“ဝပ်.သာ.ဖာ့ !”
Vol. 4 Ch. 56
သွက်လက်ခြင်း (အစောပိုင်း)- သင့်အပေါ် အထူးအန္တရာယ်ရှိသည့် ခံစားချက်များကိုသိရှိနိုင်ပြီး လျင်မြန်စွာ တုံ့ပြန်နိုင်မည်ဖြစ်သည်။
မတိုးပေါက်နိုင်ခြင်း (အစောပိုင်း)- ဤစွမ်းရည်ကို အသက်သွင်းလိုက်လျှင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာမည်ဖြစ်ပြီး ပြိုင်ဘက်၏တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်စွမ်း တိုးမြှင့်ပေးသည်။
စွမ်းရည် နှစ်ခုကို တစ်ပြိုင်နက်တည်း ရရှိပြီးနောက် သူ၏ ခန္ဓာကိုယ် ပြောင်းလဲသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားရသည်။
“ငါ့ရဲ့ဆဲလ်တွေထဲမှာ စွမ်းအင်ပြည့်နှက်နေသလိုပဲ”
လုချန်းရဲ့ အာရုံငါးပါး၏ ကြည်လင်ပြတ်သားမှုက အလွန်တိုးတက်လာသည်။
လုချန်း သည် သူ၏စွမ်းရည်များကို မစမ်းသပ်ကြည့်ရသေးခင်မှာပင်သူ၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလိုခံစားလိုက်ရသည်။
ကြီးမားသည့် အန္တာရာယ်တစ်ခုကိုခံစားမိလိုက်ပြီး လုချန်း အလိုအလျှောက် ဘေးသို့ ခုန်ရှောင်လိုက်သည်။
“ဒိုင်း!”
တစ်ချိန်တည်းမှာပင် တိတ်ဆိတ်သည့် နှင်းဖုံးတောင်တန်းတွင် သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။
ရဟတ်ယာဉ်ပေါ်ရှိ ကေားရွှော သည် သူ့၏ ပစ်မှတ်ကိုချိန်ရွယ်ပြီးနောက် မေ့ဆေးကျည်ဆန်ဖြည့်ထားသော သေနတ်ဖြင့် ချက်ချင်း ပစ်ခတ်လိုက်သည်။
ဤမေ့ဆေးကျည်ဆန်သည် အလွန်လျင်မြန်ပြီး သာမန်ကျည်ဆန်များနှင့် မတူပေ။
သို့သော် လုချန်း သည် ဤအချိန်မတိုင်မီ တွင် သူ၏ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ကြိုတင်ခန့်မှန်းနိုင်သော အာရုံခံစွမ်းရည်ကြောင့် အန္တရာယ်ကိုရှောင်ရှားနိုင်ခဲ့သည်။
“ဝှရ်!”
လုချန်း ခုန်ထွက်သွားစဉ်မှာပင် မေ့ဆေးကျည်ဆန်တစ်တောင့်က သူ့ဘေးမှဖြတ်သန်းသွားခဲ့သည်။
ဤကျည်ဆန်သံကိုကြားပြီးနောက် လုချန်း ၏ မျက်လုံးများထဲတွင် ချက်ချင်းပင် ပြင်းထန်သော လူသတ်အငွေ့အသက်များ ထွက်ပေါ်လာသည်။
လုချန်း ၏ လူသတ်အငွေ့အသက်သည် ယခုအခိုက်အတန့်တွင် ခိုင်ခံ့လုနီးပါးဖြစ်နေပြီး တစ်ခဏလေးအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ နှင်းများက လွင့်ပျံသွားခဲ့သည်။
“တကယ် ရှောင်တိမ်းလိုက်တာပဲ၊ ဒီဝံပုလွေက ဒီလောက် သွက်လက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး !”
ကေားရွှော အနည်းငယ် အံ့အားသင့်သွားပြီး သူ့၏ ပထမဆုံး ပစ်ချက်က လွှဲချှော်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
“အားးဝူးး!”
ဝံပုလွေအူသံကိုကြားရပြီး ယိုချင်းယန် သည် လုချန်း အနားသို့ သွားရောက်နေပြီဖြစ်သည်။
ယိုချင်းယန် ၏အမြင်အရ၊ သူမ၏အစ်ကိုသည် လူသားလက်နက်များ၏ စွမ်းအားကို နားမလည်နိုင်ပေ။
ထို့ကြောင့် သူမသည် လွတ်မြောက်နိုင်သည့် ဤအခွင့်အရေးကို စွန့်လွှတ်ခဲ့ပြီး အစ်ကိုဖြစ်သူကို အန္တရာယ်မှ လွတ်မြောက်အောင် ကူညီနိုင်ရန် မျှော်လင့်ခဲ့သည်။
သို့သော် လုချန်း သည် သူမကဲ့သို့ ပြန်လည်မွေးဖွားလာသူတစ်ဦးဖြစ်ကြောင်းကို သူမ,မသိခဲ့ပေ၊ ထိုလူသားလက်နက်များ၏စွမ်းအားကို လုချန်း ကောင်းစွာနားလည်ထားသည်။
လုချန်း သည် ရဟတ်ယာဉ်ပေါ်ရှိလူ၏ အာရုံကို စွဲဆောင်ရသည့် အကြောင်းရင်းမှာ သူ့ညီမ ကို ဦးစွာ ပြေးစေလို၍ဖြစ်သည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် လမ်းကြောင်းတစ်ခုထဲသို့ တိုက်ရိုက်ပြေးလွှားနေကြသည်။
“ဒိုင်း !”
နောက်ထပ် သေနတ်ပစ်ခတ်သံတစ်ခုထွက်ပေါ်လာသည်။
“ဘာလား၊ ဒီဝံပုလွေရဲ့ တုံ့ပြန်မှုက ဘယ်လောက်တောင် မြန်နေရတာလဲ”
ထိုအချိန်တွင် ကေားရွှော အနည်းငယ် ဒေါသထွက်သွားသည်။
ဤမျှကြီးမားလှသော နှင်းဝံပုလွေသည် မထင်မှတ်ထားဘဲ သူ့၏ပစ်ခတ်မှုတိုင်းကို အမှန်တကယ် ရှောင်တိမ်းနိုင်ခဲ့သည်။
“ဒီလောက်ကြီးတဲ့ ကိုယ်ထည်နဲ့ ကျည်ဆံတွေကို ရှောင်သွားနိုင်တယ်၊ ဒါက ချဲ့ကားလွန်းတယ် မဟုတ်လား?”
ယခုအခိုက်အတန့်မြင်ကွင်းကို တိုက်ရိုက်မြင်တွေ့နေရသော ထရပ်ကားပေါ်ရှိ လူငယ်များသည်လည်း အလွန် တုန်လှုပ်သွားကြသည်။
နှင်းထူထပ်သော တောင်ရှိ ဤဝံပုလွေကြီးသည် ယခင်က ကြုံတွေ့ခဲ့ဖူးသည့် သားရဲများထက် ပိုမိုသန်မာပြီး သွက်လက်သည်ကို ယခုသူတို့ သိလိုက်ရသည်။
“သခင်လေး၊ ဒီဝံပုလွေက အရမ်းသွက်တယ်ဆိုတော့ ငါတို့ တခြားတစ်ကောင်ကို ဘာလို့အရင်ပစ်မှတ်မထားတာလဲ?”
ကေားရွှော၏ဘေးနားရှိ သက်တော်စောင့်က သူ့သခင်လေးသည် ပစ်မှတ်အား ထပ်ခါထပ်ခါ လွဲချော်နေသည်ကို မြင်ပြီး သူသတိမပေးဘဲ မနေနိုင်တော့ပေ။
ဒါကိုကြားပြီး ကေားရွှော က ခေါင်းညိတ်ကာ သေနတ်ကို ယိုချင်းယန် ဘက်ကို ချိန်ရွယ်လိုက်သည်။
ယိုချင်းယန် သည် ယခုအချိန်ထိ ကောင်းကင်ထက်မှ ရဟတ်ယာဉ်ကိုသာ စိုက်ကြည့်နေသည်။ သေနတ်ဖြင့် သူမအား ချိန်ရွယ်လိုက်သည်ကို မြင်လိုက်ရပြီးနောက် သူမ အလွန်ထိတ်လန့်သွားခဲ့သည်။
ယခု သူမသည် စနိုက်ပါရိုင်ဖယ်နှင့် အပစ်ခံရမှုကို ရှောင်တိမ်းနိုင်မည်ကို မသေချာသောကြောင့် သူမ၏ ဗျကရား စွမ်းရည်ကို လျှင်မြန်စွာအသုံးပြုလိုက်သည်။
“ခွေးကောင် !”
“မင်းက သေလမ်း ရှာနေတာပဲ”
ဤအခိုက်တွင် လေယာဉ်ပေါ်မှ လူငယ်တစ်ယောက်က သူ့၏ သေနတ်ဖြင့် သူ့ညီမဘက်သို့ ချိန်ရွယ်ထားသည်။
လုချန်း သည် ချက်ချင်းပင် ဒေါသအမျက်ထွက်သွားပြီး သူ့မျက်လုံးများက သွေးနီရောင်ပြောင်းလုမတတ်ဖြစ်သွားသည်။
လူသတ်အငွေ့အသက်များက ပတ်ဝန်းကျင်ကိုလွှမ်းခြုံထားပြီး တခြားဘာကိုမှ ဂရုမစိုက်တော့ပေ။
သူ့၏ စွမ်းအားကို ဖော်ထုတ်ခံရလျှင်တောင် ဂရုမစိုက်တော့ပေ၊ ဘာကြီးဘဲဖြစ်နေပါစေ သူ့ညီမကို ကယ်တင်ရမည်ဟုသော အတွေးတစ်ခုသာရှိတော့သည်။
သူသည် ချက်ချင်းဆိုသလိုပင် ကောင်းကင်တက်လှမ်းခြင်းစွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်ပြီး ကောင်းကင်ထက်မှ ရဟတ်ယာဉ်ဆီသို့ ခုန်ဝင်သွားလိုက်သည်။
လုချန်း သည် လေထဲသို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး ရဟတ်ယာဉ်ဆီသို့ ချက်ချင်းရောက်သွားသည်။ ဤအခိုက်တွင် လေယာဉ်ပေါ်ရှိလူများက ယိုချင်းယန် ကိုသာ အာရုံစိုက်နေကြသည်။
ကင်းထောက်က လှည့်ကြည့်လိုက်သော်လည်း လုချန်း ကိုတွေ့လိုက်ရသည်မှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။
ဝံပုလွေတစ်ကောင်ဟာ မီတာ ၁၅၀ အထက်သို့ ပျံသန်းနိုင်သည်ကို သမိုင်းမှတ်တမ်းများတွင်တောင် မတွေ့ဖူးခဲ့ပေ။ ဤသည်က သာမန်အသိတရားနှင့် လုံးဝဆန့်ကျင်နေသည်။
“မဖြစ်နိုင်ဘူး၊ ဒီဝံပုလွေ တကယ်ပျံသန်းနိုင်တယ်ဆိုတာ ငါမယုံဘူး”
..…………
ကေားရွှော က သေနတ်ကို အမြန်ဆွဲတင်လိုက်ပြီး ယိုချင်းယန် ၏ လည်ပင်းကို ချိန်ရွယ်လိုက်သည်။
“ဘာကြီးလဲ?!”
“အိုဘုရားရေ!!”
ထိုအချိန်တွင် ကေားရွှော အနားရှိ သက်တော်စောင့်များက ငွေဖြူ ဝံပုလွေကြီးကို လေထဲတွင် မြင်တွေ့လိုက်ရသည်။
လုချန်း ထံမှထွက်ပေါ်လာသော သတ်ဖြတ်ခြင်းအငွေ့အသက်များကြောင့် သူတို့၏ သွေးများအေးခဲသွားသလို ခံစားလိုက်ရသည်။
အားလုံးက အံ့သြလွန်းလို့ စကားခွန်းတောင် မပြောနိုင်ကြတော့ပေ။
ကေားရွှော သည် ယိုချင်းယန် ကို ချိန်ရွယ်ပြီးနောက်၊ ပစ်ခတ်တော့မည့်အချိန်တွင် ရဟတ်ယာဉ်က ပြင်းထန်စွာ လှုပ်ခါသွားသည်။
“မင်းဘာလုပ်နေတာလဲ ငြိမ်ငြိမ်မောင်းစမ်း !”
ကေားရွှော သည် အလွန်ဒေါသထွက်ကာ ယာဉ်မောင်းအား ကြိမ်းမောင်းရန် လှည့်ကြည့်လိုက်သည့်အခိုက်တွင် ကြီးမားသောရုပ်သွင်တစ်ခုကို မြင်တွေ့လိုက်ရသည်။
ပြင်းထန်သည့်အငွေ့အသက်များနှင့် ဝံပုလွေကြီးမြင်လိုက်ရသောကြောင့် ကေားရွှော အလွန်ကြောက်လန့်သွားပြီး သူ့လက်များတုန်ခါသွားကာ ကျည်ဆန်များပင်ပြုတ်ကျသွားသည်။
လုချန်း ၏ ပြင်းထန်သော ဖိအားအောက်တွင် ရဟတ်ယာဉ်၏ အင်ဂျင်သည် အနက်ရောင် မီးခိုးများ ချက်ချင်း ထွက်ပေါ်လာသည်။
ထို့နောက် လေယာဉ်သည် မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားသည်။
“ဘုန်း !”
ကျယ်လောင်သည့် ဝံပုလွေဟိန်းဟောက်သံနှင့်အတူ လေယာဉ်ပျက်ကျသွားပြီး ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။
မီးခိုးငွေ့ထဲတွင် အပျက်အစီးအပိုင်းအစများသာ ကျန်ရှိခဲ့ပြီး လေယာဉ်ပေါ်ရှိ လူအားလုံး သေဆုံးသွားခဲ့ပြီဖြစ်သည်။
"အကိုကြီး!"
လုချန်း က သူမအတွက် လေယာဉ်အား ဖျက်ဆီးလိုက်သည်ကို မြင်လိုက်ရသဖြင့် ယိုချင်းယန် အလွန်ဝမ်းသာသွားသော်လည်း နောက်အခိုက်တွင် သူမ အလွန်စိုးရိမ်သွားသည်။
ကောင်းကင်တွင် ရဟတ်ယာဉ်တစ်စင်းသာမက အနီးအနားရှိရိုက်ကူးနေသော ဒရုန်းနှစ်စင်းလည်းရှိသည်။
မနီးမဝေးမှ ဒရုန်းနှစ်စင်းက ယခုမြင်ကွင်းကို ဖမ်းယူ၍ အပြင်သို့ပျံ့နှံ့သွားနိုင်သည်။
ဝိညာဉ်စွမ်းအင်ပြန်လည်နိုးထခြင်း၏အစောပိုင်းအဆင့်များတွင် သားရဲများက အရွယ်အစားကြီးထွားလာသည်မှာ အဆန်းတော့မဟုတ်ပေ။
သို့ပေမယ့် ဧရာမဝံပုလွေတစ်ကောင်က တကယ်ပျံသန်းနိုင်ကြောင်းကို သိသွားပါက လူ့လောကကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားမည်မှာ သေချာသည်။
ဤနှင်းထူထပ်သောတောင်တန်းကြီးတွင် မကြာခင် ဘေးဒုက္ခများရောက်ရှိလာမည်ဖြစ်ပြီး မည်သည့်အခါမှ ငြိမ်းချမ်းမှုပြန်လည်ရရှိလာနိုင်မည်ကို မသိနိုင်တော့ပေ။
ချိုင့်ဝှမ်းရှိ နှင်းဝံပုလွေများသည်လည်း ယခင်ကလို ငြိမ်းချမ်းစွာ ဆက်လက်နေထိုင်နိုင်ရန် မသေချာတော့ပေ။
“ဝပ်.သာ.ဖာ့ !”
“ဘာဖြစ်နေတာလဲဆိုတာ ငါ့ကို တစ်ယောက်ယောက် ပြောပြနိုင်မလား၊ ငါမြင်နေတာတွေက အမှန်ဘဲလား”
ထိုအချိန်တွင်၊ နှင်းဖုံးနေသောတောင်များအပြင်ဘက်ရှိ လွင်တီးခေါင်နေသည့်ကွင်းပြင်၊ ပြုပြင်မွမ်းမံထားသည့် လေးလံသောထရပ်ကားများအတွင်း လေထုသည် အပ်ကျသံကိုကြားရလောက်အောင်ပင် တိတ်ဆိတ်နေသည်။
ကားပေါ်ရှိ ဖန်သားပြင်ကြီးတွင် ဒရုန်းဖြင့် ရိုက်ကူးထားသည့် ပုံရိပ်များကိုပြသနေသည်။
ရဟတ်ယာဉ်သည် မြေပြင်ပေါ်သို့ ပျက်ကျပြီး အနက်ရောင် မီးခိုးများ ထွက်ပေါ်နေသည့် မြင်ကွင်းဖြစ်သည်။
လေယာဉ်ပေါ်ရှိလူအားလုံးက သေသွားသည်မှာ သိသာထင်ရှားပြီး သူတို့အားလုံးက မီးသွေးကဲ့သို့ လောင်ကျွမ်းခံထားရပြီး နဂိုပုံစံရှိသော အလောင်းတစ်လောင်းမျှ မတွေ့ရပေ။
ဤရုတ်တရက်ပြောင်းလဲမှုက လူတိုင်းကို ထိတ်လန့်အံ့အားသင့်စေခဲ့သည်။
မူလက သူတို့သည် ဤတော၌ အမဲလိုက်သည့်အချိန်တွင် ဧရာမသားရဲကြီးတစ်ကောင်ကို ပစ်သတ်နိုင်ခဲ့ပြီး ဖိအားလုံးဝမရှိခဲ့ပေ။
ယင်းက သူတို့၏ နိုးကြားမှုကို ဖြေလျှော့စေခဲ့ပြီး ဤသားရဲများကို အလေးအနက်မထားဘဲ နေစေခဲ့သည်။
ကေား မိသားစုရဲ့ အကြီးဆုံးသားဖြစ်သည့် ကေားရွှော က ကံဆိုးပြီး ပျံသန်းနိုင်သည့် ဧရာမဝံပုလွေတစ်ကောင်၏ လက်ချက်ဖြင့် သေဆုံးရမည်ဟု သူတို့တကယ် မမျှော်လင့်ထားကြပေ။
ရဟတ်ယာဉ်ဖြင့် ကောင်းကင်ယံ၌ ပျံသန်းခြင်းက အမှန်တကယ် သေဆုံးခြင်းသို့ ဦးတည်စေခဲ့သည်။
“ဒီကိစ္စက အပြင်ကိုပျံ့နှံ့သွားမှာ သေချာတယ်”
“ဒါကို ကေား မိသားစုက ဘယ်လိုကိုင်တွယ်မလဲလို့ တွေးမိတယ်”