← Chapters

လူသား ဒရုန်းကို ဒုတိယအကြိမ်တွေ့မြင်ရခြင်း

Vol. 4 Ch. 54

လူသား ဒရုန်းကို ဒုတိယအကြိမ်တွေ့မြင်ရခြင်း

Vol. 4 Ch. 54

“ဒီညီမလေးက ဘာဖြစ်ပြန်ပီလဲ”

လုချန်း၏ စိတ်ထဲမှ ရှောင်ပိုင်၏အမှတ်အသားအရ၊ ဤမိုက်မဲသောညီမလေးက သူ့နှင့် ဝေးကွာသွားကာ ယခု မိုင်လေးဆယ်နီးပါး ရောက်ရှိနေပြီဖြစ်သည်။

လုချန်း သည် ရှောင်ပိုင် ၏ ပုံမှန်မဟုတ်သော အပြုအမူကြောင့် အလွန်အံ့အားသင့်နေသည်။

သူ့ညီမ ဘာမှားနေမှန်း သူ မသိသလို၊ မကြာခဏဆိုသလို သူမ ဘာကြောင့် တောင်ပေါ်မှ ပြေးဆင်းချင်နေကြောင်းကိုလည်း သူမသိပေ။

အရေးကြီးဆုံးအချက်က သူမ အပြင်ထွက်တိုင်း ကြိုမပြောဘဲ ထွက်သွားခြင်းဖြစ်သည်။

ဒီတစ်ကြိမ်တွင် ၎င်းက ပိုလို့တောင်လက်မခံနိုင်စရာပင်ဖြစ်သည်။ သူ မျောက်ဝံမျိုးနွယ်နှင့် ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေသည့်အချိန်ကို အခွင့်ကောင်းယူပြီး သူမ တစ်ယောက်တည်း တိတ်တဆိတ် ထွက်သွားခဲ့သည်။

စစ်မြေပြင်ကို စွန့်ခွာခြင်းက ဝံပုလွေများကြားတွင် တားမြစ်ထားသောအရာတစ်ခုဖြစ်ကြောင်း သိထားသင့်သည်။

သို့ပေမယ့် အခု သူ့ညီမ အဝေးကိုရောက်နေပြီဖြစ်သောကြောင့် လုချန်း စဉ်းစားနေရန်အချိန်မရှိတော့ပဲ ရှောင်ပိုင် ၏ အနောက်ကို ချက်ချင်း လိုက်သွားခဲ့သည်။

သို့သော် သူလိုက်ဖမ်းနေစဉ်တွင် ရှောင်ပိုင် ၏အရှိန်သည် သူ့ထက်အနည်းငယ်သာ‌နှေးကွေးကြောင်း တွေ့ရှိခဲ့သည်။

ယခု သူသည် ရူးသွပ်ခြင်းစွမ်းရည် အလယ်အလတ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။

တစ်နည်းအားဖြင့်၊ သူ၏ လက်ရှိ ခွန်အားနှင့် အမြန်နှုန်းက မူလနိုးထခြင်း တတိယအဆင့်ထက် နှစ်ဆတိုးလာခဲ့သည်။

လုချန်း သည် သူ့ညီမ အဘယ်ကြောင့် ဤကဲ့သို့ မြန်မြန်ပြေးလွှားနိုင်ကြောင်းကို နားမလည်နိုင်ခဲ့ပေ။

“မဖြစ်ဘူး၊ မြန်မြန်သွားဖို့ နည်းလမ်းရှာရမယ် !”

“မဟုတ်ရင် ရူးသွပ်ခြင်းစွမ်းရင် ပြီးသွားတဲ့အခါ ရှောင်ပိုင် ထက် မြန်မြန်ပြေးနိုင်တော့မှာမဟုတ်ဘူး၊ အဲဒီအချိန်ကြရင် သူ့ကို ဖမ်းမိဖို့နေနေသာသာ သူ့အရိပ်ကိုတောင် မြင်နိုင်တော့မယ်မထင်ဘူး !”

လုချန်း သည် သူ့၏အရှိန်ကို မည်ကဲ့သို့ မြှင့်တင်ရမည်ကို တွေးတောရင်း ရှေ့သို့ ပြေးလွှားနေသည်။

ရူးသွပ်ခြင်း စွမ်းရည်က အချိန်ကန့်သတ်ချက်ရှိပြီး အချိန်အကြာကြီး အသုံးပြုရန်မဖြစ်နိုင်ပေ။

“အိုး ဟုတ်တယ်! ကောင်းကင်တက်လှမ်းခြင်း စွမ်းရည် ရှိတာပဲ”

“ငါ ဝံပုလွေတစ်ကောင်ဖြစ်တာကြောင့် ပျံသန်းနိုင်တာကို ငါမေ့သွားတာ”

ထိုအချိန်တွင် လုချန်း ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် ပေါ့ပါးလာပြီး အပေါ် သို့မြှောက်တက်ကာ လေထဲကနေတဆင့် တိုက်ရိုက် ပြေးလာခဲ့သည်။

ယိုချင်းယန် က ကုန်းလမ်းမှတဆင့် ပြေးလွှားနေပြီး လုချန်း သည် မျဉ်းဖြောင့်အတိုင်းသွားကာ မြေအနေအထားက ကန့်သတ်ချက်တစ်ခုမဟုတ်ပေ။

ကောင်းကင်တက်လှမ်းခြင်း စွမ်းရည်မှာလည်း ချို့ယွင်းချက် ရှိသည်။ အမြင့်ပေ တစ်သောင်းတွင် ပျံသန်းနေသော သတ္တဝါများကဲ့ လွတ်လွတ်လပ်လပ် ပျံသန်း၍မရပါ။

ကောင်းကင်တက်လှမ်းခြင်း စွမ်းရည်သည် လေစွမ်းအင်ကို ချေးငှားပြီး ခဏတာမှီခိုနိုင်သည့်စွမ်းရည်အဖြစ်သာ မှတ်ယူနိုင်သည်။

ကောင်းကင်သို့ တက်လာပြီးနောက် လုချန်း သည် အဝေးကို လှမ်းကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ ချက်ချင်းပင် ကျုံ့သွားသည်။

အဝေးမှ ကောင်းကင်တွင် ဒရုန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ကူကယ်ရာမဲ့စွာဖြင့် ဒရုန်းကို ရှောင်လွှဲရန်အတွက် လုချန်း မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့ရပြန်သည်။

အရင်တစ်ကြိမ်၊ ဒရုန်းနဲ့ ဓာတ်ပုံရိုက်ခံရချိန်က လူတချို့ရဲ့ အာရုံကိုသာ စွဲဆောင်နိုင်မည်ဖြစ်သည်။

ယခု ဝံပုလွေတစ်ကောင်က ကောင်းကင်တွင် ပြေးလွှားနိုင်ကြောင်း လူသားများ သိသွားပါက စစ်တပ်၏ အာရုံစိုက်မှုကို ခံရမည်မှာ သေချာသည်။

ထိုအချိန်တွင်၊ နှင်းတောင်ကြီးတစ်ခုလုံးသည် အဆုံးမဲ့ဘေးဒုက္ခများနှင့်မလွှဲမသွေ ကြုံတွေ့ရမည်ဖြစ်သည်။

လုချန်း သည် ယခုအချိန်တွင် အစွမ်းထက်နေသော်လည်း၊ နည်းပညာမြင့်လက်နက်များပိုင်ဆိုင်ထားသည့် လူသားမျိုးနွယ်နှင့် နှိုင်းယှဉ်ပါက သူက ဘာကောင်မှ မဟုတ်တော့ပေ။

ထိုအချိန်တွင် ပြေးလွှားနေသော ယိုချင်းယန် သည်လည်း ကောင်းကင်မှ ဒရုန်းကို သတိထားမိသည်။

“ပုံသဏ္ဍာန်ကိုကြည့်ရတာ လူသား ဒရုန်းနဲ့တူတယ်... ခွမ်ပျော အဖွဲ့အစည်း ?!”

ယိုချင်းယန် တွင် အလွန်ကောင်းမွန်သော အမြင်အာရုံရှိပြီး ဒရုန်းပေါ်ရှိ လိုဂိုကို သူမ တွေ့လိုက်သည်။

ခွမ်ပျော အုပ်စုသည် စီချွမ်မြို့၌ အလွန်အားကောင်းသော အင်အားစုတစ်ခုဖြစ်သည်။

“ခွမ်ပျော အုပ်စုရဲ့ ဒရုန်းတစ်ခုကို ဒီမှာ တွေ့ရတယ်ဆိုတော့ ငါ အခု စီချွမ် နဲ့ နီးနေတာဖြစ်နိုင်လား”

“စီချွမ် အနီးက နှင်းတွေဖုံးနေတဲ့ တောင်တွေ.. ဒါက ဒါဂုန် နှင်းတောင် ဖြစ်သင့်တယ် !”

ယိုချင်းယန် သည် လေထဲရှိ ဒရုန်းဖြင့် သူမ၏ လက်ရှိတည်နေရာကို ရိုးရှင်းစွာ ခန့်မှန်းနိုင်ခဲ့သည်။

“လူသားမျိုးနွယ်က ဒါဂုန် နှင်းတောင်ကို အာရုံစိုက်နေပြီလား”

ဤအဆင့်တွင်၊ လူသားလက်နက်များက ဗီဇပြောင်းလဲခြင်း၏အစောပိုင်းအဆင့်ရှိ သားရဲများအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေသေးသည်။ သို့သော်လည်း နောက်ထပ်တစ်လစောင့်ပါက ကမ္ဘာလုံးဆိုင်ရာအခြေအနေသည် ကမ္ဘာပျက်နေသကဲ့သို့ ဖရိုဖရဲ ဖြစ်သွားလိမ့်မည်ဖြစ်သည်။

ထိုအချိန်တွင်၊ သာမန်လက်နက်များက လျင်မြန်စွာပြောင်းလဲနေသော သားရဲများကို လုံးဝမနှိမ်နင်းနိုင်တော့ကြောင်း လူသားများက တွေ့ရှိလိမ့်မည်။

ယခုပင်လျှင် နိုးထခြင်း တတိယအဆင့်သို့ ရောက်ရှိနေသော အားကောင်းသည့် သားရဲများက သာမန်ရိုင်ဖယ်များ၏ အဖျက်စွမ်းအားကို မကြောက်ပေ။

ဤဘ၀တွင် နှင်းဝံပုလွေတစ်ကောင်အနေဖြင့်ပြန်မွေးဖွားလာခဲ့သေည်လည်း ယိုချင်းယန် သည် အရာများကို လူသားရှုထောင့်မှ တွေးနေခဲ့သည်။

ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထခြင်း၏ အစောပိုင်းအဆင့်တွင် ဤလူသားများ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို မည်ကဲ့သို့ရှောင်ရှားရမည်ကိုပင် သူမ တွေးတောနေခဲ့ရသည်။

ယိုချင်းယန် သာ မြို့ထဲကို ပြေးဝင်ပြီး “ငါ မင်းတို့နဲ့ သူငယ်ချင်းဖြစ်ချင်တယ်” လို့ပြောရင် ဒီလူသားများက သူမကို ပစ်သတ်မည်မှာသေချာသည်။

“လက်တွေ့စမ်းသပ်မှုအတွက် ဗီဇပြောင်းသားရဲတွေကို ဖမ်းယူထားတဲ့ သိပ္ပံသုတေသနစခန်းတွေ ဒါမှမဟုတ် ပုဂ္ဂလိကဘဏ္ဍာအဖွဲ့အစည်းတွေ အများကြီးရှိနေနိုင်တယ်”

သူမယခင်ဘဝက လူသားတစ်ဦးအနေဖြင့် ယိုချင်းယန် သည် ဤအင်အားစုများ၏ လုပ်ဆောင်ချက်များနှင့် အလွန်ရင်းနှီးသည်။

သူမစဉ်းစားနေစဉ်တွင်၊ ယိုချင်းယန် သည် ကောင်းကင်မှ ဒရုန်းဖြင့် ဓာတ်ပုံရိုက်ခံရခြင်းမှ ရှောင်ရှားရန် တောင်တစ်စွန်းတစ်ခုတွင် ပုန်းအောင်းလိုက်သည်။

သူမ၏ခွန်အားကို စောစီးစွာ ထုတ်မပြချင်သေးပေ၊ သူမကို လူသားတပ်ဖွဲ့အချို့က ဖမ်းဆီးပြီး လေ့လာခဲ့မယ်ဆိုရင်...သူမထပ်ပြီးမတွေးရဲတော့ပေ။

“ဟင့်? ရှောင်ပိုင် ရပ်သွားပြီလား ?”

ရှောင်ပိုင် မလှုပ်ရှားတော့ကြောင်းကို သူမ၏ အမှတ်အသားမှတဆင့် လုချန်း သတိပြုမိလိုက်သည်။

လုချန်း ဆက်လျှောက်လာရင်း မကြာမီ သူသည် ယိုချင်းယန် နှင့် ငါးမိုင်သာကွာဝေး‌တော့သည်။

သို့သော် ထိုအခိုက်တွင် လုချန်း သည် အဝေးမှ ပျံသန်းနေသော ဒရုန်းများစွာကို ရုတ်တရက် တွေ့မြင်လိုက်ရသည်။

လုချန်း သည် တစ်ခုခုမှားနေပြီဖြစ်ကြောင်းသိရှိလိုက်သည်။

သူနှင့် သူ့ညီမကို အရင်တစ်ကြိမ် ဒရုန်းဖြင့်ရိုက်ကူးထားသော ပုံရိပ်က လူများစွာကို ဆွဲဆောင်ခဲ့ပြီး လူသားတပ်ဖွဲ့ထံ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်နိုင်သည်ဟု သူတွေးလိုက်မိသည်။

“အားလုံး လာကြည့်ကြ၊ ဒရုန်းမှာ ရှာဖွေတွေ့ရှိမှုတစ်ခု ရှိနေတယ်၊ အရင်က ဓာတ်ပုံရိုက်ခဲ့တဲ့ ဧရာမဝံပုလွေကြီး နောက်ဆုံးတော့ ပြန်ပေါ်လာပီ”

ထိုအချိန်တွင် ဒါဂုန်နှင်းတောင်အပြင်ဘက်ရှိ လွင်တီးခေါင်နေရာတွင် ပြုပြင်မွမ်းမံထားသော လေးလံသည့် ကုန်တင်ကားအများအပြားကို ကွင်းပြင်တစ်နေရာတွင် ရပ်ထားသည်။

စီချွမ်မြို့တွင် ရှိသော မိသားစုကြီးများ၏ ချမ်းသာသည့် လူငယ်တစ်စုက ဤတောကန္တာရကို စူးစမ်းလေ့လာရန်အတွက် ရောက်လာခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင်၊ ထရပ်ကားကြီးများကြားတွင် ရဟတ်ယာဉ်တစ်စင်းသည်လည်း ရပ်နားထားသည်။

နှင်းများဖုံးနေသော တောင်တွေဆီ ပြန်လာသည့်အခါတွင် ဤလူငယ်အုပ်စုက ပစ္စည်းများပိုယူလာရုံသာမက လုံခြုံရေးဝန်ထမ်း တစ်ဒါဇင်ကျော်ကိုလည်း သူတို့နှင့်အတူ ခေါ်ဆောင်လာခဲ့သည်။

ဤလုံခြုံရေးအစောင့်များက အရပ်ရှည်ပြီး ကောင်းစွာလေ့ကျင့်ထားကာ သူတို့အားလုံးက တိုက်ခိုက်ရေးတွင် အရည်အချင်းရှိပုံရသည်။

အရေးကြီးဆုံးအချက်က သူတို့အားလုံး ၏လက်ထဲတွင် ပြင်းထန်သည့် သေနတ်များကို ကိုင်ဆောင်ထားကြသည်။

“ဆရာကြီး ကေား၊ ဒီနှင်းဝံပုလွေက အရမ်းကြီးမားတယ်၊ အဲဒါက ရှားပါးတဲ့ ဗီဇပြောင်းသားရဲဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ်၊ ဒီကောင်ကို ဖမ်းမိမယ်ဆိုရင် လက်တွေ့စမ်းသပ်မှုအတွက် အလွန်တန်ဖိုးရှိလိမ့်မယ်!”

ထိုအချိန်တွင်၊ သူ့ဘေးနားမှ အဖြူရောင် ၀တ်စုံနှင့် လူငယ်တစ်ဦးက “မင်း ထပ်ပြောဖို့ စဉ်စားထားရင် ငါ ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး !”

“အဓိပ္ပါယ်မရှိလိုက်တာ၊ ဒါကကျုပ်တို့ရဲ့ ခွမ်ပျောအုပ်စုက ဒီပုံကိုဖမ်းယူထားတာ၊ မင်းတို့ လီရှန် အုပ်စုနဲ့ဘာဆိုင်လို့လဲ!”

ကေားရွှော ဟုခေါ်သော လူငယ်သည် သူ့ဘေးနားရှိလူအား စူးစူးရဲရဲစိုက်ကြည့်နေသည်။

နောက်ဆုံးတွင် သားကောင် လွတ်သွားမည်ကို စိုးရိမ်သဖြင့် လေ့ကျင့်ထားသော လက်နက်ကိုင် အစောင့်များစွာနှင့်အတူ အလယ်တွင် ရပ်ထားသည့် ရဟတ်ယာဉ်ပေါ်ကို အမြန်တက်လိုက်ကြသည်။

တိတ်ဆိတ်သော လွင်ပြင်တွင် ပန်ကာများ၏ ဆူညံသံများထွက်ပေါ်လာသည်။

ထို့နောက် လေယာဉ်မှူး၏ ထိန်းချုပ်မှုအောက်တွင် ရဟတ်ယာဉ်သည် နှင်းဖုံးနေသော တောင်များဆီသို့ စတင်ပျံသန်းသွားခဲ့သည်။

All Chapters