“ဒါက ဝယ်သူ တစ်ယောက်ရဲ့ အခမဲ့ ပေးချေမှုတစ်ခု”
Vol. 4 Ch. 55
“မဖြစ်ဘူး၊ ငါ့ကိုတွေ့သွားပီ”
တောင်စောင်းတစ်ခုနားတွင် ပုန်းအောင်းနေသော ယိုချင်းယန် သည် တောင်နံရံတစ်ဖက်တွင် ဒရုန်းနှစ်ခုရှိနေသည်ကို တွေ့ရှိလိုက်သည်။
ဒရုန်းက လေထဲတွင် ပျံဝဲနေပြီး သူမကို စောင့်ကြည့်နေပုံ ရသည်။
ယိုချင်းယန် မျက်မှောင်ကြုတ်သွားပြီး၊ သူမ သတိလက်လွတ်ဖြစ်နေဆဲဟု မမျှော်လင့်ထားခဲ့ပေ။
အစက ကောင်းကင်မှ ဒရုန်းယာဉ်သည် ရှုခင်းများကို ဓာတ်ပုံရိုက်ခြင်း၊ပတ်ဝန်းကျင်ကို စူးစမ်းလေ့နေခြင်းဖြစ်သည်ဟု တွေးထင်ထားခဲ့သည်။
သို့ပေမယ့်၊ မမျှော်လင့်ဘဲ ကောင်းကင်ပေါ်မှ ဒရုန်းများက သူ့ဆီသို့ပျံသန်းလာခဲ့ သည်။
ယိုချင်းယန် ယခင်တစ်ကြိမ်က ဒရုန်းဖြင့် ဓာတ်ပုံရိုက်ဖြင့်ရိုက်ကူးခံနေရချိန်တွင် သူမလေ့ကျင့်နေဆဲဖြစ်ပြီး ထိုအချိန်တွင် လူသားများက သူမကိုသတိပြုမိခဲ့ကြောင်းကို သူမ,မသိခဲ့ပေ။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် ယိုချင်းယန် သည် ဒရုန်းကိုမြင်သောအခါ တိုက်ဆိုင်မှုတစ်ခုဟုသာဖြစ်သည်ဟု ထင်ခဲ့သည်။
ဤလူသားများက ပြင်ဆင်ပြီးပြန်လာမည်ကို သူမ, မသိခဲ့ခြင်းဖြစ်သည်။
သူတို့၏ ပစ်မှတ်က နှင်းတောင်ပေါ်မှ နှင်းဝံပုလွေများပင်ဖြစ်သည်။
“မေ့လိုက်တော့ ငါ့ကိုတွေ့ပြီးပြီမို့ မမြင်ချင်ယောင်ဆောင်ဘဲနေလိုက်မယ်”
ယိုချန်း သည် ဒရုန်းသူမဆီလာနေသည်ကို သတိပြုမိပြီးနောက် သူမ ဆက်၍ပုန်းအောင်းနေရုံသာတတ်နိုင်တော့သည်။
ဒရုန်းနောက်ကွယ်မှလူများက ဒရုန်းတွင်ရှာဖွေတွေ့ရှိမှုတစ်ခုရှိကြောင်း သတိမထားမိပါစေနဲ့ဟုသာဆုတောင်းရမည်ဖြစ်ပြီး မဟုတ်ရင် အခြေအနေက ပိုဆိုးလာမည်ဖြစ်သည်။
အမှန်မှာ၊ လက်ရှိလူသားများက ဆင့်ကဲပြောင်းလဲခြင်းအစောပိုင်းအဆင့်တွင် ရှိနေသော သားရဲများကို မကြောက်ကြပေ။
စွမ်းအားကြီးသည့် တောရိုင်းတိရိစ္ဆာန်များထက် လူသားများက ဉာဏ်ရည်ပိုမြင့်သော သားရဲတိရိစ္ဆာန်များကို ပိုကြောက်သည်။
သို့သော်လည်း ယိုချင်းယန် သည် ဤဒရုန်းများက အချိန်အတော်ကြာသည့်တိုင် မထွက်သွားသေးဘဲ သူမအပေါ်တွင် ဆက်လက် ပျံဝဲနေကြောင်း တွေ့ရှိခဲ့သည်။
ယိုချင်းယန် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် အံ့သြသွားကာ ဒီဒရုန်းများက သူမကို ပစ်မှတ်ထားနေကြောင်း ပိုသေချာလာခဲ့သည်။
ယိုချင်းယန် တွေးနေစဉ်မှာပင် အဝေးမှ အသံများထွက်ပေါ်လာသည်။
ယိုချင်းယန် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည့်အသံမှာ ရဟတ်ယာဉ်ပန်ကာ၏ အသံဖြစ်သည်။
ထိုအသံကိုကြားပြီးနောက် ယိုချင်းယန် သည် ဘေးဘက်သို့ လျင်မြန်စွာ လှမ်းကြည့်လိုက်ချိန်တွင် အဝေးမှ ပျံသန်းလာသော ရဟတ်ယာဉ်တစ်စင်းကို တွေ့လိုက်ရသည်။
“မြန်မြန် ငါတို့ရဲ့ ပစ်မှတ်ကို တွေ့ပြီ !”
ရဟတ်ယာဉ်ပေါ်ရှိ ကေားရွှော သည် အောက်မှ အဖြူရောင် နှင်းဝံပုလွေကို မြင်တွေ့လိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။
“ငါ့အတွက်လေယာဉ်ကို ရပ်လိုက်စမ်း!”
မကြာခင်မှာပင် ရဟတ်ယာဉ်က အမြင့်ပေ ၁၅၀ မီတာတွင် အရှိန်ကိုနှေးကာ ပျံဝဲနေသည်။
ပြတင်းပေါက်ကိုဖွင့်လိုက်ပြီးနောက် လူငယ်တစ်ဦးသည် အပြင်ဘက်က လက်ရန်းပေါ်တွင် အကြောဆန့်ကာ လက်ထဲတွင် စနိုက်ပါရိုင်ဖယ်တစ်လက်ကို ကိုင်လျှက်ထွက်ပေါ်လာသည်။
“သေစမ်း !”
“အရင်က နှင်းတောင်ကြားကို ရောက်လာတဲ့ကောင်တွေပဲ ဖြစ်ရမယ် !”
အဝေးမှပြေးလာသော လုချန်း သည်လည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
လေယာဉ်ပေါ်မှ စနိုက်ပါရိုင်ဖယ်သေနတ်ကို မြင်လိုက်သောကြောင့် လုချန်း ဒေါသတကြီးဖြစ်သွားကာ သူ့ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်ခြင်းအငွေ့အသက်များ ချက်ချင်းထွက်ပေါ်လာသည်။
သူ၏ ခွန်အားက အများကြီး တိုးတက်လာပေမယ့် အသွေးအသားသည်တော့ တည်ရှိနေဆဲဖြစ်သည်။
ထိုကဲ့သို့ ကြီးမားသော အဖျက်စွမ်းအားရှိသည့် စနိုက်ပါရိုင်ဖယ်ကို ခံနိုင်ရည်မရှိသလောက်ပင်။
လေယာဉ်ပေါ်မှ လူများက ရှောင်ပိုင် ကို အမဲလိုက်ချင်နေကြောင်း ထင်ရှားသည်။
လုချန်း ၏ နှလုံးသားထဲတွင် ဒေါသမီးတောက်များလောင်ကျွမ်းသွားပြီး သူ့ညီမ ဒုက္ခရောက်တော့မည်ကိုစိုးရိမ်သွားသည်။
သူပြန်လည်မွေးဖွားလာပြီးနောက် လုချန်း သည် သူ့ပတ်ဝန်းကျင်ရှိမည်သူ့ကိုမှ ထိခိုက်နာကျင်မှုမရှိစေရဟု ကတိပြုခဲ့သည်။
“အားးဝူးး !”
ထိုအချိန်တွင် သူ ဖော်ထုတ်ခံရမည်ကိုတောင် ဂရုမစိုက်တော့ဘဲ ရုတ်တရက် ကျယ်လောင်သော ဝံပုလွေအူသံကို ထွက်လွှတ်လိုက်သည်။
ဝံပုလွေအူသံက တောင်များနှင့် သစ်တောများတစ်လျှောက်တွင် ပဲ့တင်ထပ်သွားသည်။
ကောင်းကင်မှရဟတ်ယာဉ်သည် အလွန်ထင်ရှားနေပြီး ယိုချင်းယန် သည်လည်း လေယာဉ်ပေါ်ရှိ လူသားများ၏ လှုပ်ရှားမှုများကို သဘာဝအတိုင်း သတိပြုမိခဲ့သည်။
စနိုက်ပါရိုင်ဖယ်ကို မြင်လိုက်ရကာ ယိုချင်းယန် အသင့်ပြင်ထားပြီးဖြစ်သော်လည်း အစ်ကိုဖြစ်သူ၏ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် သူမ အံအားသင့်သွားခဲ့သည်။
သူမ၏အစ်ကို မီးမျောက်ဝံဘုရင် နှင့် တိုက်ခိုက်နေသေးသည်ဟု မျှော်လင့်ထားပြီး တိုက်ပွဲက ဤမျှမြန်ဆန်လိမ့်မည်ဟု သူမ,မထင်ထားခဲ့ပေ။
ထို့အပြင် သူမ,အဝေးကိုထွက်ပြေးပြီး အနံ့ဆိုးဖြင့် ဖုံးအုပ်ရန် ဝိညာဉ်ဆေးပင်များကိုအသုံးပြုခဲ့သော်လည်း သူမ၏အစ်ကိုက ဒီနေရာအထိ လိုက်လာနိုင်နေဆဲပင်ဖြစ်သည်။
သို့သော် ကောင်းကင်တွင် လှည့်ပတ်နေသော ရဟတ်ယာဉ်ကို ကြည့်ရင်း၊ ယိုချင်းယန် မျက်ခုံးပင့်လိုက်သည်။
“ရဟတ်ယာဉ်ပန်ကာရဲ့ အသံကိုကြားပီး စစ်ဆေးဖို့အတွက် ငါ့အကို ရောက်လာခဲ့တာ ဖြစ်နိုင်လား”
“အနံ့ဆိုးတွေနဲ့ ဖုံးကွယ်ဖို့ ဝိညာဉ်ဆေးပင်တွေကို သုံးထားပြီးသားမို့ အစ်ကို ငါ့ကိုရှာမတွေ့သင့်ဘူး”
ယိုချင်းယန် သည် လုချန်း က သူမကိုအခုထိ ရှာမတွေ့နိုင်သေးခြင်းဖြစ်နိုင်ကြောင်း ယူဆခဲ့သည်။
လေထုထဲမှ လူသားများ၏ ခြိမ်းခြောက်မှုကို ခံစားမိပြီး လုချန်း ဟိန်းဟောက်လိုက်ခြင်းဖြစ်နိုင်သည်။
သူမ ဤတစ်ကြိမ်တွင် ကောင်းစွာပြင်ဆင်ထားခဲ့ပြီး လုချန်း သူ့ကိုရှာတွေ့ရန်မဖြစ်နိုင်ပေ။
“အိုး ၊ ဘာဖြစ်တာလဲ ?!”
လုချန်း ၏ ကျယ်လောင်သော ဝံပုလွေအူသံသည် ရဟတ်ယာဉ်ပေါ်ရှိ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။
ကေားရွှော သည် မနီးမဝေးတွင် ပိုကြီးသော နှင်းဝံပုလွေတစ်ကောင် ရှိနေသည်ကို မြင်လိုက်ရသည်။
ခုနစ်မီတာရှိသော ဝံပုလွေကြီးကိုမြင်ပြီး သူ့မျက်နှာဖြူဖျော့သွားသည်။ ဤမျှကြီးမားသောသားရဲကြီးကိုမြင်ရသည့်အခါ မတုန်လှုပ်ဘဲနေနိုင်ရန်မှာ မဖြစ်နိုင်သည့်အရာတစ်ခုဖြစ်သည်။
နောက်တစက္ကန့်တွင် ကေားရွှော ၏မျက်နှာပေါ်တွင် ရူးသွပ်သည့်အပြုံးတစ်ခုထွက်ပေါ်လာသည်။
“ဒါက ဝယ်သူ တစ်ယောက်ရဲ့ အခမဲ့ ပေးချေမှုတစ်ခု ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး၊ တစ်ချို့က ငါ့အိမ်တံခါးကို လာပို့ပေးဖို့ စေတနာနဲ့တောင် လုပ်ခဲ့တာ”
“ဟာဟားဟား၊ ဒီအကောင်ကြီးတွေကို ငါတို့ဖမ်းပြီး သုတေသနလုပ်နိုင်လေလေ ပိုကောင်းလေလေပဲ”
“သွား၊ ဒီကောင်ကြီးရဲ့အနားကို သွားလိုက် !”
သူ လေယာဉ်မှူးကို စိတ်လှုပ်ရှားစွာ ညွှန်ကြားပြီး လုချန်း ဆီသို့ ပျံသန်းလာခဲ့သည်။
မကြာမီ ရဟတ်ယာဉ်သည် တည်နေရာကို ရောက်ရှိသွားပြီး အရှိန်ကိုလျှော့ချ၍ ဖြည်းညည်းစွာ ပျံဝဲနေသည်။
လုချန်း ၏ လှုပ်ရှားမှုရပ်သွားသည်ကိုမြင်ပြီး ကေားရွှော က သူ့လက်ထဲမှ စနိုက်ပါရိုင်ဖယ်ကို မြှောက်လိုက်သည်။
သို့သော် သူ၏စနိုက်ပါရိုင်ဖယ်သည် တိုက်ရိုက် ပစ်သတ်နိုင်သော ကျည်ဆန်မဟုတ်ဘဲ မေ့ဆေးကျည်ဆံမျှသာဖြစ်သည်။
ဤမေ့ဆေးကျည်ဆန်၏ စွမ်းပကားက အလွန်ကြီးမားသည်။ ငါးမီတာ၊ ခြောက်မီတာအရွယ် ဆယ်တန်အလေးချိန်ရှိသော ဆင်တစ်ကောင်ကိုပင် သုံးစက္ကန့်အတွင်း မေ့လဲအောင်ပြုလုပ်နိုင်သည်။
ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာပြီးနောက် ဆင့်ကဲပြောင်းလဲလာသော ဤသားရဲများက အဖိုးတန်ရတနာများဖြစ်သည်။
သူတို့သည် ဗီဇပြောင်းသားရဲများကို တိုက်ရိုက်သတ်ရန် တွန့်ဆုတ်နေပြီး သားရဲတို့၏တန်ဖိုးကို အမြင့်ဆုံးမြှင့်တင်ရန်အတွက် သိပ္ပံသုတေသနအခြေစိုက်စခန်းသို့ ပြန်ခေါ်သွားနိုင်သည်။
နှင်းတောင်ကြားကို မရောက်ခင် သူတို့သည် တောထဲမှ သားရဲတိရိစ္ဆာန်ကြီးတချို့ကို တိုက်ခိုက်ရန်အတွက် မေ့ဆေး ကျည်ဆန်များကို အသုံးပြုထားပြီးသားဖြစ်သည်။
အချိန်တိုင်း တိကျပြီး၊ ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ဘူးဟု ပြောလို့ရသည်။
ထို့ကြောင့် ကေားရွှော သည် ယခုအချိန်တွင် အလွန်ယုံကြည်မှု ရှိနေခြင်းဖြစ်သည်။ သူ့အမြင်အရ သူတို့က နှင်းဝံပုလွေနှစ်ကောင်သာဖြစ်ပြီး ကြောက်စရာမရှိပေ။
“ကေားရွှေား ဒီတစ်ခါ တကယ်ကံကောင်းတယ်၊ တစ်ခါတည်းမှာ သူဒီလို နှင်းဝံပုလွေကြီးနှစ်ကောင်နဲ့တွေ့ခဲ့တယ် !”
တောင်ခြေ ကွင်းပြင်ရှိ လူငယ်များက ပြုပြင်မွမ်းမံထားသည့် ထရပ်ကားတစ်စီးပေါ်တွင် ထိုင်ပြီး ဒရုန်းမှတဆင့် ပြန်ပို့လိုက်သော ဗီဒီယိုကို ကြည့်ရှုပြီး အချင်းချင်း ပြောဆိုဆွေးနွေးနေကြသည်။
.......……
ရဟတ်ယာဉ်သည် သူ့အစ်ကိုဆီသို့ အမှန်တကယ် ပျံသန်းသွားကြောင်း ယိုချင်းယန် မြင်သောအခါတွင် သူမ အလွန်စိုးရိမ်သွားသည်။
“သူတို့ပစ်မှတ်ကိုပြောင်းလိုက်ပြီလား၊ ငါ့အစ်ကိုအတွက် အန္တရာယ်မရှိလောက်ဘူးမလား”
ယိုချင်းယန် အလွန်စိုးရိမ်နေသောကြောင့် လုချန်းအား သတိပေးရန်အတွက် ဝံပုလွေအူသံကို ထုတ်လွှတ်လိုက်ပြီး သူ့ဆီသို့ အမြန်ပြေးသွားခဲ့သည်။
မလှမ်းမကမ်းမှ သူ့ညီမ၏ တုံ့ပြန်သံကိုကြားပြီး လုချန်း သက်ပြင်းချလိုက်မိသည်။
ထို့နောက် သူသည် ကောင်းကင်မှ ရဟတ်ယာဉ်ကို မျှော်ကြည့်လိုက်ပြီး သူ၏ ရေခဲပြာရောင်မျက်လုံးထဲတွင် ရက်စက်သော အလင်းတစ်ချက်လက်သွားသည်။
လုချန်း ၏ ခန္ဓာကိုယ်သည် အလွန်သန်မာနေပြီဖြစ်သော်လည်း သူ့လက်ရှိခန္ဓာကိုယ်က ဤလူသားလက်နက်များကို ဘယ်လောက်ထိ ခံနိုင်ရည်ရှိမည်ကိုမသိပေ။
အဝေးက ရဟတ်ယာဉ်ကို ကြည့်လိုက်ပြီး လုချန်း သည် သူ့၏ ကျွမ်းကျင်မှုကို အဆင့်မြှင့်တက်ရန် ဆင့်ကဲအမှတ် ၅၀၀၀ ကို ချက်ချင်း အသုံးပြုလိုက်သည်။
[ဒင်၊ ရှောင်တိမ်းခြင်း ကျွမ်းကျင်မှုကို ပင်ကိုယ်စွမ်းရည်အဖြစ် အဆင့်မြှင့်ခဲ့သည်- သွက်လက်ခြင်း (အစောပိုင်း)]
[ဒင်၊ ခုခံကာကွယ်ခြင်း ကျွမ်းကျင်မှုကို ပင်ကိုယ်စွမ်းရည်အဖြစ် အဆင့်မြှင့်ခဲ့သည်- မတိုးပေါက်နိုင်ခြင်း (အစောပိုင်း)]