မီးမျောက်ဝံဘုရင်ကို အနိုင်ယူခြင်း
Vol. 4 Ch. 53
လုချန်း မီးမျောက်ဝံဘုရင်ကို တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် စိတ်လှုပ်ရှားဆုံးသူမှာ ယိုချင်းယန် ဖြစ်သည်။
“ကောင်းလိုက်တာ၊ ငါ့အစ်ကိုက မျောက်ဝံမျိုးနွယ်ကို တိုက်ခိုက်မလို့ အဖွဲ့ကို ဦးဆောင်ဖို့ ပြင်ဆင်နေပီ၊ ဒါက ငါ့အတွက် အခွင့်အရေးပဲ”
ယိုချင်းယန် သည်လည်း အလွန်အစွမ်းထက်သောကြောင့် ထိုအဖွဲ့ထဲတွင် ပါဝင်သည်။
အချိန်တိုလေးအတွင်း သူမ၏ အကိုသည်သူမထက်သာလွန်သွားသောကြောင့် သူမ၏ယုံကြည်မှုများ ပျောက်ဆုံးသွားရပြီး လုချန်း ၏ ခွန်အားက ပိုမို အားကောင်းလာခဲ့ပြန်သည်။
မူလက ယိုချင်းယန် သည် သူ့အစ်ကိုကို အနိုင်ယူပြီး နှင်းတောင်ကြားကနေ ထွက်သွားချင်ခဲ့သည်။
သို့ပေမယ့် သူအစ်ကို့၏တိုးတက်မှုက အကန့်အသတ်မရှိလိမ့်မည်ဟု သူမ,မမျှော်လင့်ထားခဲ့ပေ။
အထူးသဖြင့် လွန်ခဲ့သည့်ညအနည်းငယ်က ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် နိုးထခြင်း၏ ပဉ္စမအဆင့်နှင့်ပင် နီးကပ်နေပြီဖြစ်သည်။
ယိုချင်းယန် သည် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး အစ်ကိုဖြစ်သူကို အရှိန်အဟုန်ဖြင့် အချိန်တိုလေးအတွင်း အမီလိုက်နိုင်ရန်မဖြစ်နိုင်တော့ပေ။
သူမတွင် ရွေးချယ်စရာလမ်းမရှိတော့ဘဲ လွတ်မြောက်ရန် သင့်တော်သည့်အခွင့်အရေးကိုသာ ရှာဖွေနိုင်တော့သည်။
ယိုချင်းယန် ၏ အမြင်တွင် မျောက်မျိုးနွယ်သို့ သွားရောက်သည့်ခရီးက ပြီးပြည့်စုံသော အခွင့်အရေးတစ်ခုဖြစ်သည်။
ယခင်က သင်ယူခဲ့ရသော သင်ခန်းစာကြောင့် ယိုချင်းယန် သည် ဤတစ်ကြိမ်တွင် အလွန်ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ခဲ့သည်။
သူမ၏အမြင်အရ အစ်ကို့သူမကို အရင်တစ်ကြိမ်က ဖမ်းမိသည့် အကြောင်းရင်းမှာ သူ့အစ်ကိုတွင် သာလွန်သောအာရုံခံနိုင်စွမ်းရှိပြီး သူမ၏ အငွေ့အသက်ကိုမှတ်သားထားသောကြောင့် ဖမ်းမိနိုင်ခဲ့ခြင်းဖြစ်နိုင်သည်။
ထို့ကြောင့်၊ ယိုချင်းယန် သည် ဒီတစ်ကြိမ်တွင် သူမ၏အငွေ့အသက်ကို အနံ့ဆိုးများဖြင့်ဖုံးကွယ်နိုင်သည့် ဝိညာဉ်ဆေးပင်တချို့ ပြင်ဆင်ထားပြီး အရေးပေါ်အခြေအနေအတွက် အသုံးပြုရန် တောင်ထိပ်စွန်းတစ်နေရာတွင် ဝှက်ထားခဲ့သည်။
ယနေ့တွင် သူမ၏အငွေ့အသက်ကို ဤအနံ့ဆိုးများဖြင့် ဖုံးကွယ်နိုင်သည့် ဆေးဖက်ဝင်အပင်များက အသုံးဝင်လာပြီဖြစ်သည်။
ရက်အတော်ကြာ လေ့ကျင့်ပြီးနောက်၊ လုချန်း သည် သူမအား နေ့တိုင်း ဝေငှပေးသော ဝိညာဉ်ဆေးများကြောင့် ယခု ယိုချင်းယန် သည် နိုးထခြင်းတတိယအဆင့်သို့ ကျော်ဖြတ်သွားခဲ့ပြီးဖြစ်သည်။
ယိုချင်းယန် ၏အမြင်တွင်၊ ဤသည်မှာ အချိန်မှန်၊ နေရာမှန်ဖြစ်ပြီး သူမ,ထွက်ခွာနိုင်ရန် လုံးဝသေချာနေပြီဖြစ်သည်။
များမကြာမီ နှင်းဝံပုလွေများက ထူထပ်သော တောအုပ်ကြီးအစွန်းသို့ ရောက်လာကြသည်။
လုချန်း ဦးဆောင်လာသော ဝံပုလွေအုပ်စုက သန်မာလွန်းသဖြင့် သူတို့ ပြေးလာစဉ် မြေကြီးပင် တုန်ခါသွားသည်။
မျောက်ဝံမျိုးနွယ်စုသည်လည်း မဖိတ်ခေါ်ထားသော ဧည့်သည်များကို သတိထားမိကြသည်။
“ဂါးးး!”
ထိုအချိန်တွင် တောအုပ်ကြီးထဲမှ ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။
လုချန်း သည် သန်မာသောသော မျောက်ဝံ သုံးဆယ်ကျော်နှင့်အတူ တောကြီးမျက်မည်းထဲမှထွက်လာသော မီးမျောက်ဝံဘုရင်ကို လှမ်းမြင်လိုက်ရသည်။
မီးမျောက်ဘုရင်သည် အရင်တစ်ကြိမ်က လုချန်း တွေ့ခဲ့သည်ထက် ပိုမြင့်လာပြီး အရပ်ခြောက်မီတာကျော်အထိ ကြီးထွားလာခဲ့သည်။
ခန္ဓာကိုယ် အရွယ်အစားအရ၊ သူက လက်ရှိ လုချန်း ထက် မနိမ့်ကျပေ။
ဤကာလပြီးနောက်၊ မီးမျောက်ဝံဘုရင်၏ ခွန်အားက နိုးထခြင်းတတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
သူ အရင်တစ်ကြိမ်က လုချန်း ကိုရှုံးခဲ့သော်လည်း မီးမျောက်ဝံဘုရင်သည် အားကောင်းသည့်သားရဲနှစ်ကောင်ကြား ထိပ်တိုက်တွေ့ဆုံမှုတွင် ယုံကြည်မှုအပြည့်ရှိနေဆဲဖြစ်သည်။
ထိုအခိုက်အတန့်တွင်၊ လုချန်း သည် တစ်ဖက်၏မျက်လုံးများထဲမှ ဆန္ဒများကို မြင်တွေ့ရသည်။
မီးဝံပုလွေဘုရင် က သူကဲ့သို့ သန်မာသောသားရဲနှင့် တိုက်ခိုက်ရန် အလွန်စိတ်အားထက်သန်နေပုံရသည်။
“ဂါးးး!”
“အားးဝူးး”
မျိုးနွယ်စုနှစ်ခု၏ ဘုရင်များက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပြီး ဤအခိုက်တွင် ကွင်းပြင်က အပ်ကျသံကိုကြားရလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရေခဲတောင်ပေါ်ရှိ အေးစက်သော လေနှင့် ဆီးနှင်းများက မျိုးနွယ်စုနှစ်စုကြားမှ စစ်ပွဲမီးတောက်များကို မငြိမ်းသတ်နိုင်ခဲ့ပေ။
ဘုန်း! ဘုန်း! ဘုန်း!
မီးမျောက်ဘုရင်သည် သူ့ရင်ဘတ်ကို လက်သီးနှင့်ပုတ်ကာ လုချန်း ကိုကြည့်ပြီး တိုးတိုးလေး ဟိန်းဟောက်လိုက်သည်။
မီးမျောက်ဝံဘုရင်သည် ယခင်အတိုင်းပြုလုပ်ပြီး တစ်ဖက်က သူ့ကို စိန်ခေါ်လိုခြင်းဖြစ်ကြောင်း လုချန်း သိလိုက်သည်။
မျောက်ပဲဖြစ်ဖြစ် ဝံပုလွေပဲဖြစ်ဖြစ်၊ သူတို့အားလုံးက အနာဂတ်တွင် သူ့၏လက်အောက်ခံများ ဖြစ်လာမည်ဖြစ်ပြီး အသေအပျောက်များလျှင် နစ်နာဆုံရှုံးရမည်ဖြစ်သည်။
လုချန်း က သူ့ခေါင်းကို လှည့်လိုက်ပြီး တိုးတိုးလေး ဟိန်းကာ ဝံပုလွေများကို မဆင်မခြင် မလုပ်ရန် သတိပေးလိုက်သည်။
ထို့နောက် မျိုးနွယ်စုကြီးနှစ်ခု၏ ပူးပေါင်းကြည့်ရှုမှုအောက်တွင် နှင်းတောင်ဘုရင်နှစ်ပါးသည် သက်ဆိုင်ရာနေရာများမှ ထွက်ခွာကာ စစ်မြေပြင်သို့ ရောက်လာကြသည်။
ဤမြင်ကွင်းက ရှေးခေတ်စစ်တပ်များ အချင်းချင်း တိုက်ခိုက်နေချိန်၌ လုချန်း မြင်ဖူးသည့် မြင်ကွင်းနှင့် အလွန်ဆင်တူပြီး နှစ်ဖက်စလုံးမှ စစ်ဗိုလ်ချုပ်များက တိုက်ပွဲဝင်ရန် စစ်မြေပြင်သို့ ပထမဦးဆုံး သွားရောက်ကြသည်။
လုချန်း သည် မဆိုင်းမတွ ချက်ချင်းပင် ရူးသွပ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။
ဤစွမ်းရည်ကို တိုက်ပွဲတွင် အသုံးပြုရန်အတွက် အဆင့်မြှင့်ခဲ့ခြင်းဖြစ်ပြီး သူရူးနေမှသာလျှင် ဤစွမ်းရည်ကို ယခုအသုံးမပြုဘဲ နေမည်ဖြစ်သည်။
တခဏချင်းမှာပင် လုချန်း ၏ ခွန်အားကနှစ်ဆတိုးလာပြီး ပြင်းထန်သောရောင်ဝါများထွက်ပေါ်လာကာ သူ့ရှေ့မှ မီးမျောက်ဝံဘုရင်၏ ရောင်ဝါကို တိုက်ရိုက် ချေမှုန်းပစ်လိုက်သည်။
မီးမျောက်ဝံဘုရင်သည် ဤအခိုက်အတန့်တွင် လုချန်း ကိုကြည့်ပြီး သူ့မျက်လုံးများပြူးကျယ်သွားသည်။ ထင်ရှားသည်မှာ ဤပြောင်းလဲမှုက သူမျှော်လင့်ထားသလို ဟုတ်မနေပေ။
“ဒီအခြေအနေကိုကြည့်ရတာ ဒီမီးမျောက်ဘုရင်ကို အနိုင်ယူဖို့ ငါ့အစ်ကိုအတွက် ပြဿနာမရှိလောက်ဘူး”
“ငါ့အစ်ကို ဘယ်လို ကျင့်ကြံခဲ့သလဲတော့ ငါမသိပေမဲ့ သူ့အစွမ်းက တကယ်ကြောက်စရာကောင်းလွန်းတယ်”
ဘေးတွင်ရပ်နေသော ယိုချင်းယန် သည် မျောက်ဝံဘုရင်အား ချေမှုန်းရန် လုံလောက်သော လုချန်း ၏ စွမ်းအားကို မြင်တွေ့လိုက်ရသည်။
ဤအခိုက်အတန့်တွင် နှင်းဝံပုလွေမျိုးနွယ်စု၏အာရုံစူးစိုက်မှုအားလုံးက ရှေ့ရှိစစ်မြေပြင်တွင် ရှိနေသည်။ ယိုချင်းယန် အတွက် ဤနေရာမှထွက်ခွာရန် အကောင်းဆုံးအချိန်ဖြစ်သည်။
“တောင်းပန်ပါတယ်အစ်ကို၊ ပိုသန်မာဖို့အတွက် ဒီနှင်းတောင်ကြားကနေ ထွက်သွားမှရမယ်”
ယိုချင်းယန် သည် သူမ၏ခြေလှမ်းများကို ပေါ့ပါးစေပြီး စစ်မြေပြင်အနားမှ တိတ်တဆိတ် ဆုတ်ခွာသွားသည်။
“ဂါးး !”
လုချန်း ၏ အစွမ်းထက်သော ရောင်ဝါကို ခံစားလိုက်ရပြီး မီးမျောက်ဘုရင် ကြောက်လန့်နေသော်လည်း ရင်ဘတ်ကို ရိုက်နှက်ကာ သူ့စိတ်ဓာတ်ကို မြှင့်တင်ရန် ဟိန်းဟောက်လိုက်သည်။
လုချန်း မည်မျှ အစွမ်းထက်သည်ကို သိလိုက်သောကြောင့် မီးမျောက်ဘုရင်သည် သူ၏စွမ်းရည်များကို ဖုံးကွယ်မထားတော့ပေ။ သူ့၏လက်သီးများတွင် မီးတောက်များ ချက်ချင်းတောက်လောင်သွားသည်။
ထို့နောက် ကျောက်ကြိတ်ဆုံကဲ့သို့ ကြီးမားသော သူ၏လက်သီးကို မြှောက်ကာ လုချန်း ကို ထိုးချလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုက ပြင်းထန်သောလေပြင်းများကို သယ်ဆောင်လာပြီး လေထဲတွင် အသံဗလံများ ထွက်ပေါ်သွားသည်။
သို့သော် ရူးသွပ်ခြင်းစွမ်းရည်ကို အသုံးပြုထားသော လုချန်း ၏ အရှိန်နှင့် ခွန်အားက မီးမျောက်ဝံဘုရင် ယှဉ်နိုင်သောအရာမဟုတ်ပေ။
လုချန်း က ငွေရောင်လျှပ်စီးတစ်ခုလိုဖြစ်နေပြီး၊ မီးမျောက်ဘုရင်၏ လက်သီးများက သူ့ကိုမည်သို့ထိနိုင်မည်နည်း။
ယင်းအစား လုချန်း ၏ချွန်ထက်သောခြေသည်းများက မီးမျောက်ဝံဘုရင်၏ခန္ဓာကိုယ်ပေါ်တွင် ဆိုးရွားသောဒဏ်ရာများစွာကို ချန်ထားခဲ့သည်။
ထိုအချိန်တွင် မီးမျောက်ဝံဘုရင်၏ လက်ဖဝါးထဲတွင် မီးလုံးများ ထွက်ပေါ်လာပြီး ယခင်ကထက်ပိုမိုတောက်လောင်ကာ သူ့ထံသို့ဝင်ရောက်လာသည်။
ဒါကိုမြင်ပြီး လုချန်း ပါးစပ်ဖွင့်ကာ ရေခဲစွမ်းရည်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။
လမ်းတစ်လျှောက်ရှိ မီးလုံးများ ချက်ချင်းငြှိမ်းသတ်သွားပြီး ရေခဲစွမ်းအားက မီးမျောက်ဝံဘုရင်ထံသို့ဆက်လက်တိုးဝင်သွားကာ သူ့၏ လှုပ်ရှားမှုများအေးခဲသွားသည်။
လုချန်း သည် သူ၏ခြေလက်များကို အားယူကာ ဆယ်မီတာအကွာအဝေးကို ချက်ချင်းခုန်ကျော်လိုက်ပြီး မျောက်ဝံဘုရင်အား မြေပြင်ပေါ်သို့ ဖိနှိပ်ထားလိုက်သည်။
ထို့နောက် သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး ထွက်ပေါ်လာသော ဝံပုလွေ အစွယ်များက အေးစက်သော အလင်းရောင်တစ်ချက်လက်သွားသည်။
မီးမျောက်ဝံဘုရင်၏ မျက်လုံးများထဲမှ ကြောက်ရွံ့မှုကို မြင်ရပြီးနောက် လုချန်း က သူ့ကို မသတ်ဘဲ လွှတ်ပေးလိုက်သည်။
မီးမျောက်ဝံဘုရင် မတ်တပ်ထရပ်ပြီး သူ၏ မူလက ထိတ်လန့်နေသော မျက်လုံးများက ရုတ်တရက် ဇဝေဇဝါ ဖြစ်သွားသည်။
ဝံပုလွေဘုရင်က သူ့အား မသတ်ဘဲ လွှတ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း မျောက်ဝံမျိုးနွယ်၏ ဉာဏ်ရည်ဉာဏ်သွေးသည် ထူးထူးခြားခြား ဖြစ်နေပြီဖြစ်ပြီး ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထခြင်း၏ သွေးမိုးကိုခံယူပြီးနောက်တွင် သူတို့ များစွာ တိုးတက်ကောင်းမွန်လာခဲ့ကြသည်။
မျောက်ဝံဘုရင်သည် သူ့ရှေ့ရှိ တန်ခိုးကြီးသော နှင်းဝံပုလွေဘုရင်က သူ့ကို မသတ်ချင်သော်လည်း လက်နက်ချအညံ့ခံလိုသော ရည်ရွယ်ချက်ရှိကြောင်း နားလည်လိုက်သည်။
မီးမျောက်ဘုရင်သည် သူ၏အညံ့ခံခြင်းကို ဖော်ပြရန် ခေါင်းကိုငုံ့လိုက်သည်။ ဒီနေ့ အသက်ရှင်ချင်လျှင် ဤသည်က တစ်ခုတည်းသော ရွေးချယ်စရာတစ်ခုဖြစ်ကြောင်းသူသိသည်။
“ဝိညာဉ်ပဋိဥာဉ် !”
မမြင်နိုင်သော စွမ်းအင်တစ်ခုက မျောက်ဘုရင်၏ ဦးနှောက်ထဲသို့ လျင်မြန်စွာ တိုးဝင်သွားပြီး မျောက်ဝံဘုရင်၏ စိတ်ထဲတွင် စာချုပ်တစ်ခု ပေါ်လာသည်။
မျိုးနွယ်စုနှစ်ခုကြားက အင်အားကွာခြားချက် ကြီးမားလျှင်တောင် ဤစိတ်ဝိညာဉ်စာချုပ်၏ စွမ်းအားနှင့် တခြားမျိုးနွယ်စုအပေါ်တွင် တွန်းအားပေးလို့မရဘဲ တစ်ဖက်မှ အလိုအလျောက် လက်အောက်ခံလာမှ ရမည်ဖြစ်သည်။
လုချန်း သည် နှင်းဝံပုလွေမျိုးနွယ်မှမဟုတ်သော ဤလက်အောက်ငယ်သားကို သိမ်းသွင်းရန် ယုံကြည်ရလောက်အောင် နုံအနေမည်မဟုတ်ပေ။
မျိုးစိတ်တစ်ခုတည်းပင် အချင်းချင်း ပြိုင်ဆိုင်မှုများရှိပြီး၊ မျောက်ဝံဘုရင် တန်ခိုးကြီးလာသည့်အချိန်တွင် သူ့နောက်ကျောကို ဘယ်အချိန် ဓားနဲ့ထိုးမည်ကိုမသိနိုင်ပေ။
ယခု စာချုပ်အား လက်မှတ်မထိုးပါက သေရမည်ကို မျောက်ဘုရင်က နားလည်ထားသောကြောင့် လက်ခံရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။
စာချုပ်ကို လက်မှတ်ထိုးလိုက်သည်နှင့် လုချန်း သည် သူနှင့် မျောက်ဘုရင်၏ ဝိညာဉ်ကြားမှ ဆက်နွယ်မှုကို ခံစားမိပြီး၊သူ့၏အတွေးတစ်ချက်ဖြင့် ဤဝိညာဉ်ကို လွင့်ပါးသွားအောင်လုပ်နိုင်သည်။
“သခင် !”
“အခုကစပြီး မင်းကို ရွှာအိုဟူး လို့ ခေါ်မယ်”
စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် လုချန်း နောက်ဆုံးတွင် ပျော်စရာတစ်ခုကိုတွေ့ရှိခဲ့သည်။
သူသည် မျောက်ဝံဘုရင်၏ ဝိညာဉ်နှင့် ဆက်သွယ်နိုင်ခဲ့ပြီး ကာလကြာရှည်စွာ ပျောက်ဆုံးနေသော ဆက်သွယ်မှုက အလွန်ရင်းနှီးသည့်ခံစားချက်တစ်ခုကိုဖြစ်ပေါ်စေသည်။
မျောက်ဘုရင်၏အမည်ကိုလည်း ပြောင်းလဲရမည်ဖြစ်သည်။ သူသည် ဘုရင်ဖြစ်ပြီးသူ့၏လက်အောက်ငယ်သားများက ဘုရင်ဖြစ်မလာနိုင်ပေ။
ရွှာအိုဟူး သည် လုချန်း ထံတွင် လက်အောက်ခံကာ ခေါင်းငုံ့ထားသောကြောင့် သူ့နောက်တွင်ရှိနေသော မျောက်ဝံမျိုးနွယ်စုက လုချန်း ကို လေးစားစပြုလာပြီဖြစ်သည်။
နှင်းဝံပုလွေများက အလွန်စိတ်လှုပ်ရှားနေပြီး နှင်းဝံပုလွေဘုရင် လုချန်း ကို ချီးကျူးဂုဏ်ပြုလိုက်ကြသည်။
လုချန်း သည် သူ့ရှေ့တွင် ဒူးထောက်နေသော မျောက်အုပ်စုကို ကြည့်ပြီး ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
“ဟမ်၊ မင်းအခု ဘယ်သွားဖို့ စီစဉ်နေတာလဲ ရှောင်ပိုင်”
တိုက်ပွဲအပြီးတွင်၊ ရှောင်ပိုင် ၏ အမှတ်အသားသည် သူသတိမထားမိလိုက်ဘဲ သူနှင့် မိုင်ပေါင်းများစွာ အကွာအဝေးသို့ရောက်ရှိနေပြီကြောင်း တွေ့ရှိခဲ့သည်။