နယ်မြေချဲ့ထွင်ခြင်းနှင့် ဒရုန်းထွက်ပေါ်လာခြင်း
Vol. 4 Ch. 50
ရုတ်တရက် နှင်းဝံပုလွေများစွာက သူမကို ဝိုင်းထားသဖြင့် ယိုချင်းယန် စိတ်အနှောက်အယှက်ဖြစ်သွားသည်။
နှင်းဝံပုလွေများက ဤကဲ့သို့ပြင်းပြင်းထန်ထန်တုံ့ပြန်လိမ့်မည်ဟု သူမ,မမျှော်လင့်ထားပေ။
ယိုချင်းယန် ယခင်ဘဝက လူသားတစ်ဦးဖြစ်ခဲ့သည်။ သူမသည် ဝံပုလွေအဖြစ် ပြန်လည်မွေးဖွားလာသော်လည်း လူသားတို့၏ တွေးခေါ်မှုဖြင့် နှင်းဝံပုလွေများ၏ စည်းမျဉ်းများကို မသိစိတ်မှ လျစ်လျူရှုထားခဲ့ဖြစ်သည်။
"အားးဝူးး!"
ထိုအချိန်တွင် လုချန်း သည် ဝံပုလွေအူသံကို ထုတ်လွှတ်လိုက်ပြီး သူ့ညီမအနားသို့ရောက်လာသည်။
လုချန်း ရှေ့သို့ တိုးလာသည်နှင့်အမျှ ဝံပုလွေများသည် သဘာဝအတိုင်း မည်သည့်အသံမှမထွက်ဝံ့ဘဲ တစ်ကောင်ပြီးတစ်ကောင် နောက်ပြန်ဆုတ်သွားကြသည်။
ထို့နောက် လုချန်း သည် နှင်းဝံပုလွေများ ခူးဆွတ်သော ဝိညာဥ်သစ်သီးအားလုံးကို ရှောင်ပိုင် အား ပေးလိုက်သည်။
လုချန်း သည် သူ့ပတ်ဝန်းကျင်မှ ဝံပုလွေများကို ဒေါသမထွက်ခဲ့ပေ၊ ခြုံပြောရရင် ဤနှင်းဝံပုလွေများက နှင်းဝံပုလွေဘုရင်၏ဂုဏ်သိက္ခာကို ကာကွယ်ပေးလိုခဲ့ကြခြင်းသာဖြစ်သည်။ သူ့ညီမကို ပစ်မှတ်မထားမှန်း သူသိသည်။
“ဟီးဟီး အစ်ကိုက အကောင်းဆုံးပဲ”
သူမ၏အနောက်ဘက်ရှိ လုချန်း ၏ သန်မာရုပ်သွင်ကို ကြည့်ကာ ယိုချင်းယန် ၏ မျက်လုံးများက ပျော့ပျောင်းသွားပြီး သူမ၏ နှလုံးသားထဲတွင် ရွှင်လန်းမှုများဖြင့်ပြည့်နှက်သွားသည်။
သို့သော်၊ သူမ၏အစ်ကိုက ဤဝိညာဉ်သစ်သီးအားလုံးကို သူမထံတွန်းပို့လိုက်သည်ကို သူမ မြင်သောအခါတွင် အနည်းငယ်ရှက်ရွံ့သွားသည်။
ဤဝိညာဉ်သစ်သီးများသည် ကျင့်ကြံခြင်း၏အစောပိုင်းအဆင့်များတွင် အလွန်အသုံးဝင်နေသေးသည်။ ယိုချင်းယန် က လုချန်း ကို သစ်သီးခြောက်လုံး အမြန်ပြန်ပေးလိုက်သည်။
နှင်းဝံပုလွေမိဘများက ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူတို့ စိတ်သက်သာရာရသွားကြသည်။
နှင်းဝံပုလွေများသည် မိသားစုချစ်ခင်တွယ်တာမှုကို အလွန်အလေးထားသော်လည်း သူတို့ ဆက်လက်ကြီးထွားလာသည်နှင့်အမျှ သူတို့ကြားရှိ ကွာဟချက်အချို့က ရှောင်လွှဲ၍မရနိုင်ပေ။
အထူးသဖြင့် ဝံပုလွေဘုရင်ဖြစ်လာတဲ့အခါ သူရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်ဖြစ်သည်။
လုချန်း နှင်းဝံပုလွေအသစ်ဖြစ်လာသော်လည်း သူ့ညီမကိုဂရုစိုက်သေးသည်။ ဤမိသားစု၏ ချစ်ခြင်းမေတ္တာက အမှန်တကယ်တန်ဖိုးရှိသည်။
လုချန်း က မငြင်းပေ၊ ထို့နောက် သူသည် ကိုယ်ခန္ဓာကြံ့ခိုင်စေရန်အတွက် ဝိညာဉ်သစ်သီးနှစ်လုံးကို နှင်းဝံပုလွေမိဘများထံ ပေးအပ်လိုက်ပြီး သူ့အတွက် ဝိညာဉ်သစ်သီးလေးလုံးကို ချန်ထားလိုက်သည်။
မိုးချုပ်ပြီးနောက် လုချန်း သည် သူ၏ လက်ရှိ ရည်ညွှန်းချက်ဘောင်ကို ထပ်မံစစ်ဆေးလိုက်သည်။
【အမည် - လုချန်း】
အသက်- ၆လ
[အဆင့်- နိုးထခြင်းအဆင့်၂ (၂၀,၀၀၀ /၀ )]
[ကျွမ်းကျင်မှုများ-
အအေးဒဏ်ခံနိုင်ခြင်း (အစောပိုင်း)
ခုခံကာကွယ်ခြင်း (အလယ်လတ်)
ပြန်လည်ထူထောင်ခြင်း (အလယ်လတ်)
ရှောင်တိမ်းခြင်း (အလယ်လတ်)
လျှင်မြန်မှု (အလယ်လတ်)
သားရဲထိန်းကျောင်းခြင်း (အလယ်အလတ်)
ဟန့်တားခြင်း (အစောပိုင်း)
ဖုံးကွယ်ခြင်း (အလယ်အလတ်)
အစောပိုင်းအဆင့် ကျွမ်းကျင်မှုများကိုအဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၂၀၀ လိုအပ်ပြီး၊ အလယ်အလတ်အဆင့် ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၅၀၀ လိုအပ်သည်။]
[ပင်ကိုယ်စွမ်းရည်-
ရေခဲစွမ်းရည် (အစောပိုင်း)၊
ကုသခြင်းစွမ်းရည် (အစောပိုင်း)
ရူးသွပ်ခြင်း (အစောပိုင်း)
အနှစ်သာရဝါးမျိုခြင်း (အစောပိုင်း)
အမှတ်အသားပြုခြင်း (အစောပိုင်း)
ကောင်းကင်ပေါ်တက်လှမ်းခြင်း (အစောပိုင်း)
(ပင်ကိုယ်စွမ်းရည်များကို အဆင့်မြှင့်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၉,၀၀၀ ကို အသုံးပြုပါ)]
[မျိုးနွယ်- နှင်းဝံပုလွေ]
[ဆင့်ကဲပြောင်းလဲခြင်းအမှတ်- ၇,၁၀၀]
........
နောက်တစ်ဆင့်သို့တက်လှမ်းရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၃,၀၀၀ လိုအုံးမည်ဖြစ်သည်။
ယခင်ကအတိုင်းဆိုလျှင် ဤမျှများပြားသောအမှတ်များက လုချန်း အပေါ်ဖိအားသက်ရောက်နိုင်သည်။
သို့သော် ယခု လုချန်း သည် အမှတ်များအတွက် စိုးရိမ်ခြင်းမရှိတော့ပေ။
ယခုအချိန်တွင် သူသည် နှင်းဝံပုလွေမျိုးနွယ်ကို ကောင်းစွာလည်ပတ်နိုင်နေပြီဖြစ်သည်။
တောင်ထိပ်အနီးရှိ ဝိညာဉ်ရေးဆေးပင်များနှင့် သစ်သီးမျိုးစုံကို ရှာဖွေရန် နှင်းဝံပုလွေတစ်အုပ်လုံးကို ဖြန့်ကြက်ထားသည်။
ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာသောကြောင့် ဤထူးဆန်းသောဝိညာဉ်ဆေးပင်များနှင့် သစ်သီးများသည် သွေးမိုးရွာပြီးနောက် မှိုများကဲ့သို့ ပေါများစွာပေါက်ရောက်နေပြီဖြစ်သည်။
ယခု နှင်းဝံပုလွေအဖွဲ့သည် နေ့တိုင်းနီးပါး ပထမအဆင့် ဝိညာဉ်ဆေးဆယ်ခုလောက်ကို ပြန်ယူလာနိုင်နေပြီဖြစ်သည်။
လုချန်း က သူ့ညီမနှင့် မိဘတွေဆီ တစ်ချို့ကို ပေးလျှင်တောင်၊ ပိုသော ဝိညာဉ်သစ်သီးများက ဆင့်ကဲပြောင်းလဲခြင်းအမှတ်များစွာကို ပေးစွမ်းနိုင်သည်။
လက်ရှိအမြန်နှုန်းအရ၊ နောက်တစ်ဆင့်သို့တက်လှမ်းရန်အတွက် လိုအပ်သော ဆင့်ကဲပြောင်းလဲခြင်းအမှတ်များကို စုဆောင်းမည်ဆိုလျှင် နှစ်ရက် သို့မဟုတ် သုံးရက်ခန့်သာ အချိန်ယူရမည်ဖြစ်သည်။
ထို့အပြင် နှင်းဝံပုလွေမျိုးနွယ်၏ အလုံးစုံအင်အားက အချိန်နဲ့အမျှ တိုးတက်လာနေသည်။
ဝိညာဉ်စွမ်းအင်များ ပြန်လည်ရှင်သန်လာပြီးနောက် ဤကမ္ဘာကြီးသည် ယခင်ကနှင့်မတူတော့ပေ။
သက်ရှိများသည် သူတို့ ကန့်သတ်ချက်များကို အဆက်မပြတ် ချိုးဖျက်နေကြပြီး အခြားသားရဲများကို ဖမ်းယူစားသောက်ခြင်းဖြင့် စွမ်းအင်များရရှိနိုင်သည်။
နှင်းဝံပုလွေမျိုးနွယ်စု၏ အင်အားသည် တစ်နေ့ထက်တစ်နေ့ တိုးတက်လာပြီး ပိုအားကောင်းလာကာ ခုခံကာကွယ်နိုင်စွမ်းသည်လည်း တိုးတက်လာသည်။
နှင်းဝံပုလွေမျိုးနွယ်စု အင်အားကြီးလာခြင်းနှင့်အတူ သူတို့၏ နယ်မြေများကိုလည်း ဆက်လက်ချဲ့ထွင်နိုင်မည်ဖြစ်ပြီး ပိုမိုကျယ်ပြန့်သော ဧရိယာများတွင် ဝိညာဉ်ဆေးများရှာဖွေကာ ပြန်လည်သယူဆောင်လာနိုင်မည်ဖြစ်သည်။
“နှင်းဝံပုလွေတွေ အားကောင်းလာပြီဆိုတော့ နယ်မြေချဲ့ထွင်ဖို့အချိန်တန်ပီ”
အနည်းငယ်စဉ်းစားပြီးနောက် လုချန်း သည် သူတို့၏နယ်မြေကို ဆက်လက်ချဲ့ထွင်ရန် ဆုံးဖြတ်လိုက်သည်။
တောင်ထိပ်တဝိုက်မှ ခြိမ်းခြောက်မှုအားလုံးကို လုချန်း ဖယ်ရှားထားပြီးဖြစ်သည်။
........
နောက်တစ်နေ့မနက်တွင် လုချန်း သည် နယ်မြေဧရိယာကို ချဲ့ထွင်ရန်အတွက် ဝံပုလွေအဖွဲ့ကို အမိန့်အသစ်ပေးအပ်ခဲ့သည်။ ယခုတွင် ဝံပုလွေအုပ်စုသည် အခြားသားရဲများထက် ပိုမိုသန်မာနေပြီး နယ်မြေချဲ့ထွင်မှုက အလွန်ချောမွေ့သည်။
လုချန်း ဦးဆောင်သော ဝံပုလွေအုပ်စုသည် များပြားပြီး အလွန်အစွမ်းထက်ကြသည်။
တောအုပ်များနှင့် တောင်တန်းများတွင် ကြောက်မက်ဖွယ်ကောင်းသော သားရဲတိရစ္ဆာန်များက ဝံပုလွေအုပ်စုပေါ်လာသည်ကို မြင်သည်နှင့် အဝေးသို့ လစ်ပြေးသွားကြသည်။
သွေးဆူသော သားရဲများ အတွက်ကတော့... သူတို့က ဝံပုလွေများ၏ ဝမ်းဖြည့်စာများဖြစ်သွားကြသည်။
နယ်မြေချဲ့ထွင်ခြင်း ပထမနေ့မှာပင်၊ လုချန်း ရရှိသော ဝိညာဉ်ဆေးများ သိသိသာသာ တိုးလာသည်။
နှင်းချိုင့်ဝှမ်း၏ ကွင်းပြင်တွင် ပထမအဆင့် ဝိညာဉ်ဆေး ဆယ့်ခြောက်မျိုးကို စုပုံထားသည်။
ထို့အပြင်၊ သူတို့သည် မရဏဘုံအထွတ်အထိပ်ရှိ သားရဲများစွာကိုလည်း ဖမ်းမိခဲ့ကြသေးသည်။
ဝိညာဉ်ဆေးပင် အနည်းငယ်ကို နှင်းဝံပုလွေများထံ ဖြန့်ဝေပြီးနောက်၊ လုချန်း သည် တစ်ရက်တည်းတွင် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၉,၀၀၀ ကို ရရှိခဲ့သည်။
“ဒီနှုန်းနဲ့ဆိုရင် မနက်ဖြန် အဆင့်မြှင့်နိုင်မယ်ထင်တယ်”
ဤအဆင့်မြှင့်တင်မှုမြန်နှုန်းက လုချန်း အလွန်ကျေနပ်အားရစေသည်။
မူလက သူသည် ဝိညာဉ်စွမ်းအင်များ ပြန်လည်ရှင်သန်နေသည့် ကမ္ဘာကြီးတွင် အနည်းငယ် စိုးရိမ်ခဲ့သော်လည်း ယခု လုချန်း သည် ဤသည်က ကောင်းမွန်သောအရာဟုထင်မြင်လာသည်။
နောက်တစ်နေ့တွင် ဝံပုလွေများသည် သားကောင်ကိုများနှင့် ဝိညာဉ်ဆေးများကို ရှာဖွေရန် ထွက်သွားကြပြီးနောက် လုချန်း သည် ရှောင်ပိုင် ကို သူနှင့်အတူ ခေါ်ခေါ်ဆောင်လာခဲ့သည်။
သူတို့နှစ်ဦးသည် တောင်ထိပ်မှဆင်းလာပြီးနောက် မိုင်သုံးဆယ်အထိ လိုက်လံရှာဖွေခဲ့ကြသည်။
နှင်းဝံပုလွေမျိုးနွယ်၏ နယ်မြေကျယ်ပြန့်လာသောကြောင့် လုချန်း ၏ အမဲလိုက်ရာနေရာကိုလည်း အကွာအဝေးတိုးချဲ့လိုက်သည်။
ရုတ်တရတ် လုချန်း သည် မနီးမဝေးမှ လန်းဆန်းသောရနံ့တစ်မျိုးကို ရလိုက်သည်။
ဒီရနံ့က ပထမအဆင့် ဝိညာဉ်ဆေးပင်များ ထက် ပိုပြင်းထန်သည်။
လုချန်း ၏ မျက်လုံးများ ချက်ချင်း တောင်ပလာပြီး နှာခေါင်း အနည်းငယ် လှုပ်သွားကာ အနံ့လားရာသို့ အလျင်အမြန် ပြေးသွားလိုက်သည်။
မကြာမီ လုချန်းတို့နှစ်ယောက် အလွန်ထူထပ်သော သစ်ပင်ကြီးတစ်ပင်ရှေ့သို့ ရောက်ရှိသွားကြပြီး ထိုအပင်ကြီး၏ထိပ်တွင် ရွှေရောင်တောက်နေသော အသီးတစ်လုံး ရှိနေသည်။
အလွန်မွေးကြိုင်သော ရနံ့က ဤသစ်သီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ဒုတိယအဆင့် ရွှေယွမ် ဝိညာဉ်သစ်သီး၊ မရင့်မှည့်သေးပါ”
စနစ်ရဲ့ စစ်ဆေးခြင်းလုပ်ဆောင်ချက်၏ အချက်အလက်ကိုကြည့်ရင်း လုချန်း သည် ဤရွှေယွမ်သစ်သီးကို ခူးဆွှတ်ရန် အလျင်စလိုမလုပ်ခဲ့ပေ။
အခုချိန် ခူးယူလိုက်လျှင် အသီး၏ အကျိုးသက်ရောက်မှုများ ရှိကောင်းရှိနိုင်ပေမယ့် ဆေးစွမ်းက လျော့နည်းသွားနိုင်သည်။
လုချန်း သည် သစ်ပင်အောက်တွင် နေရာတစ်ခုရှာဖွေလိုက်ပြီး လှဲလျောင်းရင်း စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
“ဒါက ဒုတိယအဆင့် ဝိညာဉ်သစ်သီးပဲ၊ ဝိညာဉ်စွမ်းအင် ပြန်လည်ထူထောင်ရေးရဲ့ အစောပိုင်းအဆင့်တွေမှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုမဟုတ်ဘူး၊ ငါတို့ရဲ့ ကံကြမ္မာက ဒီလောက်ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“ဒါပေမယ့် အသီးမမှည့်သေးတာကို အစ်ကို ဘယ်လိုသိတာလဲ”
ယိုချင်းယန် သည် သစ်ပင်အောက်တွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေသော လုချန်း ကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။
သူမ,ထင်မှတ်ထားသည်က၊ ဤဒုတိယအဆင့်ဝိညာဉ်သစ်သီးကိုတွေ့သည်နှင့် အစ်ကိုဖြစ်သူ၏ ပထမဆုံးတုန့်ပြန်မှုက သစ်ပင်ပေါ်ကို အပြေးအလွှားတက်ရောက်ပြီး သစ်သီးကိုခူးယူဖို့ ဖြစ်သင့်သည်။ ယခု လုချန်း က ဒီလောက် တည်ငြိမ်နေလိမ့်မယ်လို့ သူမ,မမျှော်လင့်ထားခဲ့ပေ။
လုချန်း သည် သူ့ညီမ ဝိညာဉ်သစ်သီးအား ခူးယူမည်ကို စိုးရိမ်သဖြင့် ယိုချင်းယန် ဘက်သို့လှည့်ကာ လက်ယမ်းပြလိုက်သည်။
“ငါ့အစ်ကိုက တကယ်ကို အံ့သြစရာပဲ” သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးက ထူးကဲလွန်းနေတယ်မဟုတ်လား”
သစ်ပင်ပေါ်ရှိ သစ်သီးတွင် ရွှေရောင်အလင်းတန်းများ မှိန်ဖျော့စွာပေါ်လာပြီးနောက် လုချန်း သည် သစ်ပင်၏ ပင်စည်ကို သူ့၏သန်မာသောလက်များဖြင့်ပုတ်လိုက်သည်။
အပင်ကြီးက ယိမ်းခါသွားပြီး ရွေယွမ်သစ်သီးသည် မြေပြင်ပေါ်သို့ပြုတ်ကျလာကာ အပေါက်ငယ်တစ်ခုဖြစ်ပေါ်သွားသည်။
ဤအသီးက အလွန်မာကျောကြောင်းသိသာသည်။
“စားပါ!”
ထိုအသီးကိုမြင်ပြီး လုချန်း က သူ့ညီမကို စားရန် အချက်ပြလိုက်သည်။
ဤရွှေယွမ်သစ်သီး၏အကျိုးသက်ရောက်မှုသည် ဗျကရား စွမ်းရည်ကိုနိုးထခဲ့သော ရှောင်ပိုင် အတွက်ပိုသင့်တော်လိမ့်မည်ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ ယိုချင်းယန် မငြင်းဆန်တော့ဘဲ ရွှေယွမ်သစ်သီးကို တိုက်ရိုက်မျိုချလိုက်သည်။
ထို့နောက် သူမ ဤနေရာတွင် လှဲလျောင်းကာ စတင်လေ့ကျင့်လိုက်သည်။ ဒါကိုမြင်ပြီး လုချန်း က ဘေးနားတွင်ရပ်ကာ သူ့ညီမကို ကြည့်ရှူ့စောင့်ရှောက်ပေးနေသည်။
ချွမ်! ဒလပ်!
ရုတ်တရက် လုချန်း၏ နားရွက်များ လှုပ်ရှားသွားပြီး ထူးဆန်းသည့် အသံကို ကြားလိုက်ရသည်။
သူ ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
“ဒရုန်း?!”