← Chapters

ခွမ်ပျော အဖွဲ့အစည်း၏ ဥက္ကဌ ကေားချန်းချင်

Vol. 4 Ch. 57

ခွမ်ပျော အဖွဲ့အစည်း၏ ဥက္ကဌ ကေားချန်းချင်

Vol. 4 Ch. 57

“ဝူးးး~!”

ယိုချင်းယန် က လှမ်းအော်လိုက်ပြီး လုချန်း ဆီသို့ အမြန်ရောက်လာသည်။

ရှောင်ပိုင် သည် လုံခြုံပြီး ထိခိုက်ဒဏ်ရာမရှိသည်ကို မြင်လိုက်ရသဖြင့် လုချန်း ၏ ဒေါသမီးတောက်များ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့သည်။

ထိုရေခဲပြာမျက်လုံးထဲမှ သတ်ဖြတ်ခြင်းအငွေ့အသက်က တဖြည်းဖြည်း အားနည်းလာပြီး ပုံမှန် တည်ငြိမ်မှုနှင့် ဆုံးဖြတ်ချက်များ ပြန်လည်ရရှိလာခဲ့သည်။

လုချန်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရဟတ်ယာဉ် ပျက်ဆီးသွားပေမယ့် လေထဲတွင် ဒရုန်းနှစ်စင်းက လွင့်မျောနေဆဲဖြစ်သည်။

’အဝေးက ရိုက်ကူးနေတဲ့ သူတွေ ရှိရမယ်’

လုချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်တက်လှမ်းခြင်းစွမ်းရည်ဖြင့် ဒရုန်းနှစ်စင်းဆီသို့ ပျံသန်းသွားခဲ့သည်။

သူ၏ချွန်ထက်သောခြေသည်းများကိုအနည်းငယ် ပွတ်ဆွဲလိုက်ခြင်းဖြင့် ဒရုန်းတစ်စင်းကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။

အခြားဒရုန်းတစ်ခုက ကြိုတင်ပြင်ဆင်ထားပြီး လျင်မြန်စွာပျံသန်းထွက်ခွာသွားခဲ့သည်။

ဒါကိုမြင်ပြီး လုချန်း သည် ဤဒရုန်းနှစ်စင်းက ဗီဒီယိုမှတ်တမ်းများကို တိုက်ရိုက်ထုတ်လွှင့်နေသောကြောင့် သူ့လက်မှလွှက်မြှောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိလိုက်သည်။

နှစ်စင်းစလုံးကို ဖျက်ဆီးပစ်ရင်တောင် ဘာမှထူးခြားမလာတော့ပေ၊ ၎င်းတို့ရိုက်ကူးထားသည့် ဗီဒီယိုကို တခြားသူများက ကြည့်ရှူ့ခဲ့ပြီးသားဖြစ်နိုင်သည်။

“ဝူးး~!”

လုချန်း က စကားသိပ်မပြောဘဲ ယိုချင်းယန် ကိုလှမ်းခေါ်ပြီး သူ့ညီမနဲ့အတူ ချိုင့်ဝှမ်းဆီသို့ ပြန်သွားလိုက်သည်။

“ဟင်! အစ်ကို ငါ့ကို စိတ်မဆိုးဘူးလား”

ယိုချင်းယန် သည် လုချန်း ကို တအံ့တသြဖြင့် ကြည့်လိုက်သည်။

ဒီတစ်ခါ သူ ခိုးထွက်ပြီး ဒရုန်းများနှင့်ရဟတ်ယာဉ်ကိုတောင် ဆွဲဆောင်ခဲ့သည်။

မူလက ယိုချင်းယန် သည် အစ်ကို,သူမကို သင်ခန်းစာတစ်ခု ပေးလိမ့်မည်ဟုထင်ထားခဲ့သည်။

လုချန်း ၏ သင်ခန်းစာပေးခြင်းအတွက် သူမ အဆင်သင့်ပြင်ထားခဲ့သော်လည်း မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။

ယခင်က လုချန်း သည် သူမကို ဖမ်းမိစဉ်က အလွန်ဒေါသထွက်နေခဲ့သည်။

…………

ရှောင်ပိုင် ယခုတစ်ကြိမ်တွင် ထိခိုက်ဒဏ်ရာရမည်ဟု သူထင်ထားသော်လည်း မမျှော်လင့်ထားဘဲ ရန်သူ၏မျက်လုံးအောက်မှ အမှန်တကယ် ထွက်ပြေးလွှတ်မြှောက်နိုင်ခဲ့သည်။

နားမလည်နိုင်သော ဤလွတ်မြောက်မှုက လုချန်း ကို စိတ်ရှုပ်ထွေးစေခဲ့သည်။

လမ်းခရီးတွင် သူသည် ရှောင်းပိုင် ကို အမီလိုက်ပြီး သင်ခန်းစာကောင်း‌ကောင်းတစ်ခုပေးရန် စီစဉ်ထားခဲ့သည်။

သို့ပေမယ့် ဤကဲ့သို့အရာများ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လုချန်း သည် ရဟတ်ယာဉ်ပေါ်မှ လူများက သူ့ညီမအား သေနတ်ဖြင့် ချိန်ရွယ်လိုက်သည်ကို မြင်သောအခါတွင် သူသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။

နောက်ဆုံးတွင် လုချန်း က သူ့ညီမကို ဘေးကင်းစွာ ကြီးပြင်းလာနိုင်ရန်သာ မျှော်လင့်ထားခဲ့သည်။

အဖြစ်အပျက်များကို ဖြတ်သန်းပြီးနောက် လုချန်း သည် သူမကို ဆူပူကြိမ်းမောင်းဖို့တောင် မလုပ်နိုင်တော့ပေ။

ဤအခိုက်တွင် လုချန်း ၏ အတွေးများက အရမ်းရှုပ်ထွေးနေသည်။

ရဟတ်ယာဉ် ဖျက်ဆီးခြင်းနှင့် လူအများအပြားကို သတ်ဖြတ်ခြင်းက လူသားများအကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်။

လုချန်း သည်လည်း အလွန်စိတ်လှုပ်ရှားနေပြီး ဤကဲ့သို့ အခြေအနေမျိုးနှင့် ထပ်ကြုံတွေ့ရလျှင် ကောင်းကောင်း ပြင်ဆင်ထားရမည်ဖြစ်သည်။

ယခုတွင် နှင်းဝံပုလွေမျိုးနွယ်စုကို စောင့်မျှော်နေသည့် အရာများက မရေမတွက်နိုင်သော ဒုက္ခများ ဖြစ်နိုင်သည်။

နှင်းဝံပုလွေမျိုးနွယ်စ့၏ခေါင်းဆောင်အနေဖြစ် လုချန်း ဤအရာအားလုံးကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

နောက်ဖြစ်လာမည့်အရာများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကိုတွေးတောရင်း သူ့စိတ်ထဲတွင် အတွေးများဖြင့် ပြည့်နှက်နေပြီး ရှောင်ပိုင် ကို ဆူပူကြိမ်းမောင်းချင်စိတ်တောင် မရှိတော့ပေ။

……

စီချွမ်မြို့၊ အထပ်ပေါင်းများစွာရှိသော ခေတ်မီအဆောက်အအုံတစ်ခု၊

ဤသည်မှာ ခွမ်ပျောအဖွဲ့အစည်း၏ ဌာနချုပ်ဖြစ်သည်။

အဆောက်အဦး၏ အပေါ်ထပ်တွင်၊ အလွန်ကျယ်ဝန်းသည့် ရုံးခန်းတစ်ခု၌ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပြတင်းပေါက်ကို မျက်နှာမူကာ လက်ဖက်ရည် အေးအေးဆေးဆေး သောက်နေသည်။

ဤလူသည် ခွမ်ပျောအဖွဲ့အစည်း၏ ဥက္ကဌ ကေားချန်းချင် ဖြစ်သည်။

ထိုအချိန်တွင် မျက်မှန်တပ်ထားသော အတွင်းရေးမှုးတစ်ယောက်က ကမန်းကတန်း ပြေးဝင်လာသည်။

ကေားချန်းချင် ရှေ့သို့ရောက်ပြီးနောက်၊ ”ဥက္ကဌ ကေား”

“ဆရာ.. ဒါက..”

အတွင်းရေးမှူးက ဤကဲ့သို့ တုံ့ဆိုင်းနေသည်ကိုမြင်ပြီး ကေားချန်းချင် က မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“မင်းဘာတွေတုံ့ဆိုင်းနေတာလဲ? ကေားရွှော ပြဿနာရှာနေပြန်ပြီလား?”

ကေားချန်းချင် က မျက်မှောင်ကြုတ်ကာ အသံနက်ကြီးဖြင့် မေးလိုက်သည်။

“မဟုတ်ဘူး...အကြီးဆုံးသခင်လေး၊ သူ..သူသေသွားပါပြီ !”

“ဘုန်းး !”

အတွင်းရေးမှုးပြောပြီးသည်နှင့် တစ်ပြိုင်နက် ကေားချန်းချင် ၏လက်ထဲရှိ ကော်ဖီခွက်က ချက်ချင်း‌ကွဲသွားပြီး အမှုန့်ဖြစ်ပြောင်းလဲသွားသည်။

ကြွေခွက်ကို အမှုန့်အဖြစ် တိုက်ရိုက်ပြောင်းလဲအောင် ပြုလုပ်နိုင်သည်မှာ သူ မည်မျှ အစွမ်းထက်ကြောင်း ပြသရန် လုံလောက်သည်။

“မင်းဘာပြောလိုက်တာလဲ၊ ထပ်ပြောစမ်း!”

ကေားချန်းချင် ၏ အသံက နိမ့်ပါးပြီး ဒေါသအမျက်ထွက်ခါနီး ခြင်္သေ့ဘုရင်ကဲ့သို့ ဒေါသကို ထုတ်လွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

အနားတွင် ရပ်နေသော အတွင်းရေးမှုးက အလွန်ကြောက်လန့်သွားပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။

အတွင်းရေးမှူးက ဘာမှ ထပ်မပြောဝံ့ဘဲ သူ့လက်ထဲမှ တက်ဘလက်ကို အမြန်ထုတ်ပြီး ဒရုန်းဖြင့်ရိုက်ကူးထားသည့် ဗီဒီယိုကို ဖွင့်ပြလိုက်သည်။

ကေားချန်းချင် သည် နှင်းဖုံးတောင်တန်းတွင် နေထိုင်သော ဧရာမဝံပုလွေတစ်ကောင်က အမှန်တကယ် ပျံသန်းနိုင်ကြောင်း ဗီဒီယိုတွင် မြင်လိုက်ရသောအခါတွင် သူ၏မျက်လုံးများသည် အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်သွားသည်။

နှင်းထူထပ်သော တောင်များမှ တောရိုင်းတိရစ္ဆာန်များက ဤအဆင့်အထိ တိုးတက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း လေယာဉ်ပျက်ကျပြီး သားဖြစ်သူ သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါတွင် အံ့သြသင့်မှုမှ ဝမ်းနည်းမှုနှင့် ဒေါသများအဖြစ်သို့ ပြောင်းလဲသွားသည်။

“ငါ့သားကို မင်းဘယ်လို‌တောင်သတ်ဝံ့တာလဲ၊ ဒီသားရဲ သူ့အသက်နဲ့ ဒီရန်ကြွေးကို ပြန်ပေးဆပ်ရမယ် !”

ကေားချန်းချင် က ဒေါသတကြီးပြောဆိုလိုက်ပြီး သူ့လက်ထဲက ဆေးလုံးကို နင်းချေပစ်လိုက်သည်။

“သွား! ငါ့အတွက် လူတချို့ကို စုဆောင်းလိုက်၊ ပီးရင် ငါ့ရဲ့လက်နက်တွေ ယူလာခဲ့! ဒီသားရဲနှစ်ကောင်ကို ငါ့လက်နဲ့ကိုယ်တိုင်သတ်ပစ်မယ် !”

ကေားချန်းချင် ထံမှ အေးစက်သော အငွေ့အသက်တစ်ခုထွက်ပေါ်လာပြီး အတွင်းရေးမှုးက ၎င်းကို ကြားလိုက်ရသောအခါ အနည်းငယ် ရှက်သွားခဲ့သည်။

“ဥက္ကဌ ကေား၊ ဆရာနဲ့အတူ စွမ်းအားမြင့်လက်နက်တွေ ယူဆောင်သွားချင်တယ်ဆိုရင် နားလည်မှုလွဲမှားမှုတွေကို ရှောင်ရှားဖို့ ခွင့်ပြုချက်အရင်သွားတောင်းသင့်ပါတယ်”

‌ခွမ်ပျောအဖွဲ့အစည်းက လက်နက်ကုမ္ပဏီတစ်ခုဖြစ်သည်။ လက်နက်အချို့ကို ထုတ်လုပ်ထိန်းသိမ်းနိုင်သော်လည်း ထိုကဲ့သို့သော အဖျက်စွမ်းအားကြီးမားသော လက်နက်များကို အသုံးပြုရန်အတွက် အဆင့်မြင့်အရာရှိများက အတည်ပြုရမည်ဖြစ်သည်။

ဒီလိုမှမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ်လုပ်ဆောင်ပါက ရန်ပြည်နယ် ထိပ်ပိုင်းခေါင်းဆောင်များက မကျေမနပ်ဖြစ်မည်မှာ သေချာပြီး ဒဏ်ခတ်အရေးယူခြင်းများတောင် ပြုလုပ်လာနိုင်သည်။

“ဒါဆို မင်းဘာကိုစောင့်နေသေးတာလဲ၊ မြန်မြန် လျှောက်တင်လိုက်”

အတွင်းရေးမှူးက ချက်ချင်းခေါင်းညိတ်လိုက်ပြီး၊ "ဟုတ်ကဲ့ အရာရှိတွေကို ချက်ချင်းဆက်သွယ်လိုက်ပါမယ်”

တစ်ချိန်တည်းမှာပင် ဒရုန်းဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုက အင်တာနက်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး ဆွေးနွေးမှုများမြင့်တက်လာသည်။

“အိုး ဘုရား၊ ဒီဝံပုလွေက နှင်းထူနေတဲ့ တောင်မှာ ဘယ်လိုကြီးထွားလာတာလဲ”

“ကြီးတာ၊ မကြီးတာက ကိစ္စမရှိဘူး၊ အခုသူက လေပေါ်ပျံနေပီ”

“ဘာဖြစ်လို့ ဒီဝံပုလွေက အတောင်မပါဘဲ ဘယ်လိုပျံနိုင်ခဲ့တာလဲ”

“ဒါက သိုင်းဝတ္ထုတွေ၊ သိုင်းဇာတ်ကားတွေထဲက အတိုင်းဘဲ”

“ဒီဝံပုလွေအကောင်ကြီးက မြေပြင်မှာမနေဘဲ ဘာလို့ လေပေါ်မှာလျှောက်ဆော့နေရတာလဲ?”

“မင်းကိုကြည့်ရတာ ကမ္ဘာကို တစ်ခါမှမမြင်ဖူးသေးတဲ့ လူငယ်လေးတစ်ယောက်လိုပဲ၊ မင်းကိုပြောပြမယ်၊ ငါတို့ ကျန်းနန် ခရိုင်မှာ မနေ့က ရေကန်ပေါ်မှာ လမ်းလျှောက်လာတဲ့ လူတစ်ယောက်ကို ငါတို့တွေ့ခဲ့ရတယ်”

“ကြားကြလား? ပျက်စီးသွားတဲ့ ရဟတ်ယာဉ်ထဲမှာ ထိုင်နေသူက စီချွမ်မြို့ ခွမ်ပျော အဖွဲ့အစည်း ရဲ့ အကြီးဆုံးသခင်လေး ကေားရွှော တဲ့၊ ခွမ်ပျော အဖွဲ့အစည်းက မိုးမီးတောက်နေတော့မှာဘဲ”

စီချွမ်မြို့၊ မြို့တော်သခင်စံအိမ်၏ အဓိကခန်းမ။

မြို့တော်သခင် ကျန်းဇန် က ပထမခုံတွင် ထိုင်နေပြီး သူ့အောက်တွင် အရာရှိအုပ်စုတစ်စု ထိုင်နေသည်။

ဤလူများ၏အရှေ့ရှိ ဖန်သားပြင်ကြီးတစ်ခုတွင်၊ နှင်းထူထပ်သောတောင်တန်း၏ ကောင်းကင်ယံ၌ ပျံဝဲနေသည့် ရဟတ်ယာဉ်တစ်စီးကို ဖျက်ဆီးနေလိုက်သော လုချန်း ၏ ဗီဒီယိုဖိုင်တစ်ခုကို ပြသနေသည်။

“အားလုံပဲ၊ သိပ်မကြာသေးခင်က ဒီသားရဲသတ္တဝါတွေရဲ့ အပြောင်းအလဲတွေကို မင်းတို့အားလုံး သတိပြုမိကြမယ်လို့ ယုံကြည်တယ်”

"ဗဟိုမြို့တော်ရဲ့ သူတေသနစခန်းတစ်ခု မှာ မစ္စတာ လီ က အဖွဲ့ကိုဦးဆောင်ပီး နေ့ရောညပါ သုတေသနလုပ်နေတယ်”

"ဒီတစ်ခါ၊ ငါတို့ရဲ့ စီချွမ်မြို့မှာ ပျံသန်းနိုင်တဲ့ ဧရာမဝံပုလွေတစ်ကောင် ပေါ်လာတယ်၊ ဒါက နောက်ဆုံးရှာဖွေတွေ့ရှိမှုပဲ”

“ဇီဝဗေဒဆိုင်ရာ အသိပညာထက် ကျော်လွန်နေတဲ့ ဒီတည်ရှိမှုမျိုးက စမ်းသပ်မှုအတွက် အလွန်အသုံးဝင်ရမယ်၊ ဒါကြောင့် ငါတို့က ဒီသားရဲကို ဖမ်းယူရမယ် !”

စီချွမ်၏ မြို့တော်ဝန် ကျန်းဇန် က သူ့ရှေ့မှ လူများကို ကြည့်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။

ဒါကိုကြားပြီး လူတိုင်းက ခေါင်းညိတ်ကြသည်။

“မြို့သခင်၊ လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့တဲ့သူက ခွမ်ပျော အဖွဲ့အစည်းက ကေားချန်းချင် ရဲ့သားပါ၊ သူ့ရဲ့ ပင်ကိုယ်စရိုက်အရ ဒါကို ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး”

“ဒါကို ငါနားလည်တယ်၊ မင်း သူ့ကို ဘာမှမလုပ်မိအောင် တားရမယ်”

“ဒီတခေါက် ဒါကို ငါတို့ စီချွမ် မြို့ရဲ့အရာရှိတွေ ကိုယ်တိုင်ကိုယ်ကျ အရေးယူရမယ်!”

All Chapters