← Chapters

မသိခြင်းက ကြောက်စရာကောင်းလှသည်။

Vol. 4 Ch. 51

မသိခြင်းက ကြောက်စရာကောင်းလှသည်။

Vol. 4 Ch. 51

ထိုအချိန်တွင် နှင်းထူထပ်သော တောင်များထက် ကောင်းကင်ယံ၌ ထူးဆန်းစွာ ပျံဝဲနေသော ငှက်တစ်ကောင်ရှိသည်။

ဤ "ပျံသန်းနေသောငှက်" ၏အသွင်အပြင်သည် သာမန်ငှက်များနှင့် ဆင်တူသည်။

သို့သော် လုချန်း က သာမန် နှင်းဝံပုလွေမဟုတ်ပေ။ "ပျံသန်းနေသောငှက်" ၏ထောင့်လေးထောင့်စီတွင် ပန်ကာသေးသေးလေးတစ်ခုစီရှိသည်ကို သူရှင်းရှင်းလင်းလင်းမြင်ရသည်။

'ငှက်' ဟုယူဆရသောဤအရာက ပန်ကာများ၏ စွမ်းအားကြောင့် လေထဲတွင် ရှိနေနိုင်ခြင်းဖြစ်သည်။

၎င်းသည် ပျံသန်းနေသည့်ငှက် မဟုတ်ဘဲ ငှက်တစ်ကောင်ကဲ့သို့လေပေါ်တွင်ပျံဝဲနိုင်သည့် နည်းပညာမြှင့် ဒရုန်း တစ်ခုဖြစ်ကြောင်းထင်ရှားသည်။

အခြားသားရဲများဆိုလျှင် အဆိုပါနည်းပညာမြင့်ပစ္စည်းများ၏ အသွင်အပြင်ကြောင့် သူတို့လှည့်စားခံရနိုင်သည်။

သို့သော် ယခင်ဘဝက လုချန်း သည် ခေတ်မီလူ့အဖွဲ့အစည်းတွင်နေထိုင်သော အရွယ်ရောက်လူငယ်တစ်ဦးဖြစ်ပြီး ထိုပစ္စည်းများနှင့် အလွန်ရင်းနှီးသည်။

“ဒရုန်းတွေ ရှိလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး၊ ဒီကမ္ဘာကြီးမှာ လူသားတွေရဲ့ နည်းပညာက ဘယ်လောက် တိုးတက်နေပြီလဲ”

လုချန်း သည် ကောင်းကင်တွင် ဒရုန်းတစ်ခုကိုမြင်လိုက်ရသောကြောင့် အနည်းငယ် လွမ်းဆွတ်သွားသလို ခံစားလိုက်ရသည်။ ခေတ်မီလူ့အဖွဲ့အစည်းရဲ့ ဒီထုတ်ကုန်ကို သူ မတွေ့တာကြာပြီဖြစ်သည်။

သို့သော်လည်း ဒရုန်းတစ်ခုဟု အသိအမှတ်ပြုပြီးသည့်တိုင် လုချန်း သည် ဒေါသတကြီး မပြုမူဘဲ သူ့အကြည့်ကိုပင် ဖယ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤဒရုန်းငယ်မျိုးသည် အောက်ခြေတွင် ကြည်လင်ပြတ်သားသော ကင်မရာတစ်လုံး တပ်ဆင်ထားနိုင်သဖွယ်ရှိသည်။

အကယ်၍ သင်သည် ထူးဆန်းသော လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ပါက၊ ဒရုန်းကို ထိန်းချုပ်နေသူက တွေ့ရှိသွားနိုင်သည်။

ဒီကမ္ဘာကြီးတွင် ဒရုန်းတွေရှိနေပြီဖြစ်သောကြောင့် နည်းပညာက အရင်ကမ္ဘာကထက်တောင် မဆိုးဘူးဟုဆိုနိုင်သည်။

သူသည် ယခုအချိန်တွင် အလွန်အစွမ်းထက်လာသော်လည်း လူသားတို့၏နည်းပညာမြင့်လက်နက်များနှင့် မယှဉ်နိုင်သေးပေ။

“ကြည့်စမ်း၊ အဲဒါ ဝံပုလွေမလား?”

“အိုး ဘုရား၊ ဒီနှင်းတောင်ပေါ်မှာ ဒီလောက်ကြီးတဲ့ နှင်းဝံပုလွေ ရှိမယ်လို့ မထင်ထားဘူး၊ သူတို့ ဘယ်လို နေထိုင်ကြသလဲ”

နှင်းတောင်အပြင်ဘက်၊ ပြုပြင်မွမ်းမံထားသော ကုန်တင်ကားကြီးတစ်စီးပေါ်တွင် လူငယ်ခြောက်ဦး သို့မဟုတ် ခုနစ်ဦးလိုက်ပါလာကြသည်။

သူတို့အားလုံးသည် အနီးနားရှိ စီချွမ်မြို့မှ ချမ်းသာသော မိသားစုများ၏ သားသမီးများဖြစ်သည်။

သူတို့ရှေ့တွင် ဖန်သားပြင်တစ်ခုရှိနေပြီး၊ဖန်သားပြင်ပေါ်တွင် ဧရာမ ငွေဖြူ ဝံပုလွေနှစ်ကောင်၏ ပုံရိပ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အနားယူနေပုံရသည်။

“ဒီကမ္ဘာကြီးက ဘာဖြစ်သွားတာလဲ၊ သားရဲတွေက ဘာဖြစ်လို့ ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ”

“ဟုတ်တယ်၊ အခု ကမ္ဘာကြီးက အရမ်း ဖရိုဖရဲဖြစ်နေပီ၊ ငါတို့မှာ မွမ်းမံထားတဲ့ ထရပ်ကားမရှိရင် တောထဲကိုမလာရဲဘူး”

“ကြားပီးပိလား၊ မနေ့က ချင်းလင်းမှာ တောဝက်ကြီးတစ်ကောင် တောင်ပေါ်ကပြေးဆင်းလာပီး မြို့သူမြို့သားတွေရဲ့ အိမ်တွေကို ဖျက်ဆီးခဲ့တယ်တဲ့”

“ဒေသခံရဲတွေက လူအများအပြား စေလွှတ်လိုက်ပေမယ့် တောဝက်ရှိတဲ့နေရာကို အခုထိ ရှာမတွေ့သေးဘူး”

ရထားပေါ်ရှိ လူများက ထိုစကားကိုကြားပြီး မျက်နှာအနည်းငယ်ပျက်သွားကြသည်။

အိမ်တွေကို ဖြိုဖျက်နိုင်တဲ့ တောဝက်က ဘယ်လောက်တောင်ကြောက်စရာကောင်းလိမ့်မလဲ !

“ကံကောင်းထောက်မစွာနဲ့ သားရဲတွေသာမက ငါတို့လူသားတွေလည်း အများကြီးပြောင်းလဲသွားတယ်”

“တော်ဝင်မြို့တော် ချင် မိသားစုရဲ့ အကြီးဆုံးသား ချင်လီ က လျှပ်စီးစွမ်းအင်တစ်ခုကို နိုးထလာတယ်လို့ ကြားတယ်၊ လက်ဆွဲနှုတ်ဆက်ရုံနဲ့ လူတွေကို ဓာတ်လိုက်စေနိုင်တယ်၊ ဒါက ရုပ်ရှင်ထဲကလိုပဲ”

"သူတို့အားလုံး ထူးဆန်းတဲ့အသီးတွေကို စားခဲ့တာလို့ ဒီလိုထူးခြားတဲ့စွမ်းရည်တွေကို ရရှိခဲ့တာဖြစ်နိုင်တယ်၊ မင်းရဲ့ လီ မိသားစုကလဲ ကြီးမားတဲ့ ဈေးနှုန်းကိုပေးပီး ဒီထူးခြားတဲ့အသီးတွေကို ဝယ်နေပြီမလား၊ မင်း ဒီလိုထူးဆန်းတဲ့ အသီးကို မကြာခင် ရနိုင်လိမ့်မယ်လို့ ငါထင်တယ်”

စကားပြောနေစဉ်တွင် သူတို့သည် နှင်းဖုံးနေသောတောင်များကို ကြည့်ရှုရန်ထိန်းချုပ်ထားသော ဒရုန်းက ဘက်ထရီအားနည်းသော ညွှန်ပြချက်တစ်ခု ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့သည်။

“မဖြစ်ဘူး၊ ငါတို့ ပိုဝေးအောင် ပျံသန်းခိုင်းဖို့ ဘက်ထရီက မလုံလောက်တော့ဘူး၊ ဒရုန်း ပြုတ်ကျတော့မယ့် အလားလာရှိတယ်”

“မေ့လိုက်တော့ ဒရုန်းကို ပြန်လာဖို့ ထိန်းချုပ်လိုက်မယ်”

တောင်စောင်းတွင်ရှိနေသည့် လုချန်း သည် မတ်တပ်ရပ်ပြီး မလှုပ်ရှားမီ ဒရုန်းထွက်ခွာသွားကြောင်း သေချာသည်အထိ စောင့်ဆိုင်းခဲ့သည်။

အဝေးကိုကြည့်လိုက်ရင်း လုချန်း အနည်းငယ်စိုးရိမ်သွားသည်။

ဤကမ္ဘာကြီးသည် လုချန်း အတွက် မသိနားမလည်မှုများနှင့် ပြည့်နှက်နေပြီး၊ မသိခြင်းက ကြောက်စရာကောင်းလှသည်။

သားရဲများ၏ ဆင့်ကဲပြောင်းလဲခြင်းကို ဤကမ္ဘာပေါ်မှ လူသားများက မည်ကဲ့သို့တုန့်ပြန်ကြမည်ကို သူမသိပေ။

“ဒီလူသားတွေမှာ အခု ဘယ်လိုနည်းပညာနဲ့ နည်းစနစ်တွေ ရှိနေကြပီလဲမသိဘူး”

“အဓိကအချက်က၊ ငါ့ရဲ့ကိုယ်ပိုင်စွမ်းအားက မလုံလောက်သေးလို့ပဲ၊ ငါသာ သန်မာနေမယ်ဆိုရင် မသိတဲ့အရာတွေက ငါကိုကြောက်စေဖို့လုံလောက်မှာ မဟုတ်ဘူး“”

လုချန်း သည် တောင်စောင်းတွင် ရပ်ကာ အဝေးကို ငေးကြည့်ရင်း စိတ်ထဲတွင် ညည်းညူနေသည်။

သစ်ပင်အောက်မှာ လေ့ကျင့်နေဆဲဖြစ်‌သော ယိုချင်းယန် ကတော့ သူမနဲ့ သူမအစ်ကိုနှစ်ယောက်စလုံး ဒရုန်းနှင့် ဓာတ်ပုံရိုက်ခံရသည်ကို မသိခဲ့ပေ။

လုချန်း ဤနေရာတွင် နှစ်နာရီကြာအောင် ရပ်စောင့်နေခဲ့သည်။

နောက်ဆုံးတွင် ရှောင်ပိုင် ၏ ရောင်ဝါ ပြောင်းလဲသွားသည်ကို သူခံစားလိုက်ရပြီး သူမ ယခင်ကထက် ပိုမိုအားကောင်းလာကြောင်း သိသာထင်ရှားသည်။

“ရှောင်ပိုင် နိုးထခြင်း ဒုတိယအဆင့်ကို ရောက် သွားပီ၊ ကောင်းတယ်၊ မင်းက ငါ့ရဲ့ ညီမ ဖြစ်ထိုက်တယ်”

“ဝူးး~!”

ယိုချင်းယန် သည် အောင်မြင်စွာကျော်ဖြတ်နိုင်လိုက်သည့်အတွက် အလွန်‌ပျော်ရွှင်နေသည်။

သူမ၏ခန့်မှန်းချက်အရ၊ ဤအချိန်၌ ပိုမိုလျင်မြန်စွာ တိုးတက်ပြောင်းလဲနိုင်သော သားရဲဘုရင်များပင် နိုးထခြင်း တတိယအဆင့်အထိသာ ရောက်နိုင်ကြသေးသည်။

သူမ၏ လက်ရှိ ကျင့်ကြံခြင်း အရှိန်က ယခင်ဘဝကထက် ပိုလျှင်မြန်သည်။

သူ့ညီမ ကျင့်ကြံပြီးသွားသည်ကိုမြင်ပြီး လုချန်း သည် ချိုင့်ဝှမ်းဆီသို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။

ယိုချင်းယန် ယခုအချိန်တွင် အလွန်ယုံကြည်မှုရှိနေသည်။

သူမ,မကြာမီအချိန်အတွင်းမှာ နိုးထခြင်းတတိယအဆင့်သို့ ကျော်ဖြတ်ရန် ကြီးမားသော‌‌ယုံကြည်ချက်ရှိနေပြီး ထိုအချိန်ရောက်လျှင် သူ့အစ်ကိုအား သူမ၏ခွန်အားဖြင့် ချေမှုန်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။

ယိုချင်းယန် သည် နှင်းများဖုံးလွှမ်းနေသော တောင်များအပြင်ဘက်ရှိ ကမ္ဘာကြီးက သူမထံသို့ လက်ဝှေ့ယမ်းနေသည်ကို မြင်ယောင်နေသည်။

....……

ချိုင့်ဝှမ်းသို့ ပြန်ရောက်သောအခါ၊ နှင်းဝံပုလွေများသည် ယနေ့ သူတို့လုယူခဲ့သော ဝိညာဉ်ဆေးများအားလုံးကို စုစည်းထားပြီး ပထမအဆင့်ဝိညာဉ်ဆေးပင်များနှင့် ဝိညာဥ်သစ်သီးများ စုစုပေါင်း ၁၃ ခုရှိသည်။

အရေအတွက်က မနေ့ကထက် အနည်းငယ်နည်းပေမယ့် ဤသည်က ပုံမှန်ပင်ဖြစ်သည်။

အမှန်မှာ၊ နှင်းဝံပုလွေများက ဤဒေသတွင်သာ ရှာဖွေကြပြီး ဤနေရာက ဆေးဖက်ဝင်အပင်များကို ခူးယူလိုက်ပြီးနောက် ဝိညာဉ်ဆေးပင်များက ဝါးကဲ့သို့ လျင်မြန်စွာ မကြီးထွားနိုင်ကြပေ။

‌ဝိညာဉ်ဆေးပင်များ မည်မျှပင်ရှိစေကာမူ ဝံပုလွေများ၏ နေ့စဉ် ရိတ်သိမ်းခြင်းကို မခံနိုင်ကြပေ။

လုချန်း သည် ဝိညာဉ်ဆေး ၅ ခုကို ရှောင်ပိုင် နဲ့ နှင်းဝံပုလွေမိဘနှစ်ပါးကို ပေးခဲ့ပြီး ၇ခုကို သူယူလိုက်သည်။

ဤဝိညာဉ်ဆေးများကို မျိုချပြီးနောက် လုချန်း သည် အဆင့်မြှင့်တင်ရန်အတွက် လုံလောက်သော ဆင့်ကဲပြောင်းလဲခြင်း အမှတ်များကို ရရှိခဲ့သည်။

လုချန်း ရည်ညွှန်းချက်ဘောင်ကိုဖွင့်ပြီးနောက်တွင် သူသည် မဆိုင်းမတွ အဆင့်မြှင့်တင်လိုက်သည်။

နှင်းဖုံးနေသောတောင်များ၏ ကောင်းကင်ယံသို့ အမှန်တကယ်ရောက်ရှိလာသည့် လူသားတို့၏ မြင့်မားသောနည်းပညာကို မြင်လိုက်ရသောကြောင့် လုချန်း သည် အကျပ်အတည်းကို ခံစားခဲ့ရသည်။

လူ့လောကအကြောင်းကို မသိခြင်းကြောင့် လုချန်း သည် သူ့ကိုယ်သူ တတ်နိုင်သမျှ အမြန်ဆုံး သန်မာလာအောင် ကြိုးစားရန်ဆုံးဖြတ်လိုက်သည်။

မဟုတ်ရင် နှင်းဝံပုလွေမျိုးနွယ်က ဘယ်လို အန္တာရာယ်မျိုးဖြင့်ရင်ဆိုင်ရမည်ကို ဘယ်သူမှမသိနိုင်ပေ။

ထူးဆန်းသည့် စွမ်းအင်စီးကြောင်းက လုချန်း ၏ခန္ဓာကိုယ်အတွင်း အဆက်မပြတ်လည်ပတ်နေပြီး သူ၏ခြေလက်နှင့်အရိုးများမှတဆင့် သူ့အသားနှင့်သွေးများ အတွင်းသို့ ဆက်လက်စီးဆင်းသွားသည်။

သူ၏ မရီဒီယန်များ ပိုကျယ်လာပြီး၊ သူ့အသားနှင့် ကြွက်သားများက ပိုမို ကျစ်လစ် လာသည်။ သန်မာသောကြွက်သားများအတွင်းတွင် အလွန်ကြောက်စရာကောင်းသောစွမ်းအားများ ကိန်းအောင်းနေသည်။

သူ့ခန္ဓာကိုယ်ရှိအရိုးများက အလွန် ဖြူစင်လာပြီး အဖြူရောင် ကျောက်စိမ်းကဲ့သို့ အလင်းတန်းများထွက်ပေါ်လာပြီး၊လုချန်း ၏ ခန္ဓာကိုယ်သည် ခုနစ်မီတာခန့်အထိ ကြီးထွားလာသည်။

သူ့ခန္ဓာကိုယ် အရွယ်အစား လျင်မြန်စွာ တိုးလာခြင်းကြောင့် လုချန်း ပြဿနာ တစ်ခုကိုကြုံတွေ့လိုက်ရသည်။

ယခင်က သူနေထိုင်ခဲ့သည့် လှိုဏ်ဂူသည် ယခုအခါတွင် အလွန်ကျဉ်းမြောင်းသွားပြီဖြစ်သည်။

“မဖြစ်နိုင်ဘူး၊ ဒီရောင်ဝါအတက်အကျက ဘာလဲ၊ နိုးထခြင်း တတိယအဆင့်လား”

ကျင့်ကြံနေသည့် ယိုချင်းယန် သည် လုချန်း ၏ရောင်ဝါကို ခံစားမိလိုက်ပြီး သူမ၏ မျက်လုံးများကိုဖွင့်လိုက်သည်။

ခုနစ်မီတာ အရွယ်အစားရှိသော နှင်းဝံပုလွေကြီးကို မြင်ပြီး ယိုချင်းယန်၏ ဦးရေပြားများ ထုံကျင်သွားသည်။

သူမသည် ယနေ့ နိုးထမှု ဒုတိယအဆင့်သို့ ရောက်ပြီးနောက် ညဘက်တွင် သူ့အစ်ကို၏ ကျော်တက်ခြင်းကို ခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

All Chapters