← Chapters

“အိုး ဘုရား၊ငါ့အစ်ကို တကယ် ပျံသွားပြီ”

Vol. 4 Ch. 49

“အိုး ဘုရား၊ငါ့အစ်ကို တကယ် ပျံသွားပြီ”

Vol. 4 Ch. 49

လုချန်း သည် ထိုရွှေလင်းယုန် ယခင်ကထက် ပိုမိုကြီးထွားလာကြောင်း ရှင်းရှင်းလင်းလင်းခံစားမိသည်။

လင်းယုန်ထံမှ ထွက်ပေါ်လာသော ရောင်ဝါသည် ယခင်ကသူမြင်ဖူးခဲ့သော သားရဲများထက် ပိုမိုပြင်းထန်သည်။

အတောင်များက ဆန့်လိုက်သောအခါ မီတာများစွာ ရှည်လျားသည်။ အတောင်နှစ်ဖက်ခတ် လိုက်တဲ့အခါ ပြင်းထန်သောလေပြင်းများထွက်ပေါ်လာသည်။

လင်းယုန်၏ စူးရှသော မျက်လုံးများက အောက်ဘက်ချိုင့်ဝှမ်းကို စကင်န်ဖတ်‌ နေသကဲ့သို့ စူးစူးစိုက်စိုက်ကြည့်နေသည်။

သူ့ဆီမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အရှိန်အဝါသည် အလွန်ပြင်းထန်လွန်းသဖြင့် သွေးမိုးကြောင့် အားကောင်းခဲ့သော ချိုင့်ဝှမ်းရှိ အရွယ်ရောက် နှင်းဝံပုလွေများပင် ကြောက်ရွံ့ထိတ်လန့်မှု ကိုခံစားခဲ့ရသည်။

လင်းယုန်ငှက်ကြီး၏ ကြီးမားသော ခြေသည်းများက နေရောင်အောက်တွင် အေးစက်သောအလင်းရောင်များ ထွက်ပေါ်နေသည်။

ထို ရွှေလင်းယုန်ငှက်က သူတို့၏ ကျောရိုးများကို အလွယ်တကူ ချေမွနိုင်သည်ကို သံသယဖြစ်စရာမရှိပေ။

"အားးဝူးး!"

“မင်းကို ဖမ်းမမိပါစေနဲ့လို့ဆု‌တောင်း၊ ဖမ်းမိရင် မင်းရဲ့အမွှေးအားလုံးကိုနှုတ်ပစ်မယ်”

လုချန်း သည် လေထဲတွင် ပျံသန်းနေသော အားကောင်းလှသည့် ရွှေလင်းယုန်ကို ကြည့်ကာ ကူကယ်ရာမဲ့ ဖြစ်နေပြီး ‌ဒေါသတကြီး ဟိန်းဟောက်ရုံသာတတ်နိုင်သည်။

ထိုလင်းယုန်ငှက်သည် ကောင်းကင်၌ ပျံဝဲနေသရွေ့ တိုက်ခိုက်ရန် နည်းလမ်းမရှိပေ။

ထိုအခိုက်အတန့်တွင် လုချန်း သည် သူ၏ယခင်ဘဝ၌ သူလေ့လာခဲ့သော သမိုင်းစာအုပ်များထဲမှ ‘ကောင်းကင်ဘုံကို တောင့်တ’သည့် အကြောင်းရင်းကို နောက်ဆုံးတွင်နားလည်သွားပြီးဖြစ်သည်။

အခုအချိန်တွင် လုချန်း ၏ ကောင်းကင်ကို တောင့်တသည့်စိတ်က အထွတ်အထိပ်သို့ ရောက်နေပြီဟု သတ်မှတ်နိုင်သည်။

ကောင်းကင်၌ ရွှေလင်းယုန်သည်လည်း ကျယ်လောင်သော ဝံပုလွေအူသံကို ကြားနေရသည်။

ချိုင့်ဝှမ်းတွင် အလွန်ထင်ရှားသော ငွေဖြူ နှင်းဝံပုလွေကို သတိပြုမိသည်။

လင်းယုန်ငှက်သည် လုချန်း က သူထက်ပိုသန်မာကြောင်း ခံစားမိသည်။

သို့သော်လည်း သူသည် သူ့မျိုးနွယ်၏ အားသာချက်ကို အလွန်ယုံကြည်ပုံရသည်။

ဝံပုလွေဘုရင်သည် မည်မျှပင် တန်ခိုးကြီးနေပါစေ လေထဲတွင် တိုက်ခိုက်နိုင်စွမ်းမရှိဟု သူယုံကြည်သည်။

လုချန်း ၏ခေါင်း‌ပေါ်ကို လွတ်လွတ်လပ်လပ် ပျံသန်းကာ သာယာနေသည်။

လုချန်း ဒေါသတကြီးဖြစ်ကာ အေးစက်သည့် လေများကို မှုတ်ထုတ်လိုက်သည်။

သို့သော် ရွှေလင်းယုန်သည် အလွန်လျင်မြန်သဖြင့် အတောင်ပံခတ်ကာ အေးစက်သည့် အပြာရောင်အလင်းတန်းအားလုံးကို ရှောင်တိမ်းသွားခဲ့သည်။

ပြိုင်ဘက်က လေထဲတွင် ရှောင်တိမ်းနိုင်သောကြောင့် လုချန်း သည် မြေပြင်ပေါ်မှ ပစ်မှတ်ကို ထိမှန်အောင် မပစ်ခတ်နိုင်ပါ။

နောက်ဆုံးတွင် သူဟာ အရင်ဘဝက လေယာဉ်ပစ်သေနတ်လဲမရှိသလို သူ့ကိုယ်ပိုင်ရေဒါသော့လည်း မရှိပေ။

လုချန်း က သူကိုထိခိုက်အောင်မလုပ်နိုင်မှန်း ရွှေလင်းယုန် သိထားတာကြောင့် ပြိုင်ဘက်ကို တမင်တကာ ကစားနေသလိုမျိုး ကောင်းကင်ထက်တွင် ဆက်ပြီး ပျံသန်းနေသည်။

“ဒီရွှေလင်းယုန်!”

ယိုချင်းယန် သည် ထိုအချိန်တွင် စားသောက်ခြင်းကို ရပ်တန့်ကာ ဂူအပြင်ဘက်သို့ထွက်လာခဲ့သည်။

ယိုချင်းယန် သည် လုချန်း ၏ဒေါသများအား ကောင်းကင်ကိုသာပုံချနိုင်သည်ကို သူမ,မြင်သောအခါ အလွန်စိတ်မကောင်းဖြစ်ရသည်။

သူမ နှင်းထူထပ်သော တောင်တန်းကနေ လွတ်မြောက်ချင်ပေမယ့် ဤမိသားစုကို ငြီးငွေ့တယ်လို့ မဆိုလိုပါ။

သို့ပေမယ့် သူမသည်လည်း လုပ်နိုင်တာ ဘာမှမရှိပေ။ လုချန်း မပျံသန်းနိုင်သလို ယိုချင်းယန် သည်လည်း မပျံသန်းနိုင်ပါ။

ထိုအခိုက်အတန့်တွင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်မှုများ မအောင်မြင်ခဲ့သော လုချန်း သည် တဖြည်းဖြည်း တည်ငြိမ် သွားပြီး ပရမ်းပတာ တိုက်ခိုက်ခြင်းများကို ရပ်တန့်လိုက်သည်။

ဝံပုလွေဘုရင်၏ အေးဆေးတည်ငြိမ်မှုကို ရေခဲပြာမျက်လုံးများထဲတွင် အထင်းသား ပေါ်လွင်စေခဲ့သည်။

ထို့နောက် လုချန်း သည် သူ၏ လက်ရှိ ရည်ညွှန်းချက်ဘောင်ကို ဖွင့်လိုက်သည်။ ယခု သူစုဆောင်းထားသော ဆင့်ကဲပြောင်းလဲခြင်းအမှတ်များသည် အခြားသော ကျွမ်းကျင်မှုများကို ပင်ကိုယ်စွမ်းရည်အဖြစ်သို့ အဆင့်မြှင့်တင်ရန် လုံလောက်သည်။

“ဘာလို့ ပျံသန်းနိုင်စွမ်းမရှိတာလဲ၊ နှင်းဝံပုလွေက ဘာလို့ အတောင်ပံတွေ မပေါက်နိုင်ရတာလဲ”

ဤအံ့သြဖွယ်ကောင်းသော ကျွမ်းကျင်မှုများကို ကြည့်ရင်း လုချန်း အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ ကျွမ်းကျင်မှုများစွာရှိသော်လည်း ပျံသန်းခြင်းနှင့်နီးစပ်သည့် ကျွမ်းကျင်မှုကိုမတွေ့ရပေ။

“သစ်ပင်တက်ခြင်းအတတ်ပညာကို အဆင့်မြှင့်တင်လိုက်ရမလား၊ ဖြစ်နိုင်ရင်...”

အနည်းငယ်စဉ်းစားပြီးနောက် လုချန်း သည် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၂,၇၀၀ ကိုအသုံးပြုကာ သစ်ပင်တက်ခြင်းစွမ်းရည်ကို အဆင့်မြှင့်ရန် ရွေးချယ်လိုက်သည်။

ကျွမ်းကျင်မှုများစွာရှိသည့်အနက် ဤတစ်ခုတည်းသာ ပျံသန်းခြင်းနှင့် သက်ဆိုင်ပုံရသည်။

လုချန်း သည် သူ၏သစ်ပင်တက်ခြင်းအတတ်ပညာကို အဆင့်မြှင့်တင်ပြီးနောက် ပြောင်းလဲသွားသော ပင်ကိုယ်စွမ်းရည်ကိုကြည့်ကာ သူ့နှလုံးသားက အနည်းငယ်တုန်ခါသွားသည်။

ကောင်းကင်‌တက်လှမ်းခြင်း - အသက်သွင်းပြီးနောက် သင်သည် ပျံလွှားတစ်ကောင်လို ပေါ့ပါးပြီး လေပေါ်တွင် ခဏတာ ရပ်တည်နိုင်သည်။

"ဟား..ဟား..ဟား..နတ်ဘုရားက ငါ့ကို ကူညီနေတာ၊ နတ်ဘုရားက ငါ့ကို ကူညီနေတာပဲ"

“ငါဒီလို ပင်ကိုယ်စွမ်းရည်မျိုးပြောင်းလဲနိုင်လိမ့်မယ်လို့ မထင်ထားဘူး”

လုချန်း အလွန်စိတ်လှုပ်ရှားနေသည်။

သစ်ပင်တက်ခြင်း ကျွမ်းကျင်မှုသည် ရေတိုပျံသန်းခြင်း ပင်ကိုယ်စွမ်းရည်အဖြစ် အမှန်တကယ် အဆင့်မြှင့်နိုင်ခဲ့‌သည်။

ထို့နောက် သူသည် ကောင်းကင်ထက်၌ ပျံဝဲနေသော ရွှေလင်းယုန်ကို မော့ကြည့်လိုက်ပြီး သူ့ပါးစပ်ထောင့်တွင် လှောင်ပြုံးတစ်ခုထွက်ပေါ်လာသည်။

“အမွေးထူတဲ့ငှက်စုတ်၊ မင်း ပျံသန်းရတာကြိုက်တယ်မဟုတ်လား?”

“ငါ မင်းကို ယဉ်ကျေးသိမ်မွေ့တဲ့ ငှက်ဖြစ်အောင် သင်ကြားပေးမယ်!” 

လုချန်း က အော်ဟစ်ရယ်မောလိုက်ပြီး သူ့ဘေးမှ မြင့်မားသော နှင်းလျှောစောက်ပေါ်သို့ ပြေးသွားလိုက်သည်။

နောက်တစက္ကန့်တွင် ယိုချင်းယန် အပါအဝင် မရေမတွက်နိုင်သော နှင်းဝံပုလွေများ အားလုံး အံ့အားသင့်သွားကြသည်။

သူတို့၏ဘုရင်ကြီးသည် တောင်စောင်းမှ မီတာများစွာ အမြင့်သို့ ခုန်တက်သွားခဲ့သည်။

ဒါက နှင်းဝံပုလွေမျိုးနွယ်၏ အသိဥာဏ်ရဲ့ပြင်ပကို ရောက်နေပြီဖြစ်သည်။ ဝံပုလွေတွေ ဘယ်တုန်းက ပျံသန်းခဲ့ဖူးသလဲ။

“အိုး ဘုရား၊ငါ့အစ်ကို တကယ် ပျံသွားပြီ၊ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”

ယိုချင်းယန် ထိုအခိုက်အတန့်တွင် လုံးဝစိတ်ရှုပ်ထွေးသွားပြီး လျှပ်စစ်ရှော့တိုက်ခံလိုက်ရသကဲ့သို့ သူမ၏ဦးနှောက် အေးခဲသွားသည်။

“ဒါ...ဒါက ကောင်းကင်ပေါ်တက်လှမ်းခြင်းရဲ့ စွမ်းအားလား”

ယိုချင်းယန် အံ့အားသင့်သွားပြီး မျက်လုံးများကပြူးကျယ်သွားသည်။

သူမ၏မှတ်ဉာဏ်ထဲတွင်၊ ကောင်းကင်ပေါ်တွင် လျှောက်လှမ်းနိုင်သော ပင်ကိုယ်စွမ်းရည်က သားရဲအနည်းစုကသာ နိုးထလာနိုင်သည့် စွမ်းရည်တစ်ခုဖြစ်သည်။

သို့ပေမယ့် အဓိကအချက်ကတော့ သူ့အစ်ကိုက သွေးမိုးခံယူပြီးနောက် ပင်ကိုယ်စွမ်းရည်နှစ်ခုကို နိုးထခဲ့ပြီးသားဖြစ်သည်။

ယိုချင်းယန် သည် ထိုနေ့တွင် သူ့အစ်ကိုထံမှ ထွက်ပေါ်လာသော ရေခဲရောင်ဝါကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးပြီး၊ နောက်ထပ် အရည်အချင်းတစ်ခုက ကုသခြင်း စွမ်းရည်ဖြစ်သည်။

“ဒါ ဘယ်လိုဖြစ်ရတာလဲ? !”

“ဒါ ဘယ်လိုငရဲလဲ? !”

ပင်ကိုယ်စွမ်းရည်သုံးမျိုးရှိသည့် သတ္တဝါမှာ အလွန်ရှားပါးကြောင်း သိထားရမည်ဖြစ်သည်။

ယိုချင်းယန် ၏ ယခင်ဘဝတွင်ပင် သူမသည် အရည်အချင်းတစ်ခုတည်းဖြင့်သာစတင်ခဲ့သည်။

နောက်ပိုင်းကာလများတွင်သာ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများနှင့် အခွင့်အလမ်းများစွာကြောင့် အခြားသော အရည်အချင်းများနှင့် ပင်ကိုယ်စွမ်းရည်များကို ကျွမ်းကျင်လာခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ယံ မီတာ ၂၀၀ ကျော်၌၊ ရွှေလင်းယုန်သည် အေးစက်သောရေခဲဓာတ်ကို ရှောင်တိမ်းကာ သူ၏ ခန္ဓာကိုယ်ဟန်ချက် ကိုပြန်ထိန်းရန် အတောင်ပံခတ်လိုက်သည်။

ထို့နောက် သူလှည့်ကြည့်လိုက်ချိန်တွင် ငွေဖြူ ဝံပုလွေကြီးတစ်ကောင်က သူ့ဆီ တိုက်ရိုက်ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

လင်းယုန်ငှက်၏ ရွှေမျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားပြီး ထိုနေရာတွင် ကြောင်အကာရပ်နေသည်။

ဤမြင်ကွင်းသည် သူ့အပေါ်တွင် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။

“ဝံပုလွေ ဘယ်အချိန် ပျံသန်းနိုင်ခဲ့တာလဲ ဆိုတာကို ငါ့မျိုးနွယ်ထဲက ဘိုးဘေးကြီးတစ်ယောက်လောက် လာရှင်းပြပေးလို့ရလား”

လုချန်း သည် ရွှေလင်းယုန်အား တုံ့ပြန်ရန် အခွင့်အရေးမပေးပေ။ ချဉ်းကပ်လာပြီးနောက် သူ၏ ထက်မြက်သောခြေသည်းများသည် ရွှေလင်းယုန်၏ ဦးခေါင်းကို တိုက်ရိုက် ထိမှန်သွားသည်။

ထိုတိုက်ခိုက်မှုက ရွှေလင်းယုန်ရဲ့ ဦးနှောက်ကို ခဏတာမှုန်ဝေဝါးသွားစေသည်။ ချက်ချင်းပင် လုချန်း က သူ့ပါးစပ်ကိုဖွင့်ပြီး ရွှေလင်းယုန်အတောင်ပံကို ကိုက်လိုက်သည်။

ထို့နောက် သူသည် ကောင်းကင်ပေါ်တက်လှမ်းခြင်းစွမ်းရည်ကို ရပ်တန့်လိုက်ပြီး သူ့ကိုယ်ပိုင်အလေးချိန်ဖြင့် ရွှေလင်းယုန်ကို ဆွဲချလိုက်ပြီး အောက်သို့ ပြုတ်ကျလာကြသည်။

ဘုန်း!

မီတာ ၂၀၀ ကျော် အမြင့်ကနေ ပြုတ်ကျလာပြီးနောက် ချိုင့်ဝှမ်းထဲတွင် ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခုက ပဲ့တင်ထပ်သွားသည်။

လုချန်း ဆင်းသက်ခါနီးတွင် သူသည် ကောင်းကင်ပေါ်တက်လှမ်းခြင်း၏ စွမ်းအားကိုပြန်အသုံးပြုလိုက်ပြီး လေထဲတွင် ရပ်တန့်လိုက်သည်။

သို့ပေမယ့် ရွှေလင်းယုန်ကတော့ ကံမကောင်းခဲ့ပေ။

ပင်ကိုယ်စွမ်းရည် နိုးထပြီးသား ငှက်တစ်‌ကောင်ဖြစ်သော်လည်း ထိုကဲ့သို့ အမြင့်မှ ပြုတ်ကျခြင်းက ရွှေလင်းယုန်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး တွင်းနက်ကြီးတစ်ခု ကိုပြုလုပ်ပေးခဲ့သည်။

လုချန်း အောက်သို့ပြန်ဆင်းလာပြီး ငှက်ကြီးနိုးလာမည်ကို စောင့်ဆိုင်းမနေ‌တော့ဘဲ အဆုံးသတ်ပေးလိုက်သည်။

ထို့နောက် သူသည် ဝံပုလွေအူသံကို ထုတ်လိုက်ပြီး ချိုင့်ဝှမ်းရှိ ဝံပုလွေများအား ငှက်၏အသားများကို ခွဲဝေပေးလိုက်သည်။

လင်းယုန်ငှက်သည် နှင်းဝံပုလွေတစ်ကောင်က ကောင်းကင်ပေါ်ထိတက်လာပြီး သူကိုဘယ်လိုဆွဲချသွားသလဲဆိုတာကို သူသေသွားသည့်တိုင်အဖြေရှာမရခဲ့ပေ။

လုချန်း ကိုကြည့်ရင်း ယိုချင်းယန် ၏ မျက်လုံးများက ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေသည်။ ကောင်းကင်ပေါ်တက်လှမ်းခြင်း စွမ်းရည်ကို နိုးကြားလာပြီးနောက်၊ သူမ,အစ်ကို၏ ခွန်အားသည်လည်း တိုးတက်လာမည်ဖြစ်ပြီး ဤကမ္ဘာတွင် သူ့ကိုယ်သူ ကာကွယ်ရန် ပိုမိုလွယ်ကူလာပြီဖြစ်သည်။

ထို့နောက်တွင် ယိုချင်းယန် မျက်နှာပျက်သွားပြန်သည်။

“ပြီးသွားပြီ၊ ငါ့အစ်ကိုက ကောင်းကင်ပေါ်တက်လှမ်းနိုင်တဲ့ စွမ်းရည်ကို နိုးထသွားပြီ၊ သဘောက အနာဂတ်မှာ လွတ်မြောက်ဖို့ ငါ့အတွက် ပိုခက်ခဲမှာ မဟုတ်လား”

နေဝင်လာသည်နှင့်အမျှ၊ ဝိညာဉ်သစ်သီးများကိုရှာဖွေရန် ထွက်သွားသော နှင်းဝံပုလွေများက ချိုင့်ဝှမ်းဆီသို့ ပြန်ရောက်ဘာကြသည်။

“ငါ မြန်မြန် သန်မာလာရမယ်!”

ဝံပုလွေများမှ ပြန်ယူလာသော ပထမအဆင့်ဝိညာဉ်ဆေးများကိုကြည့်ရင်း၊ ယိုချင်းယန် သည် ဤတစ်ကြိမ်တွင် ရှေ့သို့လျှောက်သွားပြီး သွားရာများဖြင့်ပြည့်နှက်နေသော ဝိညာဉ်သစ်သီးကို စားသုံးရန် စတင်လုပ်ဆောင်လိုက်သည်။

“အားးဝူးး!”

သို့သော်လည်း သူမ၏ လုပ်ရပ်ကို ဝံပုလွေများက ချက်ချင်း ဆန့်ကျင်ကြပြီး နှင်းဝံပုလွေအုပ်စုက သူမကို ဝိုင်းထားကြသည်။

နှင်းဝံပုလွေတစ်မျိုးနွယ်သည် အလွန်တင်းကျပ်ကြောင်းကို သင်သိထားရန်လိုပြီး အဆိုပါ ဝိညာဉ်ဆေးများကို ဝံပုလွေဘုရင်အား ပေးအပ်ရမည်ဖြစ်သည်။

လုချန်း အမိန့်မပေးမချင်း မည်သူမျှထိခွင့်မရှိပေ၊ သူ့ညီမဖြစ်လျှင်ပင်။

“အကိုကြီး……”

All Chapters