← Chapters

ကြေးညိုနန်းတော်

Vol. 73 Ch. 1024

ကြေးညိုနန်းတော်

Vol. 73 Ch. 1024

"ထင်ထားတဲ့အတိုင်းပဲ"

လီဖူချန်း မူလဘူတခန်းမကို ဝင်လာတာနဲ့ အထဲရှိချီတည်ရှိမှုက အပြင်ဘက်ထက် အဆတစ်ရာပိုလေးလံတာကို သူက ခံစားမိတယ်။ စွမ်းအင်က အဆက်မပြတ်ကုန်ဆုံးနေတယ်။

"ရတနာမြစ်ဘိုးဘေး"

လီဖူချန်းက ရတနာမြစ်ဘိုးဘေးကို မြင်လိုက်သလို ရတနာမြစ်ဘိုးဘေးကလည်း လီဖူချန်းကို မြင်လိုက်တယ်။

"ထွက်ပြေးရမယ်"

ရတနာမြစ်ဘိုးဘေးက ချက်ချင်း ထွက်ပြေးဖို့ ရွေးချယ်လိုက်တယ်။

ရတနာမြစ်ဘိုးဘေးက အရှင်သတ်မှတ်ချက်မှာ မနိမ့်ကျဘူး၊ ပြောင်မြောက်တဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်လို့ ဆိုနိုင်ပေမယ့် သူက အဆင့်၇လီဖူချန်းထက် အများကြီးနိမ့်ကျတယ်။

"ဘယ်လိုအားကောင်းတဲ့မူလဘူတချီတည်ရှိမှုလဲ၊ မူလဘူတငွေသော့များလား"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်၊ သူ့မှာ မူလဘူတကြေးညိုသော့ခုနှစ်ချောင်းရှိပေမယ့် မူလဘူတငွေသော့တစ်ချောင်း‌တောင် မရှိပါဘူး။

ဝှစ်......

လီဖူချန်းက သူ့နောက်လိုက်သွားတယ်။

"မူလအဆုံးစွန်းအရှင်၊ မင်းနဲ့ငါတို့ရဲ့ကြယ်ပိုင်နက်တွေက ကပ်လျက်ပဲလေ၊ မင်း ငါ့ကို ဒီတစ်ကြိမ်လွှတ်ပေးနိုင်မလား" ရတနာမြစ်ဘိုးဘေးက ပြောလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"ငါ မင်းကို လွှတ်ပေးရင်တောင် မင်း မူလဘူတငွေသော့ကို မသိမ်းနိုင်ဘူး။ ဒီလိုလုပ်ပါလား၊ ငါ မင်းရဲ့မူလဘူတငွေသော့အတွက် မူလဘူတကြေးညိုသော့နှစ်ချောင်း ပေးမယ်"

"ဒါ မဖြစ်နိုင်ဘူး"

ရတနာမြစ်ဘိုးဘေးက ချက်ချင်း ငြင်းပယ်လိုက်တယ်။

"ဒါဆိုလဲ ငါဘာလုပ်နိုင်သလဲကို ကြည့်လိုက်ပေါ့"

သူ မရောက်ခင်ကတည်းက လီဖူချန်းရဲ့ဓားတာအိုစကြာဝဠာက ရတနာမြစ်ဘိုးဘေးကို ဝန်းရံထားပြီဖြစ်တယ်။

အစက မူလဘူတခန်းမမှာ စကြာဝဠာဥပဒေသတစ်ခုမှ မရှိပေမယ့် ဓားတာအိုစကြာဝဠာရဲ့ကန့်သတ်မှုနဲ့အတူ ရတနာမြစ်ဘိုးဘေးရဲ့အရှိန်က ပိုနှေးလာတယ်။

"ဓားပိတ်လှောင်ခြင်းစကြာဝဠာ"

အခွင့်အရေးကို အမိအရယူလျက် လီဖူချန်းက ဓားပိတ်လှောင်ခြင်းစကြာဝဠာလျှို့ဝှက်နည်းစနစ်ကို အသက်သွင်းကာ ရတနာမြစ်ဘိုးဘေးကို ပိတ်ထားလိုက်တယ်။

"မူလအဆုံးစွန်းအရှင်၊ အရမ်းအနိုင်မကျင့်နဲ့နော်" ရတနာမြစ်ဘိုးဘေးရဲ့မျက်နှာက မည်းမှောင်နေတော့တယ်။

လီဖူချန်းက ပြောလိုက်တယ်"မူလဘူတမြေပြင်က ကံကြမ္မာအခွင့်အလမ်းတွေအတွက် ယှဉ်ပြိုင်တဲ့နေရာတစ်ခုပဲ။ ဒါကို အနိုင်ကျင့်တယ်လို့ ပြောလို့မရဘူး" လီဖူချန်းက အရူးတစ်ယောက်မဟုတ်ဘူး။ သူက အပြင်ကမ္ဘာမှာ အခြားသူတွေကို ပြင်းပြင်းထန်ထန်မစော်ကားဖို့ အာမခံနိုင်ပေမယ့် မူလဘူတမြေပြင်မှာ သူက အခြားသူတွေကို မသတ်ဖို့ပဲ အာမခံနိုင်တယ်။

"ရတနာသဲမြစ်တစ်သောင်း"

ရတနာမြစ်ဘိုးဘေးရဲ့ခွန်အားက ဒုတိယဖြစ်တယ်။ သူ့ရဲ့အစစ်အမှန်ဝှက်ဖဲက အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုဖြစ်တဲ့ရတနာသဲမြစ်တစ်သောင်းပါပဲ။

ဒီအဆင့်နိမ့်စကြာဝဠာရတနာက သူ့အတွက် အလွန်သင့်တော်တယ်။ အတူတကွအသုံးပြုလိုက်တဲ့အခါ သူက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်နဲ့တောင် ယှဉ်ပြိုင်နိုင်တယ်။

မူလဘူတခန်းမမှာ ရောင်စုံမြစ်က မူလဘူတဘိုးဘေးကို ကာကွယ်ပြီး သူ့ကို ဓားတာအိုစကြာဝဠာရဲ့ဖိအားအောက်မှ သီးခြားဖြစ်စေလိုက်တယ်။

"ရတနာကောင်းပဲ"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ ရတနာသဲမြစ်တစ်သောင်းက တိုက်စစ်ရောခံစစ်ရောနှစ်ခုလုံးရှိတဲ့အဆင့်နိမ့်စကြာဝဠာရတနာအမျိုးအစားတစ်ခုဖြစ်တယ်။

"မူလပြန်သွားဓားပြောင်းလဲခြင်း"

လီဖူချန်းက သူ့ရဲ့သတ်ဖြတ်ကွက်ကို အသက်သွင်းကာ ရတနာသဲမြစ်တစ်သောင်းကို ခုတ်ပိုင်းလိုက်တယ်။

ဝုန်း ဝုန်း ဝုန်း......

ရတနာသဲမြစ်တစ်သောင်းက အဆုံးမဲ့သဲပွင့်တွေပမာ ဖြာထွက်နေတယ်။ ၎င်းက အရောင်လက်နေတဲ့မြစ်တစ်စင်းနဲ့တူတယ်။ လီဖူချန်းရဲ့တိုက်ခိုက်မှုက ၎င်းအပေါ် ကျရောက်သွားတဲ့အခါ သူတို့က တစ်လွှာပြီးတစ်လွှာအားနည်းလာတယ်။ နောက်ဆုံးမှာ ၎င်းက ရတနာမြစ်ဘိုးဘေးကို အနည်းငယ်သာ သက်ရောက်ခဲ့တယ်။

"မူလအဆုံးစွန်းအရှင်၊ အရှုံးပေးလိုက်တော့။ ရတနာသဲမြစ်တစ်သောင်းနဲ့ဆိုရင် မင်းကို ဒဏ်ရာမရစေနိုင်ဘူး" ရတနာမြစ်ဘိုးဘေးရဲ့အမူအရာက နှိမ့်ချသလိုရှိပေမယ့် တကယ်တော့ လှောင်ပြောင်တဲ့အရိပ်အငွေ့တစ်ခုက ပါဝင်နေတာပဲ။

"တကယ်လား"

လီဖူချန်းက အနန္တဓားခန္ဓာကိုယ်ကို အသက်သွင်းကာ ခွန်အားအဆနှစ်ဆယ်ပေါက်ကွဲထွက်စေလိုက်တယ်။

ဝုန်း......

ဒီတစ်ကြိမ်မှာ လီဖူချန်းက ရတနာသဲမြစ်တစ်သောင်းကို ခွဲဖြတ်သွားပြီး  ရတနာမြစ်ဘိုးဘေး‌ကို ခုတ်ပိုင်းလိုက်တယ်။

ဒါပေမယ့် ရတနာမြစ်ဘိုးဘေးဝတ်ဆင်ထားတဲ့ဝတ်စုံက ထူးကဲအဆင့်ချပ်ဝတ်မှန်း သိသာတယ်။ အားအများစုကို စုပ်ယူပြီးနောက် ရတနာမြစ်ဘိုးဘေးကို ‌သွေးတစ်ပွက်သာ အန်စေနိုင်ခဲ့တယ်။

"သူ ငါ့ရဲ့ရတနာသဲမြစ်တစ်သောင်းကို တကယ်ချိုးဖြတ်ခဲ့တာပဲ*

ရတနာမြစ်ဘိုးဘေးက နောက်သို့ ဆုတ်နေတယ်။

ဝုန်း ဝုန်း ဝုန်း......

လီဖူချန်းက  ရတနာမြစ်ဘိုးဘေးဆီ ဓားချက်သောင်းကျော် တရစပ်ခုတ်ပိုင်းလိုက်တယ်။

ရတနာမြစ်ဘိုးဘေးရဲ့ချီတည်ရှိမှုက အားနည်းလာပေမယ့် သေဖို့တော့ အဝေးကြီးလိုပါသေးတယ်။

"မူးလအဆုံးစွန်းအရှင်၊ ဘာလို့ ငါ အပေါ်မှာပဲ အချိန်ဖြန်းနေတာလဲ။ မူလဘူတသော့ရှိတာ ငါတစ်ယောက်တည်းမဟုတ်ဘူးလေ"ရတနာမြစ်ဘိုးဘေးက အတော်လေးယုံကြည်ချက်ရှိတယ်။ လီဖူချန်းရဲ့သတ်ဖြတ်ကွက်ကို ရတနာသဲမြစ်တစ်သောင်းနဲ့နှင်းငှက်မွေးချပ်ဝတ်က ပျက်ပြယ်စေပြီးနောက် သူ့ခန္ဓာကိုယ်အပေါ်အမှန်တကယ်ကျရောက်လာတဲ့အားက သိပ်မများပါဘူး။ ဓားချက်တစ်သောင်းမဆိုနဲ့၊ ဓားချက်တစ်သန်းကိုတောင် သူက ရင်ဆိုင်နိုင်တယ်။ ဒါပေမယ့် ဓားချက်တစ်သန်းကိုထုတ်ဖော်တဲ့လီဖူချန်းလည်း အဆင်ပြေမှာမဟုတ်ဘူး၊ မူလဘူတခန်းမထဲမှာ သူ့ခွန်အားကိုဖြည့်နိုင်တဲ့နည်းလမ်းမရှိဘူးလေ။

"ဒါပေမယ့် မင်းတစ်ယောက်ကပဲ မူလဘူတငွေသော့ရှိတာလေ။ ရတနာမြစ်ဘိုးဘေး၊ ဖရိုဖရဲမီးကြာပန်းရဲ့စွမ်းအားကို ရင်ဆိုင်စမ်း" လီဖူချန်းက ဖရိုဖရဲမီးကြာပန်းကို ယူထုတ်ပြီး ဖရိုဖရဲမီးတာအိုရင်းမြစ်အဆီအနှစ်ကို အသက်သွင်းကာ ရတနာမြစ်ဘိုးဘေးထံ မီးကြာပန်းတစ်ခုကို ထုတ်ဖော်လိုက်တယ်။

အုန်း......အုန်း......

ck.

ရတနာသဲမြစ်တစ်သောင်းက ပေါက်ကွဲသွားပြီး ရတနာမြစ်ဘိုးဘေးရဲ့ခန္ဓာကိုယ်က တူးခြစ်သွားတယ်။

"အလယ်ဆင့်စကြာဝဠာရတနာဖရိုဖရဲမီးကြာပန်းလား"

ရတနာမြစ်ဘိုးဘေးက တုန်လှုပ်ချောက်ခြားသွားတယ်။

him.

ဖရိုဖရဲမီးကြာပန်းနဲ့ဆိုရင် လီဖူချန်းက သူ့ကို သတ်ဖို့ တိုက်ကွက်တစ်သောင်းသာ လိုတယ်။

"မီးကြာပန်းသုတ်သင်ခြင်း"

"မီးကြာပန်းနဂါးအက"

လီဖူချန်းက မီးကြာပန်းကောင်းကင်ဘုံအဖွင့်ကိုတောင် မထုတ်ဖော်ရသေးပါဘူး။ ရတနာမြစ်ဘိုးဘေးက ကြောက်ရွံ့သွားတယ်။ မီးကြာပန်းကောင်းကင်ဘုံအဖွင့်နဲ့ ရင်ဆိုင်ရရင် သူက တိုက်ကွက်တစ်ထောင်ကျော်သာ ခုခံနိုင်လိမ့်မယ်။

"မူလအဆုံးစွန်းအရှင်၊ ငါ မူလဘူတကြေးညိုသော့နှစ်ချောင်းနဲ့ ဖလှယ်ဖို့ ကတိ‌ပေးတယ်" ရတနာမြစ်ဘိုးဘေးက အံ့ကြိတ်ကာ ပြောလိုက်တယ်။ တစ်နေ့မှာ လီဖူချန်းက သူ့ကို ဆယ်ဆပြန်ပေးရမယ်လို့ သူက ကျိန်ဆိုခဲ့တယ်။

"ငါ့စိတ်ပြောင်းသွားပြီ၊ ငါ မူလဘူတကြေးညိုသော့တစ်ချောင်းပဲ ပေးနိုင်တော့မယ်"

"မင်း တရားမလွန်လာနဲ့နော်"

ရတနာမြစ်ဘိုးဘေးက ဒေါသတကြီးအော်လိုက်တယ်။

"မင်းကို သတ်လိုက်ရင် ငါ မူလဘူတကြေးညိုသော့တစ်ချောင်းတောင် ပေးဖို့မလို‌တော့ဘူး" လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်။

"မူလဘူတကြေးညိုသော့တစ်ချောင်းနဲ့ ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းဆယ်ခု"

ရတနာမြစ်ဘိုးဘေးက ထပ်ပြီးဈေးဆစ်ချင်နေခဲ့တယ်။

"အခု ငါ့စိတ် ထပ်ပြောင်းသွားပြီ၊ ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းဆယ်ခု"

လီဖူချန်းက တစ်ဖက်လူကို အခွင့်အရေးတစ်ခုပေးခဲ့ပေမယ့် ကံမကောင်းစွာနဲ့ တစ်ဖက်လူက တစ်ကြိမ်ပြီးတစ်ကြိမ် ငြင်းပယ်နေခဲ့တာပဲ။

"ဒါဆိုလဲ ငါ နေရာလပ်လက်စွပ်ကို ဖျက်ဆီးလိုက်မယ်၊ တစ်ယောက်မှ မူလဘူတငွေသော့ကို မရစေရဘူး" ရတနာမြစ်ဘိုးဘေးက ခြိမ်းခြောက်လိုက်တယ်။

လီဖူချန်းက ရယ်ကာ ပြောလိုက်တယ်"ငါ မသိဘူးလို့ မင်းထင်နေတာလား။ မူလဘူတမဟာခန်းမက အပြင်ကမ္ဘာနဲ့ သီးခြားထားတာပဲ။ မင်း နေရာလပ်လက်စွပ်ကို ဖျက်ဆီးရင်တောင် အထဲရှိပစ္စည်းတွေသာ ထွက်ပေါ်လာမှာ။ သူတို့က နေရာလပ်-အချိန်ဖရိုဖရဲစီးကြောင်းထဲကို ပြန့်ကျဲသွားမှာမဟုတ်ဘူး"

မူလဘူတမဟာခန်းမမှာ စကြာဝဠာဥပဒေသဒါမှမဟုတ်စကြာဝဠာရင်းမြစ်မရှိဘူး။ ၎င်းက အပြင်ကမ္ဘာနဲ့ လုံးဝမချိတ်ဆက်ထားဘူး။

"မင်း"

ရတနာမြစ်ဘိုးဘေးက စိတ်ထဲမှာ လီဖူချန်းရဲ့‌မျိုးဆက်ဆယ့်ရှစ်ဆက်အထိ ကျိန်ဆဲလိုက်တယ်။

.

"ဒါဆိုလဲ ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းဆယ်ခုပေါ့" ရတနာမြစ်ဘိုးဘေးက တစ်လုံးချင်းစီ ပြောလိုက်တယ်။

"ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းသုံးခု"

လီဖူချန်းက ဈေးမဆစ်ချင်ပေမယ့် တစ်ဖက်လူက သူ့ကို ဈေးဆစ်ချင်နေတာလေ။

"အဲဒါပဲပေးတော့"

ရတနာမြစ်ဘိုးဘေးက လီဖူချန်းရဲ့စရိုက်ကို သိလိုက်တယ်။ သူ ဘာမှထပ်မပြော‌တော့ပါဘူး။ သူက ပိုဈေးဆစ်လေ၊ သူရမယ့်တန်ဖိုးက ပိုနိမ့်ကျလေဖြစ်တယ်။

"မင်း အစောကတည်းက အဲလိုလုပ်ရင် ပြီးနေတာကို"

မူလဘူတ‌ငွေသော့ကို ယူပြီးနောက် လီဖူချန်းက ရတနာမြစ်ဘိုးဘေးထံ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းသုံးခုကို ပစ်ပေးလိုက်တယ်။

"မင်း ငါ့ကို အခုထွက်ခွာခွင့်ပြုနိုင်မလား"

ရတနာမြစ်ဘိုးဘေးက ခံစားချက်မဲ့စွာ ပြောလိုက်တယ်။

လီဖူချန်းက ဓားတာအိုစကြာဝဠာနဲ့ဓားပိတ်လှောင်ခြင်းကမ္ဘာကို ရုတ်သိမ်းလိုက်တယ်။

"မူလအဆုံးစွန်းအရှင်၊ ဒီနေ့အရှက်ရမှုအတွက် ငါ မင်းကို မနက်ဖြန် ပြန်ပေးဆပ်စေရမယ်"  မူလဘူတခန်းမရဲ့ဝင်ပေါက်ကို လျှောက်သွားပြီးနောက် ရတနာမြစ်ဘိုးဘေးက ပြန်လှည့်ကာ လီဖူချန်းကို ခါးသီးစွာ ကြည့်လိုက်တယ်။

"အမြဲတမ်းကြိုဆိုလျက်ပါပဲ၊ ‌ဒါပေမယ့် နောက်တစ်ကြိမ်ပြန်တွေ့ရင် ငါ မင်းကို သတ်မှာနော်" လီဖူချန်းက ရတနာမြစ်ဘိုးဘေးရဲ့ခြိမ်းခြောက်မှုကို စိတ်ထဲတောင် မထည့်ပါဘူး။

……

မူခဘူတမဟာခန်းမက အလွန်ကြီးမားတယ်။ ၎င်းကို မဟာခန်းမတစ်ခုလို့ခေါ်ပေမယ့် အချက်အလက်အရ ၎င်းက နန်းတော်တစ်ခုနဲ့တူတယ်။ အရှေ့ခန်းမတစ်ခု၊ ဘေးခန်းမတွေနဲ့ မဟာခန်းမမျိုးစုံရှိတယ်။ ဘယ်မဟာခန်းမတွေမှာ စကြာဝဠာရတနာတွေရှိသလဲကိုတော့ လီဖူချန်းက မသိဘူး။

အရှေ့ခန်းမထဲမှာ လူတွေတစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာတယ်။

သူတို့အထဲမှာ ဂိုဏ်းကြီးကိုးဂိုဏ်းရဲ့အဖွဲ့ဝင်တွေပါတယ်။

"မူလအဆုံးစွန်းအရှင်မှာ မူလဘူတကြေးညိုသော့ခုနှစ်ချောင်းနဲ့မူလဘူတငွေသော့တစ်ချောင်းရှိတာ မင်းကြားပြီးပြီလား"

"ဟုတ်တယ်၊ ငါလဲ ကြားတယ်"

"ဒါ သတင်းအမှား‌တော့ မဖြစ်နိုင်ဘူး။ ဒါ မှန်လား မှားလားကို ငါတို့တွေ သူနဲ့ နီးကပ်တဲ့အခါကျရင် သိနိုင်မှာပါ"

ဂိုဏ်းကြီးကိုးဂိုဏ်းက မူလဘူတကြေးညိုသော့တစ်ချောင်းဒါမှမဟုတ်နှစ်ချောင်းကို ရရှိထားပြီး အခြားမူလဘူတသော့တွေရဲ့ချီတည်ရှိမှုကို အာရုံခံနိုင်မှာပါ။

"သွားကြစို့၊ မူလအဆုံးစွန်းအရှင်‌နောက်ကို လိုက်ကြစို့။ သူတစ်‌ယောက်တည်းက ဒီလောက်များတဲ့မူလူဘူတသော့တွေ ပိုင်ဆိုင်ထားတာ မဖြစ်သင့်ဘူး"

"မူလဘူတမဟာခန်းမထဲမှာ စကြာဝဠာရတနာတွေကို သိုလှောင်တဲ့မဟာခန်းမသုံးခုပဲ ရှိတာ။ အဲနေရာတွေကို သွားပြီး သူ့ကို တားကြမယ်"

တစ်ယောက်မှ လီဖူချန်းကို မကြောက်ဘူး။ လီဖူချန်းက အရှင်သတ်မှတ်ချက်ရဲ့အဆင့်၇ဆို‌တော့ရော ဘာဖြစ်လဲ။ သူတို့အထဲမှာ ထိပ်တန်းအဆင့်ကျွမ်းကျင်သူတွေအများကြီးရှိတယ်။ သူတို့က အတူတကွအလုပ်လုပ်ရင် တစ်ယောက်မှ သူတို့ကို တားဆီးနိုင်မှာမဟုတ်ဘူး။

"မူလအဆုံးစွန်းအရှင်မှာ မူလဘူတသော့ရှစ်ချောင်းရှိပြီး တစ်ခုက မူလဘူတငွေ့သော့တဲ့လား"

မူလဘူတမဟာခန်းမကို ဝင်ရောက်လာတဲ့ထိုက်ချိဓားဘိုးဘေးနဲ့အခြားသူတွေက ထိတ်လန့်သွားတယ်။ သူတို့ ဒီလောက်ကြိုးကြိုးစားစားအားထုတ်ခဲ့တာတောင် မူလဘူတသော့တစ်ချောင်းပဲ ရရှိခဲ့တာလေ။

"သတင်းတွေက ရတနာမြစ်ဘိုးဘေးဆီက လာတာပဲ"

ထိုက်ချိဓားဘိုးဘေးရဲ့ဘေးနားရှိဓားသမားအစည်းအရုံးရဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က ပြောလိုက်တယ်။

"ဘယ်လိုပဲပြောပြော၊ မူလအဆုံးစွန်းအရှင်က ငါတို့ဓားသမားအစည်းအရုံးကပဲ။ ဓားမော့မဟာမိတ်ကို တိတ်တဆိတ်ဆက်သွယ်ပြီး မူလအဆုံးစွန်းအရှင်ရဲ့ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ ဆွေးနွေးကြတာပေါ့" အရိုးသားဆုံးပြောရရင် ဓားသမားအစည်းအရုံးအနေနဲ့ ဒီလောက်များတဲ့သူတွေကို ရပ်တန့်ချင်တယ်ဆိုတာက သေခြင်းနေတာလို့ဆိုလိုတယ်။ ထိုက်ချိဓားဘိုးဘေးကတောင် သူ့ကိုယ်သူကာကွယ်နိုင်မှာမဟုတ်ဘူး၊ အခြားအဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ရပါမယ်။

"ဒါ အဆင်မပြေရင် မူလအဆုံးစွန်းအရှင်ကို မူလဘူတသော့အချို့ အဆုံးရှုံးခံဖို့ ပြောကြည့်တာပေါ့"

"ဟုတ်တယ်၊ ဘယ်သူကိုမှ ရန်မစတာ ပိုကောင်းတယ်။ မူလဘူတသော့တွေ အများကြီးရှိလွန်းတာက ကပ်ဘေးတစ်ခုပါပဲ"

……

မူလဘူတမဟာခန်းမရဲ့အပြင်ဘက်မှာ။

"လူတိုင်းက မင်းရဲ့သတင်းတွေကို  သိနေကြပြီ။ မင်း ဘယ်လိုအသက်ရှင်မလဲ ငါ မြင်ချင်မိပါရဲ့" ရတနာမြစ်ဘိုးဘေးက နှာခေါင်းရှုံ့လိုက်တယ်။

သူ၊ ရတနာမြစ်ဘိုးဘေးက အဲဒါကို မရနိုင်ရင် တစ်ယောက်မှ အဲဒါကို မရစေရဘူး။

"မူလဘူတသော့ကို တွေ့လိုတွေ့ငြား ငါ ထပ်ရှာကြည့်လိုက်အုံးမယ်"

မူလဘူတသော့အများစုက စကြာဝဠာအနှံ့အပြားမှာ ပျံ့နှံ့နေတယ်ဆိုပေမယ့် တကယ်တော့ မူလဘူတမြေပြင်မှာ မူလဘူတသော့အများအပြားက ပျံ့နှံ့နေတာပဲ။ တစ်ယောက်ယောက်က ကံကောင်းရင် မူလဘူတငွေသော့ကို တွေ့ရှိနိုင်လိမ့်မယ်။

……

အဝေးမှ လီဖူချန်းက မဟာခန်းမတစ်ခုကို မြင်လိုက်ပြီး ခန်းမရဲ့ဆိုင်းဘုတ်မှာ 'ကြေးညိုရတနာခန်းမ'ဆိုပြီး ရေးသားထားတယ်။

"ကြည့်ရတာ ဒီကြေးညိုရတနာခန်းမမှာ အဆင့်နိမ့်စကြာဝဠာရတနာတွေရှိပုံပဲ"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားပြီး သူက ဝင်လာတယ်။

ကြေးညိုရတနာခန်းမထဲမှာ အခန်းတွေနဲ့ ပြည့်ကျပ်နေတယ်။ အခန်းတိုင်းက ထပ်တူညီပြီး ခြားနားချက်တွေ တစ်ခုမှမရှိဘူး။

အသက်ကို ရှုထုတ်လျက် လီဖူချန်းက သူနဲ့အနီးကပ်ဆုံးဖြစ်တဲ့အခန်းရှိရာဆီ‌ လျှောက်လာတယ်။

မူလဘူသကြေးညိုသော့ကို ယူထုတ်ပြီး လီဖူချန်းက ၎င်းကို အခန်းရဲ့သော့ပေါက်ထဲသို့ ထိုးသွင်းလိုက်တယ်။

ဖြောက်......

မူလဘူတကြေးညိုသော့က အထဲသို့ ကျသွားတယ်။ တစ်ချိန်တည်းမှာပဲ အခန်းတံခါးက ပွင့်သွားတယ်။ အထဲမှာ ကျောက်တုံးစင်မြင့်တစ်ခုရှိပြီး စင်မြင့်ပေါ်မှာ မီးခိုးရောင်ချိတ်ပိတ်တစ်ခုရှိတယ်။

"မြေကျောက်တုံးချိတ်ပိတ်"

သူ မီးခိုးရောင်ချိတ်ပိတ်ကို ကိုင်လိုက်တဲ့အချိန်မှာ လီဖူချန်းက ၎င်းရဲ့နာမည်ကို သိလိုက်တယ်။

ဒါက အဆင့်နိမ်မြေတာအိုစကြာဝဠာရတနာတစ်ခုဖြစ်ပြီး အားကောင်းတဲ့ဖရိုဖရဲမြေတာအိုရင်းမြစ်အဆီအနှစ်ပါဝင်တယ်။ ၎င်းရဲ့လုပ်ဆောင်မှုတွေအတွက်တော့ လီဖူချန်းက ဖြည်းဖြည်းချင်းလေ့လာရပါမယ်။

ဒုတိယမြောက်အခန်းတံခါးကို ဖွင့်ပြီးနောက် လီဖူချန်းက ရေဘောလုံးတစ်လုံးကို ရရှိခဲ့တယ်။ ဒီရေဘောလုံးက ဖရိုဖရဲစစ်မှန်ရေလို့ခေါ်ပြီး အဆင့်နိမ့်ရေတာအိုစကြာဝဠာရတနာတစ်ခုဖြစ်တယ်။

တတိယမြောက်အခန်းမှာ သွေးအရိပ်အယောင်စွန်းထင်နေတဲ့သစ်သားအပိုင်းအစတစ်ခုရှိတယ်။

"ကမ္ဘာသစ်သားလား"

လီဖူချန်းက အံ့အားသင့်သွားတယ်။ ဒါက ကမ္ဘာသစ်ပင်ရဲ့အပိုင်းအစတစ်ခုပါပဲ။

ဒီမူလဘူတမဟာခန်းမက စကြာဝဠာရတနာတွေကို အလိုအလျောက်စု‌ဆောင်နိုင်တာများလား။ တကယ်တော့ ကမ္ဘာသစ်ပင်ပျက်ဆီးသွားတဲ့အချိန်မှာ မူလဘူတမဟာခန်းမ တည်ရှိနေတာ ကြာပါပြီ။

"ပစ္စည်းကောင်းပဲဟေ့"

အသက်သစ်ပင်က အသက်စွမ်းအားကြွယ်ဝတဲ့စကြာဝဠာရတနာတွေ ကင်းမဲ့နေတာလေ။ ဒီအဆင့်နိမ့်စကြာဝဠာရတနာနဲ့ဆိုရင် ၎င်းက ဘယ်လောက်ကြီးထွားလာမလဲကို မသိပါဘူး။

စတုတ္ထခန်းမမှာ အနက်ရောင်ပုလဲတစ်လုံးရှိတယ်။

"ဒါ အမှောင်စိတ်ဝိညာဉ်ပုလဲပဲ၊ သမန်းဝံပုလွေလီဖူချန်းအတွက် အံကိုက်ပဲဟေ့"

အမှောင်စိတ်ဝိညာဉ်ပုလဲမှာ ရှေးဦးမူလဖရိုဖရဲအမှောင်ရင်းမြစ်အဆီအနှစ်ပါဝင်တယ်။

All Chapters