စီရင်ချက်ဆရာသခင်
Vol. 73 Ch. 1020
မူလဘူတကြေးညိုသော့နှစ်ချောင်းက လီဖူချန်းအနေနဲ့ အဆင့်နိမ့်စကြာဝဠာရတနာနှစ်ခုကို ရရှိနိုင်တယ်လို့ ဆိုလိုတယ်။ မူလဘူတကြေးညိုသော့ကို အခြားသူတွေ လုယူမှာနဲ့ပတ်သက်ပြီး သူက မစိုးရိမ်ပါဘူး။
မူလဘူတမြေပြင်မှာ အခြေခံအားဖြင့် အစွန်အဖျားတွေမှာ သဘာဝအန္တရာယ်တွေ မရှိပေမယ့် အတွင်းပိုင်းမှာ သဘာဝအန္တရာယ်တွေက စတင်ထွက်ပေါ်လာတယ်။
ဥပမအားဖြင့် တစ်ယောက်ယောက်က အေးအေးဆေးဆေးလမ်းလျှောက်နေချိန်မှာ ရုတ်တရက် ထူးဆန်းတဲ့လေတစ်ခုက တိုက်ခတ်လာတယ်။ သူက အဲဒါကို မရင်ဆိုင်နိုင်ရင် သူက ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားရလိမ့်မယ်။
ထူးဆန်းတဲ့လေအပြင် ပြိုင်ဘက်ကင်းအရှင်အဆင့်ခွန်အားရှိတဲ့ထူးဆန်းတဲ့ငှက်တွေလည်း ရှိတယ်။ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်ခွန်အားရှိတဲ့ဧရာမမြေအောက်တီကောင်တွေလည်း ရှိတယ်။ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်ကို ကျော်လွန်သွားတဲ့ ထူးဆန်းတဲ့နဂါးတွေလည်း ရှိတယ်။
အတိုချုပ်အားဖြင့် မူလဘူတခန်းမရှိရာသို့သွားလေ၊ အန္တရာယ်က ပိုများလေဖြစ်တယ်။ တစ်ယောက်ယောက်က မူလဘူတကြေးညိုသော့ကို ရရှိရင်တောင် သူတို့က မူလဘူတခန်းမဆီ အသက်ရှင်လျက် မရောက်ရှိနိုင်ဘူး။
"အဲဒီနဂါးက တကယ်အံ့မခန်းပဲ"
အန္တရာယ်အားလုံးအကြားမှာ လီဖူချန်းကို ဖိအားပေးတဲ့တစ်ခုတည်းသောအရာက ခေါင်းဆယ်လုံးနဲ့ကျောက်တုံးလိုအရေပြားရှိတဲ့နဂါးတစ်ကောင်ပါပဲ။ ထိပ်တိုက်တွေ့ရင် လီဖူချန်းကတောင် ဒိီနဂါးအတွက် ပြိုင်ဘက်မဟုတ်ဘူး။
"တာအိုမိတ်ဆွေလေး၊ ငါ့ကို ကယ်ပါအုံး"
အဝေးမှ ပြိုင်ဘက်ကင်းအရှင်ဆစ်ယောက်ကို ထူးဆန်းတဲ့ငှက်အုပ်စုတစ်စုက ဝိုင်းရံထားတယ်။
"အသက်တစ်သက်အတွက် မူလဘူတသော့တစ်ချောင်း"
တစ်ဖက်လူရဲ့ခန္ဓာကိုယ်ပေါ်မှာ မူလဘူတသော့တစ်ချောင်းရှိတာကို လီဖူချန်းက သိလိုက်တယ်။
"ငါ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းသုံးခုနဲ့ ကမ်းလှမ်းချင်ပါတယ်"
ထိုပြိုင်ဘက်ကင်းအရှင်က မူလဘူတသော့ကို လွှဲပေးလိုခြင်းမရှိဘူး။
အား......
သူ စကားပြောနေစဉ်မှာ ထူးဆန်းတဲ့ငှက်တစ်ကောင်က သူ့ရဲ့ခုခံမှုကို ချိုးဖြတ်ကာ သူ့အသားတစ်တုံးကို ကိုက်ဖြတ်လိုက်တယ်။ နောက်ထပ်ထူးဆန်းတဲ့ငှက်တွေက ပြိုင်ဘက်ကင်းအရှင်အပေါ် ခုန်အုပ်လာပြီး မျက်စိတစ်မှိတ်အတွင်း ပြိုင်ဘက်ကင်းအရှင်အားလုံးရဲ့အရိုးကို ဝါးမျိုသွားခဲ့တယ်။
"နေရာလက်စွပ်ကိုတော့ မဝါးမျိုနိုင်ပါဘူး"
ဓားချီတစ်ခုက ပျံသန်းထွက်လာပြီး ထူးဆန်းတဲ့ငှက်ရဲ့ဝမ်းဗိုက်ပိုင်းကို ထိုးဖောက်သွားကာ နေရာလပ်လက်စွပ်တစ်ကွင်းက ပြုတ်ကျလာတယ်။
ဂါး .....
ထူးဆန်းတဲ့ငှက်ရဲ့ကြီးမားတဲ့အရေအတွက်တစ်ခုက လီဖူချန်းဆီ တစ်ဟုန်ထိုးပြေးလာတယ်။
လီဖူချန်းက ဒီငှက်တွေကို ဂရုမစိုက်တော့ပါဘူး၊ နတ်ဓားတည်နေရာရွှေ့ပြောင်းခြင်းကို ထုတ်ဖော်ကာ ပျောက်ကွယ်သွားတော့တယ်။
……
"အလင်းဖြာထွက်နတ်ဘုရားပိုင်နက်"
ခမ်းနားကြီးကျယ်တဲ့အလင်းဖြာထွက်ဥပဒေသက နေရာတစ်ခုလုံးကို ဝန်းရံသွားပြီး ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကိုလည်း ဝန်းရံသွားတယ်။
"အလင်းနတ်ဘုရားအရှင်၊ မင်း ဘာလို့ ငါ့ကို တိုက်ခိုက်ရတာလဲ"
အလင်းဖြာထွက်နတ်ဘုရားပိုင်နက်ထဲရှိပြိုင်ဘက်ကင်းအရှင်ကို အရှင်ချန်မူလို့ခေါ်တယ်။ သူက အရှင်သတ်မှတ်ချက်ရဲ့အဆင့်၆၀၀အထက်မှာ ရှိတယ်။ လက်ရှိအချိန်မှာ ကြောက်ရွံ့မှုတွေက သူ့မျက်နှာမှာ ပြည့်နေတယ်။ အလင်းနတ်ဘုရားအရှင်က အရှင်သတ်မှတ်ချက်ရဲ့အဆင့်၁ဖြစ်ပြီး သူ့ထက် အဆများစွာ ပိုသန်မာတယ်။
"မူလလူတသော့ကို ပေး၊ အဲဒါဆိုရင် ငါ မင်းကို မြန်မြန်သေခွင့်ပေးမယ်"
အလင်းနတ်ဘုရားအရှင်က ကံကောင်းတယ်။ လွန်ခဲ့တဲ့နှစ်တစ်ရာအကျော်က သူက မူလဘူတကြေးညိုသော့ကို ရရှိခဲ့တယ်။ ဒီမူလဘူတကြေးညိုသော့နဲ့ဆိုရင် သူက နီးကပ်တဲ့အကွာအဝေးတစ်ခုအတွင်းရှိ အခြားမူလဘူတသော့တွေကို အာရုံခံနိုင်တယ်။
"မဖြစ်နိုင်ဘူး၊ လေးလံသစ်သားချပ်ဝတ်"
အဆုံးမဲ့နွယ်ပင်တွေက အရှင်ချန်မူရဲ့အစိမ်းရောင်တိုက်ပွဲချပ်ဝတ်မှ ကြီးထွားလာတယ်။ မျက်စိတစ်မှိတ်အတွင်း သေးငယ်တဲ့သစ်တောတစ်ခုက အရှင်ချန်မူကို ဖုံးလွှမ်းသွားတယ်။
ဒီလေးလံသစ်သားချပ်ဝတ်က အရှင်ရှန်မူရဲ့ဘဝမှာ ဂုဏ်အယူရဆုံးဖြစ်ပြီး ၎င်းက အဆင့်၆ထူးကဲအဆင့်ချပ်ဝတ်တစ်ခုဖြစ်တယ်။
"အလင်းဖြာထွက်နတ်ဘုရားလက်ဝါး"
အလင်းအရှင်က သူ့ရဲ့ညာဘက်လက်ကို မြှောက်ကာ သစ်တောဆီ ရိုက်ထည့်လိုက်တယ်။
နှင်းကိုအရည်ပျော်စေတဲ့နေပမာ သစ်တောက ချက်ချင်း အရည်ပျော်ကျသွားတယ်။ အရှင်ချန်မူရဲ့ခန္ဓာကိုယ်ကလည်း ဖယောင်းတိုင်တစ်ချောင်းပမာ စတင်အရည်ပျော်လာတယ်။
"တိုက်ခိုက်မှုတစ်ခုက ငါ့ခွန်အားရဲ့တစ်ထောင်ပုံတစ်ပုံကို ချေမှုန်းခဲ့တာလား"
အရှင်ချန်မူက ကြောက်ရွံ့သွားတယ်။
ဒီလိုသာဆိုရင် လက်ဝါးရိုက်ချက်တစ်ထောင်ပြည့်ပြီးရင် သူက သေသွားရမှာ အသေအချာပဲ။
"မဟာအလင်းနတ်ဘုရားလက်ဝါး"
မျက်မှောင်ကြုတ်လျက် အလင်းအရှင်က သူ့လက်ဝါးနှစ်ဖက်စလုံးကို အရှင်ချန်မူထံ ထုတ်ဖော်လိုက်တယ်။
ဝုန်း.......
အရှန်ချန်မူရဲ့ခန္ဓာကိုယ်ပေါ်ရှိလေးလံသစ်သားချပ်ဝတ်က အမှတ်အသားတွေနဲ့ ပြည့်သွားတယ်။ သူ့ခွန်အားကျဆင်းမှုက အရင်ကထက် အဆများစွာပိုတယ်။ ဒါက အရှင်ချန်မူကို အတော်လေးကြောက်ရွံ့သွားစေတယ်။
"နှေးလွန်းတယ်"
အလင်းနတ်ဘုရားအရှင်က သူ့လက်ကို လှန်လိုက်တယ်၊ အလင်းဖြာထွက်ပုတီးစေ့တစ်ခုက သူ့အရှေ့မှာ လွင့်မျောလာတယ်။
ဒါက အဆင့်နိမ့်အလင်းစကြာဝဠာရတနာဖြစ်တဲ့အလင်းဖြာထွက်စိတ်ဝိညာဥ်ပုတီးစေ့ပါပဲ။
အလင်းဖြာထွက်ပုတီးစေ့ထဲရှိအလင်းရင်းမြစ်အဆီအနှစ်က သူ့ခန္ဓာကိုယ်ထဲ ဝင်လာတာကြောင့် အလင်းအရှင်ရဲ့အလင်းအရှိန်အဝါက ထိုးတက်လာပြီး သူက အရှင်ချန်မူကို သူ့လက်ဝါးနဲ့ ထပ်မံရိုက်နှက်လိုက်တယ်။
ဒီလိုနဲ့ပဲ အရှင်ချန်မူရဲ့ခန္ဓာကိုယ်တစ်ဝက်ကျော်က အရည်ပျော်ကျလာတယ်။
"အလင်းအရှင်၊ ငါ့အသက်ကို ချမ်းသာပေးပါ၊ ငါ မူလဘူတကြေးညိုသော့ကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်"
အရှင်ချန်မူက သေမှာကို ကြောက်ရွံ့နေမိတယ်။ ဒီလက်ဝါးရိုက်ချက်တစ်ခုက သူ့ခွန်အားရဲ့ငါးဆယ်ရာခိုင်နှုန်းကို ဖျက်ဆီးခဲ့တယ်။ သူက လက်ဝါးရိုက်ချက်နှစ်ဆယ်သုံးဆယ်အတွင်း အသတ်ခံရလိမ့်မယ်လို့ အရှင်ချန်မူက ခံစားမိတယ်။
"နောက်ကျသွားပြီ"
အလင်းအရှင်က တစ်ဖက်လူကို လစ်လျူရှုကာ အသက်တစ်ခါရှုချိန်အတွင်း လက်ဝါးရိုက်ချက်သုံးဆယ်ကျော်ကို ဖော်ထုတ်လိုက်တယ်။
ရိုက်ချက်သုံးဆယ်ပြီးနောက် အရှင်ချန်မူက ပြာအဖြစ် ပျောက်ကွယ်သွားတော့တယ်။
"ဒါ အလင်းနတ်ဘုရားအရှင်ရဲ့စွမ်းအားလား"
မနီးမဝေးမှ ဆည်းဆာနတ်ဘုရားအရှင်က ထိတ်လန့်တုန်လှုပ်သွားတယ်။
သူသာဆိုရင် တိုက်ကွက်သောင်းကျော်မသုံးဘဲ အရှင်ချန်မူကို သတ်ဖို့မဖြစ်နိုင်ဘူး။ အလင်းနတ်ဘုရားအရှင်ကတော့ တိုက်ကွက်ဒါဇင်ကျော်သာ ဖော်ထုတ်ခဲ့ရတယ်။ အလင်းဖြာထွက်စိတ်ဝိညာဉ်ပုတီးစေ့က တစ်စိတ်တစ်ပိုင်းဆိုပေမယ့် အခြေခံအသုံးအဆောင်ပစ္စည်းတွေကလည်း သူ့ခွန်အားရဲ့အစိတ်အပိုင်းဖြစ်တယ်။
.
"အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမရှိရင် ငါက အလင်းနတ်ဘုရားအရှင်ရဲ့ပြိုင်ဘက်မဟုတ်မှာကို ငါ ကြောက်တယ်" မီးသူတော်ကောင်းနတ်ဘုရားအရှင်က အလင်းနတ်ဘုရားအရှင်ရဲ့ခွန်အားကြောင့် အနည်းငယ်အံ့အားသင့်သွားတယ်။
……
"အားလုံးပဲ၊ ငါတို့နောက်ကို ရှေးဟောင်းနဂါးတစ်ကောင်က လိုက်လာနေတယ်"
ဒီနေ့မှာ လီဖူချန်းရဲ့တည်နေရာရွှေ့ပြောင်းရေးတိုကင်က ဓားသမားအစည်းအရုံးအဖွဲ့တစ်ခုမှသတင်းတစ်ခုကို ထုတ်လွှင့်လာတယ်။
"ရှေးဟောင်းနဂါးလား"
လီဖူချန်းက အများကြီးမစဥ်းစားခဲ့ပါဘူး၊ သူက ထိုအဖွဲ့ရဲ့တည်နေရာဆီ ချက်ချင်း ပျံသန်းသွားလိုက်တယ်။
သူက ရှေးဟောင်းနဂါးရဲ့ပြိုင်ဘက်မဟုတ်ပေမယ့် သူက ၎င်းကို တစ်ခဏတာတော့ တားဆီးနိုင်တယ်။
ကြီးမားတဲ့ချို့င်ဝှမ်းတစ်ခုအထဲမှာ ဓားသမားအစည်းအရုံးရဲ့ပြိုင်ဘက်ကင်းအရှင်နဲ့အထွတ်အထိပ်အရှင်အားလုံးပေါင်းခုနှစ်ယောက်က သေရေးရှင်ရေးအခြေအနေမှာ ရှိနေတယ်။ ရှေးဟောင်းနဂါးရဲ့တိုက်ခိုက်မှုကြောင့် သူတို့ထဲကသုံးယောက်က သေသွားခဲ့ပါပြီ။
ဒီရှေးဟောင်းနဂါးက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေထက် ပိုသန်မာပြီး ဦးခေါင်းဆယ်ခုရှိကာ တစ်ခုစီက မတူညီတဲ့တိုက်ခိုက်မှုတွေကို ဖော်ထုတ်နိုင်တယ်။
"မဟုတ်ဘူး၊ ကျေးဇူးပြုပြီး ငါ့ကို မြန်မြန်ကယ်ပေးပါ"
အထွတ်အထိပ်အရှင်တစ်ယောက်ရဲ့ခန္ဓာကိုယ်က ပထမအေးခဲသွားတယ်၊ ထို့နောက် မီးလျှံတွေက ဝါးမျိုလာတယ်။ ပြီးနောက် သူ့ကို အလင်းလှိုင်းတွေက ရိုက်ခတ်လာပြီး မိုးကြိုးတွေ ပစ်ခတ်လာတယ်။ သူက သစ်သားတိုင်တစ်ခုပမာ ရွေ့လျားချင်ရင်တောင် မရွေ့လျားနိုင်ဘူးဖြစ်နေတယ်။
ရှေးဟောင်းနဂါးက ကြောက်စရာကောင်းလွန်းပြီး လူတိုင်းက အကူအညီမဲ့နေရတယ်။ သူတို့ရဲ့တိုက်ခိုက်မှုတွေက ၎င်းကို ယားယံစေရုံမျှသာဖြစ်တယ်။ အသန်မာဆုံးဖြစ်တဲ့ရွှေဖြူဓားဘိုးဘေးကတောင် ရှေးဟောင်းနဂါးရဲ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခုကို မချန်ထားနိုင်ဘူး။
ထွက်ပြေးလွတ်မြောက်ဖို့အတွက်ကတော့ ရှေးဟောင်းနဂါးရဲ့အရှိန်က မြန်လွန်းတယ်။ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေကသာ လွတ်မြောက်နိုင်လောက်တယ်၊ အခြားအရှင်တွေအနေနဲ့ သူတို့က လွတ်မြောက်ချင်ရင်တောင် မလွတ်မြောက်နိုင်ဘူး။
ထိုအထွတ်အထိပ်အရှင် သေဆုံးတော့မယ့်အခိုက်မှာ ဓားအလင်းတွေက ရှေးဟောင်းနဂါးအပေါ် ရုတ်တရက် ခုတ်ပိုင်းလာတယ်။ ရှေးဟောင်းနဂါးက ယိမ်းယိုင်သွားကာ နောက်သို့အနည်းငယ်ဆုတ်လိုက်ရတယ်။ ရလဒ်အနေနဲ့ ရှေးဟောင်းနဂါးရဲ့တိုက်ခိုက်မှုကို အလိုအလျောက် တားဆီးနိုင်ခဲ့တယ်။
"မူလအဆုံးစွန်းအရှင်လား"
လူတိုင်းက ဓားအလင်းရဲ့ဦးတည်ဘက်ကို ကြည့်လိုက်ရာ မထိန်းချုပ်နိုင်တော့ဘဲ အံ့ဩတုန်လှုပ်သွားကြတယ်။
ရောက်လာတဲ့သူက မူလအဆုံးစွန်းအရှင်ဖြစ်ပြီး သူတစ်ယောက်တည်းသာလျှင်ဖြစ်တယ်။
ဒါပေမယ့် မူလအဆုံးစွန်းအရှင်က အလွန်သန်မာတာပဲ၊ သူက ရှေးဟောင်းနဂါးရဲ့တိုက်ခိုက်မှုကို တကယ်ဖယ်ရှားနိုင်တယ်။ သူတို့အထဲမှာ ရွှေဖြူဓားဘိုးဘေးကတောင် ရှေးဟောင်းနဂါးရဲ့တိုက်ခိုက်မှုကို မတွန်းလှန်နိုင်ခဲ့ဘူးလေ။
"လူတိုင်းပဲ၊ မင်းတို့အရင်သွားလိုက်၊ ငါ ဒီမှာ တားဆီးထားမယ်" လီဖူချန်းက ပြောလိုက်တယ်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါ နေခဲ့ပြီး မင်းကို ကူညီမယ်"
ရွှေဖြူဓားဘိုးဘေးက ပြောလိုက်တယ်။
"ငါ့မှာ ရှေးဟောင်းနဂါးကို ပထုတ်နိုင်တဲ့နည်းလမ်းတစ်ခုရှိတယ်၊ ဒါပေမယ့် လူတစ်ယောက်ပိုလာရင်တော့ ငါ အဲဒါကို အာမမခံနိုင်ဘူး" လီဖူချန်းက ရှေးဟောင်းနဂါးကို မကြောက်ပါဘူး၊ ရန်သူရဲ့အရှိန်က သူ့လောက်မမြန်ပါဘူး၊ ပြီးတော့ ၎င်းက သူ့အတွက် သေစေနိုင်တဲ့ခြိမ်းခြောက်မှုတစ်ခုကို မဖြစ်စေနိုင်ပါဘူး။
"ဒါက"
လူခုနှစ်ယောက်က ချက်ချင်းထွက်သွားချင်ပေမယ့် သူတို့က အဲလိုလည်း မလုပ်ချင်ဘူးဖြစ်နေတယ်။
ဟိန်းသံ.......
ရှေးဟောင်းနဂါးက ၎င်းရဲ့စွမ်းပကားကို ထုတ်ပြခဲ့ပြီး ဦးခေါင်းဆယ်လုံးက လီဖူချန်းကို တိုက်ခိုက်လာတယ်။ အေးစက်တဲ့ချီ၊ မီးလျှံ၊ အလင်းတန်း၊ မိုးကြိုး၊ ရွှေရောင်အလင်း၊ အဆိပ်မြူ၊ လေဓားသွားနဲ့ တိုက်ခိုက်မှုမျိုးစုံရှိတယ်။ သူတို့အားလုံးက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ဦးတည်ဘက်တိုင်းမှ ပြေးဝင်လာကြတယ်။
"ချိုးဖြတ်စမ်း"
လီဖူချန်းက သူ့ရဲ့ဓားနဲ့ ခုတ်ပိုင်းလိုက်တယ်။
ကပ်ဘေးမသေမျိုးခန္ဓာကိုယ်နဲ့အတူ ရှေးဟောင်းနဂါးရဲ့တိုက်ခိုက်မှုတွေက လီဖူချန်းရဲ့ခွန်အားကိုတောင် မကုန်ခန်းစေနိုင်ပါဘူး။
လီဖူချန်းက ဒီအတိုင်းရပ်နေပြီး ရန်သူရဲ့တိုက်ခိုက်မှုကို မခွင့်ပြုဘူးဆိုရင်ပေါ့။
"ဒီလိုစွမ်းအား၊ သူ့ရဲ့ချီတည်ရှိမှုက လုံးဝအားမနည်းဘူးပဲ"
"သူက မူလဘူတမြေပြင်ကို တစ်ယောက်တည်း လှည့်လည်ရဲတာ အံ့ဩစရာမရှိဘူးပဲ"
"အရင်က ငါတို့အားလုံး သူ့ကို လျှော့တွက်ထားခဲ့ကြတာပဲ"
မူလဘူတမြေပြင်ကို ဝင်လာတဲ့အခါ လီဖူချန်းက အရမ်းမောက်မာလွန်းတယ်လို့ သူတို့က တွေးမိခဲ့တယ်။ အခုကြည့်ရတာ အဲဒါက မောက်မာတာမဟုတ်ဘူး၊ ကိုယ်ကိုယ်ကိုယ်ယုံကြည်ချက်ရှိတာပဲ။ နှိုင်းယှဉ်ရရင် သူတို့ဘက်မှာ လူဆယ်ယောက်ရှိပေမယ့် သူတို့ရဲ့အန္တရာယ်ကိုရင်ဆိုင်နိုင်တဲ့စွမ်းရည်က လီဖူချန်းထက် နိမ့်ကျတယ်။
"မင်းတို့တွေ့တယ်မလား၊ ရှေးဟောင်းနဂါးက ငါ့ကို ဘာမှမလုပ်နိုင်ဘူး၊ မင်းတို့ သွားတော့"
လီဖူချန်းက ပြောလိုက်တယ်။
"ကောင်းပါပြီ၊ မူလအဆုံးစွန်းအရှင်၊ ဒါဆိုလဲ ငါတို့တွေ မင်းကို ကျေးဇူးအများကြီးတင်ပါတယ်" နှစ်ယောက်လုံးက မငြင်းတော့ဘဲ လျင်မြန်စွာ ထွက်ခွာသွားကြတယ်။
ထိုခုနှစ်ယောက်ထွက်သွားပြီးတာနဲ့ လီဖူချန်းလည်း စတင်ထွက်ပြေးခဲ့တယ်။ ချီတည်ရှိမှုကို ဖုန်းကွယ်နိုင်တဲ့ သူ့ရဲ့စိတ်ဝိညာဉ်နဲ့အတူ လီဖူချန်းက တစ်ခဏအတွင်း ရှေးဟောင်းနဂါးရဲ့မြင်ကွင်းမှ ပျောက်ကွယ်သွားတော့တယ်။
မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက မြစ်တစ်စင်းရဲ့ဘေးနားကို ရောက်ရှိလာတယ်။
လီဖူချန်းထင်တာမမှားရင် ဒီမြစ်က မူလဘူတမြစ်ပဲ။ ၎င်းက မူလဘူတမြေပြင်ရဲ့ဗဟိုချက်ကိုလှည့်ပတ်နေတဲ့မြစ်တစ်စင်းဖြစ်တယ်။
မူလဘူတမြစ်ကို ဖြတ်သန်းဖို့က မလွယ်ပါဘူး။
မူလဘူတမြစ်က အမြင်အားဖြင့် မကျယ်သလိုထင်ရပေမယ့် တကယ်တော့ ၎င်းက အကန့်အသတ်မဲ့တယ်။ မြစ်ထဲမှာ ထူးခြားဆန်းကြယ်တဲ့ငါးတွေ မရေမတွက်နိုင်လောက်အောင်ရှိတယ်။ ဒီဆန်းကြယ်ငါးတွေရဲ့အားအနည်းဆုံးကတာင် ပြိုင်ဘက်ကင်းအရှင်တွေဖြစ်တယ်။ အသန်မာဆုံးဆန်းကြယ်ငါးက ရှေးဟောင်းနဂါးထက် မနိမ့်ကျပါဘူး။
ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး အများကြီးစဉ်းစားစရာမလိုပါဘူး။
သူ့ရဲ့အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်ခွန်အားနဲ့ဆိုရင် မူလဘူတမြစ်ကို ဖြတ်သန်းဖို့က အလွန်လွယ်ပါသေးတယ်။
ဝှစ်......
လီဖူချန်းက မူလဘူတမြစ်ပေါ်ကနေ အလွန်အမင်းအရှိန်နဲ့ ပျံသန်းနေတယ်။
အောက်မှာ ဆန်းကြယ်ငါးတွေက မကြာခဏပြေးခုန်ကာ လီဖူချန်းကို ဝါးမျိုဖို့ ကြိုးစားနေတယ်။
"စီရင်ချက်"
လွှမ်းမိုးမြင့်မြတ်တဲ့အလင်းတစ်ခုက ကောင်းကင်မှ ဆင်းသက်လာပြီး လီဖူချန်းဆီ တိုက်ခိုက်လာတယ်။
လျှပ်တစ်ပြက်လက်သွားပြီး လီဖူချန်းက လွှမ်းမိုးမြင့်မြတ်တဲ့အလင်းကို ရှောင်တိမ်းလိုက်တယ်။
"စီရင်ချက်ဆရာသခင်"
လီဖူချန်းက မကျေမနပ်အမူအရာနဲ့အတူ မြင့်မြတ်အလင်းကို ထုတ်လွှတ်လိုက်တဲ့သူအား ကြည့်လိုက်တယ်။
စီရင်ချက်ဆရာသခင်၊ စီရင်ချက်မျက်လုံးရဲ့အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေအထဲကတစ်ယောက်၊ အရှင်သတ်မှတ်ချက်ရဲ့အဆင့်၃။
(တရားစီရင်ချက်မျက်လုံးအစား စီရင်ချက်လို့ ပြောင်းသုံးလိုက်ပါတယ်- ဘာသာပြန်သူ)
သူက စီရင်ချက်ဆရာသခင်ရဲ့နေရာလပ်လက်စွပ်မှ မူလဘူတသော့ရဲ့ချီတည်ရှိမှုကို အာရုံခံမိတယ်။ တစ်ဖက်လူကလည်း သူ့ရဲ့မူလဘူတသော့ရဲ့ချီတည်ရှိမှုကို အာရုံခံမိမှန်း သိသာတယ်။
"စီရင်ချက်ကို ရှောင်တာက ကံကြမ္မာကို ရှောင်တာနဲ့အတူတူပဲ။ ဒါက အဓိပ္ပါယ်မရှိဘူး။ မြင့်မြတ်စီရင်ချက်......" စီရင်ချက်ဆရာသခင်က အညိုရောင်ဆံပင်ရှိပြီးချောမောခန့်ညားတဲ့လူရွယ်တစ်ယောက်ပါပဲ။ သူက သူ့လက်ကို မြှောက်လိုက်တယ်၊ အဆုံးမဲ့လွှမ်းမိုးမြင့်မြတ်အလင်းတွေက ကောင်းကင်မှ ဆင်းသက်လာပြီး လီဖူချန်းဆီ ကျဆင်းလာတယ်။ သူက ကြွေးကြော်သံတစ်ခုကို ကြားလိုက်ရသလို လီဖူချန်းက ခံစားမိတယ်။ ဒိီ အသံမှာ တိုက်ခိုက်ရေးဆန္ဒနဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို ပျောက်ကွယ်သွားစေနိုင်တဲ့ညှို့ဓာတ်ရှိတယ်။ သူက ပိုအားနည်းတဲ့စိတ်တန်ခိုးစွမ်းအားရှိသူတစ်ယောက်ယောက်သာဆိုရင် သူတို့က စီရင်ချက်နဲ့ရင်ဆိုင်ရတဲ့အခါ ခုခံနိုင်လိမ့်မှာမဟုတ်ဘူး၊သတ်ဖြတ်ခြင်းကို သူတို့ကိုယ်တိုင် ခွင့်ပြုပေးလိုက်ပါလိမ့်မယ်။
"ချိုးဖြတ်စမ်း"
ဓားတာအိုစကြာဝဠာက ကြီးမားလာပြီး လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းကာ လွှမ်းမိုးမြင့်မြတ်အလင်းကို ခုတ်ပိုင်းလိုက်တယ်။
ဝုန်း ဝုန်း ဝုန်း......
.
မူလဘူတမြစ်အထက်ကောင်းကင်က အဖြူရောင်တောက်နေတယ်။ အဝေးမှပြိုင်ဘက်ကင်းအရှင်များစွာက ထိုဖြစ်ရပ်ကို မြင်တွေ့နိုင်တယ်။
"မြင့်မြတ်အလင်းစကြာဝဠာ"
လီဖူချန်းမှာ ဓားတာအိုစကြာဝဠာရှိသလို စီရင်ချက်ဆရာသခင်မှာလည်း မြင့်မြတ်အလင်းစကြာဝဠာရှိတယ်။ မဟာတာအိုစကြာဝဠာနှစ်ခုထိပ်တိုက်တွေ့တဲ့အခါ ပတ်ပတ်လည်ရှိစကြာဝဠာဥပဒေသတွေက ပျက်စီးသွားတယ်။ တစ်ချိန်တည်းမှာပဲ ဓားတာအိုဥပဒေသနဲ့မြင့်မြတ်အလင်းဥပဒေသတို့ကလည်း ပေါက်ကွဲထွက်လာနေတယ်။ ကောင်းကင်ဘုံနဲ့မြေကြီးက အပိုင်းပိုင်းကွဲသွားသလို ခံစားရတယ်။ အဲဒါက ခမ်းနားကြီးကျယ်တယ်၊ တောက်ပထည်ဝါတယ်၊ ကြောက်စရာကောင်းတယ်။
မူလပြန်သွားဓားပြောင်းလဲခြင်း"
"မြင့်မြတ်အလင်းသင်္ကေတစီရင်ချက် "
မဟာတာအိုစကြာဝဠာနှစ်ခု ထိပ်တိုက်ရင်ဆိုင်တဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးကလည်း သူတို့ရဲ့သတ်ဖြတ်ကွက်အသီးသီးကို ပေါက်ကွဲထွက်စေလိုက်တယ်။ မူလဘူတမြစ်အထက်ကောင်းကင်မှာ အဆုံးမဲ့ဓားအလင်းတွေနဲ့မြင့်မြတ်အလင်းသင်္ကေတတွေ တလက်လက်ဖြစ်နေတယ်။
"မူလအဆုံးစွန်းအရှင်၊ မင်းက ငါထင်တာထက် ပိုသန်မာတာပဲ။ မင်းကို စမ်းသပ်ဖို့ ငါ နောက်တစ်ခါ ပြန်လာမယ်"
မြင့်မြတ်အလင်းသင်္ကေတက လွင့်ပါးသွားပြီး စီရင်ချက်ဆရာသခင်က ပျောက်ကွယ်သွားတော့တယ်။
"ဒါက စီရင်ချက်မျက်လုံးရဲ့ပုံစံဆိုတာ အံ့ဩစရာမရှိဘူးပဲ"
လီဖူချန်းက ခေါင်းခါလိုက်တယ်။