သွေးလက်အဖွဲ့ကို သုတ်သင်ခြင်း
Vol. 73 Ch. 1018
"ဒြပ်စင်ငါးခုစက်ဝိုင်း"
သူတို့ငါးယောက်က အထူးသတ်ဖြတ်ကွက်ကို ဖော်ထုတ်ခဲ့တယ်။ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ စွမ်းအားတွေက အတူတကွပေါင်းစပ်ပြီး အရောင်ငါးခုရေဝဲတစ်ခုကို ဖြစ်ပေါ်စေကာ လီဖူချန်းကို ဝန်းရံလိုက်တယ်။
သူတို့ငါးယောက်က လီဖူချန်းရဲ့ခွန်အားကို ဖြည်းဖြည်းချင်းရိတ်သိမ်းဖို့ စီစဉ်ထားကြတယ်။
"အတိတ်တုန်းကဆိုရင် ငါ ဒီဖရိုဖရဲဒြပ်စင်ငါးခုနေရာလပ်ကို မချိုးဖြတ်နိုင်လောက်ဘူး ဒါပေမယ့် ကံမကောင်းစွာနဲ့ ဒီတစ်ကြိမ်က အတိတ်ကနဲ့ မတူတော့ဘူးလေ"
လီဖူချန်းရဲ့အတွေးတွေ လှုပ်ရှားသွားတယ်။ ဓားတာအိုစွမ်းအားနဲ့ဓားတာအိုအံ့ဖွယ်တွေက မူလအဆုံးစွန်းဓားရဲ့ထိပ်မှာ စုစည်းသွားပြီး လီဖူချန်းက ရှေ့သို့ ညင်သာစွာ ထိုးသွင်းလိုက်တယ်။
ဝှစ်......
ငါးရောင်စုံရေဝဲကို ထိုးဖောက်သွားတယ်၊ ဖရိုဖရဲဒြပ်စင်ငါးခုနေရာလပ်ဇုန်ကို ထိုးဖောက်သွားတယ်၊ ပြီးနောက် လက်သီးအရွယ်အစားဓားပေါက်တစ်ခုက လီဖူချန်းရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။
ဝှီး......
လီဖူချန်းက ဖရိုဖရဲဒြပ်စင်ငါးခုနေရာလပ်ဇုန်မှ ထွက်လာတယ်။
"မဖြစ်နိုင်ဘူး"
နောက်ကျိရေဘိုးဘေးနဲ့အခြားသူတွေက အံ့ဩမှင်တက်သွားရတယ်။
သူက ဓားတစ်ကွက်တည်းနဲ့ ဖရိုဖရဲဒြပ်စင်ငါးခုနေရာလပ်ဇုန်ကို တကယ်ချိုးဖြတ်နိုင်ခဲ့တာပဲ။
လီဖူချန်းရဲ့ဓားချီမူလပြန်သွားခြင်းက မယုံကြည်နိုင်စရာကောင်းတဲ့အဆင့်တစ်ခုကို ရောက်ရှိနေမှန်း သူတို့ငါးယောက်က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။
အတိတ်မှာ ဓားတာအိုစကြာဝဠာကို နားမလည်ခင် သူက ဓားတာအိုရင်းမြစ်နဲ့ ချိတ်ဆက်နိုင်ပြီးသားပဲ။ အခု အဆင့်တစ်ဆင့်ပိုမြင့်လာတာကြောင့် ဘယ်လိုအတားအဆီးကိုမဆို ထိုးဖောက်ပြီး ဓားတာအိုရင်းမြစ်ဆီ ပြန်သွားနိုင်တယ်။
ဒြပ်စင်ငါးခုကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါက အလွန်အားကောင်းပေမယ့် လီဖူချန်းရဲ့အမြင်ထဲမှာ ၎င်းက မချိုးဖြတ်နိုင်လောက်တဲ့အနေအထားအထိ မရောက်ရှိသေးပါဘူး။
"ပြေးကြတော့"
ဒြပ်စင်ငါးခုကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါတောင် ဖျက်ဆီးခံလိုက်ရမှာတော့ သူတို့က လီဖူချန်းကို ဘာမှမလုပ်နိုင်တော့ဘူးလို့ ခံစားမိလာတယ်။
"မင်းတို့တွေကပဲ လူတွေကို ပိတ်လှောင်နိုင်မယ်လို့ ထင်နေကြတာလား"
ဝုန်း......
အဆုံးမဲ့ဓားတာအိုဥပဒေသက လီဖူချန်းကို ဗဟိုမှာ ထားကာ ပျံ့နှံ့လာတယ်။ စကြာဝဠာရဲ့အခြားဥပဒေသအားလုံးက ဖယ်ရှားခံလိုက်ရတယ်။
ဒါပေမယ့် ဒါက မူလဘူတမြေပြင်ဖြစ်တာကြောင့် စကြာဝဠာဥပဒေသတွေကို ငြင်းပယ်တဲ့ဖြစ်စဉ်က မလွယ်ကူပါဘူး။ ဒါကြောင့် ဓားတာအိုစကြာဝဠာရဲ့အကွာအဝေးက အဆများစွာပိုသေးငယ်သွားပြီး အပြင်ကမ္ဘာလောက် မကြီးမားပါဘူး။
"ဓားတာအိုစကြာဝဠာလား"
နောက်ကျိရေဘိုးဘေးရဲ့အမူအရာက ပြောင်းလဲသွားတယ်။
ဓားတာအိုစကြာတဠာထဲမှာ လီဖူချန်းနဲ့တိုက်ခိုက်ရတာက သူတို့ကို ဖရိုဖရဲဒြပ်စင်ငါးခုနေရာလပ်ဇုန်ထဲမှာ တိုက်ခိုက်ရတာနဲ့ အတူတူပါပဲ။ ခွန်အားပြန်ဖြည့်ဖို့ နည်းလမ်းမရှိသလို သူတို့ရဲ့တိုက်ခိုက်ရေးခွန်အားကိုလည်း စကြာဝဠာဥပဒေသက မတိုးမြင့်ပေးနိုင်ပါဘူး။
ဒါပေမယ့် ဓားတာအိုစကြာဝဠာမှာ လူတွေကို ဟန့်တားဖို့နည်းလမ်းမရှိပါဘူး၊ သူတို့က သူတို့ထွက်သွားချင်တဲ့အချိန်တိုင်း ထွက်သွားနိုင်တယ်။
"ဓားပိတ်လှောင်ခြင်းစကြာဝဠာ"
ထိုအခိုက်မှာ လီဖူချန်းက ဓားပိတ်လှောင်ခြင်းစကြာဝဠာကို ထပ်မံဖော်ထုတ်လိုက်တယ်။
ဝုန်း.......
နံရံနဲ့ ရိုက်မိသလို သူတို့ငါးယောက်က နောက်သို့ ကန်ထွက်သွားတယ်။
"ငါ့ရဲ့ဓားပိတ်လှောင်ခြင်းစကြာဝဠာက အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တွေကိုတောင် ပိတ်ထားနိုင်တယ်။ ဓားတာအိုစကြာဝဠာရဲ့မြှင့်တင်ပေးမှုနဲ့ဆိုရင် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေကိုတောင် ပိတ်ထားနိုင်တယ်။ မင်းတို့က ဘာမို့လို့ ထွက်ပြေးနိုင်မှာလဲ" လီဖူချန်းက ထိုလူငါးယောက်ကို ကြည့်လိုက်တယ်။
"မူလအဆုံးစွန်းအရှင်၊ ဒါက မူလဘူတမြေပြင်ပဲ။ အချိန်က အလွန်တန်ဖိုးရှိတယ်။ ငါတို့ငါးယောက်ကို သတ်ဖို့ အချိန်အကြာကြီးယူရမှာ။ ဒါက မင်းအတွက် မထိုက်တန်မှာ ဆိုးတယ်" နောက်ကျိရေဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်တယ်။
"ငါကတော့ ထိုက်တန်တယ်လို့ထင်တယ်"
လီဖူချန်းက အနှီငါးယောက်ရဲ့ကြွယ်ဝမှုကို စိတ်ဝင်စားတယ်။ သွေးလက်အဖွဲ့မှာ စကြာဝဠာမှာ တည်ရှိလာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ သူတို့ရဲ့ကြွယ်ဝမှုက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ထက် သေချာပေါက် အားမနည်းလောက်ဘူး။
"သူ့ကို အားကုန်ထုတ်ပြီး တိုက်ခိုက်"
မီးနဂါးအရှင်က အော်လိုက်တယ်။
"ဒီလိုဆိုရင် မင်း ငါတို့ကိုဘယ်လိုသတ်မလဲ ငါ သိချင်တယ်"
နောက်ကျိရေဘိုးဘေးက ဒြပ်စင်ငါးခုကောင်းကင်ဘုံပျက်သုန်းခြင်းကျောက်တုံးကို ထပ်မံအသက်သွင်းကာ ဒြပ်စင်ငါးခုကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါကို ဖွဲ့စည်းလိုက်တယ်။
ဒြပ်စင်ငါးခုကောင်းကင်ဘုံပျက်သုန်းခြင်းကျောက်တုံးအပေါ်ကို မှီခိုမှသာ သူတို့က လီဖူချန်းနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်းမှီတယ်။
ကံမကောင်းစွာနဲ့ ဓားတာအိုစကြာဝဠာထဲမှာ ဒြပ်စင်ငါးခုကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါကို လုံးဝမဖွဲ့စည်းနိုင်ဘူး။ ပုံစံတောင် မဖြစ်ပေါ်ခင် ၎င်းက ပျက်စီးသွားတယ်။
"မူလပြန်သွားဓားပြောင်းလဲခြင်း"
လီဖူချန်းက သူ့ရဲ့သတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်ကာ အားအနည်းဆုံးဖြစ်တဲ့ဒေါသအရှင်ကို တိုက်ခိုက်လိုက်တယ်။
ဝှစ်.....
ဒေါသအရှင်ရဲ့ခန္ဓာကိုယ်က အိတ်ပေါက်တစ်ခုပမာ လွင့်ထွက်သွားတယ်၊ သွေးပေါက်များစွာက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့တယ်။
"မဟုတ်ဘူး၊ ဒါ ငါ့ရဲ့စွမ်းအားအများကြီးကို ကုန်ဆုံးစေတာပဲ"
ဒေါသအရှင်က စွမ်းအားဆုံးရှုံးမှုကို ခံစားရကာ သူ့မျက်လုံးတွေက ရုတ်တရက် ကြောက်လန့်တကြားဖြစ်လာတယ်။
"နောက်ကျိရေဘိုးဘေး၊ ငါ့ကို အမြန်ကယ်၊ ဒီမူလအဆုံးစွန်းအရှင်က ငါ့ကို ဓားကွက်တစ်သောင်းအတွင်း သတ်ဖြတ်နိုင်လောက်တယ်"
ဓားကွက်တစ်သောင်းက မများပါဘူး၊ အရှင်တစ်ယောက်အနေနဲ့ ဖော်ထုတ်ဖို့ အချိန်ခဏသာ ကြာတယ်။
"ဓားကွက်တစ်သောင်းက မင်းကို သတ်နိုင်တာ ဘယ်လိုဖြစ်နိုင်မှာလဲ"
ကျန်သူတွေက ထိတ်လန့်တကြားဖြစ်သွားကြတယ်။
သူတို့က ပြိုင်ဘက်ကင်းအရှင်တွေလေ၊ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို ဓားကွက်တစ်သောင်းအတွင်း သတ်နိုင်တယ်ဆိုတာက ပုံကြီးချဲ့လွန်းပါတယ်။
"စကြာဝဠာရင်းမြစ်နဲ့ မင်းတို့ရဲ့ချိတ်ဆက်မှုကို ထိခိုက်စေပြီးရင် မင်းတို့ကို သတ်ဖို့က အလွယ်လေးပါပဲကွာ"
အရှင်တစ်ယောက်က အခြားအရှင်တစ်ယောက်ကို သတ်ဖို့ ခက်ခဲရတဲ့အကြောင်းပြချက်ကတော့ အရှင်တွေက စွမ်းအားကို စကြာဝဠာရဲ့ရင်းမြစ်မှ ပြန်ဖြည့်နိုင်လို့ပဲ။ အရှင်နဲ့စကြာဝဠာရင်းမြစ်အကြားချိတ်ဆက်မှု ပျက်ပြယ်သွားရင်တော့ သတ်ရတာ အဆတစ်ထောင်ပိုလွယ်လာလိမ့်မယ်။
ဒါပေမယ့် ဒါက မူလဘူတမြေပြင်လေ။ စကြာဝဠာရဲ့ရင်းမြစ်နဲ့ချိတ်ဆက်မှုကို မထိခိုက်စေရင်တောင် လီဖူချန်းအနေနဲ့ သူတို့ကို သတ်ဖို့က မခက်ခဲပါဘူး။ ကြိုတင်လုပ်ထားရမှာက တစ်ဖက်လူကို ပိတ်လှောင်ထားဖို့ပါပဲ။
အကွက်တစ်ရာ၊ အကွက်တစ်ထောင်။
လီဖူချန်းရဲ့ဓားက အလွန်လျင်မြန်စွာ လှုပ်ယမ်းနေတယ်၊ ဒေါသအရှင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ သွေးတွေတရစပ် ပန်းထွက်လာတယ်။
"မူလအဆုံးစွန်းအရှင်၊ ရပ်စမ်း"
နောက်ကျိရေဘိုးဘေးနဲ့အခြားသူတွေကို လီဖူချန်းကို အသည်းအသန်တားဆီးလိုက်ကြတယ်။
ဒေါသအရှင်သေသွားတာနဲ့ သူတို့အလှည့်ရောက်လာမှာလေ။ သူတို့က ရွေးချယ်စရာမရှိ၊ အသက်ကို ရင်းကာ စွန့်စားလာရတော့တယ်။
ကံမကောင်းစွာနဲ့ ဒါက လီဖူချန်းရဲ့ဓားတာအိုစကြာဝဠာ၊ လီဖူချန်းက လူတိုင်းရဲ့တိုက်ခိုက်မှုတွေကို အလွယ်တကူရှောင်ရှားနိုင်တယ်၊ သူ မရှောင်ရင်တောင် သူတို့ရဲ့တိုက်ခိုက်မှုတွေက သူ့ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ချိုးဖြတ်နိုင်မှာတဲ့လား။
အကွက်နှစ်ထောင်၊ အကွက်သုံးထောင်.....
အချိန်ကြာလာတာနဲ့အမျှ ဒေါသအရှင်ရဲ့ချီတည်ရှိမှုက ပိုပိုအားနည်းလာတယ်။
"ကျောက်တုံးအကာအကွယ်...."
ဒေါသအရှင်က သူ့လက်ကို ပင့်မြှောက်လိုက်တယ်၊ ခုခံမှုအသုံးအဆောင်ပစ္စည်းတစ်ခုက ပျံသန်းထွက်လာပြီး ကျောက်တုံးလူသားအရိပ်တစ်ခုအဖြစ် ပြောင်းကာ သူ့ကို ကာကွယ်လာခဲ့တယ်။
ဝုန်း.....
ကျောက်တုံးလူသားအရိပ်က ပေါက်ကွဲသွားပြီး လီဖူချန်းရဲ့တိုက်ခိုက်မှုတစ်ခုကိုတောင် မခုခံနိုင်ခဲ့ဘူး။
ဒီအချိန်အတွင်း ဒေါသအရှင်က ခုခံမှုအသုံးအဆောင်ပစ္စည်းများစွာကို အသက်သွင်းခဲ့ပေမယ့် လီဖူချန်းရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရမှာတော့ လုံးဝအသုံးမဝင်ခဲ့ပါဘူး။
လီဖူချန်းရဲ့အမြင်အရ အဆင့်၇ထူးကဲအန္တိမအဆင့်ခုခံမှုအသုံးအဆောင်ပစ္စည်းတွေကသာ သူ့ကို တစ်ခဏတားဆီးနိုင်လောက်မှာပါ။
အကွက်ရှစ်ထောင်၊ အကွက်ကိုးထောင်၊ အကွက်ကိုးထောင်ရှစ်ရာ။
"မဟုတ်ဘူး"
ဒေါသအရှင်က မခံမရပ်နိုင်စွာနဲ့ အော်လိုက်လေတယ်။ သူ့ခန္ဓာကိုယ်ရဲ့စွမ်းအားက ကုန်ခန်းသွားပြီး သူ့ခန္ဓာကိုယ်က ပြာအဖြစ်ပြောင်းသွားတယ်။ သူ့နေရာလပ်လက်စွပ်က လီဖူချန်းလက်ထဲကို ကျရောက်လာတယ်။
"ဒုတိယမြောက်က မင်းပဲ"
လီဖူချန်းက သွေးသစ်သားအရှင်ကို ကြည့်လိုက်တယ်။
ဒင်းတို့ငါးယောက်ထဲမှာ ဒေါသအရှင်နဲ့သွေးသစ်သားအရှင်တို့က အားအနည်းဆုံးဖြစ်တယ်လေ။
သစ်သားတာအိုကြောင့် ထင်တယ်၊ သွေးသစ်သားအရှင်ရဲ့အသက်စွမ်းအားက ပေါကြွယ်ဝလွန်းတယ်။ လီဖူချန်းက သူ့ကို သတ်ဖို့ အကွက်နှစ်သောင်းနီးပါး သုံးစွဲလိုက်ရတယ်။
"မင်းရဲ့အလှည့်ပဲ"
လီဖူချန်းရဲ့မျက်လုံးတွေက မီးနဂါးအရှင်အပေါ် ကျရောက်လာတယ်။
နောက်ကျိရေဘိုးဘေးနဲ့ကျန်နှစ်ယောက်က သူတို့ရဲ့အသက်ရှင်သန်ဖို့အခွင့်အရေး ပိုပိုနည်းလာတာကို မြင်ပြီး သူတို့က ပိုပိုပြီး ရူးသွပ်လာတယ်။ ဒါပေမယ့် သူတို့ရဲ့ရူးသွပ်မှုက လီဖူချန်းအပေါ်မှာတော့ မဟုတ်ဘူး၊ ဓားပိတ်လှောင်ခြင်းစကြာဝဠာအတားအဆီးကိုပါပဲ။ ဓားပိတ်လှောင်ခြင်းစကြာဝဠာကို ချိုးဖြတ်နိုင်တာနဲ့ သူတို့က လွတ်မြောက်နိုင်လိမ့်မယ်။ သို့မဟုတ်ရင် သေခြင်းတရားကသာ စောင့်ကြိုနေလိမ့်မယ်။
မီးနဂါးအရှင်က အလွန်အားကောင်းရုံတင်မက သူ့ရဲ့သက်စောင့်စွမ်းအားနဲ့အသက်စွမ်းအားတို့က ဒေါသအရှင်နဲ့သွေးသစ်သားအရှင်နှစ်ယောက်ပေါင်းကတောင် ယှဉ်နိုင်တာမျိုးမဟုတ်ပါဘူး။
အကွက်နှစ်သိန်းအပြည့်မှာ မီးနဂါးအရှင်က နောက်ဆုံးတော့ လဲကျသွားခဲ့ရတယ်။
နောက်ကျိရေဘိုးဘေးနဲ့ရွှေဝတ်ရုံတာအိုအရှင်တို့ကသာ ကျန်ရှိတော့တယ်။
အရှင်သတ်မှတ်ချက်မှာ ရွှေဝတ်ရုံတာအိုအရှင်က အဆင့်နှစ်ရာအထက်မှာ ရှိပြီး နောက်ကျိရေဘိုးဘေးက အဆင့်တစ်ရာအထက်မှာ ရှိတယ်။ သူတို့နှစ်ယောက်လုံးက အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တွေပါပဲ။
"မူလအဆုံးစွန်းအရှင်၊ ငါ မင်းရဲ့ကျွန်ဖြစ်ဖို့ ဆန္ဒရှိပါတယ်။ ငါ့အသက်ကို ချမ်းသာပေးပါ"
ရွှေဝတ်ရုံတာအိုအရှင်က အရှုံးကို ဝန်ခံလိုက်တယ်။ ဘယ်လိုပဲပြောပြော သေတာထက် ရှင်တာက ပိုကောင်းပါတယ်လေ။
"မင်းရဲ့ခွန်အားက ကောင်းပေမယ့် ငါ မလိုအပ်ဘူး"
နောက်လိုက်အနေနဲ့ ပြောင်မြောက်တဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရှိတာက ကြီးမားတဲ့အကူအညီတစ်ခုဆိုပေမယ့် လီဖူချန်းက အဲဒါကို တကယ်မလိုအပ်ပါဘူး။ သမန်းဝံပုလွေလီဖူချန်းက အချိန်တိုအတွင်း ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်လာမယ်လို့ သူ ယုံကြည်တယ်။ ဒါ့ပြင် သမန်းဝံပုလွေလီဖူချန်းက သစ္စာရှိတယ်၊ ရွှေဝတ်ရုံတာအိုအရှင်က မတူပါဘူး။
"မင်းမှာ သုံးစွဲဖို့ ဒိီလောက်များတဲ့စွမ်းအားတွေရှိမယ်လို့ ငါ မယုံဘူး"
ရွှေဝတ်ရုံတာအိုအရှင်နဲ့လီဖူချန်းက စတင်တိုက်ခိုက်လာတယ်။
အကွက်တစ်သောင်း။
One hundred thousand swords.
အကွက်တစ်သိန်း။
အကွက်တစ်သန်း။
ရွှေဝတ်ရုံတာအိုအရှင်ရဲ့ခုခံမှုက အလွန်ခိုင်မာကာ လီဖူချန်းရဲ့စွမ်းအားအများစုကို ပျက်ပြယ်စေနိုင်ခဲ့တယ်။
ဒါပေမယ့် အကွက်၁.၅မီလီယံမှာတော့ ရွှေဝတ်ရုံတာအိုအရှင်ရဲ့စွမ်းအားက ကုန်ဆုံးသွားပါတော့တယ်။
"ငါ မဖြစ်ချင်ဘူး"
ရွှေဝတ်ရုံအရှင်က ပြာအဖြစ် ပြန့်ကျဲသွားလေတယ်။
"မင်းတစ်ယောက်ပဲ ကျန်တော့တယ်"
လီဖူချန်းက နောက်ကျိရေဘိုးဘေးကို ကြည့်လိုက်တယ်။
"လာစမ်း"
နောက်ကျိရေဘိုးဘေးက အခြားသူတွေထက် ပိုတည်ငြိမ်တယ်။ ပေါက်ကွဲခြင်းက အသုံးမဝင်မှန်း သူသိတယ်။
ဝုန်း ဝုန်း ဝုန်း .....
နောက်ကျိရေဘိုးဘေးကို နောက်ကျိရေလှိုင်းတွေက ဝန်းရံထားတယ်။ ဒိနောက်ကျိရေလှိုင်းတွေက လီဖူချန်းရဲ့စွမ်းအားအများစုကို ပျက်ပြယ်စေပြီး လီဖူချန်းရဲ့စွမ်းအားများစွာကိုလည်း ကုန်ခန်းစေတယ်။
"ဒါက အသုံးမဝင်ဘူး၊ အနန္တဓားခန္ဓာကိုယ်"
လီဖူချန်းရဲ့စွမ်းအင်က ပေါကြွယ်ဝနေသေးတယ်။ အရေးကြီးဆုံးကတော့ ဓားတာအိုစကြာဝဠာရှိသေရွေ့ သူ့ရဲ့စွမ်းအင်ကို ပြန်ဖြည့်ဖို့ ဓားတာအိုရင်းမြစ်ကို စုပ်ယူနိုင်တယ်။ ဒါက အပြင်ကမ္ဘာနဲ့ မနှိုင်းယှဉ်နိုင်ပေမယ့် အများကြီးတော့ မနိမ့်ကျပါဘူး။ ဒါကြောင့် စွမ်းအင်ကုန်ခန်းခြင်းပမာဏက လီဖူချန်းဂရုစိုက်ရလောက်တဲ့ပမာဏမျိုးမဟုတ်ပါဘူး။
လီဖူချန်းရဲ့စွမ်းအင်ပေါက်ကွဲမှုက ဆယ်ဆတိုးလာတယ်။ လီဖူချန်းရဲ့ဓားကွက်တွေကလည်း အလွန်အမင်းကြမ်းတမ်းလာတယ်။ သူတို့က ရေလှိုင်းထဲသို့ နဂါးတွေပမာ တိုးဝင်လာပြီး နောက်ကျိရေဘိုးဘေးရဲ့ခန္ဓာကိုယ်ဆီ တစ်ဟုန်ထိုးပြေးလာတယ်။
"ဒြပ်စင်ငါးခုကောင်းကင်ဘုံပျက်သုန်းခြင်းကျောက်တုံး၊ ခန္ဓာကိုယ်ကို ကာကွယ်စမ်း"
ဒြပ်စင်ငါးခုကောင်းကင်ဘုံပျက်သုန်းခြင်းကျောက်တုံးက တကယ်တော့ အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုဖြစ်တယ်။ ဒြပ်စင်ငါးခုကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါကို ဖွဲ့စည်းနိုင်တာအပြင် ၎င်းက ဖရိုဖရဲဒြပ်စင်ငါးခုရင်းမြစ်ကို အသက်သွင်းကာ အတားအဆီးတစ်ခုကို ဖြစ်ပေါ်စေပြီး အသုံးပြုသူကို ကာကွယ်နိုင်တယ်။
ဒါပေမယ့် သူက သူ့ကိုယ်သူသာ ကာကွယ်နိုင်မှန်း နောက်ကျိရေဘိုးဘေးက သိတယ်။ သူက လူအများကြီးကို ကာကွယ်ရင် အတားအဆီးက အားနည်းလာပြီး အသုံးဝင်မှာမဟုတ်ဘူး။
ဝုန်း ဝုန်း ဝုန်း......
အတားအဆီးက ရောင်စုံဥခွံတစ်ခုပမာ လီဖူချန်းရဲ့ဓားကွက်ကို အလွယ်တကူတားဆီးလိုက်တယ်။
"အခြေခံအသုံးအဆောင်ပစ္စည်းလား ဒါမှမဟုတ် စကြာဝဠာရတနာလား"
လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
။
သူ့ရဲ့တိုက်ခိုက်မှုကို အလွယ်တကူတားဆီးနိုင်တဲ့အခြေခံအသုံးအဆောင်ပစ္စည်းတွေ အများကြီးမရှိပါဘူး၊ အနည်းဆုံး အဲဒါက အဆင့်၇ထူးကဲအဆင့်ခုခံမှုအခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုပဲ ဖြစ်ရမယ်၊ အခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုခုမဟုတ်ရင် အဲဒါက စကြာဝဠာရတနာတစ်ခုသာ ဖြစ်နိုင်တယ်။
။
အဆင့်နိမ့်စကြဝဠာရတနာတွေက အဆင့်နိမ့်စကြာဝဠာရတနာတွေပါပဲ၊ သူတို့က လီဖူချန်းကို အကြာကြီးမရပ်တန့်နိုင်ပါဘူး။
ဖြောက်......
ရောင်စုံဥခွံအတားအဆီးက ကြေမွသွားပြီး လီဖူချန်းထုတ်လွှတ်လိုက်တဲ့ဓားအလင်းက နောက်ကျိရေဘိုးဘေးကို လွှမ်းမိုးသွားတော့တယ်။
အကွက်တစ်သန်း၊ အကွက်နှစ်သန်း......
နောက်ကျိရေဘိုးဘေးကို သတ်ဖို့ လီဖူချန်းက ဓားကွက်ငါးသန်းကို အသုံးပြုလိုက်ရတယ်။
"မူလအဆုံးစွန်းအရှင်၊ မင်းလဲ မူလဘူတမြေပြင်မှာ သေချာပေါက်သေဆုံးရလိမ့်မယ်"
မသေခင် နောက်ကျိရေဘိုးဘေးရဲ့မကျေမချမ်းအသံက စိတ်ဝိညာဉ်ကိုတောင် အေးစက်စေခဲ့တယ်။
"မင်း စိုးရိမ်စရာမလိုပါဘူး"
လီဖူချန်းက နောက်ကျိရေဘိုးဘေးရဲ့နေရာလပ်လက်စွပ်ကို သိမ်းလိုက်တယ်။
သူ ဓားပိတ်လှောင်ခြင်းစကြာဝဠာကို ရုတ်သိမ်းခါနီးမှာ လီဖူချန်းက ရုတ်တရက် မေးငေါ့လိုက်တယ်။
"သူ တကယ်လှည့်ဖျားချင်တာပဲ"
မူလဘူတမြေပြင်ရဲ့နေရာလပ်ဇုန်ရဲ့အနက်ပိုင်းထဲမှာ နောက်ကျိရေတစ်စက်က မျောပါနေတယ်။ လီဖူချန်းရဲ့အားကောင်းတဲ့စိတ်ဝိညာဉ်ကြောင့်သာမဟုတ်ရင် သူက အဲဒါကို ရှာဖွေနိုင်မှာမဟုတ်ဘူး။
"သွားစမ်း"
လီဖူချန်းက ဓားချီမူလပြန်သွားခြင်းကို ထိုရေစက်ဆီ ပေါက်ကွဲထွက်စေလိုက်တယ်။
"မဟုတ်ဘူး"
နောက်ကျိရေဘိုးဘေးရဲ့ပုံရိပ်က ထွက်ပေါ်လာပြီး သူ့မျက်နှာက ကြေက်ရွံ့မှုတွေ ပြည့်နှက်နေတယ်။
ဝှစ်.......
နောက်ကျိရေစက်ကို သုတ်သင်လိုက်တယ်၊ နောက်ကျိရေဘိုးဘေးရဲ့အသံက ရုတ်ခြည်းရပ်တန့်သွားတော့တယ်။