← Chapters

ငါ့အစ်ကိုက...အသားကင်လုပ်ဖို့ စဉ်းစားနေတာလား?”

Vol. 4 Ch. 58

ငါ့အစ်ကိုက...အသားကင်လုပ်ဖို့ စဉ်းစားနေတာလား?”

Vol. 4 Ch. 58

ဒါဂုန်နှင်းတောင်ထိပ်။

ရှောင်ပိုင် ကိုပြန်ခေါ်လာပြီးကတည်းက လုချန်း သည် သူ့၏ကိုယ်ပိုင်အစီအစဉ်အချို့ကို စတင်ပြုလုပ်ခဲ့သည်။

ထိုသို့သော ကြီးကြီးမားမား ဖြစ်ပျက်မှုနှင့်အတူ လူသားမျိုးနွယ်သည် နှင်းတောင်ကြားကို တိုက်ခိုက်ရန် ပြင်ဆင်နေမည်ဟု တွေးစရာမလိုဘဲ သိခဲ့သည်။

အစွမ်းထက်သော လက်နက်များနှင့် ဉာဏ်ရည်မြင့်မားသော လူသားများကို ရင်ဆိုင်ရခြင်းက သားရဲများအတွက် အဆင်ပြေမည်မဟုတ်ပေ။

ပထမဦးစွာ လုချန်း က ရွှာအိုဟူး နှင့် မျိုးနွယ်စုအားလုံးကို တောကြီးမျက်မည်းထဲတွင် လူစုခွဲပြီး နယ်မြေကို ဆက်လက်ချဲ့ထွင်ရန် တောင်းဆိုခဲ့သည်။

ရှိပြီးသား နယ်မြေကို မှီခိုနေခြင်းက မလုံလောက်ဘူးဆိုတာ သိသာသည်။

ဤနှင်းထူထပ်သော တောင်ပေါ်တွင် သူတို့၏ စူးစမ်းရှာဖွေမှုများကို စောင့်မျှော်နေသော ကြီးမားသည့် မြေနေရာများ ရှိနေသေးသည်။

ယခင်က တဆင့်ခြင်းလုပ်ယူရန် စဥ်းစားထားပေမဲ့၊ ယခုမူ ထိုကဲ့သို့အရာများဖြစ်သွားသောကြောင့် လုချန်း သည် လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ဆုံးဖြတ်လိုက်သည်။

ဆင့်ကဲပြောင်းလဲခြင်းအမှတ်များရရှိရန် များစွာသော ဝိညာဉ်ဆေးများကို စုဆောင်းရမည်ဖြစ်သည်။

နှင်းတောင်ကြားရှိ စွမ်းအားအကြီးဆုံး မျိုးနွယ်စုများမှာ နှင်းဝံပုလွေမျိုးနွယ်စုနှင့် မျောက်ဝံမျိုးနွယ်စု တို့ဖြစ်သည်။

တစ်ချိန်က သားရဲဘုရင်ဖြစ်သော ကျားသည်ပင် သူတို့ကိုမြင်သောအခါတွင် ဆုတ်ခွာရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။

ဤသည်မှာ ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများဖြစ်သည်။ ယခင်က အားနည်းသူများတောင် အခွင့်အရေးများကို ဆုပ်ကိုင်ထားနိုင်သရွေ့ ပိုသန်မာလာနိုင်ပါသည်။

ဆုတ်ခွာရန် မရွေးချယ်သော တောရိုင်းသားရဲများအတွက်မူ သူတို့က အစာနှင့် မြေသြဇာများ ဖြစ်လာကြသည်။

နယ်မြေချဲ့ထွင်ရန် အမိန့်ပေးပြီးနောက် လုချန်း သည် အရူးအမူးစားသောက်လာသည်။

နောက်လာမည့်အန္တရာယ်များအတွက် သန်မာလာမှသာလျှင် သက်သာရာရနိုင်မည်ဖြစ်သည်။

ယနေ့ နေ့ခင်းတွင်၊ လုချန်း သည် မမျှော်လင့်ထားသော အခြေအနေများကို ရင်ဆိုင်ရန်အတွက် ကျွမ်းကျင်မှုများစွာကို အဆင့်မြှင့်တင်ခဲ့ပြီး ဆင့်ကဲပြောင်းလဲခြင်းအမှတ်ပေါင်း ၂၀,၀၀၀ ခန့်ကိုအသုံးပြုခဲ့သည်။

ချိုင့်ဝှမ်းကို ပြန်ရောက်ပြီး အရူးအမူး စားသောက်ခြင်းကြောင့် သူ၏ ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၂၀,၀၀၀ ကျော်သို့ ပြန်လည်ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

နိုးထခြင်းစတုတ္ထအဆင့်သို့ တက်လှမ်းရန် လုချန်း သည် ဆင့်ကဲ‌ပြောင်းလဲခြင်းအမှတ်ပေါင်း ၄၀,၀၀၀ ကျော်ကို စုဆောင်းရန် လိုအပ်နေသေးသည်။

သို့သော်လည်း လုချန်း သည် မျောက်မျိုးနွယ်စုအား နယ်မြေကိုချဲ့ထွင်ရန် ခွင့်ပြုလိုက်ပြီဖြစ်သည်။

တောထူထပ်သောနေရာတွင်နေထိုင်သော ဤမျောက်ဝံများက နှင်းဝံပုလွေများထက် ဉာဏ်ရည်ပိုမြင့်မားကြသည်။

ယခုတွင် သူ့အား ဝိညာဉ်သစ်သီးများရှာဖွေရန် ကူညီပေးမည့် မျောက်ဝံများ ပိုလာသဖြင့် ဆင့်ကဲပြောင်းလဲခြင်းအမှတ်များရရှိရန် အရှိန်သည် ယခင်ကထက် ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

ယိုချင်းယန် ပြန်လာပြီးနောက်တွင် အကျပ်အတည်းရောက်လာတော့မည်ကို သူမသိသည့်အပြင် လုချန်း ကဲ့သို့ပင် သူမသည်လည်း အရူးအမူးစားသောက်လာသည်။

စားသောက်ပြီးနောက် ယိုချင်းယန် မရပ်မနားဘဲ ကျင့်ကြံခြင်းကို စတင်ခဲ့သည်။

လူသားမျိုးနွယ်များက အဖွဲ့များကို အချိန်မရွေး တောင်ပေါ်သို့ စေလွှတ်နိုင်သည်ကို သိသောကြောင့် သူမကိုယ်သူမ ကြိုတင်ပြင်ဆင်ထားရပေမည်။

နေ့ခင်းဘက်တွင် နှင်းဝံပုလွေများနှင့် မျောက်ဝံများသည် များစွာသော ဝိညာဉ်ဆေးပင်/သစ်သီး များကိုရိတ်သိမ်းနိုင်ခဲ့ကြပြီး ချိုင့်ဝှမ်းဆီသို့ ပေးပို့ခဲ့ကြသည်။

ဤတစ်ကြိမ်တွင် လုချန်း က ရှောင်ပိုင် ကို ခွဲဝေ မပေးခဲ့ပေ။

ချိုင့်ဝှမ်းထဲတွင် စုပုံထားသော ဝိညာဉ်သစ်သီးများနှင့် ဆေးပင်အားလုံးကို သူကိုယ်တိုင်အသုံးပြုခဲ့သည်။

တိုက်ပွဲက မည်သည့်အချိန်တွင်မဆို ရင်ဆိုင်ရနိုင်ဖွယ်ရှိသောကြောင့် လုချန်း သည် သူ၏စွမ်းအားကို လျင်မြန်စွာ မြှင့်တင်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်သည်။

လုချန်း သည် ရှောင်ပိုင် ကို သူ့ပြိုင်ဘက်ဟုမထင်ပေ။

ထို့အပြင် သူ့တွင် စနစ်တစ်ခုလည်း ရှိသေးသည်။ သူ့ညီမ ဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ ဆင့်ကဲပြောင်းလဲခြင်းအမှတ်များသုံးပြီး အဆင့်မြှင့်တင်နိုင်သည့် သူ့ကို ကျော်တက်ရန်မှာ မဖြစ်နိုင်ပေ။

ထို့နောက် သူသည် နှင်းဝံပုလွေများမှ ပြန်လည်ယူဆောင်လာသော ဝိညာဉ်ဆေးများကို စားသုံးပြီး ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၃၇,၀၀၀ ကိုစုဆောင်းနိုင်ခဲ့သည်။

ညနေခင်းတွင်၊ မီးမျောက်ဘုရင်သည် "အိတ်"ကို ကိုင်ဆောင်ပြီး ချိုင့်ဝှမ်းအဝင်ပေါက်သို့ ရောက်ရှိလာကြောင်း လုချန်း တွေ့ရှိခဲ့သည်။

၎င်းကို အိတ်ဟု ခေါ်သော်လည်း အမှန်တကယ်တွင် ၎င်းသည် အတွင်း၌ ဝိညာဉ်ဆေးပင်/သစ်သီး တစ်ဒါဇင်ကျော်ပါ၀င်ပြီး အလွန်ကြီးမားသော အရွက်တစ်ခုမျှသာဖြစ်သည်။

ဒါကိုမြင်လိုက်သောအခါ လုချန်း ၏ မျက်လုံးများ တောက်ပလာသည်။

မျောက်ဝံဘုရင်သည် မျှော်လင့်ထားသည့်အတိုင်း၊ သူ၏ဉာဏ်ရည်အဆင့်အတန်းက အခြားမျောက်ဝံများထက် မြင့်မားပြီး ရိုးရှင်းသောကိရိယာများ၏ အသုံးဝင်ပုံကိုပင် သင်ယူနိုင်ခဲ့သည်။

“မဆိုးဘူး !”

လုချန်း သည် မျောက်ဝံမျိုးနွယ်စုမှ ခူးယူထားသော ရလဒ်များကို ကြည့်ရင်း အလွန်ပျော်နေခဲ့သည်။

ထို့အပြင်၊ ပြန့်ကျဲနေသော အရွက်များပေါ်တွင် ဒုတိယအဆင့် ဝိညာဉ်ဝိညာဥ်သစ်သီးတစ်လုံးကိုလည်း တွေ့ရှိခဲ့သည်။

ဤဒုတိယအဆင့်ဝိညာဉ်သစ်သီးမှထုတ်လွှတ်သော လန်းဆန်းသည့်ရနံ့က အခြားဝိညာဥ်သစ်သီးများ ပေါင်းစပ်ထားခြင်းထက် ပိုပြင်းထန်သည်။

လုချန်း တစ်ကိုက်,ကိုက်ပြီးနောက် မူးဝေလာကာ တိုက်ရိုက်မျိုချလိုက်သည်။ အစွမ်းထက်သည့် ဆေးစွမ်းပကားက သူ့ခန္ဓာကိုယ်ထဲသို့ စီးစင်းသွားပြီး ဆင့်ကဲပြောင်းလဲခြင်း အမှတ်ပေါင်း ၈,၀၀၀ အထိ ရရှိခဲ့သည်။

ဤထူးခြားသည့်အကျိုးသက်ရောက်မှုက လုချန်း ကို အံ့အားသင့်စေခဲ့သည်။

ဒုတိယအဆင့်ဝိညာဉ်သစ်သီးတစ်လုံးက ပထမအဆင့်ဝိညာဉ်သစ်သီးရှစ်လုံးနှင့် ညီမျှပြီး အကျိုးသက်ရောက်မှုမှာလည်း အလွန်ကောင်းမွန်လှသည်။

ထို့နောက် သူသည် ကျန်ပထမအဆင့်ဝိညာဉ်သစ်သီးများအားလုံးကိုမျိုချလိုက်ပြီးနောက် လုချန်း ၏ ဆင့်ကဲပြောင်းလဲခြင်းအမှတ်စုစုပေါင်း ၆၁,၀၀၀ သို့ရောက်ရှိသွားသည်။

လုချန်း အတွက်၊ ဤသည်မှာ ယခင်က နက္ခတ်ဗေဒင်ကိန်းဂဏန်းတစ်ခုဖြစ်သည်။

သို့ပေမယ့် ယခု ဤအမှတ်များရရှိသည်မှာ တစ်ရက်ပင်မပြည့်သေးပေ။ ဤသည်မှာ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ခြင်း၏ အားသာချက်ဖြစ်သည်။

လုချန်း ထူးခြားဆန်းပြားသော သစ်သီးများအား စားသုံးနေသည်ကို ကြည့်ရင်း ဘေးနားရှိ ရွှာအိုဟူး က မနာလိုစွာဖြင့် တံတွေးမျိုချလိုက်သည်။

ထို့နောက် သူသည် တစ်ခုခုကို တွေးနေပုံရပြီး လုချန်း နှင့် စိတ်ဝိညာဉ်ဆက်သွယ်ခြင်းပြုလုပ်လိုက်သည်။

“သခင်၊ မင်းပြောခဲ့တဲ့ ဒရုန်းတွေကို ငါအရင်က တွေ့ဖူးတယ်၊ ပြီးတော့ ဒရုန်း တစ်ခုကို ကျောက်တုံးနဲ့တောင် ပစ်ချခဲ့ဖူးတယ်”

မျောက်များသည် တောင်စောင်းနားရှိ တောအုပ်တွင် နေထိုင်ကြပြီး သူတို့၏ လှုပ်ရှားမှု ဧရိယာက တောင်ခြေရင်းနှင့် ပိုမိုနီးကပ်သည်။

“အရင်က ဒရုန်းက်ို တွေ့ဖူးတယ်?”

“ဟမ်? ကျောက်ခဲနဲ့ပေါက်တာ?”

ရွှာအိုဟူး ၏စကားကိုကြားပြီးနောက် လုချန်း မတွေးတောဘဲမနေနိုင်တော့ပေ။

လူသားများသည် လေယာဉ်များဖြင့် ကောင်းကင်ယံ၌ ပျံသန်းနိုင်ပြီး နှင်းဝံပုလွေမျိုးနွယ်စုက ကောင်းကင်ပေါ်သို့ ပျံသန်းနိုင်သော စွမ်းအားမရှိပေ။

ထို့ကြောင့် နှင်းဝံပုလွေများသည် လေထဲတွင်ရှိသော ရန်သူများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိပေ။

သို့ပေမယ့် မျောက်ဝံများက ခြားနားသည်။ မျောက်ဝံများ၏ လက်နှင့်ခြေများက ပိုမိုပျော့ပြောင်းပြီး ရိုးရှင်းသောကိရိယာများကို အသုံးပြုနိုင်သည်။

အထူးသဖြင့် ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်နိုးထလာပြီးနောက်တွင် ဤပြောင်းလဲသွားသောမျောက်ဝံများက အလွန်အားကောင်းလာပြီး ဉာဏ်ရည်တိုးတက်လာကြသည်။

ကျောက်ခဲနဲ့ ပစ်ခတ်နိုင်သောကြောင့် ဤသည်က တိုက်ခိုက်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

“ရွှာအိုဟူး၊ မင်း ဘယ်လောက်ထိ ပစ်နိုင်လဲဆိုတာ ငါ့ကိုပြပါ !”

လုချန်း ချက်ချင်းပင် စိတ်ဝင်စားသွားသည်။

မီးမျောက်ဝံဘုရင်သည် ထိုစကားကိုကြားသောအခါတွင် ခေါင်းညိတ်လိုက်ပြီး သူ့ဘေးနားရှိ ဘောလုံးအရွယ် ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ကောင်းကင်ပေါ်သို့ အားဖြင့် ပစ်တင်လိုက်သည်။

၎င်းကိုကြည့်ပြီးနောက် လုချန်း အနည်းငယ်အံ့သြသွားသည်။ မီးမျောက်ဝံဘုရင် ပစ်လွှတ်လိုက်သော ကျောက်တုံးက မီတာ ၆၀၀ ကျော် အထက်ကို ရောက်နေပြီဖြစ်သည်။

ယေဘူယျအားဖြင့်ပြောရလျှင် ရဟတ်ယာဉ်များဖြင့် မြေပြင်ကို စောင့်ကြည့်လိုပါက မီတာရာဂဏန်းမျှသာမြင့်သော အမြင့်တွင်သာ ပျံသန်းကြခြင်းဖြစ်သည်။

မီးမျောက်ဝံဘုရင် ၏ စွမ်းရည်က နှင်းထူထပ်သော တောင်များပေါ်ရှိ လေကြောင်းကာကွယ်ရေးတွင် အသုံးပြုရန်အတွက် အလွန် အသုံးဝင်သည်။

ထိုအချိန်တွင် ယိုချင်းယန် သည် လေ့ကျင့်မှုပြီးသွားပြီး ဂူထဲမှ ထွက်လာသောအခါတွင် မီးမျောက်ဝံဘုရင် သည် ထိုနေရာတွင် ကျောက်ခဲများနှင့် ပစ်ပေါက်လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် နိုးထခြင်းအဆင့် မျောက်ဝံဘုရင်သည် လုချန်း ကို အလွန်လေးစားကြောင်း သူမ,မြင်နိုင်သည်။

ယိုချင်းယန် ၏ယခင်ဘဝအမှတ်တရတွင်၊ အင်အားကြီးသောသားရဲဘုရင်များသည် အခြားမျိုးနွယ်များမှ သားရဲများကို ထိန်းကျောင်းပြီး လက်အောက်ငယ်သားများအဖြစ် သိမ်းသွင်းနိုင်ကြသည်။

“ငါ့အစ်ကိုက ဒီအဆင့်မှာ တခြားသားရဲတွေကို ထိန်းကျောင်းနိုင်စွမ်းရှိနေတာလား?”

ယိုချင်းယန် ၏ နှုတ်ခမ်းထောင့်အနည်းငယ် လှုပ်ခတ်သွားသည်။ သူ့အစ်ကိုက အခြားသူများကို အံ့အားသင့်အောင် အမြဲလုပ်ဆောင်နိုင်သည်။

သို့သော် မျောက်ဝံများသည် ပို၍ ဉာဏ်ကောင်းသည်ဟူသောအချက်နှင့်လည်း ဆက်စပ်နေနိုင်သည်ဟု သူမ ခန့်မှန်းခဲ့သည်။

“ရွှာအိုဟူး ငါ့အတွက် ကျားအသားကို သွားယူလာခဲ့”

ရုတ်တရက် လုချန်း က ရွှာအိုဟူး ကို အမိန့်ပေးလိုက်သည်။

ရွှာအိုဟူး အနည်းငယ် စိတ်ရှုပ်သွားသော်လည်း လုချန်း ၏အမိန့်ကို မနှောင့်နှေးဝံ့ဘဲ အမြန်လုပ်ဆောင်လိုက်သည်။

ထို့နောက် မီးမျောက်ဝံဘုရင် က ကျားအသားကို သွားယူလာပြီး လက်ထဲတွင်ကိုင်ဆောင်ထားသည်။

“အစ်ကို၊ မင်းဘာလုပ်ချင်ပြန်ပီလဲ”

ယိုချင်းယန် အနည်းငယ် စိတ်ရှုပ်သွားပြီး သူ့အစ်ကို၏ အတွေးများကို သူမ,နားမလည်‌နိုင်တော့ပေ။

မီးမျောက်ဝံဘုရင်အား ကျားအသားကို ကိုင်ဆောင်ခိုင်းထားပြီး မြေပြင်ပေါ်တွင် မီးဖန်တီးရန် သူ၏ ပင်ကိုယ်စွမ်းရည်ကို အသုံးပြုခိုင်းလိုက်သည်။

ဤအရာအားလုံးကိုကြည့်နေသော ယိုချင်းယန် သည် ဤအခိုက်အတန့်တွင် လုံးဝ ထိတ်လန့်သွားခဲ့သည်။

သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒီနေရာမှာပင် အေးခဲသွားသည်။

“ငါ့အစ်ကိုက...အသားကင်လုပ်ဖို့ စဉ်းစားနေတာလား?”

All Chapters