အပြင်ကမ္ဘာ၏ ရူးသွပ်မှု။
Vol. 4 Ch. 47
ဟမ်? ဒီကောင်မလေး ဘာတွေလုပ်နေတာလဲ
ရှောင်ပိုင် ခေါင်းယမ်းကာ သူနှင့်အတူ ချိုင့်ဆီသို့ ပြန်လိုက်ရန် ငြင်းဆန်နေသည် ကိုမြင်ပြီး လုချန်း သည် ထိုအခိုက်တွင် ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူရဲ့ တုံးအပြီးမိုက်မဲသော ညီမလေး၏ အတွေးများကိုနားမလည်နိုင်ဖြစ်နေသည်။
မနေ့ညတွင် အသိမပေးဘဲ တောင်ပေါ်ကနေပြေးဆင်းသွားခဲ့သည်။
ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာပြီးနောက် ဤကမ္ဘာကြီးသည် ယခင်ကလို မရိုးရှင်းတော့ပေ။
ဘယ်လိုအန္တရာယ်မျိုးရှိသလဲဆိုသည်ကို မည်သူမျှမသိနိုင်ပေ။
ဥပမာအားဖြင့်၊ ယနေ့ ရှောင်ပိုင် တောင်ပေါ်မှ ဆင်းသွားပြီးနောက် အစွမ်းထက်သော ခြင်္သေ့အုပ်စုနှင့် ကြုံတွေ့ခဲ့ရသည်။
ရှေ့တွင် ပိုအားကောင်းသော တည်ရှိမှု ရှိနေလျှင်ကော။
သူ့ညီမသည် ခိုင်မာသောအကြည့်ဖြင့် ချိုင့်ဝှမ်းသို့ပြန်လိုက်ရန် ငြင်းဆန်နေသည်ကိုကြည့်ပြီး လုချန်း မျက်မှောင်ကြုတ်လိုက်သည်။
ပုန်ကန်တတ်တဲ့ညီမနဲ့ ရင်ဆိုင်ရတဲ့အခါ အကူအညီမဲ့နေတဲ့ အစ်ကိုတစ်ယောက်၏ခံစားချက်ကို သူ ယခုနားလည်သွားပြီဖြစ်သည်။
"အားးဝူးး!"
လုချန်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့အမူအရာက တည်ကြည်လေးနက်နေသည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့ ခွင့်ပြုချက်မရှိဘဲ တောင်ပေါ်မှ ဆင်းလာသော ညီမလေးကို ချိုင့်ဆီသို့ ပြန်ခေါ်သွားရမည်ဖြစ်သည်။
သာမာန်အားဖြင့် လုချန်း သည် သူ့ညီမလေးအပေါ်တွင် ဒေါသမထွက်ရက်သော်လည်း ယခုခြားနားသွားပြီဖြစ်သည်။
ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာပြီးနောက် ပြင်ပကမ္ဘာသည် လုံးဝပြောင်းလဲသွားခဲ့သည်။
လုချန်း သည် အရွယ်မရောက်သေးသော သူ့ညီမကို ရက်စက်လှသောပြင်ပကမ္ဘာသို့ ဝင်ရောက်ပြီး ထိုအန္တရာယ်များကို ရင်ဆိုင်ခွင့်မပြုချင်ပေ။
လုချန်း သည် ဘာမှပြန်မပြောဘဲ ယိုချင်းယန် အနားသို့ရောက်လာကာ သူမ၏ခေါင်းကိုခေါက်ရန် သူ့လက်ကိုအသုံးပြုပြီးနောက် နှင်းထဲသို့တွန်းချလိုက်သည်။
ယိုချင်းယန် သည်လည်း ကူကယ်ရာမဲ့နေသည်။ သူ့အစ်ကိုက သူ့မ ထွက်သွားမည်ကိုခွင့်မပြုနိုင်သည်ကို သူမ,သိသောကြောင့် တစ်ညလုံး တောင်ပေါ်ကနေ အဆက်မပြတ်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
သို့ပေမယ့် ဒီအစ်ကိုရဲ့နှာခေါင်းကဤမျှလောက် အနံ့ခံကောင်းလိမ့်မည်ဟုမထင်ထားပေ။
"ဝူး~"
ယိုချင်းယန် တိုးတိုးလေး ငြီးညူလိုက်သည်။ လုချန်း က သူမကို ခွင့်ပြုမည်ဟုမျှော်လင့်ထားခဲ့ပြီး ချိုင့်ဆီသို့ ပြန်မလိုက်ချင်ပေ။
ထိုအကောင်လေးသည် အလွန်သနားစရာကောင်းသောပုံစံနှင့် သူ့အသံဖြင့် တောင်းဆိုနေသည်။
သို့သော် လုချန်း သည် ဤအခိုက်အတန့်တွင် စိတ်ပိုင်းဖြတ်ထားပြီး သူမ၏ သနားစရာကောင်းသောအမှုအရာကို လျှစ်လျူရှူလိုက်သည်။
လုချန်း သည် ဤညီမလေးခေါင်းမကောင်းဘူးဟုသာတွေးလိုက်သည်။ သူမသည် ဝိညာဉ်ဆေးများကို အလွန်အကျွံစားပြီး ဦးနှောက်ပြဿနာများရှိနေနိုင်သည်။
သူတို့မိသားစုသည် နှင်းဖုံးနေသောတောင်ပေါ်တွင် နေထိုင်ကြပြီး အားလပ်ရက်များတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် အချင်းချင်း သဟဇာတဖြစ်အောင် နေထိုင်ကြောင်းကို သိထားသင့်သည်။
သူတို့မိသားစုလေးသည် အပြင်ဘက်မှ အအေးဒဏ်ကို ခံနိုင်ရည်ရှိရန် သူတို့၏ နွေးထွေးသော လှိုဏ်ဂူထဲတွင် ခိုအောင်းနေထိုင်နိုင်ကြသည်။
သူပြန်လည်မွေးဖွားလာပြီးနောက်၊ လုချန်း သည် နှင်းဝံပုလွေမျိုးနွယ်စုကို သူ၏ဆွေမျိုးများအဖြစ် မှတ်ယူထားပြီးဖြစ်ကာ သူတို့ဤနေရာမှစွန့်ခွားသွားမည်ကို သူ,ဝန်လေးနေခဲ့သည်။
ထို့အပြင် လုချန်း သည် ဝံပုလွေဘုရင်အသစ်ဖြစ်လာပြီးနောက် ချိုင့်ဝှမ်းတစ်ခုလုံးရှိ ဝံပုလွေများက အတော်လေးတိုးတက်ကြီးထွားလာကြသည်။
ထင်ရှားသည်မှာ၊ ထိုဝံပုလွေအုပ်စုသည် အနာဂတ်တွင် ပိုမိုအားကောင်းလာမည်ဖြစ်ပြီး သူတို့၏မျိုးနွယ်စုသည်လည်း အင်အားကြီးထွားလာမည်ဖြစ်သည်။
နှင်းဝံပုလွေများ စားသောက်ဖို့မလုံလောက်သောနေ့ရက်များကကုန်ဆုံးသွားပြီဖြစ်သည်။
လုချန်း သည် သူ့ညီမလေးက အဘယ်ကြောင့် နှင်းတောင်ကြားမှ ထွက်ခွာချင်နေသည်ကို နားမလည်နိုင်ခဲ့ပေ။
နှင်းတောင်ကြားတွင် အစားအစာနှင့်လိုအပ်သော အရင်းအမြစ်များ အလုံအလောက်ရှိပြီး အန္တရာယ်အများစုကိုလည်း ခုခံကာကွယ်နိုင်နေပြီဖြစ်သည်။
ထို့အပြင်၊ ရှောင်ပိုင် သည် နေ့တိုင်း အစာစားပြီး အိပ်လေ့ရှိကြောင်း လုချန်း သတိရမိသည်။
သွေးမိုးခံယူပြီးနောက် သူညီမလေးသည် အပြင်သို့ထွက်ပြေးခြင်းကို နှစ်သက်သွားပုံရသည်။
လုချန်း သည် သူ့ညီမအတွေးများကို နားမလည်နိုင်ပေ။
ထို့နောက်တွင် သူ့ညီမလေးကို ချိုင့်ဝှမ်းဆီသို့ အတင်းအကျပ် ခေါ်ဆောင်ရန် သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို အသုံးပြုလိုက်သည်။
"ဝူး~!"
ယိုချင်းယန် သည် သူမ၏ နှလုံးသားထဲတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
အစ်ကိုဖြစ်သူ၏ တင်းမာသော သဘောထားကို မြင်ပြီး သူမ ဤနေရာမှ ထွက်ခွာသွားနိုင်မည်မဟုတ်ကြောင်း သိလိုက်ရသည်။
‘ဒီညက အလဟသ...’
ယိုချင်းယန် သည် အလွန်းဝေးသောနေရာမှ အစ်ကိုဖြစ်သူက သူမအား မည်သို့ရှာတွေ့နိုင်ခဲ့သည်ကို နားမလည်နိုင်ပေ။
သို့ပေမယ့် ယခု စဉ်းစားသည်က အသုံးမဝင်ပေ၊ နှင်းတောင်ကြားမှ ထွက်ခွာချင်လျှင် နောက်ထပ် အခွင့်အရေးတစ်ခုကို ရှာဖွေရမည်ဖြစ်သည်။
“အားဝူး!”
သူမ၏ ကံကြမ္မာကို လက်ခံလိုက်ပြီး ယိုချင်းယန် သည် အနီးနားတွင်ရှိနေသော မီးခြင်္သေ့အလောင်းကို ညွှန်ပြလိုက်သည်။
လုချန်း သည် ရှောင်ပိုင်၏ အသံကြားပြီးနောက် ရပ်တန့်လိုက်သည်။
ယိုချင်းယန် ၏ စိုစွတ်နေသော မျက်လုံးများကို ကြည့်ပြီး လုချန်း သည် သူ့ညီမ တစ်ညလုံး ပြေးလွှားပြီးနောက် ဗိုက်ဆာနေပြီဖြစ်ကြောင်းသိလိုက်သည်။
ဤမျှနီးကပ်သောအကွာအဝေးတွင်၊ လုချန်း သည် ရှောင်ပိုင် ထွက်ပြေးသွားမည်ကို မစိုးရိမ်ပေ။
ထို့နောက် မီးခြင်္သေ့ဘုရင်၏ အသားကို စတင်စားသောက်ကြသည်။
လုချန်း စိတ်အားထက်သန်စွာ စားသောက်နေပြီး အဆက်မပြတ်ကိုက်ဝါးနေသော အသံများက ယိုချင်းယန်၏ အစာအိမ်ကို ဆူညံသွားစေသည်။
အဆုံးတွင် တစ်ညလုံး ပြေးလွှားခဲ့ပြီး နောက် သူမ အမှန်တကယ်ကို ဗိုက်ဆာနေပြီဖြစ်သည်။
“ခရက်..ခရက်”
တိတ်ဆိတ်ငြိမ်သက်သော လရောင်အောက်တွင် အသားကို ကိုက်ဝါးနေသောအသံများ ပဲ့တင်ထပ်နေပြီး မြင်ကွင်းက အနည်းငယ် ကြောက်စရာကောင်းသည်။
လုချန်း သည် နိုးထခြင်းအဆင့်ရှိသားရဲ၏ အသားကို ပထမဆုံးအကြိမ် စားသုံးခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်၊ သူသည် မီးခြင်္သေ့ဘုရင်အသား၏သုံးပုံတစ်ပုံကိုသာစားခဲ့သော်လည်း ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁,၆၀၀ ကျော်တိုးလာသည်။
တစ်နည်းအားဖြင့် သူသည် မီးခြင်္သေ့တစ်ကောင်လုံးကို စားပါက၊ ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၅၀၀၀ ကိုရရှိမည်ဖြစ်သည်။
ဤသည်က သာမန်တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်ပြီးစားသုံးခြင်းထက် များစွာမြင့်မားသည်။
သူချန်း သည် သူ့၏ အစာချေဖျက်ခြင်းစွမ်းရည်ဖြစ်သော အနှစ်သာရဝါးမျိုခြင်း ၏ စွမ်းအားကြောင့် စွမ်းအင်ပြောင်းလဲနှုန်းက အလွန်မြင့်မားကြောင်းကိုလည်း သိရှိခဲ့သည်။
“ဝူးး~!”
စားသောက်ပြီးနောက် လုချန်း သည် ဝံပုလွေအူသံကို ထုတ်လွှတ်လိုက်ပြီး ယိုချင်းယန် အား နှင်းတောင်ကြားသို့ ပြန်လိုက်ရန် အချက်ပေးလိုက်သည်။
ထို့နောက် သူသည် မစားရသေးသော မီးခြင်္သေ့အသားကို ပါးစပ်နှင့်ကိုက်ဆွဲကာ ယိုချင်းယန် နှင့်အတူ နှင်းတောင်ပေါ်သို့ ပြန်တက်သွားခဲ့သည်။
အပြန်လမ်းတွင် လုချန်း ၏လက်ချက်ကြောင့် အေးခဲနေသော ကျားတစ်ကောင်၏အလောင်းကို ကြုံတွေ့ခဲ့ရသည်။
ဖြုန်းတီးခြင်းကားဗလာနတ္တိ ဆိုသည့် နိယာမအရ လုချန်း သည် ကျား၏အလောင်းကို ချိုင့်ထဲဝှမ်းသို့ဆွဲယူလာခဲ့သည်။
နှစ်ယောက်သား ချိုင့်ဝှမ်းကို ပြန်ရောက်ချိန်က မိုးလင်းနေပြီဖြစ်သည်။
ဤကာလအတွင်း နှင်းဝံပုလွေများကို လုချန်း မှ လေ့ကျင့်ပေးခဲ့ပြီး သွေးမိုးခံယူထားသောကြောင့် သူတို့၏ ဉာဏ်ပညာ တိုးတက်လာခဲ့သည်။
နှင်းဝံပုလွေဘုရင်၏ အမိန့်မရှိသော်လည်း ဝံပုလွေများသည် လုချန်း ၏ ယခင်ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်နိုင်နေပြီဖြစ်သည်။
အချို့က သားကောင်ကို ဖမ်းရန် တောင်စောင်း၊ မြစ်ကမ်းပါး သို့မဟုတ် လွင်ပြင်များသို့ သွားကြသည်။ ဝံပုလွေအုပ်စု၏ တစ်ကောင်ချင်းစီတွင်ကိုယ်ပိုင်တာဝန်များရှိကြသည်။
............
ယခုသည် ဝိညာဉ်ရေးစွမ်းအင် ပြန်လည်ရှင်သန်ခြင်း၏ သုံးရက်မြောက်နေ့ဖြစ်သည်။
တောကန္တာရအပြင်ဘက် စီးပွားရေးအဆောက်အအုံတစ်ခု၌၊ နှင်းတောင်ကြား နှင့် အနီးဆုံးလူ့သားမြို့။
“မြန်မြန်လေး ပိုက်ဆံပေးလိုက်၊ ဒီထူးဆန်းတဲ့အသီးကို ယွမ်တစ်သန်းနဲ့ ဝယ်မယ်”
အဆောက်အဦး၏ အပေါ်ထပ်ရှိ ရုံးခန်းတစ်ခုတွင် အနက်ရောင်ဝတ်စုံဝတ်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့ဘေးတွင် ရပ်နေသော အတွင်းရေးမှူးအား ပြောလိုက်သည်။
ဤပုဂ္ဂိုလ်သည် ထိုထူးခြားဆန်းပြားသော အသီး၏ အကျိုးသက်ရောက်မှုကို သိပြီးနောက် ၎င်းကို စွဲလန်းနေပြီဖြစ်သည်။
လူများသည် ဤထူးဆန်းသောအသီးအတွက် ကြီးမားသောဈေးနှုန်းကို စတင်ကမ်းလှမ်းနေကြပြီဖြစ်သည်။
ဝိညာဉ်ရေးစွမ်းအင်များ ပြန်လည်ရှင်သန်လာပြီး ကမ္ဘာကြီးပြောင်းလဲလာလျှင်ပင် ငွေသည် ကြီးမားသောအားသာချက်များရှိနေသေးကြောင်း ထင်ရှားသည်။
ထို့အပြင် သူ ဒီလိုလုပ်တာ တစ်ဦးတည်းသောသူမဟုတ်ပေ။
ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်းရှိ တန်ခိုးအာဏာကြီးသူများစွာသည် ဤထူးခြားဆန်းပြားသောအသီးအတွက် ဈေးနှုန်း များပေးဆောင်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ဤထူးဆန်းသောသစ်သီးများသည် လူ့ခန္ဓာကိုယ်၏မူလကန့်သတ်ချက်ထက်ကျော်လွန်၍ ခွန်အားများတိုးစေနိုင်သည်ကို သူတို့အားလုံး သိရှိခဲ့ကြသောကြောင့်ဖြစ်သည်။