← Chapters

အတိတ်ကရန်ကြွေးနှင့်ရွှေလင်းယုန်

Vol. 4 Ch. 48

အတိတ်ကရန်ကြွေးနှင့်ရွှေလင်းယုန်

Vol. 4 Ch. 48

ရန်နိုင်ငံ၏ မြို့တော်

တင်းကြပ်သောလျှို့ဝှက်ချက်များနှင့် အစောင့်များထူထပ်သော စစ်ရေးသုတေသနစခန်းတစ်ခုတွင်။

သိပ္ပံသုတေသီတစ်ဒါဇင်ကျော်နှင့် အရာရှိအများအပြားသည် အလွန်အဆင့်မြင့်သော ဓာတ်ခွဲခန်းတစ်ခုတွင် စုရုံးနေကြသည်။

ယခုအချိန်တွင် ဤဓာတ်ခွဲခန်းတွင် စမ်းသပ်ပြွန်မျိုးစုံနှင့် အဆင့်မြင့် တိုင်းတာရေးကိရိယာများဖြင့် ပြည့်နေသည်။

ဓာတ်ခွဲခန်းအတွင်း မှန်တံခါးများနောက်တွင် ချုပ်နှောင်ခံထားရသော တောရိုင်းတိရစ္ဆာန်များစွာ ရှိသည်။

ဘုန်း! ဘုန်း! ဘုန်း!

လှောင်အိမ်ထဲတွင် ချုပ်နှောင်ခံထားရသော သားရဲများသည် အလွန်ရက်စက်ပုံပေါက်ပြီး သူတို့၏ အရွယ်အစားသည် သာမန်လူတို့ စိတ်ကူးကြည့်နိုင်သည်ထက် အဆပေါင်းများစွာ သာလွန်ပြီး တစ်ကောင်ချင်းစီက အလွန်သန်မာကြသည်။

ကံကောင်းထောက်မစွာဖြင့် ဓာတ်ခွဲခန်းသည် အလွန်ခိုင်ခံ့နေပြီး၊ ထိုသားရဲများက မှန်တံခါးကို တွန်းဖွင့်နေကြသော်လည်း သူတို့သည် ထွက်မပြေးနိုင်ကြပေ။

သို့သော် ဆူညံသံများနှင့် တိရစ္ဆာန်များ၏ အဆက်မပြတ်အော်သစ်သံများက လူအများကို ကျောချမ်းစေသည်။

“မစ္စတာ လီ၊ အခုအခြေအနေ ဘယ်လိုလဲ”

အရာရှိများအားလုံးသည် အသက်အကြီးဆုံး သုတေသီကိုကြည့်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

“လက်ရှိမှာ ဒီဗီဇပြောင်းသစ်သီးတွေက နေလူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေကို မတွေ့ရသေးဘူး”

မစ္စတာလီသည် သူဝတ်ထားသည့် မျက်မှန်ကို ချွတ်ကာ မျက်ခုံးမွှေးများကို ပွတ်လိုက်ပြီး ခေါင်းခါယမ်းကာ ကူကယ်ရာမဲ့ နေသည်။

“ရိုးရိုးသားသား ပြောရရင် ဒီအရာတွေမှာ အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းတွေ မပါဝင်ဘူး၊ စမ်းသပ်ခံတွေ သောက်သုံးပြီးနောက် အဆင်မပြေမှု တစ်စုံတစ်ရာ မတွေ့ရဘူး”

“အဲဒီအစား၊ သူတို့က ပိုလို့တောင် တက်ကြွလာပြီး တစ်ယောက်ချင်းစီမှာ အတိုင်းအဆမရှိ ခွန်အားတွေ ရှိလာကြတယ်“

“ဒါဟာ သာမန်အသိတရားနဲ့ ဇီဝဗေဒကို ဆန့်ကျင်ပြီး ကျွန်တော်တို့ အခုအချိန်အထိ မှတ်တမ်းတင်ထားတဲ့ ဇီဝဗေဒဆိုင်ရာ အချက်အလက် အမျိုးမျိုးကို ကျော်လွန်ပြီး လုံးဝကို ကျော်လွန်နေပါတယ်”

ထင်ရှားသည်မှာ၊ ရမ်ပြည်နယ်မှ အရာရှိများသည် ဤထူးခြားဆန်းပြားသော သစ်သီးများကို အံ့ဖွယ်‌ဆေးဖြင့် အသုံးပြုနိုင်ကြသည်ကို အချိန်ကြာမြင့်စွာကတည်းက သိထားကြသည်။

သို့သော်လည်း ရန်ပြည်နယ်မှ တာဝန်ရှိသူများကမူ သူတို့သည် ဤကိစ္စနှင့် ပတ်သက်၍ ပိုမို‌လေ့လာစမ်းသပ်ပြီး အလွန်သတိထားနေကြသည်။

ဤဝိညာဉ်သစ်သီးများ၏ အံ့ဖွယ်စွမ်းရည်များကို သတိပြုမိချိန်တွင်၊ ထိုဗီဇပြောင်းသစ်သီးများက ဘေးထွက်ဆိုးကျိုးများရှိမရှိကိုလည်း သူတို့စိုးရိမ်နေကြသည်။

“လီအို၊ ဒီရက်စက်တဲ့အကောင်တွေကော၊ ဘာဖြစ်ကြတာလဲ”

“တစ်တန်လောက်အလေးချိန်ရှိတဲ့ ကျားသစ်တစ်ကောင်ကို တစ်ခါမှ မတွေ့ဖူးဘူး၊ ပြီးတော့ ဒီကောင်တွေက ဒေါသအရမ်းကြီးတယ်“

“ရှေးဟောင်းသုတေသနဆိုင်ရာ ရုပ်ကြွင်းအမျိုးမျိုးကနေ တွက်ဆထားရင်တောင် အောက်ဆီဂျင်ပါဝင်မှု ပိုမြင့်လာတဲ့အခါ မှာတောင် ဒီသတ္တဝါမျိုးက ရွှီယွမ်ဟွမ်းကမ္ဘာ မှာ လုံးဝ ပေါ်မလာသင့်ဘူး”

မစ္စတာလီက သက်ပြင်းပြင်းပြင်းချလိုက်ပြီး ပင်ပန်းနွမ်းနယ်စွာ ခေါင်းခါယမ်းလိုက်သည်။

“ဒါကို ငါတို့လည်း နားမလည်ဘူး”

“ဒီကာလအတွင်း စမ်းသပ်မှုအမျိုးမျိုး ပြုလုပ်ပြီးနောက်၊ ငါတို့ ဆုံးဖြတ်နိုင်တဲ့ တစ်ခုတည်းသော အရာက ဒီသားရဲတွေရဲ့ မျိုးဗီဇပြောင်းလဲခြင်းက သွေးမိုးရွာပြီးနောက် စတင်ခဲ့တာဖြစ်နိုင်တယ်”

“ဘာကြောင့်လဲတော့မသိဘူး၊ ဒီသားရဲတွေကသာ သွေးမိုးခံယူပြီး ပိုကြီးလာပေမယ့် လူတွေကတော့ ဒီလိုပြောင်းလဲမှုမျိုး မကြုံတွေ့ရဘူး”

“မစ္စတာလီ၊ ဒီကိစ္စကို မင်းသတိထားဖို့ လိုတယ်၊ ဒါတွေအားလုံးက အရေးကြီးတဲ့ အကြောင်းအရာတွေဖြစ်ပြီး အထက်အရာရှိတွေက အဲဒါကို အရမ်းအလေးထားကြတယ်”

ညွှန်ကြားချက် အနည်းငယ်ပေးပြီးနောက် တာဝန်ရှိသူများမှ ထွက်ခွာသွားကြသည်။

ဒီသစ်သီးတွေက ဘာမှန်း‌တော့မသိပေမယ့်။

အခုချိန်တွင် ဒဤအသီးအနှံများက အန္တရာယ်ကင်းကြောင်း အတည်ပြုပြီးဖြစ်၍ စတင်အရေးယူဆောင်ရွက်တော့မည်ဖြစ်သည်။

အသီးများကိုမလိုဘူးဆိုရင်တောင်မှ ဤထူးခြားဆန်းပြားတဲ့ အသီးအနှံများကို စုဆောင်းထားသင့်သည်။

အနည်းဆုံးတော့၊ အာဏာကြီးပြီး ချမ်းသာသည့်သူများက ဤအရင်းအမြစ်တွေအားလုံးကို လက်ဝါးကြီးအုပ်ရန် ခွင့်မပြုနိုင်ပေ၊ မဟုတ်ရင် အနာဂတ်တွင် ဘာဖြစ်လာမလဲဆိုတာ မည်သူမှမသိနိုင်ပေ။

ယခုအချိန်တွင် ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာခြင်းဖြင့်၊ နေရာတိုင်းတွင် တောရိုင်းတိရစ္ဆာန်များက ပိုမိုအင်အားကြီးလာကြပြီး အားကောင်းလာကာ နယ်မြေအများအပြားတွင် ဘေးအန္တရာယ်များ စတင်ဖြစ်ပွားလာကြသည်။

သန်မာအားကောင်းသော သားရဲများ၏ ဖျက်ဆီးမှုအောက်တွင် ကျေးလက်‌ဒေသရှိလူအများအပြားက အပြင်ထွက်ပြီး အလုပ်မလုပ်ရဲကြတော့ပေ၊ အချို့သော သားရဲများသည် ရွာများနှင့် မြို့များအတွင်းသို့ တိုက်ရိုက် ဖောက်ထွင်းဝင်ရောက်ကာ ပျက်စီး ဆုံးရှုံးမှုမျုးကို ဖြစ်ပေါ်စေခဲ့သည်။

ဤရုတ်တရက်ပြောင်းလဲမှုသည် သိရှိထားသော အချက်အလက်အားလုံးကို ဆန့်ကျင်ကာ လူတိုင်း စိတ်ကူးထားသည်ထက် ကျော်လွန်သွားပြီဖြစ်သည်။

အရပ်ရပ်ရှိ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးကိုအလွန်အမင်း တင်းကျပ်လာကြသည်။

……

နှင်းတောင်ကြား၊ တောင်ထိပ်။

ဒီတစ်ကြိမ်တွင် တစ်ညလုံးတောင်ပေါ်မှထွက်ပြေးခဲ့သော ယိုချင်းယန်သည် လုချန်း အနောက်သို့လိုက်ပါလာခဲ့ပြီဖြစ်သည်။

‘အစ်ကို နောက်တစ်ကြိမ် အရမ်းဝေးတဲ့နေရာကို မသွားဘူးဆိုရင် နှင်း‌တောင်ကြားကနေ လွတ်မြောက်ဖို့ အခွင့်အရေးမရှိဘူး’

‘ဒါမှမဟုတ် ငါ့အစ်ကိုထက် မသန်မာမချင်း တောင်ပေါ်ကနေ ထွက်သွားနိုင်မှာမဟုတ်ဘူး’

“ဟုတ်တယ်၊ အစ်ကိုထက် ငါပိုသန်မာနေရင် သူငါ့ကို လိုက်ဖမ်းနိုင်မှာမဟုတ်ဘူး”

“ငါ့ကို လိုက်မီခဲ့ရင်တောင် သူက ငါ့လောက်မသန်မာဘူးဆိုရင် ငါ့ကို အတင်းပြန်ဆွှဲခေါ်လာနိုင်မှာမဟုတ်ဘူး”

အနည်းငယ်စဉ်းစားပြီးနောက် ယိုချင်းယန် သည် သူမ၏ဒုတိယအကြံအစည်ကို ပိုယုံကြည်မှုရှိလာသည်။

သူ့အစ်ကိုလောက် မသန်မာဘဲ ထွက်ပြေးဖို့ ရွေးချယ်တာဟာ သိပ်ပြီး အလားအလာမရှိပေ၊ တစ်ဖက်သားကို ခွန်အားဖြင့် ကျော်ဖြတ်တာက ပိုသေချာသည်။

သူမယခင်ဘဝက ရွှီယွမ်ဟွမ်းကမ္ဘာ၏ ဧကရီဖြစ်ခဲ့သောကြောင့် ယိုချင်းယန် သည် သူမကိုယ်သူမ ယုံကြည်မှုရှိနေဆဲဖြစ်သည်။

နောက်တကြိမ်တွင်၊ ယိုချင်းယန် သည် သူ့ကိုယ်သူ သန်မာလာစေရန် အသားကိုရူးသွပ်စွာစားသောက်လာသည်။

လုချန်း သည် ယခုအချိန်တွင် ယိုချင်းယန် ကိုမြင်သောအခါ ဘလပ်ဟိုးတွင်း ကိုမြင်နေရသကဲ့သို့ပင်။

တစ်ညလုံး တောင်ပေါ်ပြေးဆင်းပြီးနောက် သူ့ညီမ၏ အစာစားချင်စိတ်က အလွန်ကြီးမားလာလိမ့်မည်ဟု သူတွေးထင်မထားခဲ့ပေ။

“စား၊ စား၊ ငါ့ရဲ့မိုက်မဲတဲ့ညီမလေး၊ မင်းဘယ်လောက်ပဲစားစား ငါမင်းကို ထောက်ပံ့ပေးနိုင်တယ်”

လုချန်း သည် အစားအစာအတွက် မည်သို့မျှ မနှမျောနေဘဲ သူ့မျက်လုံးများက ညင်သာနေသည်။

သူ့ညီမ များများစားနိုင်ပြီး၊ ကျန်းမာစွာ ကြီးပြင်းလာနိုင်ခြင်းကို သူမျှော်လင့်သည်။

သို့ပေမယ့် လုချန်း မသိသည်က သူ့ညီမ အခုလို ရူးသွပ်စွာစားနေသည့်အကြောင်းအရင်းမှာ သူကို အနိုင်ယူပြီး နှင်းတောင်ကြားကနေ ထွက်သွားချင်သောကြောင့်ဖြစ်သည်။

"ဇွီးးးရွှီးး!"

ရုတ်တရက် ချိုင့်ဝှမ်းအပေါ်ဘက် ကောင်းကင်ယံမှ စူးရှသော အော်ဟစ်သံကို ကြားလိုက်ရသည်။

အနည်းငယ်ရင်းနှီးသောအသံကိုကြားပြီး လုချန်း သည် လှိုဏ်ဂူထဲမှ အမြန်ပြေးကာ ကောင်းကင်ပေါ်ကို မျှော်ကြည့်လိုက်သည်။

ကောင်းကင်တွင် မီတာပေါင်းများစွာ ပျံဝဲနိုင်တဲ့ အတောင်များနှင့် ကြီးမားသော ရွှေလင်းယုန်ကြီးကို တွေ့လိုက်ရသည်။

လုချန်း ၏ အာရုံခံနိုင်စွမ်းက အလွန်အားကောင်းပြီး သူ့ရှေ့ရှိ ရွှေလင်းယုန်သည် ငယ်စဉ်က ကြုံတွေ့ခဲ့ဖူးသော ငှက်တစ်ကောင်ဖြစ်ကြောင်း သိလိုက်သည်။

လုချန်း သည် ငယ်စဉ်အခါက အလွန်အားနည်းခဲ့ပြီး ခုခံ‌ရန်စွမ်းအားမရှိခဲ့ပေ။

ဝံပုလွေငယ်လေးသည် ရွှေလင်းယုန်၏လက်တွင်တွင်ပါသွားသည်ကို ကြည့်နေရုံသာလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပေ။

လုချန်း သည် ထိုနှင်းဝံပုလွေကလေးငယ်၏ အော်ဟစ်အကူအညီတောင်းသည့်အသံများကို ယနေ့အချိန်ထိ မှတ်မိနေဆဲဖြစ်သည်။

ကောင်းကင်ထက်မှ ရွှေလင်းယုန်ငှက်ကိုကြည့်ပြီး သူမျက်လုံးထဲတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နှက်သွားသည်။

"အားးဝူးး!"

လုချန်း က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ထိုလင်းယုန်ကို တိုက်ရိုက်သတ်ပစ်ချင်ခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့်၊ သူသည် ယခုတွင် နှင်းဝံပုလွေတစ်ကောင်သာဖြစ်ပြီး ပျံသန်းနိုင်စွမ်း မရှိပေ။

ကောင်းကင်အုပ်စိုးသူအဖြစ် ရွှေလင်းယုန်သည် ကောင်းကင်ပေါ်တွင် အကြွင်းမဲ့ ဘုရင်တစ်ပါးဖြစ်သည်။

လုချန်း ၏မျက်လုံးများတွင် လူသတ်ရန် ရည်ရွယ်ချက်မှာ ခိုင်မာလုနီးပါးဖြစ်နေပြီဖြစ်သည်။

သေချာသည်မှာ ဤရွှေလင်းယုန်သည် နောက်တစ်ကြိမ် အမဲလိုက်ရန် ချိုင့်ဝှမ်းသို့ ရောက်လာခြင်းဖြစ်သည်။

လုချန်း ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ကောင်းကင်‌ပေါ်တွင် ရွှေလင်းယုန်နှင့် တိုက်ခိုက်ရန် နည်းလမ်းမရှိပေ။

လုချန်း သည် အရှုံးမပေးဘဲ မြင့်မားသော‌နေရာဆီသို့ ပြေးသွားပြီး အေးစိမ့်သောလေကို ဆွဲယူရန် ပါးစပ်ကိုဖွင့်လိုက်သည်။

ရေခဲပြာအအေးဓာတ်ကို ထုတ်လွှတ်ရန် လုချန်း အစွမ်းကုန်ကြိုးစားခဲ့သည်။

သို့သော် သူ၏ တိုက်ခိုက်မှုများသည် လေထဲတွင် ပျံသန်းနေသော ရွှေလင်းယုန်ကို နည်းနည်းလေးမှ မထိခိုက်နိုင်ခဲ့ပေ။

လင်းယုန်ငှက်သည် အလွန်မြင့်သော အမြင့်တွင်ပျံသန်းနေသည်။ လုချန်း သည် နိုးထခြင်း ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း၊ သူသည် စွမ်းအားမဲ့နေဆဲဖြစ်သည်။

All Chapters