ဧရိယာ တိုက်ခိုက်မှု
Vol. 6 Ch. 77
ကျောင်းအုပ်ယန်က ယနေ့ အေးအေးဆေးဆေး အနားယူနေသည် ။
ပါရမီရှင်စာရင်း အဆင့် ၈ ယန်ယီမို ဟိုင်းချန်အထက်တန်းကျောင်းသို့ ပြောင်းရွှေ့လာသဖြင့် ဟိုင်းချန်မြို့သာမက ကျန်းနန်စီရင်စု တစ်ခုလုံးပါ တုန်လှုပ်သွားကြသည် ။
ဟိုင်းချန်အထက်တန်းကျောင်း၏ ယခုနှစ် စာမေးပွဲရလဒ်များသည် စီရင်စု မှတ်တမ်းများကိုပင် ချိုးဖျက်သွားနိုင်သည် ။
ထိုကြီးမားသော အောင်မြင်မှုကြီးကို အဓိကပံ့ပိုးခဲ့သူဖြစ်သဖြင့် ကျောင်းအုပ်ယန်၏ လွှမ်းမိုးနိုင်စွမ်းက ဟိုင်းချန်မြို့တွင် မြင့်တက်လာခဲ့သည် ။
ယခုအချိန်တွင် ကျောင်းအုပ်ယန်က သားရေခုံံပေါ်တွင် ထိုင်ရင်း ခြေထောက်နှစ်ဖက်ကို စားပွဲပေါ်တွင်တင်ကာ လက်တစ်ဖက်ဖြင့် ထိပ်ပြောင်ကြီးကို ပွတ်နေရင်း အောင်မြင်သူတစ်ယောက်၏ လေသံနှင့် ဖုန်းပြောနေ၏ ။ ဟိုင်းချန် ဒုတိယအထက်တန်းကျောင်း၏ ကျောင်းအုပ်နှင့် ဖုန်းပြောနေခြင်းပင် ။
" မင်းတို့ကျောင်းက လျိုကျုံးဟောင်လည်း မဆိုးပါဘူး... ကောင်းကောင်းကြိုးစားရင် မြို့ရဲ့ ဒုတိယအဆင့် တော့ရနိုင်ပါတယ်.. ဟဲဟဲဟဲ..."
ကျောင်းအုပ်ယန်က ဖုန်းထဲသို့ ကျယ်လောင်စွာပြောလိုက်သည် ။
" ပထမ နေရာနဲ့တော့ အမှတ်တွေအများကြီး မကွာလောက်ဖူးလို့ထင်ပါတယ်... အမှတ် ၁၈၀ လောက်ကွာနေရင် ကြည့်လို့ဘယ်ကောင်းမလဲ ဟုတ်တယ်မလား... ဟားဟားဟား... "
သူ ဖုန်းချလိုက်သည်အထိ ဒုတိယအထက်တန်းကျောင်း၏ ကျောင်းအုပ်အား အားရပါးရလှောင်ပြောင်ခဲ့ပေသည် ။ တဖက်က လူက ဒေါသထွက်နေသော်လည်း သူ့အားပြန်မပြောရဲသည်ကို စဥ်းစားကြည့်ရင်း ကျောင်းအုပ်ယန်တစ်ယောက် အကျေနပ်ကြီး ကျေနပ်နေလေ၏ ။
" နှာခေါင်းကောက်ကြီး အရင်က ငါ့ကို လာကြွားထားတဲ့ကောင် မှတ်ပလား... "
ကျောင်းအုပ်ယန် လက်စားခြေလိုက်ရသဖြင့် ပျော်ရွှင်သွားသည် ။
လျိုကျုံးဟောင် တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၂ သို့ရောက်စဥ်က ထိုနှာခေါင်းကောက်ကြီးက သူ့အား လာကြွားခဲ့သည် ။ သူ ခေါင်းငုံ့ခံခဲ့ရသည်ကို မမေ့ ။ နောက်ဆုံးတော့ သူလက်စားခြေနိုင်ခဲ့လေပြီ ။
' အရသာရှိလိုက်တာ... '
" ဒီ...ဒီ...ဒီ..."
ဖုန်းဝင်လာသည် ။
ကျောင်းအုပ်ယန်က ကောက်ကြည့်လိုက်ရာ...
' MAD က ကျောက်ရှုပဲ... '
သူ၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ရန်လိုသည့်အရိပ်အယောင်များ ဖြတ်သန်းသွားသည် ။ သိုင်းဌာန ခေါင်းဆောင် ကျောက်ရှုက သူ၏ ရန်သူတော် တစ်ယောက်ပင် ။
သူ ယန်ယီမိုကို အကုန်အကျခံ၍ ခေါ်ခဲ့ရသည်မှာ ကျောက်ရှု၏ တွန်းအားကြောင့်ဖြစ်သည် ။ ကျောက်ရှုက မည်သည့်အတွက်မှန်းမသိ သူ့အား ကျောင်းအုပ်ရာထူးမှ ထုတ်ပယ်ချင်နေသည် ။ စာမေးပွဲနီးနေသောကြောင့်သာ ကံကောင်းသွားခဲ့ခြင်းပင် ။ မဟုတ်လျှင် သူကျောင်းအုပ်ရာထူးမှ ပြုတ်တာကြာလေပြီ ။
" ခေါင်းဆောင်ကျောက် ... ဒီနေ့ ဖုန်းခေါ်တာ ဘာကိစ္စရှိလို့လဲ... ဘာများ ညွှန်ကြားချင်လို့လဲ... "
ကျောင်းအုပ်ယန်သည် သူမည်မျှပင် မုန်းတီးစေကာမူ သူ့ထက် ရာထူးကြီးသည့်လူ ဖြစ်သဖြင့် ဆဲလွှတ်၍ မရပေ ။
" ကျောင်းအုပ်ယန်... အရင်ကဖြစ်ခဲ့တဲ့ ကိစ္စကို ငါ့ကို အပြစ်မတင်နဲ့...ငါ့မှာ ရွေးချယ်စရာမရှိဘူး... "
ခေါင်းဆောင်ကျောက်က တည့်တည့် ပြောလိုက်ပြီး...
" မင်းကို ဖြုတ်ချင်တာ ငါမဟုတ်ဘူး... ဘော့စ်ယွီ... "
" ဘောစ့်ယွီလား..."
ကျောင်းအုပ်ယန် တုန်လှုပ်သွားသော်လည်း မေးလိုက်သေးသည် ။
" ဘယ် ဘောစ့်ယွီလည်း... "
" ဘယ် ဘော့စ်ယွီဖြစ်ရမှာလည်း... ကျန်းနန်စီရင်စု သိုင်းဌာနခေါင်းဆောင် ... ငါ့အထက်လူကြီးလေ... "
ကျောက်ရှုက ထိုအကြောင်းပြောရန် ဖုန်းဆက်လိုက်ခြင်းဖြစ်သည် ။
" မင်း ဘော့စ်ယွီကို တစ်ခုခု အပြစ်လုပ်မိတာရှိလား ပြန်စဥ်းစားကြည့်ပေါ့..."
သူ ဖုန်းချလိုက်၏ ။
ကျောင်းအုပ်ယန်က ဖုန်းကိုင်ထားရင်း အတွေးနက်သွားသည် ။
' ငါ ဘောစ့်ယွီကို ဘာလုပ်မိလို့လဲ...'
သူအတွေးနက် နေစဥ် ရုံးခန်းတံခါးက ကန်ဖွင့်ခံလိုက်ရ၏ ။
" ဘုန်း.... "
အတွေးလွန်နေသော ကျောင်းအုပ်ယန် လန့်ဖြန့်သွားသည် ။
သူ ရေပုံးကိုင်ထားသော ယင်ကျန့်ကို မြင်လိုက်ရ၏ ။ သူဒေါသထွက်သွားပြီး...
" ယင်ကျန့် မင်းဘာလုပ်တာလဲ... "
" သူခိုးကြီးယန်... "
ယင်ကျန့်၏ မျက်လုံးများက နီရဲနေသည် ။
" မင်းဘာပြောလိုက်တာလဲကွ..."
ကျောင်းအုပ်ရန် ပေါက်ကွဲသွားပြီး ခုံကို ရိုက်ကာ မတ်တပ်ရပ်လိုက်သည် ။
" ဟီးဟီးဟီး...."
ယင်ကျန့်က နှာခေါင်းရှုံ့လိုက်ပြီး သူကိုင်ထားသော ပုံးကို တစ်ချက်ကြည့်လိုက်သည် ။
သူ လင်းမို့၏ ဖြားယောင်းခြင်းကို ခံထားရသော်လည်း အသိလွတ်မသွားပေ ။ သူ ကျောင်းအုပ်ယန်ကို သွားတိုက်ခိုက်လျှင် သူသာအရိုက်ခံရပေလိမ့်မည် ။ သူတို့နှစ်ဦး၏ ခွန်အားမှာ ကွာခြားလှပေသည် ။
ထို့ကြောင့် ယင်ကျန့်သည် ကြီးမားသော လူသတ်လက်နက်ကို ပြင်ဆင်ထားသည် ။ သူ ပုံးတစ်ပုံးရှာ၍ ကျောင်းရှိအများသုံး အိမ်သာများမှ ရတနာများကို ပုံးတဝက်အထိဖြည့်ခဲ့လေသည် ။
' မင်းသန်မာတော့လဲ ဘာဖြစ်လဲ... ငါ့ ဧရိယာတိုက်ကွက်ကို ရှောင်နိုင်မှာလား...'
ဤသည်က ယင်ကျန့်၏ အတွေးပင် ။
" သူခိုးကြီးယန်... ကျုပ် ခင်ဗျားရဲ့ မျိုးဆက်ရှစ်ဆက်အထိ ကျိန်ဆဲတယ်... "
ယင်ကျန့်က ပြောပြီးသည်နှင့် သူပြင်ဆင်လာသော လူသတ်လက်နက်ကို အသုံးပြုလိုက်၏ ။ ပုံးထဲရှိ အဝါရောင် ရတနာများက ကျောင်းအုပ်ယန်ကို ဖုံးလွှမ်းသွားသည် ။
ကျောင်းအုပ်ယန် ကြက်သေသေသွား၏ ။
' ဒါ လူတစ်ယောက် စဥ်းစားရမယ့်အရာလား...'
' ဘာလို့ အဲ့လောက်တောင်မုန်းနေတာလဲ...'
အမှန်ဆိုလျှင် သူ ယင်ကျန့်အား ဘာမှ မလုပ်ဘူးသည့်အပြင် အကူအညီပေးခဲ့ဖူးသည် ။
ယင်ကျန့်က သူ့အား ကျေးဇူးတင်လက်ဆောင် မပေးသည့်အပြင် ဤမျှဆိုးရွားသော လက်နက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကို သူနားမလည်နိုင်တော့ ။ ရုံးခန်းက ကျဥ်းသဖြင့် သူရှောင်ချိန်မရလိုက် ။
" အော့...... "
ကျောင်းအုပ်ယန် အန်တော့သည် ။
" ဟားဟားဟားးး... သူခိုးကြီးယန် အရသာရှိလား..."
ယင်ကျန့်သည် သူလက်စားခြေလိုက်ရဖြင့် အလွန်ပျော်ရွှင်သွား၏ ။
ယင်ကျန့် မသိသည်မှာ ကျောင်းအုပ်ယန်က သူ့အား ဘာမှ မလုပ်ခဲ့သလို သူ့အမေအား မြင်တောင်မမြင်ဘူးချေ ။
" ဘာတုန်းဟ..."
" ဘာဖြစ်တာလဲ..."
" ဘာဖြစ်တာလဲ... "
အပြင်မှ ဆရာများ ပြေးဝင်လာကြပြီး ကျောင်းအုပ်ယန်အား မြင်သွားကြသည် ။
" ကျောင်းအုပ်ယန်... ခင်ဗျား...."
ကျောင်းအုပ်ယန်က ဒေါသအထက်လွန်၍ ပေါက်ကွဲထွက်ပေတော့မည် ။
" ယင်ကျန့်... ငါမင်းကို သတ်မယ်... "
ထိုအချိန် ယင်ကျန့်အား လွှမ်းမိုးထားသော ဖြားယောင်းခြင်းက ပျက်ပြယ်သွားသည် ။ သူ အသိဝင်သွားပြီး အခြေအနေမကောင်းသည်ကို သတိထားမိသွား၏ ။
" ဒါ...ဒါ... ကျောင်းအုပ်ယန်... ကျွန်တော်ရှင်းပြမယ်... "
လင်းမို့သည် သူ၏ ဖြားယောင်းခြင်းကြောင့် ဤမျှအထိ ဖြစ်သွားမည်ဟု မထင်ခဲ့မိ ။ အလွန်ဆုံး ယင်ကျန့်က ကျောင်းအုပ်ယန်နှင့် စကားများရုံလောက်ဟု သူထင်ထားခဲ့သည် ။
ယခုအချိန်တွင် လင်းမို့နှင့် ဟောက်ရန် ဆိုသည့် ပျင်းရိသည့် ဝက်နှစ်ကောင်က ကျောင်းရှိ ရေကန်တုသို့ ရောက်နေကြသည် ။
" အကိုမို့... ဒီမှာ ဘာလုပ်မလိုလဲ..."
ဟောက်ရန်က စိတ်ဝင်တစား မေးလိုက်၏ ။
" အခန်းထဲမှာ မပျင်းဘူးလား... အပြင်မှာ ပျော်စရာ ရှာရအောင်ငါမင်းကို ဒီခေါ်လာတာ... "
လင်းမို့က ပြောပြီးသည်နှင့် သူသယ်လာသော အိတ်ကို ဖွင့်လိုက်၏ ။ အထဲတွင် ငါးမျှားသည့် ပစ္စည်းအပြည့်အစုံ ပါလေသည် ။
" သောက်ခွေး..."
ဟောက်ရန် ဆွံ့အသွားပြီး...
" အကိုမို့ အတန်းချိန်မှာ ငါးခိုးမျှားမလို့လား... ငါးမျှားတံ ဘယ်ကရလဲ..."
" အတန်းထဲမှာ ဘာလုပ်စရာ ရှိလို့လဲဟ... "
လင်းမို့က မျက်ဖြူလှန်ပြလိုက်ပြီး...
" ဒါဘယ်ကရလဲက မင်းနဲ့မဆိုင်ဘူး... နောက်ထပ် ငါးမျှားတံ မှာထားတယ်... မင်းငါးမျှားတက်ရင် ငါနဲ့လာမျှား... "
" မတက်လည်း သင်မှာပေါ့..."
ဟောက်ရန်က ရယ်လိုက်သည် ။