်က မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့တွေ လီဖူချန်းကို ဘယ်လိုရင်ဆိုင်ရမလဲ ဆွေးနွေးပြီးရုံပဲ ရှိပါသေးတယ်။
အလင်းနတ်ဘုရားအရှင်က ပြောလိုက်တယ်"မူလဘူတမြေပြင်ဖွင့်လှစ်တာက ငါတို့အတွက် အကျိုးရှိတယ်။ ပထမ၊ မူလအဆုံးစွန်းအရှင်က မူလဘူတမြေပြင်ကို ဝင်ရောက်ဖို့ များတယ်။ ဒုတိယ၊ မူလဘူတမြေပြင်ရဲ့စကြာဝဠာက အလွန်တင်းကြပ်တယ်။ စကြာဝဠာရင်းမြစ်စွမ်းအားကို စုပ်ယူဖို့က ခက်ခဲတာကြောင့် သေဆုံးမှုနှုန်းက အလွန်မြင့်မားတယ်"
"ဟုတ်တယ်၊ မူလဘူတမြေပြင်မှာဆိုရင် မူလအဆုံးစွန်းအရှင်ကို ငါကိုယ်တိုင်ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်" ပြောသူက သူ့ရဲ့အရေပြားပေါ်မှာ မီးအင်းကွက်တွေရှိတဲ့ နတ်ဘုရားအရှင်တစ်ယောက်ပဲ၊ သူ့မျက်လုံးတွေက မီးတောက်ကြယ်နှစ်စင်းနဲ့တူတယ်။
သူက အကြိုနတ်ဘုရားနယ်မြေမှ ပြန်ရောက်လာတဲ့ မီးသူတော်ကောင်းနတ်ဘုရားအရှင်ပါပဲ။
သူ့ခန္ဓာကိုယ်မှာ အကြိုနတ်ဘုရားစွမ်းအားအရိပ်အငွေ့တစ်ခုပါဝင်နေတဲ့အတွက် မီးသူတော်ကောင်းနတ်ဘုရားအရှင်ရဲ့ချီတည်ရှိမှုကို အရှင်သတ်မှတ်ချက်က အာရုံမခံနိုင်ခဲ့ဘူး၊ ဒါကြောင့် အရှင်သတ်မှတ်ချက်မှာ သူတော်ကောင်းနတ်ဘုရားအရှင်က ထွက်ပေါ်လာခြင်းမရှိဘူးပေါ့။
"ဒီလိုသာဆိုရင် ငါ မြန်မြန်သွားရမယ်" ဆည်းဆာနတ်ဘုရားအရှင်က မူလဘူတမြေပြင်ကို သွားရောက်ဖို့ စိတ်အားတက်ကြွနေတယ်။ ပြီးခဲ့တဲ့အကြိမ်တုန်းက သူက မူလဘူတမြေပြင်မှာ ထူးကဲအန္တိမအဆင့်အသုံးအဆောင်တွေကို ရရှိခဲ့တယ်လေ၊ ကံမကောင်းစွာနဲ့ စကြာဝဠာရတနာတစ်ခုတစ်လေမှ မရရှိခဲ့ဘူးပေါ့။
……
"မူလူဘတမြေပြင် ဖွင့်ပြီးလား"
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက သက်ပြင်းချကာ မသွားဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် အတိတ်မှာလဲ သူက မူလဘူတမြေပြင်ကို သွားခဲပါတယ်လေ။
သူက အရမ်းကြီးမစွန့်စားချင်တဲ့လူတစ်မျိုးပဲ။
အရေးကြီးဆုံးကတော့ သူ ကမ္ဘာသစ်သီးကို နှစ်ထောင်အနည်းငယ်အတွင်း နားလည်လို့ရနေတာပဲလေ၊ ဘာလို့ သူက စွန့်စားပြီး မူလဘူတမြေပြင်ကို သွားရမှာလဲ။
ပြီးတော့ သူ့ခွန်အားအရ စကြာဝဠာရတနာတစ်ခုကို ရရှိဖို့ ခက်ခဲတယ်။
"မူလအဆုံးစွန်းအရှင်၊ မင်း ရောက်လာပြိီပေါ့"
ဓားအလင်းဖြာထွက်မြို့၊ ကာဒီနယ်တောက်ပဓားဘိုးဘေးနဲ့အခြားပြိုင်ဘက်ကင်းအရှင်တွေအားလုံးက ဒီနေရာမှာ ရှိနေတယ်။
"သွားကြစို့"
ဓားသမားအစည်းအရုံးရဲ့ပထမအဆင့်ဂိုဏ်းခွဲတစ်ခုအနေနဲ့ ဓားအလင်းဖြာထွက်မြို့က ဓားသမားအစည်းအရုံးဌာနချုပ်ဆီ တိုက်ရိုက်တည်နေရာရွှေ့ပြောင်းနိုင်တယ်။
ပြီးတော့ ဓားသမားအစည်းအရုံးရဲ့ဌာနချုပ်က မူလဘူတမြေပြင်မှာ ရှိတယ်။
"သွားကြစို့"
ကာဒီနယ်တောက်ပဓားဘိုးဘေးက လက်ကို ဝှေ့ယမ်းလိုက်တယ်၊ တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို အသက်သွင်းကာ သူတို့အုပ်စုက ပျောက်ကွယ်သွားတော့တယ်။
ဌာနချုပ်မှာ ပြိုင်ဘက်ကင်းအရှင်တွေ များစွာရှိပြီး ထိုက်ချိဓားဘိုးဘေးလည်း ဒီနေရာမှာ ရောက်ရှိနေတယ်။
"မူလအဆုံးစွန်းအရှင်၊ မတွေ့ရတာ ကြာပြီးနော်"
လီဖူချန်းကို မြင်ပြီး ထိုက်ချိဓားဘိုးဘေးက ပြောလိုက်တယ်။
လီဖူချန်းက အရှင်သတ်မှတ်ချက်ရဲ့အဆင့်၁၂မှအဆင့်၇အထိ ချိုးဖြတ်ထားနိုင််ခဲ့ကာ သူ့ခွန်အားက ထိုက်ချိဓားဘိုးဘေးထက် မနိမ့်ကျပါဘူး။
ဓားသမားအစည်းအရုံးတစ်ခုလုံးရဲ့အရှင်တွေကြားမှာ သူနဲ့လီဖူချန်းပဲ ဓားတာအိုစကြာဝဠာကို ဆုပ်ကိုင်ထားနိုင်တာ။
"နှုတ်ဆက်ပါတယ် ထိုက်ချိဓားဘိုးဘေး"
လီဖူချန်းက ထိုက်ချိဓားဘိုးဘေးကို အရမ်းလေးစားတယ်။ ပြီးခဲ့တဲ့အခေါက်က သူ့ကြောင့်သာမဟုတ်ရင် လီဖူချန်းက ဓားတာအိုစကြာဝဠဠာကို ဒီလောက်လျင်မြန်စွာ ဆုပ်ကိုင်လာနိုင်မှာမဟုတ်ဘူးလေ။
ထို့နောက် လူတိုင်းက မူလဘူတမြေပြင်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စတင်ဆွေးနွေးလာကြတယ်။
"ငါတို့ဓားသမားအစည်းမှာ ဒီတစ်ကြိမ် မူလဘူတမြေပြင်ကို ဝင်ရောက်လာတဲ့ ပြိုင်ဘက်ကင်းအရှင်လေးဆယ့်နှစ်ယောက်၊ အထွတ်အထိပ်အရှင်ကိုးဆယ့်ရှစ်ယောက်ရှိတယ်။ တစ်ဖွဲ့ကို ဆယ်ယောက်စီနဲ့ ဆယ့်လေးဖွဲ့ခွဲသင့်တယ်လို့ ငါ ထင်တယ်။ ဒါက အထိရောက်ဆုံးနဲ့အန္တရာယ်အကင်းဆုံးနည်းလမ်းပဲ"
"ငါ သဘောတူတယ်"
"ငါလဲ သဘောတူတယ်"
"ငါက တစ်ယောက်တည်းပဲ လုပ်ဆောင်ချင်တယ်"
အားလုံးကသဘောတူနေတဲ့အခိုက် လီဖူချန်းရ ခေါင်းခါလိုက်တယ်။
သူက အုပ်စုဖွဲ့ပြီး လုပ်ဆောင်ရတာကို မနှစ်သက်ဘူး။
အကျိုးရလဒ်က အရမ်းသေးငယ်ပြီး အလွယ်တကူထုတ်ဖော်လို့မရတဲ့နည်းလမ်းအချို့ရှိလို့ပဲ။
အဓိကကတော့ အဖွဲ့ဖွဲ့တာက သူ့ကို အမှန်တကယ်အကူအညီမပေးနိုင်ဘူး။