← Chapters

ငါမင်းကို ညီအကိုလို ဆက်ဆံတယ်...

Vol. 6 Ch. 76

ငါမင်းကို ညီအကိုလို ဆက်ဆံတယ်...

Vol. 6 Ch. 76

ဖြားယောင်းခြင်း... ပုံရိပ်ယောင်နှင့် ဖျက်ဆီးခြင်း တို့အား စိတ်ထိန်းချုပ်ခြင်း၏ အခြေခံဟု သုံးနှုန်းသော်လည်း ထိုသည်တို့သည် ခိုင်မာသည့် အခြေခံအုတ်မြစ်များဖြစ်ကြသည် ။

လင်းမို့ လေ့လာပြီးလျှင် အလွန်ထိတ်လန့်သွား၏ ။ အလွန်ရှုပ်ထွေးလှပေသည် ။

' စိတ်စွမ်းအားကို ဒီလိုအသုံးပြုနိုင်အောင် ဘယ်သူထွင်ခဲ့တာလဲ... လူမှဟုတ်ရဲ့လား...'

' ယန်ယီမိုရဲ့ ခေါင်းသေးသေးလေးထဲမှာ ဒီလောက်ရှုပ်ထွေးတာတွေကို ဘယ်လိုထည့်ထားတာလဲ...'

လင်းမို့သည် ထိုလျို့ဝှက်စွမ်းရည် သုံးခုအား ကြည့်လေ အထင်ကြီးလေပင် ။ သူ၏ အရင်ဘဝက အဆင့်မြင့်သချ်ာ ထက်ပင် အဆ၁၀၀ လောက် ရှုပ်ထွေးပေသည် ။

ကံကောင်းစွာဖြင့် ယန်ယီမိုက သူ့အတွက် ဖြေရှင်းပေးခဲ့သည် ။

ဆိုရိုးစကားအတိုင်းပင် အသက်ကြီးသူများက သစ်ပင်စိုက်ကြပြီး နောက်မျိုးဆက်များက အရပ်ကို ခိုကြသည် ။ ယန်ယီမိုက သူ၏ သစ်ပင်ကြီးပင် ။ အရိပ်အောက်တွင် သူအိပ်ရမည် ။

သို့သော် လင်းမို့သည် စိတ်ကြီးဝင်၍ မဖြစ်မှန်း သိလိုက်သည် ။

' ငါ အခုမှ အခြေခံကို သင်ရပြီး တံခါးဝပဲရှိသေးတယ်... အဆုံးထိအောင်မြင်ဖို့ဆိုတာ အဝေးကြီး လျောက်ရအုံးမယ်... ယန်ယီမို အနားရှိတုန်း သူ့ဆီက ရသလောက်ယူရမယ်... '

စိတ်ထိန်းချုပ်သူများက ရှားပါးလွန်းသဖြင့် တွေ့ရန် မလွက်ကူပေ ။ သူခြောက်သည်အထိ မညှစ်ရလျှင် ဘုရားပေးသော အခွင့်အရေးကို ဖြုန်းတီးသလိုဖြစ်သွားပေမည် ။

လင်းမို့ ဆုံးဖြတ်လိုက်လေပြီ ။ အရင်ဆုံး စိတ်ထိန်းချုပ်သူ၏ စွမ်းအားကို သူစမ်းကြည့်ရမည် ။

ထိုသည်ကို စဥ်းစားပြီးနောက် လင်းမို့သည် သူ၏ ညီအကိုကောင်းဖြစ်သူ ဟောက်ရန်အား လှည့်ကြည့်လိုက်၏ ။

" ဟောက်ရန်... "

လင်းမို့က ရုတ်တရပ် ခေါ်လိုက်သည် ။

" ဘာလဲ အကိုမို့... "

ဟောက်ရန်က သူ စမ်းသပ်ခံ ကြွက် ဖြစ်သွားမှန်း မသိလိုက် ။

" မင်းထိပ်တန်း တက္ကသိုလ်ဝင်ခွင့်ရထားတယ်မလား..."

လင်းမို့က အပြစ်ကင်းဟန်ဖြင့် ပြုံးလိုက်ပြီး...

" မင်းအတွက် ဝင်ခွင့်ထောက်ခံပေးတဲ့ ဦးလေးလင်းကို ဘာပြောချင်လဲ... "

ထိုအချိန် လင်းမို့သည် ဖြားယောင်းခြင်းကို ဟောက်ရန်၏ အပေါ်တွင် သုံးလိုက်၏ ။

ဟောက်ရန်က မေးခွန်းကို ကြားလျှင် ဘာပြန်ဖြေရမှန်း စဥ်းစားနေစဥ် ဖြားယောင်းခြင်းကြောင့် မျက်လုံးများက တောက်ပလာပြီး...

" ဦးလေးလင်းက ငါ့အပေါ်ကောင်းလွန်းတယ်... "

ဟောက်ရန်၏ မျက်လုံးများက ကြောင်တောင်တောင်ဖြစ်နေသော်လည်း အသံကလေးနက်လာသည် ။ အထူးသဖြင့် ဦးလေးဟု ခေါ်သည့်အသံမှာ ရိုသေလေးစားဟန်အပြည့်ဖြင့်ပင် ။

ဖြားယောင်းခြင်း၏ ဆွဲဆောင်မှုကြောင့် ဟောက်ရန်က ဟန်မဆောင်ပဲ စိတ်ထဲရှိသည့်အတိုင်းပြောခြင်းဖြစ်သည် ။

" ငါ အသက်ရှင်လာတာ ၁၈ နှစ်ရှိပြီ... ဘယ်သူမှ ငါ့အပေါ်မှာ ဦးလေးလင်းလောက် မကောင်းဘူး..."

" ဦးလေးလင်းက ငါ့ကို ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် ထောက်ခံပေးခဲ့တယ်... ဦးလေးလင်းက ငါ့ကို ပျင်းခွင့်ပေးပြီး ပင်ပင်ပန်းပန်းကြိုးစားနေရတဲ့ ဘဝကနေ ကယ်ခဲ့တယ်... "

" ငါ့အဖေတောင် ဦးလေးလင်းလောက် မကောင်းဘူး... ဦးလေးလင်းက ငါ့အဖေထက်ပိုကောင်းတယ်... "

" မင်းမေးသလို ဦးလေးလင်းကို ငါဘာပြောချင်လဲဆိုရင်... ငါသူ့ကို ဦးလေးလင်းလို့မခေါ်ချင်ဘူး... ဖေဖေလင်း လို့ပဲ ခေါ်ချင်တယ်... "

' ဖေဖေလင်း....'

' ဘန်း...'

လင်းမို့ အလွန်ထိတ်လန့်သွားသဖြင့် ဖြားယောင်းခြင်းကို ဆက်မထိန်းထားနိုင်လိုက်ချေ ။ ယခုအချိန် လင်းမို့သည် ဟောက်ရန်၏ ကော်လံကိုဆွဲ၍ မေးလိုက်ချင်၏ ။

' ငါမင်းကို ညီအကိုလို ဆက်ဆံတာကို မင်းက အဖေလို့ လာခေါ်နေတာလား... '

လင်းမို့ ဟောက်ရန်အား ထိန်းချုပ်ထားသည်ကို ဖြေလိုက်၏ ။ ဆက်မေးနေလျှင် အဓိပ္ပါယ် မရှိသည့်စကားများသာ ထွက်လာပေတော့မည် ။

" ငါ ဘာဖြစ်သွားတာလဲ..."

ဟောက်ရန် က သူပြောလိုက်စကားများကို ရှင်းရှင်းလင်းလင်း မှတ်မိသည် ။

' ငါဘာလို့ အကုန်ထုတ်ပြောနေတာလဲ...'

ဟောက်ရန်သည် အရေထူသော်လည်း ထိုမျှ ရှက်စရာကောင်းသည့် စကားများ ပြောမိလိုက်သည့်အတွက် အနည်းငယ် ရှက်သွား၏ ။

" အကိုမို့ ငါ့ မလှောင်နဲ့..."

ဟောက်ရန်က ရှက်ရွံစွာဖြင့်...

" ငါ အတွေးလွန်သွားလို့... "

ရိုးရှင်းသော ဖက်တီးလေးက သူ၏ ညီအကိုကောင်းမှာ သူ့အပေါ်လှည့်ကွက်များ သုံးလိုက်သည်ဟု မထင်လိုက်ချေ ။

" အဟမ်း... "

လင်းမို့ ဘာပြောရမှန်းမသိသဖြင့် ချောင်းခြောက်သာ ဆိုးလိုက်သည် ။

လင်းမို့ သည် ရင်းနှီးနေသော ပုံရိပ်တစ်ခု တံခါးမှ ဝင်လာသည်ကို မြင်လိုက်ရသည် ။

' ယင်ကျန့်လား... '

' ဒီကလေး ငါ့ကို ဘာလို့ လာချောင်းပြန်တာလည်း...'

လင်းမို့သည် ယင်ကျန့် သူ့အား အပြင်မှ မောက်မာသည့်ဟန်ဖြင့် လက်ပြနေသည်ကို မြင်လိုက်ရ၏ ။ တခြားအချိန်ဆိုလျှင် သူငြင်းခုံရန် ပျင်းရိနေပေလိမ့်မည် ။ ယခု ဟောက်ရန်အနားတွင် မနေရဲသဖြင့် အံကိုက်ဖြစ်သွား၏ ။ သူ ပျော်ရွှင်စွာ ပြေးသွားလိုက်သည် ။

" ဘာကိစ္စလဲ..."

လင်းမို့ တည့်တည့်မေးလိုက်၏ ။ ယင်ကျန့် သူ့အား မည်သည့်အတွက်ကြောင့်လာရှာမှန်း မသိသော်လည်း ဂရုမစိုက်ချေ ။

" လင်းမို့... ကျောင်းထုတ်ခံရတာ ဘယ်လိုနေလဲ... ကောင်းလား...."

ယင်ကျန့် သည် ယနေ့ လင်းမို့အား လှောင်ပြောင်ရန် အထူးလာခဲ့ခြင်းဖြစ်သည် ။ သူ့အမြင်အရ လင်းမို့သည် အထက်တန်းအောင်လက်မှတ် မရသဖြင့် ဝမ်းနည်းကြေကွဲနေပေလိမ့်မည် ။ ထို့ကြောင့် သူက လင်းမို့အနာကို ဆားသိပ်ရန် လာခဲ့ခြင်းပင် ။

' ကျောင်းထုတ်ခံရတာ ဘယ်လိုနေလဲ... '

လင်းမို့သည် ထိုမေးခွန်းကို ကြားလျှင် ရှုပ်ထွေးသွား၏ ။ သူမည်သို့ နေရပါမည်နည်း ။ နောက်ရက်အနည်းငယ် အကြာ စာမေးပွဲပြီးလျှင် ထိပ်ပြောင်ကျောင်းအုပ်ကြီးက သူ့အား ဒူးထောက်၍ ပြန်ခေါ်ရန် ကြိုးစားပေတော့မည် ။

" မင်းဘာလို့ ကျောင်းထုတ်ခံရတာလဲ သိလား..."

ယင်ကျန့်က လှောင်သံဖြင့် မေးလိုက်၏ ။

ယင်ကျန့်သာ သူကြောင့် ဦးလေဝမ်နှင့် ကျောင်းအုပ်ယန်တို့ ပြသနာတက်နေသည်ကို သိလျှင် လာရဲမည်မဟုတ် ။

" ဘာလို့လဲ... မင်းကြောင့်လား..."

လင်းမို့သည် ယင်ကျန့်၏ အမူအရာကို မြင်လျှင် သိလိုက်သော်လည်း သေချာအောင် မေးလိုက်သေးသည် ။

" ဒါပေါ့... "

ယင်ကျန့်က ဝန်ခံလိုက်ပြီး...

" ငါ့အဆက်အသွယ်တွေသုံးပြီး ကျောင်းအုပ်ယန်ကို မင်းကို ကျောင်းထုတ်ခိုင်းလိုက်တာ... "

" ယင်ကျန့် ... ငါမင်းကို အဲ့လောက်ကြီး မစော်ကားဖူးဘူးထင်တယ် နော်... ငါဘာလုပ်မိလို့လဲ... "

လင်းမို့ မေးလိုက်၏ ။

" မင်း... "

ယင်ကျန့်သည် သူ လင်းမို့အား ပြသနာရှာရန်ကြိုးစားသည့် အချိန်များကို အမှတ်ရသွား၏ ။ သူသာ နာကျင်ခဲ့ရပေသည် ။

" မင်းငါ့ကို ဘာမှ မလုပ်ဖူးဘူး... ငါမင်းကို မကြိုက်လို့ လုပ်တာ... အဆင်ပြေလား... "

ယင်ကျန့်က မာနကြီးစွာဖြင့်...

" ငါ ယင်ကျန့် ဘာလုပ်လုပ် အကြောင်းပြချက် မလိုဘူး... "

" ဒါပေါ့... ဒါပေါ့... ဘယ်အကြောင်းပြချက်လိုမလဲ..."

လင်းမို့က ပြန်မငြင်းဘဲ ယင်ကျန့်၏ နှလုံးသားထဲမှ အမုန်းတရားများကို အစဖော်လိုက်၏ ။

" ဒါပင်မဲ့... မင်း ပြသနာတစ်ခုကို စဥ်းစားဖူးလား... ကျောင်းအုပ်ယန်က မင်းနဲ့ ဘာမှ မပက်သက်ဘူး... မင်းကအဆက်အသွယ်တွေသုံးရင်တောင် သူကဘာလို့ ကူညီရတာလဲ.... "

"ဟမ့်..."

ယင်ကျန့်က ပြောလိုက်၏ ။

လင်းမို့က ထပ်ဆွသည် ။

" ငါ ကြားဖူးတာတော့ မင်းအမေက စွမ်းဆောင်ရည် ကောင်းတယ်ဆို... "

လင်းမို့က စကားပြောပြီးသည်နှင့် ဖြားယောင်းခြင်းကို သုံးလိုက်၏ ။

ယင်ကျန့်၏ မျက်လုံးများက ဒေါသကြောင့်နီရဲလာသည် ။

လင်းမို့သည် သူ့ကို ကြည့်၍ လောင်စာထည့်ရန် မလိုတော့မှန်း သိလိုက်သည် ။

" သူခိုးကြီးယန်... "

ယင်ကျန့် အံ့ကြိတ်ထားသဖြင့် သွေးကြောများထောင်လာပြီး လက်သီးတင်းတင်းဆုပ်လိုက်သည် ။ သူ့လက်သည်းများက အရေပြားကို ထိုးဖောက်သဖြင့်သွေးများစီးကျလာသည်ကိုပင် နာကျင်ရမှန်းမသိတော့ ။

" သူခိုးကြီးယန်... ငါ့အဖေက မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးကွ... "

ဇနီးမယားကို ခိုးယူခြင်းက ကမ္ဘာမကြေ အမုန်းပင် ။

ယင်ကျန့်သည် လင်းမို့ကို ထားခဲ့ပြီး ကျောင်းအုပ်ရုံးခန်းရှိရာသို့ ပြေးသွားတော့သည် ။

" ငါ့ညီ ဘာလို့ အဲ့လောက်မုန်းနေတာလဲ..."

လင်းမို့ သည် ဒေါသတကြီးထွက်သွားသော ယင်ကျန့်၏ ကျောကိုကြည့်ကာ ခေါင်းယမ်းလိုက်၏ ။

' မနက်ဖြန် ယင်ကျန့် အသက်ရှိအုံးမယ်လို့ ငါမျှော်လင့်ပါတယ်... '

All Chapters