← Chapters

ဒုတိယမြောက်သော့

Vol. 73 Ch. 1019

ဒုတိယမြောက်သော့

Vol. 73 Ch. 1019

သွေးလက်အဖွဲ့ဝင်ငါးယောက်ကို သတ်ဖြတ်ပြီးနောက် လီဖူချန်းက သူတို့ရဲ့နေရာလပ်လက်စွပ်တွေကို စစ်ဆေးလိုက်တယ်။

"ဒါ ချမ်းသာလွန်းတာပဲ"

လီဖူချန်းက ချီကျူးလိုက်တယ်။

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကပင် သူတို့ငါးယောက်မှာ သန်းတစ်ရာကျော်ရှိတယ်။

သန်းတစ်ရာက တစ်ထရီလီယံဖြစ်ပြီး တကယ်ကြောက်စရာကောင်းတဲ့နံပါတ်တစ်ခုပါပဲ။

ဒါ့ပြင် ဒါက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေရဲ့အရေအတွက်မျှပဲ၊ အရင်းအမြစ်တွေ၊ အခြေခံအသုံးအဆောင်ပစ္စည်းတွေပါ ပေါင်းလိုက်ရင် သူတို့ငါးယောက်ရဲ့ကြွယ်ဝမှုက အနည်းဆုံးတစ်ထရီလီယံရှိတယ်။

"စကြာဝဠာရတနာ"

လီဖူချန်းက နောက်ကျိရေဘိုးဘေးရဲ့နေရာလပ်လက်စွပ်ထဲမှာ ငါးရောင်စုံကျောက်တုံးတစ်တုံးကို တွေ့လိုက်ရတယ်။ ဒီကျောက်တုံးမှာ ဖရိုဖရဲဒြပ်စင်ငါးခုမူလအဆီအနှစ်ပါဝင်ပြီး စကြာဝဠာရတနာတစ်ခုမှန်း သိသာစေတယ်။ စကြာဝဠာရတနာတွေမှာသာ မူလအဆီအနှစ်ပါဝင်တာလေ။

"ဒိီဒြပ်စင်ငါးခု‌ကောင်းကင်ဘုံပျက်သုန်းခြင်းကျောက်တုံးရဲ့တန်ဖိုးက အစွန်းအလင်းမိခင်ကျောက်တုံးထက် အနည်းဆုံးဆယ်ဆပိုတယ်၊ ပါဝင်တဲ့မူလအဆီအနှစ်ရဲ့ပမာဏက လုံးဝကွဲပြားခြားနားတဲ့အဆင့်တစ်ခုမှာရှိတယ်။ ၎င်းကို ဒြပ်စင်ငါးခု‌ကောင်းကင်ဘုံပျက်သုန်းခြင်းဝင်္ကပါကို ဖွဲ့စည်းဖို့ အသုံးပြုနိုင်သလို ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ဖရိုဖရဲဒြပ်စင်ငါးခုမူလအဆီအနှစ်ကို အသက်သွင်းနိုင်တယ်"

လီဖူချန်းက ဒြပ်စင်ငါးခု‌ကောင်းကင်ဘုံပျက်သုန်းခြင်းကျောက်တုံးအပါ်  မြင့်မားစွာ အကဲဖြတ်ထားတယ်။

စကြာဝဠာရတနာတွေအပြင် လီဖူချန်းကထူးကဲအဆင့်အ‌ခြေခံအသုံးအဆောင်ပစ္စည်းတွေကိုပါ  တွေ့လိုက်ရတယ်။ အချို့က မူလဘူတမြေပြင်မှ လာပြီး အချို့က အပြင်ကမ္ဘာမှာ လာတယ်။

ဘာပဲပြောပြော၊ အခု ဒါတွေအားလုံးက သူ့ဟာဖြစ်လာပါပြီ။

"ဒီထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတွေက အသက်သစ်ပင်ကို ဘယ်လောက်ကြီးထွားစေနိုင်မလဲ ငါ သိချင်တယ်"

လီဖူချန်းကို လက်ကို ဝှေ့ယမ်းလိုက်ရာ စပရင်တစ်ခုက သူ့လက်ထဲမှာ ထွက်ပေါ်လာတယ်။

ဒီစပရင်ကို ကြည့်ရတာ လက်ဝါးအရွယ်လို့ ထင်ရပေမယ့် ၎င်းရဲ့အစစ်အမှန်အရွယ်အစားက ကြယ်တစ်လုံးထက် မနိမ့်ကျပါဘူး။ ၎င်းက စကြာဝဠာမှာ ကျော်ကြားတဲ့ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့အသက်စပရင်ပါပဲ။

စပရင်ကို ကြီးထွားစေပြီး‌နောက် လီဖူချန်းက ၎င်းအထဲမှာ အသက်သစ်ပင်ကို ထည့်လိုက်တယ်။

မီတာ၂၀၀၀၀၊ မီတာ၃၀၀၀၀၊ မီတာ၄၀၀၀၀......

အသက်သစ်ပင်က လျင်မြန်စွာ ကြီးထွားလာတယ်။

အသက်စပရင်ခန်းခြောက်သွားတဲ့အခါ အသက်သစ်ပင်က မီတာ၈၅၀၀၀၀အထိ ကြီးထွားလာတယ်။

ထို့နောက် လီဖူချန်းက နောက်ထပ်အသက်ရင်းမြစ်ပုံဆောင်ခဲတစ်ခုကို ယူထုတ်လိုက်တယ်။

အသက်စွမ်းအားတွေပါဝင်နေတဲ့အခြေခံအသုံးအဆောင်ပစ္စည်းအားလုံးကို အသုံးပြုပြီးတဲ့အခါ လီဖူချန်းရဲ့အသက်သစ်ပင်က မီတာဆယ်သန်းအထိ မြင့်လာတယ်။

ဒါက အရမ်းမြင့်တယ်၊ မိုင်နဲ့ တွက်ကြည့်ရင် မိုင်၂၀၀၀၀ရှိတယ်။

"ဒါ အခုထိ စကြာဝဠာရတနာတစ်ခုမဟုတ်ပေမယ့် ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုလို့တော့ ပြောလို့ရပြီ"

အသက်သစ်ပင်နဲ့အတူ လီဖူချန်းရဲ့အသက်မှာ အကာအကွယ်အလွှာသုံးခုရှိတာနဲ့ ညီမျှတယ်။ ပထမအကာအကွယ်အလွှာက ကပ်ဘေးမသေမျိုးခန္ဓာကိုယ်၊ ဒုတိယအကာအကွယ်အလွှာက သူ့ရဲ့ကိုယ်ပိုင်သက်စောင့်ခွန်အားတွေဖြစ်ပြီး တတိယအကာအကွယ်အလွှာက အသက်သစ်ပင်ဖြစ်တယ်။ လီဖူချန်းကို သတ်ဖို့အတွက် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်ဆယ်ယောက်ပေါင်းရင်တောင် သူတို့က သူ့ကို ဘာမှမလုပ်နိုင်မှာကို ကြောက်ရွံ့မိတယ်။

လီဖူချန်း မူလဘူတမြေပြင်ကို ရောက်ရှိလာတာ နှစ်တစ်ရာရှိပါပြီ။

"ဟမ်၊ ဒါ ကုသရေးအညှောက်ပဲ"

သဲကန္တာရတစ်ခုအထဲမှာ လီဖူချန်းက အစိမ်းရောင်ပဲပင်ပေါက်နဲ့တူတဲ့လက်သီးအရွယ်အစားဆေးပင်တစ်ပင်ကို တွေ့လိုက်ရတယ်။ အစိမ်းရောင်အလင်းစက်တွေက အပင်ပတ်ပတ်လည်မှာ လှိုင်းထနေတယ်။

ကုသရေးအညှောက်မှာ အကန့်အသတ်မဲ့ကုသရေးစွမ်းအားတွေ ပါဝင်တယ်။ ၎င်းရဲ့ချီတည်ရှိမှုအနည်းငယ်က‌တောင် အသက်စွမ်းအားကိုဆုံးရှုံးသွားတဲ့ကြယ်တစ်လုံးကို ပြန်ကောင်းစေနိုင်တယ်။

"အမြင့်ကိီလိုမီတာတစ်သန်း"

မူလဘူတမြေပြင်မှာ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတွေအများကြီးရှိပြီး အသက်စွမ်းအားပါဝင်တဲ့အခြေခံအသုံးအဆောင်ပစ္စည်းတွေကလည်း အများကြီးရှိတယ်။ ဒီထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတွေရဲ့အသက်စွမ်းအားကို စုပ်ယူပြီးနောက် အသက်သစ်ပင်က ကီလိုမီတာတစ်သန်းအမြင့်ကို ရောက်ရှိလာတယ်။

အနှစ်နှစ်ရာမြောက်မှာ အသက်သစ်ပင်က ကီလိုမီတာ၁.၅သန်းအမြင့်အထိ ကြီးထွားလာတယ်။ တစ်ချိန်တည်းမှာပဲ လီဖူချန်းက အမှောင်ကောင်စီရဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်။

အနှစ်သုံးရာမြောက်မှာ အသက်သစ်ပင်က အမြင့်ကီလိုမီတာနှစ်သန်းအထိ ကြီးထွားလာတယ်။

အနှစ်ငါးရာမြောက်မှာ အသက်သစ်ပင်က အမြင့်ကီလိုမီတာ၃.၅သန်းအထိ ရောက်ရှိလာတယ်။ လီဖူချန်းက နတ်ဘုရားခန်းမမှ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်။

"ကြီးထွားမှုက ပိုနှေးလာတယ်။ ကြည့်ရတာ အသက်သစ်ပင်အပေါ်ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတွေရဲ့သက်ရောက်မှုက လျော့ကျလာပုံပဲ။ စကြာဝဠာရတနာတစ်ခုအဖြစ်သို့ ပြောင်းလဲဖို့ဆိုရင် စကြာဝဠာရတနာတစ်ခုရဲ့အသက်စွမ်းအားကို စုပ်ယူဖို့လိုမယ်" လီဖူချန်းက စိတ်ထဲမှာ ရေရွတ်လိုက်တယ်။

မူလဘူတမြေပြင်က အလွန်ကြီးမားတယ်၊ မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက မူလဘူတမြေပြင်ရဲ့ဗဟိုကို ရောက်ရှိလာပါပြီ။

"သတ်၊ မူလဘူတကြေးညိုသော့က အချိန်အရှင်မှာ ရှိတယ်"

ကျောက်တုံးတောအုပ်တစ်ခုအထဲမှာ ဖရိုဖရဲတိုက်ပွဲတစ်ခုက ဖြစ်ပွားနေတယ်။

တိုက်ပွဲအကြောင်းရင်းက မူလဘူတကြေးညိုသော့ကြောင့်ပဲ။

မူလဘူတကြေးညိုသော့ကို အရင်ဆုံးရရှိတဲ့သူက ‌ကျားခေါင်းအရှင်ဖြစ်တယ်။ ကျားခေါင်းအရှင်ကို သတ်ပြီး လေဟင်းလင်းပြင်ဘိုးဘေးလက်ထဲကို ရောက်သွားတယ်။ နောက်ဆုံးမှာ ၎င်းက အချိန်အရှင်ရဲ့လက်ထဲကို ရောက်ရှိလာတယ်။

အချိန်အရှင်က အချိန်တာအိုကို ကျွမ်းကျင်ပြီး အချိန်ကို ပြောင်းပြန်လုပ်နိုင်တယ်။ သူက ထွက်ပြေးရာမှာ အလွန်ကျွမ်းကျင်တယ်။

ကံမကောင်းစွာနဲ့ ပြိုင်ဘက်ကင်းအရှင်နှစ်ဆယ်ကျော်ရဲ့ဝိုင်းရံမှုအောက်မှာ အချိန်အရှင်က ထွက်မပြေးနိုင်တော့ဘူး။

"အချိန်အရှင်၊ မူလဘူ‌တကြေးညိုသော့ကို ပေး၊ အဲဒါဆို မင်းအသက်ကို ချမ်းသာပေးမယ်"

နဖူးပေါ်မှာ မိုးကြိုးအမှတ်အသားတစ်ခုရှိတဲ့ ပြိုင်ဘက်ကင်းအရှင်တစ်‌ယောက်က အော်လိုက်တယ်။

"မိုးကြိုးအော်သံတာအိုဘိုးဘေး၊ ဒါ မဖြစ်နိုင်မှန်း မင်း သိသင့်တယ်"

အချိန်အရှင်က လက်ကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးအော်သံတာအိုဘိုးဘေးရှိရာ နေရာလပ်-အချိန်က ရပ်တန့်သွားတယ်။

"သေချင်နေတာပဲ"

တစ်ခဏရပ်တန့်သွားပြီးနောက် မိုးကြိုးအော်သံတာအိုဘိုးဘေးရဲ့ခန္ဓာကိုယ်က ကြောက်စရာကောင်းတဲ့မိုးကြိုးစွမ်းအားတစ်ခုကို ပေါက်ကွဲထွက်စေလိုက်တယ်။ ဒီမိုးကြိုးစွမ်းအားရဲ့အရှေ့မှာ စကြာဝဠာဥပဒေသအားလုံးက ပေါက်ကွဲထွက်သွားတယ်။ ဆံပင်တစ်ပင်လောက်ပါးလွှာတဲ့မိုးကြိုးစွမ်းအားအမျှင်တစ်ခုက အချိန်အရှင်ဆီ ချက်ချင်း ရောက်ရှိလာတယ်။

ဖူး.....

သွေးတစ်ပွက်အန်ကာ အချိန်အရှင်က ယိမ်းယိုင်သွားတယ်။

"မိုးကြိုးအော်သံတာအိုဘိုးဘေး၊ ငါ့ကို ဖိအားမပေးနဲ့" အချိန်အရှင်က အော်လိုက်တယ်။

"မင်းလဲ ငါ့ကို ဖိအားမပေးနဲ့" မိုးကြိုးအော်သံတာအိုဘိုးဘေးက လက်ကို ဝှေ့ယမ်းလိုက်ရာ ဆံပင်ပမာမိုးကြိုးစွမ်းအားအမျှင်တန်းတွေက အချိန်အရှင်ဆီ ရိုက်ခတ်လာတယ်။

ဆံပင်ပမာမိုးကြိုးစွမ်းအားက ကြောက်စရာကောင်းလွန်းတာကြောင့် အချိန်အရှင်က ရွေးချယ်စရာမရှိဘဲ ထွက်ပြေးလိုက်ရတယ်။

"မိုးကြိုးအော်သံတာအိုဘိုးဘေး၊ မင်း ငါ့ကို ဖိအားပေးလိုက်တာပဲ၊ အချိန်ဒေါသ...." အချိန်အရှင်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်တစ်ခုက ပေါက်ကွဲထွက်သွားပြီး ကြောက်စရောကောင်းတဲ့အချိန်စွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းသွားကာ ဦးတည်ဘက်တိုင်းကို ရိုက်ခတ်သွားတယ်။ မိုးကြိုးအော်သံတာအိုဘိုးဘေးက အချိန်မီမရှောင်တိမ်းနိုင်ဘဲ အချိန်မုန်တိုင်းထဲသို့ နစ်မြုပ်သွားတယ်။

မိုးကြိုးအော်သံတာအိုဘိုးဘေး လွတ်မြောက်လာတဲ့အချိန်မှာ အချိန်အရှင်က ထွက်ပြေးသွားတာ ကြာပါပြီ။

"တောက်" မိုးကြိုးအော်သံတာအိုဘိုးဘေးရဲ့မျက်နှာက အလွန်ရုပ်ဆိုးသွားတယ်။

အချိန်နဲ့နေရာလပ်တာအိုကို ကျင့်ကြံတဲ့သူတွေက ရင်ဆိုင်ရတာ ခက်ခဲတယ်လို့ ပြောကြတာ အမှန်ပါပဲ။

စမ်းချောင်းတစ်ခုဘေးနားမှာ ပုံရိပ်တစ်ခုက ဟင်းလင်းပြင်မှ ပျံသန်းထွက်လာတယ်။

"နောက်ဆုံးတော့ ငါ လွတ်မြောက်လာပြီ"

အချိန်အရှင်က နာကျင်သလို ပျော်ရွှင်မှုကိုလဲ ခံစားရတယ်။

နာကျင်တဲ့အကြောင်းရင်းက မိုးကြိုးအော်သံတာအိုဘိုးဘေးကို ဖယ်ရှားဖို့ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို လောင်ကျွမ်းခဲ့ရတာပဲ။ ထိုခန္ဓာကိုယ်အစိတ်အပိုင်းက သွေးမျိုးဆက်ရင်းမြစ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူ့အနေနဲ့ ပြန်သက်သာဖို့ ဘယ်လောက်တောင် ကြာသလဲကို မသိနိုင်ဘူး။

ပျော်ရွှင်တာကတော့ မူလဘူတကြေးညိုသော့က အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုနဲ့ ညီမျှလို့ပဲ။  သူ့သွေးမျိုးဆက်ရင်းမြစ်အစိတ်အပိုင်းတစ်ခုဆုံးရှုံးတာနဲ့ နှိုင်းယှဉ်ရင် အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုကို ရရှိတာက သေချာပေါက်ကြီးမားတဲ့အကျိုးအမြတ်တစ်ခုပါပဲ။

"ငါ သွေးမျိုးဆက်ရင်းမြစ်အစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးခဲ့ရပေမယ့် ငါ့ခွန်အားက အများကြီးမကျဆင်းသွားဘူး၊ ငါ မူလဘူတမဟာခန်းမကို အမြန်သွားရမယ်"

အချိန်အရှင်က ခဏအနားယူပြီးနောက် ထွက်သွားဖို့ စီစဉ်လိုက်တယ်။

"မင်းမှာ မူလဘူတကြေးညိုသော့ရှိတာလား"

ရုတ်တရက် ကြောက်စရာကောင်းတဲ့ဓားတာအိုဥပဒေသတစ်ခုက ဝန်းရံလာပြီး အခြားစကြာဝဠာဥပဒေသတွေကို ဖယ်ရှားလိုက်တယ်။ ပုံရိပ်တစ်ခုက ကောင်းကင်မှ ဆင်းသက်လာတယ်။

"မင်း ဘယ်သူလဲ" အချိန်အရှင်က ထိတ်လန့်တုန်လှုပ်သွားတယ်။

"ငါ ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ မင်း ဒီမူလဘူတကြေးညိုသော့ကို မထိန်းသိမ်းနိုင်ရင် ငါ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းသုံးခုနဲ့ အဲဒါကို ဖလှယ်မယ်" လီဖူချန်းမှာ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတွေလေးဆယ်ကျော်ရှိတယ်၊ သုံးခုလောက်ပေးလိုက်ရတာက ပြဿနာတစ်ခုမဟုတ်ဘူး။

ဒါပေမယ့် ဒါက လီဖူချန်း သဘောကောင်းနေလို့ပဲ၊ သို့မဟုတ်ရင် သူက အချိန်သဲအရှင်ရဲ့မူလဘူတကြေးညိုသော့ကို တိုက်ရိုက်လုယူသွားပြီ။

"မူလဘူတကြေးညိုသော့ကို အခြေခံအသုံးအဆောင်ပစ္စည်းသုံးခုလောက်နဲ့ ဖလှယ်ချင်တာလား" အချိန်အရှင်က နှာခေါင်းရှုံ့လိုက်တယ်။

ပုံမှန်အားဖြင့်ပြောရရင် အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုကို ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းဆယ်ခုနဲ့ အနည်းဆုံးဖလှယ်နိုင်တယ်။ အားကောင်းတဲ့အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုသာဆိုရင် ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းရာကျော်နဲ့ ဖလှယ်နိုင်တာ ပုံမှန်ပါပဲ။

"ဘာလဲ၊ မကျေနပ်ဘူးလား"

လီဖူချန်းက ပြုံးလိုက်တယ်။

မူလဘူတကြေးညိုသော့တစ်ချောင်းအတွက် အခြေခံအသုံးအဆောင်ပစ္စည်းသုံးခုနဲ့ ဖလှယ်တာက တကယ်ကို မမျှတပါဘူး။

ဒါပေမယ့် မူလဘူတမြေပြင်မှာ ခွန်အားကပဲ အရာရာတိုင်းပဲ။ တစ်ဖက်လူရဲ့ခွန်အားက အားနည်းရင် သူက မမျှတမှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမှာပဲ။

"ငါ့မှာ မူလဘူတကြေးညိုသော့ရှိတာကို မင်း ဘယ်လိုသိသလဲ ငါ သိချင်တယ်" အချိန်အရှင်က လီဖူချန်းကို ဘယ်တုန်းကမှ မမြင်ခဲ့ဘူး။

"မင်း သိစရာမလိုဘူး"

အချိန်အရှင်မှာ မူလဘူတကြေးညိုသော့ရှိတာကို သူ သိတဲ့အကြောင်းရင်းကတော့ သူက မူလ‌ကြေးညိုသော့ကို ရရှိထားခဲ့ပြီး စွမ်းရည်အချို့ကို လေ့လာထားခဲ့လို့ပဲ။ ဥပမာအားဖြင့် အကွာအဝေးတိုတစ်ခုအတွင်းမှာ သူက အခြားမူလဘူတကြေးညိုသော့ရဲ့တည်ရှိမှုကို အာရုံခံနိုင်တယ်။ အခုလဲ သူက အချိန်သဲအရှင်ရဲ့နေရာလပ်လက်စွပ်ထဲမှာ မူလဘူတကြေးညိုသော့တစ်ချောင်းရှိတာကို သူ အာရုံခံနိုင်ခဲ့တာလေ။

"ထွက်ပြေးရမယ်...."

အချိန်က ရပ်သွားပြီး အချိန်သဲအရှင်ရဲ့ခန္ဓာကိုယ်က ပုံရိပ်ယောင်ဖြစ်သွားတယ်။

"မင်း ထွက်ပြေးနိုင်မယ်လို့  ထင်နေတာလား"

လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်။

ဝုန်း......

ဟင်းလင်းပြင်ထဲမှာ အချိန်သဲအရှင်က နောက်သို့ ပြန်ကန်ထွက်လာတယ်။

"‌တောက်"

အချိန်အရှင်က အချိန်စွမ်းအားကို ဆက်လက်လှည့်ပတ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ သူက ဓားပိတ်လှောင်ခြင်းစကြာဝဠာကို လုံးဝမချိုးဖြတ်နိုင်ခဲ့ဘူး။

"ရုန်းကန်နေစရာမလိုဘူး၊ မင်းနဲ့ငါကြားကွာဟချက်က ကြီးမားလွန်းတယ်။ ဘယ်လိုအံ့ဖွယ်ဖြစ်ရပ်တစ်ခုမှ မဖြစ်လာနိုင်ဘူး။ အစောကတည်းက ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းသုံးခုနဲ့ ဖလှယ်မယ်လို့ ငါ ပြောခဲ့သားပဲ။ အဲဒါက အခုထိ တရားဝင်နေတုန်းပဲ" လီဖူချန်းက အချိန်သဲအရှင်ကို စိတ်ကူးထဲတောင် မထည့်ပါဘူး။ အချိန်သဲအရှင်က အရှင်သတ်မှတ်ချက်ရဲ့အဆင့်၃၀၀ပတ်လည်မှာသာ ရှိတာလေ။

"တောက်၊ အချိန်ဒေါသ......"

အချိန်သဲအရှင်က ရှုံးနိမ့်တာကို မဝန်ခံချင်ဘူး။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး ကြောက်စရာကောင်းတဲ့အချိန်စွမ်းအားအဖြစ်သို့ ပြောင်းသွားကာ အရာအားလုံးကို ဝါးမျိုသွားတယ်။ ဒါပေမယ့် ဒါက အရင်တစ်ခါနဲ့တော့ မတူပါဘူး။ အချိန်အရှင်က အချိန်စွမ်းအားကို လှံတစ်ချောင်းအဖြစ် စုစည်းဖို့ အကောင်းဆုံးကြိုးစားခဲ့ပြီး ဓားပိတ်လှောင်ခြင်းစကြာဝဠာရဲ့အတားအဆီးကို ထိုးဖောက်လိုက်တယ်။

ဖြောက်......

ဓားပိတ်လှောင်ခြင်းစကြာဝ‌ဠာရဲ့အတားအဆီးမှာ မမြင်နိုင်တဲ့အက်ကြောင်းတစ်ခုဖြစ်လာတယ်။

"စိတ်ဝင်စားစရာပဲ၊ မင်းက အချိန်တာအိုကျင့်ကြံသူဆိုတာ အံ့ဩစရာမရှိဘူးပဲ"

လီဖူချန်းက ပြုံးလိုက်ပေမယ့် ထိတ်လန့်ခြင်းတော့ ရှိမနေဘူး။

ဓားပိတ်လှောင်ခြင်းစကြာဝဠာကို မချိုးဖြတ်နိုင်သရွေ့ ၎င်းက အလွယ်တကူပြုပြင်နိုင်တယ်။ အချိန်အရှင်က အံ့မခန်းအကွက်အချို့ကို အသုံးပြုကာ ဓားအဆောင်တွေထဲကတစ်ခုကို ထိခိုက်စေမှန်း သိသာတယ်။ ကံမကောင်းစွာနဲ့ ဓားပိတ်လှောင်ခြင်းစကြာဝဠာကို အဆုံးမဲ့ဓားအဆောင်တွေနဲ့ ဖွဲ့စည်းထားတာပဲ။ ဓားအဆောင်တစ်ခုက လူသားခန္ဓာကိုယ်ပေါ်ရှိ ဆံပင်အမျှင်တန်းတစ်ခုနဲ့ ညီမျှတယ်။

"ငါ ဖလှယ်ဖို့ ဆန္ဒရှိတယ်၊ ငါ ဖလှယ်ဖို့ ဆန္ဒရှိတယ်"

အချိန်အရှင်က စိတ်ဓာတ်ကျကာ ‌မူလဘူတကြေးညိုသော့ကို ဖလှယ်ဖို့ အဆိုပြုလိုက်တယ်။

"နောက်ကျလွန်းသွားပြီ၊ အခု ငါ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုပဲ ပေးတော့မယ်" လီဖူချန်းက ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုကို ယူထုတ်ကာ တစ်ဖက်လူကို ပေးလိုက်တယ်။

"တစ်ခုက နည်းလွန်းတယ်" အချိန်အရှင်က မျက်မှောင်ကြုတ်လိုက်တယ်။

"ငါ့သည်းခံမှုက အကန့်အသတ်ရှိတယ်နော်" လီဖူချန်းက စိတ်မရှည်စွာ ပြောလိုက်တယ်။

ဒါကို ကြားပြီး အချိန်အရှင်က ထိတ်လန့်သွားကာ မူလဘူတကြေးညိုသော့ကို ချက်ချင်းယူထုတ်ပြီး လီဖူချန်းထံ ပစ်ပေးလိုက်တယ်။

"စောစောကတည်းက မင်း အဲလိုရွေးချယ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ"

မူလဘူတကြေးညိုသော့ကို သိမ်းပြီး‌နောက် လီဖူချန်းက ထွက်ခွာသွားတော့တယ်။

All Chapters