← Chapters

နှင်းတောင်ကြား၏ ကပ်ဘေး

Vol. 4 Ch. 59

နှင်းတောင်ကြား၏ ကပ်ဘေး

Vol. 4 Ch. 59

ယိုချင်းယန် သည် ပထမဆုံး အကြိမ်ဖြင့် သူမ၏ ဦးနှောက် တွေးခေါ်မှု မလုံလောက်‌တော့ဟု ခံစားခဲ့ရသည်။

“ငါ အမြင်မှားနေတာလား?”

“ဝံပုလွေတစ်ကောင်က မျောက်တစ်ကောင်ကို နှင်းတောင်ထိပ်မှာ အသားကင်ခိုင်းနေတာလား?”

ဤထူးဆန်းသောမြင်ကွင်းသည် ယိုချင်းယန် အပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။

သူမသည် သူမ၏ကျင့်ကြံခြင်းတွင် ချီသွေးဖောက်ပြန် သွားသလားဟုပင် တွေးမိလာသည်။

“ဒီမြင်ကွင်းက မယုံနိုင်စရာကောင်းလွန်းတယ် မလား!”

“ဝူးး~!”

ရှောင်ပိုင် ထွက်လာသည်ကိုမြင်ပြီး လုချန်း က သူမကို အမြန်ခေါ်လိုက်သည်။

သူသည် သူ့ညီမအကြောင်းကို ကောင်းကောင်းသိပြီး အသားစိမ်းများနဲ့ ရင်ဆိုင်ရသည့်အခါတွင် သူမ ဘယ်လောက် ရွံရှာစက်ဆုပ်ရွံနေသလဲဆိုတာ သူသိသည်။

လုချန်း သည်လည်း အသားကင်အရသာကို မြည်းစမ်းချင်နေသည်မှာ ကြာပြီဖြစ်သည်။

နိုးထလာသော စွမ်းရည်က ရေခဲစွမ်းအား ဖြစ်နေသောကြောင့် သူသည်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။

ထို့အပြင် ဝံပုလွေတစ်ကောင်အနေဖြင့် လုချန်း က မီးကို လိုချင်ခဲ့သည်။

လုချန်း သည် မီးမျောက်ဝံဘုရင် ၏ဘေးတွင်ရှိနေပြီး အသားကိုမလောင်ကျွမ်းစေရန် ညွှန်ကြားနေသည်။

ပြောရမည်ဆိုလျှင်၊ ဤသည်က မီးဖိုနှင့် မီးသွေးကို အသုံးပြုခြင်းထက် ပိုအသုံးဝင်သည်။

မီးမျောက်ဝံဘုရင် သည် မီးအပူချိန်ကို အလွန်ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ပြီး သူအလိုရှိသည့်အတိုင်း မီးစွမ်းအင်ကို ချိန်ညှိနိုင်သည်။

သိပ်မကြာခင်မှာပင် ကျားအသားကင်၏ အမွှေးရနံ့က ချိုင့်ဝှမ်းတစ်ဝိုက် ပျံ့နှံ့သွားသည်။

ယိုချင်းယန် သည် အသားကင်ကို ကြည့်ပြီး သရေယိုခြင်းကို မထိန်းချုပ်နိုင်တော့ပေ၊ သူမဗိုက်ကလည်း ဆူညံသံများ ထွက်ပေါ်လာသည်။

ယခင်ဘဝက ဧကရီအဖြစ်၊ သူမသည် အသားကင်စားခဲ့သည့် နောက်ဆုံးအချိန်ကို မမှတ်မိတော့ပေ။

ပြန်လည်မွေးဖွားလာပြီးနောက် သူမသည် အသားစိမ်းနှင့် အေးခဲနေသော အသားများကိုသာ စားသုံးခဲ့ရသည်။ အသားကင်ကို အနံ့ခံလိုက်ပြီးနောက် ယိုချင်းယန် သည် ဤအသားကင်သည် ကမ္ဘာပေါ်တွင် အရသာအရှိဆုံး စားသောက်ဖွယ်ဖြစ်နိုင်သည်ဟု ခံစားခဲ့ရသည်။

အသားကို အမြန်စားသုံးလိုက်ပြီးနောက် ယိုချင်းယန် က ပျော်ရွှင်မှုအပြည့်ကို ခံစားခဲ့ရသည်။

အသားက အပြင်ပိုင်းတွင် ကြွပ်ကြွပ်ရွရွရှိပြီး အတွင်းပိုင်းမှ နူးညံ့သော အသားကို ဖုံးအုပ်ထားသည်။

ဟင်းခတ်အမွှေးအကြိုင် မရှိပေမယ့် အသားကင်၏ သဘာဝအတိုင်းမွှေးကြိုင်သည့်ရနံ့က ယိုချင်းယန် ကို အလွန်အရသာရှိသည်ဟု ခံစားရစေသည်။

အသားအားလုံးကို ကင်ထားပြီး နှင်းများထူထပ်နေသောတောင်ထိပ်တွင် ဤကဲ့သို့စားသုံးရခြင်းက အလွန်ကောင်းမွန်လှသည်။

ရှောင်းပိုင် ပျော်ရွှင်စွာစားနေသည်ကိုကြည့်ရင်း လုချန်း ၏ မျက်နှာပေါ်တွင် နူးညံ့သည့်အပြုံးတစ်ခု ထွက်ပေါ်လာသည်။

သို့သော်လည်း လုချန်း အလွန်စိုးရိမ်နေသေးသည်။

ထိုလူသားများ‌ကြောင့်သာ မဟုတ်ပါက ယခုဘဝကို ပျော်ရွှင်မှုများဖြင့် အေးအေးချမ်းချမ်း နေထိုင်နိုင်မည်ဖြစ်သည်။

ယခင်က လုချန်းသည်၊ နယ်မြေကိုချဲ့ထွင်ရန်၊ ဆက်လက်တိုးတက်ပြီး ပိုမိုအားကောင်းလာရန်၊ မိသားစုကို ကောင်းမွန်စွာဂရုစိုက်ရန်နှင့် သူတို့ဘဝတိုးတက်စေရန်အတွက် နောက်လိုက်များကို စုဆောင်းရန်၊ ဤကဲ့သို့အရာများက အစီအစဉ်အတိုင်း ဖြစ်ခဲ့သည်။

ယခုမူ ရဟတ်ယာဉ် ရောက်ရှိလာ‌သောကြောင့် လုချန်း ၏ မူလဘဝ အစီအစဉ်က လုံးဝ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

လူသားများ၏ စွမ်းအားကိုမသိနိုင်သည့် ခြိမ်းခြောက်မှုက သူ့နှလုံးသားကို တောင်ကြီးတစ်ခုနှင့် ဖိထားသကဲ့သို့ဖြစ်နေသည်။

ဤခေတ်သစ်တွင် အေးချမ်းသောဘဝဖြင့် ရှင်သန်နေထိုင်နိုင်ရန် ကြီးမားသည့်စွမ်းရည်ကို ပိုင်ဆိုင်ထားရမည်ဖြစ်သည်။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှုအပြီးတွင် ခွန်အားသည် အရာအားလုံးကို ဆုံးဖြတ်ကြောင်း သိရှိခဲ့သည်။ အင်အားနည်းသူသည် အင်အားကြီးသူ၏ သားကောင်ဖြစ်ရသည့် ဤကမ္ဘာကြီးတွင် ရှင်သန်ရန် တစ်ခုတည်းသောနည်းလမ်းမှာ သန်မာလာရန်သာဖြစ်သည်။

လုချန်း သည် ထိုည၌ အိပ်မပျော်ခဲ့ပေ။

အစာများ ကြေညက်သွားသည်နှင့် လုချန်း ဆက်လက်စားသောက်သည်။

လုချန်း ၏ အစာချေဖျက်ခြင်း ကျွမ်းကျင်မှုက အနှစ်သာရဝါးမျိုခြင်း စွမ်းရည်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

ဤပင်ကိုယ်စွမ်းရည်၏အကူအညီဖြင့် လုချန်း သည် တစ်ညလုံးအဆက်မပြတ်စားသောက်ခဲ့သည်။

သူ၏ ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၀၀၀ တိုးလာပြီး စုစုပေါင်းအမှတ် ၆၂,၀၀၀ ‌အထိ ရရှိသွားပြီဖြစ်သည်။

ယခု လုံလောက်သော ဆင့်ကဲပြောင်းလဲခြင်းအမှတ်များရှိနေသဖြင့် လုချန်း သည် အဆင့်မြှင့်တင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

မျက်လုံးများကိုမှိတ်ထားရင်း နှင်းထဲတွင် လဲလျောင်းနေသော ရှောင်ပိုင် ကို ပြန်ကြည့်ပြီး လုချန်း က အဝေးတစ်နေရာဆီ လျှောက်သွားခဲ့သည်။

အကြောင်းမှာ၊ သူ အဆင့်မြှင့်လိုက်တိုင်း၊ ဆူညံသံ အနည်းငယ် ထွက်သောကြောင့် သူ့ညီမ အနားယူခြင်းကို မနှောင့်ယှက်ချင်၍ အဝေးတစ်နေရာသို့ လျှောက်သွားခြင်းဖြစ်သည်။

အဆင်ပြေသောနေရာသို့ရောက်ရှိပြီးနောက်၊ လုချန်း သည် ဆင့်ကဲ‌ပြောင်းလဲခြင်း အမှတ် ၄၀,၀၀၀ ကိုအသုံးပြုပြီး တိုက်ရိုက်အဆင့်မြှင့်တင်ခဲ့သည်။

အဆင့်မြှင့်ပြီးနောက်၊ လုချန်း သည် သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော စွမ်းအားက ယခင်ကထက် ပိုမိုအားကောင်းလာကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားမိသည် ။

ပိုမိုအဆင့်မြှင့်လာလေလေ၊ အပြောင်းအလဲ ကြီးမားလေလေဖြစ်သည်။

ယခု အဆင့်တင်မြှင့်ပြီးနောက်၊ လုချန်း ၏ သွေး၊ ကြွက်သားနှင့် မီရီဒီယန်များက ယခင်ကထက် သန်မာလာပြီး ပိုမိုအားကောင်းလာသည်။

အရိုးများက ခံနိုင်ရည်ရှိပိုလာပြီး ပိုမိုတောက်ပကာ အဖြူရောင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်နေသည်။

သားမွေးများကလည်း ယခင်ကထက် ပိုမိုတောင့်တင်းလာပြီး ခုခံအားသည်လည်း အလွန်တိုးတက်လာသည်။

အရေးကြီးဆုံးအချက်က လုချန်း ၏ ခန္ဓာကိုယ် အမြင့်က ၁၀ မီတာ သို့ရောက်ရှိသွားခြင်းဖြစ်သည်။ ဤမျှကြီးမားသောခန္ဓာကိုယ်ကြောင့် ရှောင်ပိုင် သည်ပင် လုချန်း ၏ရှေ့တွင် အနည်းငယ်သေးငယ်နေပုံရသည်။

နိုးထခြင်း စတုတ္ထအဆင့်ကို ဖြတ်ကျော်ပြီးနောက် လုချန်း ၏ ခန္ဓာကိုယ်ထဲတွင် ပြက်းထန်သော စွမ်းအားများဖြင့် ပြည့်နှက်နေပြီး နှလုံးသားက စစ်ဗုံတီးနေသကဲ့သို့ ခုန်နေသည်။

“ဟင်၊ ဘာဖြစ်တာလဲ? အစ်ကို နောက်ထပ်အောင်မြင်မှုတစ်ခုကို မြန်မြန်ဆန်ဆန် ရရှိသွားပြီလား?”

လုချန်း အဆင့်မတက်ခင်တွင် သူ့ညီမကို အနှောက်အယှက်မပေးချင်၍ အဝေးကို ထွက်သွားခဲ့သည်။

သို့သော်လည်း အဆင့်တက်ပြီးနောက် ပြင်းထန်သည့် အငွေ့အသက်ကို ယိုချင်းယန် က အာရုံခံစားမိသေးသည်။

ထိုအချိန်တွင် နှင်းပေါ်တွင် လဲလျောင်းနေသည့် ယိုချင်းယန် အလွန်ထိတ်လန့်နေသည်။

မျက်လုံးများဖွင့်ကြည့်ပြီးနောက် လုချန်း ကိုမြင်လိုက်ရပြီး သူ့၏ကြီးမားသော ခန္ဓာကိုယ်ကြောင့် အလွန် တုန်လှုပ်သွားခဲ့သည်။

“အစ်ကိုကတော့ မယုံနိုင်လောက်အောင်ပါပဲ”

သူသည် မကြာသေးမီက နိုးထခြင်းတတိယအဆင့်သို့ ရောက်ရှိခဲ့ပြီး ယခုတွင် နောက်ထပ် အောင်မြင်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။

“ငါနဲ့ ငါ့အစ်ကိုမှာ စွမ်းအားကြီးတဲ့လူဝင်စားက ဘယ်သူလဲ !”

“ဒါက ချဲ့ကားလွန်းတယ်”

ယိုချင်းယန် ၏ယခင်ဘဝမှတ်ဉာဏ်အရ ဒါဂုန် နှင်းတောင်တွင် စွမ်းအားကြီးပြီး ရက်စက်ကြမ်းကြုတ်သည့် သားရဲများ မရှိခဲ့ပေ။

ချီလင် တောင်၊ခွန်လွန်တောင်နှင့် ထိုက်ရှန် တောင်တွေလို တကယ့်ကြီးမားသည့် တောင်ကြီးများနှင့် နှိုင်းယှဥ်ပါက ဒါဂုန်တောင်က တကယ့်ကို သေးငယ်သည့် တောင်တစ်ခုဖြစ်သည်။

ဤနှင်းတောင်ပေါ်ရှိ အရင်းအမြစ်များက ဤကဲ့သို့ ကြီးထွားမှုအတွက် လုံလောက်မှုမရှိပေ။

“ဒါပေမယ့် အခု ငါ့အစ်ကိုက ဒီအဆင့်အထိ ရောက်သွားပီ၊ တကယ်ကို မယုံနိုင်စရာပဲ”

“အရင်ဘဝက ဒါဂုန် နှင်းတောင်မှာ စွမ်းအားကြီးတဲ့ နှင်းဝံပုလွေဘုရင်တစ်ပါး ပေါ်လာခဲ့သေးတာ ဖြစ်နိုင်လား?”

“ဒါက၊ ဝိညာဉ်စွမ်းအင်ပြန်လည်နိုးထခြင်းရဲ့ အစောပိုင်းကာလမှာ လူသားတွေ...”

ယိုချင်းယန် ၏နှလုံးသည် ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူမ၏စိတ်ထဲတွင် အလွန်ဆိုးရွားသော ဖြစ်နိုင်ခြေတစ်ခု ထွက်ပေါ်လာသည်။

အမှန်မှာ၊ ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်ခြင်း အစောပိုင်းကာလတွင် လူသားများက ခေတ်မီနည်းပညာကြောင့် အလွန်အစွမ်းထက်ဆဲဖြစ်သည်။

လူသားများသည် စွမ်းအားကြီးသားရဲထဲမှ အချို့ကို ထိုခေတ်က ဖမ်းမိခဲ့ပြီး ထိုသားရဲများက အနာဂတ်တွင် အစွမ်းထက်သည့် သားရဲဘုရင်များ ဖြစ်လာနိုင်ချေ မြင့်မားသည်။

နောက်ဆုံးတွင်၊ လုချန်းသည်လည်း သားရဲဘုရင်ဖြစ်လာရန် အလားအလာရှိသည်။ ထို့ကြောင့် သူသည် အစောပိုင်းကာလတွင် သူ၏စွမ်းအားကို အသေအချာထုတ်ပြမည်ဖြစ်ပြီး လူသားများ၏အာရုံကို ဆွဲဆောင်နိုင်သည့် ပထမဆုံး သားရဲဖြစ်လာနိုင်သဖွယ်ရှိသည်။

ဤသည်ကိုတွေးပြီး ယိုချင်းယန် ၏ နှလုံးခုန်နှုန်းက လျှင်မြန်လာခဲ့သည်။

ယိုချင်းယန်သည် သူမ၏ အစ်ကိုအား ဆုံးရှုံးရမည်ကိုကြောက်သည်၊ သူမ၏ နှင်းဝံပုလွေမိဘများကိုလည်း ဆုံးရှုံးရမှာကြောက်သည်။ ဤရှားပါးပြီး အဖိုးတန်သည့် မိသားစု၏နွေးထွေးမှုကို ဆုံးရှုံးရမှာကို သူမ,ကြောက်သည်။

“မဖြစ်ဘူး၊ သားရဲတွေရဲ့ လက်ရှိအင်အားနဲ့၊ သူတို့က လူသားတွေကို မယှဉ်နိုင်သေးဘူး၊ ငါတို့ ဒီကနေ ထွက်သွားရမယ်!”

ယိုချင်းယန် စိတ်ထဲတွင် ပြောလိုက်သည်။

သို့သော်လည်း ယခုအချိန်တွင် လုချန်း သည် မီးမျောက်ဝံဘုရင်ထံမှ ဝိညာဉ်သတင်းစကားကို လက်ခံရရှိခဲ့သည်။

ထို့နောက် လုချန်း သည် မီးမျောက်ဝံဘုရင်အား တောင်စောင်းတွင် စောင့်နေရန် ညွှန်ကြားလိုက်သည်။ ရွှာအိုဟူး သည် နှင်းတောင်ကြား၏ ကောင်းကင်ယံတွင် အကောင်ကြီးအချို့ ပျံသန်းနေသည်ကို တွေ့ရှိခဲ့သည်။

“နောက်ဆုံးတော့ ရောက်လာပြီပေါ့...”

လုချန်း ၏ အကြည့်များ လေးနက်သွားပြီးနောက် သူသည် နှင်းဖုံးနေသော တောင်ပေါ်ရှိ နေရာအမျိုးမျိုးသို့ ထွက်ခွာကာ ဝံပုလွေအချို့ကို စုဝေးရန် အမိန့်ပေးခဲ့ပြီး အချို့ကို လိုက်လံရှာဖွေကာ တစ်စုတစ်စည်းထဲရှိ‌စေပြီး ပုန်းအောင်းခိုင်းလိုက်သည်။

အခြားသော နှင်းဝံပုလွေများက လုချန်း နှင့် ယိုချင်းယန် တို့ကဲ့သို့ လျင်မြန်စွာ မကြီးထွားခဲ့ဘဲ သူတို့၏ အရွယ်အစားက ထိုမျှလောက် ကြီးထွားခဲ့ခြင်းမရှိပေ။

သူတို့က နှင်းဖုံးတောင်တန်းများကြားတွင် ပြန့်ကျဲနေပြီး အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိပေ။

“ရှောင်ပိုင်၊ မင်းလည်း ပုန်းနေ !”

လုချန်း သည် ကြိမ်ဖန်များစွာ အော်ဟစ်လိုက်ပြီး ယိုချင်းယန် ကို ပုန်းအောင်းနေရန် သတိပေးလိုက်သည်။

သူ့ညီမနှင့် နှင်းဝံပုလွေမိဘများသည် နိုးထခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သော်လည်း လုချန်း က သူ့မိသားစုကို အန္တရာယ်မဖြစ်စေလိုပေ။

အကယ်၍ သူသည် ဤအကျပ်အတည်းကို မဖြေရှင်းနိုင်ခဲ့ပါက၊ နှင်းဝံပုလွေများ မည်မျှပင်ရောက်လာစေကာမူ၊ သူတို့က အကူအညီဖြစ်စေလိမ့်မည်မဟုတ်ပေ။

ယိုချင်းယန် က ခေါင်းညိတ်လိုက်ပြီး အံ့သြစရာကောင်းတာက ဒီတစ်ခါတော့ သူမ,မကန့်ကွက်ခဲ့ပေ။

အကြောင်းမှာ ဒီအချိန်တွင် လုချန်းနှင့်ငြင်းခုန်ရင်တောင် ဘာမျှထူးလာမည်မဟုတ်ကြောင်း ယိုချင်းယန်၏ စိတ်ထဲတွင် သိနေခဲ့သည်။

သို့ပေမဲ့ သူအစ်ကို ထွက်သွားရင်တော့ တိတ်တိတ်လေး လိုက်သွားမည်ပင်။

အရာအားလုံးကို စီစဉ်ပြီးနောက် လုချန်း သည် မီးမျောက်ဘုရင်၏ တည်နေရာကိုမှတ်သားပြီး တောင်ပေါ်မှ အမြန်ပြေးဆင်းသွားခဲ့သည်။

နိုးထခြင်းစတုတ္ထအဆင့်သို့ ဖြတ်ကျော်သွားပြီးနောက်၊ သူသည် ယခုတွင် အလွန်လျင်မြန်နေပြီး ရွှာအူဟူး ရှိရာသို့ အမြန်ရောက်ရှိသွားသည်။

All Chapters