← Chapters

သွေးလက်

Vol. 73 Ch. 1017

သွေးလက်

Vol. 73 Ch. 1017

ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ်"မူလအဆုံးစွန်းအရှင်၊ မင်း အရမ်းအားကောင်းမှန်း ငါတို့သိပေမယ့် မူလဘူတမြေပြင်က မတူဘူး၊ အထဲမှာ စွမ်းအင်တွေပြန်ဖြည့်ဖို့ ခက်ခဲတယ်။ ဒါ့အပြင် အလွန်တင်းကြပ်တဲ့ဥပ‌ဒေသတွေကြောင့် နည်းစနစ်အချို့က သက်ရောက်မှုတွေ လျော့ကျလာတယ်။ ဥပမာ- လွတ်မြောက်ရေးလျှို့ဝှက်နည်းစနစ်တွေလိုပေါ့၊ မင်းကို ပြိုင်ဘက်ကင်းအရှင်တစ်ဖွဲ့က ဝိုင်းလိုက်တာနဲ့ အလွန်အန္တရာယ်ရှိလာလိမ့်မယ်"

"ဒါ ဟုတ်ယ၊ မူလအဆုံးစွန်းအရှင်၊ မင်း ဂရုမစိုက်လို့မရဘူး။ မင်းက နတ်ဘုရားမျိုးနွယ်ရဲ့မျက်လုံးထဲမှာ ဆူးတစ်ချောင်းဖြစ်လာပြီ၊ သူတို့ မင်းကို ပြဿနာမရှာဘူးလို့ အာမမခံနိုင်ဘူး"

"နတ်ဘုရားမျိုးနယ်ရဲ့အလင်းနတ်ဘုရားအရှင်က အရှင်သတ်မှတ်ချက်ရဲ့အဆင့်၁ပဲ။ သူ့ခွန်အားက မခန့်မှန်းနိုင်ဘူး။ သူ ကိုယ်တိုင် လှုပ်ရှားရင် သူက ကြီးမားတဲ့ခြိမ်းခြောက်မှုကြီးတစ်ခုပဲ"

လူတိုင်းက လီဖူချန်းကို ဖျောင်းဖျနေကြတယ်၊ အချို့က လီဖူချန်းအပေါ် တကယ်ကောင်းတယ်၊ အချိူ့က‌တော့ လီဖူချန်းက မောက်မာလွန်းတယ်လို့ ခံစားမိကာ လီဖူချန်းကို အပြစ်ပေးချင်ကြတယ်။

"ငါ ငါ့ရဲ့စိတ်ကို ပြင်ဆင်ပြီးပြီ၊ မင်းတို့ ငါ့ကို ထပ်ဖျောင်းဖျစရာမလို‌တော့ဘူး"

လီဖူချန်းက ခေါင်းခါလိုက်တယ်။

သူက သူ့ရဲ့လက်ရှိခွန်အားကို ကောင်းကောင်း သိတယ်၊ အရေအတွက်အပေါ် မှီခိုတာက အသုံးမဝင်ဘူး။ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်ဆယ်ယောက်လောက်က သူ့ကို မဝန်းရံသရွေ့ သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုမှ ဖြစ်လာနိုင်မှာမဟုတ်ဘူး။

လီဖူချန်းက အခိုင်အမာဆုံးဖြတ်ချက်ချထားတာကို မြင်ပြီး သူ့ကို ဖျောင်းဖျဖို့ ဘယ်သူမှ မကြိုးစား‌ကြတော့ဘူး။ ထိုက်ချိဓားဘိုးဘေးရဲ့စီစဉ်မှုအောက်မှာ ဓားသမားအစည်းအရုံးရဲ့အရှင်တွေကို ဆယ့်လေးဖွဲ့ခွဲလိုက်တယ်။ သူ့ရဲ့အုပ်စုမှာ ကိုးယောက်ရှိပြီး တခြားအုပ်စုတွေမှာ ဆယ်ယောက်ရှိတယ်၊ လီဖူချန်းက တစ်ကိုယ်တော်ပေါ့။

"မူလအဆုံးစွန်းအရှင်၊ သတိရပါ၊ အန္တရာယ်ဖြစ်လာတဲ့အခါ ဆက်သွယ်ရေးတိုကင်ကို အချိန်မီ ဖျက်ဆီးဖို့ မမေ့နဲ့"

လီဖူချန်းရဲ့ဆုံးဖြတ်ချက်ကို ထိုက်ချိဓားဘိုးဘေးက အနည်းငယ်နားမလည်နိုင်ပေမယ့် သူက လီဖူချန်းက လေးစားပါတယ်။

"ကောင်းပါပြီ"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

လူအုပ်စုထဲမှာ ထိုက်ချိဓားဘိုးဘေးကသာ သယ့ကို ကူညီနိုင်လောက်တယ်။

စုစုပေါင်းလူတစ်ရာနဲ့လေးဆယ်က မူလဘူတမြေပြင်ဆီ ဦးတည်သွားကြတော့တယ်။

……

"ဒါ မူလလူတမြေပြင်လား"

ရှေးကျောက်တုံးတံခါးကို ဝင်ရောက်ပြီးနောက် လီဖူချန်းနဲ့အခြားသူတွေက မူလလူတမြေပြင်ဆီ ရောက်ရှိလာတယ်။

မူလဘူတမြေပြင်က ရှေးကျတဲ့ချီတည်ရှိမှုတစ်ခုကို ထုတ်လွှတ်နေတယ်။ ဒီရှေးကျတဲ့ချီတည်ရှိမှုက အလွန်လေးလံပြီး အမျှင်တန်းတစ်ခုကပင် ကြယ်တွေကို ဖျက်ဆီးနိုင်တယ်။

"စကြာဝဠာဥပဒေသတွေက တင်းကျပ်လွန်းတာပဲ"

စကြာဝဠာဥပဒေသတွေက နေရာတိုင်းမှာ စိမ့်ဝင်နေပြီး နေရာတိုင်းမှာ ရှိတယ်။ စကြာဝဠာဥ‌ပဒေသက ပါးလွှာလွန်းရင် ကြီးမားတဲ့သက်ရောက်မှုတစ်ခုကို ဖြစ်စေလိမ့်မယ်။ လီဖူချန်း သူ့ရဲ့ဓားပညာကို ဖော််ထုတ်လိုက်တဲ့အခါမျိုးမှာ ဓားတာအိုဥပဒေသသိပ်သည်းတဲ့နေရာမျိုးမှာဆိုရင် သူ့ဓားပညာစွမ်းအားက ပိုသန်မာလာပါလိမ့်မယ်။ ဓားတာအိုဥပဒေသပါးလွှာတဲ့နေရာတစ်ခုမှာဆိုရင် ဓားပညာစွမ်းအားက မတိုးမြင့်လာနိုင်သလို သူကိုယ်သူသာ မှီခိုရပေတော့မယ်။

ဒါပေမယ့် သိသည်းလွန်းရင်လည်း အဆင်မပြေပါဘူး။

အပြင်ကမ္ဘာရှိစကြာဝဠာဥပဒေသက ငါးဖမ်းပိုက်ကွန်တစ်ခုဆိုရင် မူလဘူတမြေပြင်ရှိစကြာဝဠာဥပဒေသက ငါးဖမ်းပိုက်ကွန်ထောင်ကျော်ကို အတူတကွ ထပ်ဆင့်ထားတာနဲ့တူတယ်။ ဥပဒေသစွမ်းအားကို အသက်သွင်းဖို့က မလွယ်ကူပါဘူး၊ ပြီးတော့ စကြာဝဠာရင်းမြစ်ကို စကြာဝဠာဥပဒေသအလွှာတွေက ကာကွယ်ထားတာပဲ၊ ၎င်းတို့ကို စုပ်ယူဖို့က ပို‌တောင်ခက်ခဲလာတယ်။

"အားလုံးပဲ၊ မူလဘူတမြေပြင်မှာ မင်းတို့တွေဂရုစိုက်ရမယ်။ နေရာတိုင်းမှာ ရတနာတွေ ရှိပေမယ့်  အသက်က တစ်သက်ပဲရှိတာနော်" ထိုက်ချိဓားဘိုးဘေးက လူတိုင်းကို သတိပေးလိုက်တယ်။

"မစိုးရိမ်ပါနဲ့ ၊ ထိုက်ချိဓားဘိုးဘေး၊ ငါတို့တွေ မလာဖူးတာလဲ မဟုတ်ဘဲနဲ့၊ ငါတို့တွေ ကမူးရှုးထိုးမလုပ်ပါဘူး"

လီဖူချန်းက လွဲပြီး အများစုက တစ်ကြိမ်‌တော့ ရောက်ဖူးကြတယ်၊ ဒါကြောင့် သူတို့က အလွန်အေးအေးဆေးဆေးဖြစ်နေတယ်။

"ဒီလိုဆိုမှတော့ ငါတို့တွေ အခုပဲ ခွဲထွက်ကြတာပေါ့"

ထိုက်ချိဓားဘိုးဘေးရဲ့စကားပြီးဆုံးသွားတာနဲ့ လူတိုင်းက အဖွဲ့ဆယ့်ငါးဖွဲ့ခွဲလိုက်ကြတယ်၊ လီဖူချန်းက တစ်ဖွဲ့ဖြစ်ပြီး တစ်ဖွဲ့ချင်းစီက ဦးတည်ဘက်တစ်ခုကို ရွေးချယ်ကာ ထွက်ခွာသွားကြတယ်။

ဧရာမကျောက်တုံးကြီးတစ်တုံးက ကွဲအက်သွားပြီး ကျောက်တုံးကြီးထဲမှာ ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုကို တွေ့လိုက်ရတဲ့အတွက် လီဖူချန်းက အံ့အားသင့်သွားတယ်။

ဒါ ကျောက်တုံးနှလုံးသားပဲ၊ ၎င်းမှာ အလွန်ထူးခြားတဲ့မြေတာအိုစွမ်းအားပါဝင်တယ်။

"ရှေးဦးကျောက်တုံးနှလုံးသား၊ ထူးကဲအဆင့်မြေတာအိုအသုံးအဆောင်ပစ္စည်းတစ်ခု၊ ပစ္စည်းကောင်းပဲ"

လီဖူချန်းက လက်ကို ဝှေ့ယမ်းကာ ရှေးကျောက်တုံးနှလုံးသားကို သိမ်းလိုက်တယ်။

ကောလဟာလအတိုင်းပါပဲ၊ မူလဘူတမြေပြင်က ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတွေနဲ့ တကယ်ပြည့်နေတာပဲ။ ငါးနှစ်အတွင်း လီဖူချန်းက အထွတ်အထိပ်အဆင့်ဝိညာဥ်ကျောက်တုံးဆယ်ထရီလီယံထိုက်တန်တဲ့ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းလေးခုကို ရရှိခဲ့တယ်။

ဒီအသုံးအဆောင်ပစ္စည်းလေးခုထဲမှာ တန်ဖိုးအရှိဆုံးက ဓားမော့အရိုးကျောက်ရုပ်ကြွင်းပါပဲ။

ဒီဓားမော့အရိုးကျောက်ရုပ်ကြွင်းက အလွန်ထူးခြားတယ်။ အကန့်အသတ်မဲ့ဓား‌မော့တာအိုဆန်းကြယ်မှုတွေအပြင် ၎င်းမှာ ဓားမော့တာအိုရင်းမြစ်အဆီအနှစ်လည်း ပါဝင်တယ်။ ဓားမော့တာအိုရင်းမြစ်အဆီအနှစ်က နည်းပါးလွန်းတာကြောင့်မဟုတ်ရင် ၎င်းကို အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုလို့ ယူဆနိုင်တယ်။

"ဒီဓား‌မော့အရိုးကျောက်ရုပ်ကြွင်းနဲ့ဆိုရင် ရန်ချင်းဟူအနေနဲ့ မြို့အရှင်အဆင့်ကို ရောက်ရှိဖို့က ပြဿနာတစ်ခုမဟုတ်‌တော့ဘူး"

ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုက အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုထက် နိမ့်ကျပေမယ့် အရာအားလုံးမှာ သူတို့ရဲ့ကိုယ်ပိုင်အထူးပြုမှုတွေ ရှိတယ်။

သင့်တော်တဲ့ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဆိုရင် သက်ရောက်မှုက အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုထက် အများကြီးပိုသာလိမ့်မယ်။

ဥပ‌မာ‌အနေနဲ့ ရန်ချင်းဟူအတွက်ဆိုရင် ဒီဓားမော့အရိုးကျောက်ရုပ်ကြွင်းကို အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုကတောင် မယှဉ်နိုင်ပါဘူး။

သုံးနှစ်ရှိသွားပါပြီ။

"ဟမ်၊ ဒီပန်းက "

အဝေးမှာ လီဖူချန်းက အနက်ရောင်ပန်းတစ်ပွင့်ကို သတိပြုမိသွားတယ်။

ဒီအနက်ရောင်ပန်းပွင့်က လူတွေကို အလွန်ထူးဆန်းတဲ့ခံစားချက်တစ်ခု ပေးတယ်။ ၎င်းမှာ သူ့ရဲ့ကိုယ်ပိုင်အတွေးရှိသလို ခံစားရစေတယ်၊ တီးတိုးသံတွေကို ကြားနေရတယ်။

"ဒါ ကောင်းတဲ့အရာတစ်ခုပဲ"

လီဖူချန်းက တစ်ဟုန်ထိုးပြေးကာ အနက်ရောင်ပန်းပွင့်ကို သိမ်းလိုက်တယ်။

"ဉာဏ်အလင်းပန်းကို ချန်ထားစမ်း"

အော်သံတစ်ခုနဲ့အတူ ပုံရိပ်ငါးခုက အဝေးမှ ပျံသန်းလာတယ်။

"ဉာဏ်အလင်းပန်းလား"

လီဖူချန်းက အနက်ရောင်ပန်းရဲ့နာမည်ကို သိလိုက်တယ်။

နာမည်အရ ဉာဏ်အလင်းပန်းက ထိုးထွင်းသိမြင်မှုနဲ့ ဆက်စပ်တယ်။ ၎င်းက ထိုးထွင်းသိမြင်မှုနဲ့ဆက်စပ်တဲ့ထူးကဲအဆင့်ပန်းတစ်ပွင့်ဖြစ်တယ်။

ပုံရိပ်ငါးခုက အလွန်ထူးခြားတယ်။ သူတို့က ရွှေရောင်ဝတ်စုံ၊ အစိမ်းရောင်ဝတ်စုံ၊ အနက်ရောင်ဝတ်စုံ၊ အနီရောင်ဝတ်စုံနဲ့ အဝါရောင်ဝတ်စုံတို့ကို ဝတ်ဆင်ထားတယ်။ ဗဟုသုတများတဲ့အရှင်တစ်ယောက်က ဒီမှာရှိရင်ဒီပုံရိပ်ငါးခုက စကြာဝဠာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့‌သွေးလက်အဖွဲ့မှန်း  သေချာပေါက်သိပေလိမ့်မယ်။

သွေးလက်အဖွဲ့လို့ခေါ်ရတဲ့အကြောင်းရင်းကတော့ သူတို့ငါးယောက်မှာ ဒြပ်စင်ငါးခုရှိလို့ပဲ။ သူတို့က အချင်းချင်းဖြည့်စွက်ပြည့်စုံစေတဲ့လူလက်တစ်ဖက်ရဲ့လက်ငါးချောင်းနဲ့တူတယ်။ သွေးဆိုတဲ့စကားလုံးကတော့ သူတို့က သွေးထွက်သံယိုသတ်ဖြတ်ခြင်းများစွာကို ‌ဖြစ်ပွားစေခဲ့လို့ပဲ။

ငါးယောက်ကြားမှာ အသန်မာဆုံးက နောက်ကျိရေဘိုးဘေးဖြစ်ပြီး အရှင်စာရင်းရဲ့၁၀၀အထက်မှာ ရှိတယ်၊ ၎င်းနောက်မှာတော့ ရွှေဝတ်ရုံတာအိုအရှင်၊ မီးနဂါးအရှင်၊ သွေးသစ်သားဘိုးဘေးနဲ့ ဒေါသအရှင်တို့ပါပဲ။

သူတို့တစ်ယောက်ချင်းစိီက အလွန်သန်မာတယ်။ သူတို့ ပူးပေါင်းလိုက်တဲ့အခါ ခွန်အားက အဆရာထောင်တိုးလာတယ်။

လွန်ခဲ့တဲ့နှစ်ဆယ်သန်းကျော်က ဓားမော့မဟာမိတ်ရဲ့အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က သွေးလက်အဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပေမယ့် အဆုံးမှာ သူက ကျဆုံးသွားရတယ်။

လီဖူချန်းက သွေးလက်အဖွဲ့နဲ့ပတ်သက်ပြီး ကြားခဲ့ဖူးပါတယ်။ တစ်ခဏလေ့လာစမ်းစစ်ပြီးနောက် သူက သူတို့ရဲ့အဆင့်အတန်းကို ခန့်မှန်းနိုင်ခဲ့တယ်။

"ဉာဏ်အလင်းပန်းကို ချန်ထားရင်ချန်ထား မချန်ထားရင်သေ"

သွေးလက်အဖွဲ့မှာ မီးနဂါးအရှင်က အကြမ်းတမ်းဆုံးဖြစ်ပြီး သူ့ခန္ဓာကိုယ်က မီးနဂါးတစ်ကောင်ဖြစ်တယ်။

"မင်းတို့ ဒီပန်းကို လိုချင်လဲ ပြဿနာမရှိပါဘူး၊ အဲဒါက မင်းတို့မှာ ဘာစွမ်းရည်တွေရှိသလဲအပေါ် မူတည်တယ်"

လီဖူချန်းက ပြုံးလိုက်တယ်။

"သေချင်နေတာလား၊ ဒြပ်စင်ငါးခုကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါကို ဖွဲ့စည်းစမ်း"

နောက်ကျိရေဘိုးဘေးက လက်ကို ဝှေ့ယမ်းလိုက်ရာ သူတို့ငါးယောက်က ဒြပ်စင်ငအးခုအနေအထားနဲ့ ရပ်ကာ လီဖူချန်းကို ဝန်းရံလိုက်တယ်။

"စိတ်ဝင်စားစရာပဲ၊ ဒီလိုနက်နဲတဲ့တိုက်ခိုက်ရေးဝင်္ကပါတစ်ခုရှိတာလား"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

ဒီတိုက်ခိုက်ရေးဝင်္ကပါက ဝင်္ကပါကိုဖွဲ့စည်းတဲ့သူတွေရဲ့ခွန်အားကို အဆတစ်ထောင်အထိ တိုးမြှင့်စေနိုင်မှန်း လီဖူချန်းက ချက်ချင်းမြင်နိုင်တယ်။ ထပ်ပြောရရင် ဒီတိုက်ခိုက်ရေးဝင်္ကပါက ရန်သူကို အထဲမှာ ချောင်ပိတ်နိုင်တဲ့ ဖရိုဖရဲဒြပ်စင်ငါးမျိုးနေရာလပ်တစ်ခုကို ဖြစ်ပေါ်စေတယ်။

ဒါပေမယ့် လီဖူချန်းရဲ့မသိစိတ်က သူ့ကို ပြောပြနေခဲ့တယ်၊ လူငါးယောက်ရဲ့ခွန်အားနဲ့ ဒီလိုကြောက်စရာကောင်းတဲ့တိုက်ခိုက်ရေးဝင်္ကပါကို ဖွဲ့စည်းဖို့က မဖြစ်နိုင်ဘူး။ တကယ်တော့ လူငါးယောက်က လူငါးယောက်သာဖြစ်ပြီး လူတစ်ယောက်တည်းမဟုတ်ဘူး။ စိတ်ငါးခုရှိတဲ့လူငါးယောက်၊ စိတ်တစ်ခုတည်းပေါင်းစည်ဖို့က ခက်ခဲလှတယ်။

သူတို့ကို လမ်းညွှန်ပေးနေတဲ့အသုံးအဆောင်ပစ္စည်းတစ်ခုရှိရမယ်။

လီဖူချန်းခန့်မှန်းတာ မှန်ပါတယ်။ သူတို့ငါးယောက်ချည်းပဲဆိုရင် ဒြပ်စင်ငါးခုကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါကို ဖွဲ့စည်းဖို့က မဖြစ်နိုင်ပါဘူး။

သူတို့ ဒါကို ဖွဲ့စည်းနိုင်တဲ့အကြောင်းအရင်းကတော့ နောက်ကျိရေဘိုးဘေးမှာ အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုဖြစ်တဲ့ဒြပ်စင်ငါးခု‌ကောင်းကင်ဘုံပျက်သုန်းခြင်းကျောက်တုံးရှိနေလို့ပဲ။ ဒြပ်စင်ငါးခု‌ကောင်းကင်ဘုံပျက်သုန်းခြင်းကျောက်တုံးမှာ တိုက်ခိုက်ရေးဝင်္ကပါတစ်ခုဖြစ်တဲ့ဒြပ်စင်ငါးခု‌ကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါတစ်ခုပါဝင်တယ်။ ခွန်အားညီမျှတဲ့ပြိုင်ဘက်ကင်းအရှင်ငါးယောက်ကို စုစည်းလိုက်တာနဲ့ ဒြပ်စင်ငါးခု‌ကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါရဲ့စွမ်းအားကို ထုတ်လွှတ်ပါလိမ့်မယ်။

"သေစမ်း"

လူငါးယောက်က အတော်လေးယုံကြည်ချက်ရှိတယ်။ ဒြပ်စင်ငါးခု‌ကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါက အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တွေကို ‌ပိတ်မိစေနိုင်တယ်။ အထဲမှာ ပိတ်မိပြီးနောက် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်‌ယောက်ကတောင် သနားစရာကောင်းတဲ့အခြေအနေတစ်ခုကို ရောက်ရှိနေလိမ့်မယ်။ သူတို့မှာ ခွန်အားအလုံအလောက်မရှိရင် သူတို့က လွတ်မြောက်နိုင်လိမ့်မှာမဟုတ်ဘူး။ အရေးကြီးဆုံးကတော့ ဒြပ်စင်ငါးခု‌ကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါမှာ စကြာဝဠာရဲ့ဒြပ်စင်ငါးခုရင်းမြစ်တွေပါဝင်တာပဲ။ ရန်သူက အထဲမှာ ပိတ်မိတာနဲ့ သူတို့က သေခြင်းတရားကို စောင့်မျှော်နေရလိမ့်မယ်။

ဝုန်း.......

ရွှေရောင်ဓား‌မော့အလင်းတွေ၊အစိမ်းရောင်ဆူးချွန်တွေ၊ ကြမ်းတမ်းတဲ့လှိုင်းတွေ၊ ရက်စက်တဲ့မီးနဂါးတွေ၊ လေးလံတဲ့ကျောက်တုံးစက်လုံးတွေအားလုံးက လီဖူချန်းကို တိုက်ခိုက်လာတယ်။ စွမ်းအားက အ‌တော်လေး ကြောက်စရာကောင်းတယ်။

"အချိန်ကျပြီ"

လီဖူချန်းရဲ့ဓားက လည်သွားပြီး ငွေရောင်ဓားပင်လယ်တစ်ခုက သူ့ကို ကာကွယ်လိုက်တယ်။

ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို တိုက်စစ်ရောခံစစ်အတွက်ပါ အသုံးပြုနိုင်တယ်။ တိုက်ခိုက်တဲ့အခါ ရန်သူကို ဓားတာအိုစကြာဝဠာမှာ ချောင်ပိတ်နိုင်ပြီး သူတို့ကို ခုတ်ပိုင်းနိုင်တယ်။ ခုခံတဲ့အခါမှာ ၎င်းက ဓားတာအိုစကြာဝဠာကို ဒိုင်းကာတစ်ခုအဖြစ် အသုံးပြုကာ ရန်သူရဲ့တိုက်ခိုက်မှုကို ခုခံတယ်။

ဝုန်း ဝုန်း ဝုန်း ဝုန်း......

ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက တုန်ခါကာ ပျက်စီးသွားပေမယ့် လီဖူချန်းကို လုံးဝဒဏ်ရာမရစေနိုင်ဘူး။

"ဘာလဲ"

နောက်ကျိရေဘိုးဘေးနဲ့အခြားသူတွေက ထိတ်လန့်သွားတယ်။

သူတို့က ဓားမော့မဟာမိတ်ရဲ့သုတ်သင်ခြင်းဓားမော့ခုနှစ်လက်ဘိုးဘေးနဲ့ တိုက်ခိုက်တဲ့အခါ သူက သူတို့ရဲ့ပထမဆုံးတိုက်ခိုက်မှုလှိုင်းတွေကို အလွယ်တကူ မရင်ဆိုင်နိုင်ခဲ့ဘူး။ ဒီလူက ဘယ်သူလဲ။

"ဒြပ်စင်ငါးခုလည်ပတ်ခြင်း......"

တိုက်ခိုက်မှုပထမလှိုင်းက စမ်းသပ်ချက်တစ်ခုမျှသာဖြစ်တယ်။ ဒုတိယမြောက်တိုက်ခိုက်မှုမှာ ရွှေရောင်ဓားအလင်းတွေ၊ အစိမ်းရောင်ဆူးချွန်တွေ၊ ကြမ်းတမ်းတဲ့လှိုင်းတွေ၊ ရက်စက်တဲ့မီးနဂါးတွေ၊ လေးလံတဲ့ကျောက်တုံးဘောလုံးတွေက စတင်ချိတ်ဆက်လာပြိး အတူတကွ ပေါင်းစပ်လာကြတယ်။ သူတို့က လီဖူချန်းကို ရက်ရက်စက်စက် တိုက်ခိုက်လာကြတယ်။

ဝုန်း.....

ငွေရောင်ဓားပင်လယ်က ပေါက်ကွဲသွားပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားတယ်။

"အမ်၊ မင်းတို့တွေ ငါ့ရဲ့ပထမဆုံးတိုက်ကွက်ကို တကယ်ဖယ်ရှားနိုင်ခဲ့တာပဲ"

လီဖူချန်းက အနည်းငယ်အံ့အားသင့်သွားတယ်။

သူ့ရဲ့လက်ရှိခွန်အားက အရင်ကနဲ့ မတူပါဘူး။ သူ့ရဲ့မူလအဆုံးစွန်းဓားနည်းစနစ်က ကြယ်ပိုင်နက်အဆင့်စဦးအခြေအနေမှ ကြယ်ပိုင်နက်အဆင့်‌အလယ်ဆင့်အခြေအနေအထိ တိုးမြင့်လာပြီ။ ဒီကမ္ဘာမှာ ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကိုဖယ်ရှားနိုင်တဲ့သူတွေ အများကြီးမရှိဘူး။

"ဒြပ်စင်ငါးခုဆင့်ပုံခြင်း"

လီဖူချန်းရဲ့‌အဆုံးသတ်ကွက်ကို မြင်ပြီးနောက် သူတို့ငါးယောက်က ယုံကြည်ချက်ရှိလာတယ်။ သူတို့က သူတို့ရဲ့သတ်ကွက်တွေကို ဆက်တိုက်ဖော်ထုတ်လာကြတယ်။

"ငါ့ရဲ့တစ်ကွက်ကို လက်ခံစမ်း၊ မူလဘူတဓား"

ဓားတာအိုစကြာဝဠာကို သဘောပေါက်ပြီးနောက် လီဖူချန်းရဲ့ဓားတာအိုကျွမ်းကျင်မှုက အဆများစွာတိုးတက်လာတယ်။ ဓားပင်လယ်မိုးကုတ်စက်ဝိုင်းအပြင် မူလအဆုံးစွန်းဓားပညာရဲ့အခြားသုံးကွက်ကလည်း ပြောင်းလဲလာတယ်။ ၎င်းတို့ရဲ့စွမ်းအားက အရင်ကထက် အများကြီးပိုသန်မာလာတယ်။

ဖရိုဖရဲဒြပ်စင်ငါးခုထဲမှာ ဖရိဖရဲအရိပ်အယောင်တစ်ခုရှိတယ်။ ပြီးနောက် ချက်ချင်းပဲ ဓားတာအိုရင်းမြစ်နဲ့ဓားတာအိုဥပဒေသက ယိုစိမ့်ထွက်လာတယ်။ နောက်အခိုက်မှာ ဓားအရိပ်တစ်ထောင်က ဓားအရိပ်တစ်ခုအဖြစ် ပြောင်းသွားပြီး ဖရိုဖရဲမီးဒြပ်စင်အလွှာငါးခုကို ဖျက်ဆီးလိုက်တယ်။ အဲဒါက သူတို့ငါးယောက်ရဲ့သတ်ဖြတ်ကွက်တွေကို ဖယ်ရှားလိုက်တယ်။

"တောက်၊ ဒီလူက မူလအဆုံးစွန်းအရှင်ပဲ"

နောက်ကျိရေဘိုးဘေးက တစ်ခုခုကို တွေးလိုက်မိကာ သူ့မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားတယ်။

နောက်ကျိရေဘိုးဘေးက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေအားလုံးကို အခြေခံအားဖြင့် သိတယ်၊ လီဖူချန်းက လွဲပြီးပေါ့။ နောက်ကျိရေဘိုးဘေးက ဘယ်လောက်ပဲတုံးတုံးအအ၊ ဒီလူက မူလအဆုံးစွန်းအရှင်မှန်း သူ ခန့်မှန်းနိုင်တယ်။

" သူက မူလအဆုံးစွန်းအရှင်ဆိုတော့ရော ဘာဖြစ်လဲ။ သူ မလွတ်မြောက်နိုင်သရွေ့ သူက သေချာပေါက် သေရလိမ့်မယ်"

ရွှေရောင်ဝတ်ရုံတာအိုအရှင်က ပြောလိုက်တယ်။

"ဒါ ဟုတ်တယ်၊ သူက သူ့ခွန်အားကို ပြန်မဖြည့်နိုင်ရင် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်က သေသွားလိမ့်မယ်။ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့အသားတင်ကြွယ်ဝမှုက ဉာဏ်အလင်းပန်းထက် အများကြီးပိုတန်ဖိုးရှိတယ်" ဒေါသအရှင်က ရက်စက်စွာ ပြောလိုက်တယ်။

All Chapters