← Chapters

“ငါ့ရဲ့ ရှောင်ပိုင် ကို အနိုင်ကျင့်ဝံ့သလား၊ မင်း သေလမ်း ရှာနေတာပဲ”

Vol. 4 Ch. 46

“ငါ့ရဲ့ ရှောင်ပိုင် ကို အနိုင်ကျင့်ဝံ့သလား၊ မင်း သေလမ်း ရှာနေတာပဲ”

Vol. 4 Ch. 46

ငွေဖြူ ဝံပုလွေကြီးတစ်ကောင်သည် ကြယ်ရောင်စုံသော ကောင်းကင်အောက်တွင် ရပ်နေပြီး သူ၏ဆံပင်များက လေနုအေးများကြားတွင် ကခုန်လျှက်ရှိနေသည်။

သူ့၏ ရေခဲပြာမျက်လုံးများက အဆုံးမဲ့အမှောင်ထုကို ဖောက်ထွင်းဝင်ရောက်နိုင်ပုံရသည်။

နှင်းဝံပုလွေ၏ ဒေါသတကြီး အော်သံကြောင့် ခြင်္သေ့များ ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။

“အစ်ကို.. သူဘယ်လို လိုက်လာတာလဲ.. ငါဒီမှာရှိနေတာ သူဘယ်လိုသိတာလဲ”

ယိုချင်းယန် သည် သူ့နောက်တွင် ထွက်ပေါ်နေသော ဝံပုလွေအသံနှင့် အလွန်ရင်းနှီးသည်။ ထိုသည်က လုချန်း၏အသံဖြစ်သည်။

ယခုအချိန်တွင် ယိုချင်းယန် အလွန်စိတ်ရှုပ်ထွေးနေပြီး သူမ၏အစ်ကိုကို နားလည်ရန် ပို၍ခက်ခဲလာသည်ကို တွေ့ရှိခဲ့သည်။

နှင်းဝံပုလွေများသည် ခြေရာခံရာတွင် အလွန်ထူးချွန်သော်လည်း သူမသည် ညဘက်တွင် အဆက်မပြတ်ပြေးလွှားခဲ့ခြင်းဖြစ်သည်။

“သူက ငါ့ကို ရှာတွေ့နိုင်နေတုန်းပဲ၊ ဒီခြေရာခံစွမ်းရည်က တကယ်ကြောက်စရာကောင်းတယ်”

"ဂါးး!"

သို့သော် ဤအခိုက်အတန့်တွင် သားရဲတစ်ကောင်၏ ဒေါသတကြီးဟိန်းဟောက်သံက ယိုချင်းယန် ကို ပြန်သတိဝင်လာစေသည်။

ထိုဝံပုလွေအော်သံကိုကြားပြီး ခြင်္သေ့များလည်း ဒေါသထွက်သွားသည်မှာ ထင်ရှားသည်။

မီးခြင်္သေ့ဘုရင် သည် သာမန် တောရိုင်းတိရစ္ဆာန်များထက် သာလွန်ထက်မြက်သည်။

လုချန်း ၏ ခွန်အားနှင့် ရည်ရွယ်ချက်ကို သဘောပေါက်ပြီး မီးခြင်္သေ့သည် အရင်လက်ဦးမှုရယူရန် ကြိုးစားလိုက်သည်။

ဤဟိန်းသံနှင့်အတူ မီးခြင်္သေ့ဘုရင် လျှင်မြန်စွာလှုပ်ရှားလိုက်သည်။

သူ၏ကြီးမားသော ခန္ဓာကိုယ်နှင့် ပြေးလာသောအခါတွင် မြေပြင်သည် ငလျင်လှုပ်‌နေသကဲ့သို့ အဆက်မပြတ် တုန်ခါနေသည်။

ဤခြင်္သေ့တွင် သန်မာအစွမ်းထက်သော ခြေလက်များရှိပြီး ခန္ဓာကိုယ်ကြံခိုင်မှုမှာလည်းအလွန်သန်မာသည်။

မှောင်မိုက်ပြီးတိတ်ဆိတ်သောညကောင်းကင်အောက်တွင် မီးခြင်္သေ့ဘုရင်သည် ဥက္ကာပျံတစ်ခုကဲ့သို့ မယုံနိုင်စရာ‌ကောင်းလောက်အောင်ပင် လျင်မြန်လှသည်။

သူ၏ ကြွက်သားများက ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး ယိုချင်းယန် ဆီသို့ခုန်တက်လိုက်သည်။

ထင်ရှားသည်မှာ ဤမီးခြင်္သေ့သည် ယိုချင်းယန် ကို တိုက်ရိုက်ကိုက်ရန် သူ၏အရွယ်အစားအားသာချက်ကို အသုံးပြုရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ပတ်ဝန်းကျင် အပူချိန် သိသိသာသာ မြင့်တက်လာပြီး ညအမှောင်တွင် မီးခြင်္သေ့သည် ငရဲမှ တွားသွားသော နတ်ဆိုးတစ်ကောင်ကဲ့သို့ အလွန်ရက်စက်သည်။

သို့သော်လည်း ယိုချင်းယန် လုံးဝမကြောက်ပေ၊ သူမ၏ ရေခဲပြာမျက်လုံးများက ကန်ရေပြင်ကဲ့သို့ငြိမ်သက်နေသည်။

မီးခြင်္သေ့က သူမဆီသို့ ခုန်ဆင်းလာသည်ကို မြင်လိုက်သည့်အခိုက်တွင် ယိုချင်းယန် မရှောင်တိမ်းဘဲ လေပေါ်သို့ခုန်တက်ကာ မီးခြင်္သေ့ ကိုရင်ဆိုင်လိုက်သည်။

အဝေးမှ လုချန်း သည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး သူ့နှလုံးသားကို တစ်စုံတစ်ယောက်က ဆုတ်ကိုင်လိုက်သကဲ့သို့ တင်းကျပ်သွားသည်။

သူ့ညီမ အလွန်သတ္တိရှိပြီး မီးခြင်္သေ့ဘုရင်ထံကို တိုက်ရိုက်ရင်ဆိုင်လိမ့်မည်ဟု သူ, မမျော်လင့်ထားခဲ့ပေ။

စိုးရိမ်စိတ်ကြောင့် လုချန်း သည် ဥက္ကာပျံကဲ့သို့ အရှိန်မြှင့်ကာ တောင်စောင်းမှ မြက်ခင်းပြင်ဆီသို့ လျင်မြန်စွာ ပြေးဆင်းလာခဲ့သည်။

ယခုအချိန်တွင် ယိုချင်းယန် သည် မီးခြင်္သေ့ဘုရင်နှင့် တိုက်ခိုက်တော့မည်ဖြစ်သည်။

သူမ၏ လက်သည်းများသည် ရုတ်တရက် ရွှေရောင်ပြောင်းသွားပြီး လ,၏အလင်းရောင်အောက်တွင် အံ့သြလောက်အောင် တောက်ပနေသည်။

ဤရွှေလက်သည်းတစ်စုံသည် အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေပြီး အလွန်မာကျောကာ ထက်မြက်သည်။

ဘုန်း!

ငွေဖြူ နှင်းဝံပုလွေသည် မီးခြင်္သေ့နှင့် တိုက်ရိုက်ရင်ဆိုင်လိုက်သည်။

သွေးများက လေထဲဖိတ်စင်သွားပြီး အံ့ဩစရာကောင်းလောက်အောင်ပင် ဒဏ်ရာရတဲ့သူက တကယ်ကို သန်မာသော မီးခြင်္သေ့ဘုရင်ဖြစ်သည်။

ထိုအချိန် မီးခြင်္သေ့ဘုရင်သည် မြက်ခင်းပြင်ပေါ်တွင် ရပ်နေပြီး သူ၏ဝမ်းဗိုက်မှ သွေးများ အဆက်မပြတ် စီးကျနေသည်။

သူ့မ အရှေ့မှ နာကျင်စွာ ဟိန်းဟောက်နေသော မီးခြင်္သေ့ဘုရင်ကို ကြည့်လိုက်ပြီး ယိုချင်းယန် မထီမဲ့မြင်ပြုကာ အော်ဟစ်လိုက်သည်။

သူမ အလွန်အစွမ်းထက်သော မီးခြင်္သေ့ဘုရင်ကို တိုက်ခိုက်ရဲသည့် အကြောင်းရင်းမှာ ထိုရွှေခြေသည်းများကြောင့်ဖြစ်သည်။

ဤသည်မှာ ယိုချင်းယန် နိုးထခြင်းအဆင့် ကို ဖြတ်ကျော်ပြီးနောက် နိုးထလာသော ဗျကရား (အလွန်မာကျောပြီး ဖျက်ဆီးမရနိုင်သော) စွမ်းရည်ဖြစ်သည်။

ယိုချင်းယန် သည် ဤဘဝတွင် ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်များကို လေ့ကျင့်နေခြင်းကြောင့် ဖြစ်နိုင်သည်ဟု မှန်းဆခဲ့သည်။

ထို့ကြောင့် နိုးထခြင်းအဆင့်သို့ရောက်ပြီးနောက်၊ သူသည် ရုပ်ခန္ဓာနှင့်ပတ်သက်သည့် စွမ်းရည်ကို ရရှိခဲ့သည်။

ဤ ဗျကရား စွမ်းရည်သည် လူတစ်ဦး၏ ခန္ဓာကိုယ်ကို ခိုင်ခံ့စေနိုင်သော စွမ်းအားတစ်မျိုးဖြစ်သည်။ အနီးကပ်တိုက်ခိုက်ရေးတွင် အစွမ်းထက်သောလက်နက်နှင့် ခုခံကာကွယ်ရေးလက်နက်တို့ကို ပေါင်းစပ်ထားသည့် ရက်စက်ကြမ်းကြုတ်သောတည်ရှိမှုဟု ခေါ်နိုင်သည်။

ဂါးး!

မီးခြင်္သေ့ဘုရင် နာကျင်စွာဟိန်းဟောက်လိုက်ပြီး ဝမ်းဗိုက်မှ ဒဏ်ရာသည် သူ့ကို အလွန်ဒေါသထွက်စေသည်။

မိးခြင်္သေ့ဘုရင်သည် သူ့ရှေ့မှ နှင်းဝံပုလွေကိုလျော့တွက်ထာခဲ့သည်မှာ ထင်ရှားသည်။

ဘုန်း!

နောက်တစက္ကန့်တွင် မီးခြင်္သေ့ခန္ဓာကိုယ်မှ မီးတောက်များထွက်ပေါ်လာပြီး အနီးနားရှိ မြက်ပင်များ ချက်ချင်း လောင်ကျွမ်းသွားသည်။

ပူပြင်းသောအပူရှိန်ကြောင့် ဗျကရားစွမ်းရည်ရှိသော ယိုချင်းယန် သည်ပင် နောက်ဆုတ်လိုက်ရသည်။

ပင်ကိုယ်စွမ်းရည်ဖြစ်သော မီးဖြင့်တာဝေးပစ်တိုက်ခိုက်မှု၏ အားသာချက်ကို အားကိုးပြီး မီးခြင်္သေ့ဘုရင် သည် အခြေအနေကို ပြန်လည်ထိန်ထားနိုင်ခဲ့သည်။

ယိုချင်းယန်သည် မီးခြင်္သေ့ဘုရင်၏ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုများကို ခုခံနေသည်။

အခြားခြင်္သေ့သုံးကောင်သည်လည်း ယိုချင်းယန် ကို အခါအားလျော်စွာ ခိုးဝင်တိုက်ခိုက်သည်။

သို့သော်လည်း ဤခြင်္သေ့သုံးကောင်နှင့် ယိုချင်းယန် အကြား စွမ်းအားကွာဟမှုသည် အလွန်ကြီးမားသောကြောင့် တိုက်ပွဲအခြေအနေအပေါ် သက်ရောက်မှုမရှိပေ။

"အားးဝူးး!"

ကျယ်လောင်သော ဝံပုလွေအူသံထွက်ပေါ်လာသောကြောင့် ပြင်းထန်သောတိုက်ပွဲသည် ခဏမျှရပ်တန့်သွားသည်။

လုချန်း သည် ရှောင်ပိုင် အန္တရာယ်နှင့်ရင်ဆိုင်နေရပြီကို သိရှိနားလည်လိုက်ပြီး ရူးသွပ်ခြင်းစွမ်းရည်ကို ချက်ချင်းစတင်ခဲ့သည်။

သူ၏ ကြံ့ခိုင်မှုနှင့် အရှိန်သည် ယခင်ကထက် များစွာ မြင့်မားလာပြီး တိုက်ပွဲမြေပြင်သို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။

“ငါ့ရဲ့ ရှောင်ပိုင် ကို အနိုင်ကျင့်ဝံ့သလား၊ မင်း သေလမ်း ရှာနေတာပဲ”

ခြင်္သေ့လေးကောင်၏ဝိုင်းရံထားခြင်းကိုခံထားရသော ရှောင်ပိုင် ကိုကြည့်ပြီး လုချန်း အလွန်ဒေါသထွက်ကာ မီးခြင်္သေ့ဘုရင်ဆီ ပြေးသွားလိုက်သည်။

လုချန်း သယ်ဆောင်လာသည့် ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်သည် မီးခြင်္သေ့ဘုရင်ကို ထိတ်လန့်စေခဲ့သည်။

ယိုချင်းယန် သည် ဗျကရားစွမ်းရည်ကို နိုးထခဲ့သော်လည်း မီးခြင်္သေ့ဘုရင်မှ ထုတ်လွှတ်သော ပြင်းထန်သော မီးလုံးများကို ရှောင်တိမ်းနေရဆဲဖြစ်သည်။

သို့သော် ယခုအချိန်တွင် လုချန်း သည် အလွန်ဒေါသထွက်နေပြီး ပူလောင်မှုကို မခံစားရပေ။ သူသည် မီးခြင်္သေ့ဘုရင်ထံ ပြေးဝင်ကာ တဟုန်းဟုန်းတောက်လောင်နေသော မီးစွမ်းရည်ကို ရင်ဆိုင်လိုက်သည်။

လုချန်း ၏ ကျင့်ကြံခြင်းအဆင့်သည် အလွန်မြင့်မားနေပြီဖြစ်ပြီး သူ၏ ရေခဲစွမ်းရည်ကို ရူးသွပ်ခြင်းစွမ်းအားဖြင့် မြှင့်တင်ထားခြင်းဖြစ်သည်။ အအေးဓာတ်သည် လုချန်း ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေပြီး ပြင်းထန်သော မီးတောက်များကို တွန်းလှန်လိုက်သည်။

ဘုန်း!

လုချန်း သည် အလွန်လျင်မြန်ပြီး သူသည် မီးခြင်္သေ့ဘုရင်၏ ပြင်းထန်သောတိုက်ခိုက်မှုများကို ဖြတ်ကျော်ကာ ပြိုင်ဘက်၏ အရှေ့သိုရောက်ရှိသွားသည်။

အလွန်မောက်မာသော မီးခြင်္သေ့ဘုရင်သည် ယခု သူ့မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အမြွက်များထွက်ပေါ်လာသည်။ ထိုနှင်းဝံပုလွေသည် ဤမျှအစွမ်းထက်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

တန်ပြန်တိုက်စစ်ဆင်တော့မယ့်အချိန်မှာပင် လုချန်း က သူ့ရှေ့ ရောက်နေပြီဆိုတာ သိလိုက်ရသည်။

နှစ်ယောက်သား ပါးစပ်ကို ချက်ချင်းဖွင့်လိုက်ကြပြီး သူတို့၏စွမ်းရည်များကို ထုတ်သုံးလိုက်သည်။

ရေခဲနှင့်မီး စွမ်းအားသည် လေထုအလယ်တွင် တွေ့ဆုံသွားပြီး ပိုအားကောင်းသော လုချန်း၏ ရေခဲစွမ်းအား သည် ခြင်္သေ့ဘုရင်ကို ခဏ‌လေးအတွင်းမှာပင် အနိုင်ယူနိုင်ခဲ့သည်။

တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များငြှိမ်းသတ်သွားပြီး မီးခြင်္သေ့၏ခန္ဓာကိုယ်သည် အလွန်ပြင်းထန်သောရေခဲစွမ်းအားကြောင့် တုန့်ပြန်မှုများနှေးကွေးသွားခဲ့သည်။

ခြင်္သေ့ဘုရင်၏ဝမ်းဗိုက်ကို ယိုချင်းယန် ကုတ်ခြစ်ခဲ့ရပြီး လုချန်း ၏ ပြင်းထန်သောရေခဲစွမ်းအား၏ လွှမ်းမိုးမှုနှင့်အတူ သူ၏လှုပ်ရှားမှုများက အလွန်နှေးကွေးသွားခဲ့ပြီဖြစ်သည်။

ခြင်္သေ့ဘုရင်သည် အအေးဓာတ်ကို ဖယ်ရှားရန် မီးစွမ်းအားကို အသုံးမပြုမီ လုချန်း သည် ရှေ့သို့ ပြေးသွားခဲ့သည်။

မီးခြင်္သေ့ဘုရင်ထက် အဆပေါင်းများစွာ ပြင်းထန်သော သူ့၏ခွန်အားကို အားကိုးကာ ခြင်္သေ့ဘုရင်ကြီးကို မြေပြင်ပေါ်သို့ ဖိနှိပ်လိုက်သည်။

ဂါးးး!

ခြင်္သေ့ဘုရင်၏ ကြောက်လန့်တကြားဟိန်းဟောက်သံများကြားတွင် လုချန်း သည် သူ့၏အစွယ်များကို ထုတ်ဖော်ပြီး ထိုခြင်္သေ့၏ ခန္ဓာကိုယ်ကို အဆက်မပြတ်ကိုက်ကာ သတ်ဖြတ်ခြင်းကို စတင်လိုက်သည်။

တိတ်ဆိတ်သောညကောင်းကင်အောက်တွင် မီးခြင်္သေ့ဘုရင်၏နာကျင်စွာအော်ဟစ်နေသောအသံများသည် တောများတစ်လျှောက်တွင် ပဲ့တင်ထပ်နေသည်။

ထို့နောက် ငါးမီတာ အရွယ်အစားရှိပြီး စွမ်းအားကြီးသော မီးခြင်္သေ့ဘုရင်ကို လုချန်း မှ အနားယူစေလိုက်သည်။

ရက်စက်ကြမ်းကြုတ်ပုံရသော လုချန်း ကိုကြည့်ရင်း ယိုချင်းယန် သည် ရက်စက်သည်ဟု လုံးဝမထင်ခဲ့ပေ။ ထိုအချိန်တွင် သူမ၏ နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ပေါ်လာပြန်သည်။

လုချန်း သည် သူမ ဝိုင်းရံထားခံရသည်ကို မြင်သောကြောင့် ဒေါသထွက်နေမှန်း သူမ,သိသည်။

ဤအခိုက်အတန့်တွင် သူမရှေ့မှ လုချန်း ကိုသာ ကြည့်နေခဲ့ပြီး သူမဘေးမှ ထွက်ပြေးသွားသော ခြင်္သေ့သုံးကောင်ကို လျစ်လျူရှုလိုက်သည်။

လုချန်း သည် သူ့၏ဒေါသကို ထုတ်ဖော်ပြီးနောက်၊ သူ့ပါးစပ်ထောင့်နှင့် ထက်မြက်သော ဝံပုလွေအစွယ်များက သွေးများဖြင့် စွန်းထင်းနေသောကြောင့် မရဏလောကမှထွက်‌ပေါ်လာသော သတ်ဖြတ်ခြင်းနတ်ဆိုးတစ်ကောင်ကဲ့သို့ အလွန်ရက်စက်သောပုံစံကို ပေါ်လွှင်နေခဲ့သည်။

လုချန်း က ရှောင်ပိုင် ကို လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှ ရက်စက်မှုများက နူးညံ့သိမ်မွေ့မှုအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။

"ဝူးး!"

လုချန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး သူ့လေသံက အနည်းငယ် ဒေါသထွက်နေသယောင်။

ထို့နောက် လုချန်း သည် ခေါင်းခါယမ်းကာ တောင်ထိပ်ဆီသို့ ညွှန်ပြပြီး ရှောင်ပိုင် ကို သူနှင့်အတူ အိမ်ပြန်ရန် လှုံ့ဆော်လိုက်သည်။

သို့သော်လည်း ယိုချင်းယန် ခေါင်းခါယမ်းကာ ငြင်းဆန်လိမ့်မည်ဟု လုချန်း ထင်မထားခဲ့ပေ။

All Chapters