← Chapters

“ငါ့အစ်ကို ဘယ်မှာလဲ”

Vol. 4 Ch. 60

“ငါ့အစ်ကို ဘယ်မှာလဲ”

Vol. 4 Ch. 60

“အားလုံး၊ ဒီတစ်ခါ မြို့သခင်ရဲ့ တာဝန်က သူတို့ကို အရှင်လတ်လတ် ဖမ်းဖို့ဆိုတာ သတိပြုပါ”

“ဒီဝံပုလွေကြီးက အခုခေတ်မှာ ရှားပါးတဲ့မျိုးစိတ်တစ်ခုပဲ၊ မင်းတို့သူ့ကို ဒဏ်ရာ ရ‌အောင်လုပ်နိုင်ပေမယ့် သတ်ခွင့်မရှိဘူး”

“သေချာနားထောင်၊ ဒီဝံပုလွေကြီးမှာ ပြင်းထန်တဲ့ ခုန်တက်နိုင်စွမ်းရှိတယ်၊ အမြင့်ပေ အနည်းငယ်ကိုခုန်ပီး လေယာဉ်ကို ပျက်ကျအောင်လုပ်နိုင်တယ်”

“ဒါကြောင့် ပစ်မှတ်ကို မတွေ့ခင်မှာ မင်းတို့ရဲ့ ပျံသန်းမှု အမြင့် မီတာ ၄၀၀ ထက် ပိုနေဖို့ လိုတယ်၊ ပြီးတော့ အချိန်တိုင်း သတိရှိဖို့ ကြိုးစားပါ”

ထိုအချိန်တွင် ရဟတ်ယာဉ် ၆ စီးသည် နှင်းတောင်ကြား၏ ကောင်းကင်ယံ၌ ပျံဝဲနေသည်။

လေယာဉ်တစ်စီးပေါ်တွင် လေးနက်သောအမူအရာဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပေဂျာ (စာတိုပေးပို့ရေးစနစ်) ဖြင့် အမိန့်ပေးနေသည်။

အမိန့်ပေးသည့်အတိုင်း ရဟတ်ယာဉ် ခြောက်စီးက အုပ်စုခွဲလိုက်ကြသည်။

ဤလူများသည် အစီအစဉ်အတိုင်း နှင်းတောင်ကြားတွင် ရှာဖွေကြသည်။

ခွမ်ပျော အုပ်စု၏ ယခင်အတွေ့အကြုံကို သင်ခန်းစာတစ်ခုအနေဖြင့်မှတ်ယူပြီး၊ အဆိုပါရဟတ်ယာဉ်များသည် အမြင့်ပေ မီတာ ၅၀၀ ခန့်တွင် ထိန်းသိမ်းထားသည်။

ဒီထက်မြင့်လျှင် မြေပြင်အခြေအနေကို စောင့်ကြည့်ရန် ခက်ခဲမည်ဖြစ်သည်။

ဒါဂုန် နှင်းတောင်သည် တစ်နှစ်ပတ်လုံး ရေခဲနှင့် ဆီးနှင်းများ ဖုံးလွမ်းထားပြီး နှင်းဝံပုလွေမျိုးနွယ်စု၏ ဝံပုလွေများက ငွေဖြူရောင်ဖြစ်သည်။

မြေကြီးနှင့်ဝေးလွန်းလျှင် နှင်းဖုံးတောင်တန်းများတွင် ပုန်းနေသည့် ဧရာမဝံပုလွေကို ရဖွေရခက်မည်ဖြစ်သည်။

“သခင်၊ ဒီအကောင်တွေ အုပ်စုကွဲသွားပီ၊ ငါတို့ အခုပဲ အရေးယူသင့်လား”

မီးမျောက်ဝံဘုရင် သည် သူတို့အား လျှို့ဝှက်စောင့်ကြည့်နေကြောင်း ဟယ်လီကော်ပတာများမှ သတိပြုမိခြင်းမရှိပေ။

ယခုအချိန်တွင် ရဟတ်ယာဉ်များက အုပ်စုကွဲသွားသည်ကို မြင်လိုက်ရသဖြင့် ရွှာအိုဟူး သည် လုချန်း နှင့် အလျင်အမြန် ဆက်သွယ်ခဲ့ပြီး လှုပ်ရှားရန်အတွက် ညွှန်ကြားချက် တောင်းခံခဲ့သည်။

ထိုအချိန်တွင်၊ ကျောက်ကြိတ်ဆုံကြီးများကဲ့သို့ ကြီးမားပြီး ကြိုတင်ပြင်ဆင်ထားသည့် ကျောက်တုံးအချို့ကို သူ့ပတ်ဝန်းကျင်တွင် နေရာချထားသည်။

“ကောင်းပြီ၊ မင်း အခု တိုက်ခိုက်နိုင်ပြီ၊ ဒါပေမဲ့ သင့်တော်တဲ့ အခွင့်အရေးကို ရှာတွေ့မှပဲ လုပ်ဆောင်ပါ”

ရွှာအိုဟူး ထိုစကားကိုကြားပြီး ခေါင်းညိတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် အဝေးမှ ကောင်းကင်တွင် အနက်ရောင်အစက်အပျောက်များ ပြန့်ကျဲနေသည်ကို သူမြင်နေရသည်။

ထိုအရာအားလုံးဟာ ခေတ်မီလူသားများ၏ မြင့်မားသည့်နည်းပညာများ‌ပင် ဖြစ်သည်။

လုချန်း က မျက်မှောင်ကြုတ်ပြီး သူ့မျက်လုံးများက လေးနက်နေသည်။

သူသည် ဤကမ္ဘာမှမဟုတ်ပေ၊ သို့သော် ဤနေရာရှိ အရာအားလုံးက သူ့နှင့်ရင်းနှီးသလို ခံစားရသည်။

သူသည် လူ့လောက၏ လက်ရှိနည်းပညာအဆင့်အတန်းကို အတိအကျနားလည်နိုင်ခဲ့ခြင်းမရှိပေ။

သို့သော်လည်း ယခုကမ္ဘာ့၏လူ့ဘောင်အဖွဲ့အစည်းတွင် ဒရုန်းနည်းပညာများရှိပြီး လက်နက်အဆင့်မှာ အလွန်နိမ့်ကျမည်မဟုတ်ကြောင်း သေချာသည်။

စဉ်းစားနေစဉ်တွင်၊ လုချန်း သည် လက်ရှိ ရည်ညွှန်းချက်ဘောင်ကို ဖွင့်လိုက်သည်။

【အမည် - လုချန်း】

အသက်- ၆လ

[အဆင့်- နိုးထခြင်းအဆင့် ၄ (၆၀,၀၀၀ /၀ )]

[ကျွမ်းကျင်မှုများ-                     

ပြန်လည်ထူထောင်ခြင်း (အလယ်လတ်)

လျှင်မြန်မှု (အလယ်လတ်)

ဟန့်တားခြင်း (အစောပိုင်း)

ဖုံးကွယ်ခြင်း (အလယ်အလတ်)

အရှိန်မြှင့်လုပ်ဆောင်ခြင်း(အလယ်အလတ်)

အစောပိုင်းအဆင့် ကျွမ်းကျင်မှုများကိုအဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၂၀၀ လိုအပ်ပြီး၊ အလယ်အလတ်အဆင့် ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၅၀၀ လိုအပ်သည်။]

[ပင်ကိုယ်စွမ်းရည်-

ရေခဲစွမ်းရည် (အစောပိုင်း)

ကုသခြင်းစွမ်းရည် (အစောပိုင်း)

ရူးသွပ်ခြင်းစွမ်းရည် (အလယ်အလတ်)

အနှစ်သာရဝါးမျိုခြင်း (အစောပိုင်း)

အမှတ်အသားပြုခြင်း (အစောပိုင်း)

‌ကောင်းကင်ပေါ်တက်လှမ်းခြင်း (အစောပိုင်း)

စိတ်ဝိညာဉ်ပဋိဥာဉ် (အစောပိုင်း)

သွက်လက်ခြင်း (အစောပိုင်း)

မတိုးပေါက်နိုင်ခြင်း (အစောပိုင်း)

(ပင်ကိုယ်စွမ်းရည်များကို အဆင့်မြှင့်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၉,၀၀၀ ကို အသုံးပြုပါ)]

[မျိုးနွယ်- နှင်းဝံပုလွေ]

[ဆင့်ကဲပြောင်းလဲခြင်းအမှတ်- ၂၂,၀၀၀]

........

လုချန်း ၏ လက်ရှိရည်ညွှန်းချက်‌ဘောင် ပေါ်ရှိ အချက်အလက် သည် သူဤကမ္ဘာသို့ရောက်လာချိန်ကနှင့် လုံးဝကွဲပြားသွားပြီဖြစ်သည်။

နှစ်ဝက်အတွင်း လုချန်း သည် အလွန်ကြောက်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။

သူ၏ လက်ရှိ ရည်ညွှန်းချက်ဘောင်ကို ကြည့်ပြီး လုချန်း သည် ဖုံးကွယ်ခြင်း ကျွမ်းကျင်မှုကို ရုတ်တရက် သတိပြုမိလိုက်သည်။

အဆင့်မြှင့်တင်ပြီးနောက်၊ လုချန်း တွင် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၂၀,၀၀၀ ကျော်ကျန်ရှိသေးသည်။

နိုးထခြင်း ပဉ္စမအဆင့်ကိုဖြတ်ကျော်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၆၀,၀၀၀ လိုအပ်သည်။

လက်ရှိအခြေအနေအရ အချိန်တိုအတွင်း အဆင့်တက်ရန် မဖြစ်နိုင်ပေ။

သို့သော်၊ ဤဆင့်ကဲပြောင်းလဲခြင်းအမှတ်များကို ဖိအားတစ်စုံတစ်ရာမရှိဘဲ သာမန်ကျွမ်းကျင်မှုအား အဆင့်မြှင့်တင်ရန် အသုံးပြုနိုင်သည်။

ဖုံးကွယ်ခြင်း ကျွမ်းကျင်မှုသည် ဝိညာဉ်စွမ်းအင်ပြန်လည်မရှင်သန်ချိန်က သားရဲတိရစ္ဆာန်များကို အမဲလိုက်ရာတွင် လုချန်း မကြာခဏအသုံးပြုသည့်အရာဖြစ်သည်။ မိမိ၏အသက်ရှူသံများကို ဖုံးကွယ်ပေးပြီး ၎င်းက အလွန်အသုံးဝင်သည်။

လုချန်း က ဤဖုံးကွယ်ခြင်း ကျွမ်းကျင်မှုသည် လက်ရှိအခြေအနေများအောက်တွင် အံ့ဖွယ်ကောင်းသည့် အကျိုးသက်ရောက်မှုရှိနိုင်သည်ဟု ခံစားမိသည်။

ခဏတာ တွေးကြည့်ပြီးနောက်၊ လုချန်း သည် ဆင့်ကဲ‌ပြောင်းလဲခြင်းအမှတ် ၂၅၀၀ ကို သုံးပြီး သူ၏ ဖုံးကွယ်ခြင်း ကျွမ်းကျင်မှုကို အမြင့်ဆုံးအဆင့်အထိမြှင့်တင်ခဲ့သည်။

[ဒင်၊ ဖုံးကွယ်ခြင်း ကျွမ်းကျင်မှုကို ပင်ကိုယ်စွမ်းရည် အဖြစ်သို့ အဆင့်မြင်တင်ခဲ့သည်။]

ကိုယ်ပျောက်စွမ်းရည် (အစောပိုင်း)- [ဤစွမ်းရည်ကို အသက်သွင်းလိုက်ပြီးနောက်၊ သင့်ခန္ဓာကိုယ်အား မမြင်နိုင်သကဲ့သို့ ပတ်ဝန်းကျင်မြင်ကွင်းကို အတုယူနိုင်ပြီး တိုက်ခိုက်မှုကို စတင်သောအခါ အလိုအလျောက် ပြီးဆုံးသွားမည်။]

“မမြင်ရဘူးလား?!”

ဤစွမ်းရည်၏ နိဒါန်းကြည့်ရင်း လုချန်း အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

သူ့စနစ်က အမှန်တကယ် အံ့သြစရာကောင်းသောကြောင့် လုချန်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

ဤစွမ်းရည်၏ အချက်အလက်များကို အခြားသူများသိသွားပါက ဒေါသတကြီး တုန့်ပြန်မည်မှာသေချာသည်။

ယခင် ဖုံးကွယ်ခြင်း ကျွမ်းကျင်မှုသည် သူ၏ အသက်ရှုသံကို ဖုံးကွယ်ထားနိုင်ပြီး ၎င်းက အလွန်လက်တွေ့ကျနေပြီဖြစ်သည်။

“ကျွမ်းကျင်မှုကို အဆင့်မြှင့်ပြီး ငါ ကိုယ်ပျောက်နိုင်တဲ့စွမ်းရည်ကို ရရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”

လုချန်း သည် ကောင်းကင်တွင် ပျံဝဲနေသော ရဟတ်ယာဉ်များကို မော့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်း‌ထောင့်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။ ဒီတစ်ကြိမ်တွင် လူသားများသည် ကောင်းကောင်းပြင်ဆင်ထားကာ ယခင်ကထက် ပိုမိုပြင်ဆင်ထားကြပြီး ထိပ်တိုက်တွေ့ဆုံရန် ခက်ခဲမည်ဖြစ်သည်။

“ဒါပေမယ့် ရန်သူက အလင်းထဲမှာရှိတယ်၊ ငါက အမှောင်ထဲမှာနေရင် ဒီနေ့ကိစ္စက ဖြေရှင်းရလွယ်ကူလိမ့်မယ်”

ကိုယ်ပျောက်စွမ်းရည်ကို အသက်သွင်းပြီးနောက် လုချန်း ၏သားမွေးများမှ ထူးဆန်းသည့်စွမ်းအင်တစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

ချက်ချင်းပင်၊ လုချန်း ကို မမြင်ရလုနီးပါးဖြစ်သွားပြီး အနီးပတ်ဝန်းကျင်ရှိ ရေခဲနှင့် ဆီးနှင်းများနှင့်အတူ ရောထွေးသွားသည်။

ဆယ်မီတာရှိသော ခန္ဓာကိုယ်သည် ဤနေရာမှ တိုက်ရိုက်ပျောက်ကွယ်သွားခဲ့သည်။

ယိုချင်းယန် သည် လုချန်း ကို စိတ်ပူပြီး သူအစ်ကို၏ လမ်းကြောင်းအတိုင်း လိုက်လာခဲ့သည်။

သူ့အစ်ကို ထွက်သွားသည့် လမ်းကြောင်းကို သူမ, မှတ်မိပြီး၊ ယခု သူမသည် ထိုလမ်းကြောင်းအတိုင်း တောင်စောင်းဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

ထို့နောက် ယိုချင်းယန် သည် တောင်စောင်းမှတဆင့် ရွှာအိုဟူး ပုန်းအောင်းနေသည့် ချောက်ကမ်းပါးကို တွေ့ရှိခဲ့သည်။

“ဘာလို့ ရှောင်ပိုင် ဒီကိုရောက်လာတာလဲ”

ယိုချင်းယန် သူ့ရှေ့တွင် ပေါ်လာသည်ကို မြင်လိုက်ရပြီး ရွှာအိုဟူး ၏ မျက်လုံးထဲတွင် နားမလည်သည့်အကြည့်တစ်ခု ထွက်ပေါ်လာသည်။

သူနှင့် လုချန်း ၏ အစီအစဉ်တွင် ရှောင်ပိုင် အကြောင်းကို ဖော်ပြထားခြင်း မရှိပေ။

“ငါ့အစ်ကို ဘယ်မှာလဲ”

ယိုချင်းယန် သည် မီးမျောက်ဝံဘုရင်၏ သံသယများကို လျစ်လျူရှုကာ လုချန်း ၏တည်နေရာကို မေးရန်အတွက် လက်ဟန်ခြေဟန် ပြုလုပ်လိုက်သည်။

ရွှာအိုဟူး ၏ ဉာဏ်ရည်သည် အခြားသားရဲများထက် များစွာမြင့်မားပြီး ယိုချင်းယန် ၏ ဆိုလိုရင်းကို လျင်မြန်စွာ နားလည်သဘောပေါက်ခဲ့သည်။

ရွှာအိုဟူး သည် လုချန်း နှင့် ဝိညာဉ်စာချုပ်ချုပ်ဆိုထားသောကြောင့် လုချန်း ၏တည်နေရာကို သိရှိနိုင်ပြီး တစ်နေရာသို့ လက်ဟန်ခြေဟန်ဖြင့် ညွှန်ပြလိုက်သည်။

သို့ပေမယ့် သူမ,လှည့်ကြည့်လိုက်သော်လည်း မည်သူကိုမှ မတွေ့ခဲ့ရပေ။

“ထူးဆန်းတယ်၊ သခင် ရှိတယ်ဆိုတာ သေချာပါတယ်၊ ဘာလို့ သူ့ကို မမြင်ရတာလဲ”

ရွှာအိုဟူး သည် ခဏမျှ စိတ်ရှုပ်ထွေးသွားပြီး လုချန်း ကို ဆက်သွယ်လိုက်သည်။

ရှောင်ပိုင် ဒီနေရာသို့ ရောက်နေကြောင်း လုချန်း ကို ပြောပြခဲ့သည်။

“ရှောင်ပိုင် ဒီမှာလား?”

ရွှာအိုဟူး ၏သတင်းကိုကြားပြီး လုချန်း က မျက်မှောင်ကြုတ်လိုက်သည်။

ယခင်က သူသည် ထိုလူသားရဟတ်ယာဉ်များကိုသာ အာရုံစိုက်ခဲ့သည်။

ထို့အပြင်၊ သူ၏ကျွမ်းကျင်မှုကိုအဆင့်မြှင့်တင်နေသောကြောင့် ရှောင်ပိုင် ၏အမှတ်အသားက သူ့ထံချဉ်းကပ်လာသည်ကို သတိမထားမိခဲ့ပေ။

“သူမကို ပုန်းနေဖို့ ပြောခဲ့တယ်မလား?!”

လုချန်း သည် အခုချိန်တွင် အနည်းငယ် ဒေါသထွက်နေပြီဖြစ်သည်။

“ဒီညီမလေးက တကယ်ကို နာခံမှုမရှိဘူး၊ ငါသတိပေးတာကိုလဲ လုံးဝနားမထောင်ဘူး”

ယခု လူသားများ ကျူးကျော်ဝင်ရောက်လာသောကြောင့် နှင်းတောင်ကြီးတစ်ခုလုံး တင်းမာနေသော်လည်း ရှောင်ပိုင် ကတော့, ကလေးဆန်စွာ ပြုမူနေဆဲဖြစ်သည်။

“ရွှာအိုဟူး၊ ရှောင်ပိုင်ကို သူမရှိတဲ့နေရာမှာနေပီး မလှုပ်နဲ့လို့ပြောလိုက်!”

လုချန်း က မီးမျောက်ဝံဘုရင်ကို ဆက်သွယ်လိုက်သည်။

ရွှာအိုဟူး သည် ချက်ချင်းပင် ရှောင်းပိုင်အား လက်ဟတ်ခြေဟန်ဖြင့် လုပ်ပြလိုက်သည်။

လုချန်း က ရှောင်ပိုင် ကို ထွက်သွားရန် ကြိမ်းမောင်းဖို့ အချိန်မရှိပေ။

ရဟတ်ယာဉ်က နှင်းတောင်ပေါ်သို့ စတင်ရှာဖွေနေပြီဖြစ်သည်။

ထို့ကြောင့် သူသည် ဤပြင်ပခြိမ်းခြောက်မှုအားလုံးကို ဦးစွာဖယ်ရှားပစ်ရမည်ဖြစ်သည်။

သိပ်မကြာခင်မှာပဲ ရဟတ်ယာဉ်တစ်စင်းက ထိုနေရာကို ဖြတ်သွားရင်း အောက်တွင် နေရာလွတ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရပြီး ဂရုတစိုက် အနီးကပ်ကြည့်ချင်သောကြောင့် လေယာဉ်မှူးက အမြင့်ပေ ၃၀၀ မီတာအထိ လျှော့ချလိုက်တယ်။

သို့သော် ဤသည်က သူဘဝတွင် လုပ်ဖူးသမျှ ဝမ်းနည်းစရာအကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း သူမသိခဲ့ပေ။

ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြုပြီးနောက် လုချန်း သည် အနီးပတ်ဝန်းကျင်နှင့် ရောထွေးနေပြီ ဖြစ်သည်။

ကောင်းကင်မှ ရဟတ်ယာဉ်သည် အမြင့်ပေကို လျှော့ချလိုက်သည်ကို လုချန်း သတိပြုမိလိုက်သည်။

လေယာဉ်ပေါ်ရှိလူများက နေရာအနှံ့ ရှာဖွေနေဆဲဖြစ်သည်။

ထိုအခိုက်အတန့်တွင် အေးစက်သည့် အသက်ရှူသံတစ်ခုထွက်ပေါ်လာပြီးနောက် ပြင်းထန်သည့်ရေခဲ့စွမ်းအားက မြေပြင်မှ ရုတ်တရက် ထွက်ပေါ်လာကာ ရဟတ်ယာဉ်ကို တိုက်ရိုက် ဖုံးအုပ်လိုက်သည်။

ချက်ချင်းပင် ရဟတ်ယာဉ် အပါအဝင် အမှုထမ်းများအားလုံး အေးခဲသွားခဲ့ပြီး မည်သူမျှ တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။

လုချန်း သည် နိုးထခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိသွားပြီးနောက်၊ သူ၏ ရေခဲစွမ်းရည်နှင့် တိုက်ခိုက်မှု စွမ်းအားက အလွန်ပြင်းထန်လာသည်။

ထို့အပြင် သူသည် မမြင်နိုင်သည့် အခြေအနေမှတဆင့် အံ့ဖွယ်တိုက်ခိုက်မှုများကို ပြုလုပ်ရန် ထိုနေရာတွင် ပုန်းအောင်းနေခဲ့သည်။

လေယာဉ်၏ ကိုယ်ပိုင်ကင်မရာများကတောင် ဖြစ်ပျက်ခဲ့သမျှကို ရိုက်ကူးနိုင်ရန် မဖြစ်နိုင်ပေ။

ပြင်းထန်သည့် ရေခဲစွမ်းအားက ရဟတ်ယာဉ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ထိုကဲ့သို့ နိမ့်ပါးသော အပူချိန်အောက်တွင် လေယာဉ်အတွင်းခန်းသည် ချက်ချင်းပင်အေးသွားခဲ့သည်။

ထို့နောက် ရဟတ်ယာဉ်က စွမ်းအင်ပြတ်တောက်သွားပြီး ရေခဲရုပ်တုတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

All Chapters