← Chapters

စိတ်ဝိညာဉ်ပဋိဥာဉ်စွမ်းရည်

Vol. 4 Ch. 52

စိတ်ဝိညာဉ်ပဋိဥာဉ်စွမ်းရည်

Vol. 4 Ch. 52

တတိယအဆင့် နိုးထခြင်းအဆင့်ကို ဖြတ်ကျော်ပြီးနောက်၊ လုချန်း သည် သူယခင်ကထက် ပိုမိုအားကောင်းလာကြောင်းရှင်းရှင်းခံစားမိသည်။

အမြန်နှုန်း၊ ခွန်အား၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးအားလုံးသည် အလွန်တိုးတက်ကောင်းမွန်လာခဲ့သည်။

သို့သော်၊ လုချန်း သည် ဒုတိယအဆင့်တွင်၊ သူ့ကိုယ်သူ ရူးသွပ်ခြင်းစွမ်းရည်ကို အသုံးပြုမည်ဆိုလျှင် လက်ရှိအဆင့်၏ခွန်အားကို ရောက်ရှိနိုင်မည်ဟု ယုံကြည်သည်။

ဤသည်မှာ ရူးသွပ်ခြင်းစွမ်းရည်၏ ကြောက်စရာကောင်းသော စွမ်းအားကို သိရှိနိုင်သည်။

ခွန်အားဆက်လက်တိုးတက်နေသရွေ့ ရူးသွပ်ခြင်း၏စွမ်းအားသည်လည်း တိုးတက်လာမည်ဖြစ်သောကြောင့် ၎င်းက ပို၍ပင်ကြောက်စရာကောင်းသည်။

လုချန်း သည် သူ၏ လက်ရှိ သန်မာသော ခန္ဓာကိုယ်ကို လိုက်လျောညီထွေဖြစ်အောင်ချိန်ညှိပြီးနောက် သူ့တစ်ကိုယ်လုံးတွင် အဆုံးမရှိသော စွမ်းအားများစီးဆင်းနေသလို ခံစားခဲ့ရသည်။

ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသော သွေးများက ဆူပွက်နေသော မဂ္ဂနီများနှင့်တူသည်။

ထို့နောက် ရည်ညွှန်းချက်ဘောင်ကို စစ်ဆေးကြည့်လိုက်ပြီး လုချန်း သည် နိုးထခြင်း စတုတ္ထအဆင့်ကို ဖြတ်ကျော်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၄၀,၀၀၀ လိုအပ်မည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် ဆင့်ကဲပြောင်းလဲခြင်းအမှတ် များစွာကို အချိန်တိုအတွင်း စုဆောင်း၍မရနိုင်ပါ။

ယခုအချိန်တွင် သူ၏အဆင့်ကို အလျင်စလို မြှင့်တင်ရန် မလိုအပ်တော့ပေ။

ဆန့်ကျင်ဘက်အနေနှင့်၊ ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ခြင်းက တွက်ခြေကိုက်ပြီး သူ့၏ခွန်အားကို ပိုမိုတိုးတက်စေနိုင်သည်။

ဝံပုလွေအဖွဲ့၏ အင်အား ဆက်လက်တိုးလာသည်နှင့်အမျှ လုချန်း သည် နေ့စဉ်နှင့်အမျှ ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ ပိုမိုရရှိလာခဲ့သည်။

တစ်ရက်ကြာပြီးနောက်တွင်၊ လုချန်း သည် ဝိညာဉ်ဆေး နှင့် သားရဲအသားများကို ဝါးမျိုခြင်းဖြင့် ဆင့်ကဲပြောင်းလဲခြင်း အမှတ်ပေါင်း ၉၀၀၀ ကျော်ကို စုဆောင်းရရှိခဲ့သည်။

ဆင့်ကဲပြောင်းလဲခြင်းအမှတ်များကိုကြည့်ရင်း လုချန်း သည် သူ့၏ အရည်အချင်းများကို အဆင့်မြှင့်တင်ရန် တုံ့ဆိုင်းမနေတော့ပေ။

ဆင့်ကဲဖြစ်စဉ်အမှတ် ကိုးထောင်စလုံးကို ရူးသွပ်ခြင်းစွမ်းရည်(ပင်ကိုယ်စွမ်းရည်)ကို အဆင့်မြှင့်တင်ရန်အသုံးပြုခဲ့ပြီး ၎င်းကို အလယ်အလတ်အဆင့်သို့ တိုက်ရိုက်မြှင့်တင်ခဲ့သည်။

ယခု လုချန်း သည် ဤကြောက်စရာကောင်းသော စွမ်းရည်၏ စွမ်းအားကြီးမှုကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်သည်။

ရူးသွပ်ခြင်းစွမ်းရည် (အလယ်အလတ်)- သင့်ကိုယ်ပိုင်ခွန်အား၊ အမြန်နှုန်းစသည်တို့ကို မြှင့်တင်ပေးပြီး ကဏ္ဍအားလုံးကို ၁ ဆ တိုးတက်စေနိုင်သည်။

လုချန်း မျက်လုံးပြူးသွားသည်။ ဤအဆင့်မြှင့်တင်ခြင်း၏အကျိုးသက်ရောက်မှုက ဒီလောက်ကောင်းမယ်လို့ သူ မမျှော်လင့်ထားပေ။

သူ့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို နှစ်ဆတိုးနိုင်သည်။ ဤတိုးတက်မှုသည် အလွန်ကြောက်စရာကောင်းသည်။

လုချန်းသည် ထိုစွမ်းရည်၏အချက်အလက်ကို ကြည့်ပြီး အံဩဝမ်းသာသွားသည်။ ကျင့်ကြံခြင်း အဆင့်ကိုမြှင့်ခြင်းထက် ဤသည်က ပိုကောင်းနေသည့်ပုံရသည်။

ဘုန်း!

လုချန်း တုံ့ဆိုင်းမနေတော့ဘဲ အလယ်အလတ်အဆင့် ရူးသွပ်ခြင်းစွမ်းရည်ကို တိုက်ရိုက်အသက်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင်၊ သူ၏ခန္ဓာကိုယ်မှ အလွန်အစွမ်းထက်သော အငွေ့အသက်များ ထွက်လာပေါ်လာပြီး လုချန်း ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက နှစ်ဆတိုးတက်လာသည်။

အဆုံးမဲ့ပေါက်ကွဲနိုင်သောစွမ်းအားက သူ့တစ်ကိုယ်လုံးတွင် ကိန်းအောင်းနေပြီး လုချန်း သည် ကြီးမားသောကျောက်တုံးများကိုပင် အလွယ်တကူ ဖြိုခွဲနိုင်သည်ဟု ခံစားလိုက်ရသည်။

ဤခန္ဓာကိုယ်တွင်ရှိသည့် အဆုံးမရှိသောစွမ်းအားက အလွန်ကြောက်စရာကောင်းပြီး လုချန်း ကိုယ်တိုင်ပင် ထိတ်လန့်သွားရသည်။

“ဘာဖြစ်နေတာလဲ?! ဒီလောက်ပြင်းထန်တဲ့ အငွေ့အသက်က ဘာလဲ !”

လုချန်း သည် သူ၏ ပြင်းထန်သော စွမ်းရည်ကို အသုံးပြုလိုက်သောကြောင့် သူ့အနားတွင် ကျင့်ကြံနေသော ယိုချင်းယန် ကျင့်ကြံခြင်းမှနိုးထလာခဲ့သည်။

ယခုအချိန်တွင် သူမ၏ဦးရေပြားက ထုံကျင်နေသလိုခံစားရပြီး အလွန်လေးလံသော ဖိအားကြီးတစ်ခုက သူမကို ဖိနှိပ်ထားသကဲ့သို့ပင်။

“ငါ့ကို လာနောက်နေတာလား? ငါ့အစ်ကိုက နိုးထခြင်း တတိယအဆင့်ကို ရောက်သွားပြီးပီ မဟုတ်လား?”

“အခု အရှိန်အဝါက ဘာလဲ?! သူ နိုးထခြင်း စတုတ္ထအဆင့်ကို ရောက်သွားတာလား”

ယိုချင်းယန် တံတွေး မျိုချလိုက်ပြီး..

“ဒီလောက် လုပ်ဖို့ တကယ်‌ရောလိုအပ်လို့လား၊ သူတကယ်ပဲ ငါ့ကို နှင်းထူထပ်တဲ့ တောင်မှာ ထာဝရနေခိုင်းဖို့ စိတ်ကူးထားတာလား”

“မဖြစ်ဘူး၊ ငါပိုကြိုးစားဖို့လိုနေပီ”

“ငါက ဧကရီတစ်ပါး၊ ငါ ဘာလို့ သူ့ရဲ့ဖိနှိပ်ခြင်းကိုအမြဲခံနေရတာလဲ”

“အရေးကြီးဆုံးက ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ဒီနှင်းတောင်ကြားကနေ ဘယ်အချိန်မှ ထွက်သွားနိုင်မှာလဲ”

…………

ဘုန်း ! ဘုန်း ! ဘုန်း !

နှင်းတောင်ကြားတွင် ပေါက်ကွဲသံများထွက်ပေါ်လာသည်။

လုချန်းက လှိုဏ်ဂူကို တိုးချဲ့နေခြင်းဖြစ်သည်။

အခု သူသည် နိုးထခြင်း တတိယအဆင့်ကိုရောက်ရှိသွားပြီး သူ့၏ ခန္ဓာကိုယ် အရှည်မှာ ခုနစ်မီတာခန့်သို့ရောက်ရှိနေပြီဖြစ်သည်။

ဤမျှကြီးမားသော ခန္ဓာကိုယ်ကြီးက အရင် လှိုဏ်ဂူထဲတွင်ဆက်နေ၍ မရတော့ပေ။

ထိုအချိန်တွင် လုချန်း သည် အလွန်လျင်မြန်သော အရှိန်ဖြင့် လှိုဏ်ဂူကိုတိုးချဲ့နေသည်။ ကျောက်တုံးများက ရေခဲနှင့် နှင်းများ၏လွှမ်းမိုးမှုအောက်တွင် အလွန်မာကျောနေသော်လည်း လုချန်း ၏ချွန်ထက်သောခြေသည်းများအောက်တွင် ၎င်းတို့က တို့ဟူးများကဲ့သို့ပင်ဖြစ်နေသည်။

……

ဝိညာဉ်စွမ်းအင်များ ပြန်လည်ရှင်သန်လာသော်လည်း လုချန်း ၏နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ထိခိုက်ခြင်းမရှိပေ။

သူသည် ဝံပုလွေများကို တောင်ထိပ်နှင့် အောက်ခြေအကွာအဝေးအတွင်း အမျိုးမျိုးသော ဝိညာဉ်ဆေးများရှာဖွေရန် ဦးဆောင်ခဲ့သည်။

အချိန် ၃ ရက်ကလျှင်မြန်စွာကုန်ဆုံးသွားသည်။

သူ၏ခွန်အားများ တိုးလာသည်နှင့်အမျှ လုချန်း သည် နှင်းဝံပုလွေမျိုးနွယ်စု၏ အရေအတွက်က နည်းပါးလွန်းသည်ဟု ခံစားလာရသည်။

ချိုင့်ဝှမ်းရှိ နှင်းဝံပုလွေများ၏ အရေအတွက်က အလွန်ကြောက်စရာကောင်းသော်လည်း လုချန်း ၏ မျက်လုံးထဲတွင် ၎င်းက မလုံလောက်သေးချေ။

အနာဂတ်တွင် နယ်မြေများကို ဆက်လက် ချဲ့ထွင်နေမည်ဆိုလျှင် ဤနှင်းဝံပုလွေအရေအတွက်ဖြင့် နယ်မြေအားလုံးကို စူးစမ်းရှာဖွေနိုင်ရန်မဖြစ်နိုင်ပေ။

“မျိုးပွားရုံနဲ့ နှင်းဝံပုလွေတွေ တိုးပွားလာဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တခြားသားရဲတွေကို အမိန့်နာခံအောင် လုပ်ဖို့နည်းလမ်းရှာရမယ်”

ခဏလောက်စဉ်းစားပြီးနောက် လုချန်း အကြံအသစ်တစ်ခုကိုရရှိခဲ့သည်။

နှင်းဖုံးနေသော တောင်စောင်းရှိ ထူထပ်သော တောအုပ်ကြီးတွင် မျောက်ဝံတစ်စု နေထိုင်ကြောင်း သူ ပြန်သတိရလိုက်သည်။

ထိုမျိုးနွယ်စုတွင် မျောက်အမြောက်အများရှိပြီး သူတို့အားလုံးက အလွန်ဥာဏ်ကောင်းကြသည်။ အရေးအကြီးဆုံးမှာ သူတို့အားလုံးက မီးမျောက်ဝံဘုရင်၏ အမိန့်ကိုနာခံကြခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် သူသည် မီးမျောက်ဝံဘုရင်အား ထိန်းချုပ်နိုင်မည်ဆိုလျှင် မျောက်ဝံတစ်အုပ်လုံး သူ့လက်ထဲသို့ ရောက်ရှိလာမည်ဖြစ်သည်။

“ဒီသားရဲထိန်းကျောင်းခြင်းကို အဆင့်မြှင့်လိုက်ရင် ဘယ်လိုစွမ်းရည်မျိုး ရလာနိုင်မလဲ !”

လုချန်း သည် လွန်ခဲ့သည့်ရက်အနည်းငယ်တွင် စုဆောင်းထားသည့် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၀,၀၀၀ ကျော်ရှိသည်။

ကျွမ်းကျင်မှုကို ပင်ကိုယ်စွမ်းရည် အဖြစ်မြှင့်တင်ရန်အတွက် ဤအမှတ်က လုံလောက်သည်ထက်ပိုသည်။

သူ့၏သားရဲထိန်းကျောင်းခြင်းကို အဆင့်မြှင့်တင်ရန်အတွက် ဆင့်ကဲပြောင်းလဲမှုအမှတ် ၂၇၀၀ ကို တိုက်ရိုက်အသုံးပြုလိုက်ပြီး နောက်ဆုံးတွင်၊ ပင်ကိုယ်စွမ်းရည် - စိတ်ဝိညာဉ်ပဋိဥာဉ် ဖြစ်လာခဲ့သည်။

ဤစွမ်းရည်ကို မြင်ပြီး လုချန်း ၏ မျက်လုံးများက ချက်ချင်း တောက်ပသွားသည်။

နာမည်အရ၊ အသစ်ရရှိထားသော အရည်အချင်းသည် သူ့၏လိုအပ်ချက်များနှင့် ကိုက်ညီပုံရသည်။

စိတ်ဝိညာဉ်ပဋိဥာဉ်- သတ္တဝါများကို စိတ်ဝိညာဉ်ပဋိဥာဉ်ဖြင့် ထိန်းချုပ်နိုင်သည်။ ဝိညာဉ်ပဋိဥာဉ်၏ စွမ်းအားအောက်တွင်၊ စာချုပ်ချုပ်ဆိုထားသော သတ္တဝါ၏ သေခြင်း၊ ရှင်ခြင်းသည် ပိုင်ရှင်၏ အတွေးပေါ်တွင် မူတည်ပြီး ပိုင်ရှင်သည် စာချုပ်ချုပ်ဆိုထားသော သားရဲ၏စိတ်ဝိညာဉ်နှင့် တိုက်ရိုက် ဆက်သွယ်နိုင်သည် (လက်ရှိ စာချုပ် ၁၀ ခု ချုပ်ဆိုနိုင်သည်)

“ဟီးးးဟီးးးဟားးးဟားးး”

လုချန်း မထိန်းနိုင်တော့ပဲ အော်ဟစ်ရယ်မောလိုက်သည်။

အသစ်နိုးထလာသော ဤစွမ်းရည်က အလွန်ကြောက်စရာကောင်းသည်။

၎င်းသည် အခြားသတ္တဝါများကို ဝိညာဉ်စာချုပ်ချုပ်ဆိုခြင်းဖြင့် ထိန်းချုပ်နိုင်ပြီး သူတို့၏ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်နိုင်သည်။ ဤသည်မှာ သားရဲအများစု၏ လုပ်ဆောင်နိုင်ခြင်းထက် ကျော်လွန်သွားပြီးဖြစ်သည်။

အရေးကြီးဆုံးအချက်က ဤပင်ကိုယ်စွမ်းရည်သည် ယခုသူ့အတွက် လုံးဝပြီးပြည့်စုံနေပြီဖြစ်သည်။

“ကောင်းလိုက်တာ၊ ဒီပင်ကိုယ်စွမ်းရည်နဲ့ဆိုရင် စိုးရိမ်စရာမလိုဘဲ ငါ့နယ်မြေကို ဆက်လက်ချဲ့ထွင်နိုင်ပီ”

လုချန်း သည် ဝံပုလွေအုပ်စုထဲမှ အလွန်သန်မာကြံ့ခိုင်သော အရွယ်ရောက်နှင်းဝံပုလွေ တစ်ဒါဇင်ကျော်ကို ရွေးချယ်လိုက်သည်။

ထို့နောက် သူသည် ဤနှင်းဝံပုလွေများကို ခေါ်ဆောင်ကာ မီးမျောက်ဝံဘုရင်၏ နယ်မြေဆီသို့ ပြေးသွားခဲ့သည်။

တောင်တစ်လုံးတွင် ဘုရင်နှစ်ပါးအတူနေရန်မဖြစ်နိုင်ပါ။

နှင်းထူထပ်သော တောင်များပေါ်ရှိ ခွန်အားကြီးသော ကျားများနှင့် ပိုလာဝက်ဝံများကို လုချန်း က သူတို့ မကြီးထွားမီကပင် သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

နှင်းတောင်၏နေသာသောဘက်ခြမ်းရှိ မျောက်ဘုရင်က တဖြည်းဖြည်းနှင့်အားကောင်းလာသည်ဟူသောအချက်ကို သူဘယ်သောအခါမှ လက်မခံနိုင်ပေ။

ယခင်က မီးမျောက်ဝံဘုရင်သည် သူ့အား အုပ်စုဖွဲ့တိုက်ခိုက်ရန် မရွေးချယ်ခဲ့သောကြောင့် လုချန်း သည် တိုက်ပွဲအပြီးတွင် သူ၏အသက်ကို ချမ်းသာပေးခဲ့သည်။

သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိထားပြီးဖြစ်ပြီး ဒီတစ်ခေါက်ပြန်သွားလျှင် ဘုရင်နှစ်ပါးကြားမှ တရားမျှတသော တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။

All Chapters