← Chapters

အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအန

Vol. 73 Ch. 1023

အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအန

Vol. 73 Ch. 1023

"ဖရိုဖရဲမီးကြာပန်းက ငါ့ဟာပဲ၊ သေစမ်း"

မီးသူတော်ကောင်းနတ်ဘုရားအရှင်က အလွန်ပျော်နေတယ်။ အကြိုနတ်ဘုရားနယ်မြေက ထွက်လာပြီးနောက် ဒီလိုဆုလဒ်တစ်ခုကို ရိတ်သိမ်းရလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး၊ ဒါက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတွေကို ရရှိတာထက် ပိုအသုံးဝင်တယ်။

ဖရိုဖရဲမီးကြာပန်းနဲ့အတူ သူ့အနေနဲ့ ဖရိုဖရဲမီးတာအိုကု ဆုပ်ကိုင်ဖို့ လုံးဝဖြစ်နိုင်လောက်တယ်။ ဖရိုဖရဲနယ်ပယ်ကိုအပြည့်အဝဆုပ်ကိုင်နိုင်တဲ့သူတွေကိုသာ အသန်မာဆုံးအရှင်လို့ခေါ်ဆိုနိုင်တယ်။

စိတ်မကောင်းစရာတစ်ခုကတော့ စကြဝဠာတစ်ခုလုံးမှာ အသန်မာဆုံးအရှင်တွေရဲ့အရေအတွက်ကို လက်တစ်ဖက်နဲ့ ရေတွက်နိုင်တယ်။ အဲဒါက အကြိုနတ်ဘုရားအရေအတွက်ထက် အများကြီးပိုနည်းတယ်။

အကြိုနတ်ဘုရားအများစုကတောင် ဖရိုဖရဲနယ်ပယ်ကို မဆုပ်ကိုင်နေသေးလို့ပဲ။ သူတို့က အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့အကြိုနတ်ဘုရားစွမ်းအားကိုသာ ပိုင်ဆိုင်ထားတယ်။

ဥပမာအားဖြင့် လီဖူချန်းရဲ့မူလအဆုံးစွန်းဓားပညာနဲ့မူလအဆုံးစွန်းဓားနည်းစနစ်က ကြယ်ပိုင်နက်အဆင့်အလုံးစုံတတ်သိနားလည်ခြင်းအခြေအနေကို ရောက်ရှိလာရင် လီဖူချန်းက အသန်မာဆုံးအရှင်ဖြစ်လာလိမ့်မယ်။ အကြိုနတ်ဘုရားအောက်မှာ တစ်ယောက်မှ လီဖူချန်းအတွက် ပြိုင်ဘက်မဟုတ်ဘူး။ လီဖူချန်းမှာ အားကောင်းတဲ့စကြာဝဠာရတနာတစ်ခုရှိရင် သူက အကြိုနတ်ဘုရားတစ်ယောက်နဲ့တောင် ယှဉ်ပြိုင်နိုင်လိမ့်မယ်။

"အချိန်ကျပြီ"

လီဖူချန်းက ဖရိုဖရဲမီးကြာပန်းထဲရှိဖရိုဖရဲမီးတာအိုရင်းမြစ်အဆီအနှစ်ကို အသက်သွင်းလိုက်တယ်။ မီးလျှံကြာပန်းတစ်ခုက မီးလျှံသဏ္ဍာန်ဖြစ်တည်လာပြီး မီးသူတော်ကောင်းနတ်ဘုရားအရှင်ကို တိုက်ခိုက်လိုက်တယ်။

ဝုန်း......

မီးသူတော်ကောင်းနတ်ဘုရားအရှင်က လွင့်ထွက်သွားတယ်။

စွမ်းအားအရ ဖရိုဖရဲမီးကြာပန်းမှထုတ်လွှတ်တဲ့စွမ်းအားက အသန်မာဆုံးအရှင်အဆင့်ကို ရောက်ရှ်နေပြီး အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်နဲ့အသန်မာဆုံးအရှင်ကြားမှာ အဆင့်ကြိီးတစ်ခုကွာခြားတယ်။

ယေဘုယျပြောရရင် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်မှာ သူ့ရဲ့တိုက်ခိုက်ရေးခွန်အားကို တိုးမြင့်စေနိုင်တဲ့ အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုရှိရင်တောင် သူ့ခွန်အားက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်ထက်တစ်ဆင့်သာ ပိုမြင့်တယ်။ သူက အသန်မာဆုံးအရှင်အဆင့်ကို မရောက်ရှိသေးပါဘူ။

ror.

မီးသူတော်ကောင်းနတ်ဘုရားအရှင်က အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ထက် အများဆုံးအဆင့်နှစ်ဆင့်ပိုသန်မာပြီး သူလည်းပဲ အသန်မာဆုံးအရှင်အဆင့်ကို မရောက်ရှိသေးပါဘူး။

ဥပမာအားဖြင့် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်ရဲ့တိုက်ခိုက်ရေးစွမ်းအားက ၈၀ဆိုရင် အသန်မာဆုံးအရှင်ရဲ့တိုက်ခိုက်ရေးစွမ်းအားက ၁၀၀ဖြစ်ပြီး အလင်းနတ်ဘုရားအရှင်နဲ့မီးသူတော်ကောင်းနတ်ဘရားအရှင်တို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ၈၀နဲ့၁၀၀ကြား ရှိပါလိမ့်မယ်။

"သူ့ကို အတူတူတိုက်ကြ"

မီးသူတော်ကောင်းနတ်ဘုရားအရှင်က ပြိုင်ဘက်မဟုတ်တာကို မြင်ပြီး အလင်းနတ်ဘုရားအရှင်တို့သုံးယောက်က လီဖူချန်းကို ဝိုင်းထားလိုက်တယ်။

"မီးကြာပန်းအကာအကွယ်"

လီဖူချန်းက ဖရိုဖရဲမီးတာအိုရင်းမြစ်အဆီအနှစ်ကို အသက်သွင်းပြီး သူ့ကိုယ်သူ ကာကွယ်ဖို့ မီးကြာပန်းတစ်ခုကို ဖွဲ့စည်းခဲ့တယ်။

ဝုန်း ဝုန်း ဝုန်း......

သူတို့လေးယောက်ရဲ့တိုက်ခိုက်မှုက မီးကြာပန်းအပေါ် ကျရောက်လာပေမယ့် ၎င်းကို တုန်ခါစေဖို့အထိတောင် ယုံကြည်ချက်ရှိမနေပါဘူး။

ဖရိုဖရဲမီးကြာပန်းရဲ့စွမ်းအားကုန်ခန်းဖို့ဆိုတာကတော့  မဖြစ်နိုင်ပါဘူး။ ဖရိုဖရဲမီးကြာပန်းမှာပါဝင်တဲ့စွမ်းအင်က ကြီးမားကျယ်ပြောလွန်းပြီး အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ရာကတောင် ၎င်းကို မယှဉ်နိုင်ပါဘူး။

"တောက်"

မီးသူတော်ကောင်းနတ်ဘုရားအရှင်က ဒေါသထွက်လာတယ်။

သူက ဖရိုဖရဲမီးကြာပန်းကို ရယူဖို့ ဆုံးဖြတ်ထားပေမယ့် အဲဒါကို ဘယ်လိုယူမလဲဆိုတာက ပြဿနာတစ်ခုဖြစ်နေတယ်။

ဝုန်း ဝုန်း ဝုန်း......

ဖရိုဖရဲမီးကြာပန်းနဲ့အတူ လီဖူချန်းက သူဌေးလက်သစ်အလား ဖရိုဖရဲမီးကြာပန်းရဲ့စွမ်းအားကို အသက်သွင်းကာ  လေးယောက်စလုံးကို တိုက်ခိုက်လိုက်တယ်။

ys…

တစ်ရက်၊ နှစ်ရက်၊ သုံးရက်.....

တကယ်တော့ သူတို့လေးယောက်လုံးရဲ့ခွန်အားက အကန့်အသတ်ရှိတယ်။ ဖရိုဖရဲမီးကြာပန်းရဲ့တရစပ်အရူးအမူးထိုးနှက်မှုအောက်မှာ သူတို့က သနားစဖွယ်အခြေအနေဖြစ်နေတယ်။

"မင်း ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးတာပဲ"

မီးသူတော်ကောင်းနတ်ဘုရားအရှင်ရဲ့မျက်လုံးတွေက တောက်လောင်သွားတယ်။ ကြက်သွေးရောင်အစအနတစ်ခုက သူ့ရဲ့ရင်ဘက်မှ ထွက်လာတယ်။

ဒီကြက်သွေးရောင်အစအနမှာ မှင်တက်စရာဖိအားပါဝင်တယ်။ သန့်စင်တဲ့အဆီအနှစ်အရ ဖရိုဖရဲမီးကြာပန်းထက် အများကြီးပိုကြောက်စရာကောင်းတယ်။

"အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတစ်ခုလား"

လီဖူချန်းက ထိတ်လန့်သွားတယ်။

တကယ်တော့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတစ်ခုက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့လက္ခဏာရှိတယ်။ ဖရိုဖရဲမီးကြာပန်းက ဒါကို ရင်ဆိုင်နိုင်မလားဆိုတာကိုတော့ မသိပါဘူး။

"သွားစမ်း"

မီးသူတော်ကောင်းနတ်ဘုရားအရှင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကြက်သွေးရောင်အစအနကို လီဖူချန်းထံ ပစ်လွှတ်လိုက်တယ်။

ဝှစ်.......

လီဖူချန်းကိုကာကွယ်နေတဲ့မီးကြာပန်းကို ထိုးဖောက်သွားတယ်။ ပြီးနောက် လီဖူချန်းရဲ့ခန္ဓာကိုယ်ကိုလည်း ထိုးဖောက်သွားတယ်။

သူ့ခွန်အားရဲ့အနည်းဆုံးတစ်ရာခိုင်နှုန်းကို ဖျက်ဆီးသွားသလို လီဖူချန်းက ခန့်မှန်းထားတယ်။ သူက သာမန်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်မဟုတ်ဘဲ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ သူ့ခွန်အားရဲ့တစ်ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ခဲ့တာပဲ။

"ဒါက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတစ်ခုရဲ့စွမ်းအားလား"

လီဖူချန်းက ကြောက်ရွံ့မိလေတယ်။ ဖရိုဖရဲမီးကြာပန်းရဲ့အကာအကွယ်မရှိရင် သူ့ခွန်အားကို အနည်းဆုံး၁၀ရာခိုင်နှုန်းလောက် ဖျက်ဆီးသွားခဲ့လောက်ပြီ။

"မီးကြာပန်းဆင့်ပုံခြင်း"

လီဖူချန်းက သူ့ကိုယ်သူကာကွယ်ဖို့ မီးကြာပန်းတွေကို အသက်သွင်းလိုက်တယ်။

"သွားစမ်း၊ သွားစမ်း၊ သွားစမ်း"

မီးသူတော်ကောင်းနတ်ဘုရားအရှင်က ကြက်သွေးရောင်အစအနကို အသက်သွင်းကာ လီဖူချန်းကို အကြိမ်ကြိမ်တိုက်ခိုက်လိုက်တယ်။

"ရပ်စမ်း"

ပြန်သက်သာလာတဲ့ကပ်ဘေးစွမ်းအားကို လှည့်ပတ်ပြီး သူ့လက်ထဲမှာ စုစည်းကာ လီဖူချန်းက ကြက်သွေးရောင်အစအနကို ဆုပ်ကိုင်လိုက်တယ်။

ကြက်သွေးရောင်အစအနက ကြက်သွေးရောင်နဂါးတစ်ကောင်ပမာ ရုန်းကန်နေပြီး လွတ်မြောက်ဖို့ ကြိုးစားလိုက်တယ်။

"ပြန်လာစမ်း"

မီးသူတော်ကောင်းနတ်ဘုရားအရှင်က စိုးရိမ်သွားတယ်။ ဒီမီးတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနက အသက်ရှင်သန်ဖို့အတွက် သူ့ရဲ့မှီခိုအားထားရာဖြစ်တယ်။ အဲဒါကို ဆုံးရှုံးသွားတာနဲ့ သူ့ခွန်အားက အဆများစွာ လျော့ကျသွားမည်ဖြစ်ကာ အလင်းနတ်ဘုရားအရှင်ကိုတောင် ယှဉ်နိုင်တော့မှာမဟုတ်ဘူး။

"အိမ်မက်ပဲမက်နေ"

လီဖူချန်းက ဖရိုဖရဲမီးကြာပန်းရဲ့စွမ်းအားကို အသက်သွင်းကာ ကြက်သွေးရောင်အစအနပေါ်ရှိ မီးသူတော်ကောင်းနတ်ဘုရားအရှင်ရဲ့အမှတ်အသားကို ဖယ်ရှားလိုက်တယ်။

တဖြည်းဖြည်းနဲ့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနရဲ့ရုန်းကန်မှုက ပိုအားနည်းလာတယ်။

"မဟုတ်ဘူး"

မီးသူတော်ကောင်းနတ်ဘုရားအရှင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားသလို နောင်တအကြီးကြီးရမိတယ်။

နောက်ဆုံးမှာ ကြက်သွေးရောင်အစအနက ရုန်းကန်ခြင်းမရှိတော့ဘဲ လီဖူချန်းရဲ့နေရာလပ်လက်စွပ်ထဲကို ရောက်ရှိသွားတယ်။

"မူလအဆုံးစွန်းအရှင်၊ ဒါ ငါ့ရဲ့အမှားပဲ။ ကျေးဇူးပြုပြီး ငါ့ကို ဒီအစအနလေး ပြန်ပေးပါလား" မီးသူတော်ကောင်းနတ်ဘုရားအရှင်က ဗလုံး‌ဗထွေးပြောလိုက်တယ်။

လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်" ဒါ ဖြစ်နိုင်မယ်လို့ မင်းထင်နေတာလား"

လီဖူချန်းက ငတုံးတစ်ယောက်ဆိုရင်တောင် မီးသူတော်ကောင်းနတ်ဘုရားအရှင်ရဲ့စွမ်းအားအများစုက အကြိုနတ်ဘုရားအသုံးအ‌ဆောင်ပစ္စည်းအစအနမှလာတာကို သူ သိတယ်။  အကြိုနတ်ဘုရားအသုံးအ‌ဆောင်ပစ္စည်းအစအနမရှိရင် တစ်ဖက်လူရဲ့ခြိမ်းခြောက်မှုက အကြီးအကျယ်လျော့ကျသွားလိမ့်မယ်။

"နတ်ဘုရားမျိုးနွယ်ကို ဆန့်ကျင်တာက မင်းအတွက် မကောင်းဘူးနော်။ ငါ မင်းကို ပြန်စဉ်းစားဖို့ အကြံပေးချင်တယ်" အလင်းနတ်ဘုရားအရှင်က အေးစက်စွာ ပြောလိုက်တယ်။

အနေအထားက ဒီလိုအခြေအနေအထိ ရောက်သွားမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။

သူ့အစီအစဉ်အရ မီးသူတော်ကောင်းနတ်ဘုရားအရှင်မရှိရင်တောင် သူက လီဖူချန်းကို အနိုင်ယူဖို့ ကိုးဆယ်ရာခိုင်နှုန်းယုံကြည်ချက်ရှိခဲ့တယ်။

လီဖူချန်းမှာ စကြာဝဠာရတနာတွေ အများကြီးရှိနေတာက အရာအားလုံးမှားယွင်းသွားစေတာပဲ။

"မူလအဆုံးစွန်းအရှင်၊ နတ်ဘုရားမျိုးနွယ်ဘယ်လောက်အားကောင်းတာကို မင်း မသိဘူးပဲ။ ဓားသမားအစည်းအရုံးမဆိုနဲ့၊ ဂိုဏ်းကြီးအနည်းငယ်ပူးပေါင်းထားရင်တောင် နတ်ဘုရားမျိုးနွယ်လောက် အားမကောင်းဘူးကွ" ဆည်းဆာနတ်ဘုရားအရှင်က သတိပေးလိုက်တယ်။

"ဟုတ်လား၊ အဲဒါဆိုလဲ မင်းတို့နတ်ဘုရားမျိုးနွယ်တွေ ဘယ်လောက်အားကောင်းသလဲကို ငါ သိချင်ပါတယ်"

လီဖူချန်းက နတ်ဘုရားမျိုးနွယ်က ဘယ်လောက်အားကောင်းသလဲကို လီဖူချန်းက သိတယ်။ အရှင်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးဆယ်ယောက်အထဲမှာ နတ်ဘုရားမျိုးနွယ်က သုံးယောက်ရှိတယ်။ ဒါ့အပြင် နတ်ဘုရားမျိုးနွယ်မှာ စကြာဝဠာရှိအကြိုနတ်ဘုရားစုစုပေါင်းရဲ့သုံးဆယ်ရာခိုင်နှုန်းရှိတယ်။  ဓားသမားအစည်းအရုံးမှာ တစ်ဆယ်ရာခိုင်နှုန်းအောက်သာ ရှိတယ်။

ဒါပေမယ့် သည်းခံရုံနဲ့မဖြေရှင်းနိုင်တဲ့အချို့အရာတွေရှိတယ်။ ဒါက သူတို့ကို အနိုင်ကျင့်ရတာ လွယ်ကူတယ်လို့ အခြားသူတွေကို ခံစားမိစေလိမ့်မယ်။

ဒါကြောင့် နတ်ဘုရားမျိုးနွယ်ဆိုတော့ရော ဘာဖြစ်လဲ။ နတ်ဘုရားမျိုးနွယ်ရဲ့အကြိုနတ်ဘုရား မရောက်လာသရွေ့ လီဖူချန်းက ဘာကိုမှ မကြောက်ပါဘူး။

ဒါပေမယ့် လီဖူချန်းက မကြောက်သော်လည်း သူက အပြည့်အဝပြင်ဆင်ထားရပါမယ်။ သူ့ရဲ့အသက်သစ်ပင်က အဆင့်မြင့်စကြာဝဠာရတနာအထိ ကြီးထွားလာရင် သူက အကြိုနတ်ဘုရားတွေနဲ့တောင် ယှဉ်ပြိုင်နိုင်လာမှာဖြစ်ပြီး တစ်ချက်တည်းနဲ့ အနိုင်ယူခံရလိမ့်မှာမဟုတ်ဘူး။

"လုံးဝကို အရူးပဲ။ ဒီနေ့ကစပြီး မင်းက ငါတို့နတ်ဘုရားမျိုးနွယ်ရဲ့သတ်ဖြတ်ခြင်းပစ်မှတ်ဖြစ်လာလိမ့်မယ်" ရေခဲမီးနတ်ဘုရားအရှင်က အေးစက်တဲ့လေသံနဲ့ ပြောလိုက်တယ်။

d.

နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက် သူတို့လေးယောက်က လီဖူချန်းရဲ့မီးကြာပန်းအကာအကွယ်ကို မချိုးဖြတ်နိုင်ဘဲ သူတို့စွမ်းအင်ကသာ ပြင်းပြင်းထန်ထန် ကုန်ဆုံးလာနေတယ်။

”

"မီးကြာပန်းသုတ်သင်ခြင်း"

အချိန်တစ်ခုအကြားအသုံးပြုပြီးနောက် လီဖူချန်းက ဖရိုဖရဲမီးကြာပန်းနဲ့ ပိုပြီးရင်းနှီးလာတယ်။ သူက တစ်စက္ကန့်အတွင်း ဖရိုဖရဲမီးတာအိုရင်းမြစ်အဆီအနှစ်သုံးဆနဲ့အတူ ပေါက်ကွဲထွက်စေနိုင်တယ်။ ဟင်းလင်းပြင်ထဲမှာ စုစည်းထားတဲ့ကျောက်ရေပူပမာမီးကြာပန်းတစ်ခုက ဆည်းဆာနတ်ဘုရားအရှင်ကို တိုက်ခိုက်လာတယ်။

ဝုန်း......

.

ဆည်းဆာနတ်ဘုရားအရှင်ရဲ့ဆည်းဆာနတ်ဘုရားပိုင်နက်က ပေါက်ကွဲသွားပြီး သူ့ခန္ဓာကိုယ်တစ်ဝက်က ကျောက်ရည်ပူအဖြစ် ပြောင်းသွားတယ်။

"တောက်"

‌‌ဆည်းဆာနတ်ဘုရားအရှင်က ‌ကြောက်လန့်တကြား နောက်ဆုတ်ကာ လီဖူချန်းဆီ ထပ်မကပ်လာရဲတော့ပါဘူး။

"မီးကြာပန်းနဂါးအက"

ဒီတစ်ခါမှာတော့ လီဖူချန်းက ရေခဲမီးနတ်ဘုရားအရှင်ထံ ဖရိုဖရဲမီးတာအိုရင်းမြစ်အဆီအနှစ်ငါးဆကို အသုံးပြုလိုက်တယ်။

ဝုန်း.....

ရေခဲမီးနတ်ဘုရားရဲ့အခြေအနေက ဆည်းဆာနတ်ဘုရားအရှင်ထက် ပိုကောင်းမနေပါဘူး။ သူ့ခန္ဓာကိုယ်မှာ အစကလို စွမ်းအင်အမြောက်အများမရှိဘူး၊ အခုဆိုရင် ၎င်းရဲ့၂၀ရာခိုင်နှုန်းက ချက်ချင်း ပျက်ဆီးသွားခဲ့တယ်။

y!”

"မီးကြာပန်းကောင်းကင်ဘုံအဖွင့်"

လီဖူချန်းက ဖရိုဖရဲမီးတာအိုရင်းမြစ်အဆီအနှစ်ရှစ်ဆကို အသုံးပြုခဲ့ပြီး အလင်းနတ်ဘုရားအရှင်ကို တိုက်ခိုက်လိုက်တယ်။

"ဒီလို ဆက်ဖြစ်နေလို့ မရဘူး။ သူက ဖရိုဖရဲမီးကြာပန်းရဲ့စွမ်းအင်ကို ပိုပိုပြီးအသုံးပြုနေတာပဲ"

သူတို့လေးယောက်က အဆက်မပြတ်ပြန်ဆုတ်နေရပြီး သူတို့တစ်ယောက်ချင်းစီက သူတို့ရဲ့စွမ်းအားကို ပြင်းပြင်းထန်ထန်ကုန်ခန်းစေတယ်။ ဒီအတိုင်းသာ ဆက်သွားရင် သူတို့ကို လီဖူချန်းက သေချာပေါက် သတ်ဖြတ်သွားလိမ့်မယ်။

"တောက်၊ ဟာကွာ၊ ဟာကွာ...." မီးသူတော်ကောင်းနတ်ဘုရားအရှင်က သူ့ကိုယ်သူမထိန်းချုပ်နိုင်လောက်‌အောင် အလွန်ကသိကအောက်ဖြစ်နေတယ်။ သူက ဘာတစ်ခုမှ မရတဲ့အပြင် သူ့အသက်အမျှအားထားရာဖြစ်တဲ့မီးတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတစ်ခုကိုတောင် ဆုံးရှုံးခဲ့ရတယ်။ ဒါက သူ့အတွက် ကြီးမားတဲ့ထိုးနှက်မှုတစ်ခုပဲ။

"မီးကြာပန်းဖန်တီးခြင်း"

ဖရိုဖရဲမီးတာအိုရင်းမြစ်အဆီအနှစ်ဆယ်ဆက ဧရာမမီးကြာပန်းတစ်ခုအဖြစ် ပြောင်းသွားပြီး သူတို့လေးယောက်ကို ဝိုင်းရံလာတယ်။

"သွားကြစို့"

သူတို့လေးယောက်က ထပ်မနေရဲတော့ဘူး။ ပူးပေါင်းတိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ပြီးနောက် သူတို့က သနားစရာကောင်းစွာ ထွက်ခွာလာခဲ့ရတယ်။

"ဒါက တကယ်ကို အားစိုက်ရတာပဲ"

လီဖူချန်းအနေနဲ့ အလယ်ဆင့်စကြာဝဠာရတနာတစ်ခုရဲ့စွမ်းအားကို အသုံးပြုရတာ အတော်လေးအားသွန်ခွန်စိုက်လုပ်ရတယ်၊ အထူးသဖြင့် သူက ဖရိုဖရဲမီးတာအိုရင်းမြစ်အဆီအနှစ်တွေကို ပိုပြီးသုံးစွဲလာတဲ့နောက်ပိုင်းအခြေအနေတွေမှာပေါ့။

ဒါပေမယ့် အရာရာတိုင်းက ထိုက်တန်ပါတယ်။ အရှင်သတ်မှတ်ချက်မှာ လီဖူချန်းကသာ နတ်ဘုရားမျိုးနွယ်ရဲ့အရှင်လေးယောက်ကို အံတုနိုင်တဲ့တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်တယ်လေ။

ဖရိုဖရဲမီးကြာပန်းထုတ်ဖော်လိုက်ရတာနဲ့ပတ်သက်ပြီး‌တော့ ကိစ္စမရှိပါဘူး။ ဒါက အကျဉ်းအကျပ်အခြေအနေတစ်ခုဖြစ်ပြီး အရာရာတိုင်းမှာ စွန့်စားရတာအချို့တော့ ရှိမှာပါပဲ။

မူလဘူတမဟာခန်းမနဲ့ နီးကပ်လာတဲ့အခါ လီဖူချန်းက ပြိုင်ဘက်ကင်းအရှင်တွေကို ပိုပိုပြီးရင်ဆိုင်လာရတယ်။

မူလဘူတသော့မရှိတဲ့ပြိုင်ဘက်ကင်းအရှင်တွေနဲ့ရင်ဆိုင်ရတဲ့အခါ သူက ဂရုမစိုက်ပါဘူး။ ဒါပေမယ့် မူလဘူတသော့ရှိတဲ့ပြိုင်ဘက်ကင်းအရှင်တွေနဲ့ရင်ဆိုင်ရတဲ့အခါ အကြမ်းဖက်မှုကို မကျင့်သုံးခင် လီဖူချန်းက ငြိမ်းချမ်းတဲ့နည်းလမ်းတွေကိုပဲ အသုံးပြုလိမ့်မယ်။ သူတို့က ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတွေနဲ့လဲလှယ်ဖို့ဆန္ဒရှိရင် လီဖူချန်းက လဲလှယ်ပေးမှာပါ။ သူတို့က ဆန္ဒမရှိရင် လီဖူချန်းက လုယက်ရမှာပေါ့။

နှစ်ဒါဇင်အနည်းငယ်ကြာပြီးနောက် လီဖူချန်းမှာ မူလဘူတသော့စုစုပေါင်းခုနှစ်ချောင်းရှိလာတယ်။

ဒီနေ့မှာ လီဖူချန်းက မူလဘူတမဟာခန်းမကို မြင်လိုက်တယ်။

မူလဘူတမဟာခန်းမက အဆုံးမဲ့ရှေးဟောင်းချီတည်ရှိမှုတစ်ခုကို ထုတ်လွှတ်နေတယ်။ ၎င်းက စကြာဝဠာမွေးဖွားခဲ့ကတည်းက တည်ရှိလာသလို ခံစားရတယ်။

မူလဘူတမဟာခန်းမက ကျောက်တုံးတွေနဲ့ ပြုလုပ်ထားပြီး ၎င်းတို့က မူလဘူတေရှေးကျောက်တုံးဆိုတာကို လီဖူချန်းက အကြည့်တစ်ချက်နဲ့ မြင်နိုင်တယ်။ မူလဘူတရှေးကျောက်တုံးဘယ်လိုအပိုင်းအစတစ်ခုမဆို ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး မြေတာအိုကျင့်ကြံသူတွေအတွက် အကူအညီပေးတယ်။ မူလဘူတမဟာခန်းမတစ်ခုလုံးကို မူလဘူတရှေးကျောက်တုံးတွေနဲ့ တည်ဆောက်ထားပြီး ၎င်းရဲ့တန်ဖိုးက အဆင့်မြင့်စကြာဝဠာရတနာတွေထက် အများကြီးပိုမြင့်တယ်။ စကြာဝဠာရှိတန်ဖိုးအရှိဆုံးပစ္စည်းတွေကို အဆင့်စီရင် မူလဘူတမဟာခန်းမက သေချာပေါက် သူတို့ထဲကတစ်ခုဖြစ်လာပေလိမ့်မယ်။

"ဒီလိုခမ်းနားမှု"

လီဖူချန်းက အံ့အားသင့်စွာ ပြောလိုက်တယ်။

မူလဘူတမဟာခန်းမကို မဝင်ရောက်ခင် သူ့ခန္ဓာကိုယ်က နစ်မြုပ်သွားသလို လီဖူချန်းက ခံစားရတယ်။ မူလဘူတမဟာခန်းမက ရှေးကျတဲ့ချီတည်ရှိမှုတစ်ခုကို ထုတ်လွှတ်နေပြီး ၎င်းရဲ့အမျှင်တန်းတစ်ခုကတောင် ကြယ်တစ်လုံးကို ဖျက်ဆီးပစ်နိုင်သလို ခံစားရစေတယ်။

အဲဒါကို အသာထား၊ မူလဘူတမဟာခန်းမရဲ့အနီးနားမှာ စကြာဝဠာဥပဒေသရဲ့တည်ရှိမှုနဲ့စကြာဝဠာရင်းမြစ်ကို လီဖူချန်းက မခံစားရနိုင်ဘူး။  မူလဘူတမဟာခန်းမရဲ့အနီးနားမှာ သူ့ခွန်အားကို ပြန်ဖြည့်ဖို့က မဖြစ်နိုင်သလို သူ့ရဲ့တိုက်ခိုက်ရေးခွန်အားကို တိုးမြင့်ဖို့ စကြာဝဠာဥပဒေသကို အသုံးမပြုနိုင်ဘူး။ သူက သူ့ရဲ့ကိုယ်ပိုင်ခွန်‌အားပေါ်မှာသာ မှီခိုနိုင်တယ်။

"လူတွေ ဘယ်လောက်‌တောင်သေကြအုံးမလဲ"

လီဖူချန်းက သက်ပြင်းချကာ ညည်းတွားလိုက်တယ်။

တုံဆို့င်းမနေဘဲ လီဖူချန်းက သူ့ရဲ့ခြေလှမ်းတွေကို မြှင့်ကာ မူလဘူတခန်းမထဲကို ဝင်ရောက်လိုက်တော့တယ်။

All Chapters